Pages

Saturday, June 28, 2014

နောက်ပြန်လည်မယ့် ဘိုလီဗီးယားနာရီ

ဘိုလီဗီးယားနိုင်ငံမှာ လက်ရှိ လက်ဝဲယိမ်းအစိုးရ အာဏာရ အုပ်ချုပ်နေတာနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ လက်ဝဲရစ် နာရီတလုံး ထားလိုက်ပြီဖြစ်ပါတယ်။
ဘိုလီဗီးယားနိုင်ငံ၊ La Paz မြို့တော်က ကွန်ဂရက်လွှတ်တော် အဆောက်အဦးမှာတပ်ထားတဲ့နာရီကို ဒီသီတင်းပတ်မှာ ပြောင်းပြန်လှည့်ခဲ့တာပါ။
ပုံမှန်အားဖြင့် လက်ယာရစ် အနေအထားရှိတဲ့ နာရီလက်တံတွေနဲ့ ဂဏန်းတွေကို လက်ဝဲရစ် လှည့်လိုက်တာဖြစ်ပါတယ်။
လက်ဝဲရစ်နာရီ တပ်ထားတဲ့ ဘိုလီဗီးယားလွှတ်တော်အဆောက်အဦးလက်ဝဲရစ်နာရီတပ်ထားတဲ့ဘိုလီဗီးယားလွှတ်တော်အဆောက်အဦး

အခုလိုလုပ်လိုက်တာဟာ နိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ တောင်ပိုင်း သွင်ပြင်လက္ခဏာကို ပြန်ပြီးထိန်းသိမ်းဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒါပေမဲ့လည် လူတိုင်း ကျေနပ်ကြတာတော့ မဟုတ်ပါဘူး။ နာရီပြောင်းပြန်လှည့်တဲ့ကိစ္စကို မြို့တော်ရဲ့ ဒေသခံတချို့အပါအ၀င် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုထားကြပါတယ်။
VOA

ထိုင်းရေနံကုမ္ပဏီ PTT က မြန်မာကျောင်းသားများကို ထိုင်းနိုင်ငံသို့ သွားရောက်၍ ပညာသင်ယူနိုင်မည့် အစီအစဉ် နှစ်စဉ်ပြုလုပ်ပေးမည်


June 28, 2014
ထိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်ရေးကုမ္ပဏီ PTT က မြန်မာကျောင်းသားများအား ထိုင်းနိုင်ငံတွင် ပညာသင်ယူနိုင်မည့် ပညာသင်ဆု အစီအစဉ်ကို နှစ်စဉ်ပြုလုပ်ပေးရန် ဆောင်ရွက်နေကြောင်း PTT ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂ဝ၁၄ ခုနှစ်အတွက် ပညာသင်ဆု ပေးအပ်ပွဲကို ဇွန် ၃ဝ ရက်တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာကျောင်းသား ၃ဝ ဦးအား ပညာသင်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
PTT အောက်ရှိ PTTEP International Ltd သည် ယခုနှစ်အတွက် မြန်မာကျောင်းသား ၃ဝ ဦးကိုHigh Vocational Diploma ပညာသင်ဆု ပေးအပ်သွားမည်ဖြစ်ပြီး ယင်းကျောင်းသားများသည် ထိုင်းနိုင်ငံIRPC Technological College တွင် Pre High Vocational  Course  အတွက် နှစ်နှစ်နှင့် Regular High Vocational Diploma in Mechanics အတွက် နှစ်နှစ် စုစုပေါင်း လေးနှစ်တက်ရောက် သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာသင်ဆုပေးခြင်းကို PTT Group က ၂ဝ၁၃ ခုနှစ်မှ စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ဆက်လက် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းပညာသင်ဆု အစီအစဉ်သည် စွမ်းအင်ဝန်ကြီးဌာနနှင့် PTT  ကုမ္ပဏီအုပ်စုတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
PTTEP သည် မြန်မာနိုင်ငံ၌  ၁၉၈၉ ခုနှစ်တွင် ပထမဆုံးရေနံရှာဖွေရေးကို စတင်ခဲ့ပြီး အောင်မြင်မှု မရရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
PTTEP သည် ရတနာနှင့် ရဲတံခွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင်Total, Petronas  တို့နှင့် စပ်တူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း PTTEP ၏ ပထမဆုံး ကိုယ်ပိုင်ထုတ်လုပ်ရေး စီမံကိန်းဖြစ်သည့် ဇောတိကစီမံကိန်းသည် ၂ဝ၁၄ ခုနှစ်တွင် စတင်ထုတ်လုပ်ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အတွက် စွမ်းအင်ထောက်ပံ့မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၃ဝဝ million cubic feet per day (mmscfd)ကို ကနဦးထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
PTTEP သည် မြန်မာနိုင်ငံတွင် လက်ရှိကာလ၌ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး စီမံကိန်းခုနစ်ခုတွင် ရင်းနှီးမြှုပ်နှံထားပြီး ယင်းစီမံကိန်းခုနစ်ခုမှာ ဇောတိကစီမံကိန်း၊ လုပ်ကွက် M3 ၊ M11၊ PSC G၊ EP 2 ၊MD-7 နှင့်MD-8 တို့ဖြစ်ကြောင်း သိရသည်။
Eleven Media Group

အမေရိကန်- မြန်မာ ၂ နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး တိုးမြှင့်ရန်ဆွေးနွေး

 မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပြီး အမေရိကန်-မြန်မာ ၂ နိုင်ငံ စစ်တပ် ချင်း ဆက်ဆံရေး တိုးမြင့်ဆောင်ရွက်ကြဖို့ ဆွေးနွေးကြပါတယ်။ 


အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ဘက် ထိပ်တန်း 
ခေါင်းဆောင်များ၊ ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေ့စ်ဘုတ်

လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ဦးဆောင်သည့် ကာကွယ်ရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနတွေက အဆင့်မြင့် ကိုယ်စားလှယ် များပါ အဖွဲ့တဖွဲ့တို့ဟာ ဇွန်လ ၂၇ ရက်နေ့နံနက် က 
နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တွေ့ဆုံပြီး ဆွေးနွေး မှုတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ 



ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း အခုလို သတင်း အပြည့်အစုံကို ဖော်ပြထားပါတယ်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမေရိကန် နိုင်ငံ Department Of State Assistant Secretary For Democracy, Human Rights and Labor ဖြစ်သူ Mr. Thomas Malinowski ဦးဆောင်သော အဖွဲ့အား လက်ခံ တွေ့ဆုံ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ အမေရိကန်နိုင်ငံDepartment Of State Assistant Secretary For Democracy, Human Rights and Labor ဖြစ်သူ Mr. Thomas Malinowski ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်မြထွန်းဦးတို့ တက်ရောက်ကြပြီး Mr. Thomas Malino-wski နှင့်အတူ The Pacific Command (PACOM)\ Deputy Commander ဖြစ်သူLt.Gen Anthony Crutchfield ၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီး H.E.Mr. Derek James Mitchell ၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် စစ်သံမှူး Col Willian C. Dickey နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး တည်ဆေက် နေမှု ဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်မှ မြေ ယာ စွန့်လွှတ် လွှဲပြောင်းမှု ဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ သဘောထား အမြင်ချင်း ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်း ဆွေးနွေးကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Mr. Thomas Malinowski တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 






အိမ့်သံစဉ် ~ဧရာဝတီBlog
 

သဲကုန်းလယ်သမားများ ဇူလိုင် ၂ရက်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွဲကြမည်


28 June 2014
 ရန်ကုန်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာမှ သိမ်းဆည်းခံထားရသည့် လယ်မြေများ ပြန်ရရေးအတွက် ဇူလိုင်၂ရက်တွင် လယ်သမားများက
ထွန်းတုံးတိုက်ပွဲဆင်နွဲမည်ဟု လယ်သိမ်းဆည်ခံထားရသည့် ဒေါ်ကြင်ရွှေက မဇ္ဈိမကိုပြောသည်။

လယ်သမားများ၏ ထွန်တုံးတိုက်ပွဲအတွက် ခွင့်ပြုမိန့် မတောင်ဘဲ ဆန္ဒပြမည်ဟု ဒေါ်ကြင်ရွှေက ဆိုသည်။

"ကျွန်မတို့ ခွင့်ပြုမိန့် တောင်းတိုင်း မရခဲ့ဘူး။ အဲဒါကြောင့် ခွင့်ပြုမိန့်ကို မတောင်းတော့ဘူး။ ခွင့်ပြုမိန့် မရလည်း ကျွန်မတို့က ဆက်လုပ်သွားမယ်"ဟု ၎င်းကပြောသည်။

ယင်းထွန်းတုံးတိုက်ပွဲကို သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာတွင် ဇူလိုင်လ ၂ရက်မှ ၅ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အောင်ကုန်းကျေးရွာရှိ ဦးထိုင်ထိုင်က သိမ်းဆည်းထားသည့် လယ်ဧက ၂၀၀ပေါ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ထွန်တုံးတိုက် ဆန္ဒပြပွဲတွင် သဲကုန်းမြို့အနယ်အတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခြင်း ခံထားရသည့် ရွာများဖြစ်သည့် အောင်ကုန်းကျေးရွာ၊ ကဇွန်းအင်းကျေးရွာ၊ သင်တောကျေးရွာ၊ ယင်းထိုက်တန်ကျေးရွာ၊ နှောကုန်းကျေးရွာ၊ စောက်ခြုံကြီးကျေးရွာ၊ ပေါက်မော်ကျေးရွာနှင့် တပင်မှော်ကျေးရွာတို့မှ လယ်သမားများ စုပေါင်း၍ပြုလုပ်သွားမည်။

၁၉၉၉ခုနှစ်က တပ်မ၆၆မှ ယင်း ရွာရှစ်ရွာမှ မြေဧက၂၁,၀၆၄ဧကကို သိမ်းဆည်းခဲ့ပြီး ၂၀၁၁ခုနှစ်တွင် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ ၁၁၅၉.၅၅ဧကကို အမှတ်(၃) လက်ကားသမ၀ါယမအသင်း လီမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးထိုင်ထိုင်ကို ရောင်းချခဲ့ပြီး ဦးထိုင်ထိုင်က ယနေ့အထိ ငါးကန်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် တောင်သူများက ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလက စတင်ကာ သပိတ်စခန်းဖွင့်ခြင်း၊ ကျိန်စာတိုက်ပွဲပြုလုပ်ခြင်း၊ အခေါင်းမီးရှို့ပွဲ ပြုလုပ်ခြင်း ဆန္ဒပြဆုတောင်းပွဲ
ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ပုဒ်မ(၁၈)ဖြင့် လေးဦး၊ ကျိန်စာတိုက်မှုကြောင့် ပုဒ်မ၅ဝ၅(ခ)ဖြင့်ငါးဦး၊ ဆုတောင်းဆန္ဒပြမှုကြောင့် ပုဒ်မ၅ဝ၅(ခ)ဖြင့် လေးဦး တရားဆွဲဆိုခံရသည်။

ဆန္ဒပြ ခေါင်းဆောင်များထဲမှ ကိုပေါက်စ၊ ဒေါ်ညို၊ ကိုမောင်ဝင်း စသည့် လယ်သမားသုံးဦးကို ပေါင်းတည်ထောင်တွင် ဖမ်းဆီးထားပြီး ကိုကောင်းထက်ကျော် နှင့် မခင်မာအေးမှာ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်သည်။

ခင်မြတ်မြတ်ဝေ
Mizzima - News in Burmese

သဲကုန်းလယ်သမားများ ဇူလိုင် ၂ရက်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွဲကြမည်


28 June 2014
 ရန်ကုန်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာမှ သိမ်းဆည်းခံထားရသည့် လယ်မြေများ ပြန်ရရေးအတွက် ဇူလိုင်၂ရက်တွင် လယ်သမားများက
ထွန်းတုံးတိုက်ပွဲဆင်နွဲမည်ဟု လယ်သိမ်းဆည်ခံထားရသည့် ဒေါ်ကြင်ရွှေက မဇ္ဈိမကိုပြောသည်။

လယ်သမားများ၏ ထွန်တုံးတိုက်ပွဲအတွက် ခွင့်ပြုမိန့် မတောင်ဘဲ ဆန္ဒပြမည်ဟု ဒေါ်ကြင်ရွှေက ဆိုသည်။

"ကျွန်မတို့ ခွင့်ပြုမိန့် တောင်းတိုင်း မရခဲ့ဘူး။ အဲဒါကြောင့် ခွင့်ပြုမိန့်ကို မတောင်းတော့ဘူး။ ခွင့်ပြုမိန့် မရလည်း ကျွန်မတို့က ဆက်လုပ်သွားမယ်"ဟု ၎င်းကပြောသည်။

ယင်းထွန်းတုံးတိုက်ပွဲကို သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာတွင် ဇူလိုင်လ ၂ရက်မှ ၅ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အောင်ကုန်းကျေးရွာရှိ ဦးထိုင်ထိုင်က သိမ်းဆည်းထားသည့် လယ်ဧက ၂၀၀ပေါ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ထွန်တုံးတိုက် ဆန္ဒပြပွဲတွင် သဲကုန်းမြို့အနယ်အတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခြင်း ခံထားရသည့် ရွာများဖြစ်သည့် အောင်ကုန်းကျေးရွာ၊ ကဇွန်းအင်းကျေးရွာ၊ သင်တောကျေးရွာ၊ ယင်းထိုက်တန်ကျေးရွာ၊ နှောကုန်းကျေးရွာ၊ စောက်ခြုံကြီးကျေးရွာ၊ ပေါက်မော်ကျေးရွာနှင့် တပင်မှော်ကျေးရွာတို့မှ လယ်သမားများ စုပေါင်း၍ပြုလုပ်သွားမည်။

၁၉၉၉ခုနှစ်က တပ်မ၆၆မှ ယင်း ရွာရှစ်ရွာမှ မြေဧက၂၁,၀၆၄ဧကကို သိမ်းဆည်းခဲ့ပြီး ၂၀၁၁ခုနှစ်တွင် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ ၁၁၅၉.၅၅ဧကကို အမှတ်(၃) လက်ကားသမ၀ါယမအသင်း လီမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးထိုင်ထိုင်ကို ရောင်းချခဲ့ပြီး ဦးထိုင်ထိုင်က ယနေ့အထိ ငါးကန်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် တောင်သူများက ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလက စတင်ကာ သပိတ်စခန်းဖွင့်ခြင်း၊ ကျိန်စာတိုက်ပွဲပြုလုပ်ခြင်း၊ အခေါင်းမီးရှို့ပွဲ ပြုလုပ်ခြင်း ဆန္ဒပြဆုတောင်းပွဲ
ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ပုဒ်မ(၁၈)ဖြင့် လေးဦး၊ ကျိန်စာတိုက်မှုကြောင့် ပုဒ်မ၅ဝ၅(ခ)ဖြင့်ငါးဦး၊ ဆုတောင်းဆန္ဒပြမှုကြောင့် ပုဒ်မ၅ဝ၅(ခ)ဖြင့် လေးဦး တရားဆွဲဆိုခံရသည်။

ဆန္ဒပြ ခေါင်းဆောင်များထဲမှ ကိုပေါက်စ၊ ဒေါ်ညို၊ ကိုမောင်ဝင်း စသည့် လယ်သမားသုံးဦးကို ပေါင်းတည်ထောင်တွင် ဖမ်းဆီးထားပြီး ကိုကောင်းထက်ကျော် နှင့် မခင်မာအေးမှာ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်သည်။

ခင်မြတ်မြတ်ဝေ
Mizzima - News in Burmese

ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ ရေးသူကို ညစ်ညမ်းစာပေ ရေးသားမှုဖြင့် သင်္ကန်းကျွန်းရဲစခန်း အမှုဖွင့်

 
28 June 2014
ရန်ကုန်၊ မဇ္ဈိမ။ ။ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာဖန်တီးသူ စာအုပ်ကို ရေးသားသည့် စာရေးဆရာ အောင်ရင်ငြိမ်းကို သင်္ကန်ကျွန်းမြို့မ ရဲစခန်းမှ ပုဒ်မ ၂၉၂ဖြင့် ဇွန်၂၄ရက်တွင် စခန်းမှုးကတရားလိုပြုကာ အမှုဖွင့်လိုက်သည်ဟု သင်္ကန်ကျွန်းမြို့မရဲစခန်းမှ ဒုရဲမှူးဦးသိန်းဟန်က မဇ္ဈိမကို ပြောသည်။

"၂၄ ရက်နေ့က စခန်းမှုးက တရားလိုလုပ် ဖွင့်လိုက်တယ်။ ညစ်ညမ်စာရေးသားမှုကြောင့် ဖွင့်ထားတဲ့ ပုဒ် မ၂၉၂ အမှုဖွင့်ထားပါတယ်။ အခုကတော့စုံစမ်းဆဲပါ " ဟုပြောသည်။

ဇွန်လ ၁၆ရက်နှင့် ၁၇ရက်တွင် သင်္ကန်းကျွန်းမြို့နယ် Junction ဇဝန ဈေးရောင်းပွဲတော်၌ ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာစာအုပ်ကို ရောင်းချခဲ့သည့်အတွက် သင်္ကန်းကျွန်းမြို့မ ရဲစခန်းက အမှုဖွင့်ရခြင်း ဖြစ်သည်ဟု ဒုရဲမှူး ဦးသိန်းဟန်က ဆိုသည်။

ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာ စာအုပ်ရေးသားသူနှင့် ပတ်သက်၍ ကဗျာဆရာကိုဇ်ာလူစိမ်းက စာရေးဆရာ အောင်ရင်ငြိမ်းသည် ယခင်က ကဗျာများ ရေးရာမှ ရသစာပေဘက်ကို ကူးသွားခြင်းဖြစ်ပြီး ရသစာပေ ကူးပြောင်းရာတွင် အပြာဆန်ဆန် ရေးသားမှုများမှာ အန္တရယ်ရှိနိုင်သည်ဟု ဆိုသည်။

"လွတ်လပ်မှုနဲ့ အတူတာဝန်ယူမှုရှိရမယ်။ ကလောင်ပါရင် တာဝန်ယူရမယ်။ လုံးဝ တရားရင်ဆိုင်တာမျိုးကို လိုလားတယ်။ သူ့အတွက်လည်း တရားခွင်မှာ လွတ်လွတ်လပ်လပ် ထုတ်ဖော်လို့ရတယ်။"ဟု၎င်းကပြောသည်။

ရသစာပေရေးသားမှုနှင့် ပတ်သက်၍ တရားရင်ဆိုင်မှသာ အများရှေ့တွင် စာရေးသူအနေဖြင့် မည်သည်ခံယူချက်ကြောင့် ရေးသားသည်ကို ထုတ်ဖော်ပြောမှသာ အများ၏ အမြင် ရှင်းသွားမည်ဟုလည်း ကဗျာဆရာ ကိုဇော်လူစိမ်းမှ ဆိုသည်။

စာရေးဆရာ အောင်ရင်ငြိမ်းက "အခု ရိုမန်းဘော့ထ်တွေရဲ့ နောက်ဆက်တွဲ ပြသနာတွေအဖြစ် ကျွန်တော့် စာအုပ်ဟာ အစိုးရရဲ့ နောက်ကွယ် ကြိုးကိုင်မှုနဲ့ ပုဒ်မ ၄၃၆ လှုပ်ရှားမှုကို အာရုံလွှဲပြောင်းဖို့ အစီအစဉ်တကျ ပေါ်ထွက်လာတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတဲ့ ကိုယ်လိုရာ ဆွဲတွေးမှန်းဆချက်တွေ ထွက်ပေါ် လာတယ်လို့ သိရပါတယ်။ ကျွန်တော်ပြောတဲ့ အမှောင်ခေတ် အလွန် အရူးခေတ်ရဲ့ ရယ်မောစရာ အကောင်းဆုံး ဟာသပြက်လုံး တစ်ခုပါပဲ။ ဒါဟာ ကျွန်တော့်ကို လုပ်ကြံ တိုက်ခိုက်မှု အသစ်တစ်ခု ဖန်တီးလိုက်တာလို့လည်း ယူဆမိပါတယ်။" ဟု သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။


အောင်ရင်ငြိမ်း၏ စာအုပ်ကို ၂ဝ၁၄ ခုနှစ်ဇွန်လတွင် လူငယ်တစ်ယောက်စာပေမှ ပထမဆုံး အကြိမ် ရိုက်နှိပ်ကာ ပင်လယ်သစ် စာပေမှ မြန်မာတစ်နိုင်ငံလုံးသို့ တစ်အုပ်လျှင် ၂၅ဝဝ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်ဝေဖြန့်ချိခဲ့ပြီး ပြင်ပတွင်မူ ယင်းစာအုပ်မှာ ကျပ် တစ်သောင်းဝန်းကျင်အထိ ပေါက်နေပြီး ရောင်းအား အကောင်းဆုံး စာရင်းဝင်လျက်ရှိသည်။

ခင်မြတ်မြတ်ဝေ
Mizzima - News in Burmese

Friday, June 27, 2014

အဆင့်မြင့် ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်နိုင်



ဒုံးကျည် စမ်းသပ် ပစ်လွှတ်စဉ် စောင့်ကြည်နေတဲ့ ကင်ဂျုံအန်း

27 ဇွန်လ 2014
မြောက်ကိုရီးယား နိုင်ငံမှာ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာ သုံးထားတယ်လို့ ဆိုတဲ့ ပစ်မှတ်ကို အတိအကျ ပစ်နိုင်တဲ့ မဟာဗျူဟာမြောက် ဒုံးကျည် တစ်မျိုးကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပြီလို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်း မီဒီယာက ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီ သတင်းမှာ ဘယ်တုန်းက စမ်းသပ် ခဲ့တယ် ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။

တောင်ကိုရီးယား နိုင်ငံက ပြောရာမှာတော့ မြောက်ကိုရီးယားဟာ ကြာသပတေးနေ့ကပဲ တာတိုပစ် လက်နက် သုံးခုကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား ဘက်က တာတိုပစ် လက်နက်တွေ စမ်းသပ် ပစ်လွှတ်နေတာဟာ အဆန်းတော့ မဟုတ်ပါဘူး။

မြောက်ကိုရီးယားဟာ ဒုံးလက်နက် အများကြီးကို တစ်ပြိင်နက်တည်း ပစ်လွှတ်နိုင်တဲ့ စနစ်ကို ပိုမို အဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစား နေခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဌာနက ပြောပါတယ်။
BBC

မြန်မာ သမ္မတ ဦးသိန်းစိန် ဘေဂျင်းသွား

chou
  မူကြီး ၅ ချက် နေရူး၊ ချူအင်လိုင်း ၊ ဦးနု တို့ အစပြုခဲ့
27 ဇွန်လ 2014 -
မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ တရုတ်သမ္မတ ရှီကျင့်ပင်းရဲ့ ဖိတ်ကြားချက် အရ တရုတ်နိုင်ငံ ကို ဇွန်လ ၂၇ ရက်နေ့ ကနေ ၃ဝ ထိ တရားဝင် ချစ်ကြည်ရေး ခရီးသွား နေပါတယ်။

သမ္မတ ဦးသိန်းစိန် ဟာ ဘေဂျင်း မြို့မှာ ကျင်းပ မယ့် မြန်မာ - တရုတ် - အိန္ဒိယ တို့ ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ် နှစ် ၆ဝ ပြည့် အခမ်းအနား ကို အိန္ဒိယ ဒုတိယ သမ္မတ အန်ဆာရီ နဲ့ အတူ တက်ရောက် မှာ ဖြစ်ပါတယ်။


မြန်မာ ဝန်ကြီးချုပ် ဦးနု၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူး၊ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း တို့ ချမှတ် ခဲ့တဲ့ မူကြီး ၅ ချက် ဟာ ဘက်မလိုက် နိုင်ငံများ အုပ်စုလို့ နိုင်ငံရေး အုပ်စုကြီး တခု ကမ္ဘာ့ စင်မြင့် မှာ ပေါ်ထွက် လာစေတဲ့ အထိ ထင်ရှား ခဲ့ပါတယ်။

ဒါပေမဲ့ တနိုင်ငံ အချုပ်အခြာ အာဏာကို တနိုင်ငံက မစွက်ဖက်ရေး စတဲ့ မူကြီး ၅ ချက်ကို တရုတ် မြန်မာ ၂ နိုင်ငံ တကယ်တမ်း မလိုက်နာ နိုင်ခဲ့ကြဘဲ ၂ နိုင်ငံ အဖုအထစ် တွေ ရှိခဲ့တဲ့ ကာလတွေ ရှိခဲ့တယ် လို့ နိုင်ငံရေး သုတေသီ စာရေးဆရာ ကျော်ဝင်းက ပြော ပါတယ်။

မူကြီး ၅ ချက် ချမှတ်ခဲ့ပြီးစ ကာလ တုန်းက ၂ နိုင်ငံ ဆက်ဆံရေး အတော် ချောမွေ ခဲ့ပြီး တရုတ် ဗမာ အရေးအခင်း နောက်ပိုင်း အတော် ဆိုးရွား ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၈၈ အရေးအခင်း နောက်ပိုင်း နိုင်ငံတကာ အခြေအနေ အရ မြန်မာ အစိုးရ နဲ့ တရုတ် ပိုနီးစပ် သွားပြီး ခုတော့ မြန်မာက တရုတ် စက်ဝန်း ထဲက ရုန်းထွက်စ လက္ခဏာ တွေ တွေ့ရတယ် လို့ ဦးကျော်ဝင်းက ပြော ပါတယ်။

မြန်မာဟာ တရုတ် အန္တရာယ် ကို သိပေမယ့် လက်တွေ့ အနေအထား အရ ညှိထိန်း ဆက်ဆံတဲ့ မူချမှတ် ထားတာမို့ မူကြီး ၅ ချက်ကို လက်လွှတ် လို့ မရဘူးလို့ ပြောပါတယ်။
BBC

ကေတီဗွီ မာဆတ် လိုင်းကြေးယူသည့် ရဲများကို အရေးယူမည်

 NightClub-KTV
27 June 2014
 မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ၃ နှစ်အတွင်း အနှိပ်ခန်းနဲ့ ကေတီဗွီ၊ လောင်းကစားဒိုင်တွေမှာ လာဘ်ပေးလာဘ်ယူ လုပ်တာ အပါအ၀င် ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူ အရာရှိ ၄၃၃ ယောက်နဲ့ အခြားအဆင့် ၂၁၂ ယောက်၊ စုစုပေါင်း ၆၄၅ ယောက်ကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။
ဇွန်လ ၂၇ ရက် ကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက အနှိပ်ခန်းတွေ ကေတီဗွီတွေကို ဘယ်လို အရေးယူနေသလဲ၊ လိုင်းကြေးယူတဲ့ ရဲတွေကို ဘယ်လို အရေးယူနေသလဲ မေးတာကို သူက ခုလို ပြန်ဖြေခဲ့တာပါ။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ ကေတီဗွီ ၂၅ မှုနဲ့ တရားခံ ၈၄ ယောက်၊ ၂၀၁၄ ဇွန်လ အထိ ၁၁ မှုနဲ့ တရားခံ ၂၃ ယောက် အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
အနှိပ်ခန်း အမှုတွေအဖြစ် ၂၀၁၂ ခုနှစ်မှာ ၆၁ မှု၊ တရားခံ ၅၁၁ ယောက်၊ ၂၀၁၃ မှာ ၇၈ မှု၊ တရားခံ ၇၉၀ နဲ့ ၂၀၁၄ ဇွန်လအထိ ၆၆ မှု၊ တရားခံ ၄၂၄ ယောက် ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒုဝန်ကြီးက ရှင်းပြခဲ့ပါတယ်။

မဟာသန္တိသုခ သံဃာတော်များကို ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး

 Thandithukha27062014(z5
ရန်ကုန် တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်ကနေ ဖမ်းဆီးတရားစွဲခံရပြီး  သိန်း (၂၀၀) စီ အာမခံနဲ့ ပြန်လွတ်လာတဲ့   အင်္ဂလန်ဆရာတော် ဦးဥတ္တရအပါအ၀င် ဆရာတော် ၅ ပါးကို ဒီကနေ့  တာမွေမြို့နယ်တရားရုံးမှာ  ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးပါတယ်။
သာသနာညှိုးနွမ်းစေမှု၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုခံနေရတဲ့ ဦးဥတ္တရ အပါအ၀င်  သံဃာတော်ငါးပါးကို  ဒီကနေ့မွန်းလွဲပိုင်းက တာမွေတရားရုံးမှာ  ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဒီနေ့စစ်ဆေးမှုမှာ ရန်ကုန်တိုင်းသာသနာရေးဦးစီးမှူးကို တရားလိုအဖြစ် ဆက်လက် စစ်ဆေးပြီး မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပေါ်ပေါက်လာပုံနဲ့ တရားစွဲဆိုချိန်ကာလ အထိဖြစ်စဉ်တွေကို တရားလိုရှေ့နေ ( အစိုးရရှေ့နေ ) ဘက်က  ဦးဆောင်စစ်ဆေးကြတာပါ။
ဒီနေ့ စစ်ဆေးထွက်ဆိုချက်တွေနဲ့ ပက်သက်ပြီး သံဃာတွေဘက်က ရှေ့နေ ဦးသိန်းထွန်းက ဒီဗွီဘီကို ခုလိုပြောပြပါတယ်။
“ဆရာတော်တွေကို မစစ်ရသေးဘူး။ တရားလိုဘက်ကပဲ စစ်တာ။ ဒီအမှုကို အပြစ်ရှိတဲ့ အကြောင်းကို တရားလိုဘက်က ဆွဲချက်တင်ပြီး ပြောနေတာပဲ ရှိသေးတယ်။ အန်ကယ်တို့ ဘက်က ပြန်ပြီး ချေပဖို့ အလှည့်မရောက်သေးဘူး။ သူတို့ စွဲဆိုတဲ့ အရာတွေ မှားတယ်၊ မှန်တယ် ပေါ်လာအောင် သူတို့ကို အပြန်အလှန်မေးခွန်းမေးတဲ့ အဆင့်ပဲ။ ဒီနေ့ စစ်တဲ့ ပုဒ်မက သံဃာ့ဥပဒေ ပုဒ်မ အမှတ် ၂၀/ ၉၀ အဲဒါနဲ့ အရေးယူထားတယ်။ အနည်းဆုံး ဒီအမှုက မကြာဘူးဆိုရင် ၃ လ ၄ လောက်တော့ စစ်ရဦးမှာပါ။”
တာမွေတရားရုံးကို လန်ဒန်ဓမ္မရံသီကျောင်း ဆရာတော် ဦးဥတ္တရ၊  ဦးနန္ဒိယ၊ ဦးပညာသာရ၊ ဦးသုန္ဒရာသီရိ နဲ့ ဦးတေဇိဒ္ဓ တို့ သင်္ကန်းဝတ်နဲ့ပဲ  တရားရုံးတော်ကို လာရောက် တရား ရင်ဆိုင်ခဲ့ကြပါတယ်။
ဆရာတော်ဦးဥတ္တရကတော့ ဒီအမှုဟာ  သာသနာတော်ကြီးတခုလုံးနဲ့ သက်ဆိုင်သလို သံဃာတော် ၅ သိန်းနဲ့လည်း သက်ဆိုင်တာမျိုးဖြစ်လို့ အမှုစစ်တဲ့အခါ ဘက်မလိုက်ပဲ အမှန်ဖြစ်အောင်စစ်ဖို့လိုကြောင်း မိန့်ကြားခဲ့ပါတယ်။
“အမှုက တကယ့်ကို သာသနာနဲ့ သက်ဆိုင်တဲ့ အမှုကြီးဖြစ်နေတယ်။ သာသနာကြီး တခုလုံးနဲ့လည်း သက်ဆိုင်တယ်။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ သံဃာတော် ၅ သိန်းနဲ့လည်း သက်ဆိုင်နေတဲ့ အမှုကြီးဖြစ်ပါတယ်။ တမျိုးသားလုံးကလည်း စိတ်ဝင်စား နေတယ်ဆိုတာ ဘုန်းကြီးတို့ သိပါတယ်။ ဒါကြောင့် အမှုစစ်တဲ့နေရာမှာ တကယ့်အမှုအမှန်ကို ပေါ်လာအောင် စစ်ဖို့ အရေးကြီးပါတယ်။ သက်သေတွေရော တရားလိုတွေရော တရားခံတွေရော ဘက်မလိုက်ပဲနဲ့  အမှန်တရားတွေပေါ်အောင် စစ်နိုင်ဖို့ဆိုတာ အင်မတန်မှ အခွင့်အရေးက ရခဲပါတယ်။”
ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ ရုံုးချိန်းရှိပါတယ်။
အားလုံးနဲ့ ဆိုင်တဲ့အမှုဖြစ်သလို အမှားမခံနိုင်တဲ့အတွက် အမှုစစ်ဆေးတာဟာ နောက်ထပ်လေးလလောက်ထိ ကြာနိုင်ဖွယ်ရှိတယ်လို့ ရှေ့နေ ဦးဇော်သိန်းထွန်းက ခန့်မှန်းပြောဆိုပါတယ်။
တရားရုံးကို ရွှေည၀ါဆရာတော် ဦးပညာဝံသ၊ မကွေးပရိယတ္တိစာသင်တိုက်ဆရာတော် ဦးပါမောက္ခတို့ ကြွရောက်လာကြပြီး၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လည်း လာရောက်အားပေးခဲ့ကြပါတယ်။
တရားရုံးကို တက်ရောက်ခဲ့တဲ့ ဦးမင်းကိုနိုင်က ဒီအမှုနဲ့ပတ်သက်ပြီး ခုလို ပြောကြားသွားပါတယ်။
“ဆုံးဖြတ်ချက်တွေဟာ အနည်းနဲ့အများတော့ မြန်မာ့နိုင်ငံရေးကို ဂယက်ရိုက်မယ်ဆိုတာ ကျနော်ကြိုပြောနိုင်တယ်။ တရားမျှတမှုမရှိခဲ့ဘူးဆိုရင် နောက်ထပ်နောက်ထပ် ပြည်သူလူထုရဲ့ တုံ့ပြန်မှု၊ ဒကာ ဒကာမတွေရဲ့တုံ့ပြန်မှု၊ သံဃာထုတွေရဲ့ တုံ့ပြန်မှုတွေကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။ ဒါကြောင့် တရားအတိုင်းပဲဆုံးဖြတ်တာကို ပြည်သူတွေ လိုလားကြမယ်ဆိုတာ ပြောချင်ပါတယ်။”
ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို ဇွန်လ ၁၁ ရက် မနက် အစောပိုင်းမှာ အာဏာပိုင်တွေက  မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးသွားပြီး အင်းစိန်ထောင်ကို ပို့ဆောင်ကာ  လူဝတ်လဲခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့မှာတော့ တာမွေတရားရုံးမှာ ပထမအကြိမ် ရုံးထုတ်ကာ အာမခံကြေး တပါးကို  ကျပ် သိန်း ၂၀၀ စီနဲ့ ငါးပါးအတွက် အာမခံကြေး သိန်း ၁၀၀၀ ပေးခဲ့လို့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။


ယနေ့ အငြိမ်းစား ရဲမှူးကြီး၂ဦး၏ သားသမီး များကိုယ်တိုင် ဘင်္ဂလီများကိုခိုးသွင်းနေမှု ဖေါ်ထုတ်ဖမ်းဆီးမိ အငြိမ်းစားရဲမှူးကြီးသမီးတစ်ဦးမှ ဘင်္ဂလီများကို ကားဖြင့်ရန်ကုန်ပို့ရာ အမ်းဂိတ်တွင်ဖမ်းဆီးမိ

အမ်း။ ဇွန် ၂၇
နေပြည်တော်၊ ပုပ္ပသီရိမှ အငြိမ်းစားရဲမှူးကြီးအဆင့်ရှိသူ တစ်ဦး၏သမီးဖြစ်သူမမွန်မွန်ချိုနှင့် ရန်ကုန်မြို့ဒဂုံ မြို့နယ်တွင် နေထိုင်သူအငြိမ်းစားရဲမှူးကြီး တစ်ဦး၏သားမောင်မျိုးထက်စိုး( ဒရိုက်ဘာ) တို့ မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဘင်္ဂလီ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၈ ဦးအား ကားဖြင့်ခေါ်ဆောင်သွားခဲ့ရာ ဇွန်လ ၂၇ ရက်နေနေ့က နံနက် ၉ နာရီခန့်က အချိန်က အမ်းဂိတ်တွင်ဖမ်းဆီးမိခဲ့ကြောင်း သက်ဆိုင်ရာမှသိရသည်။
အဆိုပါကားအား အမ်းမှ အဖွဲ့ပေါင်းစုံက စိစစ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကားပေါ်တွင် ပါလာသော ဘင်္ဂလီ များမှာ - ကျောက်တော်မြို့နယ်အတွင်းမှ ဖြစ်ပြီး
( ၁) မာမတ်ရော်ရှိန်း(ဘ)မာမောက်ရော်ဖီး (၁၄ နှစ်)
( ၂) အဒူမာကား (ဘ)ရာဟာမွတ် (၁၈နှစ်)
( ၃) မိုဟာမတ်အာဒင် (ဘ) မတ်ဆွန်း (၁၆ နှစ်)
( ၄) ဆလွတ်အာမွတ် (ဘ)၀ါဖူး (၁၈နှစ်)
( ၅) နော်ဘီဟူဆောင်း(ဘ)ဇော်ဆောင်းအာလီ (၃၂ နှစ်)
( ၆) ဆာတာရာဘေဂွမ်(ဘ)ဟာဘီ ( ၁၅ နှစ်)
( ၇) ရာဟာနော်ဒိန်(ဘ)အေဆာနူလောက် (၁၅ နှစ်)
( ၈) နာဆာရာမောက် (ဘ) အဘူဆီဒီး (၁၈နှစ်)
( ၉) ဇော်ဟီးရာမောက်
(ဘ)အာတိုမိုမီ (၁၈ နှစ်) တို့ဖြစ်ကြောင်းသိရသည်။မောင်မျိုးထက်စိုး(ဘ)
ဦးကျော်စိုးလွင်၊ ၃၅ နှစ်နှင့် ဦးဆောင်သူ မမွန်မွန်ချိုမှာ ၂၈ နှစ်ရှိပြီဖြစ်ကြောင်းလည်းသိရသည်။ ယင်းတို့သည် အငြိမ်းစားရဲမှူးကြီး ၂ဦး၏ သားသမီးများဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၃ ခုနှစ်အတွင်းကလည်း မွန်ပြည်နယ်။ ကျိုက်ထိုမြို့၊ဇမ္ဗူအေးကျောင်းတိုက် မှ ဦးဃောတိယ(လူအမည်-ဦးကျော်နိုင်စိုး)အသက် ၃၈ နှစ်။(ဘ)ဦးသောင်း။
သာသနာဝင်အမှတ် ၁၀/ကထန(သ)၀၀၂၇၃၆ ဘိုကိုင်ဆောင်ထားသူ ဘုန်းကြီးတစ်ပါးက
ဘင်္ဂလီ ၈ ဦးအား ကားဖြင့်သယ်ဆောင်လာခဲ့စဉ်အမ်းဂိတ်တွင်ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ယင်းသို့ ခေါ်ဆောင်လာရာတွင် ဘင်္ဂလီ များအားသင်္ကန်းဝတ်ဖြင့် ပုံပြောင်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟုလည်းသိရှိရသည်။
ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီများဖြစ်ကြောင်းနှင့် ယင်းမတိုင်ခင်လည်း ကားဖြင့် အကြိမ်ကြိမ် ပို့ ဆောင်ပေးခဲ့သည်ဟု မေးမြန်းချက်များအရသိရှိရပါသည်။ (မှတ်ချက်- သင်္ကြန်းဝတ်ဖြင့် ဖမ်းဆီးမိခဲ့သော ဘင်္ဂလီများ၏ ပုံအားဖော်ပြပေးလိုက်ပါသည်။)
ယင်းသို့ ရဲအရာရှိတို့၏ သားသမီးမှ လူကုန်ကူးခြင်းပေါ် သက်ဆိုင်ရာမှ စုံစမ်းလျက်ရှိပြီး ဖမ်းဆီးရရှိသူ များကို အမ်းစခန်းတွင် ချုပ်နှောင်ထားကြောင်းသိရသည်။
ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွါသော ဘင်္ဂလီများအား ထိုသို့ဖမ်းဆီးမှုများ ရှိ သော်လည်း စစ်တွေလေယာဉ်ကွင်းမှ ထွက်သွားသော ဘင်္ဂလီများစွာရှိ ကြောင်းလည်းသိရသည်။
Arakan News Online

အာဏာပိုင်များ သိမ်းဆည်းထားသည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူ့မြေများပေါ်တွင် Asia World ကုမ္ပဏီက စီမံကိန်းများဆောင်ရွက်ခဲ့သည့်အပေါ် ဥပဒေအရ ဆောင်ရွက်မည်ဟုဦးသိန်းညွန့် ပြောကြား


June 27, 2014
ဇွန် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးသိန်းညွန့်က မေးခွန်းမေးမြန်းနေစဉ်
အာဏာပိုင်များ သိမ်းဆည်းထားသည့် ပြည်သူ့မြေများပေါ်တွင် Asia World Co.,Ltd မှ စီမံကိန်းများဆောင်ရွက်ခဲ့ခြင်းအား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်မည်ဟု ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
ဇွန် ၂၆ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ဆေးရုံစီမံကိန်းအဖြစ် သင်္ဃန်းကျွန်းမြို့နယ် ဇဝနနှင့် ဆ/က ရပ်ကွက်ရှိ လူနေအဆောက်အအုံ ၂ဝဝ ကျော် မြေနေရာအား သိမ်းဆည်းခဲ့ကာ Asia World Co.,Ltd သို့ လွှဲပြောင်းပေးခဲ့ပြီး လုံးချင်းတိုက်များဆောက်လုပ်၍ ပုဂ္ဂလိကများသို့ ရောင်းချခဲ့သည်ကို သိပါသလား၊ မူလနေထိုင်သူ နိုင်ငံသားများအတွက် မည်သို့ တာဝန်ယူဖြေရှင်းပေးမည်နည်း”ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့သည်။
“အစိုးရက မူလမြေသိမ်းရတဲ့ ရည်ရွယ်ချက်က ဆေးရုံစီမံကိန်းအတွက် ဖြစ်တယ်။အဲဒီနေရာတွေမှာ အဆင့်မြင့်အိမ်ရာ ၇၅ လုံးကို Asia World က ဝင်ဆောက်တယ်ဆိုတာ မူလမြေသိမ်းခဲ့တဲ့ ရည်ရွယ်ချက်နဲ့ကွဲတဲ့အတွက် ဥပဒေကြောင်းနဲ့ပြောရင် ဒါက လိမ်လည်တာပဲ။ လိမ်လည်ပြီးတော့ လူထုမြေကိုသိမ်းတာ။ အဲဒီအထဲမှာ နှစ် ၉ဝ ဂရန် ရထားတဲ့ ပြည်သူတွေပါသွားတယ်။ အကုန် အိမ်မဲ့၊ ယာမဲ့ဖြစ်ကုန်တယ်။ အကုန် ဒုက္ခရောက်ကုန်တယ်။ ဘဝတွေပါ ပျက်ကုန်တယ်။ လူတွေကို သတ္တဝါတစ်ခု၊ ကံ တစ်ခုဆိုပြီး တိရစ္ဆာန်တွေလို ပစ်ပယ်ထားတဲ့ဖြစ်စဉ်တွေကို ပြန်လည်ကုစားပေးဖို့က ဒီနေ့လူ့အခွင့်အရေးလို့ပြောနေတဲ့သူတိုင်းမှာ တာဝန်ရှိပါတယ်”ဟု ဦးသိန်းညွန့်က သတင်းထောက်များကို ပြောကြားသည်။ 
“ဟိုခေတ်က အာဏာပိုင်တွေနဲ့ပေါင်းပြီး ဥပဒေနဲ့မညီဘဲ အတင်းအဓမ္မ လုပ်ခဲ့တယ်ဆိုတာ ရှင်းရှင်းပြောရရင် တရားမဲ့ပြုကျင့်တာပဲ။ အဲဒီကုမ္ပဏီတွေကို ဥပဒေနဲ့အညီ လုပ်တတ်အောင်၊ ဥပဒေချိုးဖောက်ခဲ့တာကို လျော်ကြေးပေးအောင်တော့ ဒီကုမ္ပဏီတွေအပေါ်မှာ တစ်စုံတစ်ရာတော့ ဥပဒေကြောင်းအရ ဖိအားပေးဖို့လိုတယ်။  ဒီကုမ္ပဏီတွေအနေနဲ့ နောက်ပိုင်းမှာ နစ်နာခဲ့တဲ့ ပြည်သူတွေအတွက် ဘာမှမလုပ်ဘူးဆိုရင်တော့ ဒီကုမ္ပဏီတွေကို အရေးယူဖို့ ကျွန်တော်တင်မယ်။ ပြစ်မှုဆိုင်ရာဥပဒေမှာ ကာလစည်းကမ်းသတ်မရှိဘူး”ဟု ဦးသိန်းညွန့်က ဆက်လက်ပြောကြားသည်။
၁၉၉၄ ခုနှစ်ဝန်းကျင်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားအနီးရှိ မြေများပေါ်တွင် Asia World Co.,Ltd က ဆောက်လုပ်ရေးစီမံကိန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဦးသိန်းညွန့်၏ မေးမြန်းချက်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးစိုးတင့်က နစ်နာခဲ့ရသည့် ပြည်သူများကို နစ်နာမှုမရှိအောင် မူလနေထိုင်ရာရပ်ကွက်တွင် ပြန်လည်နေရာချထားပေးခဲ့ပြီး မြေပိုင်ဆိုင်မှုမရှိသူ အိမ်ရှင်များကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်သို့ လည်းကောင်း၊ အိမ်ငှားများကို လှိုင်သာယာမြို့နယ်သို့ လည်းကောင်း နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းဖြေကြားချက်နှင့် ပတ်သက်၍  ရွှေ့ပြောင်းပေးသည့်နေရာများတွင် ရေရရှိရေးမှအစပြု၍ အခက်အခဲများစွာရှိနေကြောင်း ဦးသိန်းညွန့်က လွှတ်တော်တွင် ပြောကြားသည်။
Eleven Media Group

မြန်မာနိုင်ငံမှာ International Roaming ဖုန်း ဝန်ဆောင်မှု ပေးတော့မယ်

မြန်မာနိုင်ငံက မိုဘိုင်းဖုန်း သုံးသူတွေ နိုင်ငံခြား ထွက်ရင် လည်း ကိုယ့် မိုဘိုင်းဖုန်းကို တပါတည်း ယူသွားကာ နိုင်ငံတကာမှာလည်း ကိုယ့် ဖုန်းနဲ့ ဆက်သွယ်လို့ ရအောင် စီစဉ်နေပါပြီ။ တခါ နိုင်ငံတကာက လူတွေ အနေနဲ့ မြန်မာနိုင်ငံကို လာတဲ့အခါ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ မိုဘိုင်း တယ်လီဖုန်းတွေကိုလည်း အသုံးပြု လို့ရအောင် စီစဉ်နေပါပြီ။ 




ဒီအကြောင်း မြန်မာ့ဆက်သွယ်ရေးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ Internatoinal Outbound Roaming Service အသုံးပြုနိုင်ရေးဆောင်ရွက်နေမှုအား ပြည်သူသို့ အသိပေးကြေညာချက်


၁ ။ မြန်မာနိုင်ငံ၏ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူများသည် မိမိကိုင်ဆောင်ထားသောGSM/ WCDMA မိုဘိုင်းတယ်လီဖုန်းဖြင့် အခြားနိုင်ငံများသို့ ရောက်ရှိချိန်တွင်လည်းကောင်း၊ အခြားနိုင်ငံများ၏ GSM/ WCDMA မိုဘိုင်းတယ်လီဖုန်းကိုင်ဆောင်သူများသည် မြန်မာနိုင်ငံ သို့ ရောက်ရှိချိန်တွင်လည်း
ကောင်း၊ ဆက်သွယ်အသုံးပြုနိုင်မည့် International Roaming စနစ်ကို ဝန်ဆောင်မှုပေးနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိပါသည်။

၂ ။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယခုအခါ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ Operator ၇၇ ဦး၏ မိုဘိုင်းဖုန်းသုံးစွဲသူများမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်း Network တွင် International Roaming လာရောက် သုံးစွဲနိုင်ပြီဖြစ်သည်။

၃ ။ အလားတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူများ အခြားနိုင်ငံသို့ ရောက်ရှိ ချိန်တွင် မိမိ၏ မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်ရေးအတွက် စက်မှုပိုင်းဆိုင်ရာများ စမ်းသပ်ဆောင်ရွက်ပြီး စီးသော နိုင်ငံပေါင်း ၃၁ နိုင်ငံမှ Operator ၃၁ ဦး၏ မိုဘိုင်း Network တွင် (၂-၇-၂၀၁၄) ရက်နေ့မှ စတင်၍ International Outbound Roamingဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။ 

အသေးစိတ်အချက်အလက်များကို www.micit.gov.mm တွင်လည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ Call Center  ဖုန်းအမှတ် ၁၈၇၆ တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။


၎ ။ International Roaming စနစ်သုံးစွဲလိုသော Postpaid မိုဘိုင်းဖုန်းသုံးစွဲသူများသည် မြန်မာ့ ဆက် သွယ် ရေးလုပ်ငန်း (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)ရှိ ငွေလက်ခံကောင်တာများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်မန်နေဂျာရုံး၊ ငွေစာရင်းဌာနများတွင် သတ်မှတ်ထားသော ကြိုတင်ငွေပေးသွင်း ရန် လိုအပ်ပါမည်။

ကြိုတင် ငွေပေးသွင်းရန် အသေးစိတ်အချက်အလက်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ငွေစာရင်း ဌာန၏ ဖုန်းအမှတ် ၀၁-၂၄၆၂၄၈ တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။

၅ ။ International Roaming စနစ်သုံးစွဲလိုသော Prepaid  မိုဘိုင်းဖုန်းသုံးစွဲသူများသည် မိမိသုံးစွဲလိုသည့် အခြေအနေအရ ကျသင့်မည့် ကုန်ကျစရိတ် ကိုခန့်မှန်းကာ ကြိုတင်၍ငွေဖြည့်ထားရန် လိုအပ်ပါမည်။ 

International Roaming ဖွင့်လှစ်နိုင်ရေး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ်အခြေစိုက် မိုဘိုင်း ဆက် သွယ်ရေးစခန်း ရန်ကုန်မြို့သို့ ဆက်သွယ်ဆောင် ရွက်ရပါမည်။ 

အသေးစိတ်အချက်အလက်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးချုပ်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေး စခန်း၏ ဖုန်းအမှတ် ၀၁-၈၆၀၄၉၇၇ တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
 
ဧရာဝတီ

ဇူလိုင် ၂ ရက်မှစ၍ GSM နှင့် WCDMA မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ သယ်ဆောင်အသုံးပြုခွင့် ပြုမည်


June 27, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏  GSM နှင့်WCDMA ဖုန်း ကိုင်ဆောင်အသုံးပြုသူများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ မိမိအသုံးပြုနေသည့်ဖုန်းများ သယ်ဆောင်အသုံးပြု ခွင့်ကို ဇူလိုင် ၂ ရက်မှ စတင်ခွင့်ပြုမည်ဖြစ်ကြောင်းကို ဇူလိုင် ၂၆ ရက် ညပိုင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။
 “International Outbound Roming  သွားရောက်သုံးစွဲနိုင်တဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိုဘိုင်းဖုန်းသုံးစွဲသူများအနေနဲ့ Prepaid ဖုန်းရော Postpaid ဖုန်းနှစ်မျိုးစလုံး သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Prepaid  ဖုန်းများအနေနဲ့ကတော့ Top-Up များကို မိမိဆန္ဒရှိတဲ့အလျောက် ဖြည့်တင်းသွားဖို့ လိုအပ်သလိုTop-Up ကတ်များကို ဝယ်ယူသွားပြီး တခြားအသုံးပြုမယ့် နိုင်ငံမှာ ကုန်သွားလို့ထပ်မံပြီး Top-Up လုပ်မယ်ဆိုရင် ရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ Postpaid  ဖုန်းအသုံးပြုသူတွေအနေနဲ့ နိုင်ငံတကာလေဆိပ် ဝင်ပေါက် ထွက်ပေါက်များဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှာရှိတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ တယ်လီဖုန်းအခွန်ကောက်ခံရေးကောင်တာများမှာ သွားရောက်ပြီး မိုဘိုင်းဖုန်း  International Outbound Roming သုံးဖို့အတွက်ကို ငွေကျပ်ငါးသိန်း ပေးသွင်းရမှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောကြားသည်။
“ဖုန်းခေါ်ဆိုခနှုန်းထားတွေအနေနဲ့  အာဆီယံနိုင်ငံတွေအတွင်းမှာတော့ ဇုန် ၁ ပေါ့၊ တောင်အာရှတိုက်ကိုတော့ ဇုန် ၂၊ အလယ်အာရှတိုက်ကိုတော့ ဇုန် ၃ ၊ ကျန်တဲ့ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ၊ အမေရိကတိုက်များကို ဇုန် ၄ ဆိုပြီး ခွဲခြားထားပါတယ်။ အာဆီယံနိုင်ငံတွင်းကနေ မြန်မာနိုင်ငံကို ပြန်ခေါ်မယ်ဆိုရင် တစ်မိနစ် ကို ကျပ် ၃ဝဝဝ၊ တောင်အာရှတိုက်နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ခေါ်ဆိုမယ်ဆို ရင် တစ်မိနစ်ကို ကျပ် ၃၅ဝဝ၊ အလယ် အာရှတိုက်ကနေ မြန်မာနိုင်ငံကို ဖုန်းခေါ်ဆိုပါက တစ်မိနစ် ကျပ် ၄၅ဝဝ၊ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ၊ အမေရိကတိုက် တွေကနေ မြန်မာနိုင်ငံကို ဖုန်းခေါ်မယ်ဆိုရင် တစ်မိနစ်ကို ကျပ် ၅ဝဝဝ နှုန်း ကျသင့်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သုံးစွဲသူတွေကို ခေါ်ဆိုမယ်ဆိုရင် ပုံမှန်ပြည်တွင်းမှာ ကောက်ခံနေတဲ့ ခေါ်ဆိုခနှုန်းထားအတိုင်းသာ ခေါ်ဆိုသူက ကျသင့်မှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ဆက်လက်ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Outbound Roming  ဝန်ဆောင်မှုကို သုံးစွဲလိုသူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် သုံးရက်ကြိုတင် လျှောက်ထားရမည်ဟု မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အရ သိရသည်။
ကျော်ထင်EMG

အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ဖမ်းဆီးတရားစွဲဆိုခံထားရသော ယူနတီသတင်းဂျာနယ် ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှု ယာယီရပ်ဆိုင်း

June 27, 2014


ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်ဖြစ်သော ယူနီတီအပတ်စဉ် သတင်းဂျာနယ်မှာ ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။
သတင်းဂျာနယ်အား ယာယီရပ်ဆိုင်းမှုကို လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် ဒယ်ဒီတာ ကိုရဲဝင်းနောင်၊ ရုံးအဖွဲ့မှူးကို အောင်ဝင်းထွန်းနှင့် ကျန်အယ်ဒီတာနှစ်ဦးတို့ အစည်းဝေးထိုင်၍ အားလုံးသဘောတူ ဆုံးဖြတ်ချက်များအရ ဂျာနယ်ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အယ်ဒီတာတွေနဲ့ အစည်းအဝေးထိုင်ပြီး ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းဖို့ကို ဆုံးဖြတ်ခဲ့တယ်။ ငွေရေးကြေးရေး အခက်အခဲရယ်၊ အခြားလုပ်ငန်းအခက်အခဲတွေကြောင့်ပါ။ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ဖိအားတွေကြောင့် မဟုတ်ပါဘူး။ ဦးတင့်ဆန်းကိုလည်း ကျွန်တော့်အနေနဲ့ တတ်နိုင်သလောက်တော့ ဂျာနယ်ကိုကြိုးစားပြီး လည်ပတ်သွားမယ်။အဆင်မပြေရင်တော့ ရပ်ဆိုင်းရမယ်လို့ အရင်တည်းက ပြောဆိုထားတာတွေ ရှိပါတယ်။ ငွေကြေးအဆင်ပြေတဲ့အခါကျရင် ပြန်ထုတ်သွားမှာပါ”ဟု ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူးဖြစ်သူ ကိုအောင်ဝင်းထွန်းက ဇွန် ၂၆ ရက် ညပိုင်းတွင် The Daily Eleven သတင်းစာသို့ အတည်ပြု ဖြေကြားခဲ့သည်။
ယူနတီသတင်းဂျာနယ် နောက်ဆုံးထုတ်စာစောင်ဖြစ်သည့် အတွဲ ၃၊ အမှတ် ၂၅ ကို ဇွန် ၂၆ ရက်တွင် ထုတ်ဝေခဲ့သည်။
ယင်းသို့ ယူနတီသတင်းဂျာနယ် ထုတ်ဝေမှုရပ်ဆိုင်းမှုနှင့် ပတ်သက်၍ ဂျာနယ်၏ သတင်းအယ်ဒီတာတစ်ဦးဖြစ်သူ မကလျာဆွေကို ဆက်သွယ်မေးမြန်းခဲ့ရာ “သတင်းဂျာနယ်ထုတ်ဝေခွင့်ရပ်ဆိုင်းတဲ့အကြောင်း ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက လုပ်တဲ့အစည်းအဝေးပွဲမှာ ရုံးအဖွဲ့မှူးကပြောတယ်။ ဘယ်လိုကြောင့် ရပ်ဆိုင်းတယ်ဆိုတာကိုတော့ တိတိကျကျမပြောဘူး။ ကျွန်မတို့အနေနဲ့ ဒါက ဆရာ ဦးတင့်ဆန်းရဲ့ သဘောထားလားဆိုတာကိုလည်း မသိသေးပါဘူး။ သူ့အနေနဲ့ ဝန်ထမ်းတွေရဲ့ လစာနဲ့ စာမှုခတွေတော့ နောက်လ ၁ဝ ရက်မှာ ပေးချေသွားမယ်လို့ ပြောကြားထားပါတယ်” ဟု ဇွန် ၂၆ ရက်တွင် ပြောကြားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့ (SB) က သတင်းမီဒီယာများ၏ ဝင်ငွေ၊ ထွက်ငွေလည်ပတ်ပုံ၊ လစာအခြေအနေနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို သိရှိရန် ဇွန် ၂၁ ရက်တွင် ပထမဦးဆုံး ခေါ်ယူမေးမြန်းသည့် မီဒီယာများတွင် ယူနတီသတင်းဂျာနယ် ပါဝင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် ယူနတီဂျာနယ်သတင်းထောက်လေးဦးတို့မှာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ ၃ အမှတ်(၄) တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း လက်ရှိကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတုလက်နက်စက်ရုံအမည်ရှိ သတင်းဆောင်းပါးဖော်ပြမှုကြောင့် မြန်မာနိုင်ငံအစိုးရလျှို့ ဝှက်ချက်ဥပဒေဖြင့် တရားစွဲဆိုခံနေရပြီး လာမည့် ဇွန် ၃ဝ ရက်တွင် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်များ တရားရုံးတော်သို့ တင်ကြမည်ဖြစ်သည်။
ဝေလင်းအောင် EMG

အီရတ် အစိုးရကို အီရန်နဲ့ ဆီးရီးယား ကူညီ

အီရတ်နိုင်ငံကို သိမ်းယူဖို့ကြိုးပမ်းနေတဲ့ ဆူနီစစ်သွေးကြွ သူပုန်တွေကို တိုက်နေတဲ့ စစ်ပွဲတွေမှာ ဆီရီးယား နဲ့ အီရန်နိုင်ငံတွေကလည်း အီရတ်အစိုးရကို အကူအညီတွေပေးတဲ့ အနေနဲ့ ပါဝင်လာကြပါတယ်။
အီရတ် နဲ့ ဆီးရီးယား ၂ နိုင်ငံ နယ်ခြား၊ ဆီးရီးယားနိုင်ငံဘက်အခြမ်းမှာရှိတဲ့ စစ်သွေးကြွတွေကို ဆီရီးယားစစ်လေယာဉ်တွေဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ အီရတ် ၀န်ကြီးချုပ် နိုရီအလ်မာလီကီက ကြာသာပတေးနေ့မှာ ပြောကြား လိုက်ပါတယ်။ သူပုန်အဖွဲ့တွေဟာ အီရတ်နိုင်ငံ အနောက်ဘက်နဲ့ မြောက်ဘက် ၂ နိုင်ငံ နယ်ခြားကို အသုံးပြုနေတာဖြစ်ပြီး၊ ဆီရီးယားဘက်က အခုလိုမျိုး လေကြောင်းကနေ ကူပြီးတိုက်ပေးတဲ့အပေါ်မှာ ကြိုဆိုတယ်လို့ ၀န်ကြီးချုပ်က ပြောလိုက်ပါတယ်။
တချို့သတင်းတွေမှာတော့ ဆီရီးယားတိုက်လေယာဉ်တွေဟာ အီရတ်လေပိုင်နက်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ အီရန်နိုင်ငံကလည်း ရှီယာလူမျိုးတွေဦးဆောင်တဲ့ အီရတ်အစိုးရကို အကူအညီတွေပေးနေပြီး၊ စစ်လက်နက်တွေ နဲ့ အီရတ်နိုင်ငံရဲ့ ကောင်းကင်ယံ ကနေ နိုင်ငံတ၀ှမ်းမှာ ကင်းထောက် ထောက်လှမ်းနိုင်စေမယ့် အဝေးထိန်းဒုံးလေယာဉ်တွေကို အကူအညီပေးလိုက်ပါတယ်။
ဆီရီးယား နဲ့ အီရန်အစိုးရတွေက ISIL အစ္စလာမစ်စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်နေတာဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့လည်း အတော်လေးကို တိုက်ဆိုင်နေပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားကတော့ အီရတ်နိုင်ငံကို အကူအညီပေးဖို့အတွက် စစ်ရေးအကြံပေး ၃၀၀ ကိုစေလွှတ်ခဲ့ပါတယ်။
 VOA

သျှမ်းပြည်တပ်မတော် SSPP နှင့် အစိုးရတပ်တို့ ကျေးသီးမြို့နယ်အတွင်းပစ်ခတ်မှုဖြစ်ပွား




 သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တာ့ဖါဆောင်တပ်စခန်းအား အစိုးရတပ်  အင်အား ၂၀၀ ကျော်က ယမန်နေ့ ဂျွန်လ ၂၆ ရက် မွန်းလွဲပိုင်း၌ တိုက်ခိုက်သောကြောင့် အစိုးရတပ်စခန်းအချို့ တန်ပြန်တိုက်ခိုက်ခြင်းခံခဲ့ရသည်။


ဓါတ်ပုံ- တိုက်ပွဲများဖြစ်ပွါးခဲ့သော နေရာပြမြေပုံ

အရှေ့အလယ်ပိုင်းတိုင်း ရလခလက်အောက်ခံ နမ့်စန်အခြေစိုက် ခလရ ၂၄၇ မှ ဗိုလ်မှူးမျိုးမြင့် ဦးဆောင်သည့် စစ်ကြောင်းက ကျေးသီးမြို့နယ် ဝမ့်ဖါဆောင်ရွာအတွင်းမှ ဖါဆောင်တံတားဦး အခြေ စိုက် သျှမ်းပြည်တပ်မတော်စခန်းအား လက်နက်ကြီးလက်နက်ငယ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားစဉ် သျှမ်းပြည်တပ်မတော်ဘက်မှလည်း ကျေးသီးမြို့နယ် ဝမ့်ကတ်ရွာအနီးရှိ အစိုးရ တပ်မတော် ၏ ယာယီတပ်စခန်းအား တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်မှ ညနေ ၆ နာရီထိုးခါနီးအထိ နှစ်ဘက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ်ရုံး အရာရှိ ဗိုလ်မှူးစိုင်းတိုင်း ကပြောသည်။

“ဗမာတပ်က လူထုကို အကာပြုပြီးတော့ ရွာထဲကနေ ကျနော်တို့တပ်ကို တိုက်တယ်။ ကျနော်တို့က ပြန်ပစ်လို့မရဘူးလေ။ ဒါကြောင့် အင်အားဖြည့်မယ့် သူတို့ရဲ့ နောက်တန်းစစ်ကြောင်း ဝမ့်ကတ်စခန်းကို တန်ပြန်တိုက်ခိုက်တယ်။ သူတို့ဘက်အင်အားတွေ ထပ်ဖြည့်တယ်လို့ သတင်းရတယ်။ သေနတ်သံက တချက်တချက် ကြားနေရသေးတယ်” - ဟု ရှေ့တန်းရောက်တပ်မှူး တဦးက ပြောသည်။

ကျေးသီးမြို့နယ် နောင်ကား၊ ပန်စယ်၊ လွယ်ယွဲ နင့် နမ့်ပုတ်  ကျေးရွာတကျောတွင် သျှမ်းပြည်တပ် မတော်နှင့် အစိုးရတပ်တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများယနေ့တိုင် ဆက်တိုက်ဖြစ်ပွားခဲ့သည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ တပ်မတော်၏ ဝမ့်ကတ် (ယာယီ) တပ်စခန်းအား သျှမ်းပြည်တပ်မတော်ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟုဆိုသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် သဘောတူညီချက်များ မလိုက်နာခြင်း၊  လူအင်အားဖြည့်ခြင်း၊ လက်နက်အင်အားဝယ်ယူစုဆောင်းခြင်း၊ တပ်စခန်းများတိုးချခြင်းများ ပြုလုပ် နေကြောင်း နေပြည်တော် အစိုးရထံ မြန်မာတပ်မတော်က စာတိုင်ထားကြောင်း၊ ထို့အတွက် ၎င်းတို့အား တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစိုးရတပ်မှူးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ တာ့ဖါဆောင်တံတားသည် ဒေသတွင်းလူထုအသုံးပြု ရန် သျှမ်းပြည်တပ်မတော် SSPP/SSA မှ တည်ဆောက်ပေးထားသည်။ အစိုးရ၏ပြည်သူ့စစ်အသွင်ပြောင်း ရေးအစီအစဉ်ကို သျှမ်းပြည်တပ်မတော်မှ လက်ခံသောကြောင့် အစိုးရတပ်က ထိုးစစ် ဆင်တိုက်ခိုက် ရာမှာ ၂၀၁၁ ခု က အမှတ် ၂ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၂ နှင့် ခလရ ၂၈၆ ပူးပေါင်းစစ်ကြောင်းက အဆိုပါတံတားအား မီးရှို့ဖျက်ဆီးခဲ့သည်။ ၂၀၁၂ ခု နေပြည်တော် အစိုးရ နှင့် သျှမ်းပြည် တပ်တော် SSPP/SSA တို့ အပစ်ရပ်ပြီးနောက်ပိုင်း မီးရှို့ဖျက်ဆီးခံရသည့် တာ့ဖါဆောင် တံတားအား ဒေသခံများအတွက် သျှမ်းပြည်တပ်မတော်ဘက်မှ ပြန်လည်တည်ဆောက်ပေးခဲ့သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရတို့သည် ၂၀၁၂ ခု နှစ်ဦးပိုင်းမှ စ၍ ငြိမ်းချမ်း ရေးပြန်လည်တည်ဆောက်လာခဲ့သော်လည်း တိုက်ပွဲအကြိမ်ပေါင်း ရာဂဏန်းဖြစ်ပွားခဲ့သည်။ ယခု ၂၀၁၄ ခုနှစ်အတွင်း တိုက်ပွဲပေါင်း၂၈ ကြိမ် - အစိုးရတပ်မတော်ဘက်သေဆုံးသူ ၁၂၁ ယောက်၊ ဒဏ်ရာရရှိသူ ၉၂ ယောက် ရှိသည်ဟုသိရကြောင်း ဌာနချုပ်ရုံးအရာ ဗိုလ်မှူးစိုင်းတိုင်းက ပြောသည်။

ထို့အတူ သျှမ်းပြည်တပ်မတော်ဘက်တွင်လည်း သေဆုံးဒဏ်ရာရှိသူ ဖမ်းဆီးထိန်းသိမ်းခံရသူစုစုပေါင်း ၁၀ ဦးထက်မနည်း၊ တပ်စခန်းလည်း ၂ ခုထက်မနည်းဆုတ်ပေးရသည်ဟု အမည်မဖေါ်လိုသည့် အရာရှိက တဦးကပြောသည်။
သျှမ်းသံတော်ဆင့်

သွားစွမ်းပြတဲ့ Suarez ၉ ပွဲအပယ်ခံရ

အီတလီ ကစားသမားကို ကိုက်ခဲ့တဲ့ အတွက် ဥရုဂွေး က လူဝစ် ဆိုရက်စ် (Luis Suraez) ကို ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က နိုင်ငံတကာ ပွဲ ၉ ပွဲ ပယ်လိုက်ပါပြီ။
အဲဒီ့အမှု အတွက် ဒဏ်ကြေး ဒေါ်လာ ၁၁၂,၀၀၀ ရိုက်လိုက်ပြီး လေးလ တိတိ ဘောလုံး နဲ့ ပတ်သက်တဲ့ ကိစ္စ ဘာမှ မလုပ်ဖို့ လည်း တားမြစ်လိုက်ပါတယ်။

ဥရုဂွေးက အီတလီကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ ပွဲမှာ ဆိုရက်စ် Suraez က အီတလီ က ဂျော်ဂျီယို ချီလီနီ (Giorgio Chiellini) ရဲ့ ပုခုံးကို ကိုက်လိုက်တာပါ။ အရင် ရှေ့နှစ်ခေါက်တုန်းကလည်း တဖက်အသင်းက လူကို ကိုက်တဲ့ အတွက် တာဝန်ရှိသူတွေက ဆိုရက်စ် ကို တားမြစ်ခဲ့ဖူးပါတယ်။ ဒီကနေ့မှာ ဒုတိယအဆင့်ကို တက်ဖို့ အတွက်  နောက်ဆုံးနေ့ အဖြစ် အသင်း ၈ သင်း ကစားကြမှာ ဖြစ်ပါတယ်။ ဂျာမနီ နဲ့ အမေရိကန် ပွဲစဉ်မှာ မိုးပြင်းပြင်းထန်ထန် ရွာတဲ့ အတွက် ကစားတဲ့ အသင်းတွေ အတွက် ပြဿနာ ရှိနိုင်ပါတယ်။

အုပ်စု G က အသင်းဖြစ်တဲ့ ဂါနာ အသင်းက ကစားသမား တစ်ဦးကို ပွဲပယ်ဖို့ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို ဂါနာ ဘောလုံး အဖွဲ့ချုပ် က အတည်ပြုလိုက်ပါတယ်။ နည်းပြကို စော်ကားခဲ့တဲ့ အတွက် အကန့်အသတ်မရှိ တားမြစ်ခံရတဲ့ ဂါနာ ကစားသမား ကယ်ဗင် ပရင်စ် ဘုတ်တန် (Kevin Prince Boateng) ကို အဲဒီ ဆုံးဖြတ်ဟာ ချက်ချင်း သက်ရောက်တဲ့အတွက် ကနေ့ကစားမယ့် ပေါ်တူဂီ နဲ့ ပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး
  ဗွီအိုအေ (မြန်မာပိုင်း)

ဂျာမနီ အမေရိကန်နဲ့ အယ်လ်ဂျီးရီးယားတို့ ဒုတိယအဆင့်တက်

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ ဂျာမနီ ၊ အမေရိကန် နဲ့ အယ်လ်ဂျီရီးယားအသင်းတို့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို တက်သွားကြပါပြီ။ Recife မြို့မှာ ကစားတဲ့ ဂျာမနီ နဲ့ အမေရိကန်အသင်းတို့ ကစားခဲ့ကြတာမှာ ဂျာမနီက အမေရိကန်ကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဂျာမနီ အတွက် တလုံးတည်းသော အနိုင်ဂိုးကို ရှေ့တန်းလူ မူလာက ဒုတိယပိုင်း ၅၅ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါဟာ မူလာအတွက်တော့ အခုနှစ်ကမ္ဘာ့ဖလားမှာ ၄ ဂိုး မြောက်ဖြစ်တဲ့အတွက် သူဟာ မက်ဆီ၊ နေမားတို့ နဲ့ သွင်းဂိုးတူသွားခဲ့ပါတယ်။  မြို့တော် Brasilia မှာ ကစားတဲ့ တဘက်က အုပ်စု G ပွဲစဉ်မှာတော့ ပေါ်တူဂီက ဂါနာကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။
ဂါနာနောက်တန်းလူ  Boye ကိုယ့်ဂိုးကိုယ်သွင်းတာကို အဆာမိုအာဂျန်က ပြန်ချေခဲ့လို့ ၁ ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီအတွက် အနိုင်ဂိုးကို ရိုနာလ်ဒိုက မိနစ် ၈၀ မှာသွင်းခဲ့တာပါ။ ဒီပွဲမှာ ရိုနာလ်ဒို အပိုင်ဂိုးသွင်းခွင့်တွေကို ဂါနာဂိုးသမားလက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီအုပ်စုမှာ ဂျာမနီက ၇ မှတ် နဲ့ အုပ်စု ပထမ၊ အမေရိကန် နဲ့ ပေါ်တူဂီတို့ ၄ မှတ်စီ တူပေမယ့် ၊ အမေရိကန်က ဂိုးကွာခြားချက် နဲ့ အုပ်စု ဒုတိယရပြီး ဒုတိယအဆင့်ကို တက်သွားပါတယ်။
မြန်မာစံတော်ချိန်မနက် ၂ နာရီခွဲမှာ ကစားခဲ့တဲ့ အုပ်စု H က ပွဲတွေမှာတော့ ဘယ်လ်ဂျီယမ်က တောင်ကိုရီးယားကို ဗာတော်န်ဂန်သွင်းတဲ့ဂိုးနဲ့  ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။  ရုရှား နဲ့ အယ်လ်ဂျီးရီးယားတို့ပွဲမှာတော့ ရုရှားက ၁ ဂိုး အရင်သွင်းပြီးမှ ဂိုးပြန်ပေးလိုက်ရတာကြောင့် ၁ ဂိုးစီ သရေနဲ့ အယ်လ်ဂျီးရီးယားက ၄ မှတ် နဲ့ ဒုတိယအဆင့် တက်ပြီး ရုရှားပြုတ်သွားပါတယ်။
ဗွီအိုအေ(မြန်မာပိုင်း)

ဆီရီးယားအရေး အမေရိကန် တရားဝင် စွက်ဖက်ပြီ

 
27 June 2014
 ဆီးရီးယားမှာ ရှိတဲ့ အတိုက်အခံ လက်နက်ကိုင်တွေ ကို၊ လေ့ကျင့်ပေးဖို့ နဲ့ လက်နက် တပ်ဆင်ပေး ဖို့၊ ဒေါ်လာ သန်း ၅၀ဝ အသုံးပြုခွင့် ကို၊ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ထံကနေ၊ သမ္မတ အိုဘားမား က တောင်းဆို လိုက်ပါ တယ်။

အဲ့ဒီ့ ဆီးရီးယား အတိုက်အခံ တိုက်ခိုက်ရေး သမားတွေ ဟာ၊ ဆီးရီးယား အစိုးရကိုရော၊ အယ်လ်ကိုင်းဒါး အဖွဲ့နဲ့ အဆက်အစပ် ရှိပြီး အီရတ် နိုင်ငံထဲကို ပါ ဝင်ထွက်လို့ရအောင် နယ်မြေတွေ ထိန်းချူပ်ထားနိုင် တဲ့ အိုင်းဇစ် စစ်သွေးကြွ အုပ်စုကိုပါ၊ တိုက်ခိုက် နေကြသူတွေ ဖြစ်ပါတယ်။

ဘယ်သူတွေဟာ အစွန်းရောက် အုပ်စုတွေ မဟုတ်ဘူးလဲ ဆိုတာ သေချာ စမ်းစစ် သုံးသပ်ပြီးမှ၊ အမေရိကန် အစိုးရ အနေနဲ့ လေ့ကျင့် ထောက်ပံ့မှုတွေ ပြုလုပ်မှာ ဖြစ်တယ် လို့ အိမ်ဖြူတော်က ပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ အခုလို တောင်းခံခဲ့မှု ကို၊ ကွန်ဂရက်စ် လွှတ်တော်ကသာ သဘောတူလိုက်ပြီ ဆိုရင်၊ ဒါဟာ ဆီးရီးယား ပြည်တွင်းစစ် ပဋိပက္ခမှာ၊ အမေရိကန်က စစ်ရေးအရ ပထမဆုံးအကြိမ် တိုက်ရိုက် ပါဝင်လာမှု ဖြစ်လာမှာပါ။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေကတော့ ဆီရီးယား သူပုန်တွေ ကို၊ လျှို့ဝှက် အစီအစဉ်တွေ နဲ့၊ ကူညီ နေနှင့်ပြီး ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ၊ အီရတ်နိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဆွန်နီသူပုန်တွေ ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်နိုင်ဖို့ နဲ့၊ အစိုးရ ခြေလျင်တပ်တွေ ကို၊ လေကြောင်းက အကူအညီ ပေးနိုင်ဖို့၊ အီရတ် အစိုးရ အနေနဲ့၊ တခြား တိုင်းပြည်တွေကနေ၊ တိုက်လေယာဉ်တွေ အမြန်ဆုံး ဝယ်ယူခဲ့သင့်တယ် ဆိုပြီး၊ အီရတ် ဝန်ကြီးချူပ် နူရီ အယ်လ်- မာလီကီ က၊ ပြောလိုက်ပါတယ်။

သူပုန်တွေရဲ့ လက်ရှိ ထကြွနေမှုကို၊ သူဦးဆောင်တဲ့ အစိုးရ အနေနဲ့ မဟန့်တား နိုင်တာဟာ၊ အီရတ် အနေနဲ့၊ အမေရိကန် အပေါ် မှီခိုနေရ လို့ ဖြစ်တယ် ဆိုတဲ့ သဘော၊ မစ္စတာ မာလီကီက ရည်ရွယ် ပြောဆိုခဲ့တာပါ။ အီရတ်ဟာ အခုဆို ရုရှားနဲ့ ဘေလာရုစ်တို့ ကနေ၊ တစ်ပတ်ရစ် တိုက်လေယာဉ် တွေ၊ ဝယ်ယူထားပြီး၊ မကြာခင် အီရတ်ကို အဲဒီ့ လေယာဉ်တွေ ရောက်လာတော့မယ် ဆိုပြီး၊ မစ္စတာ မာလီကီ က ပြောခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော ကွယ်လွန်

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော (အသက် ၉၄ နှစ်) သည် ဇွန်လ ၂၆ ရက်နေ့ ညပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲစရီယန်း ( မိုင်းလုံကြီး) ရှိ နေအိမ်မှာ ကွယ်လွန်သွားပါ တယ်။ 


 ဓာတ်ပုံ- KNU

ကွယ်လွန်ချိန်တွင် သားသမီး ၈ ဦးနှင့် မြေး၊ မြစ်များစွာ ကျန်ရစ်ခဲ့ပါတယ်။ ကျန်ရစ်သူ သားသမီးများတွင် လက်ရှိ KNU ဒု ဥက္ကဋ္ဌ နော်စီ ဖိုးရာစိန်၊ KNLA စစ်ရေးချုပ် ဗိုလ်ချုပ် ဘီလပ်စိန်နှင့် KNLA အရာရှိ ဗိုလ်မှူးချုပ် မဲအေစိန်တို့သည် ထင်ရှားသူများဖြစ်ကြပါတယ်။

ဗိုလ်ချုပ်ကြီး တာမလာဘောသည် လွတ်လပ်ရေးစစ်ကြိုခေတ်က ဗြိတိသျှ စစ်တပ်တွင် တာဝန်ထမ်းဆောင် ခဲ့သူတဦးလည်းဖြစ်ပြီး ၁၉၄၉ ခုနှစ် ကရင်တော်လှန်ရေး စတင်ချိန်ကတည်းက ပါဝင်ခဲ့သူ တဦးဖြစ်ပါ တယ်။  

ဇနီးသည် နော်ဖောကဝေါဟာ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အသက် ၉၅ အရွယ်တွင် ကွယ်လွန်ခဲ့ပါတယ်။ 



ဧရာဝတီ

တရုတ်နိုင်ငံတွင် ခေါင်းပုံဖြတ်ခံရသည့် မြန်မာလုပ်သားများကာကွယ်ရေး အစိုးရ၌ အစီအစဉ်မရှိ

တရုတ်နိုင်ငံရှိလိင်လုပ်သမများ

27 June 2014
  တရုတ်နိုင်ငံသို့ နယ်စပ် ဖြတ်ကျော်ကာ တရားမ၀င်သွား ရောက်အလုပ် လုပ်ကိုင်နေရ သော မြန်မာနိုင်ငံသားများအ တွက် အာမခံချက်ပေးနိုင်ရန် နှစ်နိုင်ငံ တည်ဆဲဥပဒေများနှင့်အ ကာအကွယ်ပေးနိုင်ရေးနားလည် မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးမှုကို တရုတ်နိုင်ငံဘက်က ကမ်းလှမ်းလာမှသာ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ဒုဝန်ကြီးဖြေသွားတဲ့အထဲ မှာ တရုတ်ကကမ်းလှမ်းမှု MOU ထိုးပြီးလုပ်ပေးမယ်ဆိုတော့ ဒါက မလုပ်ပေးနိုင်ဘူး ဆိုတဲ့သဘော ဖြစ်နေတယ်။ တရုတ်ကတော့ သူတို့အနေနဲ့ ဈေးပေါပေါရပြီးအ ချောင်ရနေတော့ သူတို့ဘက်က တော့ စပြီး ကမ်းလှမ်းလာမှာ မဟုတ်ဘူးလေ’’ ဟု ဦးစိုင်းဘိုး အောင်ကလည်း ပြောသည်။

မူဆယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်း ဘိုးအောင်က တရုတ်နိုင်ငံသို့ နယ် စပ်ဖြတ်ကျော်သွားရောက်အလုပ် လုပ်ကိုင်နေရသော မြန်မာနိုင်ငံ သားများအနေဖြင့် မတရားစေခိုင်း ခံရခြင်း၊ ခေါင်းပုံဖြတ်အမြတ် ထုတ်ခံရခြင်း၊ ထိုင်သင့်သည့်လုပ် ခလစာမရရှိခြင်းတို့ကြောင့် မည် သို့ အကာအကွယ်ပေးနိုင်မည့်ကိစ္စရပ်နှင့်ပတ်သက်၍ မေးမြန်းမှုအ ပေါ် အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးထင်အောင်က ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

တရုတ်မြန်မာနယ်စပ်ဒေသ များတွင် ထိုကဲ့သို့ ဖြစ်ပေါ်နေ သည့် ကိစ္စရပ်များကို မိမိတို့အနေ ဖြင့် ယခင်က သိရှိရခြင်းမရှိဘဲယ ခုမေးမြန်းမှသာ သိရှိရသဖြင့် ထို ကိစ္စအားဖြေရှင်းပေးနိုင်ရန် အစိုး ရ၀န်ကြီးဌာနသာမက သက်ဆိုင် ရာလွှတ်တော်ရေးရာ ကော်မတီ များကပါ ယခုကိစ္စရပ်များ ကိုင် တွယ်ဆောင်ရွက်ရန်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦး ရွှေမန်းကပြောသည်။

ယခုအချိန်တွင် တရုတ်နိုင်ငံ မှ မြန်မာအလုပ်သမားများတရား ၀င်အလုပ်လုပ်ကိုင်ရေးနှင့်ပတ် သက်၍ ကမ်းလှမ်းလာခြင်းမျိုးမ ရှိသေးသည့်အတွက် တရုတ်နိုင်ငံ အတွင်းသို့ သွားရောက်အလုပ် လုပ်ကိုင်သူများအနေဖြင့် ခြောက်ညအိပ် ခုနစ်ရက်သက်တမ်းသာရှိသော ယာယီနယ်စပ်ဖြတ်ကျော်သွားရောက်ခွင့်လက်မှတ်ဖြင့်သာကူးသန်း အလုပ်လုပ်ကိုင်နေရ ကြောင်း ဒုတိယ၀န်ကြီးက ပြော သည်။

‘‘ဒေသခံတွေအနေနဲ့အလုပ် အကိုင်ရှားပါးမှုကြောင့် နယ်စပ် ကနေတစ်ဆင့် တရုတ်ပြည်ထဲမှာ အလုပ်သွားလုပ်ရတော့ တရား ၀င်မဟုတ်တဲ့အတွက် ယာယီ လက်မှတ်နဲ့ပဲသွားရတယ်။ သက် တမ်းကုန်တော့ တရုတ်ရဲက ဖမ်း ရင်ထောင်ကျတယ်။ ထောင်ထဲမှာဆီးစစ်ပြီး မူးယစ်ဆေးသုံးတာ တွေ့ရတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သတ်မှတ်တယ်။ ပြီး တော့ လမ်းခင်းတဲ့နေရာတွေမှာ သုံးတယ်။ အဲဒီလိုခံနေရတဲ့သူ တွေအများကြီးပါ’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းဘိုးအောင်က ပြောသည်။

By မင်းဟိန်းကျော်
7DAY DAILY
http://7daydaily.com/story/14258#.U6zZ6LHCdnE

ရိုမန်းဘောထ့်တွေရဲ့ကမ္ဘာ စာရေးဆရာ အောင်ရင်ငြိမ်း တိမ်းရှောင်နေသည်ဟု သတင်းများထွက်ပေါ်

 
ရန်ကုန်၊ဇွန် ၂၆

 ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ဝေဖန်မှုများ ဆက်တိုက်ကြုံနေရသည့် ရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ်၏ စာရေးဆရာ၊ ကဗျာဆရာ အောင်ရင်ငြိမ်းမှာ တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်နေကြောင်း စာရေးဆရာ၊ ကဗျာဆရာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

“တစ်နေ့က မြို့ထဲမှာ ကောင်မလေး တစ်ယောက်နဲ့ သူ့ကို တွေ့လိုက်သေးတယ်။ ခုရက်ပိုင်းတော့ ရဲတွေရှာနေလို့ ရှောင်နေတယ်လို့ ကြားတယ်။ သူ့စာအုပ်ကိုတော့ စာပေလောက က စာရေးဆရာ အကုန်နီးပါးကတော့ လက်မခံကြဘူး” ဟု ကဗျာဆရာတစ်ဦးက ပြောဆိုသည်။

စာအုပ်ထဲတွင် ညစ်ညမ်းစာများ ပါဝင်နေသည့်အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ (၈) (ဂ)၊ ရောင်းချခြင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေ (၁၉၂) အရ အကျုံးဝင်နေသဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက တရားစွဲရန် စီစဉ်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနက သိရသည်။

“ဒီရက်ပိုင်းမှာပဲ အမှုဖွင့်ဖို့ ရှိတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ ညှိနေတယ်။ ရဲဘက်က အရေးယူရင် နှစ်ခုဖြစ်မှာ စိုးလို့ ညှိနှိုင်းနေတယ်” ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင်က ပြောကြားသည်။

တိမ်းရှောင်နေသည့် သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်ပြီး စာရေးဆရာ အောင်ရင်ငြိမ်းထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

ရိုမန်းဘောထ့်တွေရဲ့ ကမ္ဘာစာအုပ် ထုတ်ဝေသူ ဒေါ်ဇင်နှင်းက “စာရေးဆရာကို ရှာတာ ခက်တဲ့ကိစ္စတော့ မဟုတ်ဘူး။ အမရော သူရောက ဒါလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိတယ်။ သူက တိမ်းရှောင်နေတာလည်း မဟုတ်ဘူး။ အေးအေးဆေးဆေး နေတတ်တဲ့သူပါ။ သူ့ကို ရှာမတွေ့ဘူး ဆိုတာ ရှာတဲ့သူတွေ ညံ့လို့ ဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။

၎င်းစာအုပ်မှာ စာအုပ်အရောင်းဆိုင်များတွင် လက်ကျန် မရှိတော့သဖြင့် ဝယ်ယူ၍ မရတော့ဘဲ မိတ္တုကူး ရောင်းချနေမှုများလည်း ရှိနေသည်။

အဆိုပါ စာအုပ်နင့် ပတ်သတ်သည့် ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိသူများကို စတင်စုံစမ်းနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly

Thursday, June 26, 2014

ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်ဝန်ကြီးချုပ်အဖြစ် သမ္မတအဆိုပြု


5.06.2014 
ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ နယ်စပ်ရေးရာ ဒုတိယ၀န်ကြီးဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုတဲ့ နိုင်ငံတော် သမ္မတရဲ့ အဆိုပြုလွှာကို ဖတ်ကြားပြီး ကန့်ကွက်မယ်ဆိုရင် ၂၇ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ လွှတ်တော်ဥက္ကဌက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို ရခိုင်တိုင်းရင်းသားဖြစ်ဖို့၊ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်ဖို့အတွက် တောင်းဆိုခဲ့တဲ့ ရခိုင်အမျိုးသားပါတီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်ကွက်ဖို့ ခက်ခဲမယ်လို့ ယူဆကြောင်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အရေးပေါ် အစည်းအဝေးကို စစ်တွေမြို့မှာ ဒီကနေ့ မနက် ၁၀ နာရီမှာ စတင်ခဲ့ပြီး ၁၀ နာရီခွဲမှာ ပြီးဆုံးခဲ့ပါတယ်။ ပြည်နယ်လွှတ်တော်ရဲ့ အရေးပေါ်အစည်းအဝေးမှာ အဓိက ဆောင်ရွက်ခဲ့တာတွေကို ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဒီမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ကျမ်းသစ္စာကျိန်ဆိုကြတာပေါ့။ ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ ဗိုလ်ကြီးကျော်သူ။ သူတို့နှစ်ယောက် ကျမ်းသစ္စာကျိန်ဆိုပြီးရင် သမ္မတသ၀ဏ်လွှာပို့တဲ့အပိုင်းကို လွှတ်တော်ဥက္ကဌက အဲ့လို ဖတ်ပြတာပေါ့။ ပြီးရင် သမ္မတက ဗိုလ်ချုပ်မောင်မောင်အုန်းကို ၀န်ကြီးချုပ်အနေနဲ့ အဆိုပြုတယ်ဆိုပြီးရင် လွှတ်တော်ကို တင်သွင်းတယ်ပေါ့။ ပြီးရင် ဒီအဆိုပြုလွှာနဲ့ပတ်သက်ပြီးရင် လွှတ်တော်ကိုယ်စားလှယ်တွေထဲက ကန့်ကွက်မယ့်သူရှိတယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်ထဲကနေပြီး ကန့်ကွက်နိုင်ဖို့အတွက် ၂၇ ရက်နေ့ နောက်ဆုံးထားပြီး အဆိုပြုလွှာကို တင်သွင်းကြပါ ဆိုပြီးတော့ အဲ့လိုမျိုး ပြောတာပေါ့။ အဲ့ဒါပြောပြီးတာနဲ့ ဒုတိယနေ့ အစည်းအဝေးကို ၃၀ ရက်နေ့မှာ ဆက်လက်ကျင်းပမယ်ဆိုပြီး ဒီကနေ့ အစည်းအဝေးကို အဲ့လိုမျိုး ရုပ်သိမ်းလိုက်တာပေါ့။”

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ခန့်ထားမယ်ဆိုရင် ရခိုင်တိုင်းရင်းသားဖြစ်ဖို့၊ ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့နဲ့ ဒီမိုကရေစီနည်းအရ လွှတ်တော်ကိုယ်စားလှယ် အများဆုံးနေရာ ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကို ခန့်အပ်ဖို့အတွက် ဒီလ ၂၃ ရက်နေ့က  သဘောထား ထုတ်ပြန်ထားပါတယ်။ အခုလို ဗိုလ်ချုပ်မောင်မောင်အုန်းကို အဆိုပြုတဲ့အပေါ်မှာ ရခိုင်အမျိုးသားပါတီက ကန့်ကွက်ဖို့ ရှိ မရှိကိုတော့ ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

“ကန့်ကွက်ချင်တဲ့ဆန္ဒကတော့ ရှိကြတာပေါ့။ ဒါပေမဲ့ Constitution က အတားအဆီးလုပ်ထားတော့ ဘာမှတော့ ဆက်လုပ်လို့ မရတဲ့သဘောမို့ပါ။”

ဗိုလ်ချုပ်မောင်မောင်အုန်းဟာ နယ်စပ်ရေးရာ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူးနဲ့ ပြည်ထောင်စုအဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးဌာန ECC ရဲ့ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်တာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဦးအောင်မြကျော်က ပြောပါတယ်။

“ECC အဖွဲ့ တခုလောက် လုပ်ရုံနဲ့တော့ ကျနော်တို့ ရခိုင်တပြည်နယ်လုံးကို လုပ်နိုင်ပြီဆိုတဲ့ အပိုင်းကတော့ မဖြစ်နိုင်ပါဘူး။ ရခိုင်တပြည်နယ်လုံးရဲ့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှု၊ ရခိုင်တပြည်နယ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အကုန်လုံးပိုင်းမှာ တော်တော် ကျယ်ပြန့်ပါလိမ့်မယ်။ အဲ့ဒါကြောင့် သူ လုပ်လာမယ့်အပိုင်းမှာ ရခိုင်ပြည်နယ် တခုလုံးအတွက် ဘယ်လိုမျိုး ကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့ အပိုင်းကတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ရော တခြားပြည်သူတွေအနေနဲ့ အများကြီး စောင့်ကြည့်သွားကြရမယ်လို့ပဲ ကျနော့်အနေနဲ့ ထင်မြင်ယူဆပါတယ်။”

ဝန်ကြီးချုပ်သစ်အနေနဲ့ စိန်ခေါ်ချက်တွေကတော့  ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး ပဋိပက္ခတွေကို ဖြေရှင်းဖို့ဖြစ်ပြီး၊ အခြားအချက်ကတော့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ် ၁၄ ခုမှာ ဒုတိယ အနိမ့်ကျဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခြေအနေတွေကို မြှင့်တင်ဖို့ ဖြစ်နိုင်မယ်လို့ ဦးအောင်မြကျော်က သုံးသပ်ပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်းကို အဆိုပြုထားတဲ့ အပေါ်မှာတော့ ကမန်အမျိုးသားတိုးတက်ရေးပါတီက ကြိုဆိုကြောင်း ပါတီဒုဥက္ကဌ ဦးလှတိုးက ပြောပါတယ်။

“ဗိုလ်ချုပ်မောင်မောင်အုန်းက အရင်တုန်းက နယ်စပ်ရေးရာ ဒုဝန်ကြီး လုပ်ခဲ့တော့ သူက ရခိုင်ပြည်နယ်မှာလည်း အဖွဲ့အစည်းတွေမှာလည်း တကယ် ထိပ်တန်း တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ကို ဒီရခိုင်ပြည်နယ် ၀န်ကြီးချုပ်အနေနဲ့ အမည်စာရင်း တင်သွင်းတယ်ဆိုရင်တော့ ဒါ လက်ခံကြိုဆိုရမှာပဲဗျာ။ သူက ရခိုင်တွေနဲ့ အကျွမ်းဝင်ပါတယ် တော်တော်လေးကို။ ကျနော့်အနေနဲ့ကတော့ ကောင်းတယ်လို့ မြင်ပါတယ်ခင်ဗျ။”

စစ်တွေမြို့ခံတဦးကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေ အကုန်လုံးကတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရာထူးနေရာကို ရခိုင်တိုင်းရင်းသားတယောက်ဖြစ်ဖို့ ဆန္ဒရှိကြပါတယ်။ အခု လက်ရှိ အနေအထားကတော့ ရခိုင်တိုင်းရင်းသားမဟုတ်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်လာမယ့် အနေအထားမျိုး ဖြစ်နေတယ်။ အဲ့လို အနေအထားမျိုးမှာ ငြင်းပယ်လို့လည်း ရတဲ့အနေအထားမျိုး မဟုတ်တဲ့အတွက်ကြောင့် အခု အသစ်ဖြစ်လာမယ့် ၀န်ကြီးချုပ်ရဲ့ ရခိုင်ပြည်အပေါ် စေတနာထားမှုတွေ၊ လုပ်ငန်းကိုင်ငန်းတွေကို ရခိုင်တိုင်းရင်းသားတွေက စောင့်ကြည့်ရုံပဲရှိတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ် လွှတ်တော်က ဗိုလ်ချုပ်မောင်မောင်အုန်းကို ၀န်ကြီးချုပ်အဖြစ် အတည်ပြုမယ်ဆိုရင် ဒါဟာ လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာ ဒုတိယမြောက်ဖြစ်ပြီး လက်ရှိ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းဟာလည်း တပ်မတော်သား ကိုယ်စားလှယ်ကနေ ခန့်အပ်ထားသူ ဖြစ်ပါတယ်။

အမေရိကန်အကြံပြုတဲ့ အရေးပေါ်အစိုးရဖွဲ့ရေး အီရတ်ဝန်ကြီးချုပ် ပယ်ချ


 25.06.2014

ဆူနီ အစ္စလာမ်စစ်သွေးကြွတွေကို နှိမ်နင်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အရေးပေါ် အစိုးရတရပ် ဖွဲ့စည်းဖို့ တိုက်တွန်းချက်ကို အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က ပယ်ချလိုက်ပါတယ်။ ဒီလို လုပ်ဆောင်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တာ၊ ဧပြီလ ၃၀ လွှတ်တော် ရွေးကောက်ပွဲတွေ ရဲ့ ရလဒ်ကို ဆန့်ကျင်တာ ဖြစ်တယ်လို့ ဒီကနေ့ ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ မစ္စတာ Maliki က ပြောသွားတာပါ။



ရွေးကောက်ပွဲလွန် အစိုးရတရပ်ကို ဇူလိုင်လ ၁ ရက်နေ့ နောက်ဆုံး သတ်မှတ်ရက်အမီ စတင် ဖွဲ့စည်းသွားမယ့်အကြောင်း အီရတ် ခေါင်းဆောင်တွေက သူ့ကို ကတိပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က တနင်္လာနေ့က ပြောဆိုခဲ့တာပါ။ အမေရိကန် သမ္မတ အိုဘားမားနဲ့ ၀န်ကြီး ကယ်ရီ တို့ နှစ်ဦးစလုံးက အီရတ်မှာ ဆူနီနဲ့ ကာ့ဒ် လူနည်းစုတွေပါ ပါဝင်တဲ့ အစိုးရတရပ် ဖွဲ့စည်းဖို့ အီရတ်ခေါင်းဆောင်တွေကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။



မစ္စတာ Maliki ဦးဆောင်တဲ့ အီရတ်အစိုးရဟာ လူနည်းစုတွေကို ချန်လှပ်ထားပြီး ဂိုဏ်းဂဏစွဲ တင်းမာမှုတွေဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီကနေ့ သူ့ရဲ့ မိန့်ခွန်းမှာတော့ မစ္စတာ Maliki က အားလုံး ညီညွတ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ al-Qaida အဖွဲ့ခွဲတခုဖြစ်တဲ့ ISIL စစ်သွေးကြွအဖွဲ့တွေဟာ အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေကို ဒီရက်ပိုင်းတွေတွင်း ဆက်တိုက် သိမ်းယူလာနေတာ ဖြစ်ပါတယ်။
VOA

Wednesday, June 25, 2014

သျှမ်းပြည်တောင်ပိုင်းတွင် အဓမ္မစစ်သားစုဆောင်းမှု စုံစမ်းစစ်ဆေးမည်ဟု ဒုဗိုလ်ချုပ်ကြီးယွက်စစ်ပြော

, June 24, 2014
RCSS/SSA မှ အဓမ္မစစ်သားစု​ဆာင်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်းဒေသခံ သျှမ်းလူငယ်များ နေရပ် မှ စွန့်ခွါနေရသည်ဆိုသည့်ကိစ္စ ဆိုင်ရာတာဝန်ရှိများအား ခေါ်ယူစစ်ဆေးပြီး ဟုတ်မှန်ပါက တည်ဆဲ စစ်စည်းမျဉ်းအရ ပြစ်ဒဏ်ပေးမည်ဟု ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောပါသည်။


RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်

“အသက် ၁၈ နှစ်ပြည့် သျှမ်းပြည်သားတိုင်း စစ်ပညာ တတ်မြောက်ရမည်ဆိုတဲ့ ပေါ်လစီတော့ရှိတယ်။ လိုအပ်ရင်အသုံးပြုဖို့  လပိုင်းစစ်သင်တန်းပေးတာတွေရှိတယ်။ စစ်သင်တန်းပြီးရင် အိမ်ပြန်နေပြီး မိဘ အလုပ်ပြန်ကူလုပ်ဖို့ ပြန်လွှတ်ပေးတယ်။ စစ်ထဲမှာဘဲဆက်နေချင်ရင်လည်း ရတယ်။ ဒါလည်း တွေ့ဆုံ စည်းရုံးပြီးမှ ခေါ်လာတာ။ အဓမ္မ ခေါ်ယူတာမရှိဘူး။ နားလည်မှုလွဲ တာလဲဖြစ်နိုင်တယ်။ ဒီကိစ္စသေချာ စုံစမ်းရမယ်။ တကယ် ကျူးလွန် ခဲ့ရင် အဲဒီလူအပြစ်ရှိတယ်။ ခေါ်ယူစစ်ဆေးပြီး ပြစ်ဒဏ်ပေးရ ပါလိမ့် မယ်” – ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲအတွင်း၊ လင်းခေးမြို့နယ် အတွင်းက ကျေးရွာအချို့၊ တောင်ကြီးခရိုင် ရပ်စောက်မြို့ နယ်  အင်တောမြို့နယ်ခွဲ အတွင်း ကျေးရွာ အချို့တို့တွင် သျှမ်းပြည်တပ်မတော် RCSS/SSA မှ ရဲဘော်သစ်၊ တပ်သားသစ်စုဆောင်းမှုကြောင့် လူငယ် များနေရပ်မှ တိမ်းရှောင်နေရကြောင်း-  ဒေသခံများကပြောသည်။

“ကျနော့်သားက ၈ တန်းပဲ ရှိတယ်။ ရဲဘော်သစ်စာရင်းထဲ ပါတယ်။ ပို့ပေးရမယ် ပြောလို့၊ ခွင့်ပန်ပြီးတော့ မြို့ကျောင်းပြောင်းလိုက်ရတယ်။ တချို့လဲ လူငှားတယ် အခကြေးငွေပေးပြီးတော့ပေါ့။ ငှားခတယောက်  ကျပ်သိန်း ၂၀ အနည်းဆုံးပဲ။ ကျနော်တို့ကျေးလက်ရွာသားတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် သျှမ်းပြည်တပ်မတော်က အထက်အရာရှိတွေကနေ ကြည့်ရှုစစ်ဆေးပေးဖို့  စီစစ်ဆောင်ရွက်ပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ် ”  - ဟု ကျိုင်းတောင်းဒေသခံ ကလေးမိဘ တဦးက ဆိုသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသည့် နောက် ပိုင်းတပ်သားသစ် အဓမ္မစုဆောင်းရေးပေါ်လစီမရှိတော့ကြောင်း၊ ထို့အတူ ကုန်သည်ကြီးများ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများမှလွဲ၍ သာမာန် လုပ်ကိုင်စားသောက်သောသူများထံမှ အခွန် အခ ကောက်ခံခြင်းများလည်းပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာထားပါသည်။
သျှမ်းသံတော်ဆင့်

ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ဈေးကွက်ကနေ ပြန်သိမ်း

24 June 2014
စာရေးဆရာ အောင်ရင်ငြိမ်းရေးတဲ့  ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ၀တ္ထုစာအုပ်ကို စာပေဈေးကွက် ကနေ ပြန်လည်သိမ်းဆည်းနေပြီ ဖြစ်ပါတယ်။
ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာစာအုပ်ရဲ့ ဇာတ်ဝင်ခန်းအချို့မှာ  လိင်အသားပေးရေးသားမှုတွေ ပါဝင်တဲ့အတွက် ဝေဖန်မူတွေထွက်ပေါ်လာပြီးနောက် ထုတ်ဝေဖြန့်ချိသူတွေက  စာပေဈေးကွက် ကနေ ပြန်လည်သိမ်းဆည်းနေတာဖြစ်ပါတယ်။
Aung Yin Nyein
ဒီစာအုပ်ကို ဖြန့်ချိခဲ့တဲ့ ပင်လယ်သစ်စာပေတာဝန်ရှိသူကတော့ စာပေမှတ်ပုံတင်ဌာနကနေ ပြန်သိမ်းဖို့ အကြောင်းကြားခဲ့တဲ့အတွက် သိမ်းဆည်းနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“စာပေစိစစ်ရေးကြောင့် အပြင်မှာ ဟော့ရှော့နည်းနည်း ဖြစ်နေတဲ့အတွက် ပြန်သိမ်းထားရင် ကောင်းတယ်လို့ ပြောတဲ့အတွက် ပြန်သိမ်းပြီးသွားပါပြီ။ သိမ်းလိုက်တယ် ဆိုင်တွေမှာလည်း မရှိဘူး။ စာပေစိစစ်ရေးက စာရေးသူနဲ့ တိုက်ရိုက် ဆက်သွယ်တာ။”
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဠ်ကတော့ ဒီစာအုပ်ကို ဥပဒေကြောင်းအရ အရေးယူဖို့ ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီစာအုပ်မှာ ပထမ တခုကတော့ ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်ပြပြီးတော့ လွှတ်တော်က အတည်ပြုထားတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး လုပ်ငန်း ဥပဒေအောက်မှာ ဒီလို စာအုပ်မျိုးတွေ ထုတ်ဝေလို့ရှိရင် စာအုပ်ကို တရားမ၀င်စာအဖြစ် ပိတ်သိမ်းနိုင်ဖို့ တရားရုံးကို လျှောက်လို့ရတဲ့ဟာ နောက်တခါ ပုံနှိပ်သူတွေ ထုတ်ဝေသူကိုလည်း တရားရုံးကို ဦးတိုက် လျှောက်ပြီးတော့မှ တရားစွဲလို့ရတဲ့ ပြဋ္ဌာန်းချက်တွေပါတယ်။ တဖက်မှာလည်း ရာဇသတ်ကြီး ပုဒ်မမှာ ညစ်ညမ်းစာပေနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေပါတယ်။ အဲဒါကြောင့် အခုချိန်မှာ ဘယ်ဘက်လုပ်မလဲဆိုတာ ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ သုံးသပ်နေတဲ့အဆင့် ရှိပါတယ်။”
ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာစာအုပ်ကိုဝေဖန်စာရေးခဲ့တဲ့ စာရေးဆရာစည်သူအောင်မြင့်ကတော့ ဒီစာအုပ်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးမဖြစ်စေနိုင်ဘူးလို့ အခုလိုပြောပါတယ်။
“ဒီစာအုပ်ကို ကျနော်လေ့လာ ဖတ်ကြည့်လိုက်တဲ့ အခါကျတော့ အနုပညာမြောက်တင်ဆက်ထား တဲ့ ၀တ္ထုစာရင်းလည်း မ၀င်ဘူး။ ကျန်းမာရေးဆိုင်ရာ စာအုပ်လည်း မဟုတ်ဘူး။ ဒါကြီးကို တရားဝင် ထုတ်ဝေလာတဲ့အခါကျတော့ ကျနော်တို့နိုင်ငံမှာ သက်ငယ် မုဒိမ်းမှုလို့ ခေါ်တဲ့ အင်မတန်မှ လူမဆန်တဲ့  ရာဇ၀တ်တွေကလည်း များပြားနေတဲ့အချိန်မှာ ဒီလိုစာအုပ်မျိုးတွေ ထုတ်ဝေလာတဲ့အတွက် လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးကို ဆောင်ကျဉ်းလာမှာ မဟုတ်ဘူး ဆိုးကျိုးကိုပဲ ဖြစ်စေမယ်လို့ ကျနော်ထင်တယ်။”
ဒီစာအုပ်ဟာ စာရေးဆရာတွေကို နာမည်ဖျက်တဲ့ စာအုပ်ဖြစ်တယ်လို့ လူမူကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွေမှာ ရေးသားကြတာရှိသလို မြန်မာပြည်ရဲ့ စာပေလွတ်လပ်ခွင့်ကို မေးခွန်းထုတ်ဝေဖန်မှုတွေလည်းရှိနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး  မြန်မာကလောင်ရှင်များအဖွဲ့ Pen Myanmar အဖွဲ့ဝင် စာရေးဆရာ မျိုးမြင့်ညိမ်းကတော့ ဒီစာအုပ်ကြောင့် မြန်မာ့စာပေလောက တခုလုံး ပျက်စီးသွားမှာ မဟုတ်ဘူလို့ အခုလိုပြောပါတယ်။
“ဒါတခုကြောင့်မို့လို့ မြန်မာစာပေလောကကြီး ပျက်ဆီးသွားမယ်ဆိုရင်တော့ သိပ်ရယ်စရာ ကောင်းတယ်။ ဘာမှ မဖြစ်ဘူး။ စာအုပ်လေး ၄၊ ၆ ရာ ဖြန့်ချိလိုက်တဲ့အတွက်လည်း ဘာမှ  မဖြစ်ဘူး။ ဒါကို သိပ်ကြီးများတဲ့ ပြဿ     နာ တခုဖြစ်တဲ့အတွက် မြန်မာစာပေလောကကြီးဟာ ပျက်ဆီးသွားပြီ စာပေစိစစ်ရေး မရှိလို့ ဒီလို ဖြစ်တာဆိုရင်လည်း ဒါအကြောင်းပြချက်တခုပဲ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ မြန်မာစာပေလောကဟာ စာပေစိစစ်ရေး ရှိဖို့ လိုအပ်တယ်ဆိုရင်လည်း ဒါအကြောင်းပြချက်တခုပဲ ဖြစ်လိမ့်မယ်။”
ရသစာပေ စာရေးဆရာ ချစ်ဦးညိုကတော့ ၀တ္တု၊ ကဗျာဆိုတာ စာဖတ်သူအတွက် ကောင်းတဲ့ စိတ်တွေပေါ်အောင် လုပ်ပေးရတာဖြစ်ပြီး အဲဒါတွေနဲ့ ဆန့်ကျင်နေရင်တော့ မလိုလားအပ်တဲ့ စာပေတာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“၀တ္ထု၊ ကဗျာဆိုတာလည်း စာဖတ်သူရဲ့ အသိဥာဏ်ပြည့်ဝမှု၊ နှလုံးသား ဖြူစင်မှု၊ ကောင်းသောစိတ်များ မွေးမြူနိုင်မှု အဲဒါတွေကို လုပ်ပေးရမယ့်  တာဝန်ရှိတယ်။ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ပြုတယ်ဆိုရင် အဲဒါ မလိုလားအပ်တဲ့ စာပေ ဖြစ်ပါတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက စာရေးဆရာ အောင်ရင်ငြိမ်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒီစာအုပ်ရေးသားခဲ့တဲ့ စာရေးဆရာအောင်ရင်ငြိမ်းကတော့ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာစာအုပ်မဟုတ်ပဲ လူ့အဖွဲ့အစည်းအဟောင်းကြီးကို လူသားသစ်အဖွဲ့အစည်း ဖြစ်အောင် လုပ်ကြဖို့ အသိအမြင်နဲ့ ရေးသားထားတာလို့ သူရဲ့ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။
DVB

ဆွာရက်ရဲ့ "သွား" ကောင်းမှု ကမ္ဘာကျော်သွား

ကမ္ဘာ့ဖလားဘောလုံးပွဲ အုပ်စုပတ်လည် ပွဲဖြစ်တဲ့ မနေ့ညက အီတလီနဲ့ ဥရုဂွေးပွဲမှာ ဥရုဂွေးက ၁ ဂိုး ဂိုးမရှိနဲ့ အီတလီအသင်းကို အနိုင်ရသွားပါတယ်။ အီတလီအသင်းဟာ ဒိုင်ရဲ့ အနီကတ် ပြမှုကြောင့် တယောက် ထွက်ခဲ့ရပြီး ကြိုးစားခုခံ ကစားခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကမ္ဘာကျော် သတင်းတခုဖြစ်သွား ခဲ့ပါတယ်။ အီတလီနောက်ခံလူကို ဥရုဂွေး အသင်းက ကစားသမား ဆွာရက် က သွားနဲ့ ကိုက်လိုက်တဲ့ သတင်းပါဘဲ။ 



ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဟာ မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ ဘယ်ဘက်ပုခုံးကိုကိုက်လိုက်ပါတယ်။ ဟန်ဆောင်ကောင်းခဲ့တဲ့ ဆွာရက်ဟာ အဝါကဒ်တောင်မထိခဲ့ပါဘူး။ 





ပွဲအပြီး ရုပ်သံအနှေးပြကွက်တွေမှာတော့ ရည်ရွယ်ချက်ရှိရှိနဲ့ Giorgio Chiellini ပုခုံးကို ကိုက်ခဲ့တဲ့ အတွက် အရေးယူခံရဖွယ်ရှိပါတယ်။ 

လီဗာပူး အသင်းရဲ့ တိုက်စစ်မှူးလည်း ဖြစ်တဲ့ လူးဝစ် ဆွာရက်ဟာ ၂၀၁၃ ခုနှစ် English Premier League ပွဲစဉ်တခုဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်မှာလည်း ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ရဲ့ ညာဘက်လက်ကို ကိုက်ခဲ့ပါသေးတယ်။ 

လီဗာပူး အသင်းကို မရောက်ခင် အေဂျက် အသင်းမှာ ကစားစဉ် ၂၀၁၀ ခုနှစ်ကလည်း အေဂျက်အသင်းနဲ့ PSV အသင်းတို့ ကစားတဲ့ ပွဲမှာ PSV ကစားသမား Otman Bakkal ရဲ့ ပုခုံးကိုကိုက်ခဲ့ဖူးပါတယ်။ 

ဆွာရက်ဟာ ကမ္ဘာကျော်တိုက်စစ်မှူး စာရင်းဝင်ကစားသမားတဦးဖြစ်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မှာ
တော့ အားနည်းချို့ယွင်းချက်တွေ ရှိနေပါတယ်။ 

၂၀၁၂-၁၃ English Premier League ပြိုင်ပွဲမှာလည်း မန်ချက်စတာယူနိုက်တက် နောက်ခံလူ အီဗရာကို လူမျိုးရေးခွဲခြားပြောဆိုခဲ့တဲ့အတွက် ၂၀၁၃-၁၄ ရာသီအစမှ ပွဲပယ်ပြစ်ဒဏ်ထိခဲ့ပါသေးတယ်။




ဧရာဝတီ

Tuesday, June 24, 2014

ထားဝယ်မြို့သို့ လေကြောင်းလိုင်းအသစ်များ တိုးချဲ့ပျံသန်းမည်



ပြည်တွင်းခရီးသွားများနှင့်ပြည်ပခရီးသွားများပါ တိုးတက်လာနေသော ထားဝယ်မြို့သို့မကြာမီ
ရက်ပိုင်းအတွင်း လေကြောင်းလိုင်းအသစ်တစ်ခုဖြစ်သည့် Man Yadanarpon Airline က
ခရီးစဉ်တိုးချဲ့ကာ ပျံသန်းပြေးဆွဲတော့မည်ဖြစ်ကြောင်းသိရသည်။ထို့အတူ Golden Myanmar Airline ကလည်း မကြာမီကာလအတွင်း ထားဝယ်သို့ ပျံသန်းပြေးဆွဲရန်စီစဉ်လျက်ရှိပြီး အသစ်ဝင်ရောက်လာမည့်လေကြောင်းလိုင်းများသည် ပြင်သစ်နိုင်ငံထုတ် ATR 72 -600 အမျိုးအစားလေယာဉ်များအသုံးပြုပျံသန်းမည်ဖြစ်ကြောင်းလေကြောင်းသတင်းရပ်ကွက်မှသိရသည်။လက်ရှိတွင်တနင်္သာရီတိုင်းဒေသကြီးမြို့တော် ထားဝယ်မြို့သို့ မြန်မာ့လေကြောင်း၊Air KBZ ၊Yangon Airways တို့ပျံသန်းလျက်ရှိပြီး Air Bagan နှင့် Asia Wings လေကြောင်းလိုင်းတို့မှာမူပျံသန်းမှုများရပ်နားထားကြောင်းသိရသည်။

သတင်း -ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - သက်ဆိုင်ရာလေကြောင်းလိုင်းများ

ပီအာစနစ်ကို တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးဖို့ အန်ဒီအက်ဖ် ပါတီလိုလား

23 June 2014
သဘောထားကွဲလွဲမှုတွေရှိနေတဲ့ အချိုးကျကိုယ်စားပြု (ပီအာ) စနစ်အသုံးပြုဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်တွေမပါပဲ တိုင်းဒေသကြီးတွေမှာသာ ကျင့်သုံးရေးနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီ က ဒီနေ့ပဲ သဘောထား ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ndf
နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ မဲအများစုရသူ အနိုင်ရစနစ်ကနေ ပီအာခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲဖို့ လွှတ်တော်မှာ ဦးဆောင် အဆိုတင်သွင်းခဲ့တဲ့ အန်ဒီအက်ဖ် ပါတီ က ခုလို သဘောထားထုတ်ပြန်လိုက်တာပါ။
တစ်ပါတီတည်း ကြီးစိုးနေတဲ့ စနစ်ကို မကြိုက်လို့ ပီအာ စနစ်ကို ကျင့်သုံးဖို့ လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပြီး တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးဖို့ရည်ရွယ်တယ်လို့ အန်ဒီအက်ဖ် ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
“ပါတီကြီးဝါဒနဲ့ တစ်ပါတီတည်းကြီးစိုးတဲ့ စနစ်ကိုလည်း ကျနော်တို့ မလိုချင်ပါဘူး။ လွှတ်တော်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကြီးစိုးနေလို့ တချို့ ပြည်သူ လူထုကို အကျိုးပြုမယ့် ဥပဒေတွေကို ပြတ်ပြတ်သားသားနဲ့ မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်တာ မတွေ့ရဘူး။ ထို့အတူ အစိုးရအဖွဲ့ကလည်းပဲ ပြည်သူလူထုတွေကို အကာအကွယ်ပေးမယ့် ပြည်သူလူထုရဲ့အကျိုးတွေ ဆုံးရှူံးနေတာကို ပြန်လည်ပြီးတော့ ရယူပေးမယ့် ဥပဒေတွေကို တင်သွင်းခြင်းလည်း မတွေ့ရပါဘူး။ အများစုပေါ့။ အဲတော့ ပီအာ စနစ်ကျင့်သုံးလို့ရှိရင် တစ်ပါတီတည်း ကြီးစိုးတာကို ဖယ်ပြီးတော့ ပါတီပေါင်းစုံနဲ့ လွှတ်တော်ထဲကို ရောက်မယ်။ ဒီမိုကရေစီ အင်အားစုတွေ အများကြီးရောက်လာမယ်ဆိုရင်ောတ့ အပြောင်းအလဲကို ဦးဆောင်နိုင်မယ်ဆိုတဲ့ သဘောနဲ့ ပြောတာပါ။”
အန်ဒီအက်ဖ် ပါတီ လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က အခုဇွန်လဆန်းပိုင်းက အမျိုးသား လွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ် ပီအာကျင့်သုံးရေး အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ဒီအဆိုကို အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အတည်ပြုလို့ ပီအာစနစ် ကျင့်သုံးအကောင်အထည်ဖော်ဖို့ ကော်မရှင်ဖွဲ့စည်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
ဒီအဆို တင်သွင်းခဲ့တဲ့ အမတ် ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ခြိမ်းခြောက်တာ၊ လွှတ်တော်အတွင်း စောင်းမြောင်း ပြောဆိုတာတွေ ရှိတယ်လို့ အန်ဒီအက်ဖ် ပါတီရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အန်ဒီအက်ဖ်ပါတီအနေနဲ့ အမျိုးသားလွှတ်တော်မှာသာမက ပြည်သူ့လွှတ်တော်မှာပါ ပီအာစနစ် ကျင့်သုံးရေးအဆိုကို ထပ်မံတင်သွင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ပုစွန်တောင်မြို့နယ် အန်ဒီအက်ဖ်အမတ် ဦးအောင်ဇင်က လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ပြည်သူ့လွှတ်တော်မှာ ဒီကိစ္စ ဆွေးနွေးခွင့်ရဖို့ တင်ထားပြီး ဆွေးနွေးခွင့်မရသေးလို့ စောင့်နေတာ ပါလို့ ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
အချိုးပြုစနစ်ကို ၂၀၁၂ ခုနှစ်ကပဲ အန်ဒီအက်ဖ်ပါတီက လွှတ်တော်ကို တင်သွင်းခဲ့ဖူးပေမယ့် ဆွေးနွေးဖို့ မသင့်သေးဘူး ဆိုပြီး ပြည်သူ့လွှတ်တော်က မှတ်ချက်ပေးခဲ့ဖူးပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်အမတ်တွေရော တပ်မတော်တား ကိုယ်စားလှယ်တွေ ကပါ လက်ရှိ အခြေအနေနဲ့ သင့်တော်ခြင်းမရှိဘူးဆိုပြီး ပီအာစနစ်ကို မထောက်ခံတဲ့အပြင် ရခိုင်နဲ့ ရှမ်း အပါအ၀င် ညီနောင်တိုင်းရင်းသားပါတီ တွေလည်း ကန့်ကွက်ထားတာဖြစ်ပါတယ်။
အန်ဒီအက်ဖ်ပါတီကတော့ ပီအာစနစ်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးရဲ့ လိုအပ်ချက်တခုအဖြစ် ရှုမြင်ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
DVB

နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများကို သာသနာရေးဝန်ကြီးဌာနက ပြန်လည်သိမ်းယူ


နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏နေအိမ်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်

June 23, 2014 
နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများအား သာသနာရေးဝန်ကြီးဌာနမှ ပြန်လည်သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် သိန်းတစ်ရာခန့် အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူခံထားရသည့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ နေပြည်တော်ရှိ နိုင်ငံတော်မှပေးထားသော နေအိမ်ရှိပစ္စည်းများအား သာသနာရေးဝန်ကြီးဌာန၏ ၀န်ထမ်းများက လာရောက်သယ်ယူသွားခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများပြောပြချက်အရ သိရသည်။

"ဒီနေ့ မနက် ၉ နာရီဝန်းကျင်က ကားတွေနဲ့လာပြီး အဲဒီအိမ်ကပစ္စည်းတွေကို သယ်ယူသွားတာတော့တွေ့တယ်။ ကျွန်မတို့လည်း အဲဒီအနားကို ကပ်လို့မရတာနဲ့ အဝေးကပဲကြည့်နေရတယ်။ အဲဒီမှာလုံခြုံရေးရဲတွေလည်းပါတယ်။ ဘယ်သူ့အိမ်မှန်းတော့မသိပါဘူး" ဟု ရတနာသိဒ္ဓိရပ်ကွက်တွင် နေ့စားအလုပ်လုပ်သူတစ်ဦးကဆိုသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏နေအိမ်သည် ဒုတိယ၀န်ကြီးများအား နိုင်ငံတော်မှချပေးထားသည့် ရတနာသိဒ္ဓိရပ်ကွက် ရေနီလမ်း အိမ်အမှတ် ၂၁၈၉ တွင် ပြည်ထောင်စုဝန်ကြီးထမ်းဆောင်ချိန်တွင် နေထိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဇွန် ၁၉ ရက်တွင် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင်ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူစေတီတော် ထီးတော်တင်ပွဲတွင် ဌာနပိုင်ဘဏ္ဍာငွေ အလွဲသုံးစားပြုလုပ်မှုဖြင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် (စ.စ.စ) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုအမှုဖွင့်တိုင်ကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မြို့နယ် တရားရုံးတွင် ဇွန် ၁၉ ရက်က ပထမဦးဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့ကြောင်း၊ အဆိုပါနေ့ ညနေပိုင်းတွင် ဦးဆန်းဆင့်အား ရမည်းသင်းထောင်၌ ထိန်းသိမ်းထားရှိပြီး လာမည့်ဇူလိုင်လဆန်းတွင် ဒုတိယအကြိမ်အဖြစ် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်သတင်းအဖွဲ့Eleven Media Group

အမေရိကန် အဆင့်မြင့်စစ်အရာရှိရဲ့ မြန်မာခရီးစဉ် HRW ဝေဖန်


24.06.2014

မြန်မာနိုင်ငံကို အမေရိကန်ဖက်က အဆင့်မြင့် စစ်ဖက်တပ်မှူးတစ်ဦး စေလွှတ်တာဟာ အချိန်မကျသေးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကြီးက ဝေဖန်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinoski နဲ့အတူ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေးက တာဝန်ရှိသူတွေလည်း ပါသွားရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ပစိဖိတ်ဒေသစစ်ဌာနချုပ် ဒုတိယ တပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး  Anthony Crutchfield လည်း ပါသွားခဲ့တာကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးထားပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အချိန်မတိုင်သေးဘဲ မြန်မာနိုင်ငံနဲ့ ရင်းရင်းနှီးနှီးဆက်ဆံမှု ဆောင်ရွက်နေတာတွေဟာ တဖက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ထိခိုက်မှာ စိုးရိမ်ရတယ်လို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဝေဖန်လိုက်တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ရိုဟင်ဂျာအပါအ၀င် လူနည်းစုတွေအရေးကိစ္စ၊ လွတ်လပ်စွာပြောဆိုရေးသားခွင့် ကိစ္စ စတဲ့နေရာတွေမှာ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးအတွက် အတော်လေး ရပ်ခံမှုပေးထားပေမယ့် မြန်မာအစိုးရ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ်ဆက်ဆံဖို့ ကြိုးပမ်းတာဟာ စောလွန်းသေးတယ်လို့ HRW က ယူဆပါတယ်။ အမေရိကန်စစ်ဖက်က အဆင့်မြင့်တပ်မှူးတစ်ဦး မြန်မာနိုင်ငံသွားပြီး မြန်မာစစ်ဖက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်ဆိုတာဟာ မြန်မာစစ်တပ်ဖက်က အဓိပ္ပါယ်ကောက်လွဲတာမျိုး ဖြစ်နိုင်တယ်လို့ HRW အာရှရေးရာ အမှုဆောင်ညွန်ကြားရေးမှူး Brad Adam က ဗွီအိုအေကို ပြောပါတယ်။

“ပြဿနာကတော့ တကယ့်ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပျက်ကွက်တဲ့ မြန်မာအစိုးရနဲ့ မိတ်ဆွေဖြစ်ဖို့ အမေရိကန်အနေနဲ့ အသည်းအသန် လုပ်နေတဲ့ကိစ္စပါ။ အမေရိကန်ဖက်က အဆင့်မြင့် တပ်မှူးတစ်ဦးကိုလည်း မြန်မာနိုင်ငံကို သွားရောက်စေတာကြောင့် သူတို့ကိုလိုလားမှု ရှိတယ်ဆိုပြီး မြန်မာဖက်က အဓိပ္ပါယ်ကောက် လွဲသွားစေနိုင်ပါတယ်။

"တကယ်ကတော့ မြန်မာစစ်တပ်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ ဘာမှ မတွေ့ရသေးတာကြောင့် ဒါဟာ အင်မတန်စောလွန်းသေးတယ်လို့ ယူဆပါတယ်။ မြန်မာစစ်တပ်ဟာ အရပ်ဖက်အုပ်ချုပ်မှုတွေမှာ ပတ်သက် ထိန်းချုပ်ထားတုန်းပါ။ ဒါကို ပြောင်းပစ်ဖို့ လိုပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတ မဖြစ်နိုင်အောင် ကန့်သတ်ထားမှုတွေ ရှိတုန်းပါ။ ကချင်၊ ကရင်ပြည်နယ်တွေက စစ်ပွဲတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း မရပ်သေးပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှု နည်းနည်းလေး လုပ်ပြရုံနဲ့ မလုံလောက်ဘူးဆိုတာကို မြန်မာ အစိုးရကိုရော မြန်မာစစ်တပ်ကိုပါ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှင်းရှင်းလင်းလင်း ပြထားသင့်တယ်။
အဓိပ္ပါယ်ကောက်လွဲတာမျိုး မဖြစ်သင့်ပါဘူး။”

အမေရိကန်ပြည်ထောင်စုရဲ့ ပစိဖိတ်ဒေသစစ်ဌာနချုပ် ဒုတိယတပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး Anthony Crutchfield အပါအ၀င် အမေရိကန် ကာကွယ်ရေးနဲ့ ဘဏ္ဍာရေးဌာန အဆင့်မြင့်အရာရှိတွေကို ဦးဆောင်သွားသူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ HRW မှာ ၁၂ နှစ်ကြာ လုပ်ဆောင်ခဲ့ပြီး HRW ရဲ့ ၀ါရှင်တန်ဒီစီ ညွန်ကြားရေးမှူးအဖြစ် မြန်မာလူ့အခွင့်အရေးကိစ္စရပ်တွေမှာ အတော်လေး ပြင်းပြင်းထန်ထန် ထောက်ပြ ဝေဖန်ခဲ့သူတဦး ဖြစ်ပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ အမေရိကန်စစ်ဖက် တာဝန်ရှိသူတွေဟာ နေပြည်တော်မှာ မြန်မာစစ်တပ်အကြီးတန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးကိစ္စရပ်တွေ ဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဌာနကတော့ ထုတ်ပြန်ထားပါတယ်။

“Tom အနေနဲ့ကတော့ မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကိုရော မြန်မာစစ်တပ်ကိုပါ နောက် အမေရိကန်အစိုးရအတွင်းမှာပါ သူအတတ်နို်င်ဆုံး ပြင်းပြင်းထန်ထန်ဖိအားပေးပြောမယ်ဆိုတာ သံသယမရှိပါဘူး။ ဒါကြောင့် မေးခွန်းက Tom ပေါ် မတည်ပါဘူး။ ကျန်တဲ့ အမေရိကန် အစိုးရပိုင်းက အချိန်မကျသေးဘဲ မြန်မာနိုင်ငံနဲ့ရင်းရင်းနှီးနှီး စီးပွားဆက်ဆံချင်တာက ပြဿနာဖြစ်နေတာပါ။

"အမေရိကန်အနေနဲ့ မြန်မာရဲ့ ပြုပြင်ပြောင်းလဲလာမှုတွေကို မစောင့်ဘဲနဲ့ အခုဆိုရင် ထောက်ခံကူညီမှုအတော်များများပေးနေပါတယ်။ ဒါဟာ HRW အနေနဲ့ အမေရိကန်အစိုးရနဲ့ သဘောကွဲလွဲတဲ့အချက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ပြုပြင်ပြောင်းလဲမှုတွေ သိသိသာသာရှိခဲ့ပေမယ့်၊ နောက်ထပ် ပြုပြင်ပြောင်းလဲတဲ့လက္ခဏာတွေ အခု ဘာမှ မမြင်ရပါဘူး။ နောက်ကြောင်းလှည့်သွားတဲ့အခြေအနေတွေတောင်မြင်ရပါတယ်။ ဥပမာ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေကို အကြမ်းဖက်မှုတွေ ရှိနေတာပါ။ လူနည်းစုတွေကို ခွဲခြားဆက်ဆံမှုတွေကိုလည်း ကိုင်တွယ်ဖြေရှင်းတာမတွေ့ရပါဘူး။ အခြားလူနည်းစု တိုင်းရင်းသားတွေနဲ့လည်း တည်တံ့တဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် လမ်းကြောင်းမှန်ပေါ်သွားနေပြီ ပြောလို့ မရပါဘူး။”

HRW က Brad Adam ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ အမေရိကန် နိုင်ငံခြားရေးဌာန ကာကွယ်ရေးဌာနနဲ့ ဘဏ္ဍာရေးဌာနက တာဝန်ရှိသူတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို ဇွန်လ ၂၂ ရက်နေ့ ကနေ ၂၈ ရက်နေ့အထိ သွားရောက်နေတာဖြစ်ပါတယ်။

ရန်ကုန်၊ နေပြည်တော်အပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဖက်ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။ မြန်မာအစိုးရတာဝန်ရှိသူတွေ၊ စစ်ဖက်တာဝန်ရှိသူတွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
vOA

ကမ္ဘာ့ဖလား အိမ်ရှင် Brazil နဲ့ မက္ကဆီကို၊ နယ်သာလန်နဲ့ ချီလီ ဒုတိယအဆင့်တက် ပြီ

ဘရာဇီးလ်လက်ရွေးစင် Neymar က ကမ်မရွမ်းကို ဒုတိယမြောက်ဂိုးသွင်းချိန်မှာ တီဗွီကတဆင့် ကြည့်နေကြတဲ့ ပရိသတ် အောင်ပွဲခံနေစဉ်။(ဂျွန် ၂၃၊ ၂၀၁၄)
တနင်္လာနေ့မှာ ကျင်းပတဲ့ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲတွေမှာ အိမ်ရှင် ဘရားဇီးအသင်း၊ မက္ကဆီကိုအသင်း၊ ချီလီအသင်းတို့ ဒုတိယအဆင့် တက်လာကြပါပြီ။

Brasilia မြို့တော်မှာ ကျင်းပတဲ့ ပွဲမှာတော့ ဘရားဇီးက တစ်ပွဲမှမနိုင်သေးတဲ့ ကင်မရွန်းကို လေးဂိုးတဂိုးနဲ့ အနိုင်ရပြီးတော့ ၇ မှတ်နဲ့ အုပ်စု A ထိပ်ဆုံးမှာ ရှိနေပါတယ်။ Recife မြို့မှာကျင်းပတဲ့ ပွဲမှာတော့ မက္ကဆီကို က ခရိုအေရှားကို သုံးဂိုး တဂိုးနဲ့ အနိုင်ရပြီး သူကလည်း ၇ မှတ်ရရှိထားပေမယ့် ဘရားဇီးက ဂိုးကွာခြားချက်နဲ့ အုပ်စု ဗိုလ်ဖြစ်နေတာပါ။

Sao Paulo မြို့မှာ ကျင်းပတဲ့ အုပ်စု B ပွဲမှာတော့ နယ်သာလန်အသင်းက ပွဲနောက်ပိုင်း လူစားထိုးဝင်လာတဲ့ ကစားသမား နှစ်ဦးဆီက ဂိုးတွေနဲ့ ချီလီကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ နယ်သာလန်ရော ချီလီရော ဒုတိယအဆင့်ကိုတော့ တက်သွားကြပါတယ်။ နယ်သာလန်အသင်းကတော့ ကစားခဲ့သမျှ သုံးပွဲစလုံးအနိုင်ရပြီး အုပ်စု ဗိုလ်ဖြစ်နေတာပါ။ ချီလီအသင်းကတော့ သြစတေးလျရော စပိန်အသင်းကို နိုင်ထားတာပါ။

ကမ္ဘာဖလား ချံပီယံဟောင်း စပိန်ကတော့ Curitiba မြို့မှာ ကျင်းပတဲ့ ပွဲမှာ သြစတေးလျကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရပေမယ့် သူတို့နှစ်သင်းစလုံး ဒုတိယအဆင့်ကို မတတ်နိုင်ပါဘူး။ စနေနေ့မှာ ကစားမယ့်ပွဲတွေမှာတော့ ဘရားဇီးက ချီလီနဲ့ ကန်မှာဖြစ်ပြီး နယ်သာလန်က မက္ကဆီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 
 
ဗွီအိုအေ (မြန်မာဌာန)