Pages

Sunday, December 28, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြနဲ့ အိမ်မဲမြို့တွေမှာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြနဲ့ အိမ်မဲမြို့တွေမှာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြောင်းမြမြို့ဟာ ဒေါ်ခင်ကြည်ရဲ့ ဇာတိမြို့ဖြစ်ပြီး ဒေါ်ခင်ကြည်သေဆုံးတဲ့ ၂၆ နှစ်ပြည့် အခမ်းအနားကို ကျင်းပမယ်လို့ သိရသလို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့်အကြိုအတွက် ဒေသခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ နဲ့ဆွေးနွေးမယ်လို့ သိရပါတယ်။

ရိုက်ကူး- ကျော်ထွန်းနိုင်၊ ကျော်ဇောဝင်း
RFA