Pages

Saturday, August 2, 2014

မိုဟာမက်အလီရဲ့ လက်အိတ်ကို ဒေါ်လာ ၄ သိန်းနီးပါးနဲ့ လေလံဆွဲ

 
၁၉၇၁ ခုနှစ်က ဂျိုးဖရေဇာနဲ့ ထိုးသတ်ခဲ့တဲ့ ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ပွဲမှာ မိုဟာမက် အလီ ၀တ်ဆင်ခဲ့တဲ့ လက်အိတ်ကို အမည်မဖော်လိုသူ တစ်ဦးက ဒေါ်လာ ၃ သိန်း ၈ သောင်း ၈ ထောင်ကျော်နဲ့ လေလံ ဆွဲသွားခဲ့ပါတယ်။

ရာစုနှစ်ရဲ့ လက်ဝှေ့ပွဲလို့ သမုတ်ခဲ့ကြတဲ့ အဲဒီပွဲမှာ ဂျိုးဖရေဇာက မိုဟာမက် အလီကို အနိုင်ယူခဲ့ပြီး ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် ၁၉၇၄ နဲ့ ၁၉၇၅ ခုနှစ်တွေမှာတော့ မိုဟာမက် အလီက ဂျိုးဖရေဇာကို ပြန်လည် အနိုင်ယူခဲ့ကာ မိုဟာမက်အလီအတွက် အအောင်မြင်ဆုံး ကာလတွေအဖြစ် မှတ်တမ်း စိုက်ထူနိုင်ခဲ့ပါတယ်။

မိုဟာမက်အလီ ပထမဆုံး ချန်ပီယံဘွဲ့ ရရှိတဲ့ ပွဲမှာ ၀တ်ဆင်ခဲ့တဲ့ လက်အိတ်ကိုတော့ အရင်က ဒေါ်လာ ၈သိန်းကျော်နဲ့ လေလံတင် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

BBC Burmese

ဖမ်းဆီးခံ အစ္စရေးလ် စစ်သား ပြန်လွှတ်ဖို့ အိုဘားမားတောင်းဆို

အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်တွင် မိန့်ခွန်းပြော၊ (သြဂုတ် ၁၊ ၂၀၁၄)။
အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်တွင် မိန့်ခွန်းပြော၊ (သြဂုတ် ၁၊ ၂၀၁၄)။
ဟာမားစ်အဖွဲ့အနေနဲ့ သောကြာနေ့ကတိုက်ခိုက်မှုတွေအတွင်း ဖမ်းဆီးလိုက်တဲ့ အစ္စရေးလ်စစ်သားကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောကြားလိုက်ပါတယ်။
ဟာမားစ်အဖွဲ့အနေနဲ့ ဂါဇာကအခြေအနေတွေကို ပြေလည်ဖို့ ကြိုးပမ်းတဲ့နေရာမှာ အလေးအနက်ရှိတယ်ဆိုရင် အဲဒီအစ္စရေးလ်စစ်သားကို ပြန်လွှတ်ပေးရမယ်လို့ အိမ်ဖြူတော်မှာ သောကြာနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတက ပြောကြားလိုက်ပါတယ်။
တိုက်ခိုက်မှုတွေကို ရပ်တန့်မယ်ဆိုပြီး ဟာမားစ်ဘက်ကပေးထားတဲ့ကတိကို အစ္စရေးလ် နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ယုံကြည်မှုမရှိဘူးဆိုရင် ပျက်သွားတဲ့ အပစ်အခတ်ရပ်စဲရေးကို ပြန်လုပ်ဖို့က အရမ်းကို ခက်လိမ့်မယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။
အစ္စရေးလ်အနေနဲ့ ဟာမားစ်တို့ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ သမ္မတအိုဘားမားက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းအရပ်သားပြည်သူတွေသေဆုံးတာဟာ ၀မ်းနည်းစရာကောင်းပြီး၊ အရပ်သားတွေကို ကာကွယ်နိုင်ဖို့အတွက် ဘာမဆိုလုပ် သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။
သောကြာနေ့က ၇၂ နာရီကြာ အပစ်ရပ်ဖို့ သဘောတူညီထားတာဟာ ၁ နာရီသာ ခံခဲ့ပြီး၊ အဲဒီနောက်တော့ ရာဖာဒေသနားမှာ လှိုဏ်ခေါင်းတွေကို ဖျက်နေတဲ့ အစ္စရေးလ်စစ်သားတွေကို အသေခံဗုံးခွဲသမားက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးလ်စစ်သား ၂ ယောက်သေဆုံးခဲ့ပြီး၊ ၁ ယောက် ပြန်ပေးဆွဲခံခဲ့ရတတယ်လို့ အစ္စရေးလ်ဘက်က ပြောပါတယ်။ ဟာမားစ်ဘက်ကတော့ အစ္စရေးလ်တွေဘက်က အပစ်ရပ်စဲရေးကို ဖျက်တာလို့ အပြစ်တင်လိုက်ပါတယ်။
  ဗွီအိုအေ (မြန်မာပိုင်း)

ကြီး ၄ ကြီး ဆွေးနွေး အဖြေရှာဖို့ ဒေါ်စုလိုလား

ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းမီဒီယာများ အားတွေ့ဆုံ။ သတင်းဓာတ်ပုံ NLD Chairperson
ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းမီဒီယာများ အားတွေ့ဆုံ။ သတင်းဓာတ်ပုံ NLD Chairperson

မြန်မာ့နိုင်ငံရေးပြဿ     နာတွေကို တွေ့ဆုံဆွေးနွေးရေးနဲ့သာ အဖြေရှာနိုင်မယ်လို့ မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လွှတ်တော်တွင်းက မဲအချိုးကျ ကိုယ်စားပြုစနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့သလို အစိုးရဟာ ဗဟိုချုပ်ကိုင်မှု ကြီးထွားနေဆဲပဲ လို့ ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ လွှတ်တော်ဝင်း အဆောက်အအုံ အတွင်း မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းထောက်တွေ နဲ့ တွေ့ဆုံမှု အခြေအနေ အရပ်ရပ်ကို မသိင်္ဂီထိုက် စုစည်းတင်ပြပေးပါမယ်။
ဒီကနေ့ ညနေပိုင်းမှာဘဲ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်တွေကို လွှတ်တော်ဝင်း အတွင်းက အိုင် ၁၂ အဆောက်အအုံမှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေး အခက်အခဲတွေ အားလုံး ပြေလည်စေအောင် လို့ကတော့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့သာ အဖြေရှာနိုင်မှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
"နိုင်ငံတစ်နိုင်ငံရဲ့ပြဿနာတွေကို နောက်ဆုံးကျတော့ ဘယ်လိုဘက်ကနေ လှည့်ပတ် ကွေ့ကောက်ပြီးတော့ပဲ ပြောပြော၊ ဆွေးနွေးတိုင်ပင်ပြီးတော့ ညှိနှိုင်းပြီးတော့ မညှိနှိုင်းပဲနဲ့ ဘယ်တော့မှ သဘောတူညီချက် မရဘူး။ အဲ့သလိုဆွေးနွေး ညှိနှိုင်းတိုင်ပင်ပြီးတော့ ရလာတဲ့ သဘောတူညီချက်အရသာ နို်င်ငံ တစ်နိုင်ငံမှာ တကယ့် ပြန်လည်ရင်ကြားစေ့ရေးနဲ့ တကယ့် ပဋိပက္ခများ ပြေငြိမ်းရေး ကို လုပ်နိုင်မယ်။ ဒါဟာ အတွေ့အကြုံ အရပြောနေတာ။ စိတ်ကူးယဉ်ပြီး ပြောနေတာ မဟုတ်ဘူး။ အဲ့တော့ မျှော်လင့်ချက် ရှိသလား ရှိတယ်။ အဲ့ဒီ့ အဓိက မျှော်လင့်ချက်က ဘာလဲ၊ အခုဖြစ်နေတဲ့ပြဿနာတွေ စိုးရိမ်မှုတွေကို စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ စားပွဲလေးထောင့် လည်း ရပါတယ်။ လေးပွင့်ဆိုင်ဆိုတော့ လေးထောင့်က ပိုအဆင်ပြေလည်း ပြေမှာပေါ့။ အဲ့ဒီ့တော့ ဝိုင်းထိုင်ပြီးတော့ ဆွေးနွေးပြီးတော့ ညှိနှိုင်းပြီးတော့ အပေးအယူလုပ်ပြီးတော့ အဖြေရှာတဲ့နည်းဟာ တကယ့်ပြည်သူ အတွက်  မျှော်လင့်ချက်ပဲ။ ပြည်သူတွေလည်း သဘောကျမှာပဲ။"
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအ၀င် နိုင်ငံရေး ပြဿနာတွေကို သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ဖို့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ၂၀၁၃ နှစ်ကုန်ပိုင်း ကတည်းက တောင်းဆိုခဲ့ပေမယ့် မအောင်မြင်သေး ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင် စစ်အစိုးရ လက်ထက် ကတည်းက တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့ပေမယ့် မအောင်မြင်သေးတဲ့ အခြေအနေကို ထောက်ပြပြီး တွေ့ဆုံဆွေးနွေးရေး မလုပ်နိုင်တဲ့ စိတ်ဓာတ်အပေါ်မှာ နားမလည်နိုင် ဖြစ်ရတယ်လို့လည်း ပြောဆိုခဲ့တာပါ။
တခါ အခု ပြည်သူ့လွှတ်တော်မှာ ကော်မရှင်ဖွဲ့ လုပ်ကိုင်နေတဲ့ မဲအချိုးကျ ကိုယ်စားပြု စနစ်နဲ့ ပတ်သက်ပြီးလည်း အခုလို ပြောပါတယ်။
" တခြား PR သုံးတဲ့နိုင်ငံတွေ ကြည့်လိုက်လို့ရှိရင် PR ကြောင့်မို့လို့ အမျိုးသား ရင်ကြားစေ့ရေး ရသွားတယ်ဆိုတာ တခါမှ မကြားဖူးဘူး။ PRပဲဖြစ်ဖြစ် တခြား ဘာစနစ်ပဲဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်းပြီး တိုင်ပင်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေး တိုင်းပြည်ရဲ့ တည်ငြိမ်ရေး အတွက် တိုးတက်ရေးအတွက် ဒီမိုကရေစီ ထွန်းကားရေး အတွက် လိုအပ်တဲ့ ခြေလှမ်းတွေ ဆိုပြီး သတ်မှတ်လိုက်တဲ့ အထဲမှာ ရွေးကောက်ပွဲ စနစ်တွေလည်း ပါသွားတယ်။ အဲ့တာကတော့ သူ့နိုင်ငံ၊ သူ့နိုင်ငံနဲ့ သင့်တော်တဲ့ စနစ်တွေပေါ့။ တနိုင်ငံနဲ့ တနိုင်ငံလည်း တူတာမဟုတ်ပါဘူး။"
ဒါ့အပြင် လက်ရှိ အစိုးရဟာ ဗဟိုချုပ်ကိုင်မှု များလွန်းတယ်လို့လည်း မှတ်ချက်ပေး ပါတယ်။
"အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ကတော့ ကျမတို့အတွက် ခန ခန ပြောပါတယ်။ ဗဟိုဦးစီး စနစ် က မပျောက်သေးပါဘူး။ ဗဟိုက အာဏာက  အင်မတန် များလွန်းတယ်။ အခုထက်ထိလည်း ဗဟိုရဲ့ဆုံးဖြတ်ချက် တွေနဲ့ပဲ လုပ်ထားတာက များတာပါပဲ။ နောက် ဥပဒေပြု တာကတော့ ဥပဒေပြု မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်နှစ်ရပ် က တိုးတက်လာတယ် ဆိုတာကတော့ ကျမတို့က ဒီလွှတ်တော်ထဲမှာ ပါဝင်လို့ပြောတာမဟုတ်ပါဘူး။ အခုဒီမှာ မီဒီယာတွေလည်း သိမှာပါ။ အရင်တုန်းက ရောက်လာတုန်းက ၂၀၁၁ ဦးပိုင်းမှာ မီဒီယာတွေ ဒီကိုလာတုန်းက ဘယ်လိုပုံစံရှိတယ်။ အခုဘယ်လိုပုံစံရှိတယ် ကွာခြားမှုတွေရှိတယ်ဆိုတာတော့ ကျမတို့ ငြင်းလို့မရပါဘူး။"
တချိန်တည်းမှာဘဲ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ရေဒီယိုကနေ မိန့်ခွန်းပြောတာမှာ သူ့အစိုးရ လက်ထက် မအောင်မြင်ခဲ့တဲ့ အခြေအနေတွေ ရှိနေသေးတဲ့ အကြောင်း ၀န်ခံခဲ့တာပါ။ တခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခြေခံ ပြင်ဆင်ရေး လူထုလက်မှတ် ကောက်ခံမှုမှာလည်း ပါတီက မျှော်လင့်ထားတဲ့ အတိုင်း လက်မှတ်ပေါင်း ၅ သန်းနီးပါး ကောက်ယူရရှိခဲ့ပြီး ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ ပမာဏအကြီးဆုံး  လွတ်လပ်တဲ့ လူထု ဆန္ဒ ကောက်ယူမှု လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
"ကျမတို့ လုပ်တဲ့မဲက လျှို့ဝှက်မဲ မဟုတ်ဘူး။ လျှို့ဝှက်မဲ မဟုတ်တော့ မလုပ်ရဲတဲ့ သူတွေ ရှိတယ်။ ၀န်ထမ်းတွေက မလုပ်ရဘူးဆိုပြီး ပြောခံရတဲ့ ၀န်ထမ်းတွေလည်း ရှိတယ်။ စသည်ဖြင့် စသည်ဖြင့် နောက်ပြီးတော့ ခက်တယ်လေ။ သူက မဲရုံတွေ ထောင်ထားတာ မဟုတ်ဘူး။ တချို့နေရာတွေဆို တကယ် စိတ်ပါဝင်စားတဲ့ သူတွေက စိတ်ရှိတဲ့ သူတွေက ဘယ်နေရာသွားပြီး လက်မှတ်ထိုးရမလဲ ဆိုပြီးတော့ စုံစမ်းပြီးတော့ သွားထိုးရတဲ့ဟာတွေလည်း ရှိတယ်။ အဲတော့ အခြေအနေခြင်းက လုံးဝ မတူပါဘူး။ သို့သော်လည်း ကျမက ရဲရဲဝံ့ဝံ့ပြောရဲတာ တခုကတော့ ရှိပါတယ်။ ဒီနိုင်ငံရဲ့ သမိုင်းမှာ ဒီလို လူ ၅ သန်းကျော်ကနေပြီးတော့ ကိစ္စ တခုကို လက်မှတ်ထိုးပြီးတော့ မိမိတို့ရဲ့ ဆန္ဒ အရ ပွင့်ပွင့်လင်းလင်း လျို့ဝှက်မဟုတ်ဘဲနဲ့ လက်မှတ်ထိုးပြီး ထောက်ခံခဲ့တယ်ဆိုတာ တခါမှ မရှိဖူးဘူး။ ဒါ ဒီနိုင်ငံမှာ ပထမ ဦးဆုံးပဲ ။"
မြန်မာနိုင်ငံရေး ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားတာမှာတော့ မြန်မာ လူထုရဲ့ နိုင်ငံရေး အသိအမြင်တိုးလာတယ်လို့ ရှုမြင်တဲ့ အကြောင်း၊ ဒါပေမယ့် လူထုရဲ့ လိုအပ်ချက် အခြေခံ စားဝတ်နေရေး အလုပ်အကိုင် တို့နဲ့ ပတ်သက်လို့တော့ တိုးတက်လာတာ မရှိလို့ ပြည်သူတွေ စိတ်ပျက် လက်ပျက် ဖြစ်ကြရတာကိုလည်း နားလည် သဘောပေါက်ထားတဲ့ အကြောင်း ဖြေကြားခဲ့ပြီး ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီး ပြောကြားခဲ့တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး လုပ်ကိုင်နိုင်တဲ့ အခြေအနေ ယုတ်လျော့သွားသလား ဆိုတဲ့ မေးခွန်းကိုလည်း ပြန်လည် ထောက်ပြ ပြောဆို သွားကြောင်းပါ။
VOA

Ebola ရောဂါပိုး ထိန်းချုပ်နိုင်စွမ်းထက် ပိုမိုလျင်မြန်ပြန့်နှံ

အာဖရိကတိုက် အနောက်ပိုင်းနိုင်ငံတွေမှာဖြစ်နေတဲ့ အီဘိုလာ ကပ်ရောဂါဆိုးကြီးဟာ ထိန်းချုပ်နိုင်တာထက် ပိုပြီးတော့ အလျှင်အမြန် ပြန့်နှံ့လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲက အာဖရိကအနောက်ပိုင်းနိုင်ငံခေါင်းဆောင်တွေကို သောကြာနေ့က သတိပေးလိုက်ပါတယ်။ ဒီကူးစက်ရောဂါအခြေအနေဟာ ဒီထက်ဆက်ပြီး ဆိုးလာမယ် ဆိုရင်တော့ လူသေဆုံးမှု နဲ့ လူမှုစီးပွားပျက်ကပ်ကြီးက အလွန်ကိုကြီးမားသွားမှာဖြစ်တယ်လို့ WHO အကြီးအကဲ မာဂရက်ချန်း Margaret Chan က ပြောပါတယ်။

ဒေါက်တာချန်းဟာ ဂီနီ၊ လိုင်ဘီးရီးယား နဲ့ ဆီရာယာလီယုံး နိုင်ငံ သမ္မတတွေနဲ့ ဂီနီနိုင်ငံရဲ့မြို့တော် Conakry မှာ သောကြာနေ့က တွေ့ခဲ့ပါတယ်။
အီဘိုလာရောဂါဖြစ်နေတဲ့ နိုင်ငံတွေကို ကျန်းမာရေးလုပ်သား ရာနဲ့ချီစေလွှတ် တာအပါအ၀င် အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ အရေးပေါ် ကူညီမှုတွေပေးဖို့ ကိစ္စကို အပြီးသတ်ဖို့ အတွက် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
အခုလတ်တလောဖြစ်နေတဲ့ ဒီ Ebola ရောဂါပိုးကြောင့်၊  သေဆုံးသူ အရေအတွက်ဟာ ၇၃၀ လောက်ရှိသွားပြီဖြစ်ပါတယ်။
VOA

Friday, August 1, 2014

အီဘိုလာရောဂါကို ထိန်းချုပ်ရန် ခက်ခဲဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့ပြော

နယ်စည်းမထားဆရာဝန်များအသင်းက အာဖရိကအနောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ (Ebola) ရောဂါဟာ သာမန်ကူးစက်ရောဂါမျိုး မဟုတ်ဘဲ ထိန်းချုပ်ဖို့ ခက်ခဲတဲ့ရောဂါ ဖြစ်လာပြီလို့ ပြောဆိုပါတယ်။
ဓာတ်ပုံ - ရိုက်တာ
သေဆုံးသွားသည့် ဆရာဝန် (ဓာတ်ပုံ – ရိုက်တာ)

ကမ္ဘာတ၀န်းနိုင်ငံတွေက ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေ တရေးတယူ လုပ်ဆောင်လာကြချိန်မှာပဲ အခုလို နယ်စည်းမထားဆရာဝန်များအသင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကုသနိုင်တဲ့ဆေး မရှိသေးတာရယ်၊ ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ဖြစ်ပွားမယ်ဆိုတာကို အတိအကျ မသိနိုင်တာရယ်ကြောင့် ဒီအတိုင်းသာ အခြေအနေတိုးတက်မှု မရှိဘူးဆိုရင် တခြားနိုင်ငံတွေကို ဆက်လက်ပြန့်ပွားဖို့ ရှိတယ်လို့ နယ်စည်းမထားဆရာဝန်များအသင်းရဲ့ ဒါရိုက်တာတဦးက ပြောဆိုပါတယ်။
ဒီနှစ်အတွင်း ရောဂါကြောင့် သေဆုံးသူ ၆၇၀ ကျော်သွားပြီ ဖြစ်ပြီး ရောဂါ စတင်တွေ့ရှိခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်တွေကစလို့ သေဆုံးမှု အများဆုံးနှစ်လည်း ဖြစ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ကြီးက ကမ္ဘာ့ကျန်းမာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကမာ့္ဘနိုင်ငံတွေကို ရောဂါမပြန့်အောင် ကာကွယ်ထိန်းချုပ်ရေး ဆွေးနွေးခဲ့ပါတယ်။
နိုင်ဂျီးရီးယားလေကြောင်းလိုင်းတခုဖြစ်တဲ့ လေကြောင်းလိုင်းကတော့ လိုင်ဘေးရီးယားနဲ့ မြို့တော်တွေကို ပျံသန်းမှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။
အီးယူကလည်း ရောဂါတိုက်ဖျက်ရေး ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ နောက်ထပ် ၂.၇ သန်း ထုတ်ပေးခဲ့တာကြောင့် စုစုပေါင်း ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅.၂ သန်းရှိသွားပြီလည်းဖြစ်ပါတယ်။
နိုင်ငံမှာ အီဘိုလာရောဂါသည်တွေကို ဦးဆောင်ကုသပေးနေတဲ့ ထိပ်တန်းဆရာဝန်တဦး ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။
လိုင်ဘေးရီးယားနိုင်ငံမှာ ကျောင်းတွေအားလုံးကို ပိတ်ထားလိုက်ပြီး ၀န်ထမ်းတွေကိုလည်း မယူမနေရ ခွင့် ၁ လ ပေးလိုက်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာတော့ နယ်စပ်ဂိတ်တွေအားလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ရောဂါပညာပေးအစီအစဉ်တွေကို လုပ်ဆောင်နေပါတယ်။
DVB

ကုလသမဂ္ဂကျောင်း အမြောက်ဆန်ထိမှန်ပြီး ၁၆ ဦး သေဆုံးမှု စုံစမ်းပေးမည်ဟု အစ္စရေးပြော

ပါလက်စတိုင်းဒုက္ခသည် ၃၀၀၀ ကျော် ခိုလုံနေတဲ့ကုလသမဂ္ဂကျောင်း အမြောက်ဆန် ထိမှန်ပြီး အရပ်သား အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်ကို ပြန်စုံစမ်းစစ်ဆေးပေးမယ်လို့ အစ္စရေးအစိုးရက ပြောဆိုပါတယ်။
အခုလို ကုလသမဂ္ဂကျောင်းကို အမြောက်နဲ့ ပစ်ခတ်ခဲ့မှုကို အမေရိကန်နဲ့ ကုလသမဂ္ဂတို့က အပြင်းအထန်ရှုတ်ချခဲ့ကြပါတယ်။ ကျောင်းအနားကနေ အစ္စရေးစစ်တပ်ကို မော်တာတွေနဲ့ ပစ်ခတ်တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။
GAZA
ဇူလိုင်လ ၃၀ ရက် တနေ့တည်း ဂါဇာမှာ ပါလက်စတိုင်း အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ စတင်ခဲ့တဲ့ အစ္စရေးထိုးစစ်အတွင်း ပါလက်စတိုင်းအနည်းဆုံး ၁၃၆၀ သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေဖြစ်ကြပါတယ်။ အစ္စရေးဘက်ကတော့ အားလုံး ၅၈ ယောက်သေဆုံးခဲ့ပြီး အစ္စရေးရောက် ထိုင်းအလုပ်သမားတဦးလည်း ဟားမတ်စ်ဒုံးကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
လက်ရှိဂါဇာထိုးစစ်ဟာ ၂၄ ရက် ကြာမြင့်လာပြီဖြစ်တာကြောင့် အစ္စရေးရဲ့ အရှည်ဆုံး ဂါဇာထိုးစစ်ဖြစ်လာသလို အစ္စရေးစစ်သား အထိအခိုက်အများဆုံး ထိုးစစ်လည်းဖြစ်လာပါတယ်။
၂၀၁၂ ထိုးစစ်တုန်းက ၈ ရက်ကြာမြင့်ပြီး ၂၀၀၈ ထိုးစစ်ကတော့ ၂၂ ရက်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးစစ်သားကျဆုံးမှုများပေမယ့် လက်ရှိထိုးစစ်အပေါ် အစ္စရေးပြည်သူအများစုက အင်ပြည့်အားပြည် ထောက်ခံနေတာကို နောက်ဆုံးလူထုစစ်တမ်းတွေ သိရှိရပါတယ်။
ဟားမတ်စ်ကတော့ ဂါဇာကမ်းမြောင်ကို ပြန်မဖွင့်ပေးမချင်း တိုက်ခိုက်နေမယ်လို့ ပြောဆိုပါတယ်။ ၁၉၆၇ ခြောက်ရက်ကြာစစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက သိမ်းပိုက်ခဲ့ပြီး ၂၀၀၅ အထိ တပ်စွဲထားခဲ့ပါတယ်။
၂၀၀၅ မှာ အစ္စရေးတပ်တွေကို ပြန်ရုပ်သိမ်းခဲ့ပေမယ့် ဂါဇာကမ်းမြောင်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းအားလုံးကို လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံက ထိန်းချုပ်ထားပါတယ်။ အီဂျစ်နဲ့နယ်စပ် တောင်ဘက်ဂိတ်ကိုလည်း အီဂျစ်နိုင်ငံက ပိတ်ဆို့ထားတာလည်း ဖြစ်ပါတယ်။
DVB

ကုလသမဂ္ဂကျောင်း အမြောက်ဆန်ထိမှန်ပြီး ၁၆ ဦး သေဆုံးမှု စုံစမ်းပေးမည်ဟု အစ္စရေးပြော

ပါလက်စတိုင်းဒုက္ခသည် ၃၀၀၀ ကျော် ခိုလုံနေတဲ့ကုလသမဂ္ဂကျောင်း အမြောက်ဆန် ထိမှန်ပြီး အရပ်သား အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်ကို ပြန်စုံစမ်းစစ်ဆေးပေးမယ်လို့ အစ္စရေးအစိုးရက ပြောဆိုပါတယ်။
အခုလို ကုလသမဂ္ဂကျောင်းကို အမြောက်နဲ့ ပစ်ခတ်ခဲ့မှုကို အမေရိကန်နဲ့ ကုလသမဂ္ဂတို့က အပြင်းအထန်ရှုတ်ချခဲ့ကြပါတယ်။ ကျောင်းအနားကနေ အစ္စရေးစစ်တပ်ကို မော်တာတွေနဲ့ ပစ်ခတ်တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။
GAZA
ဇူလိုင်လ ၃၀ ရက် တနေ့တည်း ဂါဇာမှာ ပါလက်စတိုင်း အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ စတင်ခဲ့တဲ့ အစ္စရေးထိုးစစ်အတွင်း ပါလက်စတိုင်းအနည်းဆုံး ၁၃၆၀ သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေဖြစ်ကြပါတယ်။ အစ္စရေးဘက်ကတော့ အားလုံး ၅၈ ယောက်သေဆုံးခဲ့ပြီး အစ္စရေးရောက် ထိုင်းအလုပ်သမားတဦးလည်း ဟားမတ်စ်ဒုံးကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
လက်ရှိဂါဇာထိုးစစ်ဟာ ၂၄ ရက် ကြာမြင့်လာပြီဖြစ်တာကြောင့် အစ္စရေးရဲ့ အရှည်ဆုံး ဂါဇာထိုးစစ်ဖြစ်လာသလို အစ္စရေးစစ်သား အထိအခိုက်အများဆုံး ထိုးစစ်လည်းဖြစ်လာပါတယ်။
၂၀၁၂ ထိုးစစ်တုန်းက ၈ ရက်ကြာမြင့်ပြီး ၂၀၀၈ ထိုးစစ်ကတော့ ၂၂ ရက်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးစစ်သားကျဆုံးမှုများပေမယ့် လက်ရှိထိုးစစ်အပေါ် အစ္စရေးပြည်သူအများစုက အင်ပြည့်အားပြည် ထောက်ခံနေတာကို နောက်ဆုံးလူထုစစ်တမ်းတွေ သိရှိရပါတယ်။
ဟားမတ်စ်ကတော့ ဂါဇာကမ်းမြောင်ကို ပြန်မဖွင့်ပေးမချင်း တိုက်ခိုက်နေမယ်လို့ ပြောဆိုပါတယ်။ ၁၉၆၇ ခြောက်ရက်ကြာစစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက သိမ်းပိုက်ခဲ့ပြီး ၂၀၀၅ အထိ တပ်စွဲထားခဲ့ပါတယ်။
၂၀၀၅ မှာ အစ္စရေးတပ်တွေကို ပြန်ရုပ်သိမ်းခဲ့ပေမယ့် ဂါဇာကမ်းမြောင်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းအားလုံးကို လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံက ထိန်းချုပ်ထားပါတယ်။ အီဂျစ်နဲ့နယ်စပ် တောင်ဘက်ဂိတ်ကိုလည်း အီဂျစ်နိုင်ငံက ပိတ်ဆို့ထားတာလည်း ဖြစ်ပါတယ်။
DVB

ကုလသမဂ္ဂကျောင်း အမြောက်ဆန်ထိမှန်ပြီး ၁၆ ဦး သေဆုံးမှု စုံစမ်းပေးမည်ဟု အစ္စရေးပြော

ပါလက်စတိုင်းဒုက္ခသည် ၃၀၀၀ ကျော် ခိုလုံနေတဲ့ကုလသမဂ္ဂကျောင်း အမြောက်ဆန် ထိမှန်ပြီး အရပ်သား အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်ကို ပြန်စုံစမ်းစစ်ဆေးပေးမယ်လို့ အစ္စရေးအစိုးရက ပြောဆိုပါတယ်။
အခုလို ကုလသမဂ္ဂကျောင်းကို အမြောက်နဲ့ ပစ်ခတ်ခဲ့မှုကို အမေရိကန်နဲ့ ကုလသမဂ္ဂတို့က အပြင်းအထန်ရှုတ်ချခဲ့ကြပါတယ်။ ကျောင်းအနားကနေ အစ္စရေးစစ်တပ်ကို မော်တာတွေနဲ့ ပစ်ခတ်တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။
GAZA
ဇူလိုင်လ ၃၀ ရက် တနေ့တည်း ဂါဇာမှာ ပါလက်စတိုင်း အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ စတင်ခဲ့တဲ့ အစ္စရေးထိုးစစ်အတွင်း ပါလက်စတိုင်းအနည်းဆုံး ၁၃၆၀ သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေဖြစ်ကြပါတယ်။ အစ္စရေးဘက်ကတော့ အားလုံး ၅၈ ယောက်သေဆုံးခဲ့ပြီး အစ္စရေးရောက် ထိုင်းအလုပ်သမားတဦးလည်း ဟားမတ်စ်ဒုံးကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
လက်ရှိဂါဇာထိုးစစ်ဟာ ၂၄ ရက် ကြာမြင့်လာပြီဖြစ်တာကြောင့် အစ္စရေးရဲ့ အရှည်ဆုံး ဂါဇာထိုးစစ်ဖြစ်လာသလို အစ္စရေးစစ်သား အထိအခိုက်အများဆုံး ထိုးစစ်လည်းဖြစ်လာပါတယ်။
၂၀၁၂ ထိုးစစ်တုန်းက ၈ ရက်ကြာမြင့်ပြီး ၂၀၀၈ ထိုးစစ်ကတော့ ၂၂ ရက်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးစစ်သားကျဆုံးမှုများပေမယ့် လက်ရှိထိုးစစ်အပေါ် အစ္စရေးပြည်သူအများစုက အင်ပြည့်အားပြည် ထောက်ခံနေတာကို နောက်ဆုံးလူထုစစ်တမ်းတွေ သိရှိရပါတယ်။
ဟားမတ်စ်ကတော့ ဂါဇာကမ်းမြောင်ကို ပြန်မဖွင့်ပေးမချင်း တိုက်ခိုက်နေမယ်လို့ ပြောဆိုပါတယ်။ ၁၉၆၇ ခြောက်ရက်ကြာစစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက သိမ်းပိုက်ခဲ့ပြီး ၂၀၀၅ အထိ တပ်စွဲထားခဲ့ပါတယ်။
၂၀၀၅ မှာ အစ္စရေးတပ်တွေကို ပြန်ရုပ်သိမ်းခဲ့ပေမယ့် ဂါဇာကမ်းမြောင်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းအားလုံးကို လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံက ထိန်းချုပ်ထားပါတယ်။ အီဂျစ်နဲ့နယ်စပ် တောင်ဘက်ဂိတ်ကိုလည်း အီဂျစ်နိုင်ငံက ပိတ်ဆို့ထားတာလည်း ဖြစ်ပါတယ်။
DVB

အန်စီစီတီနှင့်အမ်ပီစီ မြစ်ကြီးနားတွင် အလွတ်သဘော တွေ့မည်

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတို့ မြစ်ကြီးနားမှာ လာမယ့် သြဂုတ် ၃ ရက်နေ့မှာ အလွတ်သဘောတွေ့ဆုံမယ်လို့ အန်စီစီတီ အကြံပေး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဒီဗွီဘီကိုပြောပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ လိုင်ဇာမြို့ရှိ အန်စီစီတီ ဆွေးနွေးပွဲ
ဇူလိုင်လ၃၁ရက်နေ့လိုင်ဇာမြို့ရှိတိုင်းရင်းသားလက်နက်ကိုင်ထိပ်သီး ဆွေးနွေးပွဲ

“အလွတ်သဘော ရင်းရင်းနှီးနှီး တွေ့ဆုံတဲ့သဘောပါ။ အန်စီစီတီနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) တို့ ရှေ့ဆက်ပြီး တွေ့မယ့် အချိန်နေရာ စသည်ဖြင့် ညှိနှိုင်းဖို့ပါ။”
မြန်မာငြိမ်းချမ်းရေး စင်တာ (အမ်ပီစီ) က ဒေါက်တာ မင်းဇော်ဦးကတော့ မြစ်ကြီးနားဆွေးနွေးပွဲကို ရက်အတိအကျ မသတ်မှတ်နိုင်သေးပေမယ့် ဒီတွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဘက်အကြား ညှိနှိုင်းဖို့ ကျန်နေတဲ့အချက် ၃၁ ချက်ကို ဘယ်လို ညှိနှိုင်း ဆောင်ရွက်နိုင်မလဲ ဆိုတာ ဆွေးနွေးမယ်လို့ ဆိုပါတယ်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (ယူပီဒဗလျူစီ) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ခေါင်းဆောင်တွေ လာမယ့် သြဂုတ် ၁၂ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ဆုံမယ်လို့ သတင်းထွက်ပေါ်နေမှုအပေါ် ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းကတော့ အကြမ်းဖျင်းတွေ့ဆုံဖို့ စီစဉ်ထားပြီး အန်စီစီတီ ဘက်က လိုင်ဇာမှ ဆွေးနွေးခဲ့တဲ့ အချက် ၁၀ ချက်ကို တင်ပြသွားမယ်လို့လည်း ဒီဗွီဘီကို ပြောကြားထားပါတယ်။
DVB

သဲကုန်းမြို့နယ်မှာ ရေကြီးပြီး လူသေ


မြန်မာနိုင်ငံတဝှမ်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေ

ပဲခူးတိုင်း အနောက်ဖက်ခြမ်း သဲကုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ အပတ်က ရေကြီး ရေလျှံမှုတွေ အတွင်း လူတဦး သေဆုံးခဲ့ပါတယ်။

ရေကြီးနေစဉ် ချောင်းကို ဖြတ်ကူးတုန်းမှာ ချောင်းရေစီးအားနဲ့ မျောပါသွားပြီး အသက်ဆုံး ခဲ့တာလို့ သဲကုန်း NLD ပါတီ ဥက္ကဌ ဦးအောင်သန်းက ဘီဘီစီကို ပြောပြပါတယ်။

လယ်တွေလည်း ရေမြုပ်ကုန်ပြီး တံတားတစင်းလည်း ကျိုးခဲ့ပါတယ်။

ရေကြီးမှုကြောင့် လယ် ၂၀၊ ၂၅ ဧကလောက် ရေမြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်က မိုးနောက်ကျတဲ့အတွက် လယ်တွေကို ထွန်ရုံသာ ထွန်ထားခဲ့တာ ဖြစ်ပြီး အခုလို ရေမြုပ်ကုန်တဲ့အတွက် ဒီနှစ် အတွက် လယ်ယာ စိုက်နိုင်တော့မယ့် ပုံမရှိဘူးလို့ ပြောပါတယ်။

တံတား ကျိုးသွားတဲ့အတွက် သဲကုန်း၊ ပေါင်းတလည်၊ ပြည် လမ်းကြောင်းမှာ နှစ်ရက် သုံးရက်လောက် လမ်းပန်း အဆက်အသွယ် ယာယီ ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲစနစ် လေ့လာ သုံးသပ်ရေး ကော်မရှင်ဖွဲ့စည်း

 parliament-305.jpg
မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေမှုရှိမယ့် ရွေးကောက်ပွဲ စနစ်ကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် လေ့လာ သုံးသပ်ရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦး၊ ဥပဒေပညာရှင် ၅ ဦးနဲ့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းလိုက်ပါတယ်။
လေ့လာသုံးသပ်ရေး ကော်မရှင်ဖွဲ့ စည်းတဲ့ ရည်ရွယ်ချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော်မှာ အခုလို ပြောပါတယ်။
"အချိုးကျ ကိုယ်စားပြုစနစ်ကို အခြေခံတာလည်း ဖြစ် ချင်ဖြစ်မယ်၊ သို့မဟုတ်ရင် FPTP ကို အခြေခံတာ လည်း ဖြစ်ချင်ဖြစ်မယ်၊ သို့မဟုတ် ဒီနှစ်ခုစလုံးကို အခြေခံတာဖြစ်ချင်ဖြစ်မယ်၊ အရေးကြီးတာက ကျနော်တို့ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ်ကို လေ့လာသုံးသပ်ဖော်ဆောင်ပေးဖို့ ဒီကော်မရှင်ဖွဲ့စည်းပေးတယ်ဆိုတာကို ကိုယ်စားလှယ်များအားလုံး နားလည်ဖို့လိုပါလိမ့်မယ်၊ ဒီကောင်မရှင် ဖွဲ့စည်းခြင်းဟာ မြန်မာနိုင်ငံနဲ့ သင့်တော်မည့် ရွေးကောက်ပွဲစနစ်ကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် ကော်မရှင်က အစီရင်ခံစာ သုံးသပ်တင်ပြဖို့အတွက်ဖြစ်ပါတယ်"
အဲ့ဒီကော်မရှင်ရဲ့ သက်တမ်းဟာ ဒီနေ့ကနေ ၂ လတိတိ သက်တမ်းရှိမှာဖြစ်ပြီး တကယ်လို့ ကော်မရှင်လုပ်ငန်း မပြီးသေးရင် ပြည်ထောင်စုလွှတ်တော်ထံ အစီရင်ခံစာပေးသွင်းနိုင်တဲ့အထိ သက်တမ်းကို တိုးမြှင့်သတ်မှတ် သွားမယ်လို့ သိရပါတယ်။
ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၅ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ၂ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနဲ့ တခြားနိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၁၉ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
ကော်မရှင် ဥက္ကဌအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက  ဦးတင်မောင်ဦး၊ အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦးတို့ကို တာဝန်ပေးထားပြီး အဲ့ဒီကော်မရှင်ဟာ ဒီနေ့ ပထမဆုံးအစည်းအဝေး ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် တင်သွင်းတဲ့ မူလအဆိုဖြစ်တဲ့ "မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမယ့် စနစ်တစ်ခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေး တိုက်တွန်းကြောင်း" အဆိုနဲ့ဆက်စပ်ပြီး ကော်မရှင်ဖွဲ့စည်းဖို့ ပြည်သူ့ လွှတ်တော်က လွန်ခဲ့တဲ့ နှစ်ရက်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီအတောအတွင်း လွှတ်တော်တွေထဲမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေပိုရအောင် မတည်ဆောက်နိုင်သေး ပဲ နိုင်ငံရေးအားစမ်းမှု တွေ့နေရတယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက သုံးသပ်လိုက်ပါတယ်။ OMI လို့ခေါ်တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ လွှတ်တော်စောင့်ကြည့်ရေး သုသေတနအဖွဲ့မှာ အကြံပေးတစ်ဦး အဖြစ်လည်း ပါဝင်ဆောင်ရွက်နေတဲ့  ဦးကိုကိုကြီးကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

RFA

မွန်းတည့်နေဂျာနယ်အမှု ၇ ဦးကို သြဂုတ် ၄ ရက်နေ့ တရားစွဲဆိုမည်

 pabedan-305.jpg
ကြားဖြတ်အစိုးရတင်မြှောက်တဲ့ သတင်းရေးသားဖော်ပြ တဲ့ မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း  ၇  ဦးကို သြဂုတ်လ  ၄ ရက်နေ့မှာ အမှုစတင်စွဲဆိုတော့မယ်လို့ ဒီအမှုကိုလိုက် ပါဆောင်ရွက်နေတဲ့ ဗဟိုတရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့ ပြောကြားလိုက် ပါတယ်။
ရဲသတင်းအထူးတပ်ဖွဲ့က တရားလိုလုပ်ပြီး ပန်းပဲတန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုမှာ လို့ မြန်မာနိုင်ငံ ရှေ့နေကွန်ရက်က ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"သူတို့ ၇ ယောက်ကို ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဃ) နဲ့ ၅ (ည) တို့အရ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ အမှုစတင်စွဲဆိုတော့မယ်လို့ သိရပါတယ်"
ဒီ ၇ ဦးထဲမှာပါဝင်တဲ့ ဂျာနယ်ထုတ်ဝေသူ ဦးကျော်မင်းခိုင်နဲ့ မိတ်ဆွေဖြစ်သူ ဦးယဉ်မင်းထွန်းတို့ကို ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ဇူလိုင် ၁၇ ရက်က ဖမ်းဆီးမိပြီး သူတို့နဲ့အတူဖမ်းဆီးမိတဲ့ ဒေါက်တာ အိအိစံကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ခု တရားစွဲဆိုခံရမယ့်လူတွေဟာ ပြစ်မှုထင်ရှားရင် ပုဒ်မနှစ်ခုစလုံးအတွက် ထောင်ဒဏ် ၇ နှစ်စီကျခံ ရနိုင်တယ်လို့လည်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ ထုတ်မွန်းတည့်နေဂျာနယ်မှာ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့  MDCF အဖွဲ့က  “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရ တင်မြှောက်” ဆိုတဲ့ သတင်းဖော်ပြမှုနဲ့ အရေးယူခံရတာပါ။
ဒီသတင်းကြောင့် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်စေရုံမက နိုင်ငံတော်ကို အကြည်ညိုပျက်စေတာ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတာအပြင် အများပြည်သူရဲ့ အကျိုးပျက်စီးစေမှု  ဖြစ်ပေါ်စေတယ်လို့ ဇူလိုင်လ ၈ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။
 RFA

ဝန်ကြီးနှစ်ဦး နှုတ်ထွက်သွားမှုကိစ္စ ဦးရဲထွဋ် ရှင်းလင်းပြောကြား

 yehtut-305.jpg
ရာထူးကအနားပေးခံရတဲ့ ပြန်ကြားရေးဝန်ကြီး  ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက် တာ ဖေသက်ခင်တို့ဟာ သမ္မတဦးသိန်းစိန်ရဲ့  တတိယအဆင့် ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အတွက်ကြောင့် နှုတ်ထွက်သွားခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးအဖြစ် အဆိုပြု ခံထားရသူ သမ္မတရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။
ပြည်ထောင်စုအဆင့် ဝန်ကြီးနှစ်ဦး ရာထူးကနေ ရုတ်တရက်နှုတ်ထွက်သွားခဲ့တဲ့အပေါ် ထွက်ပေါ်လာ တဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ဦးရဲထွဋ်က အခုလိုဖြေကြားခဲ့တာပါ။
"ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နဲ့ ဒေါက်တာ ဖေသက်ခင် တို့ထွက်တာက တချို့ပြောနေသလို အဂတိလိုက်စားမှုတွေ ကျန်တဲ့ကိစ္စတွေနဲ့ မဆိုင်ပါဘူး၊ အဓိကက သူတို့နှစ်ဦးကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းရဲ့ တတိယအဆင့်မှာ ရင်ဆိုင်နေရတဲ့ တောင်းဆိုမှုတွေ၊ လျှင်လျှင်မြန်မြန်နဲ့ ရလာဒ်ကောင်းတွေ ပေါ်ထွက်လာဖို့ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အခက်အခဲရှိတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်မို့ သူတို့ဆန္ဒအလျောက် နှုတ် ထွက်ခွင့်ပေးဖို့ဆိုပြီးတော့ သမ္မတကြီးကိုတင်ပြတာ"
အခုလစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဒုတိယ၀န်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဒုတိယ၀န်ကြီး ဒေါက်တာ သန်းအောင် ကိုခန့်အပ်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ထံ ဇူလိုင် ၂၉ ရက်နေ့က သ၀ဏ်လွှာပေးပို့ အဆိုပြုထားပါတယ်။
ပြန်ကြားရေးဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ ဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA

မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင်ကို ဖမ်းဆီးထိန်းသိမ်း

mechaungkan-protest-305.jpg
ဘိုးဘွားပိုင်မြေများ ပြန်လည်ရရှိရေး အောက်တိုဘာလ ၂ ရက်နေ့က မိချောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှ မူလမြေပိုင်ရှင်များ မဟာဗန္ဓုလပန်းခြံအရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြစဉ်
photo: RFA/ Thiha Htun

စစ်တပ်ကသိမ်းထားတဲ့ အိမ်မြေနေရာတွေပြန် ရဖို့ တောင်းဆိုနေတဲ့ မိချောင်းကန်ရပ်ကွက် သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို အရပ်ဝတ်လူတစ်စု က ကန်တော်ကြီး မျှော်စင်ကျွန်းအနီးမှာ ဒီနေ့မနက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုံးတင်တရားစွဲကာ ညနေပိုင်းမှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့  သတင်းရရှိပါတယ်။
ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီလီ တောင်းခံထားတဲ့ အထောက်အထားတွေကို ကုလသမဂ္ဂရုံးကိုပေးဖို့အသွား အဖမ်းခံရတာဖြစ်တဲ့ အကြောင်း သမီးဖြစ်သူ မနေနွယ်က RFA ကိုပြော ပါတယ်။
"အကြမ်းဖက်ခံရတဲ့ ဓါတ်ပုံအထောက်အထားတွေ ရိုက်ပြီးတော့ မိချောင်းကန်ရဲ့ အထောက်အထားတချို့ ရယ်ပေါ့နော် အဲဒါတွေကိုလာပေးဖို့အတွက် ပြောခဲ့တဲ့ အတွက် မနက်ပိုင်းမှာ ဦးစိန်သန်းက သွားခဲ့တယ်လို့ သိရတယ်၊ လမ်းတဝက် UN ရုံးမရောက်ခင် မျှော်စင်ကျွန်းအရှေ့နားက စားသောက်ဆိုင်မှာ ထမင်းဝင်စားတယ် လို့ သိရတယ်၊ အဲဒီစားသောက်ဆိုင်မှာပဲ အရပ်ဝတ်နဲ့ လူ ၁ဝ ယောက်လောက်က ကားပေါ်အတင်းဆွဲတင် သွားတယ်၊ ညီမတို့လိုက်စုံစမ်းတော့ ၃ နေရာစလုံးမှာ ပုဒ်မ ၁၈ ကပ်ထားတယ်၊ လသာရယ်၊ ပန်းပဲတန်းရယ် ၊ ကျောက်တံတားရယ် နောက် ပန်းပဲတန်းမှာပဲ စည်ပင်အမှုနဲ့ ထပ်ပြီးတော့ စွဲထားသေးတယ်"
ဦးစိန်သန်းကို ဒီနေ့ နေ့လည်မှာပဲ ကျောက်တံတား၊ ပန်းပဲတန်းနဲ့ လသာ ၃ မြို့နယ်တရားရုံးတွေက  ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်မှု၊ ပုဒ်မ ၆၈ စည်ပင်သာယာအမှုတွေနဲ့ တရားစွဲလိုက်ပြီး၊ အာမခံမပေးတော့ဘဲ ညနေမှာ အင်းစိန်ထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။ သူ့ကို ရမာန်တစ်ပတ်ရုံးချိန်းပေးလိုက်တဲ့အတွက် နောက် တစ်ပတ်မှာ တရားရုံးထွက်ရမယ်လို့လည်း သိရပါတယ်။
နဝတစစ်အစိုးရလက်ထက်မှာ ရပ်ကွက်ဖျက်ပြီး အိမ်မြေတွေအသိမ်းခံလိုက်ရတဲ့ မိချောင်းကန် ရပ်ကွက်သားတွေရဲ့ မြို့တော်ခန်းမရှေ့ကဆန္ဒပြတောင်းဆိုမှုဟာ ၄ လကျော် ကြာနေပြီဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က စည်ပင်သာယာ ဝန်ထမ်းတွေနဲ့ အရပ်သားတချို့ခေါ်လာပြီး ပြီးခဲ့တဲ့ မတ်လ ၃ဝ ရက် မနက် ၃ နာရီကျော်မှာ သပိတ်စခန်းကို ဝင်ရောက်ဖျက်သိမ်းခဲ့ပါတယ်။

PR စနစ်ဆွေးနွေးမှုအပေါ် ကန့်ကွက်ဆန္ဒပြမည်

 pr-protest-mman-305.jpg
အချိုးကျ ကိုယ်စားပြုစနစ် ခေါ် PR ကို ကျင့်သုံး ဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့တာကို ကန့်ကွက် တဲ့အနေနဲ့ လာမယ့် သြဂုတ်လ ၅ ရက်နေ့ မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြသွားမယ်လို့ ပြည်သူ့လှုပ်ရှား မှု မြှင့်တင်ရေးကွန်ရက်က ဒီနေ့ ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်က ဦးကြည်လင်းက အခုလို ပြောပါတယ်။
"ဒီမိုကရေစီ ပတ်ဝန်းကျင်မရှိသလို ဒီမိုကရေစီ ယဉ်ကျေးမှုလည်း မထွန်းကားသေးဘူး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း မပြင်ဆင်နိုင်သေးဘူး၊ ဒီလိုအခြေအနေမျိုးမှာ ပီအာစနစ်ကို တင်သွင်းလာ တယ်ဆိုရင် တိုင်းပြည်မှာ မရိုးသားတဲ့လုပ်ကြံမှု တစ်ခုလို့  ကျနော်တို့ကမြင်ပါတယ်၊ ဒါကြောင့်မို့ သြဂုတ် ၅ ရက်နေ့မှာ ဆန္ဒပြပွဲကို အင်အားစု အားလုံးနဲ့ ပေါင်းစပ်ပြီး ဆောင်ရွက်သွားပါမယ်"
လာမယ့်သြဂုတ်လ ၅ ရက်နေ့မှာ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ပြည်သူ့လှုပ်ရှားမူ မြှင့်တင်ရေးကွန်ရက်မှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ပါဝင်ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ တိုင်းဒေသကြီးတွေ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်ကို လေ့လာဖို့ ဆိုပြီး ကော်မရှင် ဖွဲ့စည်းခဲ့ပါတယ်။
RFA

စစ်တပ်က ရိုက်နှက်စစ်လို့ ရွာလုံးကျွတ် ထွက်ပြေး

 
 ဇူလိုင် ၃၁
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မတာရွာ အနီးမှာ အစိုးရ တပ်မတော် အရာရှိ လုပ် ကြံ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ရွာအုပ်ချုပ် ရေးမှူးတွေ ရပ်မိ ရပ်ဖ တွေ ကို စစ်တပ်ဖက် က ခေါ်ယူပြီး ရိုက်နှက် စစ်ဆေးနေတာ ကြောင့် ရွာလုံးကျွတ် နီးပါး တရုတ်နယ် ထဲကို ထွက်ပြေ့း တိမ်းရှောင် နေကြပါတယ်။

အိမ်ခြေ ၁၀ဝ ကျော်လောက် ရှိ ပြီး လူ ၅၀ဝ လောက် နေထိုင်တဲ့ နောင်မတား ရွာဟာ နမ့်ခမ်းမြို့နဲ ၂ မိုင်လောက် ဝေးပြီး တရုတ် နယ်စပ်မှာ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် နေ့က မြန်မာ တရုတ် နယ်စပ် နန့်ခမ်းမြို့ အနီး နောင်မတာ ရွာအဝင်မှာ တပ်စွဲ ထားတဲ တပ်ခွဲမှူး ဗိုလ်ကြီး ဝင်းသူရထွန်း နဲ့ တပ်ကြပ်ကြီး တစ်ယောက်တို့ လုပ်ကြံ သတ်ဖြတ် ခံ ရပြီးတဲ့ နောက်မှာ ခေါ်ယူ စစ်ဆေး ခဲ့တာပါ။

နောက်တစ်နေ့ ဇူလိုင် ၃၀ ရက်ကလည်း ရွာက အုပ်ချုပ် ရေးမှူးတွေ ကို ထပ်မံ ခေါ်ယူပြီး ရိုက် နှက် စစ်ဆေးခဲ့လို့ ရွာခံတွေ ကြောက်လန့် ထွက်ပြေးကြတာလို့ နောင်မတာရွာ အနီးက စိုင်းစံအိုက် က ဘီဘီစီကို ပြောပါတယ်

ရွာသားတွေက ခြေလျင်ရော၊ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့ပါ ထွက်ပြေးကြတယ်လို့ သူက ပြောပါတယ်။

ထပ်ပြီး ခေါ်စစ် ခံရသူ ၅ယောက် စလုံးလည်း ပြန်လွှတ်ပြီး နောက်ပိုင်း တရုပ် ဘက်ကို ထွက်ပြေး သွားတယ်လို့ စိုင်းစံအိုက်က ပြောပါတယ်။

မြန်မာ စစ်တပ် ဖက်ကတော့ ဒီသတင်း နဲ ပတ်သက်လို့ တရားဝင် မထုတ်ပြန်သေး ပါဘူး။

အခုတော့ နောင်မတာမှာ အခြေစိုက်ထားတဲ့ တပ်စခန်းက စစ်အင်အား အပြင် တခြားဒေသက လာတဲ့ စစ်အင်အား ၃၀ဝ လောက် ရောက်နေပြီး ရွာအဝင် အထွက်လမ်း နဲ့ ရွာပတ်ဝန်းကျင် တရုတ်နယ်စပ် တလျှောက် လုံခြုံရေးယူတယ်လို့ သိရပါတယ်။

နောင်မတာရွာဟာ အရင်က SSA တပ်ရင်း ၇၀၁ အခြေချ သွားတဲ ရွာဖြစ်ပြီး မနှစ်ကမှ တပ်ဖက်က ပြန်သိမ်း ထားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ထိုင်ဝမ်မှာ ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်

 
ထိုင်ဝမ်ကျွန်း အနောက်ပိုင်းက ဂေါင်ရှီအွန်း မြို့မှာ ဂက်စ်ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက် ဖြစ်ပွားခဲ့ရာမှာ လူ၁၅ဉီး သေဆုံးပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။

ပေါက်ကွဲမှုကနေ လွင့်ထွက်လာတဲ့ မီးတောက်လုံးကြီး တခုကြောင့် ကားတွေ ပြောင်းပြန် လန်သွားပြီး သစ်ပင်တွေ လဲကုန်တဲ့ ပုံတွေကို လူမှု ကွန်ရက် သတင်း စာမျက်နှာတွေပေါ်မှာ တွေ့ရပါတယ်။ပေါက်ကွဲမှုပေါင်း ၅ခု ဖြစ်ခဲ့တယ်လို့ ထိုင်ဝမ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှု ရှိနေတယ် ဆိုတဲ့ အသိပေး ဖုန်းဆက်ပြောမှုတွေကို ကြာသပတေးနေ့ နှောင်းပိုင်းလောက်တုန်းက လက်ခံ ရခဲ့တယ်လို့ အဲဒီမြို့က မီးသတ်ဌာနက ပြောပါတယ်။

လမ်းမတွေပေါ်မှာ လူသေအလောင်းတွေ ပြန့်ကျဲနေပြီး ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေတယ်လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Ooredoo SIM ကဒ် မြန်မာနိုင်ငံမှာ စတင်ရောင်းချ


မြန်မာနိုင်ငံမှာ ငွေကျပ် သိန်းသောင်းချီ ပေးဝယ်ခဲ့ရတဲ့ မိုဘိုင်းလ်ဖုန်း ဆင်းကတ်တွေကို ကာတာနိုင်ငံ အခြေစိုက် Ooredoo တယ်လီဖုန်း ဝန်ဆောင်မှုကနေ  ငွေ ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတာကြောင့် ရန်ကုန် နဲ့ မန္တလေးမြို့မှာ ဒီကနေ့ ပြည်သူ အများအပြား ၀ယ်ယူခဲ့ကြတာပါ။ တရားဝင်ရောင်းချရမယ့် ရက်ဟာ သြဂုတ်လအတွင်းဖြစ်ပေမဲ့ ဇူလိုင်လ ၃၀ နဲ့ ၃၁
ရက်တွေမှာ ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ ကိုယ်စားလှယ် ဆိုင်တွေက
စတင်ရောင်းချပေးနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်ကပြောပြမှာပါ။

ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်နေ့ တွေဟာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ် ဖုန်း
ဆင်းကတ် ဈေးကွက် တစ်ဆစ်ချိုး ပြောင်းလဲခဲ့တဲ့ နေ့ရက်တွေလို့ ပြောရမှာပါ။
ငွေကျပ် သိန်း ၃၀ ကစလို့ နောက်ဆုံး ငွေ ၃၀၀၀၀ ပေးမှ မိုဘိုင်းလ် ဆင်းကတ်
ဝယ်နိုင်တာကနေ ငွေကျပ် ၁၅၀၀ နဲ့  မိုဘိုင်းဆင်းကတ်တွေကို
ကာတာ အခြေစိုက် Ooredoo တယ်လီဖုန်း ၀န်ဆောင်မှု က အများပြည်သူအကြား
ဝယ်ယူနိုင်အောင် ဖန်တီးပေးခဲ့တဲ့ အချိန်မှာ ရန်ကုန်၊ မန္တလေး မှာ ရှိတဲ့
ပြည်သူတွေ အကြား လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်ခဲ့ရပါတယ်။

Ooredoo  ဆင်းကတ်တွေကို တရားဝင်ရောင်းချခွင့်ရထားတဲ့ ရန်ကုန် မန္တလေးက
ဆိုင်အချို့က သူတို့ လက်ထဲ မှာ ရှိနေတဲ့ မိုဘိုင်းလ်ဖုန်းကတ်တွေကို
ဒီကနေ့ မနက်အစောပိုင်းက စလို့ ရန်ကုန် မြို့ ပန်းဆိုးတန်းနဲ့
ဆူးလေဘုရား လမ်းမပေါ်က ဆိုင်တွေမှာ ရောင်းချခဲ့တာကြောင့် ပြည်သူတွေက
ကျိတ် ကျိတ်တိုး ၀ယ်ယူတာတွေလည်း ဖြစ်ခဲ့ပါတယ်။ Ooredoo ဖုန်းကတ် ၀ယ်လိုတဲ့သူတွေကို မှတ်ပုံတင် မိတ္တူ နဲ့ အတူရောင်းချပေးခဲ့တာ ဖြစ်ပြီးတော့ လိုချင်တဲ့သူတွေ အနေနဲ့ လွတ်လွတ်လပ်လပ် ပြင်ပ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တွေ မှာ ၀ယ်ယူနိုင်တယ်လို့ ဆူးလေဘုရားလမ်းမ ပေါ်က မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် ပိုင်ရှင် တစ်ဦး က
ဗွီအိုအေကို အခုလို ပြောပါတယ်။
"လူတိုင်းတော့ဝယ်လို့ရတယ်။ ဒါပေမဲ့ ဝယ်တဲ့အခါကျရင် မှတ်ပုံတင် မိတ္တူလိုမယ်။ နောက် ဓာတ်ပုံ မူရင်းလိုမယ်။ နောက် ဝယ်ပြီးရင် လက်မှတ်ထိုးပေးရမယ်။ မှတ်ပုံတင်မိတ္တူအောက်မှာ လက်မှတ်ထိုးပေးရမယ်။ အဲ့တာလေးတွေပေါ့။ ဈေးကတော့ တခုပဲ သတ်မှတ်ထားတယ်။ ပိုလို့လဲ မရဘူး။ လျော့ယူလို့လဲ မရဘူး။ ၁၅၀၀ကျပ်ပဲ ရောင်းလို့ရမယ်။"

တကယ်တော့ Ooredoo မိုဘိုင်းဖုန်း ဆင်းကတ်တွေကို သြဂုတ်လ ၂ ရက်နေ့မှ
တရားဝင်ရောင်းချခွင့် ပေးထားတာ ဖြစ်တယ်လို့လည်း Ooredoo မြန်မာ ရဲ့
လူမှုဆက်ဆံရေးနှင့်ပြန်ကြားရေး မန်နေဂျာဒေါ်သီရိကြာညိုကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မလေးရှားလေယာဉ် ပျက်ကျတဲ့နေရာ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ ဝင်ရောက်

  (OSCE) ဥပရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ရောက်ရှိလာစဉ်။ (ဇူလိုင် ၃၀၊ ၂၀၁၄)
(OSCE) ဥပရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ရောက်ရှိလာစဉ်။ (ဇူလိုင် ၃၀၊ ၂၀၁၄)
01.08.2014 
ယူကရိန်းနိုင်ငံ အရှေ့ခြမ်း မလေးရှားလေယာဉ်ပျက် ကျခဲ့တဲ့နေရာကို နိုင်ငံတကာ စုံစမ်းရေး အဖွဲ့တဖွဲ့ ရောက်ရှိလာပါပြီ။ ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ အဲ့ဒီနေရာတ၀ိုက်မှာ တိုက်ပွဲတွေဖြစ်နေတာမို့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့အနေနဲ့ အဲဒီနေရာကို ရောက်ရှိဖို့ ရက်အတန်ကြာ ကြိုးပမ်းခဲ့ရပြီးနောက် အခု ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပါတယ်။
နယ်သာလန်နဲ့သြစတေးသျှက ကျွမ်းကျင်သူ လေးဦးပါဝင်တဲ့ အဲဒီ စုံစမ်းရေးအဖွဲ့ငယ်ဟာ အဲဒီနေရာကို လမ်းကြောင်းသစ်တခုကနေ တဆင့် ရောက်ရှိသွားတာဖြစ်တယ်လို့  OSCE ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကြာသာပတေးနေ့မှာ ကြေညာသွားတာပါ။
စုံစမ်းရေးအဖွဲ့ငယ် အဲဒီကို ရောက်သွားတဲ့အတွက် လေယာဉ်ပျက်ကျတဲ့နေရာက အဓိကကျတဲ့ အထောက်အထားပစ္စည်းတွေ စတင်စုဆောင်းနိုင်မှာဖြစ်သလို၊ မသယ်ရသေးတဲ့ ရုပ်အလောင်းအကျွင်းအကျန်တွေကိုလည်း စစ်ဆေးနိုင်မှာဖြစ်ပါတယ်။  ဒီစုံစမ်းရေးအဖွဲ့ဟာ ကနဦး လေ့လာစူးစမ်းမှုတွေကို လုပ်သွားမှာဖြစ်ပြီး၊ နောက်တကြိမ် ဖြစ်နိုင်သမျှ မြန်မြန်လာနိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ OSCE အဖွဲ့ က သူ့ Twitter လူမှုကွန်ယက်မှာ ရေးထားပါတယ်။
အခုလို လေယာဉ်ပျက်ကျတဲ့နေရာကို နိုင်ငံတကာစုံစမ်းရေးမှုးတွေ လာရောက်နိုင်ဖို့ဆိုပြီး ယူကရိန်းဖက်ကတော့ ရုရှားလိုလားတဲ့သူပုန်တွေကို တနေ့တာ တိုက်ခိုက်စစ်ဆင်မှုရပ်နားထားမယ်ဆိုပြီး ကြာသပတေးနေ့ အစောပိုင်းက ကြေညာခဲ့ပါတယ်။ စုံစမ်းရေးအဖွဲ့တွေ ၀င်ရောက်နိုင်ဖို့ဆိုပြီး တိုက်ခိုက်မှုတွေကို ရပ်ထားဖို့  ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက မေတ္တာရပ်ခံခဲ့တဲ့အပေါ် အခုလို တုန့်ပြန်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းဖက်က ပြောပါတယ်။

အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား ကြိုတင်သတ်မှတ်ချက် တစုံတရာမထားရှိဘဲ လူသားချင်းစာနာတဲ့အနေနဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြေညာလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ဒေသစံတော်ချိန် သောကြာနေ့မနက် ၈ နာရီမှာ စတင်မှာဖြစ်ပြီး၊ ဒီကာလအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေကို စစ်ဒဏ်ကြောင့် အရမ်းကို လိုအပ်နေတဲ့ အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြောပါတယ်။
ဒ့ါအပြင်အခုလို အပစ်အခတ်ရပ်စဲရေး အချိန်ကာလအတွင်း  ဒီတိုက်ခိုက်မှုတွေ အတွင်း သေဆုံးသွားတဲ့သူတွေကို သင်္ဂြိုဟ်တာတွေ၊ စားနပ်ရိက္ခာပြန်လည် ဖြည့်ဆည်းတာတွေ နဲ့ အဆောက် အအုံတွေ ပြန်လည် ပြင်ဆင်တာတွေ လုပ်ဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။
အစ္စရေးလ် နဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့တွေ ဟာ ရေရှည် အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆွေးနွေးဖို့အတွက် ကိုင်ရိုမြို့ကို ချက်ချင်း ခရီးနှင်ကြာမှာဖြစ်တယ်လို့ သူတို့ ၂ ဦးစလုံးက ပြောပါတယ်။ အပစ်အခတ် ရပ်စဲရေးကို လက်ခံကြောင်း ဟာမားစ်ဘက်က ပြောလိုက်ပေမဲ့လည်း အစ္စရေးလ်ဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်းမရှိခဲ့ပါဘူး။
ဒါပေမဲ့ ၂ ဘက်စလုံးက အပစ်ရပ်ဖို့အတွက် သဘောတူတယ်ဆိုတာကို ၀န်ကြီးကယ်ရီရော မစ္စတာ ဘန်ကီမွန်းရောက အာမခံပြောကြားခဲ့ပါတယ်။ ဂါဇာဒေသမှာ ၂ ဘက် အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁၃၀၀ ကျော်သေဆုံးပြီး အစ္စရေးလ်ဘက်က စစ်သား ၅၆ ယောက် နဲ့ အရပ်သား ၃ ယောက်သေဆုံးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

Ebola ကူးစက်ခံရသူ အမေရိကန်နှစ်ဦးကို နေရပ်ပြန်ခေါ်ဖို့ ကြိုးပမ်း

 Ebola ဖြစ်ပွားနေတဲ့ ဒေသက ကျန်းမာရေးဝန်ထမ်းများ။
 Ebola ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဖျားနာနေတဲ့ လစ်ဗေးရီယားရှိ အမေရိကန်နှစ်ဦး ကို အမေရိကန် ပြန်ခေါ်နိုင်ဖို့ CDC ရောဂါ ထိန်းချုပ်ရေး ကာကွယ်ရေး ဌာနတွေနဲ့ အတူ ဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့ကို ပြန်လည်ခေါ်ထုတ်နိုင် မယ့် ဖြစ်နိုင်ခြေတွေ ကူညီဆောင်ရွက်သွားဖို့ လစ်ဗေးရီယားနိုင်ငံကို ထိပ်တန်းဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတဦး စေလွှတ် လိုက်ပြီလို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောခဲ့ပါတယ်။

Texas က ဆရာဝန်ဖြစ်သူ Dr.Kent Brantly နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က သာသနာပြု Nancy Writebol တို့နှစ်ဦးစလုံးဟာ လစ်ဗေးရီယား ဆေးရုံတရုံမှာ Ebola လူနာသည်တွေကို အကူအညီပေးနေရင်းနဲ့ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ ရတာဖြစ်ပါတယ်။

သူတို့ကို ပြန်ခေါ်ထုတ်မယ်ဆိုရင် သတိပြုရမယ့် အချက်အားလုံးကို စူးစမ်းလေ့လာနေပြီး၊ သယ်လာတဲ့လမ်းမှာရော အမေရိကန်ပြည်ထောင်စုရောက် ရင်ရော သူတို့ကို သီးခြား ခွဲထုတ်ထားမှာဖြစ်တယ် လို့လည်း နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အခု လစ်ဗေးရီးယားမြို့တော်မှာရှိပြီး၊ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား ပြီ

Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters) 

အနောက်အာဖရိကနိုင်ငံတွေမှာ ​ပျံ့နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကြောင့် ​Sierra ​Leone ​နိုင်ငံမှာ ​အရေးပေါ်အခြေအနေ ​ကြေညာနေရသလို ​Libaria ​နိုင်ငံမှာလည်း ​စာသင်ကျောင်းတွေကို ​ပိတ်ချလိုက်ရပါတယ်။

အခုဆိုရင် ​အီဘိုလာ ​ဗိုင်းရပ်စ် ​ကြောင့် ​သေဆုံးသူ ​အယောက်ပေါင်း ​၇၃၀ ​နီးပါး ​ရှိသွားပြီ ​ဖြစ်ပါတယ်။

အဲဒီရောဂါ ​ခံစားနေရသူ ​တွေကို ​တခြားနေရာ ​သွားခိုင်းမှာ ​မဟုတ်ပဲ ​ရဲတွေ၊ ​စစ်တပ်တွေနဲ့ ​အစောင့် ​အကြပ် ​ထားပြီး ​ရောဂါမပျံ့နှံ့အောင် ​ထိန်းသိမ်း ​သွားမယ်လို့ ​Sierra ​Leone ​နိုင်ငံ ​သမ္မတက ​ပြောပါတယ်။

Liberia ​နဲ့ ​Sierra ​Leone ​နိုင်ငံ ​နှစ်ခု ​စလုံးမှာ ​ရောဂါပျံ့နှံ့မှု ​ထိန်းသိမ်းတဲ့ ​အနေနဲ့ ​လူစုလူဝေး ​ပြုမှုတွေ ​ကိုလည်း ​ကန့်သတ်မှု ​လုပ်လိုက် ​သလို ​သေဆုံးမှု ​မှန်သမျှကို ​အာဏာပိုင်တွေကို ​အသိပေးဖို့ ​လည်း ​ညွှန်ကြားထားပါတယ်။

အီဘိုလာပိုးဟာ ​Guinea, ​Liberia ​နဲ့ ​Sierra ​Leone ​နိုင်ငံမှာ ​ပျံ့နှံ့နေ ​တာဖြစ်ပြီး ​အဲဒီနိုင်ငံက ​လူတွေကိုလည်း ​အိမ်နီးချင်း ​နိုင်ငံတွေက ​အဝင်အထွက် ​ကန့်သတ်လိုက်ပြီ ​ဖြစ်ပါတယ်။

ဒီပိုးကို ​နှိမ်နင်းဖို့ ​အတွက် ​အရေးပေါ် ​ဒေါ်လာ ​သန်း ​၁၀၀ ​လောက် ​လိုမယ်လို့ ​လည်း ​ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့က ​ပြောပါတယ်။ ​ဒါပေမဲ့ ​အခုအချိန် ​အထိ ​ဒီရောဂါပိုး ​အတွက် ​ကာကွယ်ဆေးတွေ ​မရှိသေးပါဘူး။ ​အနောက် ​အာဖရိက ​နိုင်ငံတွေကနေ ​တခြားနိုင်ငံတွေဆီ ​ကူးစက်မှာကို ​စိုးရိမ်တဲ့ ​အတွက်လည်း ​အမေရိကန် ​US ​peace ​corps ​အဖွဲ့က ​အာဖရိက ​အနောက်ပိုင်းက ​သူ့ရဲ့အမှုထမ်းအယောက် ​၃၄၀ ​ကိုလည်း ​ပြန်လာဖို့ ​စီစဉ်ပေးနေပြီ ​ဖြစ်ပါတယ်။

အီဘိုလာပိုးဟာ ​လင်းနို့ကနေ ​ပြန့်ပွားလာကြောင်း ​၁၉၇၆ ​ခုနှစ်မှာ ​သိရှိကြတာ ​ဖြစ်ပါတယ်။ ​အီဘိုလာပိုးရှိနေတဲ့ ​လင်းနို့က ​တခြားအကောင်တွေကို ​ကိုက်မိပြီး ​အဲလို ​အကိုက်ခံရတဲ့ ​သားကောင်တွေကို ​လူတွေက ​စားမိတဲ့အခါ ​ရောဂါကူးစက်တာဖြစ်ပါတယ်။ ​လူတစ်ဦးကနေတစ်ဦး ​ထပ်မံကူးစက်နိုင်တဲ့အတွက်လည်း ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

ABC Radio Australia
သစ်ထူးလွင် မှ

Thursday, July 31, 2014

အဖြေမှန်သည့် ကျောင်းသူကို အမှတ်လျှော့သည့် ဆရာမအား ရာထူးလျှော့ချ

အဋ္ဌမတန်းကျောင်းသူ၏အဖြေမှန်သော်လည်း ရမှတ် လျှော့ချခဲ့မှုဖြင့် တိုင်ကြားခံရ သော ဆရာမအားအတန်းပိုင်ရာထူးမှ လျှော့ချခဲ့သလို အတန်း လျှော့၍ သင်ကြားရန် ဆုံးဖြတ်လိုက်ကြောင်း လပွတ္တာမြို့နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သတင်းရရှိသည်။
လပွတ္တာမြို့ရှိအထက်တန်း ကျောင်းတွင် ပညာသင်ယူနေသော အဋ္ဌမတန်းကျောင်းသူကို အတန်းပိုင်ဆရာမက သင်္ချာပုစ္ဆာ ဖြေဆိုရာ၌ အဖြေမှန်ကန် သော်လည်း အမှတ်လျှော့ခဲ့သဖြင့်  ကျောင်းသူ၏မိဘက တိုင်ကြားခဲ့ ခြင်းဖြစ်သည်။
အဆိုပါကျောင်းသူသည် အတန်းပိုင်ဆရာမထံတွင် ကျုရှင် တက်ရောက်ခြင်းမရှိဘဲ ပြင်ပနာ မည်ကြီးကျူရှင်တွင်တက်ရောက် နေခြင်းကြောင့် အတန်းပိုင်ဆရာမ၏ ငြိုငြင်မှုခံရပြီး စာမေးပွဲတွင် အမှတ်လျှော့ခံရမှုနှင့် ငွေကြေးကောက်ခံမှုစွပ်စွဲချက်တို့ဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘ကာယကံရှင်တွေအဆင် ပြေအောင် ညှိနှိုင်းပေးလိုက်တာပါ။ မိဘတွေ ဆန္ဒလည်းအဆင်ပြေအောင်၊ လူတော်ကျောင်းသူလေးလည်း မဆုံးရှုံးအောင်ဆောင်ရွက်ပေးတာပါ။ ဆရာမကို အဋ္ဌမ တန်းဘာသာရပ် သင်ကြားခွင့်မ ပေးတော့ဘူး။ အတန်းပိုင်အဖြစ် က ရပ်စဲလိုက်သလိုလက်ရှိသင် နေတဲ့ အတန်းထက်လျှော့ချလိုက်ပါတယ်’’ဟု လပွတ္တာမြို့နယ်ပညာရေးညွှန်ကြားရေးမှူးကပြော သည်။
အတန်းပိုင်ဆရာမထံတွင် ကျူရှင်မတက်ခြင်းကြောင့် ငြိုငြင်ခံရခြင်း၊ စာမေးပွဲအမှတ်လျှော့ခံရ ခြင်းနှင့် ငွေကြေးကောက်ခံခြင်း တို့ကြောင့် ကျောင်းသားမိဘက သက်သေအထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘ကလေးစာအုပ်ကိုလည်း တောင်းကြည့်တယ်။ အမှတ်ပေးစာအုပ်ကိုလည်းစစ်တယ်။ အဖြေကတော့ မှန်ပါတယ်။ သင်္ချာပုစ္ဆာမှာ အဆင့်ကူးပြောင်းတာက လွဲတာရှိတယ်။ မိဘနဲ့ဆရာကြားမှာ အဆင်ပြေအောင်ဆောင်ရွက်ခဲ့တာပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ကျူရှင်ဈေးကွက်ကြီးထွားနေမှုနှင့် ဆရာ၊ ဆရာမများဘက်လိုက်မှုကြောင့် ဝေဖန်ခံနေရမှုအ ပေါ် ပြည်ထောင်စုဝန်ကြီးဒေါက် တာခင်စန်းရီက ဆရာ၊ဆရာမများအားလပ်ချိန်၌ ကိုယ်ပိုင်ဝင် ငွေဖြည့်ဆည်းနိုင်ကြောင်းပြော ထားသည်။
‘‘ပညာရေးဝန်ကြီးကဆရာမတွေကို စာနာနားလည်လို့ပြောပေမယ့်လည်း ကျူရှင်မသင်ရအမိန့်က တည်နေတုန်းပဲ။ တိုင်ကြားမှုရှိလာရင် စိစစ်အရေးယူမှုတွေ ရှိနေပါတယ်’’ဟု ပညာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။
ဆရာ၊ ဆရာမများကျုရှင်မသင်ရန် ထုတ်ပြန်ထားသော်လည်း သင်ကြားမှုများရှိနေပြီး ကုန်ကျစရိတ် ကြီးမားလာမှုကြောင့် ပြင်ပ၀င်ငွေရှာဖွေရာတွင် အဂတိမပါရန်နှင့် ဘက်မလိုက်ရန် လိုအပ်ကြောင်း ပညာရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သတိပေးခဲ့သည်။
နေလင်းထွန်း 7Day

အဖြေမှန်သည့် ကျောင်းသူကို အမှတ်လျှော့သည့် ဆရာမအား ရာထူးလျှော့ချ

အဋ္ဌမတန်းကျောင်းသူ၏အဖြေမှန်သော်လည်း ရမှတ် လျှော့ချခဲ့မှုဖြင့် တိုင်ကြားခံရ သော ဆရာမအားအတန်းပိုင်ရာထူးမှ လျှော့ချခဲ့သလို အတန်း လျှော့၍ သင်ကြားရန် ဆုံးဖြတ်လိုက်ကြောင်း လပွတ္တာမြို့နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သတင်းရရှိသည်။
လပွတ္တာမြို့ရှိအထက်တန်း ကျောင်းတွင် ပညာသင်ယူနေသော အဋ္ဌမတန်းကျောင်းသူကို အတန်းပိုင်ဆရာမက သင်္ချာပုစ္ဆာ ဖြေဆိုရာ၌ အဖြေမှန်ကန် သော်လည်း အမှတ်လျှော့ခဲ့သဖြင့်  ကျောင်းသူ၏မိဘက တိုင်ကြားခဲ့ ခြင်းဖြစ်သည်။
အဆိုပါကျောင်းသူသည် အတန်းပိုင်ဆရာမထံတွင် ကျုရှင် တက်ရောက်ခြင်းမရှိဘဲ ပြင်ပနာ မည်ကြီးကျူရှင်တွင်တက်ရောက် နေခြင်းကြောင့် အတန်းပိုင်ဆရာမ၏ ငြိုငြင်မှုခံရပြီး စာမေးပွဲတွင် အမှတ်လျှော့ခံရမှုနှင့် ငွေကြေးကောက်ခံမှုစွပ်စွဲချက်တို့ဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘ကာယကံရှင်တွေအဆင် ပြေအောင် ညှိနှိုင်းပေးလိုက်တာပါ။ မိဘတွေ ဆန္ဒလည်းအဆင်ပြေအောင်၊ လူတော်ကျောင်းသူလေးလည်း မဆုံးရှုံးအောင်ဆောင်ရွက်ပေးတာပါ။ ဆရာမကို အဋ္ဌမ တန်းဘာသာရပ် သင်ကြားခွင့်မ ပေးတော့ဘူး။ အတန်းပိုင်အဖြစ် က ရပ်စဲလိုက်သလိုလက်ရှိသင် နေတဲ့ အတန်းထက်လျှော့ချလိုက်ပါတယ်’’ဟု လပွတ္တာမြို့နယ်ပညာရေးညွှန်ကြားရေးမှူးကပြော သည်။
အတန်းပိုင်ဆရာမထံတွင် ကျူရှင်မတက်ခြင်းကြောင့် ငြိုငြင်ခံရခြင်း၊ စာမေးပွဲအမှတ်လျှော့ခံရ ခြင်းနှင့် ငွေကြေးကောက်ခံခြင်း တို့ကြောင့် ကျောင်းသားမိဘက သက်သေအထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘ကလေးစာအုပ်ကိုလည်း တောင်းကြည့်တယ်။ အမှတ်ပေးစာအုပ်ကိုလည်းစစ်တယ်။ အဖြေကတော့ မှန်ပါတယ်။ သင်္ချာပုစ္ဆာမှာ အဆင့်ကူးပြောင်းတာက လွဲတာရှိတယ်။ မိဘနဲ့ဆရာကြားမှာ အဆင်ပြေအောင်ဆောင်ရွက်ခဲ့တာပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ကျူရှင်ဈေးကွက်ကြီးထွားနေမှုနှင့် ဆရာ၊ ဆရာမများဘက်လိုက်မှုကြောင့် ဝေဖန်ခံနေရမှုအ ပေါ် ပြည်ထောင်စုဝန်ကြီးဒေါက် တာခင်စန်းရီက ဆရာ၊ဆရာမများအားလပ်ချိန်၌ ကိုယ်ပိုင်ဝင် ငွေဖြည့်ဆည်းနိုင်ကြောင်းပြော ထားသည်။
‘‘ပညာရေးဝန်ကြီးကဆရာမတွေကို စာနာနားလည်လို့ပြောပေမယ့်လည်း ကျူရှင်မသင်ရအမိန့်က တည်နေတုန်းပဲ။ တိုင်ကြားမှုရှိလာရင် စိစစ်အရေးယူမှုတွေ ရှိနေပါတယ်’’ဟု ပညာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။
ဆရာ၊ ဆရာမများကျုရှင်မသင်ရန် ထုတ်ပြန်ထားသော်လည်း သင်ကြားမှုများရှိနေပြီး ကုန်ကျစရိတ် ကြီးမားလာမှုကြောင့် ပြင်ပ၀င်ငွေရှာဖွေရာတွင် အဂတိမပါရန်နှင့် ဘက်မလိုက်ရန် လိုအပ်ကြောင်း ပညာရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သတိပေးခဲ့သည်။
နေလင်းထွန်း 7Day

အဖြေမှန်သည့် ကျောင်းသူကို အမှတ်လျှော့သည့် ဆရာမအား ရာထူးလျှော့ချ

အဋ္ဌမတန်းကျောင်းသူ၏အဖြေမှန်သော်လည်း ရမှတ် လျှော့ချခဲ့မှုဖြင့် တိုင်ကြားခံရ သော ဆရာမအားအတန်းပိုင်ရာထူးမှ လျှော့ချခဲ့သလို အတန်း လျှော့၍ သင်ကြားရန် ဆုံးဖြတ်လိုက်ကြောင်း လပွတ္တာမြို့နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သတင်းရရှိသည်။
လပွတ္တာမြို့ရှိအထက်တန်း ကျောင်းတွင် ပညာသင်ယူနေသော အဋ္ဌမတန်းကျောင်းသူကို အတန်းပိုင်ဆရာမက သင်္ချာပုစ္ဆာ ဖြေဆိုရာ၌ အဖြေမှန်ကန် သော်လည်း အမှတ်လျှော့ခဲ့သဖြင့်  ကျောင်းသူ၏မိဘက တိုင်ကြားခဲ့ ခြင်းဖြစ်သည်။
အဆိုပါကျောင်းသူသည် အတန်းပိုင်ဆရာမထံတွင် ကျုရှင် တက်ရောက်ခြင်းမရှိဘဲ ပြင်ပနာ မည်ကြီးကျူရှင်တွင်တက်ရောက် နေခြင်းကြောင့် အတန်းပိုင်ဆရာမ၏ ငြိုငြင်မှုခံရပြီး စာမေးပွဲတွင် အမှတ်လျှော့ခံရမှုနှင့် ငွေကြေးကောက်ခံမှုစွပ်စွဲချက်တို့ဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘ကာယကံရှင်တွေအဆင် ပြေအောင် ညှိနှိုင်းပေးလိုက်တာပါ။ မိဘတွေ ဆန္ဒလည်းအဆင်ပြေအောင်၊ လူတော်ကျောင်းသူလေးလည်း မဆုံးရှုံးအောင်ဆောင်ရွက်ပေးတာပါ။ ဆရာမကို အဋ္ဌမ တန်းဘာသာရပ် သင်ကြားခွင့်မ ပေးတော့ဘူး။ အတန်းပိုင်အဖြစ် က ရပ်စဲလိုက်သလိုလက်ရှိသင် နေတဲ့ အတန်းထက်လျှော့ချလိုက်ပါတယ်’’ဟု လပွတ္တာမြို့နယ်ပညာရေးညွှန်ကြားရေးမှူးကပြော သည်။
အတန်းပိုင်ဆရာမထံတွင် ကျူရှင်မတက်ခြင်းကြောင့် ငြိုငြင်ခံရခြင်း၊ စာမေးပွဲအမှတ်လျှော့ခံရ ခြင်းနှင့် ငွေကြေးကောက်ခံခြင်း တို့ကြောင့် ကျောင်းသားမိဘက သက်သေအထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘ကလေးစာအုပ်ကိုလည်း တောင်းကြည့်တယ်။ အမှတ်ပေးစာအုပ်ကိုလည်းစစ်တယ်။ အဖြေကတော့ မှန်ပါတယ်။ သင်္ချာပုစ္ဆာမှာ အဆင့်ကူးပြောင်းတာက လွဲတာရှိတယ်။ မိဘနဲ့ဆရာကြားမှာ အဆင်ပြေအောင်ဆောင်ရွက်ခဲ့တာပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ကျူရှင်ဈေးကွက်ကြီးထွားနေမှုနှင့် ဆရာ၊ ဆရာမများဘက်လိုက်မှုကြောင့် ဝေဖန်ခံနေရမှုအ ပေါ် ပြည်ထောင်စုဝန်ကြီးဒေါက် တာခင်စန်းရီက ဆရာ၊ဆရာမများအားလပ်ချိန်၌ ကိုယ်ပိုင်ဝင် ငွေဖြည့်ဆည်းနိုင်ကြောင်းပြော ထားသည်။
‘‘ပညာရေးဝန်ကြီးကဆရာမတွေကို စာနာနားလည်လို့ပြောပေမယ့်လည်း ကျူရှင်မသင်ရအမိန့်က တည်နေတုန်းပဲ။ တိုင်ကြားမှုရှိလာရင် စိစစ်အရေးယူမှုတွေ ရှိနေပါတယ်’’ဟု ပညာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။
ဆရာ၊ ဆရာမများကျုရှင်မသင်ရန် ထုတ်ပြန်ထားသော်လည်း သင်ကြားမှုများရှိနေပြီး ကုန်ကျစရိတ် ကြီးမားလာမှုကြောင့် ပြင်ပ၀င်ငွေရှာဖွေရာတွင် အဂတိမပါရန်နှင့် ဘက်မလိုက်ရန် လိုအပ်ကြောင်း ပညာရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သတိပေးခဲ့သည်။
နေလင်းထွန်း 7Day

ယခုနှစ် တရုတ်ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံ တင်ပို့

 gas
အခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဇောတိက ကမ်းလွန်လုပ်ကွက်က ထွက်တဲ့ သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံနီးပါး တရုတ်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ ကျောက်ဖြူ- ခွင်းမင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တာဝန်ယူထားတဲ့ တရုတ် စီအန်ပီစီက သတင်းထုတ်ပြန်ပါတယ်။
စီမံကိန်း စာချုပ်အရ ကျောက်ဖြူ-ခွင်းမင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို နှစ်စဉ် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ ပေးပို့သွားဖို့ ရှိပြီး၊ နောက်ပိုင်း ရေနံပိုက်လိုင်းကနေ တဆင့် ရေနံတင်ပို့ပေးသွားဖို့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမင်အထိ သွယ်တန်းထားတဲ့ သဘာဝ ပိုက်လိုင်း စီမံကိန်းကို တရုတ် စီအန်ပီစီ က ၅၁ ရာခိုင်နှုန်းနဲ့ ကျန်တာကို ကိုရီးယား၊ အိန္ဒိယ ကုမ္ပဏီတွေကပါ ပူးတွဲ ပိုင်ဆိုင်ထားကြပါတယ်။
DVB

သမ္မတကို စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌအပါအ၀င် ရှစ်ဦး သွားရောက်တွေ့ဆုံမည်

 July 30, 2014
သမ္မတဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တို့ သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံမှုသို့ ကောင်စီဒုတိယဥက္ကဋ္ဌအပါအ၀င်
 ကောင်စီဝင်ရှစ်ဦးသွားရောက်တွေ့ဆုံမည်ဟု သိရသည်။
  
အဆိုပါတွေ့ဆုံမှုသို့ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌဖိုးသောကြာ (ခေတ်မိုး)၊ အတွင်းရေးမှူးဦးကျော်မင်းဆွေ၊ ကောင်စီဝင်များဖြစ်သည့် ဦးသီဟစော၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦး၊ ဦးခင်မောင်ဌေး၊ ဒေါ်နန်းကလျာဝင်း၊ ဦးဖေမြင့်တို့ဖြစ်သည်။
  
သမ္မတနှင့်တွေ့ဆုံရာတွင် လက်ရှိဖြစ်ပေါ်နေသည့် မီဒီယာများအပေါ် ရဲသတင်းတပ်ဖွဲ့မှမေးမြန်းခြင်း၊ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများနှင့် အချို့မီဒီယာများ၏ သတင်းရေးသားမှုများကြောင့် တရားစွဲဆိုထောင်ချခံရခြင်းနှင့်ပတ်သက်၍ ယင်းကဲ့သို့ အလားတူဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်ရန် မည်သို့ညှိနှိုင်းဖြေရှင်းလုပ်ဆောင်သွားမည်ကို ကောင်စီအနေဖြင့် အဓိကဆွေးနွေးမည်ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။
  
"အခုဖြစ်ပြီးတဲ့ကိစ္စတွေကတော့ ထားလိုက်တော့။ ဖြစ်ပြီးတဲ့ကိစ္စတွေပေါ်မှာလည်း မှားတာ၊ မှန်တာ။ အကောင်းအဆိုးကို မပြောတော့ဘူး။ အဓိကက နောင်မှာဒီလိုမဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ကောင်စီအနေနဲ့ကတော့ နားလည်ထားတာက ဒါဟာ မီဒီယာစတုတ္ထမဏ္ဍိုင်နဲ့ မဏ္ဍိုင်သုံးရပ်ကြားမှာ နားလည်မှု၊ ယုံကြည်မှုအားနည်းတဲ့သဘော။ ယုံကြည်မှုနားလည်မှုအားကောင်းအောင် ဘာလုပ်ကြမလဲ။ ရှေ့လျှောက်ဒီလိုမဖြစ်အောင် ကောင်စီရဲ့အခန်းကဏ္ဍကို ဘယ်လိုအာဏာသုံးရပ်နဲ့ ကောင်စီကြား ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။ ဒါပဲအဓိကထားပြောမှာပါ။ ဆိုလိုချင်တာက သမ္မတကို သွားပြီးတော့ ကောင်စီက ဇွတ်ဖိအားပေးပြီး လိုချင်တာတွေတောင်းဆိုမှာမဟုတ်ဘူး။ အဓိက ကောင်စီရဲ့ရည်ရွယ်ချက်ကိုက ပြဿနာ ကို ဘယ်လိုပြေလည်အောင်ဖြေရှင်းမလဲဆိုတာပဲ" ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။
မီဒီယာများအပေါ် ရဲသတင်းတပ်ဖွဲ့မှမေးမြန်းခြင်း၊ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများနှင့် အချို့မီဒီယာများ၏ သတင်းရေးသားမှုများကြောင့် တရားစွဲဆိုထောင်ချခံရခြင်းနှင့်ပတ်သက်၍ ယင်းကဲ့သို့ အလားတူဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်ရန်
ယူနတီဂျာနယ်မှ ဂျာနယ်လစ်ငါးဦးအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရမှု၊ Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်လစ်လေးဦးကို ဖမ်းဆီးထားမှု အစရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဇူလိုင်လလယ်ပိုင်းက စာနယ်ဇင်းကောင်စီ(ယာယီ)အနေဖြင့် အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ယင်းကိစ္စများနှင့်သက်ဆိုင်သည့် ကြေညာချက်များထုတ်ပြန်ခဲ့သည့်အပြင် သမ္မတနှင့် တွေ့ဆုံခွင့်ရရန်လည်း တောင်းဆိုခဲ့သည်။http://www.ustream.tv/dashboard
  
ထိုသို့တောင်းဆိုမှုအား သမ္မတအနေဖြင့် ထိုစဉ်အချိန်က အကြောင်းပြန်ကြားခြင်းမရှိဘဲ ဇူလိုင် ၂၁ရက်တွင် ရာထူးမှနုတ်ထွက်သွားပြီဖြစ်သည့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့်သာ တွေ့ဆုံခွင့်ရရှိခဲ့သည်။
  
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ကောင်စီတာဝန်ရှိသူအချို့တွေ့ဆုံမှုသည် သမ္မတနှင့်မတွေ့ဆုံမီ အကြိုတွေ့ဆုံခြင်းဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများအပေါ် တိကျသည့်အဖြေမရရှိခဲ့ကြောင်းနှင့် စာနယ်ဇင်းကောင်စီရုံးခန်းနေရာရရှိရေးကိစ္စရပ်များသာ ဆွေးနွေးခဲ့ကြောင်းသိရသည်။
  
အလားတူ သမ္မတက ဇူလိုင် ၂၄ ရက်က သတင်းမီဒီယာများနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယကထံပေးပို့သည့် သ၀ဏ်လွှာတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်က စာနယ်ဇင်းကောင်စီ(ယာယီ) တာဝန်ရှိသူများကို နေပြည်တော်၌ တွေဆုံရှင်းလင်းပြီးဖြစ်ကြောင်းနှင့် မီဒီယာအချို့၏ ကျင့်ဝတ်နှင့်မညီသော လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများပိုမိုကြီးထွားရပြီး နိုင်ငံသိက္ခာကျဆင်းမှုကြုံရကြောင်းစသည်ဖြင့် အဓိပ္ပာယ်သက်ရောက်သည့် ရေးသားဖော်ပြမှုများပါရှိခဲ့သဖြင့် သမ္မတ၏ မီဒီယာများအပေါ်ထားရှိသည့်သဘောထားကို မီဒီယာများက ပြန်လည်ဝေဖန်မှုများပြုလုပ်ခဲ့သည်။
  
ထို့နောက် ဇူလိုင် ၂၆ရက်က Myanmar Peace Center တာဝန်ခံသမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ အဖွဲ့ဝင်ဦး ဇော်သက်ထွေးတို့ လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ကောင်စီနှင့် သမ္မတတို့ တွေ့ဆုံရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
  
သမ္မတဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တာဝန်ရှိသူအချို့သည် ပထမအကြိမ်တွေ့ဆုံစဉ် စာနယ်ဇင်းကောင်စီ(ယာယီ)အား သမ္မတမှ ကျပ်သိန်း ၅၀၀ ပေးအပ်ခဲ့ပြီး ထိုသို့သမ္မတ၏ပေးအပ်မှုကို လက်ခံခဲ့သဖြင့် ကောင်စီအနေဖြင့်ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည့်အပြင် အများယုံကြည်မှုများလည်း ကျဆင်းခဲ့ရသည်။

Eleven Media Group

အစ္စရေးလ်နဲ့ အပစ်ရပ်စဲရေး သဘောတူဖို့ Hamas ခေါင်းဆောင်ငြင်းဆို

Hamas ဘက်က သူတို့လိုလားချက် မရသရွေ့တော့ အစ္စရေးလ်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်မှာမဟုတ်ဘူးလို့ Hamas စစ်သွေးကြွ တပ်မှူးတဦးက ပြောလိုက်ပါတယ်။ အစ္စရေးလ်ကနေ ဂါဇာဒေသကို ပိတ်ဆို့ထားတာ အဆုံးသတ်ဖို့ဆိုပြီး Hamas အဖွဲ့ရဲ့ တောင်းဆိုချက်ကို အဲဒီတပ်မှူး Mohammad Deif က ပါလက်စတိုင်းမီဒီယာမှာ အင်္ဂါနေ့က ပြောဆိုသွားတာပါ။
အင်္ဂါနေ့ တနေ့တည်း အစ္စရေးလ်ဘက်က လေကြောင်းတိုက်ခိုက်မှုရော ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့အရေအတွက် ၁၀၀ ထက်မနည်းရှိခဲ့ပြီး၊ အခုဆိုရင် ဂါဇာဘက်က သေဆုံးတဲ့အရေအတွက်ဟာ ၁၁၀၀ ကျော် ရှိသွားပါပြီ။ အများစုဟာ အရပ်သားတွေဖြစ်ပြီး ကလေးငယ်တွေ အတော်များများ ပါဝင်ပါတယ်။ အစ္စရေးလ်ဘက်ကတော့ စစ်သား ၅၃ ဦးနဲ့ အရပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။
အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ရေရှည်စစ် ဆင်နွှဲရမယ်လို့ ပြောဆိုသတိပေးလိုက်တဲ့နောက် အစ္စရေးလ်ဘက်က စစ်ရေးအရ ဖိအားတွေ တိုးလာချိန်လည်း ဖြစ်ပါတယ်။ မနေ့က တိုက်ခိုက်မှုအတွင်းမှာပဲ ဂါဇာမှာရှိတဲ့ တခုတည်းသော ဓာတ်အားပေးစက်ရုံတခု ထိခိုက်ပြီး စက်ရုံရပ်နားသွားပါတယ်။
အဲဒီ အတိုက်ခိုက် မခံရခင်ကတည်းကတော့ ဂါဇာမှာ လျှပ်စစ်ကို တနေ့ကို သုံးနာရီပဲ ပေးနေတာပါ။ အစ္စရေးလ်ဘက်ကို ခိုးဝင်ဖို့ Hamas စစ်သွေးကြွတွေက ဖောက်လုပ်ထားတဲ့ မြေအောက်ဥမင်တွေကို အစ္စရေးလ်တပ်ဖွဲ့တွေက မဖျက်ဆီးနိုင်သရွေ့ စစ်ပွဲကို အဆုံးသတ်မှာ မဟုတ်ဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် Netanyhu က ပြောခဲ့ပါတယ်။ အဲဒီမြေအောက်ဥမင်ကို အသုံးချတဲ့ တိုက်ခိုက်ရေးသမားတွေကပဲ အင်္ဂါနေ့တုန်းက အစ္စရေးလ်စစ်သား ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။
Hamas ဘက်က သူတို့လိုလားချက် မရသရွေ့တော့ အစ္စရေးလ်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်မှာမဟုတ်ဘူးလို့ Hamas စစ်သွေးကြွ တပ်မှူးတဦးက ပြောလိုက်ပါတယ်။ အစ္စရေးလ်ကနေ ဂါဇာဒေသကို ပိတ်ဆို့ထားတာ အဆုံးသတ်ဖို့ဆိုပြီး Hamas အဖွဲ့ရဲ့ တောင်းဆိုချက်ကို အဲဒီတပ်မှူး Mohammad Deif က ပါလက်စတိုင်းမီဒီယာမှာ အင်္ဂါနေ့က ပြောဆိုသွားတာပါ။
အင်္ဂါနေ့ တနေ့တည်း အစ္စရေးလ်ဘက်က လေကြောင်းတိုက်ခိုက်မှုရော ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့အရေအတွက် ၁၀၀ ထက်မနည်းရှိခဲ့ပြီး၊ အခုဆိုရင် ဂါဇာဘက်က သေဆုံးတဲ့အရေအတွက်ဟာ ၁၁၀၀ ကျော် ရှိသွားပါပြီ။ အများစုဟာ အရပ်သားတွေဖြစ်ပြီး ကလေးငယ်တွေ အတော်များများ ပါဝင်ပါတယ်။ အစ္စရေးလ်ဘက်ကတော့ စစ်သား ၅၃ ဦးနဲ့ အရပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။
အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ရေရှည်စစ် ဆင်နွှဲရမယ်လို့ ပြောဆိုသတိပေးလိုက်တဲ့နောက် အစ္စရေးလ်ဘက်က စစ်ရေးအရ ဖိအားတွေ တိုးလာချိန်လည်း ဖြစ်ပါတယ်။ မနေ့က တိုက်ခိုက်မှုအတွင်းမှာပဲ ဂါဇာမှာရှိတဲ့ တခုတည်းသော ဓာတ်အားပေးစက်ရုံတခု ထိခိုက်ပြီး စက်ရုံရပ်နားသွားပါတယ်။
အဲဒီ အတိုက်ခိုက် မခံရခင်ကတည်းကတော့ ဂါဇာမှာ လျှပ်စစ်ကို တနေ့ကို သုံးနာရီပဲ ပေးနေတာပါ။ အစ္စရေးလ်ဘက်ကို ခိုးဝင်ဖို့ Hamas စစ်သွေးကြွတွေက ဖောက်လုပ်ထားတဲ့ မြေအောက်ဥမင်တွေကို အစ္စရေးလ်တပ်ဖွဲ့တွေက မဖျက်ဆီးနိုင်သရွေ့ စစ်ပွဲကို အဆုံးသတ်မှာ မဟုတ်ဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် Netanyhu က ပြောခဲ့ပါတယ်။ အဲဒီမြေအောက်ဥမင်ကို အသုံးချတဲ့ တိုက်ခိုက်ရေးသမားတွေကပဲ အင်္ဂါနေ့တုန်းက အစ္စရေးလ်စစ်သား ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။

 VOA

ဝန်ကြီး Kerry သြဂုတ်လခရီးစဉ်အတွင်း မြန်မာ့ပြုပြင်ပြောင်း လဲရေး ဖော်ဆောင်မှုလေ့လာမည်

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ချိုးကွေ့လာတယ်ဆိုပေမဲ့ အောင်မြင်မှုရဖို့ အခက်အခဲတွေ တော်တော်များများ ရင်ဆိုင်ရဦးမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် စမ်းသပ်ခံကာလဖြစ်ပြီး ဒီအခြေအနေကို တကမ္ဘာလုံး စောင့်ကြည့်နေသလို၊ ပြုပြင်ပြောင်းလဲ မှုတွေ အောင်မြင်မှုရဖို့ အမေရိကန်ပြည်ထောင်စုက ဆက်ပြီး အားပေး ကူညီသွားမယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ပြောလိုက်တာပါ။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
လာမယ့် သြဂုတ်လထဲ ARF ခေါ်တဲ့ အာဆီယံ ဒေသတွင်းဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး John Kerry တက်ရောက်ဖို့ရှိတာကြောင့် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က အမေရိကန်ပြည်ထောင်စုရဲ့ အာဆီယံနဲ့ပတ်သက်လို့ မူဝါဒတွေ၊ ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး Kerry ဦးစားပေးလုပ်ဆောင်မယ့် အစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာရှိတဲ့ Commonwealth Club မှာ ဇူလှိုင် ၂၈ ရက်နေ့တုန်းက ရှင်းလင်းပြောခဲ့တာပါ။ အဲဒီမှာပဲ ဒေသတွင်း သမိုင်းဝင်လောက်အောင် ထူးခြားချက်အနေနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ချိုးကွေ့ခဲ့တဲ့နိုင်ငံဆိုပြီး ပြောသွားပါတယ်။ ဒီလို အချိုးအကွေ့ပေါ် ရောက်လာပေမဲ့လည်း အခက်အခဲတွေ အကဲစမ်းချက်တွေ နိုင်ငံရေး အကျပ်အတည်းတွေတော့ ရှိနေတယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က ပြောခဲ့ပါတယ်။
“ဒါပေမဲ့လည်း ဒီအချိုးအကွေ့ဟာ သေချာ ပြီးပြည့်စုံသေးတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ အကဲစမ်းချက် အတော်များများ ရင်ဆိုင်နေရပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်း အောင်မြင်မှု ရသွားပြီလို့ နိဂုံးချုပ်လို့ မရသေးပါဘူး။ ကမ္ဘာမှာ နှစ်အကြာဆုံး ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကိစ္စ၊ အစိုးရထဲ စစ်ဘက်နဲ့ အရပ်သား ပါဝင်ထိန်းချုပ်မှုကိစ္စ၊ နိုင်ငံတော် အကြီးအကဲ သမ္မတနေရာ ထမ်းဆောင်ရမယ့်ပုဂ္ဂိုလ်ရဲ့ အရည်အချင်း သတ်မှတ်ချက် ကိစ္စတွေနဲ့ လုံးပမ်းနေရပါတယ်။”
အခက်အခဲတွေထဲမှာတော့ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်အောင် ဘယ်လို ရွေးချယ်လုပ်ဆောင်မလဲ ဆိုတာ မြန်မာတာဝန်ရှိသူတွေအတွက် ခက်ခဲတဲ့ ရွေးချယ်မှုဖြစ်တယ်လို့လည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က ပြောခဲ့ပါတယ်။
“ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကျပ်အတည်း ကြုံနေရတာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ ဆုံးဖြတ် ရွေးချယ်ဖို့လည်း အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ အပြုသဘောဆောင် တိုးတက်မှုအချို့ တွေ့လာရပါတယ်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့လို အကူအညီပေးရေး အဖွဲ့တွေကို ပြန်လက်ခံဖို့ အစီအစဉ်ရှိတယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေကြောင့် လပေါင်းများစွာ ဒုက္ခကြုံနေရသူတွေရဲ့ အသက်မွေးဝမ်းကျောင်း ရပ်တည်မှု၊ လုံခြုံဘေးကင်းမှုတွေ ဘယ်လို ဆောင်ရွက်မလဲဆိုတာ မဟာဗျူဟာချ လုပ်ဆောင်လာပါတယ်။”
ဒါကြောင့်လည်းပဲ အခုလို မြန်မာနိုင်ငံက အပြောင်းအလဲ အခြေအနေတွေနဲ့ စိန်ခေါ်ချက်တွေကို ဘယ်လို ရင်ဆိုင်နေသလဲဆိုတာတွေကို နိုင်ငံခြားရေးဝန်ကြီး Kerry က အခု သြဂုတ်လ မြန်မာနိုင်ငံသွားစဉ်မှာရော၊ သမ္မတ အိုဘားမား လာမယ့် နိုဝင်ဘာလ မြန်မာနိုင်ငံ လာမယ့် ခရီးစဉ်မှာရော အမေရိကန် တာဝန်ရှိသူတွေဘက်က စူးစမ်းသွားမယ်လို့ ပြောပါတယ်။
“လာမယ့် သြဂုတ်လဆန်းပိုင်း နိုင်ငံခြားရေးဝန်ကြီး Kerry မြန်မာနိုင်ငံကို သွားရောက်တဲ့အခါမှာ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ အခြေအနေတွေ ဘယ်လိုရှိလဲဆိုတာကို အလေးပေး လေ့လာသွားမှာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာကျရင် သမ္မတ အိုဘားမားရော နိုင်ငံခြားရေးဝန်ကြီး Kerry မြန်မာနိုင်ငံကို လာတဲ့အခါမှာလည်း လာမယ့်နှစ်လုပ်မယ့် ရွေးကောက်ပွဲ ပြင်ဆင်မှု အခြေအနေတွေကို စူးစမ်းသွားဖို့ ရှိပါတယ်။ ဒီအစမ်းသပ်ခံ အချိန်ကာလကို တကမ္ဘာလုံးက စောင့်ကြည်နေမှာဖြစ်သလို၊ ကျနော်တို့အနေနဲ့ မြန်မာအစိုးရနဲ့ရော မြန်မာပြည်သူတွေနဲ့ပါ အတူ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေး အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားအကာအကွယ်ပေးဖို့ မြန်မာခေါင်းဆောင်တွေကို ကျနော်တို့ ဆက်ပြီး တိုက်တွန်းသွားပါမယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုကို ဆက်ပြီး ကူညီထောက်ခံသွားပါမယ်။”
နိုင်ငံခြားရေးဝန်ကြီး Kerry အနေနဲ့ မြန်မာနိုင်ငံမှာ လာမယ့် သြဂုတ်လဆန်း ကျင်းပမယ့် ARF အာဆီယံ ဒေသတွင်းဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပြီး၊ အဲဒီကာလအတွင်းမှာ ဒေသတွင်း အခြားအရေးပါမှုတွေဖြစ်တဲ့ တောင်တရုတ်ပင်လယ်ပြင်ကိစ္စ အမေရိကန်နဲ့ အာဆီယံဒေသ ကုန်သွယ်ရေး ကိစ္စတွေကိုပါ ဆွေးနွေးမှာဖြစ်ပါတယ်။ အခု သြဂုတ်လကျင်းပမယ့် အစည်းအဝေးမှာ ဒေသတွင်းအရေးကြီးတဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးဖြစ်ပြီး၊ ဒီအစည်းအဝေးကနေ ဒေသတွင်း နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံခြားရေးဝန်ကြီး Kerry အနေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း မစ္စတာ Russel က ပြောခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် နိုဝင်ဘာလ ကျင်းပမယ့် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲအတွက်လည်း ဆွေးနွေးမယ့် အကြောင်းအရာ အစီအစဉ်တွေ ကြိုတင် ဆွေးနွေးပြင်ဆင်ကြမှာ ဖြစ်ပါတယ်။ အဲဒီ အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲကိုတော့ သမ္မတ အိုဘားမား ကိုယ်တိုင်လည်း တက်ရောက်ဖို့ ရှိတာမို့၊ ဒီခရီးစဉ်ဟာ သမ္မတ အိုဘားမားအတွက်တော့ မြန်မာနိုင်ငံကို ဒုတိယမြောက် လာရောက်မယ့် ခရီးစဉ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ကိုသားညွန့်ဦး (VOA)

မြောက်ကိုရီးယား တာတိုပစ်ဒုံးလက်နက်တွေ ထပ်စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ဒုံးကျည် ၄ ခုကို ထပ်မံစမ်းသပ် ပစ်လွှတ်လိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်တွေ၊ အမြောက်တွေ စမ်းသပ်ပစ်လွှတ်မှုတွေထဲက နောက်ဆုံး စမ်းသပ် ပစ်လွှတ်မှုလည်း ဖြစ်ပါတယ်။
ပြုံယမ်းမြို့ရဲ့ အနောက်မြောက်ဘက်ကနေ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ဒုံးကျည် ၂ ခုကို စမ်းသပ် ပစ်လွှတ်လိုက်ပြီး နောက်ထပ် ၂ ခုကိုတော့ အဲဒီနေ့ နောက်ပိုင်းမှာပဲ စမ်းသပ် ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘယ်လို ဒုံးကျည် အမျိုးအစားလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
ဒုံးကျည်တွေဟာ မြောက်ကိုရီးယား မြေပြင်ထဲမှာ ကျသွားသလား၊ တိုင်းပြည်အရှေ့ပိုင်း ပင်လယ်ပြင်ထဲ ကျသွားသလားဆိုတာလည်း ကွဲကွဲပြားပြား မသိရသေးပါဘူး။
မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခွင့် မရှိဘူးလို့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ပြီး ပြုလုပ်တဲ့ ဒီစမ်းသပ်ပစ်လွှတ်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမို ဖြစ်ပွားလာနေပါတယ်။
မြောက်ကိုရီးယားက အခုလို ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရှေ့သီတင်းပတ်အတွင်း ပြုလုပ်မယ့် လုံခြုံရေးကောင်စီ စည်းဝေးပွဲမှာ ထည့်သွင်း ဆွေးနွေးသွားမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဌာနက ဗွီအိုအေ ကိုရီးယားဌာနကို ပြောကြားခဲ့ပါတယ်။
VOA

မြန်မာပြည်က လူသုံးများတဲ့ Viber ရုံးခွဲဖွင့်ဖို့ စဉ်းစားနေပြီ


မိုဘိုင်းလ်ဖုန်းကနေ Viber သုံးစွဲသူ ၅သန်းရှိတဲ့ မြန်မာပြည်က သုံးစွဲသူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ Viber ကုမ္ပဏီက ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေနဲ့ ဇူလိုင် ၃ဝရက်နေ့က တွေ့ဆုံခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ မိုဘိုင်းလ်ဆက်သွယ်ရေး မြင်ကွင်းအနေအထားအကြောင်း ပြောဆိုခဲ့ပါတယ်။
Viber ဟာ အသုံးပြုရလွယ်ပြီး အခြားဆိုရှယ်မီဒီယာတွေလို မဟုတ်ဘဲ သီးသန့်ဆန်ပြီး မိသားစု၊ သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်းကြား စတစ်ကာတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ငွေကုန်စရာမလိုဘဲ ပေးပို့နိုင်တာကြောင့် မြန်မာပြည်မှာ ရေပန်းစားရတာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ 5oth Street Bar မှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ Viber အနေနဲ့ UK၊ ဘရာဇီး၊ ရုရှ၊ ဘယ်လာရုစ်နိုင်ငံတွေမှာသာမက အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတွေမှာလည်း ရုံးခွဲတွေရှိနေပြီး မြန်မာပြည်မှာ ရုံးခွဲဖွင့်ဖို့ စဉ်းစားနေဆဲလို့ပြောပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ တွဲဖက်လုပ်ကိုင်ဖို့ ဆွေးနွေးနေဆဲလို့ ဆိုပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ Local Sticker လုပ်နိုင်ဖို့ ကြိုးစားနေပြီး Viber ရဲ့ လူသိများတဲ့ Violet ဇာတ်ကောင်ကိုလည်း မြန်မာစကားပြောပုံစံနဲ့ ဒီဇိုင်းရေးနေပြီး အခမဲ့ရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သုံးစွဲသူတွေအနေနဲ့ Facebook နဲ့ Twitter တို့မှာလည်း အချိန်မရွေး မေးမြန်းနိုင်တယ်လို့ ပြောပါတယ်။
မြန်မာသတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ Viber ရဲ့ CEO Talmon Marco က ဗီဒီယိုကနေ နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့သလို Viber ရဲ့ Chief Marketing Officer နဲ့ Head of Product တို့ကလည်း Viber ကနေ မီဒီယာတွေ သိလိုတာတွေကို ဖြေခဲ့ပါတယ်။
http://kamayutmedia.com/video/lifestyle/740 မှ

Wednesday, July 30, 2014

စွမ်းအင်ဝန်ကြီးဌာနက ပုဂ္ဂလိကစက်ရုံ ကိုးရုံသို့ သဘာဝဓာတ်ငွေ့များကို ရောင်းရမည့်ဈေးထက် အဆ ၃၀ လျော့သည့်ဈေးဖြင့် ရောင်းပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

 July 30, 2014
စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ ငှားရမ်းထားပြီး ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်နေသည့် စက်ရုံ ကိုးရုံသို့ သဘာဝဓာတ်ငွေ့များကို ရောင်းချရာတွင် ရောင်းရမည့်ဈေးထက် အဆ ၃၀ လျော့နည်းသည့် ဈေးဖြင့် ရောင်းချခဲ့သည့်အတွက် နိုင်ငံတော်မှ ရသင့်သည့်ဝင်ငွေ မရပဲ ကျပ်သိန်းပေါင်း ၁၈၀၀၀ နီးပါးအထိ နစ်နာခဲ့ရကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ကုန်းတွင်းပိုင်း သဘာဝဓာတ်ငွေ့ရောင်းရငွေ၊ ကမ်းလွန်ရေနံ ရှာဖွေရေးဌာန၏ သဘာဝဓာတ်ငွေ့အား ရောင်းရငွေများကို စိစစ်ရာတွင် ထိုကဲ့သို့ ဈေးလျှော့ရောင်းချထားခြင်းများ ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များ အစီရင်ခံစာအပေါ် ပြန်လည်စိစစ်၍ ဇူလိုင် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာအမှတ်စဉ် ၈/၂၀၁၄ အဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယခင်အစိုးရပိုင် စက်ရုံ၊ အလုပ်ရုံ သုံးခုအား ပုဂ္ဂလိကကုမ္ပဏီများမှ ငှားရမ်းလုပ်ကိုင်ထားပြီး ပုဂ္ဂလိကအဖြစ် လုပ်ကိုင်နေသော အဆိုပါစက်ရုံ သုံးရုံသို့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၄၂ ဒသမ ၀၉၁ အား ရောင်းချပေးခဲ့ကြောင်း၊ ရောင်းချရာတွင် ပုဂ္ဂလိကသို့ ရောင်းရမည့် ဈေးဖြစ်သော ကုဗပေ ၁၆၅ လျှင် ၁၀၀၀ ကျပ်နှုန်းအစားအစိုးရဈေးဖြစ်သော ကုဗပေ ၁၀၀၀ လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ဈေးလျှော့ရောင်းချပေးခဲ့ကြောင်း၊ ထို့အတွက် နိုင်ငံတော်မှ ကျပ်သိန်း ၂၅၅၀ ကျော် ရရှိရမည့်အစား ကျပ် ၈၄ သိန်းသာရရှိသည့်အတွက် ကျပ်သိန်း ၂၄၆၀ ကျော်ကွာခြားခဲ့သည်ဟု သိရသည်။

ထပ်မံ၍ ပုဂ္ဂလိက စက်ရုံ နှစ်ရုံသို့ ဓာတ်ငွေ့ကုဗပေ သန်းပေါင်း ၂၃၅ ဒသမ ၆၆၄ ကိုရောင်းချရာတွင်လည်း ပုဂ္ဂလိကသို့ ရောင်းရမည့် ဈေးကုဗပေ ၁၆၅ လျှင် ကျပ် ၁၀၀၀ အစား အစိုးရဈေး ကုဗပေ ၁၀၀၀ လျှင် ၂၀၀ ကျပ်ဖြင့်ရောင်းခဲ့သည့်အတွက် ကျပ်သိန်းပေါင်း ၁၄၂၈၀ ကျော်ရရှိရမည့်အစား ကျပ် သိန်း ၄၇၀ ကျော်သာရ၍ နိုင်ငံတော်အနေဖြင့် ကျပ်သိန်းပေါင်း ၁၃၈၁၀ ကျော်အထိ ကွာခြားခဲ့ပြန်သည်။

ယင်းအပြင် ကမ်းလွန်ရေနံရှာဖွေရေးဌာနက ၂၄ လက်မပိုက်လိုင်းမှ ဓာတ်ငွေ့များကို နောက်ထပ်ပုဂ္ဂလိကစက်ရုံ လေးရုံသို့ ရောင်းချရာတွင်လည်း ပုဂ္ဂလိကဈေးဖြင့် မရောင်းဘဲ အစိုးရစက်ရုံဈေးအတိုင်း ရောင်းချပေးခဲ့သည့်အတွက် ရသင့်ရထိုက်သည်ထက် ကျပ်သိန်းပေါင်း ၁၆၂၀ နီးပါးအထိ ကွာခြားခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပုဂ္ဂလိကသို့ ရောင်းချရမည့်ဈေးဖြစ်သော ကုဗပေ ၁၆၅ လျှင် ကျပ် ၁၀၀၀ ဆိုသောဈေးနှင့် အစိုးရစက်ရုံဈေး ကုဗပေ ၁၀၀၀ လျှင် ကျပ် ၂၀၀ ဆိုသော ဈေးနှုန်းမှာ အဆပေါင်း ၃၀ အထိ ကွာခြားသည့် ဈေးနှုန်းများဖြစ်သည်။

ထို့အတွက် ပုဂ္ဂလိကစက်ရုံများသို့ သဘာဝဓာတ်ငွေ့များ ရောင်းချရာတွင် ရောင်းချ ရမည့် ပုဂ္ဂလိကဈေးဖြင့်မရောင်းပဲ အစိုးရဈေးနှုန်းဖြင့် ရောင်းချနေသည့်အတွက် စက်ရုံ ၉ ရုံတည်းသို့ ရောင်းချမှုတစ်ခုတည်းမှ နိုင်ငံတော်ရသင့်ရထိုက်သည့် ငွေပမာဏထက် ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်အထိ ကွာခြားနစ်နာခဲ့ရကြောင်း သိရသည်။

အစိုးရသစ်လက် သုံးနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ရောင်းချမှု တစ်မျိုးတည်းမှ အမေရိကန်ဒေါ်လာ ၁၀ ဘီ လျံကျော်အထိ ရရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်မူ ယခုအချိန်အထိ လူသားဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံများစာရင်း၊ အဆင်းရဲဆုံးနိုင်ငံများစာရင်း၊ ကင်ဆာဖြစ်ပွားမှုမြင့်မားသည့် နိုင်ငံများစာရင်း၊ တစ်ဦးချင်းဝင်ငွေအနည်းဆုံးနိုင်ငံများစာရင်း စသည်တို့တွင် ထိပ်ဆုံးနေရာ၌ ပါဝင်လျက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
Eleven Media Group

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအပါအ၀င် ကုမ္ပဏီသုံးခုမှ နိုင်ငံတော်သို့ ရွှေစင်ပိဿာချိန် ၁၀၀၀ နီးပါး ပေးသွင်းရန် ကြွေးကျန်ရှိကြောင်း စစ်ဆေးပေါ်ပေါက်

 July 29, 2014

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၊ ရွှေမိုးယံကုမ္ပဏီနှင့် အာရှကမ္ဘာမြေကုမ္ပဏီတို့မှ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀ နီးပါးအထိရှိနေကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက စိစစ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ ရွှေကြွေးကျန်များရှိသော်လည်း အဆိုပါကုမ္ပဏီများအား ငါးနှစ်အထိ ထပ်မံစာချုပ်ချုပ်ဆိုထားခြင်းများကြောင့် နိုင်ငံတော်အနေဖြင့်များစွာ နစ်နာလျက်ရှိသည်ဟု အစီရင်ခံစာ၌ ထည့်သွင်းထားခြင်း ဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၊ ရွှေမိုးယံနှင့် အာရှကမ္ဘာမြေကုမ္ပဏီ သုံးခုတို့သည့် နိုင်ငံတော်သို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ ပေးသွင်းရမည့် ရွှေစင်ကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀ ကျော်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် မတ် ၁၇ ရက်အထိ ရွှေစင် ၄၆ ပိဿာကျော်သာ ပေးသွင်းသည့်အတွက် ရွှေစင်ပိဿာချိန် ၉၆၀ နီးပါးကြွေးကျန်ရှိနေကြောင်း သိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များအပေါ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက လုပ်ကိုင်ခွင့်ရကုမ္ပဏီအနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာမှုမရှိကြောင်း၊ ရွှေကြွေကျန်များရှိသော်လည်း ဖော်ပြပါကုမ္ပဏီများနှင့် နှစ်ရှည်ငါးနှစ်အထိ ထပ်မံစာချုပ်ချုပ်ဆိုထားခြင်းစသည့်အချက်များကြောင့် နိုင်ငံတော်အနေဖြင့် များစွာနစ်နာလျက်ရှိကြောင်း တွေ့ရှိရသည်ဟု ထည့်သွင်းသုံးသပ်ခဲ့သည်။

ယင်းအပြင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအပေါ် စိစစ်ရာတွင်လည်း အမှတ် ၆၆၊ ကမ္ဘာအေးစေတီလမ်းပေါ်ရှိ နှစ်ထပ်အဆောက်အအုံကို မြန်မာ VES ဖက်စပ်ကုမ္ပဏီလီမိတက်သို့ ငှားရမ်းရာတွင် စာချုပ်တွင် မပါဝင်သည့် သုံးထပ်အဆောက်အအုံနှစ်လုံးကို အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဖော်ပြထားသည်။

အမှတ်(၁) သတ္တုတွင်းလုပ်ငန်းအနေဖြင့်လည်း ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီခြောက်ခုမှ ထုတ်လုပ်သော သတ္တုလက်ကျန်များ မရောင်းချနိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် ရသင့်သည့် ကျပ် ၁၂၃၇ သန်းကျော်မှာ နစ်နာလျက်ရှိကြောင်းကိုလည်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ထည့်သွင်းတင်ပြထားသည်။
မာန်သူရှိန်Eleven Media Group

ဆံတော်ရှင်ကျိုက်ထီးရိုးသို့ ဖူးမြော်ခွင့် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးထား

 
ရန်ကုန် ဇူလိုင် ၂၉

 ယခုလိုမိုးတွင်း ရာသီကာလ ဖြစ်သော်လည်း ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးသို့ ဖူးမြော်ခွင့်ပြု ပေးထားကြောင်း သိရသည်။

ယခင်က မိုးတွင်းကာလတွင် တောင်တော်ပိတ်ကာ ဖူးမြော်ခွင့်ပြုခြင်း မရှိခဲ့သော်လည်း ယခုနောက်ပိုင်း ကာလများတွင် မိုးတွင်းကာလများတွင်ပါ ဖူးမြော်ခွင့်ပေး၍ တစ်နှစ်ပတ်လုံး ဖူးမြော်နိုင်ကြောင်းသိရသည်။

''တစ်နှစ်ပတ်လုံးဖွင့်ထားပါတယ်။ မိုးတွင်းလည်းဖူးမြော်နိုင်ပါတယ်''ဟု ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ကျသူတစ်ဦးက ရှင်းပြသည်။

ထိုသို့တောင်ပေါ်တက်ရောက်ခွင့်ပြုထားသလို တောင်တက်ကားများလည်း ပြေးဆွဲပေးနေပြီး ခရီးသည်ပေါ်မူတည်၍ နေ့စဉ်ပြေးဆွဲနေလျက်ရှိသည်။ တောင်တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ''မိုးရာသီလည်း တောင်တက်ကားကို လုံခြုံစိတ်ချစွာ စီးနင်းနိုင်ပါတယ်။ ဘာအန္တရာယ်မှမရှိပါဘူး။ ယာဉ်ပိုင်းဆိုင်ရာ ကောင်းမွန်ဖို့ရယ်၊ ကျွမ်းကျင်ပြီး စည်းကမ်းလိုက်နာတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ ကြပ်မတ်ကိုင်တွယ်နေတာကြောင့် ဘာမှစိုးရိမ်စရာမလိုဘူး''ဟု ဆိုသည်။

ယခုလိုမိုးရာသီတွင် ပြည်တွင်းမှဘုရားဖူးဧည့်သည်များလည်းလာရောက်ဖူးမြော်ကြသလို ကမ္ဘာလှည့်ဧည့်သည်များလည်း လာရောက်ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်းဘုရာဖူးတစ်ဦးက ''မိုးရေတွေထဲမှာ ဖူးမြော်ရတယ်ဆိုပေမယ့် ပိုပြီးတော့ပျော်ရွှင်ကြည်နူးရပါတယ်။ ပွဲတော်ရက်မှာကျတော့ လူကအရမ်းများတဲ့အခါ နေရာထိုင်ခင်းအခက်အခဲဖြစ်ရတယ်။ ဒါကြောင့်လည်း ဒီလိုကာလကို ရွေးပြီးတော့ လာရောက်ဖူးမြော်ဖြစ်တာဖြစ်ပါတယ်''ဟုရှင်းပြခဲ့သည်။

ထက်ခိုင်(စမ်းချောင်း)
The Mirror Daily

ထူးမခြားနားသည့် အမ်ပီတီစနစ်၏ဖုန်းခ လျှော့သည့်ဝန်ဆောင်မှုဝေဖန်မှုများရှိ

ရန်ကုန်−
 မြန်မာ့ဆက်သွယ်ရေး၏ ပြည်ပကုမ္ပဏီနှင့်ပူးပေါင်းပြီးနောက် ပထမဆုံးဝန်ဆောင်မှု အနေဖြင့်စတင်သည့်ခေါ်ဆိုခ လျှော့ချပေးသောဝန်ဆောင်မှု့မှာ ဝေဖန်မှုများနှင့်ကြုံတွေရလျက်ရှိသည်။
Friends and Family Service အမည်ဖြင့် မိမိမိတ်ဆွေ၊ သူငယ်ချင်းများနှင့် မိသားစုများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် သြဂုတ်လကုန်အထိ ဖုန်းခေါ်ဆိုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေးထားသော်လည်း ထိုဝန်ဆောင်မှု အသုံးပြုခအတွက် ၂၅၀၀ ကျပ် စတင်ဖြတ်တောက်ခြင်းကြောင့် အသုံးမပြုလိုကြကြောင်း GSM နှင့် WCDMA မိုင်ဘိုင်းဖုန်းသုံးစွဲ သူများကပြောသည်။
ဆက်သွယ်ရေးက ယင်းသို့ အကန့်အသတ်ဖြင့် ဖုန်းခေါ်ဆိုခ လျှော့ချကြောင်းကြေညာအပြီးမှာပင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ယင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းအသုံးပြုသူများအတွက်သာ စမ်းသပ်ဝန်ဆောင်မှုပေးသည့် ဖုန်းနံပါတ်သုံးခုကို တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်ခေါ်ဆိုနိုင်မည့် စနစ်ကို စတင်လုပ်ကိုင်ပေးထားသော်လည်း အများစုမှာ အသုံးမပြုကြ ကြောင်း သတင်းရရှိသည်။
‘‘အရင် သင်္ကြန်တုန်းကလည်း Promotion တွေလုပ်ကတည်းက တစ်ခါမှမလုပ်ခဲ့ဘူး။ အခု Promotion ကိုလည်းမလုပ် ပါဘူး။ တန်တယ်လို့လည်းမထင်ဘူး။ MPT က သူတို့ဆီကတစ်ခုခုရဖို့အရေးကို သူတို့ကာထားတဲ့ အချက်တွေကပိုများတယ်။ ပြီး တော့ အစကတည်းက Plan ရှိရင်လည်း စောစောလုပ်သင့်တယ်။အခုက အူရီးဒူးကတ်ဝယ်ရင်တောင် ၁၄ ရက်နေ့အထိ Free ပြောလို့ရတာဆိုတော့ သူ့ဟာ မလုပ်လည်းဘာမှမဖြစ်တော့ဘူး’’ဟု မန္တလေးတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်းနာယက ဦးရဲမြတ် သူကပြောသည်။
အသုံးပြုရာတွင် မိမိစာရင်းပေးသွင်းလိုသည့် ဖုန်းနံပါတ်များ ပြောင်းလဲလိုပါက မိုဘိုင်းဖုန်းနံပါတ်တစ်ခုလျှင် တစ်ကြိမ်သာပြောင်း လဲနိုင်ခြင်းနှင့် CDMA မိုဘိုင်းဖုန်းများသို့ခေါ်ဆို၍မရခြင်းနှင့် စတင်အသုံးပြုခအဖြစ် ကျပ် ၂၅၀၀ ဖြတ်တောက်ခြင်းများစသည့် ကန့်သတ်မှုများကြောင့် အသုံးမပြုလိုကြခြင်းလည်းဖြစ်သည်။
‘‘ဖုန်းသုံးလုံးကို ၂၅ ကျပ်နဲ့ ခေါ်နိုင်ဖို့ကို ၂,၅၀၀ စဖြတ်တာနဲ့ပဲ တစ်နာရီစာနီးနီးဖြစ်နေပြီ။ တစ်လလုံးဆိုတာလည်း ကိုယ်က အရမ်းဖုန်းပြောတဲ့သူဆိုရင်တော့ အဆင်ပြေပေမယ့် တကယ်တမ်း မတန်ဘူးထင်လို့မလုပ်ဘူး’’ဟု GSM မိုဘိုင်းဖုန်းသုံးစွဲသူကိုသူရက ပြောသည်။
အဆိုပါဝန်ဆောင်မှုကို အသုံးပြုလိုပါက နံပါတ် 1331 သို့ မိမိနှစ်သက်သည့် ဖုန်းနံပါတ်များကို ADD အနောက်တွင်ရိုက် နှိပ်ကာ မက်ဆေ့ခ်ျပေးပို့ရမည်ဖြစ်ပြီး သြဂုတ် ၃၁ ရက်အထိ အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အဆိုပါဝန်ဆောင်မှုပေးနေချိန်တွင် အူရီးဒူးကုမ္ပဏီကလည်း ဆင်းမ်ကတ်များရောင်းချပြီး သြဂုတ် ၁၄ ရက်အထိ မိုဘိုင်းဖုန်း ခေါ်ဆိုခများကို အခမဲ့ခေါ်ဆိုနိုင်ရန် ဝန်ဆောင်မှုများလည်းပေးထားခြင်းဖြစ်သည်။
7Day

ဈေးနှုန်းကမောက်ကမများဖြင့် အူရီးဒူးဖုန်းများ ဈေးကွက်အတွင်း ပျံ့နှံ့

ဓာတ်ပုံ- နိုင်လင်းအောင်
ရန်ကုန်−
အူရီးဒူးဆင်းမ်ကတ်များ ယခုရက်အတွင်း စတင်ဖြန့်ချိသည့်အချိန်တွင် သုံးစွဲသူလက်သို့ တရားဝင်ဖြန့်ချိမည့်ရက်မရောက် မီမှာပင် ဈေးကွက်အတွင်း ၁၅၀၀ တန်ဆင်းမ်ကတ်များမှာ ပုံမှန်ဈေးထက်အဆမတန်ဖြစ်ပေါ်နေသည်။
‘‘မနေ့က သူငယ်ချင်းတစ်ယောက် ၇၈ လမ်းပေါ်ကဆိုင်မှာသွားဝယ်တာ တစ်ကတ်ကို တစ်သောင်းခွဲအထိရောင်းနေလို့ မဝယ်ခဲ့လိုက်ဘူး’’ဟု မန္တလေးမြို့တွင် နေထိုင်သူကို အောင်ပိုင်ဟိန်းကပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မန္တလေးမြို့ပေါ်ရှိ ဖုန်းဆိုင်တစ်ခုအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ဟန်းဆက်တစ်လုံး ဝယ်ပါက ဆင်းမ်ကတ်တစ်ကတ် အခမဲ့ပေးပြီး ဆင်းမ်ကတ်သီးသန့် ဝယ်လိုပါက နံပါတ်အလှပေါ်မူတည်၍ ကျပ် ၃,၀၀၀၊ ၅,၀၀၀၊၈,၀၀၀ နှင့် ကျပ်တစ်သောင်းကျော်အထိ ရောင်းချနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ဆင်းမ်ကတ်များကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့ရှိ ဖုန်းဆိုင်အချို့တွင် စတင်ရောင်းချနေသော်လည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အူရီးဒူးကုမ္ပဏီက ကြိုတင်ကြေညာခဲ့ခြင်းမရှိပေ။
အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ‘‘Distributor (ဖြန့်ချိသူ)တွေက တကယ်စရောင်းမယ့်နေ့အတွက် သူတို့လုပ်စရာရှိတာတွေလုပ်နေတာပါ။ အူရီးဒူးအနေနဲ့ကတော့ တကယ်ရောင်းချမယ့် Date ကို အခုထိမကြေညာသေးပါဘူး’’ဟု လူမှုဆက်ဆံရေးနှင့်ပြန်ကြားရေး မန်နေဂျာဒေါ်သီရိကြာညိုကပြောသည်။
ယင်းသို့ဆင်းမ်ကတ်များ အဆမတန်ဈေးကြီးနေမှုနှင့်ပတ်သက်ပြီး အူရီးဒူးကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာ သြဂုတ် ၂ ရက်၌ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင်သာ အကြောင်းစုံကိုဖြေကြားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
အူရီးဒူး၏ မိုဘိုင်းဆင်းမ် ကတ်များကို ဇူလိုင် ၂၉ ရက်တွင် မန္တလေးနှင့်နေပြည်တော်တို့၌ စတင်ရောင်းချပေးခဲ့ပြီး ၃၀ ရက်တွင် ရန်ကုန်မြို့ရှိမိုဘိုင်းဖုန်း အရောင်းဆိုင်အချို့တွင် စတင်ရောင်းချကာ ငွေကျပ် ၂,၀၀၀ မှ ၅,၀၀၀ အထိရောင်းချလျက်ရှိကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့ထံမှသတင်းရရှိသည်။
‘‘တစ်ကတ်ကိုငါးထောင်နဲ့ တစ်ယောက်ကို ငါးကတ်လောက်ထိ ရောင်းပေးပါတယ်။ လိုသလောက်တော့ မရနိုင်သေးဘူး’’ဟု တာမွေမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ ပြန်လည်ဖြေကြားခဲ့သည်။ အူရီးဒူးဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ ဖုန်းဆိုင်များကို ဇူလိုင် ၃၁ ရက်မှသာ စတင်ဖြန့်ချိမည်ဖြစ်သော်လည်း လက်ရှိတွင် မန္တလေးနှင့် နေပြည်တော်တို့ရှိ ဖုန်းဆိုင်များမှ ရယူ၍ ရန်ကုန်တွင် မူလပေါက် ဈေးကျပ် ၁၅၀၀ ထက်ပို၍ရောင်းချနေကြောင်း မိုဘိုင်းဖုန်းအရောင်း ဆိုင်အချို့မှသတင်းရရှိသည်။
အူရီးဒူးအနေဖြင့် လက်ရှိတွင် ၎င်းတို့နှင့်ချုပ်ဆိုထားသော စာချုပ်အရ ဆင်းမ်ကတ်များကို ခွဲတမ်းဖြင့်ချထားပေးခြင်းဖြစ်ပြီး ရွှေအဆင့်တွင် ဆင်းမ်ကတ် ၈၀၀၊ ငွေအဆင့်တွင်ဆင်းမ်ကတ် ၄၀၀ နှင့် ကြေးအဆင့်တွင် ဆင်းမ်ကတ် ၂၀၀ အထိသာချထားပေးကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များထံမှသတင်းရရှိသည်။
အူရီးဒူးကုမ္ပဏီမှ လတ်တလောသတ်မှတ်ထားသည့်နှုန်းထားများမှာ ၎င်းတို့၏ဆင်းမ်ကတ် အချင်းချင်း ဖုန်းခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ပေးရမည်ဖြစ်ပြီး အခြားအော်ပရေတာ (MPT, Telenor, Mectel)သို့ ဖုန်း ခေါ်မည်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ပေးရမည်ဖြစ်ကာ SMS ပေးပို့ပါက တစ်စောင်လျှင် ၂၅ ကျပ်နှင့် အင်တာနက်အသုံးပြု မည်ဆိုပါက 1MB လျှင် ၂၅ ကျပ် ပေးရမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းဆိုင်အချို့မှသတင်းရရှိသည်။
အူရီးဒူးအနေဖြင့် အင်တာ နက်အသုံးပြုခများ Rate တစ်ခု သတ်မှတ်၍ ကောက်ယူသွားမည် ဟုမူလကကြေညာခဲ့သော်လည်း လက်ရှိတွင် တစ် 1MB လျှင် ၂၅ ကျပ်ဖြင့်ကောက်ယူမည်မှာ အနည်းငယ်များနေကြောင်း အသုံးပြုသူများကသုံးသပ်သည်။
‘‘1MB ၂၅ ကျပ်ကများပါ တယ်။ တစ်လ 2GB သုံးရင် ၅၀,၀၀၀တောင်ကျမယ်။ 4GB Speed ဆိုရင်တော့ နည်းနည်း လေးခံသာမယ်။ ဒါတောင် စင်ကာပူထက်သုံးဆလောက်များ တုန်း။ 4G Speed 6GB ကို တစ်လ ၅၀,၀၀၀ လောက်က voice call မိနစ် ၃၀၀ ပါသေး တယ်’’ဟု အူရီးဒူး၏ အင်တာနက် အသုံးပြုခနှင့်ပတ်သက်ပြီး ကိုသန့်ဇင်ဦးက ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်မှတ်ချက်ရေးသားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်ရှိတစ်မိနစ်လျှင် အင် တာနက်အသုံးပြုခမှာ GSM ဖုန်းများတွင် နှစ်ကျပ်နှင့် WCDMA ဖုန်းများတွင်တစ်မိနစ်လျှင် လေးကျပ်နှုန်းသာကျသင့်မည်ဖြစ်သော်လည်း ယခုကောက်ယူမှုမှာ မိမိအသုံးပြုမှုပေါ်တွင်မူတည်၍ ကုန်ကျမည်ဖြစ်သောကြောင့် မသုံးလျှင် မကုန်နိုင်သော်လည်း တစ်မိနစ်အတွင်း ကျပ်နှစ်ထောင် ခန့်လည်းကျသွားနိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခုမှ တာဝန်ခံတစ်ဦးကရှင်းပြသည်။
7Day

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ရုံးထုတ်

 
 ဇူလိုင်၃၀
အစိုးရက ငွေကြေး အလွဲ သုံးစားမှု နိုင်ငံတော် အပေါ် ကြည်ညို ပျက်စေ မှုတွေနဲ့ တရား စွဲဆို ထားပြီး စစ်ဆေး လျက်ရှိတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒီနေ့ နံနက်ပိုင်းမှာ နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေး မယ်လို့ သိရပါတယ်။

တရားရုံးမှာ သက်ဆိုင်ရာက အရပ်ဝတ်လုံခြုံရေး အပြည့်စောင့်လျက်ရှိပြီး တရားရုံး ဂိတ်ပေါက်မှာလဲ သတင်းမီဒီယာသမားတွေက ဝင်ခွင့်ရဖို့ အသင့်စောင့်လျက်ရှိပါတယ်။ လာရောက်တွေ့ဆုံတဲ့ မိသားစုဆွေမျိုးသားချင်းတွေကိုတော့ ၅ယောက်သာခွင့်ပြုပြီး ဦးဆန်းဆင့်ရဲ့ရှေ့နေ ဦးတင်ထွန်းအပါအဝင် ရှေ့နေတစ်ဦးတို့သာ ဝင်ရောက်ခွင့်ရတယ်လို့ သိရပါတယ်။

Photo: Myo Thant Kying / RFA

RFA Burmese

တရုတ်နယ်စပ်တွင် အစိုးရစစ်တပ်အရာရှိနှစ်ဦး သတ်ဖြတ်ခံရ

 ဇူလိုင်၂၉
သျှမ်းပြည်မြောက်ပိုင်း ၊ နမ့်ခမ်းမြို့  တရုတ်-မြန်မာနယ်စပ်၊  ရွှေလီမြစ်တစ်ဘက်ကမ်းရှိ မန့်ဟောင်းကူးတို့ဆိပ် လမ်းခွဲ  နောင်မတာကျေးရွာအနီး၌ ဂျူလိုင်လ ၂၉ ရက်က အစိုးရစစ်တပ်အရာရှိနှစ်ဦး သတ်ဖြတ်ခံရ ကြောင်းသတင်းရရှိသည်။


သတ်ဖြတ်ခံရသည့် တပ်ခွဲမှူးအလောင်းအား ကြံခင်းအနီးတွင်တွေ့ရစဉ်

သတ်ဖြတ်ခံရသူမှာ နမ့်ခမ်းမြို့နယ်  နောင်မတာကျေးရွာတွင် အခြေချလှုပ်ရှားသော အစိုးရတပ်မှ  တပ်ခွဲမှူး ဗိုလ်ကြီး ၀င်းသူရထွန်း နှင့် (အမည် မသိ) တပ်ကြပ်ကြီး တဦးတို့ဖြစ်ပါသည်။ ၄င်းနှစ်ဦးသည် နမ့်ခမ်းမြို့မှ ဈေး ဝယ်ပြီးအပြန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့်ဒေသခံတဦးက ပြောဆိုသည်။

“တပ်ခွဲမှူးက ရင်ဘတ်မှာသေနတ်ဒဏ်ရာတစ်ချက်နဲ့ ဦးခေါင်းမှာ ဓါးခုတ်ရာ ဒဏ်ရာတစ်ချက်၊ သုံးရစ်အရာရှိ က တော့ ၀မ်းဗိုက် ပိုင်းကနေ ကျောဘက်ပေါက်တဲ့ သေနတ်ဒဏ်ရာတစ်ချက်ထိသွားတယ်။ တပ်ခွဲမှူးသေတဲ့ နေရာ နဲ့ မလှမ်းမကမ်းမှာဘဲ သူ့အလောင်းက။ တပ်ခွဲမှူးအလောင်းက လမ်းရဲ့တဖက်ခြမ်း တရုတ်နယ်နိမိတ်ထဲမှာ။ နောက် တယောက်ကတော့  ရွာအဝင်လမ်း လယ်ကွင်းထဲမှာ။ နေရာက မဝေးဘူး။  နယ်စပ်ဆိုတော့ လေ။ ” ၄င်းက ပြောသည်။

အလောင်းများကို ယမန်နေ့ မွန်းတည့်ချိန်ကတွေ့ရပြီး နောင်မတာကျေးရွာသည် တရုတ်နယ်နိမိတ်နှင့် ထိစပ် လျှက်ရှိ နေ သောကြောင့်  နှစ်နိုင်ငံရှိတာဝန်ရှိသူများ လာရောက်ရှိစစ်ဆေးလျှက်ရှိနေပါသည်။ အဆိုပါအလောင်း များကို နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ည ၇:ဝဝ က ပို့ဆောင်ပြီး  ခွဲစိတ်စစ်ဆေးကြကြောင်း နမ့်ခမ်းမြို့ အုပ်ချုပ်ရေးမှူး နှင့်နီးစပ်သည့် အသိုင်းအဝိုင်း ကဆိုသည်။

ယခု အစိုးရစစ်တပ်အရာရှိ နှစ်ဦးသတ်ဖြတ်ခံရသော နောင်မတာကျေးရွာသည် ယခင်က သျှမ်းပြည် တပ်မတော် ၏  ၇၀၁ စစ်ဒေသ  တပ်စခန်းအခြေစိုက်ရာဒေသဖြစ်ပြီး  ၂၀၁၃ ခုနှစ် မေလ က အစိုးရစစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက် လိုက်သည်။ လက်ရှိတွင်  မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံတပ်ရင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့သာ အခြေစိုက်လှုပ်ရှားကြောင်းသိရပါသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ နယ်စပ်ဖြတ်ကျော်သူများထံမှ အခွန်ကောက်ယူပြီး အဝေ မတည့်မှုကြောင့် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့်ပြည်သူ့စစ်အသိုင်းအဝိုင်းကပြောသည်။ သျှမ်းသံတော်ဆင့်

ထွန်တုံးတိုက်ပွဲဝင် ရခိုင်လယ်သမားများ လျော်ကြေးရမည်

 
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာက ဂေါက်ကွင်း အတွက် မြေယာ စွန့်လွတ်ခဲ့ရတဲ့ လယ်သမား တွေကို ရခိုင်ပြည်နယ် အစိုးရက ၁ ဧကကို ကျပ်သိန်း ၂၀ နှုန်းနဲ့ နစ်နာကြေးပေးဖို့ ညှိနှိုင်း သဘောတူ လိုက်ကြပါတယ်။

၂၀၀၀ ပြည့် နှစ်ဆန်းပိုင်းမှာ စကခ (၅) က ဗိုလ်မှူးချုပ် ကြည်သိန်းက ဦးစီးပြီး ကိုင်းရှည်ရွာသား ၇ ဦးရဲ့ မြေဧက ၇၀ လောက်ကို သိမ်းဆည်း ဂေါက်ကွင်းလုပ်ဆောင်ပြီး မြို့မိမြို့ဖကို လွှဲခဲ့ပြီး ဂေါက်ကွင်း ကော်မ တီ နဲ့ စီမံနေတာပါ။

တပ်မတော်အစိုးရ လက်ထက် မပြောရဲပေမယ့် လက်ရှိကာလမှာ သူတို့လယ် သူတို့ ပြန်ရဖို့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးဌာနတွေ၊ မြေယာစီမံခန့်ခွဲမှု ကော်မတီတွေကို ဥပဒေဘောင်တွင်းက တင်ပြပေမယ့် မထူးတာကြောင့် ဇွန် ၂၄ ရက်နေ့က ဂေါက်ကွင်းမှာ  ၀င်ရောက်ထွန်ယက်ခဲ့ကြပါတယ်။

ဒီဆောင်ရွက်ချက်ကြောင့် သူတို့ကို ဂေါက်ကွင်းတာဝန်ရှိသူတွေက ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခဲ့ပါတယ်။

ဒီကာလအတွင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲမှာ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက တောင်ကုတ်မြို့ကိုလာစဉ် တင်ပြလို့ နစ်နာကြေးပေးဖို့ ဖြစ်လာတာပါ။

ဇူလိုင်လ ၂၈ ရက်နေ့က မြေသိမ်းခံရတဲ့ လယ်သမား ၇ ယောက်ကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းကို ဖိတ်ခေါ်ပြီး မြေယာစီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေ၊ ဂေါက်ကော်မတီက တာဝန်ရှိသူတွေနဲ့ နှစ်ရက်ဆက်တိုက် ညှိနှိုင်းပြီး သဘောတူခဲ့တာလို့ တက်ရောက်ညှိနှိုင်းတဲ့ လယ်သမား ကိုခလေး ခေါ် ကိုစိုးမိုးနိုင်က ပြောပါတယ်။

ကာလပေါက်ဈေး ၁ ဧကကို ကျပ်ငွေ ၂၅ သိန်းကနေ သိန်း ၄၀ အထိ ဈေးပေါက်ပေမယ့် ၁ ဧကကို သိန်း ၂၀ နဲ့ ညှိနှိုင်းအဆင်ပြေတာလို့ ဆိုပါတယ်။

“၂၆ ရက်နေ့က ညှိတယ်၊ အဆင်မပြေဘူး။ နောက်တရက် ထပ်ညှိတယ်၊ အဆင်ပြေသွားတယ်။ ပေးတာကလည်း ဒီကလူတွေ ပေးမှာမဟုတ်ပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်ဆီ ထပ်တင်ပြရမှာ သူတို့က၊ ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပြလို့မှ မပြည့်ရင် ဒီကလူကြီးတွေ ၀ိုင်းဖြည့်ပေးမယ်။ အမှုကိုလည်း ရုပ်သိမ်းပေးမယ် ပြောတယ်။”

ဧကပေါင်း ၇၀ ကျော် သိမ်းတဲ့ထဲက လယ်မြေ ၂၈ ဧက လောက်အတွက် နစ်နာကြေးပေးမှာဖြစ်ပြီး ကျန်မြေတွေကတော့ နွားစားကျက်တွေဖြစ်လို့ နစ်နာကြေးမယူတော့ဖို့ ညှိနှိုင်းခဲ့တယ်လို့ သူက ပြောပါတယ်။

သူတို့အပေါ် ဂေါက်ကွင်းကော်မတီက စွဲဆိုတဲ့ ပိုင်နက်ကျူးလွန်မှုကို ရုပ်သိမ်းပေးမယ်လို့ ညှိနှိုင်းပေမယ့် လာမယ့်သြဂုတ် ၆ ရက်နေ့ကိုတော့ ရုံးချိန်း ချိန်းဆိုထားတယ်လို့ ကိုစိုးမိုးနိုင်က ပြောဆိုပါတယ်။

By အေးနိုင် (ဒီဗွီဘီ)

စက်မှုဇုန်ထုတ်ကား တစ်ရက်လျှင် အစီးရေ တစ်ရာကျော် လာရောက် အပ်နှံ



ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်မှုဇုန်ထုတ်ကားများ အပ်နှံခွင့် ပေးသည့်နေ့မှ စ၍
တစ်ရက်လျှင် အစီးရေ တစ်ရာကျော် လာရောက် အပ်နှံကြောင်း က-ည-န ရုံး (မြင်သာ) ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုဌာနမှ သိရသည်။ စက်မှုဇုန်ထုတ် ကားများကို ဇူလိုင် ၁၄ ရက်က စတင် အပ်နှံခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လာရောက် အပ်နှံသည့် ကားများတွင် အက္ခရာစုံ ကားများဖြစ်ပြီး စလစ် ထုတ်ဝေပေးမှု စာရင်း အရ ဇူလိုင် ၁၄ ရက်က ၂၇ စီး၊ ၁၅ ရက်က ၅၉ စီး၊ ၁၆ ရက်က ၉၃ စီး၊ ၁၇ ရက်က ၁ဝ၈ စီး၊ ၁၈ ရက်က အစီးရေ ၁၃ဝ၊ ၂၁ ရက်က ၁၇၈ စီး၊ ၂၂ ရက်က ၁ဝ၈ စီးတို့ကို စလစ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဧပြီ ၄ ရက်မှ စတင် အပ်နှံခွင့် ပြုခဲ့သော ''၁က'' အက္ခရာများမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း အစီးရေ ၃၇၄ဝ ရှိရာ ဇူလိုင် ၂၁ ရက် အထိ အစီးရေ ၃၆၃ဝ အပ်နှံခဲ့ပြီး တစ်ရာကျော်သာ အပ်နှံရန် ကျန်ရှိ တော့ကြောင်း သိရသည်။

ထို့အပြင် ''၁က'' အက္ခရာ မတိုင်မီ လာရောက်အပ်နှံခွင့်ပြုသော ''လ''၊ ''သ''၊ ''အ'' အက္ခရာ များမှာ ဇူလိုင် ၂၁ ရက်အထိ အပ်နှံပြီး စာရင်းအရ ''လ'' အက္ခရာ ၄ဝ၃၉ စီး၊ ''သ'' အက္ခရာ ၄၈၇၅ စီး၊ ''အ'' အက္ခရာ ၅ဝ၁၁ စီးနှင့် Cherry QQ တက္ကစီ ၈၈၇ စီး အပ်နှံခဲ့ပြီး ဖြစ်ကြောင်း ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုဌာနမှ သိရသည်။

လင်းသစ်
မြ၀တီ

တပ်အရာရှိသတ်ဖြတ်ခံရမှုကြောင့် ရပ်ရွာအကြီးကဲများဆင့်ခေါ် ရိုက်နှက် ခြိမ်းခြောက်ခံရ


ဂျူလိုင် ၃၀ ရက် ၂၀၁၄

 သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တရုတ်နယ်စပ်အနီး၌ တပ်စခန်းချနေ ထိုင်သည့် အစိုးရ တပ်မ တော်အရာရှိနှစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ဒေသခံ အကြီးအကဲများအား အစိုးရတပ်ကဆင့်ခေါ်ကာ ရိုက်နှက်စစ်ဆေးခဲ့သည် ဟု ဒေသတွင်းသတင်းရပ်ကွက် က ပြောသည်။

၂၀၁၄ ဂျူလိုင် ၂၉ ရက် ညနေပိုင်းက နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဘက်ကမ်း အခင်းဖြစ်ပွားရာ နောင် မတာကျေးရွာ ဥက္ကဌ စိုင်းလှစိန်၊ အတွင်းရေးမှူး စိုင်းဆန်စိုး၊ စာရေး စိုင်းဆန်လူ နှင့် ရပ်ဖ ခိင်းဆွယ့်ခမ်း စံဆာ၊ ခိင်းဆိုင်ဟိန်း တို့နေအိမ်အား အစိုးရတပ်အင်အား ၃၀ ခန့်က ဝိုင်းရံကာ ၎င်းတို့အား တပ်စခန်း သို့ ခေါ်ဆောင်သွားကြောင်း၊ ၎င်းတို့ အရာရှိသတ်ဖြတ်ခံရမှုအား ရိုက်နှက် စစ်ဆေးကြောင်း၊ ညဉ့်သန်း ခေါင်တွင် ၎င်းတို့အား အိမ်တို့ ပြန်အိပ်ခွင့်ပြု လိုက်သော်လည်း ယနေ့ နံနက် ၆ နာရီ တပ်စခန်းသို့ အရောက်လာရန်နှင့် ပျက်ကွက်ပါက ရွာအားမီးရှို့ပစ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း အမည်မဖေါ် လိုသည့် ရွာခံတဦးက ဤကဲ့သို့ပြောသည်။

“သူတို့လူနှစ်ယောက် အသတ်ခံရတာ ရွာသားတွေကို ညှိုးတယ်။ သေနတ်ကော ဓါးကော ဒီရွာကဟာ ဘဲတဲ့။ ဒါ ကြောင့် သတ်ဖြတ်မှု မှာလဲ ခင်ဗျားတို့ရွာသားပဲ လို့စွပ်စွဲတယ်။ ရိုက်နှက်တယ်။ ဒီမနက် ၆ နာရီ စခန်း ကို အရောက်မသွားရင် တရွာလုံးကို မီးရှို့ပစ်မယ်လို့လဲ ခြိမ်းခြောက်တယ်” - ဟု အဆိုပါ ပုဂ္ဂိုလ်ကပြော သည်။

တပ်အရာရှိအား ပစ်သတ်သွားသော သေနတ်နှင့် ခုတ်ဖြတ်သွားသော ဓါးသည် ရွာသားများ၏ ပစ္စည်းဆိုသည့် အထောက်အထားပြသနိုင်မှုတော့ မရှိခဲ့ကြောင်း ပြောသည်။

“အစိုးရတပ် ကျနော်တို့ဆီမှာလာနေလို့ လုံခြုံစိတ်ချရပြီလို့ ထင်နေတာ။ အခုတော့ လူထုကို တရားခံ ပြန်ညှိုးချတယ်။ လူထုက သူတို့ကို ကင်းပြန်စောင့်ပေး ရမယ့်ပုံ။ ကျနော်တို့ ရွာသားတွေက လယ်ယာ ဘဲ လုပ်ကိုင်စားသောက်တယ်။ဓါးတွေ ပေါက်ပြား တွေတော့ရှိတာပေါ့။ သေနတ်ဘယ်ကရမှာလဲ” - ဟု ရိုက်နှက်ခံရသည့် မိသားစုဝင်တဦးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီး ရိုက်နှက် စစ်ဆေးခြင်း မရှိစေရန် ကျားဖြူပါတီဘက်က ကူညီ ဆောင်ရွက်ပေးနေသည်ဟု နမ့်ခမ်းမြို့ပါတီ အတွင်းရေးမှူးက ဤကဲ့သို့ပြောသည်။

“ရိုက်နှက်စစ်ဆေးမှုတွေရှိနေတယ်လို့ ကျနော်တို့ကြားတယ်။ ဒီကိစ္စက စုံစမ်းစစ်ဆေးဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ရိုက်နှက်စစ်ဆေးတာတော့ မဖြစ်သင့်ဘူး။ ဒါကြောင့်မနေ့ကလို ရိုက်နှက်စစ်ဆေး တာ တွေ ထပ် မဖြစ်အောင် မြို့နယ်အုပ်ချုပ်မှူး၊ တပ်မ မှူး၊ တောင်ကြီးရှိ ဝန်ကြီး စိုင်းအိုက်ပေါင်း(ဝ်)၊ နေပြည်တော်ရှိ ဒုဝန်ကြီး ဒေါက်တာ စိုင်းကျော်အုန်းထံ တင်ပြတောင်းဆိုထားပါတယ်” - ဟု ပြောသည်။

ဖြစ်ပေါ်လာသည့်ပြဿနာတိုင်း လူထု နစ်နာမှုအမြဲရှိနေသောကြောင့် မည်သို့ပင်ဆိုစေတရား ဥပဒေ စိုးမိုးရေး လိုအပ်နေကြောင်းလည်း ပြောပါသည်။
ဂျူလိုင်လ ၂၃ ရက် တုန်းကလည်း နမ့်ခမ်းမြို့ ပေါက်လုံရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် ရပ်ကွက်ဘော်လုံးအသင်းမှ စိုင်းပေါင်းပေါင်း ဆိုသူကိုလည်း ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့လက်အောက်ခံ မန်ပန် ပြည်သူ့ စစ်တပ်ဖွဲ့က လိုက်လံပစ်သတ်ခဲ့ပါသည်။

သျှမ်းသံတော်ဆင့်

နေပြည်တော်တွင် Ooredoo ဆင်း ကတ် များ ရောင်းချ၊ မိနစ် ၉ဝဝ အခမဲ့ ဖုန်းခေါ်ဆို အသုံးပြုနိုင်

 
 နေပြည်တော် မြို့မဈေးရှိ မိုဘိုင်းလ်ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေး Mobile Zone ဆိုင်၌ ယနေ့ မွန်းလွဲပိုင်းတွင် အော်ရီဒူး (Ooredoo) ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းမှ ဖုန်းဆင်းကတ်များကို ငွေကျပ် ၁၅ဝဝဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါ ဖုန်းဆင်းကတ် ရောင်းချရာ၌ လိုင်စင်ဓာတ်ပုံ (၁)ပုံ၊ မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် မိတ္တူ ပေးဆောင်ရသည့်အပြင် ငွေဖြည့်ကတ် ငွေကျပ် ၅ဝဝဝ တစ်ကတ်ပါ ရောင်းချပေးပြီး ဆင်းကတ်သည် သြဂုတ် ၁၄ ရက်အထိ စမ်းသပ် ကာလဖြစ်၍ ငွေဖြည့်သွင်း ရန်မလိုဘဲ သြဂုတ် ၁၅ရက်မှ ငွေဖြည့် နိုင်မည်ဖြစ်သည်။ စမ်းသပ် ကာလအတွင်း Ooredooဆင်းကတ် အချင်းချင်း မိနစ် ၉ဝဝအခမဲ့ ဖုန်းခေါ် ဆိုနိုင်ပြီး အခြား မိုဘိုင်းလ်ဖုန်း များသို့ မိနစ် ၉ဝအခမဲ့ ဖုန်းခေါ် နိုင်မည်ဖြစ်သည်။ ထို့ပြင် 1MB.3G.Internet အခမဲ့သုံး နိုင်ကြောင်းနှင့် ဆင်းကတ်များသည် 3G ရသော ဟန်းဆက်တွင်သာ အသုံးပြု နိုင်ကြောင်း Mobile Zone အရောင်းဆိုင်မှ ကိုညီညီဇော် က ရှင်းပြသည်။

ထို့အတူ နေပြည်တော်ရှိ အခြား Ooredoo ဆိုင်ခွဲများ တွင်လည်း ယနေ့စတင် ရောင်းချခဲ့ကြောင်း သိရသည်။

ကျော်သူရ(နေပြည်တော်)

မြ၀တီ

ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးတွေ နုတ်ထွက်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက် တာ ဖေသက်ခင် တို့ကို နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇူလိုင် ၂၉ ရက် မနေ့က ကြေညာလိုက်ပါတယ်။
နိုင်ငံတော် သမ္မတရုံးရဲ့ကြေညာချက်မှာ ဒီဝန်ကြီး ၂ ဦးကို သူတို့ရဲ့ သဘောဆန္ဒအလျောက် ရာထူး က နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ပဲဖေါ်ပြထားပြီး တခြားရှင်းလင်းချက် သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်တွေ ကို အဲဒီလစ်လပ်သွားတဲ့ ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီးတာဝန်တွေ ပေးအပ်တယ်ဆိုတာတော့ ပါဝင်ခြင်း မရှိပါဘူး။
မီဒီယာစာနယ်ဇင်းတွေအပေါ် ဖိနှိပ်မှုတွေများပြား လာနေတဲ့အတွက် မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်း လဲမှုတွေ နောက်ပြန်ဆုတ်သွားမှာကို ပြည်တွင်းပြည်ပ စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေစဉ်အတွင်း အခုလို ဝန်ကြီး ၂ ဦး ရာထူးကနုတ်ထွက်တဲ့ သတင်းပေါ်ထွက်လာ တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝါဒကို လေ့လာဖို့ ဝါရှင်တန် ဒီစီ ကို အခုလတ်တလော လာရောက်ခဲ့တဲ့ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်ကတော့ အဲဒီလိုစိုးရိမ်စရာမရှိကြောင်း RFA ကို ပြောကြားခဲ့ပါတယ်။
မနေ့ကရက်စွဲနဲ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့တဲ့ တခြားကြေညာချက်တခုမှာတော့ ကာကွယ်ရေးဦးစီးချုပ်ရုံး က ဗိုလ်ချုပ် တင်အောင်ချစ်ကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် လို့ ဖေါ်ပြထားပါတယ်။
RFA

ရွေးကောက်ပွဲစနစ်ကိစ္စ ကော်မတီ သစ်ဖွဲ့စည်းရေး လွှတ်တော်ဆုံးဖြတ်


dassk-jul-29-305.jpg
ဇူလိုင်လ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Nay Thawe
 နေပြည်တော် ၂၉ - ၇ -၂၀၁၄
ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ပယ်လိုက်ပြီး မြန် မာနိုင်ငံနဲ့ သင့်လျော်မယ့် ရွေးကောက်ပွဲစနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကော်မတီတစ် ရပ်ဖွဲ့စည်းဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက် ပါတယ်။
PR ရွေးကောက်တင်မြှောက်တဲ့ စနစ်ကျင့်သုံးရေးအဆို ကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ၃ ရက်မြောက် အဖြစ် ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စား လှယ်တွေ ကန့်ကွက်ခဲ့ကြပါတယ်။
ရွေးကောက်တင်မြှောက်တဲ့ စနစ်တစ်ခု အကောင် အထည်ဖော်ရေးအတွက် ကော်မတီဖွဲ့စည်း ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
"ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မဖြစ်မနေလိုအပ်တယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်မနေလိုအပ်တယ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်မနေလိုအပ်တယ်၊ အဲဒီ့အတွက် အထိအခိုက်မခံနိုင်တဲ့အတွက် ကျနော်တို့အနေနဲ့ ပီအာစနစ်ကို အခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့ လွှတ်တော်အတွက် တိုင်းဒေသကြီးပြည်နယ်မှာ ဆောင်ရွက်မယ်ဆိုတဲ့အဆိုကို ကျနော်လက်မခံဘူး၊ ဒီလိုဆောင် ရွက်တဲ့နေရာမှာ မျှမျှတတဖြစ်အောင် ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးတဲ့အခါမှာ ကော်မတီ၊ ကော်မရှင်ရဲ့ သုံးသပ်အကြံပြုချက်ကို လွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ အဆုံးသတ်မှာဖြစ်တယ်"
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတင်ပြတဲ့ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ် အကောင် အထည်ဖော်ရေး ကော်မတီဖွဲ့စည်းဖို့ကို ထောက်ခံကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ဦးအောင်ဇင် ပြောသွားတဲ့အဆိုအတိုင်း မဟုတ်ဘူး၊ ဥက္ကဌကြီးပြောသွားတဲ့အဆိုကို ထောက်ခံတာပါဆိုတဲ့ ကျမတို့ရဲ့ ကိုယ်စားလှယ်တွေအားလုံး လက်မှတ်ထိုးပြီးတော့တင်မယ်"
တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအဆိုကို  လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦးက ၃ ရက်ကြာ ဆွေးနွေးခဲ့ကြ တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် ရွေးကောက်ပွဲစနစ် အကောင်အထည်ဖော်ရေးကော် မတီကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ်တစ်ရပ်ရရှိအောင် ၀ိုင်းဝန်းအဖြေရှာဖို့ ပြည်သူ့လွှတ်တော် ကနေပြီး ကော်မတီ ဒါမှမဟုတ် ကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားဖို့ သဘောတူလိုက်တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိရဲ့ တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။

RFA