Pages

Saturday, February 22, 2014

ထားဝယ်တိုင်းရင်းသားများပါတီ ရုံးဖွင့်ပွဲတွင် ပါတီ အလုပ်မှုဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်း ပြောကြားသည့် နှုတ်ခွန်းဆက်စကား အပြည့်အစုံ နှင့် မှတ်တမ်းဓာတ်ပုံများ


ထားဝယ်တိုင်းရင်သားများပါတီ အလုပ်မှုဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်း
ထားဝယ်တိုင်းရင်သားများပါတီ(ဗဟို) Dawei Nationalities Party ရုံးဖွင့်ပွဲကို
၂၁.၂.၂၀၁၄ သောကြာနေ့ နံနက် ၈ နာရီတွင် ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ ပါတီရုံးခန်းတွင်ကျင်းပခဲ့ပါသည်။

ထားဝယ်တိုင်းရင်းသားများပါတီ ရုံးဖွင့်ပွဲတွင် ပါတီ အလုပ်မှုဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်း ပြောကြားသည့် နှုတ်ခွန်းဆက်စကား (ဗမာဘာသာ)

ကြွရောက်လာကြတဲ့ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖ၊ လူထုပရိသတ်အပေါင်းကို မင်္ဂလာပါလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်သအပ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းကရှိနေခဲ့တဲ့ ထားဝယ်သမိုင်းမှာ ဒီနေ့ဟာ ထူးခြားတဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီနေ့ဟာ ထားဝယ်လူမျိုး အပါအဝင် ဒေသအတွင်းမှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးစုအတွက် သီးသန့် နိုင်ငံရေးပလက်ဖောင်းတစ်ခု ဖြစ်ထွန်းလာတဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ လူထု တတွေ ကိုယ်တိုင်ဦးဆောင်ပြီးတော့ နိုင်ငံရေးစည်းဝိုင်းထဲကို စဝင်တဲ့ အခါသမလည်းဖြစ်ပါတယ်။
ပါတီစတင် သန္ဓေမွေးဖွားစသာ ရှိသေးပေမယ့် အခုအခြေအနေအထိရောက်အောင် ပံ့ကူညီပေးကြတဲ့၊ အချို့ ဆိုရင် တစ်အိမ်တက်ဆင်း လိုက်လံစည်းရုံးပေးတဲ့ ပါတီဝင်တွေ၊ ရပ်မိရပ်ဖတွေ မြို့မိမြို့ဖတွေ၊ အခြား ကျေးဇူးတင်ထိုက်သူတွေအားလုံးကို အထူးကျေးဇူးမှတ်တမ်းတင်အပ်ပါတယ်။
ကျွန်တော်တို့ ထားဝယ်တွေဟာ လူမျိုးတစ်မျိုးအဖြစ်၊ နယ်မြေဒေသသီးခြားနဲ့ ကိုယ်ပိုင်မြို့နန်းနဲ့ သမိုင်း အစဉ်အဆက် နေလာခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုကအစ အခု ဒီမိုကရေစီ တိုက်ပွဲအဆုံး အခြားတိုင်းရင်းသားတွေနဲ့အတူ ရှေ့တန်းက လက်တွဲတိုက်ပွဲဝင်ခဲ့ပါတယ်။ ပထမဆုံး ကျောင်းသားသပိတ်ခေါင်းဆောင်ထဲမှာကို ထားဝယ်တစ်ဦးပါခဲ့ပါတယ်။ ဗြိတိသျှကို တော်လှန်ဖို့အတွက် မြန်မာ့တပ်မတော်ကို ဖွဲ့စည်းရာမှာလည်း ထားဝယ်တွေက တပ်စဖွဲ့ကတည်းက တက်တက်ကြွကြွ ပါဝင်ခဲ့ ပါတယ်။
အဲဒီကအစ ပါလီမန်ဒီမိုကရေစီ ခေတ်အလယ်၊ အခု ဒီမိုကရေစီအရေးတိုက်ပွဲအဆုံး ကျွန်တော်တို့ ထားဝယ် တွေဟာ ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။ ရှေ့ဆက်လည်း တာဝန်ထမ်းဆောင်ရ ပါဦးမယ်။
အခုဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီနှင့် ပြည်ထောင်စု အရေးတိုက်ပွဲဟာ မပြီးသေးပါဘူး။ ဆက်လက် ဆင်နွှဲရဦးမှာ ဖြစ်ပါတယ်။
အဲဒီလိုလုပ်ဆောင်နေတဲ့ နေရာမှာ ဒေသအတွင်းနေထိုင်တဲ့ ကိုယ့်တိုင်းရင်းသားအရေးကိုလည်း တပြိုက် နက်တည်း လုပ်ဆောင်ဖို့လိုအပ်လာပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ အရေးကိစ္စကိုလည်း ပူးတွဲလုပ်ဆောင် နိုင်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံရေး စည်းဝိုင်းထဲကို ဝင်ဖို့လိုလာပါတယ်။ ကိုယ်ပိုင် နိုင်ငံရေး အစီအစဉ်တွေ အတွက်၊ အရေးကိစ္စတွေအတွက်၊ ကိုယ်ပိုင်လိုအပ်ချက်တွေအတွက် နိုင်ငံရေးအရ အလုပ်လုပ်ဖို့ လိုလာပါ တယ်။
ဒါဟာ ကျွန်တော်တို့ ခေတ်အဆက်ဆက် လစ်ဟာခဲ့တဲ့ ကွက်လပ်လည်း ဖြစ်ပါတယ်။
အဲဒါကြောင့်မို့လို့ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ ကျွန်တော်တို့ ထားဝယ်၊ ရန်ကုန်နဲ့ ကော့သောင်းက စိတ်ပါဝင်စား သူတွေဟာ နိုင်ငံရေးပါတီတစ်ခုဖွဲ့ဖို့ စတင်စုစည်းခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။
ဒါကြောင့်မို့ ရသမျှအချိန်အတွင်းမှာ နယ်မြေအချို့ကို စည်းရုံးရေးခရီးဆင်းခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပါတီနာယကအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ပါတီဗဟိုကော်မတီဝင်တွေ၊ ဗဟိုအလုပ်မှုဆောင်ကော်မတီ ဝင်တွေကို ရွေးချယ်ခဲ့ပါတယ်။
လက်ရှိမှာ စတင်တည်ထောင်ခါစဖြစ်တဲ့အတွက် ကော်မတီဝင်တွေကို ညီလာခံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်တင်မြှောက်ဖို့ အကန့်အသတ်ရှိပါတယ်။ ဒါကြောင့်မို့ အခြေအနေအရ အဆိုပြုတင်မြှောက်တဲ့ စနစ်နဲ့ပဲ ရွေးချယ်အတည်ပြုခဲ့ပါတယ်။
ဒါကြောင့်မို့ လက်ရှိ ဗဟိုကော်မတီဝင်နဲ့ အလုပ်မှုဆောင် ကော်မတီဟာ ၂ နှစ် သက်တမ်းသာ တာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ပါတီဖွဲ့စည်းမှု အခြေကျလာတဲ့ နောက်မှာ ပိုကျယ်ပြန့်တဲ့ ညီလာခံ ကျင်းပပြီးတော့ ၅ နှစ်သက်တမ်းရှိတဲ့ ကော်မတီတွေကို ရွေးကောက်ပွဲအဆင့်ဆင့်ဖြင့် ဒီမိုကရေစီနည်းကျ ရွေးချယ်သွားမှာဖြစ်ပါတယ်။
ဒီလိုမျိုး ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့အတွက် ပါဝင်လာဖို့ ကိုယ့်နိုင်ငံအရေး၊ ကိုယ့်တိုင်းရင်းသားအရေး စိတ်ပါဝင်စားသူများကိုလည်း ဒီနေရာကနေ ဖိတ်ခေါ်လိုပါတယ်။
ကြွရောက်လာတဲ့ လူထု ပရိသတ်များခင်ဗျား . . .
နောက်တစ်ခု တင်ပြလိုတာကတော့ ကျွန်တော်တို့နဲ့ အခြားတိုင်းရင်းသားပါတီများ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။
ပြည်ထောင်စုစနစ်နဲ့ ဒီမိုကရေစီအရေးကို ကြိုးပမ်းထည်ထောင်ရာမှာ ကျွန်တော်တို့ အင်အားစု တစ်ခုတည်း မရပါဘူး။ တထီးတည်းနေလို့မရပါဘူး။ အခြားတိုင်းရင်းသား အဖွဲ့များနဲ့ ပေါင်းလုပ်မှရပါမယ်။
ကျွန်တော်တို့ ပါတီစထောင်ဖို့ ကြိုးပမ်းကတည်းက အခြားတိုင်းရင်းသား နိုင်ငံရေးအဖွဲ့များနဲ့ ဆက်ဆံရေး ကောင်းတွေ ရှိခဲ့ပါတယ်။
အဲဒီလိုမျိုး ဆက်ဆံရေးကောင်းအပေါ်မှာ အခြေတည်ပြီးတော့ အခုအခါ မြန်မာနိုင်ငံတဝန်းက တိုင်းရင်းသား ပါတီ ၂၀ နဲ့ ပုံမှန် လက်တွဲ လုပ်ကိုင်လျက်ရှိပါတယ်။
အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပဲ အဲဒီတိုင်းရင်းသား အဖွဲ့များနဲ့ ကျွန်တော်တို့ ခံစားချက်၊ ရည်ရွယ်ချက်၊ သွားလိုတဲ့ပန်းတိုင်တွေ တော်တော်တူတာ တွေ့ရပါတယ်။ ခေတ်အဆက်ဆက် ခံရတာချင်းလည်း တူပါတယ်။ သွေးစုပ်ခံရတာချင်းလည်းတူပါတယ်။
လယ်ယာမြေတွေ အသိမ်းခံရတာလည်း တူပါတယ်။ သယံဇာတတွေရဲ့ အကျိုးမခံစားရတာခြင်းလည်း တူပါတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရတာလည်း တူပါတယ်။
ဒီလိုမျိုး ရည်ရွယ်ချက်တူ၊ ပန်းတိုင်တူ နိုင်ငံရေးအင်အားစုများနဲ့ ဆက်လက်လက်တွဲ ဆောင်ရွက်သွားခြင်း အားဖြင့် ကျွန်တော်တို့ သွားလိုတဲ့ ပန်းတိုင်ကိုလည်း အတူတကွရောက်ရှိမယ်လို့ ယုံကြည်ပါတယ်။
လူထု ပရိသတ်များ ခင်ဗျား . . .
နောက်တစ်ခု အလေးအနက် ပြောကြားလိုတာကတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအရေးနဲ့ ပြည်ထောင်စုခရီး မပြီးဆုံးသေးဘူးဆိုတာပါ။ အခုလက်ရှိ ဒီမိုကရေစီ ခေါင်းဆောင်းထားတဲ့ စစ်အုပ်ချုပ်ရေးစနစ်အောက်မှာပဲ ရှိပါသေးတယ်။
ကျွန်တော်တို့အခု ဒေသအရေး၊ တိုင်းရင်းသားလူမျိုးများအရေး လုပ်ဆောင်ဖို့ တိုင်းရင်းသားအခြေပြု ပါတီတစ်ရပ် ထောင်လိုက်ပေမယ့် ဒီမိုကရေစီအရေး၊ ပြည်ထောင်စုစနစ် အခြေတည်ခိုင်မာလာရေးကိုလည်း မျက်ခြေပြတ်သွားမှာ မဟုတ်ပါဘူး။
အဲဒီအတွက်လည်း အခြားရည်ရွယ်ချက်တူ၊ ပန်းတိုင်တူ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစု တွေနဲ့ ဆက်လက်လက်တွဲ အရေးဆိုသွားမယ်။ ထောက်ခံအားပေးသွားမယ်လို့ ကတိပြု ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ပါတီရဲ့ ပထမဆုံးအနေနဲ့ တာဝန်ယူထားတဲ့ ဗဟိုကော်မတီနဲ့ ဗဟို အလုပ်မှုဆောင်ကော်မတီဝင်များ အရေးဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီဝင်တွေဟာ လုပ်မှရမယ်  ဆိုတဲ့ စိတ်နဲ့ ဝင်လာကြသူတွေသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယူထားတာတွေဟာ ရာထူးမဟုတ်ပါဘူး။ တာဝန်တွေသာ ဖြစ်ပါတယ်။ ထပ်ပြောရရင် အခိုင်းခံဖို့ ယူထားတဲ့ တာဝန်တွေသာဖြစ်ပါတယ်။
ကျွန်တော်တို့တတွေဟာ နောက်ရွေးကောက်ပွဲ တစ်ခုတည်းကိုကြည့်ပြီး အလုပ်လုပ်မယ့် သူတွေမဟုတ်ပါဘူး။ နောက်မျိုးဆက်ကိုကြည့်ပြီး တာဝန်ယူအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို တာဝန်ပေးပါ။ ခိုင်းကြပါလို့ တောင်းဆိုလိုပါတယ်။
ဒါကြောင့် ကျွန်တော်တို့ လူမျိုး၊ ကျွန်တော်တို့ ဒေသရဲ့ ပန်းတိုင်ရောက်တဲ့ တိုင်ရောက်အောင်လည်း လုပ်မယ်။ နိုင်ငံ့ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီအရေး၊ ပြည်ထောင်စုအရေး ပြီးမြောက် အောင်မြင်အောင်လည်း လုပ်မယ်ဆိုတဲ့ အကြောင်း ကတိပြု ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
ကြွရောက်လာကြတဲ့ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖ၊ လူထုပရိသတ်အပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အမျိုး၊ ဘာသာ၊ သာသနာ အကျိုး သယ်ပိုးနိုင်ကြပါစေ။
ကျေးဇူးတင်ပါတယ်။
 +++++++++++++++++++++++++++++++++++++++
မှတ်တမ်းဓာတ်ပုံများ








သဘာပတိ ဦးတင်လတ် အဖွင့်အမှာစကားပြောကြားစဉ်




ပါတီဒုဥက္ကဋ္ဌ ဦးမောင်မောင်အေး ပါတီတည်ထောင်ရခြင်းအကြောင်းပြောကြားစဉ်


မြို့မိ မြို့ဖ ကိုယ်စား ဦးဥာဏ်ဝင်း(ငြိမ်းစားကျောင်းအုပ်) မှ ဆွေးနွေး


ပါတီဗဟိုကော်မတီဝင်များ







သတင်းနှင့်ဓာတ်ပုံ- Dawei Nationalities Party

လိုင်ဇာမြို့ဝန်းကျင်တွင် အစိုးရတပ် အင်အားတိုးချဲ့

ဖေဖော်ဝါရီ ၂၀ ရက်တွင် မြစ်ကြီးနားမြို့ကို ဖြတ်သန်းသွားစဉ် ဓာတ်ပုံ - မရန်

ကေအိုင်အိုဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ဝန်းကျင်တွင် အစိုးရတပ်ဘက်မှ အင်အားတိုးချဲ့နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြစ်ကြီးနားမြို့မှ ၀ိုင်းမော်မြို့ဘက်သို့ အစိုးရတပ်မှ ကားအစီး ခုနစ်ဆယ်ခန့် အင်အားအပြည့်ဖြင့် တက်သွားခဲ့ပြီး ဆွန်ပရာဘွမ်မြို့ဘက်သို့လည်း စစ်ကားအစီး ရှစ်ဆယ်နှင့် တစ်ရာကြား တက်သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ““ကျွန်တော်တို့မှာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ပုံမှန်လုပ်ဆောင်နေတဲ့အလုပ်တွေရှိတယ်။ ဒါတွေကို ဆောင်ရွက်တာပါ။ အခြား ဘာမှလုပ်တာမဟုတ်ဘူး””ဟု ထိပ်တန်းတပ်မတော်အရာရှိတစ်ဦးကဖြေကြားခဲ့သည်။

ဒေသတွင်းအဖွဲ့အစည်းများက အစိုးရဘက်မှ အင်အားတိုးချဲ့နေခြင်းကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ေ ကြောင်းပြောသည်။

၂၀၁၄တွင် အစိုးရတပ်နှင့်ကေအိုင်အေတို့ကြား တိုက်ပွဲပေါင်း အကြိမ် သုံးဆယ်ခန့်  ပြန်လည်ဖြစ်ပွားခဲ့ပြီး ပြည်ထောင်စုနေ့နောက်ပိုင်း အခြေအနေငြိမ်သက်နေသည်။

Author: အောင်ခိုင်
7day Daily

လင်းဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင့် အုတ်ဂူအနီးတွင် ခေတ်သုံးခေတ်မှ အုတ်ရိုး တွေ့ရှိ

 
မန္တလေး ဖေဖော်ဝါရီ ၂၁

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များစွာ ထွန်းကားရာ မြို့တော် တစ်ခုဖြစ်သော မန္တလေးခရိုင် အမရပူရမြို့နယ် လင်းဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင့် အုတ်ဂူ မြေနေရာ အတွင်းနှင့် အပြင်တို့တွင် နှစ်ပေါင်း ၂၀၀ နီးပါးရှိသော ဘုရင်ခေတ် သုံးခေတ်မှ အုတ်ရိုးများ တွေ့ရှိခဲ့ကြောင်း အဆိုပါ ထိုင်းဘုရင့် အုတ်ဂူကို ပြုပြင် ထိန်းသိမ်း စောင့်ရှောက်နေသော ရေသဖန်းပွင့်၊ မြန်မာ- ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးနစ်ကီက ပြောကြားသည်။

ယင်းအုတ်ရိုးမှာ ဆင်ဖြူရှင်မင်း လက်ထက်၊ ဘိုးတော်ဘုရား လက်ထက်နှင့် ဘကြီးတော်ဘုရား လက်ထက် ကတည်းက တည်ရှိခဲ့ပြီး အုတ်ရိုး အရှည်မှာ ၇ မိုင်ကျော် ရှည်မည် ဖြစ်ကာ အမရပူရမြို့နှင့် ဆက်နွှယ်နေကြောင်း၊ အမရပူရမြို့ အနောက်ဘက် အလယ်တံခါးမှ တောင်သမန် အင်းကို ဖြတ်ပြီး တောင်ဘက်တွင် ရှိသော ဥယျာဉ်တော်သို့ သွားသည့် အုတ်ရိုးဖြစ်ကြောင်း မန္တလေးမြို့တော် ရှေးဟောင်း သုတေသနနှင့် ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ရှင်းလင်း ပြောကြားသည်။

“ဒီလင်းဇင်းကုန်း တစ်ဝိုက်က မြေနေရာတွေရဲ့ အနက် ၇ ပေနဲ့ ၈ ပေလောက်မှာ ကျောက်ခေတ်၊ ကြေးခေတ် အမွေအနှစ်တွေ အများကြီး ရှိသေးတယ်။ အခု ထိုင်းဘုရင့် အုတ်ဂူဘေးမှာက ပန်းခြံပဲ တည်ဆောက်မယ် ဆိုတော့ ဒီအမွေအနှစ်တွေ ဆုံးရှုံးဖို့တော့ မရှိသေးဘူး။ ဒါပေမဲ့ အခြား ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတော့ မလုပ်ဆောင်သင့်ပါဘူး။ တခြား ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ဆောင်မယ် ဆိုရင်တော့ ဒီမြေအောက်မှာ ရှိနေတဲ့ ကျောက်ခေတ်၊ ကြေးခေတ် အမွေအနှစ်တွေ အများကြီး ဆုံးရှုံးသွားဖို့ ရှိပါတယ်” ဟု တမ္ပဝတီ ဦးဝင်းမောင်က ထပ်မံဆိုသည်။

အဆိုပါ မြို့ရိုးကို ဖေဖော်ဝါရီ လလယ်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပန်းခြံ ဆောက်လုပ်ရေး စီမံကိန်း မြေနေရာ ပတ်ဝန်းကျင်တွင်လည်း တည်ရှိသဖြင့် အုတ်ရိုးကို မဖျက်ရန် နှုတ်ဖြင့် ပြောခဲ့သော်လည်း အုတ်တံတိုင်း ဆက်လက် တည်ဆောက်ထားကြောင်း ကျန်ရှိနေသးသည့် အုတ်ရိုးများကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း မြန်မာ- ထိုင်း ချစ်ကြည်ရေး အသင်းထံမှ သိရသည်။

“အုတ်ရိုးကို ဖျက်တဲ့သူက ဖျက်တယ်၊ တားဆီးနိုင်တဲ့ အဖွဲ့အစည်းက တားဆီးရမှာ။ ဒီရှေးဟောင်း အုတ်ရိုး တွေ့ရှိတာကို ရှေးဟောင်း သုတေသန ဦးစီးဌာနကိုလည်း အကြောင်းကြားတယ်။ သူတို့ဘက်ကတော့ အဆိုးဝါးဆုံး ပျက်စီးမှုတွေ ဖြစ်လာခဲ့ရင် တားဆီးပေးမယ်လို့ ပြောတယ်။ အုတ်တစ်လွှာလောက် ပျက်စီးသွားရင်ကို ကျွန်တော်တို့ အတွက်က အဆိုးဝါးဆုံး ပျက်စီးမှုပါပဲ၊ အခုတော့ အုတ်တစ်လွှာတောင် မဟုတ်ဘူး၊ ၇ လွှာလောက်တောင် ပျက်စီးသွားပြီ” ဟု တမ္ပဝတီ ဦးဝင်းမောင်က ဆိုသည်။

သက်တမ်း ၂၀၀ ရှိ အုတ်ရိုးများ တွေ့ရှိခဲ့သော လင်းဇင်းကုန်း သုသာန်ဟောင်း မြေနေရာတွင် ပန်းခြံ တည်ဆောက်နေမှုနင့် ပတ်သက်၍ အမရပူရမြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံ မေးမြန်းခဲ့ရာ “အထက်က ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင် နေရတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း အထက်က ညွှန်ကြားချက်ထက် ပိုပြီး ဘာမှ လုပ်ဆောင်ခွင့် မရှိပါဘူး” ဟု ပန်းခြံ တည်ဆောက်ရေး ဆောင်ရွက်နေသူ အမရပူရမြို့နယ် စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာ- ထိုင်း ချစ်ကြည်ရေးအသင်းမှ လင်းဇင်းကုန်း သုသာန်တွင် ကျပ်ငွေသိန်းပေါင်း သုံးသောင်း အကုန်အကျ တည်ဆောက်မည့် Mahathera KingUDUMBARA memorial monument and historical park ဆောက်လုပ်ရန် မြေနေရာ တောင်းဆို ထားသော်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုခြင်း မရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

The Voice Weekly

ထားဝယ်တိုင်းရင်းသားများပါတီဖွင့်ပွဲ ၂၁-၂-၂၀၁၄ (ရုပ်သံ)


Dawei Ethnic Party HQ Opennning Published on Feb 21, 2014 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ "ထားဝယ်တိုင်းရင်းသားများ ပါတီ" ရဲ့ ဌာနချုပ်ရုံးခန်း ဖွင့်ပွဲအခမ်းအနားကို ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ဓါးပြတိုက်သူ ဘင်္ဂလီ (၅) ဦး မောင်တောတွင်ဖမ်းဆီးမိ

ဓါတ်ပုံ- Share Arakan News

မောင်တောမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင် ဓါးပြတိုက်နေသူများဟု ယူဆရသော အဖွဲ့ဝင် (၅) ဦးပါ ဘင်္ဂလီ အုပ်စု တစ်ခုကို တိုက်ရာပါ ရွှေထည် ပစ္စည်းများနှင့် အတူ ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မောင်တောရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

မောင်တောမြို့နယ် အတွင်း ဘင်္ဂလီ ကျေးရွာများရှိ ချမ်းသာသူ မိသားစုများအား ဘင်္ဂလီ ဓါးပြများက အချင်းချင်း ဓါးပြတိုက်မူများ ကျူးလွန်နေပြီး ထိုသို့ တိုက်ရာတွင် မြန်မာနိုင်ငံ လုံခြုံတပ်ဖွဲ့ဝင်များကို သိက္ခာကျစေရန် ရည်ရွယ်ကာ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကဲ့သို့ (အထူးသဖြင့်) ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ဟန်ဆောင်ကာ ဓါးပြတိုက်လေ့ရှိကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင် ပြည်ပရှိ သူတို့အရေးကို လူပ်ရှားနေသော မီဒီယာများ၊ ဒေသအတွင်းက အိုင်အန်ဂျီအိုများမှ တဆင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို လုပ်ကြံ စွပ်စွဲလေ့ရှိကြောင်း သိရသည်။

ယခု ဖမ်းဆီးမိသော ဓါးပြ (၅) ဦးမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်(၁)နာရီအချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ဦးရှော်ဘီအူလာ (၆၂)နှစ်၊ (ဘ) နော်ဇီရာမောက်၏ နေအိမ်ကို သွားရောက်ပြီး ဓါးပြတိုက်ခဲ့သူများ ဖြစ်ကြပြီး ယမန်နေ့က ၎င်းနေအိမ်မှ ရရှိခဲ့သော ရွှေထည်ပစ္စည်းများကို မောင်တောမြို့ ပန်းထိမ်ဆိုင်တွင် လာရောက် ရောင်းချနေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဖမ်းဆီး ရရှိမိခဲ့ခြင်းမှာ ဟုတ်မှတ်ကြောင်း မောင်တော ခရိုင်ရဲမှူးကြီး ဦးရွှေသန်းမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ သူတို့က မောင်တောက ပန်းထိမ်ဆိုင်မှာ မနေ့က လာရောင်းတဲ့ အခါ မသင်္ကာတဲ့ အတွက် ကျွန်တော်တို့ကို လာအကြောင်းကြားပါတယ်။ ဖမ်းဆီး စစ်ဆေး ဖော်ထုတ်တဲ့အခါ ဓါးပြတိုက်ရာကနေ ရလာတဲ့ ပစ္စည်းတွေဆိုတာကို သိရပါတယ်။ သူတို့ (၅) ဦးကလည်း ဓါးပြတိုက်တာက ကြာနေပြီ ဖြစ်တဲ့အတွက် ဘယ်သူမှ မသိနိုင်တော့ဘူးဆိုပြီး လာရောင်းကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးသူများမှာ (၁) အဒူမော်လောက် (ဘ) ဘာဆာမျှာ (၂) အာဇီဇူရာမန် (ဘ) အဒူရှုကူရ် (၃) မာမတ်အာယု (ဘ) မာမတ်ကာဆိမ်း (၄) မာမတ်အာလောင် (ဘ) ဟာဆောင်းအာလီ (၅) အေနာမ်မူလာ (ဘ) ရော်ရှိတ်ဒူလာတို့ဖြစ်ကြသည်။

“ ကျွန်တော်တို့ကလည်း အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ဦးရှော်ဘီအူလာအိမ်ကို ဓါးပြ တိုက်ထားတယ်ဆိုတာကို မသိဘူး။ အဲဒီ ဖမ်းမိတဲ့ ဓါးပြတွေက ထုတ်ဖေါ်ပြောမှ သိရတယ်။ အိမ်ရှင်ကို ခေါ်ယူစစ်ဆေးမှ သူကလည်း သူ့အိမ်ကို ဓါးပြတိုက်ခံထားရတယ်ဆိုတာကို ကျွန်တော်တို့ကို ဖွင့်ပြောတယ်။ ကျွန်တော်တို့ဆီ မတိုင်ရအောင်လည်း တိုင်တန်းတာတွေ လုပ်ရင် တစ်အိမ်သားလုံးကို သတ်ပစ်မယ်လို့ ဓါးပြတွေက ခြိမ်းခြောက်ထားတယ်လို့ ပြောတယ်။ အခု ဖမ်းမိတဲ့ ဓါးပြတွေရော၊ အိမ်ရှင်ကပါ ၀န်ခံ ပြောဆိုတဲ့ အတွက် ဒီရွှေတွေဟာ ဦးရှော်ဘီအူလာအိမ်က ဓါးပြတိုက်သွားတဲ့ ပစ္စည်းတွေဆိုတာ ဖေါ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီး ပြောဆိုသည်။

၎င်းတို့ထံမှ သိမ်းဆည်းရမိသော ရွှေထည်ပစ္စည်း (၁၆) မျိုး၊ အလေးချိန်အားဖြင့် (၈) ကျပ်ကျော်၊ တန်ဖိုးအားဖြင့် ကျပ်ငွေ သိန်း (၅၀) ကျော်ဖိုးရှိကြောင်း ရဲမှူးကြီးက ဆက်လက် ပြောဆိုသည်။

ဖမ်းဆီးမိသူများအား မောင်တောမြို့မရဲစခန်းတွင် (ပ)၂၃/၂၀၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

(နိရဉ္စရာ- ၂၂ ဖေဖေါ်ဝါရီလ ၂၀၁၄)

ဘန်ကောက်ဗုံးကွဲ လူ၆ယောက် ဒဏ်ရာရ

ဗုံးပေါက်ကွဲမှု တခုက မြင်ကွင်း

နိုင်ငံရေး တင်းမာမှုတွေ ဖြစ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ညက ဗုံးပေါက်ကွဲခဲ့လို့ ၆ ဦးဒဏ်ရာရ သွားပါတယ်။

ဒီလို နိုင်ငံရေး တင်းမာ မှုတွေ ရှိနေတဲ့ ကြားက လယ်သမားတွေကလည်း ဆန္ဒပြနေကြပါတယ်။

ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ဘန်ကောက်မြို့ ရတ်ပစုမ် သပိတ်စခန်း အနီး ပတူနမ့်လမ်းစုံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ၆ ဦးဒဏ်ရာ ရသွားခဲ့ပါတယ်။

အခု ဗုံးပေါက်ကွဲမှုဟာ ခုံးကျော်တံတားပေါ်ကနေ အောက်ကို ပစ်ချ သွားပုံရတယ်လို့ ရဲက ခန့်မှန်း ပြောဆိုပါတယ်။

ဒါပေမယ့်လည်း ဘယ်သူဘယ်ဝါရဲ့ လက်ချက် ဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ ၄ လအတွင်း လူ၁၆ ဦးသေဆုံးပြီး ၇ဝဝ နီးပါး ဒဏ်ရာ ရခဲ့ပြီ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေကလည်း လမ်းစုံလမ်းခွ အနည်းဆုံး ၆ နေရာလောက်မှာ ဆက်လက် ဆန္ဒပြနေတုန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက သပိတ်စခန်းတခုကို ရဲက အင်အားသုံးပြီး ဖြိုခွင်းဖို့ ကြိုးစား ရာမှာ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

ဆန္ဒပြသူတွေဘက်က အကာအကွယ်ပေးတဲ့ အမည်မသိ လူတစ်စုက လက်ပစ်ဗုံးနဲ့ ရဲကို ပစ်ခတ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဆန္ဒပြပွဲတိုင်းမှာ အမည်မသိ လူစုက စစ်သုံးလက်နက်တွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနေတဲ့အတွက် ရဲနဲ့ စစ်တပ်က လူတွေလားလို့ ဝေဖန် ပြောဆိုမှုတွေ ရှိနေပေမယ့် အခု အချိန်အထိတော့ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

အခုလို သွေးထွက်သံယိုမှုတွေ များလာနေချိန်မှာ ကောင်းကောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံးပြီး လူစုမခွဲရဘူးလို့ တရားရုံးက အမိန့် ထုတ်ထားတာကြောင့် အစိုးရက ဆန္ဒပြပွဲကို ကိုင်တွယ်ရ ခက်နေပါတယ်။

တဖက်မှာလည်း အစိုးရဆီမှာ စပါးကြွေးရမယ့် လယ်သမားတွေက ဆန္ဒပြနေကြ ပါတယ်။

စူဝမ်းဖုမ်းလေဆိပ်ကို ပိတ်ဆို့ ဆန္ဒပြဖို့ လယ်ထွန်စက်တွေနဲ့ ချီတက် လာနေတဲ့ ထိုင်းနိုင်ငံ အလည်ပိုင်းက လယ်သမားတွေကိုတော့ အစိုးရက စပါးဖိုး ပေးဖို့ ကတိပေး လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

လာမယ့်အပတ်ကစပြီး စပါးဖိုးတွေကို စတင်ပေးသွားမယ်လို့ ဝန်ကြီးချုပ် ကတိပေးပြောကြားကြောင်း လယ်သမားတွေကို ဦးဆောင်လာတဲ့ အူထိုင်းထားနီ လွှတ်တော်အမတ်ဟောင်း ချဒါး ထိုင်းစေ့တ်က ဝန်ကြီးချုပ်နဲ့ စကားပြောအပြီးမှာ လယ်သမားတွေကို ပြန်ရှင်းပြခဲ့တာကြောင့် လယ်သမားတွေက အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ကုန်သွယ်ရေး ဝန်ကြီးဌာနမှာ ရာနဲ့ချီပြီး ရက်အတော်ကြာ ဆန္ဒပြနေတဲ့ လယ်သမားတွေကိုတော့ ကတိမပေး သေးတဲ့အတွက် သူတို့လည်း လယ်ထွန်စက်တွေနဲ့ ဆန္ဒပြမှ ရမယ်လို့ ပြောဆိုလာကြကြောင်း သိရပါတယ်။

တစ်နိုင်ငံလုံးပေးရမယ့် စပါးဖိုးက ဘတ်ငွေ သန်းပေါင်း ၁ သိန်း ၃ သောင်းကျော် ရှိပြီး ကျပ်ငွေနဲ့ ဆိုရင် သန်းပေါင်း ၄ သန်းနီးပါးဖြစ်ပါတယ်။

အစိုးရက ဘယ်ကငွေနဲ့ ပေးမလဲဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ဝန်ကြီးချုပ် ယင့်လတ်အစိုးရဟာ အိမ်စောင့်အစိုးရဖြစ်နေလို့ ငွေချေးခွင့်လည်း မရှိဘူး ဖြစ်နေပါတယ်။

လယ်သမားတွေ ဆိုတာ အစိုးရကို ထောက်ခံမဲ အများဆုံးပေးခဲ့တဲ့သူတွေ ဖြစ်တာကြောင့် ဆန္ဒပြတဲ့ လယ်သမားအများစုက အစိုးရကို ဆန့်ကျင်သူတွေနဲ့ သွားမပေါင်းပဲ သီးခြားဆီ ဆန္ဒပြနေတယ် ဆိုပေမယ့် ဝန်ကြီးချုပ် ယင့်လတ်ခ် အစိုးရအတွက် တပူပေါ် နှစ်ပူ ဆင့်ဖြစ်နေတုန်းဘဲလို့ နိုင်ငံရေး အကဲခပ်တွေက ဆိုကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပြည်သူ့ပိုက်ဆံ ၁၁ ဘီလီယံ ဘယ်လဲ – မောင်မြား


မြန်မာပြည်သူတွေ၏ ဥစ္စာရင်းပိုင် ၁၁ ဘီလီယံ မြန်မာနိုင်ငံမူလပိုင်ရှင်ထံ ပြန်လည်ရောက်ရှိရေး ပြည်တွင်း အရပ်ဘက် ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် ပြည်သူလူထုများ အတူပူးပေါင်း ဆောင်ရွက်ရန် အထူးလိုအပ်ပေသည် . . .

မြန်မာလူမျိုးများသည် မည်သည့် လူမျိုးများနှင့်မှ မတူအောင်သည်းခံ ခွင့်လွှတ်တတ်ကြသည်။ သည်းခံခွင့်လွှတ် ခဲ့ကြသည်။ ဘယ်လူမျိုး များနှင့်မတူအောင် မေ့မေ့ပျောက်ပျောက် နေတတ်သကဲ့သို့ ပွဲပြီး မီးသေလည် နေ တတ်ပြန်သည်။ ကောက်ရိုးမီးတွေပါဟု အချင်းချင်း ဝေဖန်မှုတွေလည်း ရှိနေသည်။ မည်သို့ဆိုစေ ကာမူ သည်းခံမှု ရေချိန်အတိုင်းအတာ ကုန်သည့်တစ်နေ့တွင် သေနတ်နှင့် ချိန် ထားသည့်ကြားမှ ဓားနှင့် တက်ခုတ် ၀ံ့သည့် သတ်္တိမျိုး၊ စက်သေနတ်တွေကို မမှုသည့် ကျည်ပြီးရင်ဘတ်မျိုး နယ်ချဲ့စစ်ပွဲများတစ် လျှောက်တွင်၊ အာဏာရှင်များ ဖိနှိပ်သည့် အနိုင်ကျင့် ရက်စက်ပွဲများတွင် ကြုံတွေ့ ခဲ့ရဖူးပြီးဖြစ်သည်။

နောင်အစိုးရလက်ထက်မှာ ဆက်လက်ဖြေရှင်းရဦးမည့် စာရင်းခေါင်းစဉ် ၅ ခုနှင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စသည် ယခုတော့ နှစ်ဟောင်းမှာပဲ အန္တရာယ်ကင်းစွာ ထားရစ်ခဲ့ပြီလား။ ၂၀၁၃ ခုနှစ်ကုန်ခါနီး ကာလတစ်လျှောက် ပြည်သူတွေ အထူးစိတ်ဝင်တစား သိလိုမှုဆန္ဒ နှင့်အတူ ကျယ်ကျယ်လောင်လောင်အသံ တွေထွက်လာခဲ့သည့် ဖော်ပြပါစာရင်း ခေါင်းစဉ် ၅ ခုနှင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကိစ္စသည် ယင်း ကာလနောက်ပိုင်း မည်သည့်အသံမျှ မကြားရတော့ချေ။ …

ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး ပုဂ္ဂလိက မီဒီယာများတွင် ဖော်ပြချက်များကို ပြန်လည် ချိတ်ဆက်ရမည် ဖြစ်သည်။ ဆင်းရဲမွဲတေမှု တရိပ်ရိပ်တက် နေသည့်နှုန်းကို ဟန့်တားနိုင်မှု မပြုနိုင် သေးချိန် အများပြည်သူများ အတွက် စား၊ ၀တ်၊ နေရေးနှင့် ပညာရေး၊ ကျန်းမာရေး တို့အတွက် ကယ်သူကို မျှော်နေရခိုက် အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံကို စာရင်းခေါင်းစဉ် ၅ ခုဖြင့် နိုင်ငံတကာ ဘဏ်အသီးသီးတွင် မြန်မာနိုင်ငံက တရားမ၀င် အပ်နှံထားသည်ဆိုသည့် သတင်းဆိုးသည် ကမ္ဘာသိဖြစ်သွားခဲ့သည်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကို စောင့် BIC (Bank Information Center) မှ အာရှရေးရာ မန်နေဂျာ Mr. Jelson Garcia က မြန်မာနိုင်ငံမှ ပြည်ပ တွင် အပ်နှံထားသော နိုင်ငံခြား ငွေစာရင်း ၅ ခုရှိပြီး အမေရိကန်ဒေါ်လာ ၁၁ ဘီလီ ယံရှိသည်ဆိုသည့်သတင်းဖြင့် စနက်တံ ဖြုတ် လိုက်သည်။

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ဖြစ်ထွန်းနိုင်သည့် ယင်းငွေ ပမာဏကို လက်ရှိအစိုးရ အနေဖြင့် တိကျစွာ စစ်ဆေးဖော်ထုတ်ပေးရန် ပြည်သူများလို လားကြသည်။ ယင်း ကိစ္စနှင့် ပတ်သက်ပြီး အထင်အရှားရှိနေဆဲ သက်သေထွက်ချက်ဟု ယေဘုယျ ယူဆနိုင်သည့် ရလဒ်တစ် ခုကား ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်က The Daily Eleven သတင်းစာသို့ Mr. Jelson Garcia က အီးမေးလ်ပေးပို့ရာ တွင်လည်း မြန်မာနိုင်ငံက ပြည်ပတွင် ငွေစာရင်း ၅ ခု၊ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားသည် ဆိုသောသတင်းမှာ ၎င်းအနေဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ နှင့် ဧပြီလအတွင်း ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သော အစည်းအဝေးမှ ရရှိသည့်သတင်း အချက်အလက်ပေါ်မူတည်၍ ရှင်းလင်း ပြောကြားခြင်းဟု ဖော်ပြထားပြီး ၁၁ ဘီလီယံ မရှိကြောင်း၊ အကောင့် ၅ ခုနှင့် ၁၁ ဘီလီယံမှာ မဟုတ် ကြောင်း တစ်လုံး တစ်ပါဒမျှ ငြင်းဆိုသွားခဲ့ခြင်း မရှိသည့်အချက်ပဲ ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း The Hindu Times သတင်းစာတွင် ဆွစ်ဘဏ်များက ထုတ်ပြန်သော သတင်းအချက် အလက်နှင့် ကိန်းဂဏန်းများအရ ဆွစ်ဘဏ်များတွင် ၀ှက်ထားသော အိန်္ဒိယအစိုးရ၏ တရားမ၀င် မှောင်ခိုငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံရှိသည်၊ ရုရှားနိုင်ငံက ဘီလီယံ ၇၄၀၊ UK နိုင်ငံက ဘီလီယံ ၃၉၀၊ ယူကရိန်းနိုင်ငံက ဘီလီယံ ၁၀၀ နှင့် တရုတ်နိုင်ငံက ၉၆ ဘီလီယံ အသီးသီး ရှိကြသည်ဟု ဆိုသည်။

တရားမ၀င် မှောင်ခိုငွေပမာဏ အများအပြား ပိုင်ဆိုင်ပြီး ထိပ်တန်းနိုင်ငံ စာရင်းဝင် အဆိုးကျော်ဇော်နေသည့် ကာယကံရှင် မည်သည့်နိုင်ငံမဆိုမှာ ပြည် သူများသည် ယင်းကိစ္စနှင့်ပတ်သက်ပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနှင့် အခက်ကြီး ကြုံတွေ့နေကြရမည်မှာ သေချာလှသည်။ နိုင်ငံနှင့် အများပြည်သူ ပိုင်ဆိုင်သည့် ယင်းငွေ အမြောက်အမြားကို အဂတိလိုက် စားသူများက ယင်းတို့၏ ပုဂ္ဂလိက ငွေကြေးခေါင်းစဉ်များနှင့် တရားမ၀င် အပ်နှံထားကြသည်။ ယင်းသို့ အပ်နှံထားသည့် တရားမ၀င် မှောင်ခိုငွေများသည် အဆိုပါ တိုင်းပြည်များ၏ ပြည်ပ ကြွေးမြီများထက် ၁၃ ဆ များသည်ဟု ဆိုသည်။

မြန်မာနိုင်ငံက တရားမ၀င် အပ်နှံထားသည့် အမေရိကန် ဒေါ်လာ ၁၁ ဘီ လီယံဆိုသည်မှာ နိုင်ငံ၏ ပို့ကုန် သဘာဝ ဓာတ်ငွေ့ကို ၄ နှစ်ဆက်တိုက် ပြည်ပသို့ တင်ပို့ရောင်းချရမည့် ငွေပမာဏ (သို့မ ဟုတ်) မြန်မာ့ ကျွန်းသစ်တန်ချိန် ၁၂ သန်းကျော် ပြည်ပတင်ပို့ ရောင်းချရမည့် ငွေကြေးပမာဏဖြစ်နေရာ ပြည်သူများအတွက် မိမိတို့နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတများ ရောင်းချပြီး ရယူထား သည့် ငွေများ ဟုတ်၊ မဟုတ် ဖော်ထုတ် ရှင်းလင်းရန် ပြည်သူလူထုက လိုလားနေ ဆဲဖြစ်သည်။ သို့ရာတွင် အစိုးရ တာဝန် ရှိသူများက မူလ စိစစ်ဖော်ထုတ် ရမည့် အစား ခုတ်ရာတလွဲ၊ ရှရာတခြား ဖြေ ကြားမှုများ၊ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးသည့် စကားတန်ဆာများ၊ ရေငုံနှုတ် ပိတ်နည်းလမ်းများဖြင့် ပြည်သူများ၏ ဆန္ဒကို ဖုံးအုပ်ရန် ကြိုးပမ်းခဲ့ကြသည်ဟု ဝေဖန်ပြောဆိုမှုတွေ ရှိနေသည်။ ပြည်သူ တွေ မကျေနပ်မှုများစွာထဲမှ မကျေနပ်မှု အကြီးကြီးတစ်ခုအဖြစ် သုံးသပ် နေကြသည်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေက မည်သို့မျှ အရေးယူတုံ့ပြန်ဆောင်ရွက်ခြင်း မပြုသည့်အခါ စကားလုံး တစ်လုံးတည်းနှင့် ပေါင်းရုံးသုံးသပ်နိုင်မည့် အဆိုတစ်ရပ်ရှိပါသည်။ အကြောင်းပြချက်နှင့် အမှန်တရား ကို သက်သေပြနိုင်သည့် သီအိုရီလည်း ဖြစ်တန်ရာသည်။ Silence Implies Consent ““ဆိတ်ဆိတ်နေ ၀န်ခံခြင်း””ဆိုသည့် အချက်ပဲဖြစ်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက ပေယျာလကန် ပြုခဲ့ လေသလား၊ မတော်တမဲ့ မြင်လား၊ မသိကျိုးကျွန်လား၊ ယင်းကြောင့်ပင် လူသိရှင်ကြား၊ အုတ်အော်သောင်းတင်း ဖြစ်စေ သည့် မီဒီယာများ၏ ထုတ်ဖော်ပြောဆို ချက်များကြောင့်လည်း သိသာ မြင်သာ သည့် နှုတ်ဆိတ်နေခြင်း (noticeable Silence) သည် တိုင်းပြည်၏ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး ယင်းတို့သည်လည်း ယင်းတို့၏ ပြစ်မှုအတွက် အပြစ်ရှိကြောင်း ၀န်ခံရှာကြသည်ဟု သတင်းမီဒီယာတွေက သုံးသပ်ကြသည်။

မည်သည့် သတင်းစာကမျှ ၁၁ ဘီလီယံ မှာ အစိုးရအပ်ထားပါသည်လို့ ရေးသား ခဲ့ခြင်းမရှိ၊ မည်သူအပ်သည် ဖြစ်စေ စိစစ်ပေးရမည်မှာ အစိုးရ၏ တာဝန်သာဖြစ် သည်။ ပြည်သူတွေ၏ ဆန္ဒဖြစ်သည့် နိုင်ငံ တကာဘဏ် များတွင် မှောင်ခိုထား ရှိသည့် ဘဏ်စာရင်းများကို ဖော်ထုတ် ရှင်းလင်းရန် ရှိ၊ မရှိနှင့်ပတ်သက်ပြီး စက် တင်ဘာလ ၂၀ ရက်နေပြည်တော်မှာ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက် အပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အပါ အ၀င် အစိုးရတာဝန်ရှိသူ တစ်ဖွဲ့လုံး မည်သူမျှ ပြန်လည် ဖြေကြားခြင်း မပြုဘဲ ရေငုံနုတ်ပိတ်ပြီး မေးခွန်းများကို အဆုံးသတ် စေခဲ့သည်။ ယင်းအခြင်းအရာများသည် Silence imprlies consent, deafening Silence နှင့် noticeable silence စသည် တို့နှင့် တစ်ထပ်တည်း ကျနေပေသည်။

အိနိ္ဒယနိုင်ငံသည် ဆွစ်ဘဏ်များတွင် ယခုကဲ့သို့ မှောင်ခိုအပ်နှံထားသည့် ငွေစာရင်းတွင် ငွေကြေးပမာဏ ၁ဒသမ ၄ ထရီလီယံ ရှိသည်ဖြစ်ရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဖြေရှင်းနေရသည့် အတွက် အိနိ္ဒယနိုင်ငံ၏ ဖြစ်စဉ်နှင့် သာဓကများကို လေ့လာကြည့်ဖို့လိုပေသည်။

၂၀၀၉ခုနှစ် Lik Sabha ၀င်ရောက်ယှဉ်ပြိုင်စဉ်က BJP ပါတီခေါင်းဆောင် L.K.Adiani က သူ ရွေးကောက်ပွဲ မဲအနိုင်ရလျှင် ဆွစ်ဘဏ်တွေမှာ တရားမ၀င်အပ်နှံထားသည့် အိနိ္ဒယ ပြည်သူတွေပိုင် ခန့်မှန်းခြေငွေ ကြေး ၁ ဒသမ ၄ ထရီလီယံ ဒေါ်လာကို ရအောင် ပြန်ယူပေးမည်ဖြစ်ကြောင်း မဲဆွယ် ကတိက၀တ်ပြုခဲ့သည်။ Sonia ရွေးကောက်ပွဲများ၏ ကွန်ဂရက်ပါတီက ဤမျှများပြားသည့် ငွေကြေးပမာဏ မရှိကြောင်း ငြင်းခဲ့သည်။ သို့ရာ တွင် အိနိ္ဒယပိုင် ငွေကြေးများ ပြန်လည်ရရှိရေးပြည်သူတွေ၏ တောင်းဆိုမှုများ ဟိုကွက်ကျား၊ ဒီကွက် ကျားကနေ စုစည်းလာပြီး အရှိန်အဟုန် Gathering momentum ဖြစ်လာသည့်အခါ manmohan Singh နှင့် Somi Gundhi တို့က နာမည်ပျက် သိက္ခာကျသွားသည့် သူတို့၏ နာမည်၊ သူတို့၏ပါတီနှင့်သူတို့ အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ဆယ်ယူသည့်အနေဖြင့် ပြည်ပတွင်ဝှက်ထားသည့် တရားမ၀င်ငွေများကို ပြန်ယူပေးပါမည်ဟု ကတိပေးခဲ့သည်။

ယင်းပြဿနာတွင် အခရာကျသည့် အဖွဲ့တစ်ဖွဲ့ ရှိသည်။ ကမ္ဘာလုံး ဆိုင်ရာ သမာဓိငွေကြေးအဖွဲ့ (Globak Financial Integrity –GFI ဖြစ်သည်။ ယင်းအဖွဲ့သည် တရားမ၀င်ငွေကြေး အဖွဲ့အစည်းများကို မထောက်ခံဘဲ သမာသမတ်ကျကျ ဆောင်ရွက်ပေးနေသည့် အမြတ်အစွန်းမယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မြန်မာ နိုင်ငံ ၁၁ ဘီလီယံ ဥစ္စာရင်း မှန်ပြန်လည် ရရှိရေး GFI အကူအညီလိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။

ထည့်သွင်း စဉ်းစားရမည့် နောက်တစ် ချက်ရှိပါသည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါ ရီလ ခပ်စောစောပိုင်းက Lichtenstein နိုင်ငံဘဏ်မှာ ပြည်ပနိုင်ငံအသီးသီးမှ လူများ တရားမ၀င် ငွေကြေးအပ်နှံထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဂျာမဏီနိုင်ငံ အာဏာပိုင်များက သတင်းကောက်ယူစု ဆောင်းလျက်ရှိသည့် သက်ဆိုင်ရာ နိုင်ငံ များအနေဖြင့် မိမိနိုင်ငံမှာ ယခုကဲ့သို့ တရားမ၀င်ငွေကြေးအပ်နှံသူများ စာရင်း ကို စိတ်ဝင်စားလို့ သိချင်တယ် ဆိုလျှင် အဲဒီဘဏ်တွင် စာရင်းပေါက်နေသူများ၏ အမည်စာရင်းကို အသိပေးမည်ဖြစ် ကြောင်း ဂျာမဏီ ဘဏ္ဍာရေးဝန်ကြီးက ကမ်းလှမ်းခဲ့သည်။ သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရဆိုလျှင် Lichtenstein ဘဏ် တွင် တရားမ၀င် စာရင်းပေါက်နေသည့် အိနိ္ဒယလူမျိုး ၂၅၀ခန့် ရှိနေသည်ဟု ဆိုသည်။ အစဉ်အလာအရဆိုလျှင် Lichtenstein ဘဏ်သည် လျှို့ဝှက်ငွေကြေး စာရင်းဖွင့်ထားသည့် မည်သည့် လူပုဂ်္ဂိုလ် ၏ စာရင်းကိုမှ ဖွင့်ပြောလေ့ မရှိပါဘူး။ Tax treaty ဟုခေါ်ပါသည်။

ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီး၏ ကမ်းလှမ်းမှုနှင့် အရပ်ရပ်၏ ဖိအားများနှင့် အတူ ဘဏ်စာရင်းဖွင့်ထားသည့် လျှို့ဝှက် အမည်များ တောင်းဆိုမှု ရေချိန်တက်လာတော့သည်။ Tax treaty သဘောတူညီမှု အောက်တွင် သတင်းအချက် အလက်များကို လျှို့ဝှက်ထားရသည်။ ပွင့်လင်းမြင်သာစွာ ရရှိသောသတင်းများကိုမူ အများ ပြည်သူတို့ ထုတ်ဖော်ပြောပြနိုင်သည်။ သို့ရာတွင် အိနိ္ဒယအစိုးရအနေဖြင့် ပြည်ပနိုင်ငံဘဏ် အသီးသီးတွင် ငွေစာရင်းဖွင့် ထားသည့် အိနိ္ဒယလူမျိုးများ၏ အမည် စာရင်းကို ဖော်ထုတ်ဆိုခြင်းမရှိချေ။ အဲဒီ ကိစ္စအတွက် မီဒီယာများ ကောက်ချက်ကတော့ ome big names in the ruling circles are reportedly involved ပဲဖြစ် သည်။ ယင်းအချက်ကို ပိုမိုခိုင်မာစေသည့် နောက်ထပ် သာဓကတစ်ခုရှိပါ သေးသည်။ အိနိ္ဒယနိုင်ငံ Pune ဒေသမှ မြင်းခြံပိုင်ရှင် မြင်းမွေးသူ Hasan Ali ဆို သူ၏ အမှုပဲဖြစ်သည်။ Hasan Ali ဟာ ဆွစ်ဘဏ်မှာ တရားမ၀င် မှောင်ခိုငွေ ရူပီး ၁ဒသမ၅ Lakh-Crore (ကုဋေ-၁ဒသမ၅ သိန်း) ကျော် ရှိကြောင်း စစ်ဆေး တွေ့ရှိရသည့် အတွက် အိနိ္ဒယအစိုးရ အမြတ်ခွန် ဌာနက သူ့ကို ရူပီး ၇၁၈၄၈ ခမသမန အမြတ် ခွန်စည်း ကြပ်ခဲ့သည်။ ယင်းအမှု ယခုအခါ ပိတ်သွားပြီဖြစ်သည်။ ဆွစ်ဇာလန်အစိုးရ ထံသို့ ပေးပို့သော မေတ္တာရပ်ခံ တောင်း ဆိုချက်တွေကြောင့် ဖြစ်သည်ဟုဆိုသည်။ crore ၏ အမှုတွင်လက်ရှိ အာဏာရ အသိုင်းအ၀ိုင်းမှ အထင်ကရ ပုဂ်္ဂိုလ်အချို့ ပါဝင် ပတ်သက်နေသော ကြောင့်ဖြစ်သည်ဟုဆိုသည်။ ယင်းအချက်အလက် တွေကို ကောက်ချက် ဆွဲသည့်အခါ အစိုးရက အဂတိလိုက်စားမှုတွင် တိုက်ရိုက်ပတ် သက်နေမှုများရှိနေ၍ပင်ဖြစ်သည်။ ယင်းရဲ့ အကျိုးဆက်ကတော့ Hasan မိသားစု၏ ဆွစ်ဘဏ်များတွင် တရားမ၀င် လျှို့ဝှက်အပ်နှံထားသည့် ငွေကြေးအပါ အ၀င် အိနိ္ဒယနိုင်ငံမှ တရားမ၀င် ဆုတ်ခွာသွားသည့် ငွေကြေးပမာဏ အမေရိကန် ဒေါ်လာ ၄၆၂ ဘီလီယံအတွက် ယနေ့အထိ လွတ်လပ်သော စုံစမ်းမှုများ မပြုလုပ်နိုင်သေးပေ။

လက်ရှိအစိုးရ အနေဖြင့် မည်သို့ပင် ဖုံးအုပ်ကာကွယ်သည်ဖြစ်စေ၊ ဖော်ထုတ် စိစစ်ပေးရန်အတွက် ဆန္ဒ မရှိသည်ဖြစ်စေ အများပြည်သူကမူ ယနေ့အထိ မမေ့မ လျော့မပေါ့ဖို့လိုသည်။ စည်းလုံးညီညွတ်စွာ ပူးပေါင်း ရပ်တည်ကြဖို့လိုသည်။ အရပ် ဘက်အဖွဲ့အစည်းများ၊ စတုတ္ထမဏ္ဍိုင်စာ နယ်ဇင်းမီဒီယာများသည် ပြည်သူ့ ဘက်က ရပ်တည်ကြဖို့လိုသည်။ ၁၁ ဘီလီယံသည် ပြည်သူတွေ ဆင်းရဲမွဲတေမှုမှ ကျွတ်လွတ်ရေးအတွက် တစ်စုံ တစ်ရာဖြစ်သည်။

ပြည်ပဘဏ် တစ်ခုခုတွင် တရားမ၀င် ၀ှက်ထားသော အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံသည် အစိုးရပိုင်းဆိုင်ရာ အဂတိလိုက်စားမှု (Governmental Corruption) ဖြစ်သည်။ အစိုးရ၀န်ကြီးဌာန အသီးသီးမှ ၀န်ထမ်း အဆင့် ဆင့်ကြီး၊ ငယ်မရွေးတို့သည် တိုင်းပြည်၏ သဘာဝအရင်းအမြစ်များမှ ခိုးနည်းမျိုးစုံဖြင့် ခိုးယူချမ်းသာ ကြွယ်ဝ လျက်ရှိကြသည်။ အစိုးရအဖွဲ့ဝင် အချို့သည် တိုင်းပြည်အတွက် ပြည်ပနိုင်ငံ အချို့မှ ကူညီ ထောက်ပံ့ သော နိုင်ငံခြား အကူအညီများကို အလွဲသုံးစားလုပ်ပြီး ချမ်းသာကြွယ်ဝလျက်ရှိသည်။

အကျင့်ပျက် အဂတိလိုက်စားသည့် အာဏာရှင်ကြောင့် ပြည်သူလူထုတွေ နှစ်ပရိစ္ဆေဒကြာရှည်စွာ အထွေထွေ အကျပ် အတည်းခက်ခဲ ချွတ်ခြုံကျမှုမျိုးစုံ ခံစားနေရသည်။ ပြည်သူလူထု၏ လူမှုအဖွဲ့အစည်းတွင် the rule of Law သည်လည်း တစ်စစီဖြစ်သွားသည်။ အဂတိလိုက်စားသည့် အာဏာရှင်သည် ဓနဥစ္စာ ပိုမိုကြွယ်ဝပြီး အာဏာ တည်မြဲရေးကိုသာ အာရုံစိုက်လေ့ရှိပြီး တိုင်းပြည်တွင်ဖြစ်ပျက်နေသည့် စီးပွားရေးနှင့် လူမှုရေး ပြဿနာများကို ဥပေက္ခာပြု လျစ်လျူရှုလေ့ရှိသည်။

ဒီနေရာတွင် နှိုင်းယှဉ်တင်ပြစရာ သာဓကအချို့ရှိသည်။ အစိုးရအဖွဲ့ (သို့ မဟုတ်) အစိုးရအဖွဲ့ ခေါင်းဆောင် ကိုယ်ပိုင် ကမ္ဘာသိ အဂတိလိုက်စားမှုများ အနက် အထင်ရှားဆုံးအမှုကား ၁၉၆၉ – ၁၉၉ ခုနှစ်အထိ ၃၂ နှစ်တိုင် အာဖရိက တိုက်ကွန်ဂိုနိုင်ငံကို အုပ်ချုပ်ခဲ့သည့် Marshal Mobutu Sese Seko ဖြစ်သည်။ တိုင်းပြည် ဘဏ္ဍာငွေကို ခိုးသည့်ဝှက်သည့် မတရားယူသည့် Kleptocracy သမား ဖြစ်သည်။ ပြည်သူလူထုကို နှိပ်စက် ညှဉ်းပန်းသည်။ နောက်ဂန္ထ၀င်တစ်ဦးကတော့ ၁၉၉၃-၁၉၉၈ခုနှစ်အထိ အာဖရိကတိုက် နိုင်ဂျီးရီးယား နိုင်ငံကို အုပ်ချုပ်ခဲ့သည့် Sani Abacha ဖြစ်သည်။ သူသည် တိုင်းပြည်မှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ခိုးယူသူအဖြစ် နိုင်ငံတကာက လက်ခံထားသည်။

ကမ္ဘာ့ဘဏ် ဖော်ပြချက်များအရ နိုင်ဂျီးရီးယား နိုင်ငံခေါင်းဆောင်များသည် ၁၉၆၀-၁၉၉၉ ခုနှစ်အတွင်း တိုင်းပြည် ဘဏ္ဍာငွေမှ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ကျော် ခိုးယူခဲ့ကြသည်ဟုဆိုသည်။ သိပ်မကြာ လှခင် အချိန်တွင်းကပင် ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ၁၉၅၉ခုနှစ်မှ ယနေ့အချိန်အထိ ကျူးဘားနိုင်ငံကို တစ်ဦးတည်း လက်ဝါးကြီးအုပ် အုပ်ချုပ်ခဲ့သည့် အာဏာရှင် Fidel Castro သည် တိုင်းပြည်ဘဏ္ဍာအသီးသီးမှ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ခိုးယူခဲ့သည်ဟု ဖော် ပြသည်။ သူ၏ နိုင်ငံရေးပြိုင်ဘက်များ၏ အဆိုအရ Castro သည် အထက်ဖော်ပြပါ ငွေကြေးအမြောက်အမြားကို တရားမ၀င် လက်နက်ရောင်းချရသည့်ငွေများ၊ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိသည့်ငွေများ၊ နိုင်ငံတကာ ချေးငွေများမှ ရယူခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ ယင်း ပမာဏတွင် သူနှင့်အတူ အာဏာရှင် စနစ်သက်ဆိုးရှည်ရေး ကျားကန်ပေးကြ သည့် နောက်လိုက် နောက်ပါ လက်ပါးစေ Cronies များ၏ တရားမ၀င်ကြွယ်ဝချမ်း သာမှုများ မပါဝင်သေးဟု ဆိုကြသည်။

The Daily Eleven သတင်းစာက ၁၁ ဘီလီယံသတင်းဖော်ပြခဲ့သည်။ စက်တင်ဘာ ၁၂ရက်နေ့က မြန်မာနိုင်ငံ၏ နာမည်ကျော်လုပ်ငန်းရှင် နာမည်ကြီးကုမ္ပဏီမျာ က တာဝန်ရှိသူများ ရရာလေယာဉ် လက်မှတ် ဖြတ်ကာ စင်ကာပူဘဏ်များသို့ တက်သုတ်ရိုက်ထွက်သွားခဲ့သည်။ ယင်း အချက်ကိုကြည့်လျှင် မြန်မာနိုင်ငံ သားများ နိုင်ငံတကာ ဘဏ်များတွင် နိုင်ငံခြားငွေ မည်မျှအပ်နှံထားနိုင်သည်ကို ခန့်မှန်းနိုင်ကြ မည်ဖြစ်သည်တဲ့။ အိနိ္ဒယနိုင်ငံတွင် ဖြစ်ပျက် နေသည့် အခြေအနေနှင့်ချိန်ထိုး ကြည့်လျှင် ထင်ရှားခိုင်မာသည့် Links များရရှိ နိုင်မည်ဟု ယူဆသည်။ အိနိ္ဒယလူမျိုးများ ဆွဏ်ဘဏ်များရှိရာ ဆွစ်ဇာလန် နိုင်ငံသို့ နှစ်စဉ်အလည် အပတ် သွား ကြသည့် လူဦးရေ ၂၅၀၀၀ရှိသည့်အနက် ၃၀၀ ခန့်သည် ဆွစ်ဘဏ်များ၏ Clientle များဖြစ်ကြသည်ဟု ဆိုသည်။

မြန်မာပြည်သူတွေ၏ ဥစ္စာရင်းပိုင် ၁၁ဘီလီယံ မြန်မာနိုင်ငံမူလပိုင်ရှင်ထံ ပြန် လည်ရောက်ရှိရေး ပြည်တွင်း အရပ်ဘက် ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့ အစည်းများ နိုင်ငံရေးပါတီများ၊ မီဒီယာ များနှင့် ပြည်သူ လူထုများ အတူ ပူးပေါင်း ဆောင်ရွက်ရန် အထူးလိုအပ်ပေသည်။
မောင်မြား(ဒေါင်းမာန်ဟုန်)

ကြံ့ခိုင်ရေးအမတ်အချို့ နှမြောနေသည့် မြစ်ဆုံစီမံကိန်း – တာမွေအောင်ကို

အခုလူတွေက မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ကြတယ် ဒီစီမံကိန်းက ကျွန်မတို့ တိုင်းပြည်ကို အကျိုး ဖြစ်ထွန်းစေမှာ ဖြစ်တယ် ဒီအကျိုးရှိမယ့် စီမံကိန်းကို ကျွန်မဆို မကန့်ကွက်ဘူး တစ်တိုင်းပြည်လုံး မီးတွေ လင်းသွားမယ်၊ ကောင်းသွား မယ် နှမြော ဖို့ကောင်းတယ် . . .
 myit sone
ဧရာဝတီမြစ်အစ မေခမလိခ ပေါင်းစုံရာဒေသ သုံးမြှောင့်ပုံသဏ္ဌာန် ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံစီမံကိန်း အလုံးစုံ ဖျက်သိမ်းေ ပးရေး တောင်းဆိုသံများ၊ ဆန္ဒဖော်ထုတ်ပွဲများ ယခင်ကလောက် အသံတွေ မကြားရတာ ကြာပြီဖြစ်သည် မြန်မာနိုင်ငံအတွင်း ပွတ်လောရိုက် ဆူညံခဲ့သော အသံများ ယခုတော့ သွေးအေးနေပြီ။ ကချင်ဒေသ မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားတာ ယခုဆို သုံးနှစ်ကျော်၊ လေးနှစ်ခန့် ရှိပြီဖြစ်သည်။ ဤစီမံကိန်းအား ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဟုဆိုကာ မြန်မာနိုင်ငံ စစ်အစိုးရ လက်ထက်တွင် တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် ဒီဇင်ဘာလ ၂၀၀၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး၍ သဘောတူ စာချုပ်ချုပ်ဆို ခဲ့ကြခြင်းဖြစ်သည်။ လုပ်ငန်းစတင် လုပ်ဆောင်ခွင့်ကိုတော့ ယခင်အစိုးရ လက်ထက် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ကျမှ ပါမစ်ချပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်ဘက်မှလည်း စီမံကိန်းတွင် အမေရိကန်ဒေါ်လာ အလုံးအရင်း များစွာဖြင့် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်ဟု သိရသည်။
အဆိုပါ မြစ်ဆုံစီမံကိန်းအား အပြီးအပိုင် ရပ်ဆိုင်း၍  မြန်မာတစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဆန္ဒဖော်ထုတ် ခဲ့ကြသောကြောင့် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး မြစ်ဆုံ စီမံကိန်းကြီးအား ရပ်ပစ်ရန် ဆန္ဒအသီးသီး ဖော်ထုတ်ခဲ့ကြသော်လည်း ဒီမြစ်ဆုံစီမံကိန်းကြီးက ယနေ့အထိ သက်ဝင်လျက် လှုပ်ရှားမှု ရှိနေဆဲပင် ဖြစ်သည်။ တစ်ဖက် နိုင်ငံဘက်ကလည်း ပြန်လည် ကမ်းလှမ်း လာတာတွေ ကြားနေရပြန်သည်။ ဒီစီမံကိန်းကြီးအား လိုလားသူများကလည်း လိုလားလျက် ရှိနေကြဆဲပင်ဖြစ် သည်။ လိုလားသူတွေက မြန်မာနိုင်ငံတော်ကြီးနှင့် ပြည်သူ့ အကျိုးစီးပွား ဖျက်ဆီးလို သူများနှင့် မျိုးချစ်စိတ်ဓာတ် ခေါင်းပါးသူများ။ အမျိုးသားရေး စိတ်ဓာတ် အားနည်းနေသူများကတော့ စီမံကိန်းကြီး  ပြန်လည် လုပ်ဆောင်စေချင်နေတာကတော့ အမှန်ပင် ဖြစ်ပါသည်။
myit sone2ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် မိမိတို့ကြံ့ခိုင်ရေး ပါတီထဲတွင် ရှိနေစဉ်တုန်းက မိမိနားဖြင့် ကြားခဲ့ရသော စကားလုံးများကြောင့် ထိုသို့ ပြောရခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်းလိုက်ကြောင်း အမိန့်ထွက်ပေါ်ခဲ့ပြီး ကာလ အနည်းငယ်အကြာ တာမွေကြံ့ခိုင်ရေး၊ ပြည်သူ့လွှတ်တော် အမတ်ကြီး လွှတ်တော်မှ ပြန်အလာ ရပ်စည်းများနှင့် အပတ်စဉ် အစည်းအဝေး တစ်ခုတွင် ပြောကြားခဲ့သည်က ““အခုလူတွေက မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြတယ်။ ဒီစီမံကိန်းက ကျွန်မတို့ တိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တယ်။ ဒီအကျိုးရှိမယ့် စီမံကိန်းကို ကျွန်မဆို မကန့်ကွက်ဘူး။ တစ်တိုင်းပြည်လုံး မီးတွေ လင်းသွားမယ်၊ ကောင်းသွားမယ် နှမြောဖို့ ကောင်းတယ်””ဟု ပြောကြားခဲ့သည့် စကားများနှင့် အခုတစ်လော ကြားနေကြရပြန်သည့် အထက်ပိုင်း အညာဒေသ၊ နယ်တွေက ကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး အစည်းအဝေး၊ အခမ်းအနားတွေမှာ လက်ရှိလွှတ်တော် ပြည်ခိုင်ဖြိုး အမတ်တွေက ဘာပြောပြီး စည်းရုံးကြသလဲဆိုရင် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီး တကယ် ဖြစ်ပေါ်လာရင် ဒီလို ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးရရှိရေး အစည်းအဝေးတွေ လုပ်စရာတောင် မလိုဘူး။ ရွာတွေအားလုံး မီးလင်းသွားမယ်ဟု ပြောဆို စည်းရုံးနေကြသည်ကို ကြားနေရသည်။ ဒီမြစ်ဆုံစီမံကိန်းကို လိုလားနေကြသည့် သဘောသက်ရောက်နေသည်။ အခု တရုတ်အစိုးရ ကလည်း ပြန်လည်ကမ်းလှမ်း လာတယ်လို့ ကြားနေကြပြန်တယ်။ ဒါကလည်း မဆန်းပါ၊ သူရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေက နည်းမှမနည်းဘဲ၊ သူတို့ဘာကြောင့်  ဒီမြစ်ဆုံစီမံကိန်းကြီးကို ဘာကြောင့် လက်လွှတ် အဆုံးရှုံးမခံနိုင်ရတာလဲ၊ အကြောင်း တစ်ခုခုတော့ ရှိလိမ့်မည်ထင်တယ်၊ မြစ်ကြီးနား ဇာတိဖွားတစ်ယောက်က မိမိကိုပြောခဲ့ဖူးသည်။ ကျွန်တော်တို့ မေခ၊ မလိခ မြစ်ဆုံနေရာ ဧရာဝတီမြစ်မှာ ဟိုတုန်းကတည်းက ရွှေတွေ ကျင်နေခဲ့ကြတာ။ ခဲကိုပြဒါးထည့်ပြီး မြစ်ရေမှာ မြှုပ်ထားတာ ရေစီးပါလာတဲ့ရွှေက အဲဒီထဲကိုဝင်၊ အဲဒါကို ရွှေကျင်ကြတာ လျှပ်စစ်က အဓိက မဟုတ်ဘူး ထင်တယ်၊ ရွှေကို အဓိက လုပ်တာ၊ မြစ်ဆုံဆိုတဲ့ နေရာက တကယ် ရွှေထွက်တဲ့နေရာ၊ အဲဒါကို ရအောင် မရှာကြဘူး၊ အဲဒီကထွက်တဲ့ မြေတွေက တန်ဖိုးရှိတယ်။ ရေအားလျှပ်စစ်ပဲ အပေါ်ယံ သဘောလေး လာပြောနေကြတာ၊ ရွှေကို မပြောကြဘူး၊  သေချာ စုံစမ်းကြည့်စေချင်တယ်၊ နှစ်ပေါက်တစ်ပေါက် ရိုက်နေသလို ဖြစ်နေတယ်။ ဆရာမ ရွှေကူမေနှင်းရေးတဲ့ ဂျာနယ်မဂ္ဂဇင်း တစ်စောင်ထဲမှာ ဖတ်ရတယ်။ ဧရာဝတီမြစ် မေခ၊ မလိခက ရွှေကြောဖြတ်ကို ဖြတ်လာတယ်လို့ ရေးသားထားတယ်။ အဲဒီက ရေကိုသောက်ရင် ကိုယ်ရေပြား ရောဂါတောင် မဖြစ်ဘူးတဲ့၊ တစ်ခါလာလည်း ဒီလျှပ်စစ် ရေအားစီမံကိန်း၊ အဓိကယက ရွှေ၊ အံ့အားသင့်တယ်၊ ကျွန်တော်ထင်တာကို ပြောတာနော်။ တကယ်မဖြစ်သင့်တဲ့ကိစ္စ၊ ကျွန်တော်တို့ မြန်မာတွေ သေချာစုံစမ်းပြီး စမ်းသပ်စေချင်တယ်။ အဲဒီမှာရှိတဲ့ ကချင်တွေကို သေချာမေးကြည့်ရင် ကောင်းမယ်ဟု  ပြောခဲ့သည်ကို ပြန်စဉ်းစား နေမိသည်။
myit sone1
ယခုငြိမ်သက်နေသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကိစ္စ အလုံးစုံ ရပ်ဆိုင်းရန်၊ ရန်ကုန်မြို့မှနေပြီး ကချင်ပြည်နယ် မေခ၊ မလိခ မြစ်ဆုံဒေသအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြမည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုမှ ဦးဆောင်၍ ပြုလုပ်ကြမည်ဟု သိရသည်။  တရုတ်အစိုးရက ပြန်လည် ကမ်းလှမ်းလာတဲ့အခါမှာ ကျွန်တော်တို့က အမျိုးသားရေး စိတ်ဓာတ်နဲ့ ပြည်သူတွေ ငြိမ်သက်နေတာကို ပြန်လည် လှုပ်နှိုးလိုက်တာ နိုင်ငံရေး အမြတ်ထုတ်တာ မဟုတ်ပါဘူး ဟုလည်း ဦးဆောင် ပြုလုပ်သူများက ပြောသည်။ အဆိုပါဆန္ဒဖော်ထုတ်ရာတွင် လိုက်ပါသူများအတွက် လိုအပ်သော အကူအညီ၊ ဆေးဝါး အစစအရာရာ ကူညီရန်အတွက် အမည် မဖော်လိုသူများကလည်း ငွေကြေးများ လှူဒါန်းထားသူများလည်း ရှိကြောင်း၊ မြစ်ဆုံဒေသမှာရှိတဲ့ ကချင်တိုင်းရင်းသား တွေကလည်း ဒီမြစ်ဆုံဒေသကြီး မရပ်ဆိုင်းဘူးဆိုရင် သူတို့ရင်ထဲမှာ ပင်လုံစိတ်ဓာတ်တွေ ရှိတော့မှာ မဟုတ်ဘူး။ အဲဒါ အရမ်းကြောက်ဖို့ ကောင်းတယ်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင်တစ်ဦးက ပြောသည်ဟုလည်း ကြားသိရသည်။
 မြန်မာနိုင်ငံသားတို့၏ မျိုးချစ် စိတ်ဓာတ်ကို ကမ္ဘာကသိအောင် ရန်ကုန်မှ မြစ်ဆုံဒေသသို့ ရက်ပေါင်း ၁၀၀ ကျော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြမည့် သူများအား မြန်မာပြည်ကိုချစ်သော မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော ပြည်ထောင်စု စိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ရှိကြသော သူများကတော့ မြစ်ဆုံ စီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ယခု ဆန္ဒဖော်ထုတ်သည့် ပုံများအား အပြည့်အ၀ ထောက်ခံ အားပေးနေကြမည်သာ ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့က ဤမြစ်ဆုံ စီမံကိန်းကြီးအား နိုင်ငံတော် သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်း လိုက်ကြောင်း ရေဒီယို၊ မြန်မာ့ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့် ကြေညာလိုက်စဉ်က မြန်မာပြည်သူ ပြည်သားအားလုံး ပျော်မဆုံး မော်မဆုံး လက်ခုပ်သြဘာတီး၍ အားပေးခဲ့ကြတာကို ပြန်မြင်ယောင်နေမိပြီး အဲဒီ အချိန်က ကျွန်တော်တို့အားလုံး သမ္မတကြီးဦးသိန်းစိန် ကျန်းမာစေလိုကြောင်း ဆုမွန်ကောင်းများ ဆုတောင်း ပေးခဲ့ကြသည် မဟုတ်ပါလားခင်ဗျား ….။         ။
မြန်မာသံတော်ဆင့် 
 
ဒေါင်းမာန်ဟုန်

အာဏာရှင်ဟောင်း ဦးနေ၀င်း၏မြေးများနှင့် ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်များ လျှို့ဝှက်စွာ ၂ ကြိမ်တွေ့ဆုံ


အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးများဖြစ်သော ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်းတို့နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း ခေါင်းဆောင်ေ သာ မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်များသည် ယခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီ လများအတွင်း မြန်မာငြိမ်းချမ်းရေး စင်တာ၌ လျှို့ဝှက် စွာ တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုများကို မြန်မာသံတော်ဆင့်မှ ဦးအေးနေ၀င်းအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ““ကျွန်တော်တို့ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ ပူးပေါင်းပြီး လုပ်ငန်းတွေ လုပ်ကိုင်တာတော့ မရှိပါဘူး။ မြန်မာငြိမ်းချမ်းရေး စင်တာမှာ လုပ်ကိုင်နေတဲ့ သူတွေနဲ့ ပုဂ္ဂိုလ်ရေးရာတော့ ရင်းနှီးမှုရှိပါတယ်။ အဲဒါကြောင့် ပုဂ္ဂိုလ်ရေးရာအရ ရင်းနှီးလို့ ဆက်ဆံတာပဲရှိတယ်။ သူတို့ရဲ့ လုပ်ငန်းတွေမှာတော့ လုံးဝပါဝင်ပတ်သက်မှု မရှိဘူး။ အလွတ် သဘော အရ တွေ့ဆုံဆွေးနွေးတာပါ””ဟုပြောသည်။

မြန်မာငြိမ်းချမ်းရေးစင်တာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို မြန်မာသံတော်ဆင့်မှ ထပ်မံမေးမြန်းရာ ““ကျွန်တော်တို့ ဘယ်အဖွဲ့အစည်းတွေနဲ့မဆို တိုင်းပြည်ကောင်းစားရေး လုပ်တဲ့ကိစ္စဆိုရင် ပြောနိုင်ဆိုနိုင် လုပ်ကိုင်နိုင်တဲ့ ကိစ္စဆိုရင် ကူညီပေးစေချင်တယ်။ ကျွန်တော်တို့ရဲ့မူအရ နေရာတစ်ခုယူပြီးတော့ လုပ်ဖို့မရှိဘူး။ ကျွန်တော်တို့နဲ့ တွေ့ဆုံစဉ်က လူကြီးတွေက မပြောပါနဲ့လို့ ပြောထားတော့ ပြောရတာ အခက်အခဲဖြစ်နေတယ်။ နိုင်ငံတော် တာဝန်ရှိတဲ့ လူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ ပြောချင်တယ်”” ဟု ၎င်းကပြောကြားခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးမှုများကို မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများက တွေ့ဆုံခြင်း မရှိကြောင်း ငြင်းဆိုထား ခဲ့သည်။ မြန်မာ သံတော်ဆင့်မှ မြန်မာ ငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင် ဦးအောင်နိုင်ဦးအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ““တွေ့ဆုံမှုတွေ ကျွန်တော်မသိဘူး။ ဘာမှ ဆက်သွယ်မှုတွေလည်း မရှိဘူး။ ဒီမှာတော့ ဧည့်သည်တွေက မျိုးစုံ လာနေတာလေ။ တရားဝင် ဆက်သွယ်မှုတွေလည်း မရှိပါဘူး။ တခြား သူတွေ မေးကြည့်ပါ””ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်းတို့သည် ဖခင်ဖြစ်သူ ဦးအေးဇော်ဝင်း နှင့်အတူ ၂၀၀၂ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)ဖြင့် ထောင်ဒဏ်တစ်သက် သေဒဏ်ချမှတ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဖခင် ဦးအေးဇော်ဝင်းနှင့် ဦးဇွဲနေ၀င်းတို့ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိခဲ့သည်။ ထပ်မံ၍ ၂၀၁၃ခုနှစ် နိုဝင်ဘာ ၁၅ရက်နေ့ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်းတို့ လွတ်မြောက်လာခဲ့သည်။

ကျော်စိုးဦး(မြန်မာသံတော်ဆင့်)
အေးနေဝင်း အင်တာဗျူး နားထောင်ရတာ တော်တော် အကုသိုလ်များတယ်။ ငနေဝင်း မြေးတွေက လူမိုက်တွေပဲ၊ မြေးလူမိုက်က အဘိုးလူမိုက်ကို လက်ခုပ်တီးပေးတာ အထူးအဆန်းမဟုတ်ပါဘူး။ ဒီလို ငပေါကို အင်တာဗျူးပြီး လူရာသွင်းတဲ့ မီဒီယာတွေကိုပဲ ဆဲချင်တယ်။

ဒီကောင်ကပြောတယ်။ ၈၈မှာ သူ့အဘိုးက စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည်ပစ်တယ်၊ မှန်အောင် ပစ်တယ်ဆိုတာ၊ အင်္ဂလိပ်အင်ပါယာရဲ့ အဓိကရုန်းနှိမ်နင်းရေးလက်စွဲ အတိုင်းပြောတာတဲ့။

မျိုးနှစ်ကြီး ငနေဝင်းကို ဖာချင်တော့ British Emperor ရဲ့ ကိုလိုနီကျွန်ခေတ် Riot Manual ကို ဆွဲကပ်ပြလိုက်တာ ကလေးကွက်လေးပါ။ ၁၉၈၈ကာလဆိုတာ ကိုလိုနီလက်အောက်က လွတ်လပ်ရေးရပြီး အနှစ် ၄၀ ရှိပြီ၊ ကိုယ့်မင်းကိုယ်ချင်း အုပ်ချုပ်တဲ့ အာဏာရှင်ခေတ်ဆိုတာ ဒီကောင်လေး မေ့သွားပုံရတယ်။

ထားတော့၊ သူ့စကားအတိုင်း အင်္ဂလိပ်အင်ပါယာရဲ့ ကိုလိုနီ အဓိကရုန်းနှိမ်နင်းရေးလက်စွဲအတိုင်း ကျင့်သုံးတာမှန်ရင် လူသုံးထောင်ကျော် သတ်စရာ အကြောင်းမရှိဘူး။ ၁၃၀၀ ပြည့်အရေးတော်ပုံလို ချောက်ကနေ ရန်ကုန်အထိ ချီတတ်တဲ့၊ ပြည်လုံးကျွတ် တောင်သူလယ်သမား အလုပ်သမား ဝန်ထမ်းပေါင်းစုံသပိတ်ကြီးတွေ၊ ဆန္ဒပြပွဲကြီးတွေမှာ လူထောင်ချီပြီး မသေဘူး။ ရက်စက်ပါတယ်ဆိုတဲ့ တိုင်းခြား အင်္ဂလိပ်နယ်ချဲ့ကြောင့် ကျဆုံးတာ ဗိုလ်အောင်ကျော်နဲ့ မန်းတလေးအာဇာနည် ၁၇ ဦး၊ စုစုပေါင်း ၁၈ ယောက်ပဲရှိတယ်။

ပြီးတော့ အင်္ဂလိပ်က
စစ်တပ်ကို မသုံးဘူး။ ပုလိပ်အဖွဲ့ပဲ သုံးတယ်။ သူ့အဘိုးငနေဝင်းက စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပေးပြီး ဆင်းသွားတာ။ သူကိုယ်တိုင်လဲ တာဝန်မယူဘူး။
......
နောက်တခု ပြောသေးတယ်။
ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖြိုချင်လို့ မဟုတ်ပါဘူး။ အထဲက ကျောင်းသားတွေကို သတ်ချင်လို့ပါတဲ့။

( သူ့စကားအတိုင်းပဲ ပြန်ပြောရရင် )
ကြွက်သေစေချင်လို့ စပါးကျီ မီးတိုက်တာပေါ့။
ငမိုက်သား ငနေဝင်းရဲ့ မြေး
ဘမျိုးဘိုးတူ ကလေကချေ ပီသပါပေတယ်

နောက်နောင် ဒီလို ရေပေါ်ဆီ လူလိမ်ကို မဗျူးကြစမ်းပါနဲ့ဗျာ၊ အကုသိုလ်ပွါးလွန်းလို့ပါ

ဒီလိုကောင်ကို ခိုးတွေ့တဲ့ စစ်ဗိုလ်ချုပ်တွေလဲ ရှိသေးတယ်ကိုး

D Myo Chit

လွိုင်ကော်သတင်းထောက် မခိုင် ဖေဖော်ဝါရီ ၂၁ ရက်က လွိုင်ကော်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်

ပြန်လည်လွတ်မြောက်လာသော သတင်းထောက်မခိုင်အား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် လူတစ်ယောက်အား ဇာတ်လမ်းတစ်ခု ဖန်တီးထောင်ချ၍ ရကြောင်း သိခွင့်ရခဲ့သည်ဟု ထောင်ဒဏ်သုံးလ ကျခံပြီး ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီခန့်က ပြန်လည်လွတ်မြောက်လာသည့် Eleven Media Group ၏ သတင်းထောက်ဖြစ်သူ မခိုင်က ပြောကြားသည်။
“ကျွန်မဖြစ်တဲ့ဖြစ်စဉ်က ကျန်သတင်းသမားတွေ သတင်းလိုက်ရင်းဖြစ်ပွားရတဲ့ ကိစ္စတွေနဲ့စာရင် အသေးအမွှားပါ။ အရင်တည်းက တရားစီရင်ရေး မဏ္ဍိုင်ကြီးက တကယ်ပဲ ခြစားနေတယ်လို့ ကြားရတာ။ အဲဒါကို ကိုယ်ကိုယ်တိုင်ကြုံရမှပဲ တကယ်ဆိုတာ သိလိုက်ရတယ်။ ပြီးတော့ တရားရင်ဆိုင်တဲ့အခါ တရားလိုဘက်က စွဲချက်တွေကို ကြည့်လိုက်ရတော့ ကျွန်မ တစ်ခုပဲတွေ့ရ လိုက်ရတယ်။ အဲဒါက ဘာလဲဆိုတော့ ဇာတ်လမ်းတစ်ခု ဖန်တီးပြီး လူတစ်ယောက်ကို ထောင်ချလို့ ရပါလားလို့ သိလိုက်ရပါတယ်။ ထပ်ပြီး စဉ်းစားမိတာက တရားလိုဘက်က စွဲချက်တွေကို သာမန်လူတစ်ယောက် ကြည့်လိုက်ရင်တောင် မတရားသဖြင့် အကွက်ဆင်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာကို တွေ့ရပါတယ်။ ဒါကို တရားသူကြီး တစ်ယောက်အနေနဲ့ ဘာလို့ကြောင့် မသိရတာလဲ။ ကျွန်မလိုမျိုး တခြားဘယ်သူတွေများ ဘယ်လောက်တောင် ခံရပြီးပြီလဲလို့ တွေးမိတယ်”ဟု မခိုင်က ဖေဖော်ဝါရီ ၂၁ ရက် နံနက်တွင် လွိုင်ကော်အကျဉ်းထောင်ရှေ့၌ ပြောကြားခဲ့သည်။
အဆိုပါ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် Eleven Media Group ၏ ကယားပြည်နယ် သတင်းထောက် မခိုင် (ခ) နော်ခိုင်ခိုင်အေးချိုသည် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တရားမဝင် ဗီဒီယိုခွေငှားရမ်းသည့် ကိစ္စနှင့်ပတ်သက်၍ သတင်းရယူရန် ရှေ့နေ ဒေါ်အေးအေးဖြိုးအိမ်သို့ သွားရောက်ခဲ့ပြီး သတင်းမေးမြန်းခဲ့ရာ မေးမြန်းမှုအပေါ် မကျေနပ်၍ ဒေါ်အေးအေးဖြိုးက အိမ်ကျော်နင်းမှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှုတို့ ဖြင့် လွိုင်ကော်မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒုတိယ မြို့နယ် တရားသူကြီး ဦးမြမင်းဟန်က သတင်းထောက် မခိုင်အား ထောင်ဒဏ်ချ မှတ်ခဲ့ခြင်းဖြစ်သည်။
သတင်းထောက်မခိုင်အား ထောင်ဒဏ်ချထားမှုနှင့် ပတ်သက်၍ သတင်းထောက်တို့၏ ကျင့်ဝတ်နှင့်အညီ ပြုမူဆောင်ရွက်ခဲ့ ခြင်းများ ပေါ်လွင်ထင်ရှား နေပါသော်လည်း မူလမြို့နယ်တရားရုံးတော်က သက်သေထွက်ဆိုချက်များနှင့် ပတ်သက်၍ ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ ပြစ်ဒဏ်များချမှတ်ခဲ့ခြင်း သည် ဥပဒေအရလည်းကောင်း၊ အကြောင်း ခြင်းရာအရ လည်းကောင်း မှားယွင်းလျက် ရှိနေသည့်အတွက် အမှုဖြစ်စဉ် အကျဉ်းနှင့် အတူ အယူခံအကြောင်းပြချက် ခြောက်ချက်ဖြင့် ဇန်နဝါရီ ၂ ရက်က လွိုင်ကော်ခရိုင် တရားသူကြီးရုံးသို့ ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ် (၃/၂ဝ၁၄) ဖြင့် အယူခံတင်သွင်းခဲ့ သော်လည်း ပယ်ချခံခဲ့ရသည်။
ထိုသို့ မခိုင်အား ထောင်ဒဏ်ချမှတ်ခဲ့ ခြင်းသည် လွတ်လပ်စွာ သတင်းရယူခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်ခံရသည့်အပြင် တရား မျှတခြင်းမရှိသည့် စီရင်မှုမျိုးဖြစ်သဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည့်အပေါ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဇန်နဝါရီ ၇ ရက်တွင် သတင်းသမား ၁ဝဝ ကျော်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြသည်။
 Eleven Media Group

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်များနှင့် ဌာနဆိုင်ရာအချို့ ကျူးလွန်နေသည့် သစ်ခိုးထုတ်မှုများကို ပြည်ထောင်စုလွှတ်တော်၌ အချိန်မီဆွေးနွေးရန် မိုးကောင်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ် တင်ပြမည်



ကောင်လွင်နှင့် နန့်ဟင်ကြားတွင် ဖမ်းဆီးခဲ့သော သစ်ကားများကို ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုများ နေရာအနှံ့ ဆက်တိုက်ဖြစ်ပေါ်နေပြီး လက်နက်ကိုင်တစ်ခုတည်း ကြောင့်မဟုတ်ဘဲ သက်ဆိုင်ရာဌာနနှင့် အစိုးရ၏ ပေါင်းစပ် လုပ်ဆောင်မှုကြောင့်ဟု မိုးကောင်းမြို့နယ် အမျိုးသား လွတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က ဝေဖန်ပြောကြားလိုက်ပြီး သစ်ခိုးထုတ်မှုများကို ပြည်ထောင်စုလွှတ်တော်၌ အချိန်မီဆွေးနွေးရန် တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။

မိုးကောင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံပြည့်က ဖေဖော်ဝါ ရီ ၁၄ ရက်က ဗန်းမော်ခရိုင် မံသာ-စည် ခမ်းကြီး-ကောင်လွင်-နန့်ဟင်-စီအူလမ်း တစ်လျှောက် စစ်ဘေးကြောင့် ဒုက္ခရောက် သူများအား အကူအညီသွားပေးရာတွင် ကောင်လွင်နှင့် စီအူကျေးရွာကြားတွင် တပ်မတော် ထောက်ပံ့ယာဉ်တန်းမှ သစ်တင်ကား ကိုးစီး၊ လူ ၃၃ ဦး ဖမ်းဆီးခြင်းကို ကိုယ်တိုင် မြင်တွေ့ရပြီးနောက် The Daily Eleven သို့ ဆက်သွယ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေကို အလှူသွားပေးရင်းနဲ့ ကိုယ်တွေ့ကြုံခဲ့ရတာ။ ဖေဖော်ဝါရီ ၁၄ ရက်က ကောင်လွင်နဲ့ နန့်ဟင်ကြားမှာမိတာ။ ကားတွေက သရီးဂရောင်းကားတွေ။ တရုတ်နိုင်ငံထုတ် ကားတွေပါ။ ကိုးစီးမှာ ရှစ်စီးက သစ်တွေအပြည့်ပါတယ်။ တရုတ်နိုင်ငံသား မပါဘူး။ ယောက်ျားမိန်းမ  ၃၃ ဦးပါတယ်။ ဧရာဝတီမြစ်ဘက်ကနေ တရုတ်နိုင်ငံဘက် သွားတဲ့လမ်းဘက်မှာ ပက်ပင်းတိုးမိတာပါ။ အစီးရေဆယ်ဂဏန်း ရှိနိုင်ပေမယ့် ထွက်ပြေးသွားကြတယ်။ လုံခြုံရေးကြောင့် ဆက်မလိုက်နိုင်ဘူး။ ဒုတပ်ရင်းမှူးဦးစီးတဲ့ ခလရ ၄၇ စစ်ကြောင်း ၂ ထောက်ပို့တပ်က ဖမ်းတာပါ။ လမ်းတွေကနေရာ အနှံ့ရှိပြီး သစ်ခိုးတဲ့အဖွဲ့တွေက တပ်မရှိတဲ့နေရာကို ဖြတ်တာ ပဲ။ ကေအိုင်အေက အကာအကွယ်ပေးထားတာ။  သစ်ကောင်းက ဧရာဝတီအရှေ့ကမ်းမှာ မရှိသလောက် ကုန်သွားပါပြီ။ အခု တရုတ်ကို ခိုးထုတ်နေတဲ့ သစ်တွေက ဧရာဝတီအ နောက်ကမ်းကလာတာ။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းကတွေလာပြီး အဲဒီနေရာမှာ လာစုတာပေါ့။ ဧရာဝတီမြစ်ကိုလည်း ဖြစ်တဲ့ နည်းနဲ့ ကူးကြတာပေါ့။ လမ်းတွေလည်း အများကြီးဖြစ်နေတာ။ ဖြတ်သွားတာလည်း တစ်စီးနှစ်စီးမဟုတ်ဘူး။ ရာချီနေတာပဲ။ တရားဝင်လိုကို ဖြစ်နေတာ။ ဒါတွေ ပပျောက်အောင်လုပ်ဖို့ဆိုရင် ကချင်ပြည်နယ်အစိုးရ၊ မန္တလေးတိုင်းအစိုးရ၊ စစ်ကိုင်းတိုင်းအစိုးရ နဲ့ သက်ဆိုင်ရာ သစ်တောဝန်ကြီးဌာနတွေ ည§ိနှိုင်းတိုင်ပင်သင့်ပြီ။ ထုတ်တဲ့လမ်းကြောင်း မှာမဖမ်းဘဲ စခုတ်တဲ့နေရာကို ဆင့်ကဲဆင့် ကဲ တားမြစ်ဖို့ လိုတာပေါ့။ တပ်မတော်တစ်ခုတည်း လုပ်လို့မရဘူး။ သက်ဆိုင်ရာဝန်ကြီး ဌာန၊ အစိုးရတွေ ကြပ်မတ်ပြီးလုပ်ရင် ဒီလောက်ရှည်တဲ့ လမ်းကြောင်းကြီးကို လွတ်ထွက်နိုင်စရာ အကြောင်းမရှိဘူး”ဟု ပြောကြားသည်။

ဗန်းမော်ခရိုင် သစ်တောညွှန်မှူး ဦးဝင်းမြင့်က “ကချင်ဒေသမှာတော့ သစ်မထွက်တော့ဘူး။ အခြားဒေသတွေကို ပိတ်နိုင်ရင်တော့ သူ့အလိုလို ရပ်သွားမှာပဲ။ တရုတ်တွေ ပါလာတယ်။ အခြေအနေကြည့်ပြီး တပ်မတော်နဲ့ ပူးပေါင်းလုပ်နေရတာပါ။ ၁၄ ရက် က ဖြစ်တာလည်း ဘာအချက်အလက်မှ မရောက်သေးဘူး။ ကျွန်တော်လည်း လွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်ပြောလို့ သိရတာ။ မိုးမောက်မြို့နယ်ထဲက ဂျာအင်ယန်မှာ ခန့်မှန်းတန် ၁၅ဝဝ ကျော်လောက်ရှိတယ်လို့ တပ်ကအကြောင်း ကြားထားတယ်။ ပုံရှည်ကျေးရွာအနီးမှာ တပ်ကသိမ်းထားတာ ရှိတယ်လို့ သိရတယ်။ တမလန်းသစ်တွေလို့ သိရတယ်။ သစ်ခိုးထုတ်တဲ့ နေရာတွေက ကျွန်တော်တို့သွားလို့ မရတဲ့နေရာ၊ တရားဥပဒေ စိုးမိုးလို့မရတဲ့နေရာတွေ ဖြစ်နေတယ်။ ဧရာဝတီအနောက်ကမ်း ဆင်ဘို၊ ရွှေကူဆိုပါတော့ ကျွန်တော်သွားလို့မရတဲ့ နေရာတွေရှိနေတယ်”ဟု ဖေဖော်ဝါရီ ၂ဝ ရက်ကThe Dily Elevenသို့ ပြောကြားသည်။
Eleven Media Group

တီဘီရောဂါကူးစက်နှုန်း ၅၀ ရာခိုင်နှုန်း မြင့်တက်လာ


မြန်မာနိုင်ငံတွင် တီဘီ ကူးရောဂါကူးစက်နှုန်းသည် တစ်နှစ်လျှင် လူတစ်သိန်းတွင် ၂၀၀ မှ ၃၀၀
အထိ (၅၀ ရာခိုင်နှုန်းကျော်) တိုးပြီး ရောဂါ ကူးစက်နှုန်းမြင့်တက်လာကြောင်း ဖေဖော်ဝါရီလ
၁၆ ရက်နေ့က ကျင်းပခဲ့သည့် တီဘီရောဂါ အကြောင်းဟောပြောပွဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အဆုတ်နှင့်ရင်ခေါင်းဌာနမှ အထူးကုသမားတော်ကြီး ပါမောက္ခ ဦးဝင်းနိုင်က ကျန်းမာရေးဝန်ကြီးဌာန
မှလေ့လာတွေ့ရှိချက်များကို ကိုးကား ပြောကြားခဲ့သည်။

တီဘီရောဂါ ယခုကဲ့သို့ ကူစက်နှုန်း မြင့်ရခြင်းမှာ တိုင်းပြည်ဆင်းရဲခြင်း နှင့် လူအများ ရောဂါနှင့်
ပတ်သက်သည့် ဗဟုသုတနည်းခြင်း ၊ တီဘီရောဂါ ဆေးကုသမှု နောက်ကျခြင်း၊လေထဲမှ တဆင့်
ကူးစက်နှုန်း ပြန့်ပွားနှုန်းများနေခြင်း၊ ရောဂါ ထိန်းချုပ်မှု အားနည်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများ
အားနည်းနေခြင်းနှင့် ဆေးမတိုးတော့သည့် တီဘီရောဂါပိုးများတွေ့ရှိလာရခြင်းကြောင့် ဖြစ်ကြောင်း
၎င်း၏ ဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

"တီဘီဆေးတွေ အလကားရနေပေမယ့်လည်း လူတွေက ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို
ကြောက်ပြီး ဆေးကိုပုံမှန် မသောက်ကြလို့ရောဂါ မပျောက်ကြဘူး၊နောက်ပြီးတော့ ဆေးကွက်ထဲမှာ
အလွတ်ရောင်းနေတယ် ပိုးသတ်ဆေးအချို့ကို တွေကို အလွယ်တကူဝယ်သောက်ကြတော့
တီဘီရောဂါ ကုတဲ့အခါမှ ဆေးမတိုးတော့တာတွေ ဖြစ်စေတဲ့ အပြင်၊ တီဘီရောဂါ အဆင့် ၎
ရောက်ရင် ကုသဖို့ ဆေးက အရမ်းဈေးကြီးတဲ့ အတွက်ဆေးရှားပါတယ် "ဟု ပါမောက္ခ ဦးဝင်းနိုင်မှ
ပြောသည်။

မြန်မာနိုင်ငံက ကမ္ဘာမှာ တီဘီရောဂါ ဖြစ်ပွားမှု အဆိုးဝါးဆုံးနိုင်ငံ၂၇ နိုင်ငံထဲတွင် ပါဝင်နေပြီး၊
တစ်နှစ်ကို လူနာအသစ် ၁၀၀ တွင် ၄ ဦးသည် ဆေးယဉ်ပါးတီဘီပိုး တွေ့ရှိနေရပြီး၊ ရောဂါဖြစ်ဘူးသူ
လူနာအဟောင်း ၁၀ ဦးတွင် တစ်ဦးသည် ဆေးယဉ်ပါးတီဘီပိုး တွေ့ရှိနေရကြောင်း ၎င်းက
ပြောသည်။

ရွှေရည်စောမြင့်

မြန်မာတိုင်း(မ်)

သမီကလေး ကျေးရွာသားတွေကို အစိုးရ နေရာချထားပေးမည်



တပ်ပိုင်မြေဆိုပြီး အင်အားသုံးဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာက အိမ်ထောင်စု ၁၅၀ ကျော်ကို နေပြည်တော် အမြန်လမ်းမနားမှာ နေရာချထားပေးမယ်လို့ သက်ဆိုင်ရာက စီစဉ်တဲ့အကြောင်း ဒုက္ခသည်တွေ ယာယီခိုလှုံနေတဲ့ အလံနီကျေးရွာ အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်က ဒီနေ့ မိန့်ကြားပါတယ်။

ဘုန်းတော်ကြီးကျောင်းဝင်းမှာ ခိုလှုံနေသူတွေအတွက် မြေ ၉ ဧကမှာ နေရာချထားပေးမှာလို့ ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။

"ဒီနေ့နေ့လည် ၂ နာရီခွဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း ကိုယ်တိုင်လာပြီးတော့ ကြေညာသွားပါတယ်၊ ဒီသမီးလေးကျေးရွာ ဖျက်ခံထားတဲ့ အိမ်ထောင်စုပေါ့နော်၊ အိမ်ထောင်စု အကုန်လုံးတော့ မဟုတ်ဘူး၊ ဦးဇင်းကျောင်းမှာရှိနေတဲ့ အိမ်ထောင်စု ၁၅၇ အတွက်ကိုတဲ့ လှည်းကူးမြို့နယ် ဖောင်ကြီး မင်းကုန်ပေါ့၊ အဲဒီ မင်းကုန်းနားက ရွာဘေးနားမှာ မြေဧက ၉ ဧကပေါ်မှာ အားလုံးပဲ ရွာသားတွေကို မြေနေရာပြန်ချပေးပါမယ်ဆိုတဲ့ တရားဝင် ကြေညာသွားပါတယ်၊ ပေ ၄ဝ ပေ ၆ဝ လမ်းတွေရောပါမယ်၊ ဆေးရုံဆေးခန်းနဲ့လည်း နီးတယ်တဲ့၊ အထက်တန်းကျောင်းတွေနဲ့ နီးတယ်လို့ပြောတယ်၊ နေပြည်တော် အမြန်လမ်းမကြီးဘေးနားမှာ"

အဲဒီ အိမ်ထောင်စု ၁၅၇ စု ကိုပဲ အပိုအလိုမရှိ အတိအကျ နေရာချထားပေးမယ်လို့လည်း ဆိုပါတယ်။
လှည်းကူးမြို့နယ်မှာ သမီးလေးကျေးရွာသာမက တခြားရွာတွေလည်း ရွှေ့ပြောင်းခံရပြီး ဒီရွာတွေထဲမှာ သမီးလေးရွာဟာ လူဦးရေ အများဆုံးနဲ့ ဖျက်ဆီးခံရတဲ့ အတိုင်းအတာက အကြီးမားဆုံးပဲလို့ လှည်းကူးမြို့နယ်က ဦးသက်ခိုင်က ပြောပါတယ်။

"ဖျက်ထားတဲ့ရွာက လက်ရှိ ၅ ရွာရှိတယ်ခင်ဗျ၊ အဲဒီလူတွေက နီးစပ်တဲ့ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ တက်နေကြတာပေါ့နော်၊ သမီးလေးရွာက နည်းနည်းကြီးတယ်ဗျ၊ နောက် ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်တဲ့ အတိုင်းအတာပေါ့နော်၊ ဖျက်ဆီးတဲ့အခါမှာလည်း လူအင်အားသုံးတာလည်း များတယ်ခင်ဗျ၊ ရွာဖျက်ခံရတဲ့ အိမ်ထောင်စုရော လူဦးရေရော အများဆုံးရွာဖြစ်တယ်"

ဖေဖော်ဝါရီ ၄ ရက်နေ့က သမီးလေးရွာအဖျက်ခံရချိန်မှာ ရွာသူရွာသားတွေဟာ ရရာအထုပ်ဆွဲပြီးပြေးကြရပါတယ်။ စားရေးသောက်ရေးနဲ့ အလုပ်အကိုင်ရရှိရေးထက် နေစရာကပိုအရေးကြီးတာမို့ ခုလို နေရာချထားပေးမယ်ဆိုတဲ့အတွက် နေစရာအတွက် စိတ်အေးသွားရပြီး ဘ၀ရပ်တည်ရေးအတွက် နောက်ပိုင်းမှ ဆက်လက်ဆောင်ရွက်ရလိမ့်မယ်လို့လည်း ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။

RFA Burmese

မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်တွင် ပထမဆုံးသောထားဝယ်တိုင်းရင်းသားများပါတီ ဖွင့်


ထားဝယ် -၂၁-၂-၂၀၁၄
မြန်မာ့နိုင်ငံရေးသမိုင်းစဉ်တစ်လျှောက်တွင် ထားဝယ်တိုင်းရင်းသားများ ပထမဆုံးထူထောင်သည့်ထားဝယ်တိုင်းရင်းသားများပါတီရုံးဖွင့်ပွဲနှင့်ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပါတီ(ဗဟို)ရုံး
တည်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်၊အိုးလုပ်ရပ်၊နိဗာန်လမ်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင်ထားဝယ်တိုင်းရင်းသားများပါတီအလုပ်အမှုဆောင်ကော်မတီ
ဥက္ကဋ္ဌဦးအေးမင်းကထားဝယ်တိုင်းရင်းသားများပါတီသည်ဒီမိုကရေစီအရေးနှင့်ပြည်
ထောင်စုအရေးဆောင်ရွက်ရာတွင်ဒေသအတွင်းနေထိုင်သည့်ကိုယ့်တိုင်းရင်းသားအ
ရေးကိုလည်း တစ်ပြိုင်တည်းလုပ်ဆောင်ရန် လိုအပ်လာကြောင်း၊ကိုယ့်လူမျိုး၊
ကိုယ့်ဒေသ အရေးကိစ္စများကို ပူးတွဲလုပ်ဆောင်ရန်အတွက် နိုင်ငံရေးစည်းဝိုင်းထဲ ၀င်ရန်လိုအပ်လာကြောင်း၊ဒေသအရေး ၊တိုင်းရင်းသားလူမျိုးများအရေးလုပ်ဆောင်ရန် တိုင်းရင်းသားအခြေပြုပါတီတစ်ရပ်ကိုထူထောင်လိုက်သော်လည်းဒီမိုကရေစီအရေး၊
ပြည်ထောင်စုစနစ်အခြေတည်ခိုင်မာရေးကိုလည်း မျက်ခြည်ပြတ်ခံမှာ 

မဟုတ်ကြောင်းကို ၄င်း၏အဖွင့်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ထားဝယ်တိုင်းရင်းသားများ
ပါတီကို ဒီဇင်ဘာလအတွင်းကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရှိ တိုင်းရင်းသားပါတီ ၂၀ နှင့်လည်း
ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ရဲရဲ

Friday, February 21, 2014

ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို) ရုံးဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများ

21-2-2014 သောကြာနေ့ နံနက် ၈နာရီ မိနစ်၂၀တွင် ပါတီဥက္ကဋ္ဌဦးအေးမင်း(၀ဲ) နှင့် ဒုက္ကဋ္ဌဦးမောင်မောင်အေး(ယာ) တို့မှ ဖွင့်လှစ်ပေးသည်။ဓာတ်ပုံ -TYO



ဓာတ်ပုံ -TYO


ဓာတ်ပုံ -TYO
ိ

ပါတီနာယကအဖွဲ့ဝင် အခမ်းအနားသဘာပတိ ဦးတင်လတ် မိန့်ခွန်းပြောကြားစဉ် ။ဓာတ်ပုံ -TYO


ပါတီဥက္ကဋ္ဌ ဦးအေးမင်း နှုတ်ခွန်းဆက်စကားပြောကြားစဉ်။ဓာတ်ပုံ -TYO


ပါတီ၏အကြံပေးအဖွဲ့ဝင် ဆရာဇော်သူရ ဆွေးနွေးပြောကြားစဉ်။ဓာတ်ပုံ -TYO


Photo
ဓာတ်ပုံ -ကျော်ကျော် (စခန်းကြီး)

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဖွဲ့ရန် သမ္မတ အဆိုပြု


မြန်မာနိုင်ငံတွင်းက  အကျင့်ပျက်ချစားမှုတွေကို စုံစမ်းစစ်ဆေး အရေးယူမယ့်   လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တရပ်ကို အငြိမ်းစားဗိုလ်ချုပ် မြ၀င်း ခေါင်းဆောင်ဖွဲ့စည်းဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့လိုက်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အသက်ဝင်နေပြီဖြစ်တဲ့အတွက် ဒီဥပဒေအရ ခုလို ကော်မရှင်ဖွဲ့စည်းဖို့ သမ္မတက ဖေဖော်ဝါရီ ၂၀ နေ့စွဲနဲ့  လွှတ်တော်အကြီးအကဲထံ  ကော်မရှင်အဖွဲ့ဝင်တွေရဲ့  အမည်စာရင်း ပေးပို့လိုက်တာပါ။

ဒီကော်မရှင်မှာ သမ္မတက ရွေးချယ်ပေးသူ ၅ ဦး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေက ရွေးချယ်ပေးသူ ၅ ဦးစီနဲ့ စုစုပေါင်း ၁၅ ဦး ပါဝင်ပြီး  ကော်မရှင် ဥက္ကဋ္ဌအဖြစ် အငြိမ်းစား စစ်ဗိုလ်ချုပ်မြ၀င်းနဲ့ အတွင်းရေးမှူးအဖြစ် အငြိမ်စားသံအမတ်ကြီး ဦးတင်ဦးတို့ကို တာဝန်ပေးဖို့ လျာထားပါတယ်။

လက်ရှိဖွဲ့စည်းပေးလိုက်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေထဲမှာ အငြိမ်းစားစစ်မှုထမ်းတွေ သံအမတ်ကြီးဟောင်းတွေ၊ စာရင်းစစ်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံးနဲ့ အစိုးရ၀န်ကြီးဌာနတွေက ညွှန်ကြားရေးမှူးဟောင်းတွေ အဓိက ပါဝင်တာပါ။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာတော့ ကော်မရှင်အဖွဲဝင်တွေဟာ တည်ကြည်ဖြောင့်မတ် သမာသမတ်ရှိသူတွေလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာ တာဝန်ထမ်းနေသူတွေမဖြစ်ရ၊ အစိုးရဌာနနဲ့၊ ဏုမ္ပဏီဝန်ထမ်းတွေမဖြစ်ရ၊ လူမွဲအဖြစ် ကြေညာခံထားရသူ၊ လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူခံထားရသူတွေ မဖြစ်ရဆိုပြီး ပါရှိပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ ကော်မရှင်ဖွဲ့စည်းနိုင်ရင် ကောင်းတဲ့ အလားအလာဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် ကော်မရှင်အဖွဲ့ဝင်တွေကိုယ်တိုင် လာဘ်မစားဖို့ လိုတယ်လို့ ပြောပါတယ်။

“လာဘ်ပေးလာဘ်ယူတိုက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့တဲ့အဖွဲ့ဆိုတော့ ရည်ရွယ်ချက်က အတော့်ကို ကောင်းမွန်နေပါတယ်။ ဒီပုဂ္ဂိုလ်တွေကလည်း သမာဓိရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဆိုပြီးတော့ ဖွဲ့ပေးလိုက်တာပဲကို။ အဲတော့ မရှိတာထက် ဖွဲ့ပေးတာက ပိုပြီးတော့ လာဘ်ပေးလာဘ်ယူကိစ္စ ပိုပြီးနည်းပါးသွားအောင်၊ လုံးဝ ပျောက်မသွားတောင်မှ လျော့သွားမယ့်အနေအထားမျိုး ဖြစ်နိုင်ပါတယ်။ လုံးလုံးပပျောက်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးထင်တယ်။ အရင် ဖဆပလအစိုးရလက်ထက်မှာလည်း ဦးနုက ဒီလိုမျိုး လာဘ်ပေးလာဘ်ယူပပျောက်ဖို့ ဖွဲ့စည်းခဲ့တာပဲ။ နောက်တော့ အဲဒီထဲပါတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က သူတို့အတွက် အကွက်ကောင်းဖြစ်သွားပြီးတော့ (အကုန်လုံးတော့မဟုတ်ဘူး၊ စားတဲ့သူတွေကိုပြောတာ) အဲဒီက ၀န်ထမ်းတွေကိုယ်တိုင် လာဘ်စားတဲ့အမှုတွေ ပေါ်ပေါက်ဖူးတာပဲ။ ”

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၃ သြဂုတ်လကတည်းက  ပြဋ္ဌာန်းထားခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဥပဒေ အာဏာ တည်ပြီဖြစ်ပေမယ့် အဂတိလိုက်စားမှုတွေကိုတော့ ထိထိရောက်ရောက် အရေးယူတာ မတွေ့ရသေးပါဘူး။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ခုလို ကော်မရှင်ဖွဲ့စည်းဆောင်ရွက်နေတာထက် ဒီဥပဒေကို လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ဖို့ ပိုအရေးကြီးတယ်လို့ ပြောပါတယ်။

“ဥပဒေတခုကို ပြဋ္ဌာန်းပြီးပြီဆိုရင် တိုက်ရိုက် အရေးယူဆောင်ရွက်ဖို့လိုတယ်။ ကြားကာလမှာ ဒီအဖြစ်အပျက်တွေက ဒုနဲ့ဒေးဖြစ်နေတယ်။ တိုက်ရိုက်အရေးယူနိုင်တဲ့ အနေအထားမျိုးကို ဖန်တီးပေးရင် လူထုအတွက် ပိုပြီးတော့ သက်သာမှုရမယ်။ ကော်မရှင်နဲ့တင် ကြာမြင့်ပြီးတော့ ကြားကာလမှာ ဒီအဂတိလိုက်စားမှုတွေက ဖြစ်မြဲဖြစ်နေဦးမှာပါ။ ဘာလို့လဲဆိုတော့ ဥပဒေအထက်မှာ  အာဏာပိုင်တွေနဲ့ ခရိုနီတွေ ရှိနေတဲ့အတွက် ကော်မရှင်ဖွဲ့တယ်ဆိုတာထက် ကျနော်ကတော့ လက်တွေ့ပြောင်းလဲမှုကိုပဲ လိုလားတယ်။ ”

လက်ရှိပြဋ္ဌာန်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ  နိုင်ငံရေး ရာထူးရယူထားသူတွေ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ၁၅ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်၊ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူတွေ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်နဲ့ ငွေဒဏ်ကိုလည်း ချမှတ်နိုင်ပြီး  နိုင်ငံရေး ရာထူးနဲ့ လုပ်ပိုင်ခွင့် အာဏာမရှိတဲ့  တခြားသူတွေ ကျူးလွန်ရင်တော့ ၇ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်ခံရမှာဖြစ်ပါတယ်။

ဝါရင့်သတင်းစာဆရာကြီး ဖိုးသောကြာ ခေတ်မိုးကတော့ တိုင်းပြည်မှာ အကျင့်ပျက်လာဘ်စားမှုတွေ ပပျောက်အောင်လုပ်ဖို့ သတင်းသမားတွေမှာ တာဝန်ရှိတဲ့ အကြောင်းနဲ့ လက်ရှိမြန်မာ သတင်းသမားတွေအနေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ရေးသားမှုတွေ အားနည်းနေသေးတယ်လို့ သုံးသပ်ပါတယ်။

“အများပြည်သူကို ထိပါးမယ့် ကိစ္စမျိုးတွေ မှန်သမျှမှာ သတင်းသမားမှာ တာဝန်ရှိတယ်။ အကျင်ပျက်ချစားမှုနဲ့ ပတ်သက်လာရင် ရဲလာဘ်စားတာတို့၊ တရားရုံးက လာဘ်စားတာတို့၊ လောက်က သိပ်ပြီး အထူးပြုဖို့ မလိုဘူး။ ဒါပေမယ့် နိုင်ငံနဲ့ချီပြီး လာဘ်စားမှုတွေ ဆိုရင်တော့ သတင်းသမားတွေမှာ လုံးဝ တာဝန်ရှိတယ်။ ကိုယ့်မှာ အချက်အလက် အခိုင်အမာရှိတယ်ဆိုရင် ဖော်ထုတ်သင့်တာပေါ့။ နိုင်ငံနဲ့ချီပြီး လာဘ်စားမှုတွေကို သတင်းသမားတွေက မဖော်ထုတ်နိုင်ဘူး ဖြစ်နေတယ်။ မဖော်ထုတ်နိုင်ဘူး ဆိုတဲ့နေရာမှာ အကြောင်းတော့ အများကြီးရှိမှာပေါ့။ တကယ်တမ်း ဖော်ထုတ်သင့်တာပေါ့။

ကမ္ဘာတလွှား အကျင့်ပျက်ချစားမှုတွေကို စောင့်ကြည့်အစီရင်ခံနေတဲ့ Transparency International အဖွဲ့ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံတွေ စာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

By ပီတာအောင် (ဒီဗွီဘီ)

ကုမ္ပဏီနဲ့ အာဏာပိုင်များပေါင်းပြီး ဒေသခံများကို အဓမ္မလုပ်အားပေးစေခိုင်း

တနသာင်္ရီတိုင်းဒေသကြီး၊ မေတ္တာမြို့နယ်ခွဲ၊ မြောင်းပြိုဒေသတွင် MPC (မြန်မာပွန်ပီပက်) ကုမ္ပဏီနှင့် အာဏာပိုင်များ ပူးပေါင်းကာ လမ်းတံတားများ ပြင်ဆင်ရန်အတွက် ဒေသခံရွာသူ/သားများကို အဓမ္မလုပ်အားပေးခိုင်းစေနေကြောင်း သိရသည်။
ဟိန္ဒားသတ္တုတွင်းမှာ ထားဝယ်မြို့ အရှေ့ဘက် မိုင် ၆၀ ခန့် ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအနီး တည်ရှိသည် (ဓာတ်ပုံ – ဧရာဝတီ)
ဟိန္ဒားသတ္တုတွင်းမှာ ထားဝယ်မြို့ အရှေ့ဘက် မိုင် ၆၀ ခန့် ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအနီး တည်ရှိသည် (ဓာတ်ပုံ – ဧရာဝတီ)
မြောင်ပြိုဒေသတွင် MPC ကုမ္ပဏီမှ သတ္တုရှာဖွေရေးလုပ်ငန်းလုပ်ကိုင်နေပြီး လမ်းတံတားများပျက်စီးသဖြင့် ပြန်လည်ပြင်ဆင်မှုများလုပ်သည့် အခါ ဒေသခံရွာသူ/သားများအား တစ်အိမ်တယောက်နှုန်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ပြီး ခိုင်းစေခဲ့သည်ဟု ဒေသခံရွာသားတဦးက ဆိုသည်။
“တအိမ်တယောက်သွားရတယ်။ မသွားနိုင်တဲ့သူကို ငွေ ၃၀၀၀ ကျပ်စီ ထည့်ရတယ်။ မထည့်တဲ့သူတွေကို စရင်းမှတ်ထားမယ်။ ဟိန္ဒားအုပ်ချုပ်ရေးမှူးရုံးကို ပို့မယ်လို့ အစည်းအဝေးခေါ်တုန်းကပြောတော့ ကြောက်ပြီး ထည့်ရတာပေါ့” ဟု ရွာသားတဦးက ရှင်းပြခဲ့သည်။
မြောင်းပြိုဒေသတွင် MPC ကုမ္ပဏီမှ စွန့်ပစ်မြေဇာများကြောင့် သီးနှံပင်များ ပျက်စီးခြင်း၊ လမ်းများ ပျက်စီးရခြင်း၊ ချောင်းများလည်း ရေလမ်းကြောင်းပြောင်းခြင်း၊ ကမ်းပါးပြိုခြင်းစသည့် ဖြစ်လာပြီး ပြန်လည် ပြန်လည်ပြင်ဆင်သည့်အခါတွင် MPC ကုမ္ပဏီမှ တာဝန်ဆောင်ရွက်ပေးခြင်းမရှိပဲ ရွာသားများအား အဓမ္မလုပ်အားပေးခိုင်းစေကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း မိမိတို့ဒေသခံများဘက်မှ ရပ်တည်ပေးခြင်း မရှိပဲ ကုမ္ပဏီမှသာ ရပ်တည်ပေးကြောင်း သူက ဆက်လက်ရှင်းပြသည်။
“မြေဇာကြောင့် သီးပင်တွေလည်း သေကုန်ပြီ။ စာရေးသောက်ရေးလည်း အခက်တွေ့တယ်၊ အရင်ကဆို ကိုယ်ခြံကထွက်တဲ့ သီးနှံတွေ ရောင်းချပြီး မိသားစုလုံလုံလောက်လောက် စားသောက်လို့ရတယ်။ အခုဆို စားရေးသောက်ရေး တော်တော်ခက်တယ်” ဟု နောက်ဒေသခံ တဦးကလည်း ဆိုသည်။
ဒေသခံရွာသူ/သားများအား လုပ်အားပေးခိုင်းစေရာတွင် ၃-၄ ကြိမ်မျှရှိပြီး အလှည့်ကျနဲ့ခိုင်းစေကာ တခါခေါ်ရင် ၁၀ ယောက်မှ ၁၅ အထိ စေခိုင်းလေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေးခိုင်းစေမှုမရှိတော့ကြောင်း အစိုးရတာဝန်ရှိသူများ ပြောဆိုနေသော်လည်း ကျေးလက်ဒေသများ တွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် ကိစ္စများတွင် အဓမ္မလုပ်အာပေးခိုင်းစေမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။
ထားဝယ်ဒေသရှိ ဟိန္ဒားသတ္တုတွင်း နယ်မြေအတွင်း ခဲမဖြူ သတ္တု တူးဖော်ခြင်းလုပ်ငန်းကို အစိုးရ သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar Pongpipat Company (MPC) တို့က ဧရိယ ဧက ၂၀၀၀ ကျော်ပေါ်တွင် ဖက်စပ်လုပ်ကိုင်လျက်ရှိပြီး အကျိုးအမြတ်၏ ၆၅ ရာခိုင်နှုန်းကို ထိုင်းကုမ္ပဏီက ရရှိကြောင်း၊ ၃၅ ရာခိုင်နှုန်းကို အစိုးရက ရရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများကို ထိုင်းနိုင်ငံမှတဆင့် စင်္ကာပူနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း ဧရာဝတီသတင်းဌာနတွင် ဖေါ်ပြထားသည်။
ထားဝယ်လူထုအသံ http://www.tavoyanvoice.com/

ထားဝယ်တိုင်းရင်းသားများပါတီ၏ ဗဟိုကော်မတီဖွဲ့စည်း


(ပါတီ စာမျက်နှာမှ ကူးယူဖော်ပြသည်)

ထားဝယ်တိုင်းရင်းသားများပါတီ၏ ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် ဗဟိုအလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ၁၈. ၂. ၂၀၁၄ ရက် အင်္ဂါနေ့တွင် ထားဝယ်မြို့ရှိ ပါတီဗဟိုရုံး၌ ပါတီနာယက အဖွဲ့ဝင်များ၊ ပါတီ တည်ထောင်သူများ၊ ပါတီလက်ရှိစည်းရုံးထားသော နယ်မြေများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈၆) ဦး ဖြင့် ကျင်းပခဲ့ ပါသည်။

ပါတီ၏ အခြေခံဖွဲ့စည်းပုံ စည်းမျဉ်းအရ ပါတီဗဟိုကော်မတီဝင်များကို ညီလာခံဖြင့် ရွေးချယ်ရမည်ဖြစ် သော်လည်း လက်ရှိအခြေအနေအရ ပါတီတည်ထောင်သူများ၏ အဆိုပြုမှု၊ တက်ရောက်လာသော နာယကအဖွဲ့ နှင့် ကိုယ်စားလှယ်များ၏ အတည်ပြုမှုဖြင့် ပါတီအစည်းအဝေးတွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ် ၂၂ ဦးကို ပါတီ၏ ဗဟိုကော်မတီဝင်များအဖြစ် ခန့်အပ်လိုက်ပါသည်။

ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ပါတီဗဟိုကော်မတီဝင်များ၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သော်လည်း စတင်ထည်ထောင်ချိန်တွင် ပါတီဗဟိုကော်မတီဝင်များ၏ သက်တမ်းကို ၂ နှစ်သာ သတ်မှတ်ထားသည်။

ပါတီဗဟိုကော်မတီဝင်များစာရင်း

(၁) ဦးအေးမင်း (ထားဝယ်)
(၂) ဦးမောင်မောင်အေး (လောင်းလုံး)
(၃) ဦးရဲလင်းမြင့် (ရန်ကုန်)
(၄) ဦးဇော်ဦး  (ရန်ကုန် )
(၅) ဦးရာဇာစိုး (ထားဝယ်)
(၆) စောကဲဒို  (ထားဝယ်)
(၇) ဦးသိန်းလွင် (ထားဝယ်)
(၈) ဦးလေးလွင် (ရေဖြူ )
(၉) ဦးဝင်းရှိန် (ထားဝယ်)
(၁၀) ဦးထွန်းကြည် (လောင်းလုံး)
(၁၁) ဒေါ်နွယ်နီသိန်း (ထားဝယ်)
(၁၂) ဦးသန်းလှ (ထားဝယ်)
(၁၃) ဦးသန်းဆွေ (သရက်ချောင်း)
(၁၄) ဦးသူရိန်လှိုင် (ရန်ကုန်)
(၁၅) ဒေါ်သက်သက်ဇင် (ထားဝယ်)
(၁၆) ဦးလူအေး (ကော့သောင်)
(၁၇) ဦးအောင်လင်း 
(ကော့သောင်)
(၁၈) ဦးဝင်းဟို (ကော့သောင်)
(၁၉) ဦးလှမြင့် (ကော့သောင်)
(၂၀) ဦးညိုဝင်းမောင် (ကော့သောင်)
(၂၁) ဦးမြင့်လွင် (ကော့သောင်)
(၂၂) ဦးစံကြည် (ကော့သောင်)


Dawei Watch (Facebook) မှ

ကုမ္ပဏီနဲ့ အာဏာပိုင်များပေါင်းပြီး ဒေသခံများကို အဓမ္မလုပ်အားပေးစေခိုင်း

တနသာင်္ရီတိုင်းဒေသကြီး၊ မေတ္တာမြို့နယ်ခွဲ၊ မြောင်းပြိုဒေသတွင် MPC (မြန်မာပွန်ပီပက်) ကုမ္ပဏီနှင့် အာဏာပိုင်များ ပူးပေါင်းကာ လမ်းတံတားများ ပြင်ဆင်ရန်အတွက် ဒေသခံရွာသူ/သားများကို အဓမ္မလုပ်အားပေးခိုင်းစေနေကြောင်း သိရသည်။
ဟိန္ဒားသတ္တုတွင်းမှာ ထားဝယ်မြို့ အရှေ့ဘက် မိုင် ၆၀ ခန့် ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအနီး တည်ရှိသည် (ဓာတ်ပုံ – ဧရာဝတီ)
ဟိန္ဒားသတ္တုတွင်းမှာ ထားဝယ်မြို့ အရှေ့ဘက် မိုင် ၆၀ ခန့် ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအနီး တည်ရှိသည် (ဓာတ်ပုံ – ဧရာဝတီ)
မြောင်ပြိုဒေသတွင် MPC ကုမ္ပဏီမှ သတ္တုရှာဖွေရေးလုပ်ငန်းလုပ်ကိုင်နေပြီး လမ်းတံတားများပျက်စီးသဖြင့် ပြန်လည်ပြင်ဆင်မှုများလုပ်သည့် အခါ ဒေသခံရွာသူ/သားများအား တစ်အိမ်တယောက်နှုန်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ပြီး ခိုင်းစေခဲ့သည်ဟု ဒေသခံရွာသားတဦးက ဆိုသည်။
“တအိမ်တယောက်သွားရတယ်။ မသွားနိုင်တဲ့သူကို ငွေ ၃၀၀၀ ကျပ်စီ ထည့်ရတယ်။ မထည့်တဲ့သူတွေကို စရင်းမှတ်ထားမယ်။ ဟိန္ဒားအုပ်ချုပ်ရေးမှူးရုံးကို ပို့မယ်လို့ အစည်းအဝေးခေါ်တုန်းကပြောတော့ ကြောက်ပြီး ထည့်ရတာပေါ့” ဟု ရွာသားတဦးက ရှင်းပြခဲ့သည်။
မြောင်းပြိုဒေသတွင် MPC ကုမ္ပဏီမှ စွန့်ပစ်မြေဇာများကြောင့် သီးနှံပင်များ ပျက်စီးခြင်း၊ လမ်းများ ပျက်စီးရခြင်း၊ ချောင်းများလည်း ရေလမ်းကြောင်းပြောင်းခြင်း၊ ကမ်းပါးပြိုခြင်းစသည့် ဖြစ်လာပြီး ပြန်လည် ပြန်လည်ပြင်ဆင်သည့်အခါတွင် MPC ကုမ္ပဏီမှ တာဝန်ဆောင်ရွက်ပေးခြင်းမရှိပဲ ရွာသားများအား အဓမ္မလုပ်အားပေးခိုင်းစေကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း မိမိတို့ဒေသခံများဘက်မှ ရပ်တည်ပေးခြင်း မရှိပဲ ကုမ္ပဏီမှသာ ရပ်တည်ပေးကြောင်း သူက ဆက်လက်ရှင်းပြသည်။
“မြေဇာကြောင့် သီးပင်တွေလည်း သေကုန်ပြီ။ စာရေးသောက်ရေးလည်း အခက်တွေ့တယ်၊ အရင်ကဆို ကိုယ်ခြံကထွက်တဲ့ သီးနှံတွေ ရောင်းချပြီး မိသားစုလုံလုံလောက်လောက် စားသောက်လို့ရတယ်။ အခုဆို စားရေးသောက်ရေး တော်တော်ခက်တယ်” ဟု နောက်ဒေသခံ တဦးကလည်း ဆိုသည်။
ဒေသခံရွာသူ/သားများအား လုပ်အားပေးခိုင်းစေရာတွင် ၃-၄ ကြိမ်မျှရှိပြီး အလှည့်ကျနဲ့ခိုင်းစေကာ တခါခေါ်ရင် ၁၀ ယောက်မှ ၁၅ အထိ စေခိုင်းလေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေးခိုင်းစေမှုမရှိတော့ကြောင်း အစိုးရတာဝန်ရှိသူများ ပြောဆိုနေသော်လည်း ကျေးလက်ဒေသများ တွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် ကိစ္စများတွင် အဓမ္မလုပ်အာပေးခိုင်းစေမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။
ထားဝယ်ဒေသရှိ ဟိန္ဒားသတ္တုတွင်း နယ်မြေအတွင်း ခဲမဖြူ သတ္တု တူးဖော်ခြင်းလုပ်ငန်းကို အစိုးရ သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar Pongpipat Company (MPC) တို့က ဧရိယ ဧက ၂၀၀၀ ကျော်ပေါ်တွင် ဖက်စပ်လုပ်ကိုင်လျက်ရှိပြီး အကျိုးအမြတ်၏ ၆၅ ရာခိုင်နှုန်းကို ထိုင်းကုမ္ပဏီက ရရှိကြောင်း၊ ၃၅ ရာခိုင်နှုန်းကို အစိုးရက ရရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများကို ထိုင်းနိုင်ငံမှတဆင့် စင်္ကာပူနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း ဧရာဝတီသတင်းဌာနတွင် ဖေါ်ပြထားသည်။
ထားဝယ်လူထုအသံ http://www.tavoyanvoice.com/

အမတ်များ ပြည်သူ့ဆန္ဒကျောခိုင်းသောအခါ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ဆယ်စုနှစ်များစွာ စစ်တပ်၏ အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းရန်အတွက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အုပ်ချုပ်သူ တပ်မတော် အစိုးရကပင် ဦးစီးကျင်းပပေးခဲ့သည်။

ထိုရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ဒီမိုကရေစီ အင်အားစုများက သပိတ်မှောက်ခဲ့ကြသော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရေးအတွက် အခွင့်အရေးဖြစ်နေသောကြောင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တပ်မတော်မှဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဆောင်ရွက်မည်ဟု ကြွေးကြော်မဲဆွယ်ကာ ဒီမိုကရေစီအင်အားစုပါတီအချို့ လွှတ်တော်ထဲရောက်ရှိလာကြသည်။

ရွေးကောက်ပွဲအပြီး သုံးနှစ်ကျော်လာသည့်အချိန်တွင် အခြေခံဥပဒေကို ပြင်ဆင်မည်ဟု မဲဆွယ်ခဲ့သော ပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်အချို့သည် မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒကို ကျောခိုင်းလာသည်ကို တွေ့ရှိလာရသည်ဟု မဲဆန္ဒရှင်ပြည်သူများက ဝေဖန်မှုများထွက်ပေါ်လာသည်။

“ကျွန်တော် ၂၀၁၀ တုန်းက အဲဒီပါတီကိုပဲ မဲပေးခဲ့တာ။ သူတို့ကို အားကိုးလို့ပေါ့။ ဒါပေမဲ့ အခုတော့ ပါတီက လွှတ်တော်ကိုယ်စားလှယ်က ကိုယ်တွေပြင်ချင်တဲ့အချက်ကို မပြင်သင့်ဘူးလို့ ပြောလာတယ်ဗျ။ မဲဆန္ဒရှင်တွေဆန္ဒကို လျစ်လျူရှုတာလား မေးစရာရှိလာတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင်နေထိုင်သော အသက်(၂၇)နှစ်အရွယ် ကိုမင်းသူရိန်ကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ကို ပြင်ဆင်ပါက အမျိုးဘာသာ၊ သာသနာအတွက် စိုးရိမ်စရာရှိလာသည့်အတွက် ပြင်ဆင်ခြင်းမပြုရန် ထောက်ခံသည့်ဟောပြောပွဲများကို ပြုလုပ်ခဲ့ကြသည်။

“ရွေးကောက်ပွဲအကြိုကာလက သူတို့ရဲ့ဆောင်ရွက်ပေးမယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ အခုနောက်ပိုင်း လုပ်ဆောင်ချက်တွေမှာ အယူအဆလွဲတာလေးတွေ တွေ့လာရတယ်။ အဓိကက ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအတွက် ဆောင်ရွက်ပေးမယ်ပြောခဲ့ပေမယ့် အခုနောက်ပိုင်း သူတို့ရဲ့လုပ်ဆောင်ချက်အချို့က အာဏာရှင်စနစ်ကလာတဲ့သူတွေကို အထောက်အကူပေးနေသလို ဖြစ်နေတယ်။ သူတို့ပေးထားတဲ့ကတိတွေအတိုင်းမလုပ်ဘဲ သွေဖယ်သွားမယ်ဆိုရင် နောက်ရွေးကောက်ပွဲမှာ အရင်တုန်းကလို
ပြည်သူလူထုရဲ့ထောက်ခံမှုရလဒ်ကို မျှော်လင့်လို့မရတော့ဘူး”ဟု ရနံ့သစ်မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာကိုပြည်သွေးနိုင်က သုံးသပ်ပြောကြားသည်။

ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက်တစ်ခုဖြစ်နေသည့် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ခြင်းမပြုရန် ထောက်ခံဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်နှင့် မတူကွဲပြားနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေတို့ကလည်း တက်ရောက်ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းဟောပြောပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ကို ယှဉ်ပြိုင်ရွေးချယ်ရပါက သူရဦးရွှေမန်းကို ရွေးချယ်မည်ဖြစ်ကြောင်း၊ တပ်မတော်သည် အစကတည်းကပင် တိုင်းပြည်အတွက် အသက်စွန့်ထားပြီးဖြစ်သည်ဟု ဒေါ်ခင်ဝိုင်းကြည်ကထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများ၏ ရလဒ်များကို ကြည့်ရှုလေ့လာပါက ပြည်သူလူထုအနေဖြင့် တိုင်းပြည်၏ခေါင်းဆောင်နေရာအတွက် မည်သူ့ကိုအလိုရှိနေကြောင်း သိရှိနိုင်သည့်အတွက် ပြည်သူတို့၏ဆန္ဒသဘောထားများကို မပစ်ပယ်ထားသင့်ဟု နိုင်ငံရေးလေ့လာသူများကဆိုသည်။

လက်ရှိအချိန်တွင် အမျိုးဘာသာသာသနာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့် အချက်အချို့ကို မပြင်သင့်ကြောင်း ပြောကြားနေမှုသည် ပါတီ၏ရပ်တည်ချက်နှင့် မသက်ဆိုင်ဘဲ ၎င်းလွှတ်တော်ကိုယ်စားလှယ်၏ တစ်သီးပုဂ္ဂလအမြင်သာဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး(၁) ဦးကြည်သန်းကဆိုသည်။

“၂၀၁၀ တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးပါတီကို မဲမပေးချင်တော့ ကျန်တဲ့အတိုက်အခံပါတီတစ်ခုကို ပေးလိုက်တယ်။ ဒါပေမဲ့ ထင်သလိုမဖြစ်လာဘူး။ အဲဒီအချိန်တုန်းက မဲသာပေးရတယ် လန့်ရတဲ့အနေအထားရှိတယ်။ ရွေးကောက်ပွဲမှာ ပြောသမျှကတော့ နိုင်ငံတကာမှာလည်း ရာနှုန်းပြည့်မလုပ်ပေးနိုင်ဘူးဆိုတာ သိပါတယ်။
ဒါပေမဲ့ ဒီမှာက ရာခိုင်နှုန်းအနည်းငယ်တောင် မလုပ်ပေးနိုင်ဘူး”ဟု မြောက်ဥက္ကလာပမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မအရည်အချင်းကဲ့သို့ ဒီမိုကရေစီမကျသည့်အချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ အမျိုးသားရေးကိုအခြေခံကာ မပြင်ဆင်သင့်ကြောင်း ဟောပြောနေမှုများသည် နိုင်ငံရေးပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်သည်။

ရွေးကောက်ပွဲတဖြည်းဖြည်းနီးကပ်လာသည့်အတွက် နိုင်ငံရေးသမားများသည် ရွေးကောက်ပွဲမတိုင်မီကာလက ပြည်သူတို့ကို ကတိခံထားသည့်အချက်များအား အကောင်အထည်ဖော်ရေးထက် ရွေးကောက်ပွဲတွင် ထပ်မံရွေးချယ်ခံရရေးကိုသာ ဦးစားပေးလုပ်ဆောင်မည့် အခြေအနေများကို ဆက်တိုက်မြင်တွေ့လာရသည်ဟု နိုင်ငံရေးလေ့လာသူများကဆိုသည်။

“ပြီးခဲ့တဲ့တစ်ခေါက်က အတွေ့အကြုံရပြီးပြီလေ။ ဒီတစ်ခေါက်တော့ အပြောသမားတွေ၊ ကိုယ်ကျိုးကြည့်မယ့်သူနဲ့ ကျွန်တော်တို့ကို ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး သူတွေကိုတော့ မဲမပေးတော့ဘူး”ဟု ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းတို့၏လိုလားချက်များကို တကယ်အမှန်တကယ် အကောင်အထည်ဖော်ပေးမည့် ကိုယ်စားလှယ်အား ထပ်မံရွေးချယ်ရတော့မည့် ကိုမင်းသူရိန်ကပြောသည်။

ရေးသားသူ- ရန်မျိုးနိုင်
7Day News Journal

ကြေကွဲဖွယ် တောင်-မြောက် ကိုရီးယားဆွေမျိုးတွေ ပြန်လည်တွေ့ဆုံမှု

 
ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ရှိတဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခုလောက်က တခုစီဖြစ်သွားကြ တဲ့ 
တောင်- မြောက် ကိုရီး ယား ၂ နိုင်ငံမှာနေထိုင်ကြတဲ့ ဆွေမျိုး မိသားစု တွေ့ဆုံပွဲမြင်ကွင်းတွေဟာ ကမ္ဘာ့မီဒီယာထက်မှာအတော်နေရာယူ ထားတာ သတိထားမိပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင် ပြီး ၃ နှစ်ကျော်ကာလအတွင်းမှာ ပထမဆုံး တောင်- မြောက် ကိုရီးယား မိသားစုတွေ ပြန်လည်တွေ့ဆုံခွင့် ရကြတာပါ။ 

တောင်နဲ့ မြောက်ကိုရီးယား စစ်ပွဲအပြီးမှာ နိုင်ငံ ၂ နိုင်ငံ ပိုင်းခြားလိုက်လို့ မိသားစုဝင်တွေ ကွဲကွာ သွားခဲ့ကြတာပါ။ 

တောင်ကိုရီးယားနိုင်ငံဘက်က ရာနဲ့ ချီတဲ့ သက်ကြီးရွယ်အိုတွေဟာ ကားကြီး ကားငယ် အသွယ်သွယ်ပေါ် မှာ စားစရာ၊ အသုံးအဆောင်၊ မိသားစု အမှတ်တရ ပစ္စည်းတွေစတဲ့ အိတ်ကြီး၊ အိတ်ငယ်တွေ တင်ဆောင် လာကြပြီး မြောက်ကိုရီး ယား နိုင်ငံဘက်အခြမ်းကို ရောက်လာခဲ့ကြပါတယ်။ 

ဘ၀ရဲ့ အစိပ်အပိုင်းကြီးတခုမှာ မိသားစုသွေးရင်းသားရင်းတွေ ကွေကွင်းနေထိုင်ခဲ့ကြရတာကို ပြန် လည်ပေါင်းစည်း တွေ့ဆုံကြတဲ့မြင်ကွင်အဖုံဖုံက တကယ့်ကို ၀မ်းနည်း၊ ၀မ်းသာ ရင်နင့်စရာခံစားမှုတွေ ကို ဖြစ်စေပါတယ်။ 

မိသားစု ပြန်လည်ပေါင်းစည်းတွေ့ဆုံမှုမှာ တချို့လည်း အသက်အရွယ်က အလွန်အိုမင်းနေကြသလို မကျန်းမာသူတွေ၊ မသန်စွမ်းသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံရဲ့ Kumgang တောင် အပန်းဖြေစခန်းတခုမှာ လုပ်ကြတဲ့ မိသားစုပြန်လည်တွေ့ဆုံပွဲ မှာ မြောက် ကိုရီးယားဘက်က လူပေါင်း ၂၀၀ လောက်တက်ရောက်ဖြစ်ခဲ့တယ်လို့ သတင်းတွေက ဆိုကြပါတယ်။ 

 ထူးခြားတာကတော့ ကမ္ဘာတလွှားက မြောက်ကိုရီးယားခေါင်းဆောင်တွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန် တဲ့ ပြစ် မှုတွေအတွက် ကမ္ဘာ့စစ်ရာဇ၀တ်ခုံရုံတင်ဖို့ ၀ိုင်းဝန်းပြောဆိုနေချိန်မှာ မြောက်ကိုရီးယား ဘက်က တောင်-မြောက် ကိုရီး ယား ၂ နိုင်ငံ ဆက်ဆံရေး ကောင်းစေဖို့ အခုလိုတွေ့ဆုံမှုလုပ်ဖို့ အလျှော့ပေး လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

နောက်ထပ်ထူးခြားတာကတော့ အခုလို ၂ နိုင်ငံ မိသားစုဝင်တွေကို ပြန်လည်တွေ့ဆုံခွင့်ပေးလိုက်တဲ့ အချိန်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု မလုပ်ခင် လည်းဖြစ်ပါတယ်။ 

အစပိုင်းမှာ မြောက်ကိုရီးယားဘက်က အဲဒီစစ်ရေးလေ့ကျင့်မှုလုပ်မယ်ဆိုရင် တောင်-မြောက် ၂ နိုင်ငံ မိသားစု တွေ့ဆုံမှုအစီအစဉ်ကို ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ဖူးတယ်လို့ သတင်းတွေက ဆိုထားပါတယ်။ 














အိမ့်သံစဉ် ~ဧရာဝတီ

ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်


သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရား ပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူ တစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေး ဆောင်ရွက်နေသည့် သင်္ဃန်း ကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး ၎င်းင်းတွင် သာသနာဝင်ကတ် မရှိပေ။

အဆိုပါ သင်္ကန်းဝတ်ထားသူကို ကျိုက္ကဆံဘုရားဓမ္မာရုံ၌ မြို့နယ်သံဃနာယကအဖွဲ့ဝင် စည်းကမ်းထိန်း သိမ်းရေးအကျိုး တော်ဆောင်ဆရာတော် ဦးဝါသေနနှင့် မြို့နယ်လ၀ကမှူး ဦးနန်းမြင့် တို့ရှေ့တွင် သိက္ခာချ လူဝတ်လဲခဲ့သည်။

ထို့နောက် ဦးပညာသီဟ(ခ) အောင်သန်းကို လက်နက်ကိုင်ဆောင်မှုဖြင့် အရေးယူပေးရန် ရဲအုပ်တင့်ဆွေ က တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် အမှုအမှတ်စဉ် (ပ)၆၇/၂၀၁၄ဖြင့် အမှုဖွင့် ပြီး လက်နက်ပုဒ်မ ၁၉(င)ဖြင့် အရေးယူရန် စစ်ဆေးနေသည်။

ထို့ပြင် အများပြည်သူရှေ့မှောက်တွင် သာသနာတော် ညှိုးနွမ်းအောင် သင်္ကန်းဝတ်ဖြင့် အရက်မူးဓားကိုင် ပြီး အလှူခံသဖြင့် ထပ်မံအရေးယူပေးရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီး ဌာနမှ လ၀ကမှူး ဦးနန်းမြင့်ကလည်း တရားလိုပြုလုပ် တိုင်တန်းလိုက်သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၆၈/၂၀၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုပုဒ်မ ၂၉၅/၂၉၅က ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

သမီးလေးရွာသားတွေကို ကူညီ

thameekalay-305.jpg
အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည်တွေ ကို တွေ့ရစဉ်
photo: Ko Nay Myo Zin's Facebook

လွန်ခဲ့တဲ့သတင်းပတ်တွေက တရွာလုံး ဖျက်သိမ်း ခံလိုက်ရလို့  စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ လှည်းကူးမြို့နယ်က သမီးလေးရွာသားတွေကို ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဦးဆောင်တဲ့အဖွဲ့၊ ကိုထင်ကျော် ဦးဆောင်တဲ့ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ ၊ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)နဲ့  ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA အဖွဲ့ တို့ က မနေ့က ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ စားသောက်စရာ၊ ပစ္စည်းတွေ နဲ့ ငွေကြေးတွေ သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကူညီမှုနဲ့ ပတ်သက်လို့  ဗိုလ်ကြီးဟောင်းကိုနေမျိုးဇင် က
"ဆန်အိတ်ပါင်း ၁၃ဝ၊ ခရမ်းချဉ်သီး၊ အာလူး၊ ဘူးသီး စတဲ့ဥစ္စာက ကား ၃ စီးတိုက်၊ လိုက်ပါအားပေးသူပေါင်း ၇ဝ ကျော်ပါတယ်ဗျ၊ ဒီနေ့ ကျနော်တို့ ကားအစီး ၃ဝ ကျော်နဲ့ သွားကြပါတယ်၊ ကျနော်တို့နဲ့ ကိုမိုးသီးဇွန်တို့၊ ကိုထင်ကျော်တို့ အဖွဲ့တွေ ထပ်ဆုံတော့ ကားတွေက ပိုများသွားတာပေါ့၊ အစီး ၃ဝ၊ ၄ဝ လောက်ဖြစ်သွားတာပေါ့၊ DKBA ကလည်း လာတယ်ဗျ၊ DKBA က ၁၂ ဘီးကားကြီး ၂ စီးရယ်၊ ၆ ဘီး ဂျပန်ကားကြီး ၁ စီးရယ်၊ ကားသေးက ၂ စီးရယ် သူတို့က ၅ စီးလောက် လာပါတယ်ခင်ဗျ၊ အဲဒီအထဲမှာ DKBA ကပဲလှူတာ အိတ် ၁ဝဝ ရယ်၊ ပန်းဂေါ်ဖီ ကား ၁ စီးတိုက်ရယ် ပါပါတယ်ခင်ဗျ"
အဲဒီဒေသမှာ သမီးလေးရွာအပြင် လက်ကျဆိုတဲ့ရွာနဲ့ အခြားရွာတချို့လည်း ဖျက်သိမ်းခံထားရပြီး၊ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြတာကိုတွေ့ ရှိလို့  ကူညီခဲ့ကြတယ်လို့  ကိုနေမျိုးဇင်ကပြောပါတယ်။
"ကျနော်တို့က သမီးလေးရွာ သမီးလေးရွာလို့ ပြောနေကြတာ သမီးလေးရွာကနေ ဟိုးဘက်က လက်ကျဆိုတဲ့ရွာနဲ့ အခြားရွာတွေလည်း ရှိသေးတယ်ဗျ၊ ထပ်ဖျက်ခံရတာလေ၊ ကျနော်တို့ လက်ကျရွာကို ရောက်သွားတယ်၊ အဲဒီမှာလည်း မိသားစု ၄၃ စု အတိဒုက္ခရောက်နေကြတယ်၊ သီဟိုပင်အရိပ်အောက်မှာ ဖြစ်သလို အိပ်နေကြတယ်၊ သူတို့က ပိုဆိုးတာက အရပ်ဝတ်နဲ့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူအုပ်စုတွေက ရောက်ချလာပြီး သူတို့ရွာကိုဖျက်ဆီးခဲ့ပြီး သူတို့ကို မောင်းထုတ်လိုက်တာ၊ သူတို့ရွာက ရိုးလေးရယ် ချောင်းလေးရယ် ဟိုဘက်မှာ"
အခုတွေ့ ခဲ့ရတဲ့ သမီးလေးနဲ့ လက်ကျရွာသားတွေထဲမှာ မြေပြင်ပေါ်မှာအိပ်နေရလို့ နေထိုင်မကောင်းတဲ့ ကိုယ်ဝန်ဆောင် မိခင်တချို့ အတွက် အရေးအပေါ်အကူအညီ လိုအပ်နေတယ်လို့လည်း ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ပြောပါတယ်။
ရွာဖျက်ခံရလို့  စားဝတ်နေရေး ဒုက္ခရောက်နေတဲ့ လှည်းကူးမြို့ နယ်ထဲက သမီးလေးရွာနဲ့  လက်ကျရွာသားတွေအကြောင်း သူတို့ကို မနေ့ကသွားကူညီခဲ့တဲ့ ကိုနေမျိုးဇင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
RFA