Pages

Friday, July 18, 2014

မလေးရှား လေယာဉ် ဒုံးကျည်နဲ့ ပစ်ချခံရ

မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်ကြီးဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ကောင်းကင်ယံမှာ ကြာသာပတေးနေ့က ပေါက်ကွဲပြီး ပျက်ကျ သွားတာဖြစ်တယ်၊ ဒါဟာ မတော်တဆဖြစ်ပြီး ပျက်ကျသွားတာမဟုတ်ဖူးလို့ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပါတယ်။

ဒီလေယာဉ်ကြီးဟာ ဒုံးကျည် ထိမှန်သွားခဲ့တာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုကြောင်း VOA ရဲ့ ပင်တာဂွန်စစ်ဌာနချုပ် သတင်းထောက် Jeff Seldin ကပြောပါတယ်။ ဒီ ဒုံးကျည်ကို ဘယ်သူကပစ်လွှတ် လိုက်တယ်၊ ယူကရိန်းနယ်နမိတ်ထဲကလား ဒါမှမဟုတ် ရုရှား နယ်နမိတ်ထဲက လားဆိုတာ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ဆိုပါတယ်။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက်ကို တင်ဆောင်လာတဲ့ ဘိုးရင်း ၇၇၇ လေယာဉ်ကြီးဟာ Amsterdam ကနေ Kuala Lumpur မြို့ကို ပျံသန်း လာတာဖြစ်ပါတယ်။ လေယာဉ်ကြီးဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk မြို့ အနီးမှာ ပျက်ကျခဲ့တာပါ။

မျက်မြင်သက်သေတွေအဆိုအရ လေယာဉ် ကိုယ်ထည်အစိတ်ပိုင်းတွေ ပစ္စည်းအပိုင်းအစတွေကို မီးလောင်ပြင်ကြီး ထဲမှာ တွေ့မြင်နေရ တယ်လို့ ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့လည်းဆိုပါတယ်။

ယူကရိန်းအစိုးရကတော့ လေယာဉ်ကို ခွဲထွက်ေ၇း သူပုန်တွေက မြေပြင် ကနေ ဝေဟင်ပစ်ခတ်တဲ့ ဒုံးကျည်နဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ စွတ်စွဲထားပါတယ်။ သူပုန်တွေကလည်း ခရီးသည်တင်လေယာဉ်ကို ယူကရိန်း တိုက်လေယာဉ်က ပစ်ချလိုက်တာလို့ ပြောနေပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ယူကရိန်း သံအမတ်ကြီးကတော့ ဒီလက်ယာဉ်ပျက်ကျမှုမှာ ရုရှားစစ်တပ်က ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အထောက်ထားကို သောကြာနေ့မှာ ကျင်းပမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်ညီလာခံမှာ တင်ပြမယ်လို့ ပြောဆိုပါတယ်။
VOA

ကုလကိုယ်စားလှယ်နဲ့ ကချင်ခေါင်းဆောင်တွေတွေ့

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်
ဗွီဂျေး နမ်ဘီယား ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိတဲ့ တရုတ်မြန်မာနယ်စပ်က လိုင်ဇာမြို့ကို သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌ အပါအ၀င် ဗဟိုကော်မတီနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒ
ဒါဟာ ဒုတိယအကြိမ်မြောက် ဆွေးနွေးကြတာဖြစ်သလို ရန်ကုန်မြို့မှာ စနေနေ့မှာ ကျင်းပတော့မယ့်  အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲ မတိုင်ခင်လည်း ဖြစ်ပါတယ်။  ဒီခရီးစဉ်သတင်းကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ မူလက မတ်လ ၂၉ရက်နေ့မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းပြီးမှ ဧပြီလ ၂ရက်နေ့ မနက်မှာ KIO ဌာချုပ် လိုင်ဇာကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ အတူ လိုက်ပါသွားခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCGက ဦးအင်ရှန်ဆန်အောင်က ဗွီဂျေးနမ်ဘီယားဟာ လိုင်ဇာမြို့မှာ ဗွီဂျေးနမ်ဘီးယားဟာ KIO ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အခုလို ပြောပါတယ်။

"မနေ့ကသွားတာပါ။ မနေ့ကသွားတယ်။ ဒီနေ့ပြန်လာတယ်။ လိုင်ဇာမှာ ကေအိုင်အို ဥက္ကဋ္ဌအပါအဝင် ဗဟိုကော်မတီဝင်တွေနဲ့တွေ့ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ် အတွက် ရှေ့ဆက်လျောက်ရမယ့် ကိစ္စတွေကို ဆွေးနွေး ပါတယ်။ ပြီးရင် မစ္စတာနမ်ဘီးယားဟာလည်း မကြာခင် ဧပြီလအတွင်းမှာ ကျင်းပမယ့် ကုလသမဂ္ဂအစည်းအဝေးမှာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ သူတင်ပြရမယ်ဆိုတဲ့ အကြောင်းတွေရှိတဲ့အတွက် သူဒီကိုလာရတယ်လို့ ကျနော်သိရတယ်။ အဲ့တာကြောင့် ရှေ့ဆက်ပြီးမှလည်း သူတို့ပါဝင်မယ့်အကြောင်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတို့ဆက်လက်ပြီး ဆုံးတဲ့အထိ ပါဝင်မယ့်အကြောင်း သူတို့ပြောပါတယ်ခင်ဗျ။"

ဗွီဂျေးနမ်ဘီးယားဟာ ဧပြီလ ၁ရက်နေ့ညမှာ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ကို အကြောင်းကြားပြီး နောက်တရက် မနက်မှာ လိုင်ဇာခရီးစဉ်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီတကြိမ် ခရီးစဉ်မှာတော့ ဗွီဂျေးနမ်ဘီးယားဟာ ဒုက္ခသည် စခန်းတွေကို မသွားရောက်နိုင်ခဲ့ဘူးလို့လည်း ဦးအင်ရှန်ဆန်အောင်က ပြောပါတယ်။

" ဒုက္ခသည်စခန်းတွေကို မသွားပါဘူးခင်ဗျ။ ဒုက္ခသည်စခန်းတွေကို မရောက်ပါဘူး။ ဒုက္ခသည်စခန်းတွေကို သွားဖို့ အစီအစဉ်ရှိပေမဲ့ အချိန်မရတော့တဲ့အတွက် မသွားဖို့ဖြစ်တော့ဘူး ဖြစ်သွားတာခင်ဗျ။ ညအိပ်ပြီးတော့ မနက်အစောကြီးပြန်ပါတယ်။"

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းက ပထမအကြိမ်သွားရောက်ခဲ့တုံးကတော့ လိုင်ဇာမြို့အနီးက ဂျေယန်းစခန်းကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒီလို လာရောက်ပြီးနောက်မှာတော့ တိုက်ပွဲတွေ လျော့နည်းခဲ့သလို အထောက်အပံ့တွေလည်း ရလာခဲ့တယ်လို့ စခန်းမှာ နေထိုင်သူတဦးက အခုလို ပြောပါတယ်။

"လာပြီးနောက်မှာက တိုက်ပွဲအခြေအနေက ငြိမ်သွားတဲ့သဘောရှိတယ်။ ဒါပေမဲ့ ရှေ့တန်းမှာက အစိုးရစစ်တပ်က တပ်က အများကြီး တိုးတုန်းရှိတယ်။ ဒါပေမဲ့ တိုက်ပွဲက ငြိမ်သွားပြီ။ အဲ့ဒီ့နောက်မှာ World Food က လာတယ်။ ဆန်၊ ဆီ၊ ဆားတွေ၊ အထောက်အပံ့တွေ၊ နှစ်ခါ သုံးခါလောက် ကျနော်တို့ဆီ ရောက်တယ်။"

ဂျေယန်းဒုက္ခသည်စခန်းမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့ညက လေပြင်း တိုက်ခဲ့တာကြောင့် နေအိမ် အလုံး ၅၀လောက် အိမ်ခေါင်မိုးတွေ ပျက်ဆီးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား ဒီနေ့ နေ့ခင်း ၁၁နာရီကျော်မှာ မြစ်ကြီးနား ကို ရောက်ရှိခဲ့ပါတယ်။ နေ့ခင်း ၁နာရီခွဲမှာတော့ မြစ်ကြီးနားမြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာခဲ့ပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့  မြောက်ပိုင်းတိုင်း တိုင်းမှုးတို့ လေဆိပ်ကို လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။

ဗီဂျေးနမ်ဘီယားရဲ့ ခရီးစဉ်ကတော့ လာမယ့် စနေနေ့မှာ စတင်မယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း ညှိနှိုင်းမယ့် ဆွေးနွေးပွဲ မတိုင်ခင်မှာ အပစ်အခတ်မရပ်စဲသေးတဲ့ ကေအိုင်အိုနဲ့ သွားရောက်တွေ့ဆုံခဲ့တာဖြစ်သလို၊ စနေနေ့မှာ စတင်မယ့် ဆွေးနွေးပွဲမှာလည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 
မိုးဇော် VOA

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ရခိုင်ရောက်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို စစ်တွေထောင်နဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံ ကိုမိုးဇော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms Yanghee Lee သူ့ရဲ့ ဒုတိယမြောက်နေ့ ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့နှစ်တွေအတွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ တာဖြစ်ပါတယ်။ ဒီကနေ့ စစ်တွေမြိုမှာ ဆောင်ရွက်ခဲ့တာတွေကိုတော့ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။
"ကျနော်တို့ ဒီနေ့မနက် စစ်တွေရောက်တယ် ရောက်ပြီးတော့ ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့တယ်။ အဲ့ဒီ့မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ပါ အပါအဝင်ပေါ့နော်။ တွေ့တယ်။ တွေ့ပြီးတော့ အခု ကျနော်တို့ စစ်တွေထောင်ကို သွားပြီးတော့ အဲ့ဒီ့က အကျဉ်းသား အချို့နဲ့ တွေ့တယ်။ နောက် စက်ရုံစုဆိုတဲ့ အရပ်ကို ကျနော်တို့ သွားပါတယ်။ အခုပဲ နေ့လည်သုံးနာရီလောက် ရှိနေပြီ။ ကျနော်တို့ IDP ကမ့်တွေထဲ ဝင်တွေ့ဖို့ရှိပါတယ်။ "
ကုလသမဂ္ဂပြန်ကြားရေးရုံး ကတော့ အသေးစိတ်သတင်းထုတ်ပြန်တာမရှိပါဘူး။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ နေ့ခင်း၁၁နာရီကနေ ၁၂နာရီလောက်အထိတွေ့ဆုံခဲ့ တာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးဖြစ်တာတွေကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းက အခုလို ပြောပါတယ်။

"တွေ့တော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အရင်ဖြစ်ခဲ့တဲ့ဟာလေးတွေ အကျဉ်းရုံး ရှင်းပြတယ်။ ရှင်းပြပြီးတော့ အခုအခြေအနေက ဘယ်လိုနေရာချထားတယ်။
 ဘယ်လိုလုပ်ထားတယ်ဆိုတာ ဒီလောက်ပဲ ရှင်းပြတာပေါ့။ သူကလည်း နည်းနည်းသိချင်တာလေးတွေ မေးပြီးတော့ ရှေ့ ဘယ်လိုဆက်လုပ်ကြမလဲ ။ ဆိုတာ ဆွေးနွေးကြတာပေါ့။ အရင်ဟာတွေပဲ ပြန်ပြောကြတာပဲ။ အသစ်ဟာတွေ ဘာမှ မပါဘူး။ အဲ့တာတွေပဲ ပြောကြတာ။"

အဲ့ဒီနောက်မှာတော့ စစ်တွေထောင်ကို သွားရောက်စစ်ဆေး ခဲ့ကြောင်း ထောင်ဝန်ထမ်း တဦးက ပြောပါတယ်။
" သူတို့က ၁၁နာရီ ၂၀လောက်မှာ ရောက်တယ်။ ၃ နာရီလောက်မှာ ပြန်သွားတယ်။"
မေး။ ။ ထောင်ထဲမှာရော ဝင်ပြီး လေ့လာပါသေးလား။
"အဲ့တာတော့ ကျနော်လည်း မပြောတတ်ဘူး အစ်ကိုရေ။ သူတို့ကတော့ ခန်းမထဲမှာပဲ တွေ့ဆုံပွဲတွေ လုပ်တာပေါ့နော့။"
မေး။   ။ အကျဉ်းသားတွေ ဘာတွေ တွေ့ဆုံတာ ရှိပါသလား။
"အဲ့တာတော့ ကျနော်လည်း မပြောတတ်ပါဘူး။ ကျနော်တို့ အရာရှိတွေပဲ သိပါမယ်။"

ညနေပိုင်းမှာတော့ ရခိုင် ဒုက္ခသည်စခန်းတခုဖြစ်တဲ့ စက်ရုံစု ကို သွားရောက်ခဲ့ပါတယ်။ စစ်တွေမြို့က အစ္စလာမ် ဘာသာဝင်တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ဒုက္ခသည်စခန်းကို သွားရောက်မယ်လို့ သိရပေမဲ့ ညနေ ၄နာရီခွဲအချိန်လောက်ထိတော့ မရောက်လာသေးဘူးလို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ နောက်နေ့တွေမှာတော့ခရီးစဉ် အတွင်းမှာတော့ ကချင်ပြည်နယ် အပါအ၀င် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို သွားရောက်မှာ ဖြစ်သလို၊ နေပြည်တော်မှာ  အစိုးရတာဝန်ရှိသူတွေအပြင် အဓိကအတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ဆုံဖို့ ရှိကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ 
မိုးဇော် VOA

မလေး လေယာဉ်ပျက် စုံစမ်းရေး အဖွဲ့ကို ဝင်ခွင့်ပြုမယ်

 
ယူကရိန်း အရှေ့ပိုင်းမှာ ကြာသပတေးနေ့က ပစ်ချ ခံခဲ့ရတဲ့ မလေးရှား လေကြောင်းပိုင် MH17 ခရီးသည်တင် လေယာဉ်ရဲ့ အပျက်အစီးတွေကို သွားရောက် စုံစမ်း စစ်ဆေးဖို့အတွက် နိုင်ငံတကာ စုံစမ်း စစ်ဆေး သူတွေကို ဝင်ရောက်ခွင့် ပြုမယ်လို့ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေက ပြောလိုက်ပါတယ်။

အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ လေယာဉ်ဟာ ယူကရိန်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ပစ်ချခံရပြီးနောက် လေယာဉ်ပေါ်ပါသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရတာပါ။

ဥရောပ လုံခြုံရေးနဲ့ ပူပေါင်း ဆောင်ရွက်ရေး အဖွဲ့ ကတော့ သူတို့ရဲ့ စစ်ဆေးရေး အဖွဲ့တဖွဲ့ ဒီကနေ့ သောကြာနေ့ နှောင်းပိုင်းမှာ လေယာဉ် ပျက်ကျတဲ့ နေရာကို ရောက်ရှိမယ်လို့ ပြောပါတယ်။

အခုလို သူပုန်တွေက စစ်ဆေးရေး အဖွဲ့တွေကို ဝင်ရောက်ခွင့် ပြုခဲ့ ပေမယ့် ယူကရိန်း အစိုးရ တပ်ဖွဲ့တွေနဲ့ တိုက်ခိုက် နေမှုတွေကိုတော့ ရပ်စဲမှာ မဟုတ်ကြောင်း ယူကရိန်း သူပုန် ခေါင်းဆောင် တဦးက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Thursday, July 17, 2014

ကုလ လူ့အခွင့်အရေး သံတမန် မြန်မာ ၁၀ ရက် ခရီးစတင်

မြန်မာနိုင်ငံဆိုင်ရာ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် Ms Yanghee Lee ဟာ မြန်မာနိုင်ငံကို ပထမဆုံး ခရီးစဉ်အဖြစ် ရောက်ရှိနေပြီ  ဒီကနေ့မှာတော့ ဘာသာစုံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အင်းစိန်ထောင်ကိုလည်း သွားရောက် ပြီး နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Ms Yanghee Leeရဲ့ မြန်မာနိုင်ငံ ပထမနေ့ ခရီးစဉ်သတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ယန်ဟီ လီ မြန်မာ အစိုးရရဲ့ ဖိတ်ကြားချက်အရ ရန်ကုန်မြို့ကို ဗုဒ္ဓဟူးနေ့ ညပိုင်းက ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ၁၇ရက်နေ့ကနေ ၂၆နေ့အထိ ၁၀ရက်ကြာ ခရီးစဉ် ပထမနေ့မှာ ရန်ကုန်မြို့မှာ အဓိက တွေ့ဆုံဆွေးနွေးခဲ့တဲ့ အခြေအနေတွေကို ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။
"မနက်ကတော့ ဘာသာစုံခေါင်းဆောင်တွေအဖွဲ့ပေါ့နော်။ အဲ့တာ မြို့တော်ခန်းမမှာ တွေ့ပါတယ်။ ပြီးတော့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်နဲ့ သွားတွေ့ပါတယ်။ အဲ့ဒီ့ကနေပြီးတော့ အခု အင်းစိန်ထောင်မှာရှိတဲ့ အကြီးအကဲတွေနဲ့ရော ဒီအကျဉ်းသားတွေနဲ့ရော နိုင်ငံရေး အကျဉ်းသားတွေနဲ့ရော တွေ့ပါတယ်။ လောလောဆယ်တော့ အဲ့လောက်ပါပဲ။ ကျနော်တို့ အင်းစိန်ထောင်က အခုပဲ ထွက်လာပြီး အခု ရုံးသွားပါမယ်။ "

ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့နဲ့ ဒီမနက် ၈နာရီကနေ ၉နာရီထိ မြို့တော်ခန်းမ မှာ တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တာတွေကိုတော့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ သံအမတ်ကြီးဟောင်း ဦးလှမောင်က အခုလို ပြောပြပါတယ်။
"ဒီမှာတော့ Political Stability ဖြစ်အောင်လုပ်ဖို့လိုတယ်ဆိုတာ Maintain လုပ်နေတာပေါ့နော်။ နှစ်ပေါင်းများစွာ  Political Stability  နိုင်ငံရေး တည်ငြိမ်မှု မရှိခဲ့လို့ Economic Development မှာ နောက်ကျနေတာရှိတယ်။ အဲ့ဒီ့ သဘောလေးတွေကို ရှင်းပြတယ်။ နောက် အခုဖြစ်နေတဲ့ Conflict လေးတွေ လည်း နည်းနည်းပါးပါး ပြောပြတာပေါ့လေ။ ဒီလောက်ပါပဲ။ ဒီ့ပြင်တော့ သိပ်ပြီး မစ္စတာ ကင်တာနား ဟိုတုန်းက မေးတာ၊ ဖြေတာ ပြုတာ မရှိပါဘူး။ မိတ်ဆက်ပေးတဲ့ သဘောပါပဲ။ တစ်ယောက်နဲ့တစ်ယောက်။"
Ms Yanghee Lee ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ ၁နာရီ နီးပါးတွေ့ဆုံပြီး တွေ့ဆုံစဉ်မှာတော့ နှစ်ဖက် ဆွေးနွေး တင်ပြခဲ့ တာတွေကို ကော်မရှင်ရဲ့အတွင်းရေး ဦးစစ်မြိုင်က အခုလို ပြောပါတယ်။
" အဓိကကတော့ ကျနော်တို့ ကော်မရှင် ဖွဲ့စည်းပုံနဲ့ ဆောင်ရွက် ချက်တွေ ပြော ပါတယ်။ နောက် ဥပဒေ ပြဋ္ဌာန်းမှုကို ကျနော်တို့ ရှင်းပြပါတယ်။ နောက် တိုင်စာတွေ ဆောင်ရွက်မှုတွေ ရှင်းပြပါတယ်။ နောက် ကွင်းဆင်းဆောင်ရွက်မှု အချို့ကို ကျနော်တို့ ရှင်းပြပါတယ်။ နောက် ကျနော်တို့ အခြား အစီရင်ခံစာ ဆောင်ရွက်ချက်တွေကို သူ့ကို တင်ပြပါတယ်။ သီးခြားဆွေးနွေးတာတော့ မရှိပါဘူး။
သူ့အနေနဲ့တော့ ပွင့်လင်းမှုနဲ့ ကျနော်တို့ အပြန်အလှန် နားလည်မှုနဲ့ ဆောင်ရွက် ချင်တယ် ဆိုတဲ့ သူ့သဘောထားလေးကို ပြောပါတယ်။ သူလည်း ဒါပထမဆုံး အခေါက်ဆိုတော့လေ မိတ်ဆက်မှုနဲ့ သိချင်တာလေးတွေ သတင်းအချက်အလက်လေးတွေ လေ့လာတဲ့သဘော အဲ့လိုမြင်ပါတယ်။"
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ခရီးစဉ် အတွင်းမှာတော့ ကချင်ပြည်နယ် အပါအ၀င် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို သွားရောက် မှာ ဖြစ်သလို၊ အစိုးရ တာဝန်ရှိသူတွေနဲ့ အဓိကအတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ထားပါတယ်။  ခရီးစဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
မြန်မာ နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Equality Myanmar ရဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့  ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေက လူ့အခွင့်အရေး အခြေအနေတွေအပြင် လယ်ယာမြေကိစ္စတွေနဲ့ အမျိုးသမီးနဲ့ ကလေး အခွင့်အရေးတွေကိုလည်း အလေးထားသင့်တယ်လို့ ပြောပါတယ်။
"ကျနော်တို့ လယ်ယာမြေကိစ္စတွေ၊ ဖမ်းဆီးခံထိနေတဲ့သူတွေရဲ့ အကြောင်းအရာ ကိစ္စတွေ က တော်တော်အရေးကြီးနေပါတယ်။ ဒါက သူ့အနေနဲ့ တကယ့်ကို လုပ်ဆောင်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ နောက်တခါ လက်နက်ကိုင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုဖြစ်နေတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးနဲ့ပတ်သက်တဲ့ အခြေအနေကလည်း သူတို့မှာ ပိုမို ထိခိုက်နိုင်တဲ့ အတွက် အမျိုးသမီးနဲ့ ကလေး ရှု့ထောင့်ကလည်း လေ့လာသင့်တဲ့ အခြေအနေလို ကျနော်ထင်ပါတယ်။"
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms Yanghee Leeက  ၁၀ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကိုတော့ လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာတင်သွင်းမှာ ဖြစ်ပါတယ်။

တိုက်ပွဲရပ်တန့်ရေး စစ်ရေးလှုပ်ရှားမှုရပ်တန့်ရေး လွှတ်တော်သို့ ကျားဖြူကိုယ်စားလှယ်အဆိုတင်သွင်း

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းက တိုက်ပွဲတွေကြောင့် အခက်အခဲ  ရင်ဆိုင် နေရတဲ့ ဒေသခံ ပြည်သူများ အေးချမ်းစွာ ပြန်လည် နေထိုင် လုပ်ကိုင်စား သောက်နိုင်ရေး အတွက်  တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ရန် ကျားဖြူပါတီ လွှတ်တော် ကိုယ်စားလှယ်က ဂျူလိုင်လ ၁၅ ရက်က ပြည်သူ့ လွှတ်တော် မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဆိုပါ မှာဘာတွေပါသလဲ ။ အစိုးရဘက်က ဘယ်လို တုန့်ပြန်ပါ သလဲ။ တင်ပြသွားတဲ့ အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးတဲ့ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် နန်းဝါနုကိုသျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။



မေး။ ။ မနေ့က ပြည်သူ့လွှတ်တော်မှာ ကျေးသီးမြို့နယ် ကျားဖြူလွှတ်တော်ကိုယ်စားလှယ်က အရေးကြီးအဆိုတင်သွင်းတယ်လို့ ကြားရပါတယ်။ ကျေးဇူးပြုပြီးရှင်းပြပေးပါဦးခင်ဗျ။
ဖြေ။ ။ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက နှစ်ဘက်ဖြစ်ပွားနေတဲ့ တိုက်ပွဲများရပ်တန့်ရေး၊ တပ်အင်အားဖြည့်တင်းမှုလျှော့ချရေး နဲ့ စစ်ဘေး ရှောင်ဒေသခံများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်း အမြန်ဆုံးကူညီဖြေရှင်းအတွက် ပြည်ထောင် စုအစိုးရထံ တိုက်တွန်းတဲ့ အရေးကြီး အဆိုတရပ် ကို  ၂၀၁၄ ခု ဂျူလိုင် ၁၅ ရက် နေ့ ကျားဖြူပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မှိုင်း က ပြည်သူ့လွှတ်တော်ကို အဆိုတင်သွင်း ခဲ့ပါတယ်။  ဝမ့်ဝပ်ကျေးရွာ တာ့ဖာဆောင်ကျေးရွာ ငူးလိမ် ကျေးရွာ လွယ်ခေါ်ကျေးရွာက စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀ ကျော် ၊  သံဃာတော် အပါး ၅၀ ကျော် တို့ ရင်ဆိုင်နေရသော စားဝတ်နေရေး အခက်အခဲများ အစိုးရစာသင်ကျောင်းတွေမှာ တပ်မတော်က လာရောက်စခန်းချနေထိုင်တဲ့အတွက် ကျောင်းနေအရွယ် ကလေး များရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အပြင် စစ်ရေးလှုပ်ရှားမှုကြောင့် ဝမ့်ဝပ်ကျေးရွာသား များရဲ့ လယ်ယာမြေဧက ၂၀၀ ကျော်ပျက်စီးခဲ့ရ တာတွေပါ အဆိုထဲမှာ ပါဝင်ပါတယ်။

 မေး။ ။ ကျေးသီးမြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တွေရဲ့အခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျ။
ဖြေ။ ။ အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ သျှမ်းပြည်တိုးတက်ရေးပါတီနဲ့ မြန်မာ့ တပ်မတော်တို့က သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် တာ့ဖာဆောင်တံတားကိစ္စ အငြင်းပွါးမှု ကနေ ဂျွန်လ ၂၆ ရက်နေ့ကနေ ယနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားတယ်။ စစ်ရေးလှုပ်ရှား မှုတွေ ဖြစ်ပွါးနေတယ်။ ကျေးသီးမြို့နယ်ပတ်ဝန်းကျင်မြို့နယ်တွေက ပြည်သူတွေလည်း များစွာထိခိုက် နစ်နာမှုတွေဖြစ်နေတယ်။ ကျေးသီးမြို့နယ်ထဲက ငူးလိမ်ရွာ လွယ်ခေါ်ရွာနဲ့ ဝမ့်ဝပ်ရွာထဲက စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော် ဝမ့်ဝပ်ဘုန်းကြီးကျောင်း တွေမှာလာရောက်ခိုလှုံနေကြပါတယ်။ အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးတွေအများကြီးပါတယ်။ ဘုန်းကြီးတွေလည်းပါဝင်ပါတယ်။

မေး။ ။ ဆရာမ တို့အနေနဲ့ ဒီကိစ္စကို ဘယ်လိုသဘောထားရှိလို့အရေးကြီး အဆိုအဖြစ် တင်သွင်း ရပါသလဲ။
ဖြေ။ ။ အခုချိန်က လယ်ယာစိုက်ပျိုးရေးအချိန်ဖြစ်သည်နှင့်အညီ ခုလိုဖြစ်လာတော့လယ်ယာတွေ ပစ်ထားပြီး ထွက်ပြေး ရတာပေါ့နော်။ ရွာပြန်ပြီး အိုးအိမ်လယ်ယာတွေပြန်ကြည့်မယ်ဆိုရင်လည်း ပြန်ကြည့်ခွင့် မရဘူး ဖြစ်နေတယ်။ အစားအသောက်အသုံးအဆောင်ပစ္စည်းတွေပြန်ယူဖို့ လည်းပြန်ခွင့်မရခဲ့ဘူး။

ကလေးတွေလည်းပညာသင်ဖို့အခွင့်အရေးဆုံးရှုံးနေရတယ်။အဲဒီ ဒုက္ခသည်တွေ ရင် ဆိုင်နေရတဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးဖို့ပေါ့။ နောက်ပြီး ဒုက္ခသည်တွေ ကိုယ့်နေရပ်ကို အေးအေးချမ်း ချမ်းပြန်နေနိုင်ဖို့ အတွက်ပေါ့။ ဒီဟာတွေကို ရည်ရွယ်ပါတယ်။ သူ့ရဲ့ အရေးကြီး အဆိုကို ကျမ ထောက်ခံ ဆွေးနွေး ခဲ့ပါတယ်။


မေး ။ ဘယ်လိုထောက်ခံဆွေးနွေးခဲ့ပါသလဲ။
ဖြေ။ ။ စစ်ဘေးရှောင်တွေ စားဝတ်နေရေး လိုအပ်ချက် တွေကို  သျှမ်းပါတီ ၂ ခုနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ကူညီထောက်ပံ့မှုပေးပေမယ့် မလုံလောက်ဘူး ဆိုတဲ့အကြောင်း၊ နိုင်ငံတော်အစိုးရကနေ ရိုးသားဖြောင့် မတ်တဲ့ သဘောထားကို ဖော်ပြတဲ့အနေနဲ့ လူထုထိခိုက်နစ်နာမှုတွေကို ကူညီဖြေရှင်းပေးစေလိုပါတယ် ဆိုတဲ့ ထောက်ခံမှုအဆိုကို ကျမက ထောက်ခံတင်ပြခဲ့ပါတယ်။


မေး။ ။ ဒီအဆိုတွေကို အစိုးရဘက်က ဘယ်လိုတုန့်ပြန်ဖြေကြားခဲ့ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ -လွှတ်တော်မှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကော်မတီတခုတော့ ရှိတာပေါ့။အဲဒီကော်မတီမှာဦးသိန်းဇော်က ဥက္ကဌပါ။ ၈ ရက်၇ လ နေပြည်တော်မှာ သမ္မတရုံးဝန်ကြီး ဌာနမှာ  ငြိမ်းချမ်းရေးဖော်ဆောင်ရေးခေါင်းဆောင် ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ခွန်ထွန်းဦး၊ စဝ်ခွန်ဆိုင်၊ စဝ်ခေးမောဝ်တို့ကနေပြီးတော့ ဒီအကြောင်းနဲ့ပတ်သက်တာကို ဆွေးနွေး ခဲ့တယ်။ နှစ်ဖက်တပ်တွေ ထိပ်တိုက် တွေ့တာတွေမဖြစ်ဖို့ စစ်ရေးတင်းမာမှုတွေ မဖြစ်စေဖို့ အဲတာ တွေဆွေးနွေးခဲ့ကြတယ်။ အဲတာကြောင့် ကျမတို့ ရဲ့အဆိုကို - ဗဟိုကော်မတီအစည်းအဝေး ကျင်းပ နေတဲ့အတွက် အဖြေ ချက်ချင်းပြန်မပေးနိုင်ဘူး။ နောက်ပိုင်းအကြောင်းပြန်ပေးမယ်- လို့ပြောတယ်။ အခုချိန်မှာ နှစ်ဘက်တပ်တွေ တင်းမာမှုရှိနေသော်လည်း ထိန်းထားနိုင်ပါသေးတယ်လို့ ဦးသိန်းဇော် ကပြန်ဖြေပါတယ်။ ဒါအပြင် ကာကွယ်ရေးဌာနက ဒုဝန်ကြီး ကလည်း တပ်မတော် အကြီးအကဲတွေ တပ်မတော်သားတွေမှာလည်းဘဲ ငြိမ်းချမ်းရေးလိုချင်တဲ့ဆန္ဒရှိပါတယ်။ တိုင်းရင်းသားတွေဘက် ကလည်း  ငြိမ်းချမ်းရေး သဘောတူညီချက်ကိုအမြတ်မထုတ်စေချင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံထဲကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်လာဖို့။ တဖက်ကလည်း တိုင်းရင်းသားတပ်ဖွဲ့တွေဟာ နယ်မြေစိုးမိုးရေးလုပ်နေတယ်။ ဝမ့်ဟိုင်းကျေးရွာမှာနေဖို့ကို ဝမ့်ဝပ်အထိ လာပြီးတော့စခန်းချနေတဲ့ အတွက်ကြောင့်  အစိုးရဘက်က စစ်အင်အားသုံးရလို့ တိုက်ပွဲတွေဖြစ်ပွါးနေရတာပါ - ဆိုပြီး ပြန်ဖြေ ပါတယ်။ ဒါကြောင့်အခု အဲဒီဒေသက ပြန်လည်ထူထောင်ရေးလပ်ငန်းကို လုပ်ဆောင် ပေးပါမယ်။ စစ်ရေးလှုပ်ရှားမှုကို အမြန်ဆုံးရပ်တန့်ပေးနိုင်အောင်ကြိုးစားပါမယ် - လို့ဖြေကြားသွားပါတယ်။

မေး။ ။ ဟုတ်ကဲ့ သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံးဟာ အစိုးရနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဖော် ဆောင်ထား တာဖြစ်ပါတယ်။ သို့ပေမယ့် တိုက်ပွဲတွေ မရပ်တန့်သေးတဲ့အပေါ် တယောက်နဲ့တယောက် သူ့ကြောင့် ကိုယ့်ကြောင့်ဆိုပြီးတော့ အပြစ်ဖို့နေကြတာနဲ့ပတ်သက်ပြီးတော့ လွှတ်တော်အမတ် တယောက်နေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အခုလက်ရှိမှာ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့အစိုးရတို့ အချင်းချင်း ညှာတာတဲ့ စိတ် ငြိမ်းချမ်းရေးကို ရချင်တဲ့စိတ် နှစ်ဘက်စလုံးကပြည်သူအပေါ် ထောက်ထားညှာတာတဲ့စိတ် တဖက်ကို တဖက်ညှာတာတဲ့စိတ် နှစ်ဘက်စလုံး အောင်မြင်အောင် အကျိုးအမြတ်ရှိတဲ့ ပုံစဲနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ နိုင်ငံရေးနည်းလမ်းနဲ့အမြန်ဆုံးဖြေရှင်းသွားမှ ကျမတို့နိုင်ငံရေးပြသနာကို ဖြေရှင်းနိုင်မှာ။ ဒီအတိုင်း မဟုတ်ဘဲနဲ့ တယောက်ကိုတယောက် အပြစ်ဖို့နေမယ်ဆိုရင်တော့ ဒီဇာတ်လမ်းက ပြဿနာဘယ် တော့မှ ဆုံးမှာမဟုတ်ပါဘူး။ တယောက်ကိုတယောက် ပြစ်ဖို့နေတာ နှစ်ပေါင်း ၆၀ ကျော်နေပါပြီ။  ဒီနှစ်ပေါင်း ၆၀ အတွင်းမှာလက်နက်နဲ့လည်းတိုက်လာပြီးပြီ။ လက်နက်နဲ့ တိုက်လာတဲ့ နှစ်ပေါင်း ၆၀ အတွင်းမှာ တကယ်တမ်း အမြစ်ပြတ်ချေမှုန်းနိုင်လားဆိုတော့လည်း အမြစ်ပြတ်မချေမှုန်းနိုင်ပါဘူး။ အားစမ်းနေကြတဲ့အနေအထားနဲ့ဘဲရှိနေကြတယ်။ ဒီအနေအထားမှာရှိမနေစေချင်ပါဘူး။ ပြည်သူ လူထုက ငြိမ်းချမ်းရေး  ဖွံ့ဖြိုးတိုးတက်ရေး တအားလိုလားနေပြီ။ ဒါကြောင့် ၂ ဘက်စလုံးက နိုင်ငံ တော်အတွက် ပြည်သူလူထုအတွက် ဆိုတာကို ကြည့်ပြီးတော့ နိုင်ငံရေးအမြတ်မထုတ်ဘဲ ရိုးရိုးဖြောင့် ဖြောင့်နဲ့ နိုင်ငံတော်တိုးတက်ရေးအတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေး အမှန်တကယ်လုပ်ပေးရင် သိပ်ကောင်း တာပေါ့။
နောက်ပြီးတော့တိုင်းရင်းသားတွေလိုလားနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖယ်ဒရယ်။ ဒီဖယ်ဒရယ်ကို ကိုယ့်ရဲ့တိုင်းဒေသနဲ့ပြည်နယ်တွေမှာ ကိုယ့်ရဲ့စီမံခန့်ခွဲခွင့်အာဏာပြည့်အ၀ပေးထားမယ် ကိုယ်လိုချင်တဲ့ ဖယ်ဒရယ်ပုံစံအတိုင်းဖြစ်မယ်ဆိုရင်လည်း ငြိမ်းချမ်းရေးက အမြန်ဆုံးရနိုင် ပါတယ်။ ဒါကလည်း အခုလက်ရှိအနေအထားမှာ နိုင်ငံတော်အစိုးရက ချက်ချင်းလုပ်ပေးနိုင် တဲ့ အနေအထား ရှိတာဘဲ။ နှစ်ဘက်စလုံး ရိုးသားဖြောင့်မတ်စွာနဲ့ ဆွေးနွေးညှိနှိုင်းပြီးမှလုပ်မယ်ဆိုရင်တော့ ဘယ်လိုဘဲဖြစ်ဖြစ်အောင်မြင်နိုင်ပါတယ်။

မေး။ ။ လက်ရှိ သျှမ်းပြည်သားတွေခံစားနေရတဲ့အပေါ် ဘာတွေထပ်ဖြည့်စွက်ပြောပြချင်ပါသလဲ။
 ဖြေ။ ။ သိရသလောက် ပြည်သူလူထုက ‘ တာ့ဖာဆောင်တံတားတခုကိုဘဲ ဘာကြောင့် လာလု နေကြသလဲ ’ ဆိုတာကိုဘဲမြင်ကြပါတယ်။ နောက်ပြီးတော့ အစိုးရကိုလည်း  ‘တနိုင်ငံလုံးကိုအုပ်ချုပ်နေ တဲ့ အစိုးရ ဘာကြောင့်ဒီတံတားတခုတည်းကိုဘဲ လိုချင်မှုနဲ့ အင်အားသုံးပြီးလာတိုက်ခိုက်နေတာလဲ ’ ပေါ့။ နောက်ဆုံး သျှမ်းပြည်တပ်မတော်ကိုလည်း ‘ ပြည်သူလူထုက ဘယ်လိုမြင်လဲဆိုတော့ သူ ထိန်းချုပ် နယ်မြေ အကျယ်ကြီးထဲမှာမှဘာကြောင့် ဒီတာ့ဖာဆောင်တံတားက တပ်စခန်းအတွက် ခုခံတိုက် ခိုက်နေရတာလဲ’ ပေါ့။  လူထုဆိုတာက ရိုးရိုးရှင်းရှင်းဘဲတွေးတာကိုး။  ဒါကြောင့် ကျမ တခု ပြောချင် တာက  ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာ နိုင်ငံရေးဆွေးနွေးတဲ့အချိန်မှာ ပြည်သူလူထုက လည်း ပါဝင်ပြီးတော့မှ  သူတို့ရဲ့ အတွေးအမြင်တွေ ကိုထည့်သွင်းဆွေးနွေး စေချင်တယ်။ ပြည်သူ တွေခံစား နေရတဲ့ အခက်အခဲ ၊ ဖြစ်စေချင်တဲ့ ဆန္ဒကို အစိုးရကို တိုက်ရိုက် ဖွင့်ပြောစေချင်တယ်။ ပြည်သူတွေ ကိုယ်တိုင်ပါဝင်တဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စေ ချင်တယ်။ နောက်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီကြိုးပမ်းမှုနဲ့ ဖယ်ဒရယ် စနစ်အတွက် ပြည်သူဟာ မပါမဖြစ် အဓိက ပါဝင်နေတာကြောင့် ဒီပြောင်းလဲရေးမှာ ပြည်သူဘက်ကတတပ်တအား ပါဝင်ပါလို့တိုက်တွန်း ချင်ပါတယ်။
သျှမ်းသံတော်ဆင့်

Wednesday, July 16, 2014

မတရားအမှုဆင်ဖမ်းဆီးထောင်ချခံရသော ထားဝယ်လယ်သမားများ(ဓာတ်ပုံ)

Displaying Conquering.jpg
လယ်အတွင်း အငြင်းပွားနေသော ဦးကြူလွင်
Displaying field.jpg
လယ်အကျူးကျော် မခံရရေး တတ်သမျှ ကာကွယ်နေသော လယ်သမားဦးကြူလွင်
Displaying DSCF4251.JPG
အခင်းဖြစ်ပွားသည့်  ၁-၆-၂၀၁၄ တနင်္ဂနွေနေ့  လယ်သမားများ
Displaying DSCF4252.JPG
အခင်းဖြစ်ပွားသည့်  ၁-၆-၂၀၁၄ တနင်္ဂနွေနေ့  လယ်သမားများ
Displaying DSCF4253.JPG
အခင်းဖြစ်ပွားသည့်  ၁-၆-၂၀၁၄ တနင်္ဂနွေနေ့  လယ်သမားများ
==================================================
တရားရုံးမှ စီရင်ချက် ချမှတ်အပြီး လယ်သမားများကို ခေါ်ထုတ်လာစဉ်

Displaying 1) Aung Thu  (2).JPG
Displaying 1) Aung Thu  (6).JPG
Displaying 1) Aung Thu  (7).JPG
Displaying 2) Aung Thu  (1).JPG
ပြစ်ဒဏ်အများဆုံး ချမှတ်ခံရသော လယ်သမားဦးကြူလွင်၏ ဇနီးနှင့် သမီးကို စီရင်ချချအပြီး တွေ့ရစဉ်

                                    အချုပ်ကားပေါ်မှာ ကိုကြူလွင်၊ကိုထွန်းထွန်းဝင်း


ထားဝယ်လယ်သမား ၁၉ ဦးကို အမြင့်ဆုံး ထောင် ခြောက်လကျော် ချမှတ်

Photo- Marlar

Dawei Watch ထားဝယ်၊ ဇူလိုင် ၁၆

အစိုးရမှ သိမ်းဆည်းထားသည့် လယ်မြေပေါ်တွင် မြို့ပြစီမံကိန်းအကောင်အထည်ဖော်မှုကို တားမြစ်သည်ဟု ဆိုကာ တရားစွဲခံထားရသော လယ်သမား ၁၉ ဦးကို ထားဝယ်မြို့နယ်တရားရုံးက ဇူလိုင်လ ၁၆ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်လနှင့် ၁၅ ရက်အပါအ၀င် ထောင်ဒဏ်နှင့် ငွေဒဏ်များ စသဖြင့် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း ရှေ့နေများထံမှ သိရသည်။

လယ်သမားနှင့် မိသားစုဝင် ၁၉ ဦးအနက် ဦးကြူလွင်အား ပြည်သူ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် ၀တ္တရားနှောက်ယှက်မှု(ပုဒ်မ ၃၅၃)၊ ပြည့်သူ့ဝန်ထမ်းများအား နာကျင်စေမှု (ပုဒ်မ ၃၃၂) နှင့် ဆဲဆိုမှု (ပုဒ်မ ၂၉၄(ခ)) စသည့် ပုဒ်မသုံးခုဖြင့် စုစုပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်လ နှင့် တစ်ဆယ်ငါးရက် ကျခံရန် ပြစ်ဒဏ် အများဆုံး ချမှတ်ခဲ့ပြီး အခြားလယ်သမားတစ်ဦးဖြစ်သူ ဦးသောင်းညွှန့်အား ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၂၉၄(ခ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလ နှင့် တစ်ဆယ့်ငါးရက် ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း တရားခံများ၏ ရှေ့နေ ဦးအောင်စိန် ထံမှ သိရသည်။

၎င်းအပြင် ဦးထွန်းထွန်းဝင်းအပါအ၀င် လယ်သမား ၈ ဦးကို လည်း ပုဒ်မ ၃၅၃ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလစီ ကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ဒေါ်ရီရီထွေးအပါအ၀င် လယ်သမား အမျိုးသမီး ၄ ဦးတို့ကို ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၂၉၄(ခ) တို့အရ ဒဏ်ငွေစုစုပေါင်း တစ်သောင်းတစ်ထောင်ကျပ်စီ ကျခံစေကာ ဒေါ်မူမူစန်းအပါအ၀င် လယ်သမား အမျိုးသမီး ၅ ဦးတို့ကို ပုဒ်မ ၃၅၃ အရ ဒဏ်ငွေ တစ်သောင်းကျပ်စီ ပေးဆောင်ရန် အမိန်ချမှတ်ခဲ့ကြောင်း တရားခံများရှေ့နေထံမှ သိရသည်။

“လယ်သမားတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ရင်းနဲ့ အစိုးရရဲ့အကျိုးကို ဟန့်တားလို့ဆိုပြီး စွပ်စွဲခံခဲ့ရတာပါ” ဟု လယ်သမားများ၏ ရှေ့နေ ဦးအောင်စိန်က ပြောသည်။

လယ်သမားများသည် ပြည်သူ့ဝန်ထမ်းများတာဝန်ထမ်းဆောင်နေစဉ် ဝတ္တရားနှောင့်ယှက်မှု၊ ပြည်သူဝန်ထမ်းများအား နာကျင်စေမှု စသဖြင့် ပုဒ်မတပ်ခံခဲ့ရသော်လည်း အခင်းဖြစ်ပွားခဲ့သည့်နေ့ ဇွန်လ ၁ ရက်နေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး ၀န်ထမ်းတာဝန်ချိန်မဟုတ်သည့်အပြင် ယင်း ၀န်ထမ်းများကို တရားဝင်စာဖြင့် ခိုင်းစေခြင်းမရှိသောကြောင့် ပြည်သူ့ဝန်ထမ်းတာဝန်ကို နှောင့်ယှက်သည်ဟု ပြော၍ မရနိုင်ကြောင်း ဦးအောင်စိန်က ရှင်းပြသည်။

“တကယ်ဆိုရင် ယောက်င်္ကျားတွေ လုံးဝအပြစ်မရှိပဲနဲ့ ထောင်ကျခံရတာ။ အစကတည်းက ယောက်ကျားတွေကို ရှေ့မထွက်နဲ့။ မိန်းမတွေကပဲ ဦးဆောင်ပြီးပြောမယ်လို့ ပြောထားပြီးသား။ တကယ်လည်း မိန်းမတွေပဲ ဦးဆောင်ပြီး အော်ဟစ်ပြီးတောင်းပန်ခဲ့တာ။ တကယ်တမ်းအပြစ်ရှိမယ်ဆိုရင် မိန်းမတွေမှာပဲ အပြစ်ရှိတယ်” ဟု ပုဒ်မ နှစ်ခုဖြင့် ငွေဒဏ် ကျခံခဲ့ရသူ ဒေါ်ရွှေဇင်ယုက ပြောသည်။

လူတိုင်းတွင် မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်၊ မိမိပိုင်ဆိုင်မှုကို ကာကွယ်ပိုင်ခွင့် ရှိသောကြောင့် ယခုကဲ့သို့ အမိန့်ချမှတ်ခြင်းသည် တရားမျှတသည်ဟု မထင်မိကြောင်း ဦးအောင်စိန်က ဝေဖန်သည်။

လယ်သမားများသည် ၀န်ထမ်းများအား နှောင့်ယှက်ခြင်း၊ နာကျင်အောင်ပြုလုပ်ခြင်း မရှိဘဲ အခင်းဖြစ်ပွားစဉ် ရှိခိုးတောင်းပန်မှုသာ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုထားသည်။

"ကိုကြူလွင် ကတော့ ရဲတွေကိုလက်အုပ်ချီရှိခိုးလို့ ထောင်ထဲဝင်ရတာ ၀မ်းမနည်းဘူးတဲ့"ဟု ပြစ်ဒဏ် အများဆုံး ကျခံခဲ့ရသော ကလေးငယ်နှစ်ဦး၏ ဖခင် လယ်သမား ဦးကြူလွင်၏ ပြောဆိုချက်ကို တရားရုံးသို့ သွားရောက်ခဲ့သူ တစ်ဦးက ပြန်လည်ပြောဆိုသည်။

တရားခွင် အရှေ့မြင်ကွင်းအရ တရားစီရင်ချက်မချမီ ရဲတပ်ဖွဲ့အင်အားများစွာရောက်ရှိနေခြင်းက စီရင်ချက်ကို ကြိုသိနေသည့် သဘောဖြစ်ပြီး ယင်းအမှုအပေါ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်မှ တရားစီရင်ရေးမဏ္ဍိုင်အား လွှမ်းမိုးမှုရှိနေသည်ထင်မြင်ကြောင်း ထားဝယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကျော်ကျော်သက်က ပြောသည်။

“လယ်လုပ်ရမယ့်အချိန်မှ လယ်သမားတွေကို ထောင်ချလိုက်တာက စိတ်မကောင်းဖြစ်မိတယ်” ဟု ၎င်းက ပြောသည်။

ယင်းနည်းဖြင့် ပြဿနာကို ဖြေရှင်း၍ မရနိုင်ဘဲ ယခုကဲ့သို့ ထောင်ချခြင်းသည် အဖြေတစ်ခုမဟုတ်ကြောင်း ၊ ထောင်ချခြင်းဖြင့် လယ်သမားများ နာကြည်းချက်ကြောင့် ပြဿနာ ပိုမိုကြီးထွားလာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၁ ရက်နေ့က ထားဝယ်မြို့ဆန်းချီရပ်ကွက်ရှိ သိမ်းဆည်းလယ်ယာမြေတွင် အကောင်အထည်ဖော်နေသော မြို့ပြစီမံကိန်း ဧရိယာအတွင်း မြေကွက်ရိုက် အုတ်တိုင်စိုက်သည်ကို တားဆီးသည့် လယ်သမား ၁၉ ဦးကို ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်က ဇွန် လ ၂ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

Displaying DSCF4251.JPG

Displaying DSCF4252.JPG 
Displaying DSCF4253.JPG
အခင်းဖြစ်ပွားသည့်နေ့မှ မြင်ကွင်း
ဓာတ်ပုံ တင့်လွင်/Dawei Watch

Dawei Watch

ဟားခါးတွင် မဟာဓာတ်အားလိုင်းက လျှပ်စစ်မီး ဖြန့်ဝေ

DSC06491 copyမြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဖြစ်တဲ့ ချင်းပြည်နယ်မှာ ပထမဆုံးအဖြစ် မဟာဓာတ်အားလိုင်းကနေ ၂၄ နာရီ လျပ်စစ်မီးပေးမှုကို စတင်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ မြောက်ဖျားက ဖွံ့ဖြိုးမှုတိုးတက်မှုအနိမ့်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ချင်းပြည်နယ်ထဲက ဟားခါးမြို့မှာ အရင်က ၃ ရက် ၄ ရက်မှတကြိမ် လျှပ်စစ်မီး ဖြန့်ဝေနိုင်ခဲ့ရာကနေ အခုဇူလိုင်လ အစောပိုင်းကနေစတင်ပြီး နေစဉ် ဖြန့်ဝေပေးနေတယ်လို့ ဟားခါးမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဌာနက တာဝန်ကျ တဦးက ပြောပါတယ်။

၂၄ နာရီလျှပ်စစ် ဓာတ်အား ဖြန့်ဝေပေးနေ တာဖြစ်ပြီး တချို့ရပ်ကွက်တွေမှာ လိုင်းမကောင်းတာတွေ မပေးနိုင်တာတွေ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။
“၂ ပတ်လောက်ရှိပြီ။ ၂၄ နာရီပေးပါတယ်။ လိုင်းမကောင်းတဲ့ နေရာတွေလည်း ရှိသေးတယ်။ လာလိုက် ပြတ်လိုက် အဲဒီလိုမျိုးပေါ့။”
နောင်လာမယ့် လပိုင်းတွေအတွင်း မဟာဓာတ်အားလိုင်းကနေ တဆင့် ဖလမ်းမြို့ကို ပေးဖို့ ချဲ့ထွင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
အရင်က ဟားခါးနဲ့ဖလမ်းမြို့နယ်တွေက လျှပ်စစ်မီးအတွက် ဖလမ်းနဲ့ ဟားခါးကြားမှာရှိတဲ့ အစိုးရက လုပ်ဆောင်ပေးထားတဲ့ လိုင်ဗား ရေအားလျှပ်စစ်ကို မှီခိုနေရသလို လျှပ်စစ်မီးကို အလုံအလောက် မပေးနိုင်ခဲ့ပါဘူး။
ဒါကြောင့် အလုပ်လုပ်ရာမှာ အခက်အခဲတွေ ရှိပြီး အဆင်မပြေတာတွေ ကြုံတွေ့ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုလို လျှပ်စစ်မီးရတဲ့ အတွက် အလုပ်လုပ်ရတာ အဆင်ပြေလာတယ်လို့ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။
ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနက “ကျနော်တို့ မီးသတ်ဦးစီဌာနအနေနဲ့ ရုံးလုပ်ငန်း အဆင်ပြေတယ်။ လုပ်လို့ကိုင်လို့ ရတယ်။” ပြောပြသွားတာပါ။
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက အတွင်းရေးမှူး ဆလိုင်း ကျူးဘစ်ထောင်းကတော့ ချင်းပြည်နယ်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေတာကို ကြိုဆိုလိုက်ပြီး ဓာတ်အားလိုင်းကို တခြားမြို့နယ်တွေမှာလည်း သွယ်တန်းဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
“ဒီမှာ ဓာတ်အားလိုင်းကိုလည်း ဟားခါးတင်မကဘူးပေါ့။ တခြားမြို့နယ်တွေမှာလည်း သွယ်တန်းသင့်တာပေါ့။ အနည်းဆုံး ခရိုင်မြို့နယ်ပေါ့ဗျာ။ ဖလမ်းနဲ့ မင်းတပ်ကိုလည်း သွယ်တန်းသင့်တယ်။ ချင်းပြည်နယ်မှာ ခရိုင် ၃ ခုရှိတာကိုး။ ခရိုင် ၃ ခုကို အရင်ဦးစားပေးပြီးတော့ အဲဒီကနေတဆင့် ချင်းပြည်နယ် မြို့ ၉ မြို့ကို မဟာဓာတ်အားလိုင်း မီးရအောင် ကျနော်တို့ တောင်းဆိုသွားမှာပါ။”
ချင်းပြည်နယ်မှာလျှပ်စစ်ဓာတ်အား ရရှိဖို့အတွက် အများစုက ကိုယ်ထူကိုယ်ထ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
ချင်းပြည်နယ်မှာ မဟာဓာတ်အားလိုင်းသွယ်တန်းပေးဖို့ ချင်းပြည်နယ် ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်မှာ တင်ပြခဲ့သလို ၂၀၁၁ မှာ မဟာဓာတ်အားလိုင်း အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။
ကိုထွေး DVB

သမဂ္ဂအလံဖြုတ်သိမ်းမှု ကျောင်းသားများဆန္ဒပြသဖြင့် ဒဂုံတက္ကသိုလ်တာဝန်ရှိသူများက သမဂ္ဂအလံပြန်အပ်

July 14, 2014

ဒဂုံတက္ကသိုလ်ကျောင်းသားနားနေဆောင်တွင် ချိတ်ဆွဲထားသော ကျောင်းသားသမဂ္ဂအလံ (ခွပ်ဒေါင်းအလံ) အား ကျောင်းတာဝန်ရှိသူများက ဖြုတ်သိမ်းမှုကိုမကျေနပ်၍ ကျောင်းသားများဆန္ဒပြခဲ့သဖြင့် ဒဂုံတက္ကသိုလ်တာဝန်ရှိသူများက သမဂ္ဂအလံအား ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရကြောင်း သိရသည်။
ဒီနေ့မနက်ပဲ ဆရာများသမဂ္ဂနဲ့ ကျောင်းကမော်ကွန်းထိန်းတွေလာပြီးတော့ သမဂ္ဂအလံကို ပြန်အပ်သွားတယ်။ ဒါပေမဲ့ ကျောင်းတာဝန်ရှိသူတွေက အခုချိန်အထိတော့ ဒီနားနေဆောင်ကို သမဂ္ဂရုံးခန်းပြုလုပ်ဖို့ခွင့်မပေးသေး
ဇူလိုင် ၉ ရက်ညပိုင်းက ကျောင်းတာဝန်ရှိသူများက ဒဂုံတက္ကသိုလ် သမိုင်းဆောင်အနီး နားနေဆောင်၌ ချိတ်ဆွဲထားသော ကျောင်းသားသမဂ္ဂအလံနှင့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂပိုစတာအား ဖြုတ်သိမ်းသွားရာ ယင်းသို့ပြုလုပ်မှုကို ကျောင်းသားများက ဇူလိုင် ၁၀ ရက်တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

"ဒီနေ့မနက်ပဲ ဆရာများသမဂ္ဂနဲ့ ကျောင်းကမော်ကွန်းထိန်းတွေလာပြီးတော့ သမဂ္ဂအလံကို ပြန်အပ်သွားတယ်။ ဒါပေမဲ့ ကျောင်းတာဝန်ရှိသူတွေက အခုချိန်အထိတော့ ဒီနားနေဆောင်ကို သမဂ္ဂရုံးခန်းပြုလုပ်ဖို့ခွင့်မပေးသေးဘူး။ ဒါပေမဲ့ ခွင့်မပေးလည်း ကျွန်တော်တို့က ဒါကိုရုံးခန်းအဖြစ်ဆောင်ရွက်ဖို့ပြင်ဆင်ပါ့မယ်" ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုပိုင်ရဲသူက The Daily Eleven သို့ပြောကြားသည်။

သမဂ္ဂအလံဖြုတ်ချခံရသော အဆိုပါနားနေဆောင်တွင် ၁၉၆၂ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံဖြိုခွင်းခံရမှု ၅၂ နှစ်ပြည့်အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင် ၇ ရက်က ပြုလုပ်ခဲ့ပြီး ယင်းနေ့ကပြုလုပ်သောအခမ်းအနားကို ကျောင်းသား ၁၀၀ ခန့် တက်ရောက်ခဲ့သည်။          

သက်မင်း၊ ဥာဏ်ဝင်းရှိန်Eleven Media Group

ရှမ်းတောင်သူတွေအရေး လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း

 
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှာ အစိုးရနဲ့ SSPP/SSA တို့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ဒေသ ခံတွေ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ကူညီပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွားခဲ့ပါတယ်။

အဲ့ဒီအဆိုအပေါ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က တပ်မတော်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်နိုင်အောင် ကြိုးစားမယ်လို့ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

"တပ်မတော်အနေနဲ့ ဒေသခံလုပ်သားပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်စားသောက်ပြီး လူနေမှုဘဝမြှင့် တင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်၊ ကျေးလက်ဒေသပြည်သူများ ဒုက္ခရောက်မယ့် စစ်ဆေးလှုပ်ရှားမှုားကို အတတ်နိုင်ဆုံးရပ်တန့်းအောင် ကြိုးပမ်းဆောင်ရွက်ရေး၊ စစ်ကြောင်းများ စစ်ဘေးရှောင် တိုင်းရင်းသားများ ငြိမ်းချမ်းစွာ ပြန်လည်နေထိုင်စားသောက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ တပ်မတော်က ကူညီဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

တပ်မတော်အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လိုက်နာသွားမှာ ဖြစ်ကြောင်းလည်း ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါတဲ့ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း လေးစား လိုက်နာဖို့ လိုအပ်ကြောင်းလည်း ဒုတိယ၀န်ကြီး ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ SSPP/SSA ၀မ်ဟိုင်းအဖွဲ့တို့ စစ်ရေးလှုပ်ရှား မှုတွေကြောင့် ဇူလိုင်လဆန်းက ဒေသခံပြည်သူ ၂၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း အဆိုတင်သွင်းသူ ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြောကြားခဲ့ပါတယ်။

RFA Burmese

တစ်နိုင်ငံလုံး အပစ်ရပ်ရေး KNU အရေးပေါ် အစည်းအဝေး ကျင်းပ

 
 KNU နဲ့အစိုးရကြား အပစ်ရပ်ရေး ဆက်လက် ဆွေးနွေး ညှိနှိုင်းနေ

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးနဲ့ ပတ်သက်လို့ KNU ကရင် အမျိုးသား အစည်းအရုံးက အရေးပေါ် အစည်းအဝေး တရပ်ကို ဇူလိုင်လ ၁၄ရက် တနင်္လာနေ့ကစလို့ ၃ရက်ကြာ ကျင်းပနေ ပါတယ်။

NCCT က အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းမှုကနေ အခြေခံပြီး ရလာတဲ့ အခြေအနေ အနေအထားတွေမှာ ဘယ်အချက်တွေက တစ်ဆို့မှု ဖြစ်နေသလဲဆိုတာကို သုံးသပ် ဆွေးနွေးနေကြတယ်လို့ KNU တွဲဘက် အတွင်းရေးမှူး၂ ပဒို မန်းမန်းက ဘီဘီစီကို ပြောပါတယ်။

KNU က တောင်းဆိုထားတဲ့ အချက်နဲ့ အစိုးရက တောင်းဆိုတဲ့ အချက်တွေအကြား ညှိနှိုင်းနေတာ ဘယ်အဆင့်အထိ ရောက်နေပြီလဲ ဆိုတာကို သုံးသပ်ပြီး သဘောထား အမြင်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝေါဟာရ၊ အချက်အလက်နဲ့ မူပိုင်းဆိုင်ရာတွေမှာ တစ်ဆို့မှု တချို့ ရှိပေမယ့် သိပ်အများကြီးတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

NCCT က ဆုံးဖြတ်ချက် ချနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းစီရဲ့ သဘောထားရယ် ထိပ်သီး အစည်းအဝေးမှာ အဖွဲ့အားလုံးရဲ့ သဘောထားတွေကိုပါ ရယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဓိက အရေးကြီးတဲ့ အချက်တွေကို နှစ်ဘက် လက်ခံနိုင်ဖို့ အတွက် ညှိနှိုင်းစရာတွေ ရှိနေသေးသလို တိုင်းရင်းသား ထိပ်သီး ညီလာခံကိုလည်း တတိယအကြိမ် ကျင်းပရအုံးမှာမို့ တနိုင်ငံလုံး အပစ်ရပ်ရေးကို သြဂုတ်လမှာ အပြီးသတ် လက်မှတ် ရေးထိုးနိုင်ဦးမှာ မဟုတ်ဘူးလို့ သူ့အနေနဲ့ ယူဆကြောင်း KNU တွဲဘက် အတွင်းရေးမှူး၂ ပဒို မန်းမန်းက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဂါဇာမှာ အစ္စရေးလ် ပိုပြင်းထန်စွာ ထိုးစစ်ဆင်မည်

 
ဂါဇာဒေသအပေါ် အစ္စရေးလ်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို တိုးမြှင့်မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ပြောလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ဟားမတ်စ် စစ်သွေးကြွတွေက ပယ်ချခဲ့ပြီး အစ္စရေးလ်ဘက်ကို ရော့ကက်ဒုံးကျည်တွေနဲ့ ဆက်လက် ပစ်ခတ်နေချိန်မှာပဲ အစ္စရေးလ်ဝန်ကြီးချုပ်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။
ဖြစ်နေတဲ့ပဋိပက္ခကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့လိုလားပေမဲ့ ဟားမတ်စ်တို့ရဲ့လုပ်ရပ်ကြောင့် သူတို့အပေါ် တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို တိုးမြှင့်ရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ အင်္ဂါနေ့မှာ မစ္စတာ Netanyahu က ပြောကြားခဲ့တာပါ။ အင်္ဂါနေ့တုန်းက အီဂျစ်တို့ ညှိနှိုင်းပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောတူတဲ့အနေနဲ့ အစ္စရေးလ်စစ်တပ်ဘက်က ၆ နာရီကြာ အပစ်အခတ်ရပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဟားမတ်စ်တို့ ထိန်းချုပ်ထားတဲ့ ဒေသဘက်ကနေ အစ္စရေးလ်ဘက်ကို ရော့ကက်ဒုံးကျည် ၅၀ လောက် ပစ်ခတ်ပြီးတဲ့နောက်မှာတော့ လေကြောင်းတိုက်ခိုက်မှုကို ပြန်စခဲ့တယ်လို့ အစ္စရေးလ်က ဆိုပါတယ်။ ဂါဇာဆီသွားတဲ့ Erez လမ်းဆုံမှာ ရော့ကက်ဒုံးကျည်မှန်လို့ အစ္စရေးလ်တယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်ထဲ ပစ်ခတ်မှုတွေ စတင်ကတည်းကဆိုရင် ပထမဆုံး အစ္စရေးလ်ဘက်က သေဆုံးမှုဖြစ်ပါတယ်။ ပါလက်စတိုင်းဘက်မှာတော့ သေဆုံးသူပေါင်း ၁၉၄ ယောက် ရှိသွားပြီလို့ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
VOA

အင်အားပြင်း Rammasun မုန်တိုင်းဒဏ် ဖိလစ်ပိုင်အသင့်ပြင်

Rammasun တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ကမ်းရိုးတန်းဘက်ကို အင်္ဂါနေ့မှာ စတင် ဝင်ရောက်ခဲ့တာကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ မိုးသည်းထန်စွာရွာနေပြီး လေပြင်းတွေနဲ့အတူ တိုင်ဖုန်းမုန်တိုင်းဟာ မနီလာမြို့တော်ရှိရာဘက်ကို ဦးတည် တိုက်ခတ်နေပါတယ်။
မုန်တိုင်းဝင်မယ်လို့ ခန့်မှန်းထားတဲ့ ဗုဒ္ဓဟူးနေ့အတွင်း မနီလာမြို့တော်ထဲက အစိုးရရုံးတွေ၊ ကျောင်းတွေကို ပိတ်ထားဖို့ သမ္မတ Benigno Aquino က အမိန့်ထုတ်ထားပါတယ်။ အနောက်မြောက်ဘက်ကို ဦးတည်သွားနေတဲ့ မုန်တိုင်းအရှိန်ဟာ အားလျော့မသွားဘဲ ပိုအရှိန်ပြင်းလာခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနချုပ်က ပြောပါတယ်။ လေတိုက်နှုန်းက တစ်နာရီ မိုင် ၉၀ ကျော်၊ လေပြင်းတိုက်နှုန်း တစ်နာရီ ၁၁၅ မိုင်လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
အင်္ဂါနေ့ မုန်တိုင်းဝင်မလာခင်ကတည်းက ပြည်တွင်းလေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ပြီး သင်္ဘောလမ်းကြောင်းတွေကိုလည်း ပိတ်ခဲ့တဲ့အတွက် ကတို့သင်္ဘောစီးမယ့် ခရီးသည်ရာနဲ့ချီ ဆိပ်ကမ်းတွေမှာ သောင်တင်နေပါတယ်။ ရေကြီး မြေပြိုနိုင်တဲ့နေရာတွေက ထောင်သောင်းချီတဲ့

 ပြည်သူတွေကိုလည်းအာဏာပိုင်တွေကအရေးပေါ်ကယ်ဆယ်ရေးစင်တာတွေဆီ
 ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
ပြည်သူ ၄၃ သန်းလောက် Rammasun တိုင်ဖွန်းမုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ခန့်မှန်းထားကြောင်း ကုလသမဂ္ဂကပြောပြီး ကူညီကယ်ဆယ်ရေးအတွက် အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဟိုင်ယန်မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရတဲ့ နိုဝင်ဘာလကတည်းက ဆိုရင် ဖိလစ်ပိုင်မှာ အင်အားပြင်း Rammasun တိုင်ဖုန်းမုန်တိုင်း ပထမဆုံးအကြိမ် ဝင်ရောက် တိုက်ခတ်နေတာ ဖြစ်ပါတယ်။

ဝန်ထမ်း မှ ရပ်စဲခံ အထက ကျောင်းအုပ် ဆရာမကြီး ကိစ္စ ပြန်လည်စီစစ်

 
ပြီးခဲ့တဲ့  ၂၀၁၃ ခုနှစ် သြဂုတ်လ (၉)ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့ အစိုးရ အထက်တန်း ကျောင်း ဆရာမကြီး မိုင်ဌေးဌေး ( Mai Thim Dik) အား အမှတ်(၂) ပညာဦးစီးဌာန၊ အထက်ဗမာပြည်၊ မန္တလေး က ၀န်ထမ်းအဖြစ်မှ ရပ်စဲသည့် ကိစ္စကို သက်ဆိုင် ရာ ပြည်နယ်လွှတ်တော် ဂတိက၀တ်များ၊ တိုင်စာများ၊ အသနားခံစာများ စီစစ်ရေး ကော်မီတီက ယခုနှစ် ပညာသင်နှစ်၊ ဇွန်လကတည်း က ပြန်လည် စီစစ်ပြီး အရေးယူဆောင်ရွက်သည်ဟုသိရသည်။

ကျောင်းအုပ်ဆရာမကြီးသည် ၂၀၀၉ – ၂၀၁၀ ခုနှစ် မင်းတပ်မြို့နယ် ရိုရွာ အစိုးရအလယ်တန်းကျောင်းအုပ်ဆရာမကြီး အ ဖြစ် တာဝန် ထမ်းဆောင်စဉ်က ၀န်ထမ်း အဖြစ်မှ ရပ်စဲခံရသည်ကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည် တင်ပြရာမှ ချင်းပြည်နယ် လွှတ်တော် ဂတိ က၀တ်များ၊ တိုင်စာများ၊ အသနားခံစာများ စီ စစ်ရေး ကော်မီတီထံ ဆက်လက်ဆောင်ရွက် ရန် တာဝန်ပေးအပ်ခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော်၊ ဂတိက၀တ်များ၊ တိုင်စာများ၊ အသနားခံစာများ စီစစ်ရေး ကော်မီတီက မိုင်ဌေးဌေး အား အစိုးရ ၀န်ထမ်းအဖြစ်မှ ရပ်စဲခြင်းသည် မမှန်ကန်ကြောင်း ၄င်းတို့၏ တွေ့ရှိချက်များကို ပြည်နယ်ပြည်သူ့လွှတ်တော် ဥက္ကဌထံ တင်ပြပြီး ၄င်းမှ တ ဆင့် ပြည်ထောင်စု လွှတ်တော်သို့ ပြီးခဲ့တဲ့ ၂၀၁၄ ဇွန်လ ၅ ရက်နေ့ က ပေးပို့ ခဲ့ကြသည်။

မိုင်ဌေးဌေး အား ၀န်ထမ်းအဖြစ်မှ ရပ်စဲသင့်ကြောင်း တရားဝင်ဆုံးဖြတ်သည်မှာ သြဂုတ်လ ၁၅ ရက်နေ့ဖြစ်ပြီး နောက်ဆုံး စီစစ်မှုပြုလုပ် သည်မှာ  သြဂုတ်လ ၁၇ ရက်နေ့ဖြစ်နေသည်။ သို့သော် ၀န်ထမ်းအဖြစ်မှ ရပ်စဲသည်မှာ သြဂုတ်လ (၉) ရက် နေ့ဖြစ်နေပြန်သဖြင့် အမှု ကိုင်တွယ်ပုံ ရက်စွဲ ရှေ့နောက်မညီကြောင်း၊  ဂတိက ၀တ်များ၊ တိုင်စာများ၊ အသနား ခံစာများ စီစစ်ရေး ကော်မီတီက လေ့ လာတွေ့ ရှိထားသည်ဟု ဒေသထုတ် The Chinland Post က ရေးသား ဖော်ပြထား သည်။

မိုင်ဌေးဌေးအား အလုပ်ရပ်စဲသည့် အကြောင်းရင်းမှာ မင်းတပ်မြို့နယ်၊ ရို ကျေးရွာ အစိုးရအလယ်တန်း ကျောင်းအုပ်ဆ ရာမအဖြစ် တာ ၀န် ထမ်းဆောင်စဉ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလက မဲရုံမှူးတာဝန်ထမ်းဆောင်မှု၊  ဗုဒ္ဒဘုန်းကြီး ကျောင်း တွင် ကျောင်း ဆရာမ များ နေရာချ ထားခြင်း၊ ကျောင်းချိန်တာဝန်ပျက်ကွက်ခြင်း၊ စာမေးပွဲ မဖြေဆိုသူ ကျောင်းသား အအောင် ပေးခြင်း ကိစ္စများနှင့် ပါတ် သက်ပြီး တိုင်းကြားခံ ရခြင်းဖြစ်သည်။

” ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ကျောင်းပိတ်ရက် ကျမ ခရီးလွန်ခိုက်၊ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦး Ning Nai ဟာ Ro ရွာကို ရောက် လာခဲ့ပါ တယ်၊ အဲဒီမှာ ကျမကို တိုင်ကြားတဲ့ ဆရာမ ဇင်မာမျိုး က မဟုတ်မမှန်တာတွေ ပြောခဲ့တယ်၊ ဒါနဲ့ မြို့နယ်ပ ညာရေးမှူး၊ အထက (၁)  ကျောင်းအုပ် U Sein Lwin နဲ့ U Ki Hung တို့က ကျမကို စစ်ဆေးမေးမြန်းခဲ့ကြတယ်၊ နောက်ပြီး ဗိုလ်မှူး Aung Shwe Oo, ဦး Awn Tual , ခရိုင်မှူး ဦး Zar Nyi တို့ ကျမကို ပြန်လည် စစ်ဆေး မေးမြန်းခဲ့ကြ တယ်၊ ကျမ အဖြစ်မှန်ကို တင်ပြပေမဲ့ ရပ်စဲခံရတယ်”  ဟု မိုင်ဌေးဌေးက ပြောသည်။

ထန်တလန်မြို့၊ အထက (၁) ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမကြီး မိုင်ဌေးဌေးအား သုံးကြိမ် တိုင် တိုင် မေးမြန်စုံစမ်းပြီးမှ  ချင်းပြည်နယ်ဝန်ကြီး ချုပ်က အမှတ်(၂) ပညာဦးစီးဌာန၊ မန္တလေး၊ အထက် ဗမာပြည် သို့ တင်ပြခဲ့ရာမှ   သက် ဆိုင်ရာ က ၀န်ထမ်းအဖြစ်မှ ရပ်စဲခဲ့ခြင်းဖြစ်ပြီး ၀န်ထမ်းမှ ရပ်စဲ ခံရစဉ် ၀န်ထမ်းသက်တမ်း ၃၂ နှစ် ပြည့် ပြီး ဖြစ်သည်။

Khonumthung News Group

ခြေ/ဥပြင်ရေး ထောက်ခံလက်မှတ် ၃ သန်းကျော်ပြီလို့ NLD ပြော

 
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ သဘောထား လက်မှတ်တွေ ကောက်ယူ စုဆောင်းနေတာမှာ လက်မှတ်ပေါင်း ၃ သန်းကျော် ရသွားပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အခန်း ၄ ခန်းထိ လေ့လာပြီးသွားပြီလို့ ကော်မတီဝင်တဦးက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ဦးဆောင်ပြီးတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ကောက်ခံမှုတွေ လုပ်နေတာဆိုရင် တနိုင်ငံလုံး အတိုင်းအတာအရ ၃ ဒဿမ ၃ သန်းနီးပါး ရရှိနေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

“တိုင်းနဲ့ပြည်နယ် ၁၄ ခုကနေပြီးတော့ သူတို့ရရှိထားတဲ့ လက်မှတ်စာရင်းတွေကို ပို့ပါတယ်။ ပို့တော့ ကျနော်တို့ ပေါင်းကြည့်တဲ့အခါမှာ ၃၃ သိန်းပေါ့လေ ၃ ဒဿမ ၃ သန်းလောက် ကျနော်တို့ ရရှိနေပါပြီ။ ရန်ကုန်ကဆိုရင် အဲ့ဒီတုန်းက ကျနော်တို့ ဒါ ၆ သိန်းကျော်ကျော် ဇွန် ၂၇ မတိုင်ခင်ကပေါ့။ ဇွန် ၃၀ ရက်လောက်ကျတော့ သူတို့ကို ပြန်ပြီးတော့ မေးကြည့်လိုက်တဲ့အခါမှာ လက်မှတ်က ၈ သိန်းလောက် ကျနော်တို့ ရသွားတာပေါ့လေ။ ဒါကို ကျနော်တို့ပြန်ကြည့်လိုက်တော့ ဒါကတော့ အခြေအနေ ကောင်းပါတယ်လို့ ဒီလို ပြောရတာပေါ့ခင်ဗျ။”

ဒီလက်မှတ်ကောက်ခံမှုတွေကို ဇူလိုင်လ ၁၉ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပြီးတော့ အဲဒီနေ့ပြီးရင် ပုဒ်မ ၄၃၆ ကောက်ခံလက်မှတ်တွေ တနိုင်ငံလုံး အတိုင်းအတာအရ ဘယ်လောက်ရရှိခဲ့လဲ ဆိုတာကို အတိအလင်း ကြေညာမှာ ဖြစ်တယ်လို့လည်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနှံ့မှာ တစ်လခွဲကြာ ဟောပြောမှုတွေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို ဟောပြောမှုတွေကို မြို့နယ်ပေါင်း ၅၀ နီးပါးမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ က ပြောပါတယ်။

တဆက်တည်းမှာပဲ အခုလို နယ်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရေးနဲ့ ပတ်သက်ပြီး ဟောပြောမှုတွေ လုပ်တဲ့အခါမှာ အရင် ပြည်သူတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ ဘာလဲ ဂဂနန မသိတာကနေ အတော်လေး နားလည်လာတာကို တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

“အဲတော့ နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ အကျိုးအမြတ်တခုကတော့ တော်တော်ကြီးကြီး ရနေပြီ။ အဲ့ဒါ ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက တော်တော် သိလာကြပြီဗျ နော်။ အဲတော့ နှစ်ပေါင်းအတော်ကြာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ကြားဖူးပေမဲ့ ဘာမှန်းမသိတဲ့ ပြည်သူလူထုဟာ အခု ၂၀၀၈ အခြေခံဥပဒေကို တော်တော် သိလာကြပြီ။ အထူးသဖြင့်ကတော့ ကျနော်တို့ ပြောချင်တာဘာလဲဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ဟာ ပြင်ရမယ့်ပုဒ်မတခု ဖြစ်တယ်ဆိုတာ ကို ပြည်သူလူထုကနေပြီးတော့ လက်ခံလာတယ်။ ဒီမှာ ကျနော်တို့ တကယ် သတ္တိကောင်းကောင်းရှိဖို့၊ တကယ် ယုံယုံကြည်ကြည်နဲ့ အင်ပြည့်အားပြည့် ပါဝင်ကြတဲ့ ပြည်သူတွေ ရှိနေသလိုပဲ တချို့ ဝေးလံတဲ့ ဒေသတွေကနေပြီးတော့ မပါဝင်နိုင်ကြတဲ့သူတွေလည်း ရှိကြမှာပဲ။ ဒါပေမဲ့ သေချာတာတခုကတော့ ဒီပုဒ်မ ၄၃၆ ဟာ ပြင်ရမယ်ဆိုတဲ့ဆန္ဒကိုတော့ ပြည်သူအများစုက ရှိနေပြီဆိုတာ ကျနော်တို့ တွေ့နေရတယ်။”

၂၀၀၈ ဖွဲ့စည်းပုံကို အဓိက ပြင်ဆင်မယ်ဆိုရင် လွှတ်တော်ထဲက ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်ဆင်နိုင်မယ်ဆိုတဲ့  ဒီပုဒ်မ ၄၃၆ ဟာ ဘယ်လောက်ထိ အရေးပါသလဲ ဆိုတဲ့အချက်ကို ပြည်သူသိအောင် ဟောပြောမှုတွေ လုပ်ခဲ့ပြီးတော့ ဒီပုဒ်မဟာ ပြင်ဆင်ဖို့ အမှန်တကယ် လိုအပ်တယ်ဆိုတာကို ပြည်သူက ဆန္ဒပြု လက်မှတ်ရေးထိုးမှုတွေကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြနိုင်အောင် ပုဒ်မ ၄၃၆ လက်မှတ် ကောက်ခံရေးတွေကို မြန်မာနိုင်ငံအနှံ့ ဆောင်ရွက်နေတာ လည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာကို ဆွေးနွေးမှုတွေ လုပ်တဲ့နေရာမှာ အခန်း ၄ ခန်း နဲ့ပတ်သက်ပြီး ပြင်ဆင်စရာ ရှိတာတွေကို လေ့လာမှုတွေ ပြူလုပ်ခဲ့ပြီးဖြစ်တယ်လို့ အဲဒီကော်မတီမှာ ပါဝင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

 အောင်ရဲ မောင်မောင် / ဗွီအိုအေ (မြန်မာပိုင်း)

ကန့်ဘလူထွန်တုံး တိုက်ပွဲဝင် လယ်သမားများ ထောင်ချခံရ

 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း သိမ်းဆည်း ခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရရေး ထွန်တုံး တိုက်ပွဲ ၀င်နေတဲ့ လယ်သမားတွေ၊ ကူညီနေသူတွေ သာမက ကျေးရွာ အုပ်ချုပ်ရေးမှူးကိုပါ ထောင်ဒဏ် ချမှတ် အပြစ်ပေး လိုက်ပါတယ်။ ဥပဒေကြောင်းအရ ရသင့်ရထိုက်တဲ့ ခုခံချေပခွင့် တောင်မရခဲ့ဘဲ ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရတာပါ။

စစ်တပ်က သိမ်းထားတဲ့ မြေတွေထဲကနေ မူလပိုင်ရှင်တွေကို ပြန်ပေးတာတွေ ရှိနေတယ်ဆိုတဲ့ကြားကပဲ အခုလို ဖြစ်ရပ်တွေကလည်း ရှိနေဆဲပါပဲ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာ တောင်သူတွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က စစ်တပ်က လေ့ကျင့်ရေးကွင်းအဖြစ် သိမ်းထားတဲ့ တောင်ယာတွေအပေါ်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့တာပါ။ စစ်တပ်က သေနတ်တွေနဲ့ ပစ်ဖောက်ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပေမဲ့ ထွန်တုံးတိုက်ပွဲက ဆက်ပြီး လုပ်နေဆဲဖြစ်ပါတယ်။

ဒီထဲက လယ်သမားရေးကူညီသူတွေ လယ်သမားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှုတွေကို ဇူလိုင်လ ၁၄ ရက်နေ့က ပိုင်နက်ကျုးလွန်မှု အပါအ၀င် ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေနဲ့ ကန့်ဘလူတရားရုံးကနေ ချမှတ်လိုက်ကြောင်း တောင်သူတဦးက ပြောပြပါတယ်။
“ဦးကောင်းထွန်း စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ သူက ထောင်ဒဏ် ၂ နှစ်၊ နောက်တခါ ပေကြီးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းဆိုတာ သူကလည်း ထောင်ဒဏ် ၂ နှစ်၊ ထောက်ရှာအိုင်ရွာ အုပ်ချုပ်ရေးမှူး သူကလည်း ထောင်ဒဏ် ၂ နှစ်၊ ထောက်ရှာအိုင်ရွာကပဲ ဦးကျော်လင်း ဆိုတဲ့ တဦးရယ်၊ နောက်တခါ ကိုကျော်တင့် ဆိုတဲ့သူရယ်၊ ကိုဇော်မင်း ဆိုတဲ့သူရယ်၊ သူတို့ ၃ ဦးကတော့ ထောင်ဒဏ် ၂ နှစ်၊ ဦးကျော်ရင်က ၃ ထောင်ဒဏ် ၃ နှစ်၊ အားလုံး မနေ့က စုစုပေါင်း ၆ ဦး၊ ၄၄၇၊ ၄၂၇၊ ပိုင်နက်ကျူးလွန်မှုနဲ့ သီးနှံဖျက်ဆီးမှုပေါ့။ ဒီကနေ့မနက်ပဲ မိသားစုတွေနေပြီးတော့ ကန့်ဘလူမြို့နယ်နဲ့ အနီးဆုံးဖြစ်တဲ့ ရွှေဘိုထောင်ကို သွားပြီးတော့ စုံစမ်းနေကြတယ်။ ရွှေဘိုထောင်မှာ ဘယ်နှစ်ဦးရောက်တယ်၊ တခြားထောင်တွေမှာ ဘယ်နှစ်ဦးရောက်တယ်၊ သို့တည်းမဟုတ်လို့ရှိရင် ရွှေဘိုထောင်မှာပဲ ၆ ဦးစလုံးရောက်သလားဆိုတာ မသိရသေးဘူး။”

ရှေ့နေတွေနဲ့ ခုခံချေပခွင့်မရဘဲ ထောင်ဒဏ်များ ချမှတ်ခံရတဲ့အတွက် ဥပဒေပါ အခွင့်အရေးဆုံးရှုံးမှုအဖြစ် တောင်သူတွေဘက်ကလည်း ပြောဆိုနေတာပါ။ လယ်သမားတွေကို ထောင်ချလိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ရှေ့နေ ဦးအောင်သူရိန်ထွန်း ကတော့ အခုလို ပြောပါတယ်။

“ရှေ့နေရှေ့ရပ် ငှားရမ်းထုချေခွင့် အခွင့်အရေးကို တရားရုံးက ပေးအပ်ရမှာဖြစ်ပါတယ်။ ရှေ့နေငှားရမ်းခွင့် အခွင့်အရေးလည်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားတဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကို ရရှိသင့်သည်ဖြစ်ပါတယ်။ ဒီလို ခုခံချေပခွင့် မပေးဘဲနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်ဆိုရင်တော့ ဒါ တရားမျှတမှုမရှိတဲ့ လုပ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။”

တောင်သူတွေရဲ့မြေဧက ၃၀၀ ကျော်ကို အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်က သိမ်းယူခဲ့ပြီးတဲ့နောက် တောင်သူတွေက ပြီးခဲ့ဇွန်လကစပြီး ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ခဲ့တာပါ။ စစ်တပ်က မြေမွန်ရွာမှာတော့ သေနတ်တွေနဲ့ ခြောက်လှန့် ပစ်ခတ်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ မြေသိမ်းဥပဒေနဲ့မညီဘဲ သိမ်းဆည်းထားတဲ့ မြေယာတွေနဲ့ပတ်သက်လို့ တောင်သူတွေကို ဖမ်းဆီးထောင်ချခြင်းဟာ ဥပဒေနဲ့မညီဘူးလို့လည်း ရှေ့နေ ဦးအောင်သူရိန်ထွန်း ကဆိုပါတယ်။

“၈၉ ခုနှစ် မြန်မာနိုင်ငံ မြေသိမ်း အက်ဥပဒေနဲ့အညီ သိမ်းယူထားတာတွေ မဟုတ်ဘူး။ ဒါကြောင့် မြေသိမ်းဥပဒေနဲ့မညီဘဲ သိမ်းထားတဲ့မြေတွေဟာ တရားဝင် လက်ရှိ ဖြစ်မှာမဟုတ်ဘူး။ သို့သော်လည်းပဲ သိမ်းဆည်းထားတဲ့ မြေယာတွေ အကုန်လုံးကို တရားမ၀င် သိမ်းဆည်းထားပြီးတော့ တရားဝင်သရောင်နဲ့ ဒီလို တောင်သူလယ်သမားတွေကို ထောင်ဒဏ်တွေ ချမှတ်တာဟာဖြင့် တရားမျှတမှု မရှိဘူး။”

မြန်မာစစ်တပ်ကတော့ သူတို့သိမ်းဆည်းထားတဲ့ လယ်မြေတချို့ကို ပြန်လည် စွန့်လွှတ်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တချို့မြေတွေကိုတော့ ပြန်လည်ပေးအပ်မှာ မဟုတ်ကြောင်းကိုလည်း ပြောဆိုထားတာပါ။  ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ရဲ့  ခရီးစဉ်အတွင်းမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး  မြန်မာစစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ရေး အပါအဝင် လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

တပ်မတော်သားပီပီ နိုင်ငံ့ကာကွယ်ရေးစွမ်းရည်၊ ကျင့်ဝတ်သိက္ခာကို တိကျလေးနက်စွာ လိုက်နာရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ မတူကွဲပြားမှုကို လက်ခံခြင်း၊ အရပ်သားထိန်းချုပ်မှုကို ထောက်ခံခြင်း စတဲ့ အမေရိကန်စစ်တပ်ရဲ့ ခံယူချက်တွေကိုလည်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

 မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် ပထမဆုံး မြန်မာခရီးစဉ် စတင်မည်

 
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် ဖြစ်သူ မစ္စ ယန်ဟီလီ (Yanghee Lee) က သူရဲ့ပထမဆုံး ခရီးစဉ်အဖြစ် လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ ကနေ ၂၆ ရက်နေ့  ထိ မြန်မာနိုင်ငံကို လာရောက်ပြီး လူ့ အခွင့်အရေး အခြေအနေတွေ စုံစမ်းလေ့လာ မယ်လို့ ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

ခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အပြင် မန္တလေးမြို့  ကိုလည်း သွားမယ် လို့ ဆိုပါတယ်။ ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်သလို၊ သူ့ လေ့လာတွေ့  ရှိချက်ကို အစီရင်ခံ စာတစောင်ရေးသားပြီး ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြရမှာဖြစ်ပါတယ်။

RFA Burmese

Monday, July 14, 2014

ထူးကဲ ဒီရေတက်ပြီး ရခိုင် ပြည်နယ် ဒေသ အချို့တွင် ရေမြုပ်မူများ ဖြစ်ပေါ်နေ



စစ်တွေ ကျေးတောရွာတွင် ဇူလိုင်လ ၁၄ ရက်နေ့က ရေကြီးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ထူးကဲဒီရေ တက်မူကြောင့် ရခိုင်ပြည်နယ် ဒေသအချို့တွင် နေရာ အများ အပြားတွင် ရေမြုပ်မူများ ပေါ်ပေါက် နေကြောင်း သတင်း ရရှိသည်။

ယနေ့ ရရှိသော သတင်းအရ ရခိုင်ပြည်နယ် အတွင်းရှိ ပင်လယ်နားနီး မြို့နယ်တိုင်း လိုလိုတွင် ထူးကဲဒီရေများ တက်လာရာမှ လမ်းများ၊ အိမ်များ၊ ဈေးဆိုင်များနှင့် အစိုးရ အဆောက်အဦးများ ရေမြုပ်နေသည်ဟု သိရသည်။

စစ်တွေမြို့နယ် ကျေးတောရွာတွင်လည်း ဒီရေတက်လာချိန်တွင် ကျေးရွာတစ်ခုလုံး ရေနစ်မြုပ်ခဲ့သည်ဟု သိရသည်။

flooding in Arakan
ကျေးတောရွာတွင် ရေကြီး၍ ကလေးငယ်များ ခက်ခက်ခဲခဲ ကျောင်းသွားနေကြစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
“ အခုလို ကျေးတောရွာမှာ ရေမြုပ်နေတာက ရက်အတော်ကြာနေပြီ။ ဒီရေတက်ချိန်ဆိုရင် တစ်ရွာလုံးကို ရေတွေ လျှံဝင်လာပြီး အမြင့် ၄ ပေကနေ ၆ ပေထိ ရေတွေ တက်လာတယ်။ လမ်းတွေ၊ အိမ်တွေ၊ စာသင်ကျောင်း အကုန်လုံး ရေဖုံးလွှမ်းသွာတယ်။ ရွာထဲမှာဆိုရင် လှေတွေနဲ့ သွားလာရတယ်” ဟု ကျေးတောရွာ ဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းက ပြောသည်။
ယခုနှစ်များတွင် ရေကြီးမူများ ဆက်တိုက် ဖြစ်ပေါ်နေပြီး ယခင်က ယခုလိုရေကြီးခြင်း မရှိကြောင်း ဦးဇင်းက ဆိုသည်။
Flooding Arakan
ကျေးတော ပိုက်ဆိပ်မှ ကလေးငယ်များ ရေထဲတွင် ကျောင်းသွားနေစဉ်။ (ဓါတ်ပုံ – နိရဉ္စရာ)
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပေါ်လျှက်ရှိရာ ယနေ့ တွင်လည်း နေအိမ်များနှင့် လမ်းအများအပြား ရေမြှပ်ခဲ့ကြောင်း သိရသည်။
ယနေ့တွင် ယခင်နေ့များထက် ပိုရေကြီးသဖြင့် စစ်တွေ မြေနှိမ့်ပိုင်းနေရာများရှိ အိမ်တစ်ချို့တွင် အိမ်အောက်ခန်းများအထိ ရေတက်ခဲ့ကြောင်း သိရသည်။
Flooding Arakan
ရေကြီးမူကြောင့် စိုးရိမ်စရာ ဖြစ်လာရာမှ အိမ်ပြန်လာကြသော ကလေးငယ်များ ( ဓါတ်ပုံ – နိရဉ္စရာ)
ယင်းအပြင် လမ်းမကြီး၊ဦးဥတ္တမလမ်း၊ငပိန်လမ်
းနှင့် မိဇံကမ်းနားလမ်းများ၏ တစ်ချို့နေရာများတွင် ဒီရေ (၂)ပေကျော်ကျော်ခန့် အထိ ရေတက်ခဲ့သဖြင့် လမ်းများရေမြှပ်နေသပြီး ဆိုက်ကယ်များနှင့် ဆိုက္ကားများသွား၍မရဖြစ်နေကြောင်း စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ တချို့ရပ်ကွက်ဘက်တွေဆိုရင် ခုတိ ရေမကျသေးဘူး။ဆိုက္ကားတွေ သွားလို့မရဘူး၊ ဆိုက်ကယ်တွေဆိုရင် စီးသွားဖို့နေနေသာသာ တွန်းလို့မရလောက်အောင်ထိ ရေကြီးနေတာ” ဟုပြောသည်။
Flooding Arakan
ဇူလိုင် ၁၄ ရက် ယနေ့ စစ်တွေတွင် ရေကြီးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ယင်းအပြင် ရေကြီးနေသဖြင့် ကျောင်းတက်ရသည့် ကျောင်းသားကျောင်းသူများကို မိဘများကိုယ်တိုင် ကြီးကြပ်လိုက်ပို့နေကြရကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“ကလေးတွေ ကျောင်းတက်ဖို့ အခက်အခဲရှိတယ်ပေါ့။မိဘတွေကလည်း ဘယ်စိတ်ချပါ့မလဲ။ကလေးတွေကို ကျောင်းသွားကျောင်းပြန် မိဘတွေကိုယ်တိုင် ကြီးကြပ်လိုက်ပို့ပေးနေရတယ်လေ။ ခါတိုင်းနဲ့ မတူဘူးလေ” ဟုပြောသည်။
flooding Arakan
စစ်တွေမြို့ ယနေ့ မြင်ကွင်း ( ဓါတ်ပုံ- နိရဉ္စရာ)

ယခုကဲ့သို့ ရေကြီးနေသဖြင့် တချို့ကျေးရွာများတွင် ရိက္ခာများ ပြတ်လပ်နေသဖြင့် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။  ယခုရေကြီးမူမှာ နေရာ အနှံ့အပြားတွင် ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာမှ ကွင်းဆင်း စစ်ဆေးရန် လိုအပ်နေကြာင်း ဒေသခံများက ပြောဆိုသည်။

(နိရဉ္စရာ- ၁၄ ဇူလိုင်လ ၂၀၁၄)

လူအုပ်စုကြီး၏ နောက်ကွယ်ကို ရှာဖွေခြင်း (The Voice သတင်းအဖွဲ့)


လူသတ်ရမလား သတ်ရဲသည်။ မီးရှို့ရမလား ရှို့ရဲသည်။ နိုင်ငံတော်သီချင်း သံကုန်ဟစ်ပြီး လူထုကို ရန်တိုက်ရမလား တိုက်ဝံ့သည်။ သူတို့ ဘာ့ကြောင့် ရဲတင်းလွန်းကြသနည်း။ ထိုသေရဲ တိုက်ရဲသော လက်ကိုင်တုတ် လူတစ်စု၏ နောက်တွင် မည်သူရှိသနည်း။


ထိုအဖြေကို ရခိုင်၊ နတ်တလင်း၊ ဥက္ကံ၊ လားရှိုး၊ မိတ္ထီလာတို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအသုံးချ အဓိကရုဏ်းများ ပြီးကတည်းက သိလိုနေကြသည်။ မန္တလေး ပဋိပက္ခ ဖြစ်စဉ်အပြီးတွင် ပြည်သူများ သိလိုစိတ် ပိုပြင်းပြလာသော အကြောင်းခြင်းရာ တစ်ခုလည်း ဖြစ်သည်။
“ဒီအကွက်ကြီးက ရိုးနေတဲ့ အကွက်ကြီးပဲ။ ဒါဖန်တီးမှု၊ လုပ်ကြံမှု၊ ဘာသာရေးကို ခုတုံးလုပ် အရောင်ပြပြီး နိုင်ငံရေးလုပ်ကြံမှု” ဟု မိန့်ဆိုလာသူက အမရပူရမြို့ ဂန္ဓာရုံကျောင်းတိုက် ဘဝအလင်း ဆရာတော် ဦးသောဘိတ ဖြစ်သည်။

အဖြစ်အပျက်အစဉ်


မည်သို့ပင်ဆိုစေ ထိုလက်ရဲဇက်ရဲ လူတစ်စုကတော့ မြို့ပေါင်းများစွာကို ခရီးဆက်ခဲ့သည်။ ထပ်မံ ခရီးဆက်ရန်လည်း ပြင်နေလောက်ပြီ။ တပ်မတော် တပ်ရင်းပေါင်း ဆယ်ချီ ဝန်းရံနေသည့် တပ်မြို့တော် မိတ္ထီလာ။ ထိုမှတစ်ဖန် သမိုင်းအစဉ်အလာကြီးသည့် ကမ္ဘာသိ ယဉ်ကျေးမှုမြို့တော် မန္တလေး။ အဆိုပါ မြေပြန့်ဒေသများအပြင် လားရှိုးနှင့် ရခိုင်နယ်ကဲ့သို့ တောင်ပေါ်ဒေသများထိပါ အလိုကျ ခြေဆန့်နိုင်ခဲ့ကြသည်။
မိတ္ထီလာ၊ မန္တလေး ဖြစ်ရပ်များမှအစ လားရှိုး၊ ရခိုင် ကိစ္စများအဆုံး မြန်မာပြည် တစ်နံတစ်လျား၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခတိုင်း၏ အစပျိုးမီးမွှေးမှု၊ ဆက်လက်ဖြစ်ပွားမှု၊ အဆုံးသတ်သွားပုံများမှာ ခပ်ဆင်ဆင် ဖြစ်နေသည်။

မိတ္ထီလာပုံစံ


မိတ္ထီလာတွင် ရွှေဆိုင်ကိစ္စ စကားများရာမှ စနစ်တကျ လေ့ကျင့်ထားဟန် ရှိသော လူအုပ်တစ်အုပ် ရောက်လာပြီး ဆိုင်များကို ဖျက်ဆီးသည်။ ညပိုင်းတွင် ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးပြီး ပြဿနာကို အစပျိုး မီးထိုးနိုင်သော လောင်စာအဖြစ် လူများကို သတ်ဖြတ်သည်။
“လက်ပံတောင်းတောင် ကိစ္စ၊ မဟာသန္တိသုခ ဖြစ်စဉ်တွေမှာ (ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန်) လုပ်ခဲ့တာနဲ့ မိတ္ထီလာ၊ မန္တလေး ပဋိပက္ခတွေမှာတော့ လျော့တိလျော့ရဲ ကိုင်တွယ်တာတွေကို နှိုင်းယှဉ် အကဲခတ်ကြည့်ရင် သိနိုင်ပါတယ်။ ဒီဘာသာရေး ပဋိပက္ခ ကိစ္စတွေမှာ ဘယ်သူဘယ်ဝါက ကြိုးကိုင်တယ်လို့ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့် ဖြစ်ရပ်တွေကို သေချာလေ့လာပြီး စဉ်းစားဆင်ခြင်ကြည့်ရင် နောက်ကွယ်မှာ တစ်စုံတစ်ရာ ရှိနေတယ်ဆိုတာကို မြင်နိုင်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုလာသူက ကမ္ဘာသိ ပဋိပက္ခကြီး ဖြစ်ပွားခဲ့ရာ မိတ္ထီလာမြို့မှ ဒေသခံ ဆရာဝန်တစ်ဦး ဖြစ်သည်။

မန္တလေးပုံစံ


ထိုလူတစ်စုသည် ဥပဒေကိုပင် မျက်ကွယ်ပြုနိုင်သော အခွင့်ရ လက်ရဲဇက်ရဲ သတ်ရဲဖြတ်ရဲ အကြောက်အလန့် ကင်းသူများ ဖြစ်သည်ကိုမူ ပဋိပက္ခ ဖြစ်ပွားရာ ဒေသခံများ သတိထားမိခဲ့ကြသည်။ ထိုသို့ သတိထားမိသူများအနက် မန္တလေးမြို့ ရွှေကြေးစည် လူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုထွေး (ခ) ဦးသိန်းနိုင်ဦး အပါအဝင် ဖြစ်သည်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းခန့်က ဦးသိန်းနိုင်ဦး တစ်ယောက် သူငယ်ချင်းဖြစ်သူ ဦးထွန်းထွန်းနှင့်အတူ ပဋိပက္ခ ဖြစ်ပွားရာနေရာ ၈၄ လမ်းသို့ ရောက်ရန် ၃၄ လမ်းမှတစ်ဆင့် ဆင်းသွားခဲ့ရာ ၈၃ လမ်းထောင့် အရောက်တွင် ဓားကိုင် ရမ်းကားနေသည့် လူအုပ်စုနှင့် ပက်ပင်းတိုးခဲ့ရသည်။
ပါလာသည့် ဖုန်းနှင့် ငွေများ ပေးခဲ့ရသည့်တိုင် မကျေနပ်နိုင်သော ထိုလူတစ်စုက ဓားများဖြင့် ဝိုင်း၍ ခုတ်ခဲ့ရာ ဦးသိန်းနိုင်ဦးမှာ ပြန်လည်ခုခံ လွတ်မြောက်ခဲ့သော်လည်း ဦးထွန်းထွန်းမှာမူ ထိုနေရာမှ လွတ်မြောက်လာနိုင်ခြင်း မရှိခဲ့ပေ။ ဓားကိုင် လူရမ်းကားတစ်စု၏ လက်ချက်ဖြင့် မန္တလေးမြို့တော်ကြီးကို ထာဝရ နှုတ်ဆက်သွားခဲ့ရသည်။
သို့သော် ထိုလူတစ်စုက လွတ်မြောက်နေဆဲ။

“ဆိုင်ကယ်တွေနဲ့၊ တုတ်တွေ ဓားတွေနဲ့ မြို့ကို ပတ်နေတာ၊ ကျုံးကိုပတ်နေတာ။ တကယ်လို့သာ အဲဒီလူတွေကသာ တို့အရေးလို့ အော်ကြည့်ပါလား။ နှစ်ပြတောင် မလိုပါဘူး။ ဖမ်းမိပါတယ်။ ဘာလို့ မဖမ်းသလဲ။ ဘာဖြစ်လို့ အဲဒီလောက် ခွင့်ပေးရတာလဲ၊ ရှင်းရှင်းလေးပါ သူတို့လူမို့ပါ” ဟု မချင့်မရဲ မိန့်ကြားလာသူက ဘဝအလင်းဆရာတော် ဦးသောဘိတ ဖြစ်သည်။
ယင်းပစ္စည်းယူ လူသတ်မှု ဖြစ်ပွားခဲ့ရာ ၈၃ လမ်းထောင့်သည် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တစ်ပြကျော် (ပေ ၁၅၀-၂၀၀ ခန့်) အကွာတွင် ရှိနေသည်ဟု ဦးသိန်းနိုင်ဦးက ဆိုသည်။ ဦးသိန်းနိုင်ဦး၏ စိတ်တွင်တော့ ထိုအဖြစ်ဆိုးကြီးကို ထုတ်၍ မရသေး။ မြင်ကွင်းများ ပြက်ပြက်ထင်ထင် ရှိနေဆဲ။

ရခိုင်ပုံစံ


ဘာသာရေး အသုံးချ ပဋိပက္ခများ စတင်ဖြစ်ပွားရာ ရခိုင်ပြဿနာ၏ အစကား မသီတာထွေး အမှု။
“သီတာထွေး ကိစ္စဆိုရင် ကျေးရွာလေး တစ်ရွာမှာ ဖြစ်တဲ့ကိစ္စက အင်တာနက်ပေါ် ဟိုးလေးတကြော်ကြော် ဖြစ်သွားစရာ မရှိဘူး။ နယ်တွေ (ကျေးရွာ) ကိုပါ အမြန်ရောက်လာစရာ အကြောင်းမရှိဘူး။ လူတစ်စုက စနစ်တကျ ဆောင်ရွက်တဲ့ ပုံစံမျိုး။ အဲဒီအချိန်က အင်တာနက် သုံးတာဆိုလို့ စစ်တွေမြို့မှာ အနည်းစုပဲ ရှိသေးတယ်။ သီတာထွေး ပုံပါတဲ့ စာရွက်တွေက ကျေးရွာတွေကို ရောက်တယ်။ ဝံသာနုရက္ခိတ အဖွဲ့ဆိုပြီး ဖြန့်တာ” ဟု ဖွင့်ထုတ်လာသူက ရခိုင်ပဋိပက္ခကို အခြေခံသည့် “သွေးနဲ့ရေးသည့်မြေ” စာအုပ် ရေးသားသူ လူငယ်စာရေးဆရာ ဝေဟင်အောင် ဖြစ်သည်။

လားရှိုးနည်း


လားရှိုး အဖြစ်သည်လည်း ဤနည်းနှင်နှင်။
“ကောင်မလေးက လမ်းဘေးထိုင်နေတာ။ အဲဒီလူ (နေဝင်း) က အကြောင်းမဲ့ လမ်းဘေးချရောင်းတဲ့ ဓာတ်ဆီပုလင်း ယူပြီး မီးရှို့လိုက်တာ။ သူတို့နှစ်ယောက်က ဘယ်တုန်းကမှ မသိကြဘူး။ ဘာရန်ငြိုး ရန်စမှ မရှိဘူး။ ဒေသခံလည်း မဟုတ်ဘူး။ ဧည့်သည်တစ်ယောက်က လာရှိုးမြို့လာပြီး အကျိုးမဲ့ အကြောင်းမဲ့ လုပ်တာဟာ ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ရည်ရွယ်လုပ်တယ်လို့ မြင်တယ်” ဟု ဆိုလာသူက မီးရှို့ခံရသည့် အေးအေးဝင်း မိသားစုနှင့် ရင်းနှီးသည့် အထက်တန်းလွှတ်တော် ရှေ့နေ ဦးသောင်းလွင် ဖြစ်သည်။

နည်းနာ


သေချာနေသည်မှာ ပဋိပက္ခများ၊ အဓိကရုဏ်းများကို လူအုပ်စုတစ်ခု သို့မဟုတ် လူအုပ်စုများက လိုက်လံ ဖန်တီးနေပြီး သူတို့ သုံးလေ့သုံးထ ရှိသော နည်းနာများကို ဆန်းစစ်ကြည့်ကြပါစို့။
အခြားဒေသမှ ပဋိပက္ခများကဲ့သို့ပင် မန္တလေး ပဋိပက္ခ ဖြစ်စဉ်တွင် စွမ်းအားရှင်ဟု ခေါ်သည့် လူတစ်စု ပါဝင်နေသည်ဟု “ဘာလဲဟဲ့ စွမ်းအားရှင်” စာအုပ် ရေးသားခဲ့သူ မိုးဇေညိမ်းကလည်း ထောက်ပြလာသည်။
အဆိုပါ စွမ်းအားရှင် အဖွဲ့ဝင်များသည် စနစ်ကျသည့် ပို့ဆောင်ဆက်သွယ်ရေး၊ မလိုအပ်ချိန်တွင် ချက်ချင်း တပ်ဖျောက်၍ လိုအပ်ချိန်၌ ရုတ်ခြည်း ရောက်လာနိုင်လောက်သည့် နည်းစနစ်များကို နားလည် တတ်ကျွမ်းထားသူများလည်း ဖြစ်သည်ဟု ၂၀၀၇ အရေးအခင်းမှသည် အရေးအခင်းများ၊ ပဋိပက္ခများ ဖန်တီးရာတွင် အသုံးပြုလေ့ရှိသော လက်ကိုင်တုတ် လူအုပ်စုအကြောင်း ဖော်ထုတ်ရေးသားခဲ့သူ ၎င်းကဆိုသည်။
မိုးဇေညိမ်း ဖော်ထုတ်ပြောဆိုသည့် နည်းတူ မိတ္ထီလာ ပဋိပက္ခတွင် ပါဝင်ခဲ့သည့် လူတစ်စုသည်လည်း မီးရှို့နည်းတွင်ပင် စနစ်ကျသူများ ဖြစ်သည်ဟု ထောက်ပြလာသူက ချမ်းအေးသာယာ ရပ်ကွက်လုံးကျွတ် မီးရှို့ခံရသည့် မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့ ခံစားခဲ့ရသည့် အဆိုပါ ရပ်ကွက်နေ မီးဘေးသင့် ဒုက္ခသည်တစ်ဦး ဖြစ်သည်။

ဆယ်အိမ်မှူး၊ ရာအိမ်မှူးမှ စ၍ ဆင့်ကဲအုပ်ချုပ်မှုပုံစံ စီမံထားသည့်ကြားမှ စစ်ဗျူဟာများနှင့် အကျွမ်းတဝင် ရှိလှသည့် စွမ်းအားရှင်ခေါ် အဖျက်အမှောက် လူတစ်စု လှုပ်ရှားရှင်သန်ခွင့် ရနေခြင်းက အံ့သြဖွယ်ရာ။ သူတို့သည် မည်သူ့ သြဇာအောက်တွင် ရှိသနည်း။ မည်သူတို့ အကာအကွယ် ပေးနေသနည်း။ အဘယ့်ကြောင့်နည်း။
ယင်းကဲ့သို့သော လုပ်ရပ်များမှာ သမားရိုးကျ နည်းလမ်းများ မဟုတ်ဘဲ ထောက်လှမ်းရေး တပ်ဖွဲ့များ တန်ပြန်သုံးသည့် နည်းနာများ ဖြစ်ကြောင်း တပ်မတော် အရာရှိဟောင်း တစ်ဦးဖြစ်သူ မိုးဇေညိမ်းက သုံးသပ်သည်။
“တန်ပြန်အဖျက်၊ တန်ပြန် အမှောင့်လုပ်ငန်းဆိုတာ ထောက်လှမ်းရေးတွေ သုံးလေ့ရှိတဲ့ နည်းဗျူဟာမျိုးပေါ့။ စနစ်ကျတဲ့ စီမံချက်၊ စနစ်ကျတဲ့ ဦးဆောင်မှု၊ ဆက်သွယ်မှုတွေ ရှိလို့ပေါ့ဗျာ။ တပ်ဖျောက်သွားတာပေါ့” ဟု သူက ပြောသည်။
တန်ပြန်ထောက်လှမ်းရေး၏ အဓိက လုပ်ငန်းသုံးခုမှာ ထိန်းသိမ်းခြင်း (Safe Guarding Measure)၊ စုံစမ်းစစ်ဆေးခြင်း (Detective Measure) နှင့် လှည့်စားခြင်း (Deception) တို့ဖြစ်ကြောင်း မိုးဇေညိမ်းက ဆိုသည်။
“စစ်မြေပြင်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး နယ်ပယ်တွေမှာ တန်ပြန်သူလျှို၊ တန်ပြန်အဖျက် အမှောင့်လုပ်ငန်းတွေ၊ တန်ပြန်သတင်းမှား ထုတ်လွှင့်မှုတွေ၊ လှည့်စား ပရိယာယ်ဆင်မှု လုပ်ငန်းတွေ၊ ပြည်သူတွေကို အာရုံလွှဲမှု လုပ်ငန်းတွေကို ဆောင်ရွက်ပြီး ရန်သူရဲ့ လုပ်ငန်းတွေကို စုံစမ်း ဖော်ထုတ်ပါတယ်” ဟု သူကဆိုသည်။

နောက်ကွယ်က မည်သူနည်း


လူအုပ်စုကြီးက အဓိကရုဏ်းများကို စနစ်တကျ ဖန်တီးနေသည်။ လှုံ့ဆော်နေသည်။ ဘာကြောင့် ထိုသို့ လုပ်နေသနည်း။ နောက်ကွယ်မှ လက်တစ်စုံ သို့တည်းမဟုတ် လက်အစုံများက မည်သို့သောသူများ ဖြစ်နိုင်သနည်း။
(က) အာဏာပိုင်များနှင့် နီးစပ်သူလော
အဓိကရုဏ်းများတွင် ထူးခြားစွာ တူညီသည့် အချက်တစ်ခု ရှိသည်။ ယင်းမှာ သန္တိသုခ၊ လက်ပံတောင်းကဲ့သို့သော ကိစ္စရပ်များကို ပြတ်သားပြင်းထန်စွာ အရေးယူ ဆောင်ရွက်ခဲ့သလောက် အဆက်ဆက် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကို မြန်မြန်ဖြတ်ဖြတ် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန် နှောင့်နှေးနေခြင်း ဖြစ်သည်။
“လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတိုင်းမှာ အထက်က အမိန့်နဲ့ ညွှန်ကြားချက်က အရေးအကြီးဆုံးပါပဲ။ အမိန့်ညွှန်ကြားချက် တစ်ခု မရှိဘဲနဲ့ လက်အောက် အရာရှိငယ်တွေက မဆုံးဖြတ်ရဲ၊ မလုပ်ရဲဘူး။ ပဋိပက္ခတွေမှာ တုံ့ပြန်မှု နှောင့်နှေးရတာဟာ အထက်က ဘာမှမပြောလို့ပါပဲ” ဟု မိုးဇေညိမ်းက ပြောသည်။
“ဥပဒေစိုးမိုးမှု ရဖို့အတွက် ညွှန်ကြားဖို့ နှောင့်နှေးခဲ့တဲ့ အထက်အာဏာပိုင်တွေကိုပဲ သံသယ ဝင်မိတယ်” ဟု မိုးဇေညိမ်းက ဆက်ပြောသည်။
လူအုပ်စု၏ လက်ရဲဇက်ရဲနိုင်ခြင်း၊ အဝင်အထွက်၊ အဆုတ်အတက်လမ်းများ သိခြင်း၊ သေချာဃနစွာ လေ့ကျင့်ထားဟန် ရှိခြင်း၊ အချိန်ကိုက် လုပ်ဆောင်နိုင်ခြင်းတို့က ထိုအုပ်စု၏ နောက်ကွယ်တွင် ယင်းနည်းစနစ်ကို ကျွမ်းကျင်ပြီး အချိန်ကိုက် အမိန့်ပေးနိုင်သူများ ရှိနိုင်ကြောင်း ခန့်မှန်းချက်များ ကျယ်ကျယ်ပြန့်ပြန့် ပေါ်လာသည်။
“ဒီကိစ္စတွေ ဖန်းတီးခဲ့တဲ့ ရွှေသမင် ဘယ်က ထွက်သလဲ။ မင်းကြီးနဲ့ ရွှေသမင်နဲ့က တိုင်ပင်ထားလေသလားလို့တောင် ပြောရမလို ဖြစ်နေတယ်။ ကြိုးကိုင်သူကို စုံစမ်းရမယ်။ ကြိုးကိုင်သူဟာ နတ်ပြည်မှာလည်း မရှိဘူး။ တခြားကမ္ဘာမှာလည်း မရှိဘူး။ ဗမာပြည်ထဲမှာ ရှိတယ်” ဟု ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးလှမြင့်က ထောက်ပြသည်။
အထက်ပါ မှတ်ချက်များအပြင် မိုးဇေညိမ်း၏ အောက်ပါမှတ်ချက်က လူအုပ်စု၏ နောက်ကွယ်မှ မှိုင်းတိုက်စေ ခိုင်းနေသူများသည် အာဏာပိုင်များနှင့် နီးစပ်နေသလောဟု ပိုမိုစောကြောဖွယ်ရာ ဖြစ်လာသည်။
“နောက်ပြီး လူအယောက် သုံးဆယ် လေးဆယ်လောက်ကို နယ်မြေခံ အာဏာပိုင်တွေ မသိဘဲနဲ့ လျှို့ဝှက် ထရိန်နင် ပေးဖို့ဆိုတာ မလွယ်ကူပါဘူး”
(ခ) နိုင်ငံအပြောင်းအလဲကြောင့် ကိုယ်ကျိုးစီးပွား ထိခိုက်မည် စိုးသော ပြည်တွင်းမှ ပုဂ္ဂိုလ်များလော
အနှစ်နှစ်အလလက ယစ်မူးလာခဲ့သော အခွင့်အာဏာများကို ထိပါးလာမည့် အရေးသည်လည်း ပဋိပက္ခ ဖန်တီးသူများ မလိုလားသည့် အချက်များတွင် တစ်ချက်အပါအဝင် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ ယင်းအခြေအနေတွင် အာဏာတည်မြဲနေသည့် ၎င်းတို့၏ အသက်ရှူပေါက် တစ်ခုဖြစ်လာသည်။
“လောလောဆယ် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်မှာကို သူတို့က မလိုလားဘူး။ အပြောင်းအလဲတစ်ခု ဖြစ်လာရင် အရင်တုန်းက သူတို့ တရားလက်လွတ် လုပ်ထားတဲ့ ကိစ္စတွေ ပြန်ပေါ်လာမှာ စိုးရိမ်တယ်။ ဥပမာ- လယ်ယာမြေတွေကို တပ်ပိုင်မြေသိမ်းပြီး ဗိုလ်ချုပ်တွေက သူတို့ မိသားစုနာမည်နဲ့ ပြောင်းလိုက်တာမျိုးတွေပေါ့” ဟု မိုးဇေညိမ်းက ထောက်ပြသည်။
အပြောင်းအလဲ လိုလားသူများ လုပ်ပိုင်ခွင့်နှင့် အာဏာရလာသည့် တိုင်အောင် အကန့်အသတ် ပြုလုပ်နိုင်သည့် အနေအထားမျိုးကို ယင်းလူတစ်စုက အလိုရှိနေသည်ဟု ၎င်းကဆိုသည်။
ယင်းသို့ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များကို ဟန့်တားထားနိုင်ရေးသည်လည်း ထိုလူတစ်စုအတွက် အသက်တမျှ အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်နေသည်ကို မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဝင်းအောင်သည်လည်း သိရှိ လက်ခံထားပြီး ဖြစ်သည်။
“ကျွန်တော့်အနေနဲ့ ရှင်းရှင်းပြောရရင် ၄၃၆ ရပ်အောင်လုပ်ပြီး ကျွန်တော်တို့ မွတ်ဆလင်တွေကို ထိုးကျွေးလိုက်တာပါပဲ။ ကျွန်တော်ကတော့ ဒဲ့ပြောတော့မယ်” ဟု ဆိုလာသူက မန္တလေးတိုင်း ဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် အစ္စလာမ် သာသနာ ပရမတ္ထ မိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော်ဖြစ်သူ ဦးသိန်းဝင်းအောင် ဖြစ်ပါသည်။
ပဋိပက္ခဖြစ်စဉ်များ၏ နောက်တွင် ကိုယ်ကျိုးစီးပွားအလို့ငှာ နိုင်ငံရေး လှည့်ကွက်များ ကပ်ပါလာလေ့ ရှိသည်ကို ဦးသိန်းဝင်းအောင် အပါအဝင် ပြည်သူများက ကျယ်ပြန့်စွာ စတင် ရိပ်စားမိလာပြီ ဖြစ်သည်။ ထိုလူတစ်စုသည် လူမျိုးရေးနှင့် ဘာသာရေးကို နိုင်ငံရေးအသွင် ဖန်တီး၍ လက်နက်သဖွယ် ဖန်တီးနေခြင်းက အဘယ်ကို အလိုရှိ၍နည်း။
“ပြောရရင် ဒီလို နေဝင်ရီတရော အချိန်မျိုးပေါ့။ လင်းသလိုလို မလင်းသလိုလို အချိန်မျိုးက သူတို့လိုချင်တဲ့ အခြေအနေပဲ။ ဒီထက် လင်းလာမှာ မလိုချင်ဘူး” ဟု မိုးဇေညိမ်းက ဆိုသည်။
“ပိုလန်က ခေါင်းဆောင်တစ်ယောက် ပြောသလိုပဲ။ မရင့်ကျက်သေးတဲ့ ဒီမိုကရေစီစနစ်ရဲ့ အန္တရာယ်ဟာ အမျိုးသားရေး ဝါဒပဲတဲ့။ ဒီမိုကရေစီစနစ် ရေချိန်တွေနဲ့ မရင်းနှီးသေးတဲ့ ပြည်သူတွေကို လူတွေရဲ့ စိတ်နှလုံးကို ကိုင်လှုပ်နိုင်တဲ့ အမျိုးသားရေးဝါဒ နာမည်ခံပြီး စည်းရုံးလို့ လွယ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီဆိုတာ ဘာလဲလို့ ရေရေရာရာ သိချင်မှ သိမယ်။ ဒါပေမဲ့ နိုင်ငံချစ်ရမယ်၊ ဘာသာချစ်ရမယ် ဆိုတာတော့ ပြည်သူတိုင်း သိနားလည်ကြတယ်။ ပဋိပက္ခကို ဖန်တီးသူတွေက ဒီအချက်ကို ကောင်းကောင်းသိတယ်။ ပြောရရင် ခုမှထပြီး ကောက်ရိုးမီးတောက်နေတဲ့ ဘာသာရေး ပဋိပက္ခဆိုတာ လူထုကို အာရုံလွှဲတာလို့လည်း ပြောနိုင်ပါတယ်။ ဒီမိုကရေစီ အရေးမကြီးဘူး၊ လူ့အခွင့်အရေး ဘာမှမဟုတ်ဘူး။ အမျိုးချစ်ဖို့က အဓိကဆိုပြီး အာရုံလွှဲလိုက်တာပေါ့”

မိုးဇေညိမ်း (ဘာလဲဟဲ့စွမ်းအားရှင် စာအုပ်ရေးသားသူ)
(ဂ) အကျိုးစီးပွား ထိခိုက်မည်စိုး၍ ခေတ္တအာရုံ လွှဲလိုသူများလော
ပဋိပက္ခ ဖြစ်စဉ်များ နောက်တွင် ပြည်ပ၏ ရင်းနှီးမြှုပ်နှံမည့် အကျိုးစီးပွား ကိစ္စများ၊ နိုင်ငံရေးဆိုင်ရာ အကြောင်းအချက်များနှင့်လည်း ဆက်နွှယ်နေကြောင်း ကျွမ်းကျင်သူများနှင့် The Voice Weekly တွေ့ဆုံ မေးမြန်းချက်များအရ ကောက်ချက်ချနိုင်သည်။
ရခိုင်ပဋိပက္ခများ မဖြစ်ပွားမီ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ တရုတ်နိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီး တစ်ခုဖြစ်သည့် ကျောက်ဖြူ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ရခိုင်ဒေသ၌ အစပျိုး ဖြစ်ပွားနေခဲ့သည်။
“ကျောက်ဖြူဒေသခံတွေ အနေနဲ့တော့ ပဋိပက္ခကြောင့် ဒီစီမံကိန်းတွေ အပေါ်မှာ လှုပ်ရှားမှု ရပ်သွားတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ဒီစီမံကိန်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းမှု လုပ်နေတဲ့ ကာလတစ်လျှောက်လုံးမှာတော့ ပဋိပက္ခဖြစ်ရင်းနဲ့ပဲ စီမံကိန်းက ပြီးသွားတယ်” ဟု ကျောက်ဖြူ လူမှုကွန်ရက် ညှိနှိုင်းရေးမှူး ဦးထွန်းလွင်က ဆိုသည်။
ယင်းအခြေအနေများနှင့် ဆက်စပ်၍ ရခိုင်အရေးသည် တရုတ်အကျိုးစီးပွားနှင့် ချိတ်ဆက်နေသည်ဟု ရခိုင်ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူအချို့က တထစ်ချ ယုံကြည်နေကြသည်။
“တကယ်လို့ ပဋိပက္ခဖြစ်တာ နည်းနေလို့ရှိရင် ဒေသခံတွေဟာ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ပိုပြီး လှုပ်ရှားနိုင်မယ်။ ပဋိပက္ခ ဝင်လာတဲ့အတွက် အတိုင်းအတာ တစ်ခုအထိ အားနည်းသွားတယ်” ဟု ဦးထွန်းလွင်က ဖြည့်စွက်ပြောဆိုသည်။
ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကဲ့သို့ပင် တရုတ်တို့အတွက် အရေးပါသည့် စီမံကိန်း အသစ်တစ်ခုက ကျန်ရှိနေသေးသည်။ ယင်းစီမံကိန်းက အခြားမဟုတ် ယင်းဓာတ်ငွေ့ ပိုက်လိုင်းနှင့်အပြိုင် ဖောက်လုပ်မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း ဖြစ်သည်။
တိုက်ဆိုင်မှု ဆိုရမည်လော။ မန္တလေး ပဋိပက္ခမဖြစ်မီ ရက်ပိုင်းအလိုတွင် သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေခဲ့သည်။ ယင်းခရီးစဉ်တွင် တရုတ်-မြန်မာ-အိန္ဒိယ နိုင်ငံသုံးနိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသို့ သွားနေချိန် စီးပွားရေးအပြင် နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားလည်း ရှိနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
“ပြောရရင် ခုမှထပြီး ကောက်ရိုးမီး တောက်နေတဲ့ ဘာသာရေး ပဋိပက္ခဆိုတာ လူထုကို အာရုံလွှဲတာလို့လည်း ပြောနိုင်ပါတယ်။ ဒီမိုကရေစီ အရေးမကြီးဘူး။ လူ့အခွင့်အရေး ဘာမှမဟုတ်ဘူး။ အမျိုးချစ်ဖို့က အဓိကဆိုပြီး အာရုံလွှဲလိုက်တာပေါ့” ဟု မိုးဇေညိမ်းက သုံးသပ်သည်။

ယခုအထိတော့ နောက်ကွယ်မှ ကြိုးကိုင်သူများ အပါအဝင် လူအုပ်စုမှ အဓိကခေါင်းဆောင်များ အစိုးရ အပါအဝင် မည်သူကမျှ ရဲရဲဝံ့ဝံ့ဖော်ထုတ်၊ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ အပြောများဖြင့်သာ မျောနေဆဲ ဖြစ်သည်။ ယခုအထိတော့ အချိန်ကိုက် ဒေါသထွက်နေတတ်သော လူအုပ်စုကြီးကား လူသတ်ရမလား သတ်ရဲသည်။ မီးရှို့ရမလား ရှို့ရဲသည်။ နိုင်ငံတော်သီချင်း သံကုန်ဟစ်ပြီး လူထုကို ရန်တိုက်ရမလား တိုက်ဝံ့သည်။ သူတို့ ဘာ့ကြောင့် ရဲတင်းလွန်းကြသနည်း။ သေရဲ တိုက်ရဲသော လက်ကိုင်တုတ် လူတစ်စု၏ နောက်တွင် မည်သူရှိသနည်း။
လူတော်တော်များများကမူ နောက်ကွယ်မှ ခေတ်အဆက်ဆက် ကြိုးကိုင်သူကြီးကို အမြဲတစေ လက်ညှိုးထိုးလေ့ ရှိသည်။ သို့သော် မိုးဇေညိမ်းကမူ ထိုမျှမကပါဟု အောက်ပါအတိုင်း ဆိုလေသည်။
“သူတစ်ယောက်တည်းလို့ ပြောမရနိုင်ပါဘူး။ သူ့တပည့်တွေထဲမှာ သဘောတင်းမာတဲ့ အမာခံတွေ ရှိတယ်”
The Voice သတင်းအဖွဲ့

ထူးကဲဒီရေတက်မှုကြောင့် ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက်၊ ရေလွှမ်းမိုး



၂၀၁၄ ဇူလိုင်လ ၁၄ ရက် ည (၇)နာရီအချိန်






ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက် ၏ ၁၄-၇-၂၀၁၄ နေ့ ၁၉း၃၀ ချိန် မြင်ကွင်း

ဒီနေ့ ၁၄-၇-၂၀၁၄ ရက်နေ့ ညနေ (၅)နာရီ အချိန်ခန့်မှ စပြီး ငမိုးရိပ်ချောင်း ထူးကဲဒီရေ တက်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္က လာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက်တွင် ရေလွှမ်းမိုး မှုများ ဖြစ်ပေါ်ခဲ့ ပါသည်။ မနေ့က ၁၃-၇-၂၀၁၄ ရက်နေ့မှာလည်း ညနေ(၄)နာရီ အချိန်ခန့်မှာ ငမိုးရိပ် ချောင်းရေ တက်မှုကြောင့် ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက် တစ်ခုလုံးနီးပါး ရေလွှမ်းမိုးခဲ့ ပါသည်။

 ရွှေပေါက်ကံမြို့သစ် ကို ၁၉၉၀-၉၁ ခုနှစ်မှာ မြို့သစ်ဖော်ပြီး၊ လူနေအိမ်ယာကွက်များချထားခဲ့သည့်အခါ ငမိုးရိပ်ချောင်း  ရေလွှမ်းမိုးမှုမှ ကာကွယ်ရန် ငမိုးရိပ်ချောင်းတစ်လျှောက်တွင် တာရိုးပြုလုပ်ထား ခဲ့သော်လည်း ယခုအခါတွင်၎င်းတာရိုးမှာ နိမ့်သွားခဲ့ပြီး၊ ယခုကဲ့သို့ ရေကြီးသည့် အချိန်တွင် တာရိုးမှရေကျော်ကာ (၂၁)ရပ်ကွက် တစ်ခုလုံးနီးပါး ရေလွှမ်းမိုးခြင်း ဖြစ်ပါသည်။

 ရေ ထ ရက်ဖြစ်သော အချိန်ကာလများတွင် ယခုကဲ့သို့ ရေလွှမ်းမိုးမှုများ ထပ်မံ ကြုံတွေ့ နေရဦးမည်ဖြစ်ပါ သည်။ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လိမ့်မည်ဟု ရပ်ကွက်နေ ပြည်သူများက မျှော်လင့်နေကြပါပြီ။

သတင်း - ဓါတ်ပုံ ။ သူသူအောင်

BY THIT HTOO LWIN