Pages

Saturday, August 30, 2014

မြန်မာနိုင်ငံလူဦးရေ သန်း ၅၀ ကျော်

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီ (ဓာတ်ပုံ/ထက်အောင်ခန့်) လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီ (ဓာတ်ပုံ/ထက်အောင်ခန့်)

အနှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်ကောက်ယူခဲ့တဲ့ သန်ကောင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၄ သန်းရှိတဲ့အကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီကနေ့ကြေညာလိုက်ပါတယ်။ အခုထုတ်ပြန်တဲ့ ရှေ့ပြေး လူဦးရေစာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ၁.၇ သန်းပိုများနေတဲ့အကြောင်း၊ အခက်အခဲတွေကြောင့် စာရင်းမကောက်ယူနိုင်တဲ့ ရခိုင်၊ ကချင်နဲ့ ကရင်ပြည်နယ် ဒေသတချို့မှာရှိတဲ့ လူဦးရေကိုလည်း မြေပုံ၊ ရေတွက်တဲ့အကွက်အနေအထားအရ ထည့်တွက်ထားတာ ဖြစ်ကြောင်း ၀န်ကြီးဦးခင်ရီက ရှင်းလင်းပြောသွားခဲ့ပါတယ်။။ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
ဒီနှစ် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ဆယ်ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း ကောက်ယူခဲ့တဲ့ ရှေ့ပြေးလူဦးရေစာရင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီက အခုလို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
“မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ Census Night - လို့ခေါ်တဲ့ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ညမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံခြားသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေ ပါတဲ့စာရင်းသည် ရှေ့ပြေးလူဦးရေစာရင်း။ လက်နဲ့ပေါင်းထားတဲ့ လက်ပေါင်းဇယားကို စက်ထဲထည့်ပေါင်းပြီး တင်ပြထားတာ ဖြစ်ပါတယ်။ အဲဒီစာရင်းတွေအရ ကျနော်တို့ရဲ့ ရှေ့ပြေးလူဦးရေစာရင်းသည် စုစုပေါင်း တိုင်းပြည်မှာ မတ်လ ၂၉ ရက်နေ့ညမှာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိတဲ့ သူတွေထဲမှာ ၅၁.၄၁ သန်း ရှိတယ်။ အဲဒီအထဲမှာ ယောက်ကျားလေးက ၂၁.၈ သန်း၊ မိန်းကလေးက ၂၆.၅ သန်း။ မြန်မာနိုင်ငံထဲမှာ မိန်းကလေးဦးရေ ပိုများတယ်။”
၂၀၁၄ ခုနှစ်ရဲ့ ရှေ့ပြေးလူဦးရေစာရင်း။၂၀၁၄ ခုနှစ်ရဲ့ ရှေ့ပြေးလူဦးရေစာရင်း။
ဒေသအခြေအနေအရ အခက်အခဲအမျိုးမျိုးကြောင့် သန်းကောင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီးလည်း ဝန်ကြီးဦးခင်ရီက အခုလို ရှင်းလင်းခဲ့ပါတယ်။
“ရခိုင်ပြည်နယ်မှာဆိုရင် အောက်က Grass Root Level၊ အောက်ခြေမှာ ကျနော်တို့တွေ့တယ်။ အောက်ခြေမှာ ကျနော်တို့တွေ့တယ်၊ စည်းရုံးတယ်။ ဒီဥစ္စာ ခင်ဗျားတို့အတွက် ကောက်တဲ့ကိစ္စ- လက်ခံပေးဖို့၊ ပန်ကြားတယ်၊ တောင်းပန်တယ်၊ ညှိနှိုင်းတယ်။ အလားတူပဲ အလယ်အလတ်အဆင့် အရာရှိများ၊ ဒုတိယဝန်ကြီးများ ခေါင်းဆောင်ပြီးတော့ အဲဒီ ခရိုင်သုံးခုမှာရှိတဲ့ ဘာသာရေးဆိုင်ရာ အကြီးအကဲတွေ၊ ဒေသခံ ဘင်္ဂလီရွာတွေနဲ့ ကျနော်တို့ အုပ်စုတွေနဲ့ ညှိပါတယ်။ နောက် အဆင့်တဆင့်မှာလည်း ကျနော်တို့ Third party တွေခံပြီးတော့ ညှိနှိုင်းမှုတွေ လုပ်ပါတယ်။ သို့သော်လည်း Technical Delay ကာလရဲ့နောက်ဆုံးရက်ဖြစ်တဲ့ ဂျွန်လ ၁၄ ရက်နေ့ အထိ အဲဒီနေရာတွေမှာ ကျနော်တို့ ကောက်လို့ မရတဲ့ သဘောဖြစ်ပါတယ်။ အလားတူပါပဲ၊ ကချင်ပြည်နယ်မှာကျန်သေးတဲ့ ကျေးရွာအုပ်စု ၂၅ အုပ်စု၊ အဲဒီ ၂၅ အုပ်စုမှာလည်း ညှိနှိုင်းရေးမှာ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ကြိမ်ဖန်များစွာ ညှိပါတယ်။ စာတွေ ပေးပါတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်တွေကတဆင့် ကျနော်တို့ စာပေးပါတယ်၊ ပို့ပါတယ်။ သို့သော်လည်း ကချင်တိုင်းရင်းသားတွေဘက်ကတော့ ဒီတခါတော့ ပူးပေါင်းဆောင်ရွက်ဖို့ အနည်းငယ် ခက်ခဲနေပါတယ်။ နောက်တကြိမ်တော့ ပူးပေါင်းဆောင်ရွက်ပါရစေ-ဆိုတဲ့ ပြန်စာနဲ့ပဲ အဲဒီဘက်ကိုလည်း ကျနော်တို့ မလုပ်လိုက်နိုင်ပါဘူး။”
UNFPA ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဂျဲနက်၊ ဂျက်ဆင်ကလည်း မြန်မာ့ပြုပြင် ပြောင်းလဲရေးမှာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ တိုးတက်နိုင်ဖို့ လူဦးရေစာရင်းနဲ့ လူနေမှုဘဝအခြေအနေစစ်တမ်းတွေက အရေးကြီးတဲ့အကြောင်း အခုလို ပြောပါတယ်။
“ဒီလို သန်းကောင်စာရင်းကောက်ယူတာဟာ အကူအညီလိုအပ်နေတဲ့ လူထု ဖွံ့ဖြိုးမှုအတွက် လမ်းကြောင်း ဖွင့်ပေးတဲ့သဘောဖြစ်ပါတယ်။ လတ်တလော ဖော်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဟာ စီးပွားရေး၊ ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေလည်း ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း သာယာဝပြောရေးအတွက် ဖွံ့ဖြိုးရေးဟာ အခရာကျပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုတွေ လုပ်ပေးနိုင်ဖို့ သူတို့တတွေ ဘယ်မှာ ရှိကြတယ်၊ ဘယ်လို အသက်မွေး ဝမ်းကျောင်းတွေ လုပ်ကြတယ်၊ ပညာရေး၊ ကျန်းမာရေး အခြေအနေက ဘယ်လိုလဲဆိုတာကို စစ်တမ်းတွေ ကောက်ယူဖို့ လိုပါတယ်” လို့ ပြောသွားခဲ့တာပါ။
ဒီကနေ့ ထုတ်ပြန်တဲ့လူဦးရေစာရင်းထဲမှာ မြန်မာသံရုံးဝန်ထမ်းတွေကလွဲလို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ထည့်သွင်း ရေတွက် ထားခြင်း မရှိသေးပါဘူး။ သန်းကောင်စာရင်းကောက်ယူတုန်းက မေးမြန်းခဲ့တဲ့ လူမှု စီးပွား စစ်တမ်းမေးခွန်း (၄၀) ပါ အချက်အလက် စုစည်းချက်တွေကိုတော့ ၂၀၁၅ မေလမှာ ထုတ်ပြန်နိုင်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်းလည်း ဝန်ကြီးဦးခင်ရီက ပြောဆိုခဲ့ပါတယ်။
တခြားနိုင်ငံသားခံယူထားတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေ ပြုပြင်ပြောင်းလဲရေးမှာ ပူးပေါင်းပါဝင်ကြဖို့ မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလက်ရှိ မြန်မာပြည်သားအဖြစ် ပြန်လည် လက်ခံနေတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဝန်ကြီးဦးခင်ရီက အခုလို ရှင်းလင်း ပြောဆိုသွားပါတယ်။
“နိုင်ငံသားပြန်ဖြစ်ဖို့က အပေါက်ကလေး တစ်ပေါက်ပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ၈၁ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ (၈) က-ကြီးမှာ ‘နိုင်ငံတော်အကျိုးငှာ’…ဆိုတဲ့ အချက်ပေါ်မူတည်ပြီးတော့ နိုင်ငံတော်သမ္မတကြီးကဖြင့် - ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတော်အကျိုးအတွက် ငါတို့ လက်ခံကြစို့၊ အမျိုးသား ရင်ကြားစေ့ရေး အစီအမံအရ ပြန်ပြီး လက်ခံကြစို့-ဆိုတဲ့မူအရ ပြန်ပြီးတော့ ခေါ်တဲ့၊ လက်ခံတဲ့လူကိုသာလျှင် ကျနော်တို့ ပြန် စဉ်းစားလို့ရပါတယ်။ အဲဒီတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲလိုပုဂ္ဂိုလ်မျိုးကို နှစ်နိုင်ငံသားခံခွင့်မရှိဘူးဆိုတဲ့ ဥပဒေအရ ဟိုနိုင်ငံသားစွန့်လွှတ်တဲ့ကိစ္စတွေ၊ ဒီကို ပြန်ပို့တဲ့ကိစ္စတွေ ကျနော်တို့က တာဝန်ယူပြီးလုပ်ပါတယ်။
“ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ပြန်လာတဲ့ပုဂ္ဂိုလ်တွေမှာ ရာဇဝတ်ကြောင်းအရ အရေးယူဖို့ လိုသလား၊ လူတွေတအားသတ်သွားတယ်၊ စသည်ဖြင့် တချို့ Criminal case တွေ ရှိတဲ့လူကလွဲလို့- ရှိရင်တော့ ရှိသလိုပေါ့။ အဲဒီလို စစ်ပြီးတော့ ကျနော်တို့က အခုနကပြောတဲ့ ပုဒ်မ (၈) အရ နိုင်ငံတော်သမ္မတကြီးက လက်ခံပြီဆိုရင် ဟိုနိုင်ငံသားကိုစွန့်၊ ဒီနိုင်ငံသားပြန်လျှောက်၊ ဒီနိုင်ငံမှာ ချမှတ်ထားတဲ့ တည်ဆဲ ဥပဒေတွေကို လိုက်နာမယ်ဆိုတဲ့အကြောင်းကို ကျမ်းသစ္စာကျိန်ဆိုပြီးရင် ဒီနိုင်ငံသားအဖြစ် ပြန်ပေးပါတယ်။ အဲဒီတော့ တရားဝင် လျှောက်ထားတာ ၁၆၈ ယောက် ရှိပါတယ်။ သမ္မတကြီးဆီက ခွင့်ပြုတာ ၆၈ ယောက်ရှိပါတယ်။ ကျန်တဲ့လူတွေက စိစစ်ဆဲဖြစ်ပါတယ်။”
အခု မြန်မာနိုင်ငံမှာကောက်ယူခဲ့တဲ့ နည်းစနစ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ပညာပေးအစီအစဉ်တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ကျွမ်းကျင်အကဲခတ်တွေက နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လေ့လာ ဆန်းစစ်ခဲ့ကြတယ်လို့ UNFPA ရဲ့ ဒီကနေ့ ကြေညာချက်မှာလည်း ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ် သန်းကောင်စာရင်း ကောက်ယူရေး အတွက် မြန်မာအစိုးရက အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကို သုံးစွဲခဲ့ပြီး UNFPA ရဲ့ကြီးကြပ်မှုနဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ရန်ပုံငွေတွေနဲ့လည်း ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။ ရှေ့ပြေးလူဦးရေစာရင်းအရ လူဦးရေအများဆုံးဟာ ရန်ကုန်တိုင်း ဖြစ်ပြီးတော့ ဒုတိယလူဦးရေအများဆုံးက ဧရာဝတီတိုင်းနဲ့ တတိယလူဦးရေအများဆုံးကတော့ မန္တလေးတိုင်းဖြစ်ပြီး လူဦးရေ အနည်းဆုံးကတော့ ကယားပြည်နယ်ဖြစ်တယ်လို့ သန်းကောင်စာရင်းမှာ ဖော်ပြထားပါတယ်။
ဒေါ်ခင်စိုးဝင်း VOA

မော်ဒယ် သရုပ်ဆောင် အေးချမ်းမြတ်မိုးရဲ့ ဈာပန မြင်ကွင်း

မ်ာဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုး  ဈာပနကို တနင်္ဂနွေနေ့က  ရန်ကုန်မြို့  ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ 



 ဓာတ်ပုံများ - ဂျေပိုင်/ ဧရာဝတီ


သြဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခွဲ ခန့်မှာ မော်ဒယ်လ် အေးချမ်းမြတ်မိုးက ဦးဝိစာရ အိမ်ရာမှာရှိတဲ့ သူမနေထိုင်ရာ တိုက်ခန်း တတိယထပ်ကို တဦးတည်း ပြန်လာစဉ် အေးချမ်းမြတ်မိုးကို တဖက်သတ် ချစ်ကြိုက်နေခဲ့တဲ့ ကိုအံ့ဖြိုးပိုင် ဆိုသူက ဒုတိယထပ်လှေကားမှာကြိုတင်စောင့်ဆိုင်းပြီး မအေးချမ်းမြတ်မိုးရဲ့ လည်ပင်းကို ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

လည်ပင်းကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ တရားခံ အံ့ဖြိုးပိုင်ကိုတော့ ဦးဝီစာရ အိမ်ရာဝန်းထဲမှာ နေထိုင် သူတွေက ၀ိုင်းဖမ်းဆီးပြီး ရဲစခန်းအပ်နှံလိုက်ပြီး ဒဂုံမြို့မ ရဲစခန်းမှာ ပ/၁၈၄/၁၄/ ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲစခန်းမှူးကလည်း ပြောထားပါတယ်။ 

မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုး ဓားထိုးအသတ်ခံရတဲ့ သတင်းကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ 





အိမ့်သံစဉ် ~ ဧရာဝတီ

ရိုမေးနီးယား ရုပ်ရှင်ပွဲတော်မှာ မြန်မာဇာတ်ကား အထူးဆုရရှိ

 
မြန်မာလူငယ်ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk (ရဟန်း) ဆိုတဲ့ ဇာတ်လမ်းရုပ်ရှင်ဟာ ရိုမေးနီးယားနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ အထူးဆု ဆွတ်ခူးသွားပါတယ်။

ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက် anonimul International Independence Film Festival အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ Premiere Special အထူးဆု ရရှိတာပါ။

မြန်မာ့ကျေးလက်က ကိုရင်ငယ်ဘ၀ကနေ အရွယ်ရောက်လာတဲ့ ရဟန်းတစ်ပါးကို ဇာတ်အိမ်တည်ထားတဲ့ အဲဒီဇာတ်ကားဟာ ပြသချိန် ၉၄ မိနစ်ရှိပြီး တောင်ကိုရီးယားနိုင်ငံမှာ ဒီနှစ် အောက်တိုဘာ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အထိကျင်းပမယ့် ၁၉ ကြိမ်မြောက် ဘူဆန်းရုပ်ရှင်ပွဲတော်မှာ ပြသဖို့လည်း ရွေးချယ်ခံထားရပါတယ်။

A Window on Asian Cinema အာရှရုပ်ရှင်ပြတင်းဆိုတဲ့ အစီအစဉ်မှာ ပြသမှာဖြစ်ပြီး ဒီကဏ္ဍဟာ အရည်အချင်းရှိ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ရုပ်ရှင်ကားသစ်တွေကို အဓိကရွေးချယ်ပြသတာ ဖြစ်ပါတယ်။

RFA Burmese

ရန်ကုန်လူဦးရေ အများဆုံး၊ အနည်းဆုံး ကယားပြည်နယ် – လ၀ကညွှန်မှူး ဒေါက်တာခိုင်ခိုင်စိုး

ပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုး

မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ဒီထဲ ရန်ကုန်တိုင်းက လူဦးရေ ၇ သန်းကျော်နဲ့ လူဦးရေ အများဆုံးနေထိုင်နေကြပြီး ကယားပြည်နယ်က လူဦးရေ ၂ သိန်းကျော်နဲ့ လူဦးရေ အနည်းဆုံးနေထိုင်ကြတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
ထိုင်းတို့ မလေးရှားတို့လို နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား လူဦးရေစာရင်းကိုတော့ ၂၀၁၅ ခုနှစ် မေလကျမှ ထုတ်ပြန်ပေးနိုင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အရင် အစိုးရက မြန်မာပြည်လူဦးရေ သန်း ၆၀ လို့ သုံးနှုန်းပြောဆိုခဲ့တာဟာ မွေးစာရင်း သေစာရင်းတို့ကိုကြည့်ပြီး ခန့်မှန်းသုံးနှုန်း ပြောကြားခဲ့တာလို့လည်း သူက ပြောပါတယ်။

ဒေါက်တာခိုင်ခိုင်စိုးကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။



By ရွှေအောင် (ဒီဗွီဘီ)

ကျွန်းစုမြို့နယ် ရဲစခန်းဝင်းအတွင်း လက်နက်တိုက် ဖောက်ထွင်းမှုဖြစ်ပွား


မြိတ်၊ သြဂုတ် ၂၉

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာရှိ ရဲစခန်းဝင်းအတွင်းတွင်
သြဂုတ်လ ၂၇ ရက်နေ့က လက်နက်တိုက်ဖောက်ထွင်းမှုဖြစ်ပွားခဲ့သည်ဟု
ယင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းဗိုလ်နှင့် ရွာသားအချို့ထံမှ သိရသည်။
ည ၉နာရီခွဲအချိန်ခန့်တွင် ယင်းရွာနေ အသက်(၃၀)နှစ်ခန့် ရှိသူ
ဦးဇော်မျိုးဟန် ဆိုသူမှ ရဲစခန်းဝင်းအတွင်းရှိ လက်နက်တိုက်မှ
ရိုင်ဖယ်တစ်လက်နှင့်အတူ ပြန်အထွက်တွင် တာဝန်ကျရဲသားများမှ အချိန်မှီ
ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်ဟု  ဦးထွန်းဗိုလ်က ပြောသည်။
“ပြစ်မှုကျူးလွန်ခဲ့သူက အရင်က ရွာမှာ မူခင်းဖြစ်ပွားမှုမရှိပေမယ့်
ဆိုးသွင်းလူငယ်စာရင်းထဲမှာပါတယ်”ဟု ဦးထွန်းဗိုလ်က ပြောသည်။
ယင်းကဲ့သို့ လက်နက်တိုက်ကို မည်သည့်အတွက်ကြောင့် ဖောက်ထွင်းခဲ့မှုကို
အကျိုးအကြောင်း မသိရှိရသေးသော်လည်း ၎င်းမှာ ယခင် အုပ်ချုပ်ရေးမှူးဟောင်း၏
သားတစ်ဦးဖြစ်သည်ဟု ရွာသားတစ်ချို့က ပြောသည်။ပြစ်မှုကျူးလွန်ခဲ့သူ ဦးဇော်မျိုးဟန်ကို တရားဥပဒေအရ
အရေးယူဆောင်ရွက်ရန်အတွက် သြဂုတ်လ ၂၈ ရက်နေ့က ကျွန်းစုမြို့နယ်ရှိ
ရဲအချုပ်သို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟု ဦးထွန်းဗိုလ်က ပြောပြသည်။
အဆိုပါ လက်နက်တိုက်ဖောက်ထွင်းခံရမှုနှင့် ပတ်သက်ပြီး အကျိုးအကြောင်းကို
ကံမော်ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ
ပြန်လည်ဖြေကြားပေးမယ့်သူ အပြင်ခဏသွားနေသည်ဟုသာ ပြောဆိုခဲ့သဖြင့်
ဒုတိယအကြိမ် ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာ စက်ပိတ်ထားသဖြင့်ဖြစ်စဉ်အသေးစိတ်ကို မရရှိသေးချေ။
 |Dawei Watch|

သထုံတွင် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရန် ကရင်ပြည်သူ့ပါတီ ရုံးခန်းဖွင့်

Displaying IMG_2550.JPG

သထုံ၊ သြဂုတ် ၃၀

မွန်ပြည်နယ် ၊သထုံခရိုင်အတွင်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ရန်အတွက် ကရင်ပြည်သူ့ပါတီ (K.P.P) က သထုံမြို့
မင်းလမ်းမကြီး၌  သြဂုတ်လ ၃၀ရက်နေ့တွင် ပါတီရုံးခန်း
ဖွင့်ပွဲကျင်းပခဲ့သည်။

၎င်းဖွင့်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်းကြီး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား
စည်းလုံးညီညွန်ရေးပါတီနှင့် အခြားတိုင်းရင်းသားပါတီများရှိ
ကရင်တိုင်းရင်းသား ၅၀ ကျော်တက်ရောက်ကြပြီး သထုံရှိ
ကရင်တိုင်းရင်းသားများအတွင် ၎င်းပါတီမှ ဦးဆောင်သွားမည်ဖြစ်ကြောင်း
ပါတီရုံးခန်းဖွင့်ပွဲတွင် တာဝင်ရှိသူများက ပြောကြားသည်။

“ ကြာဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်မယ်ဆိုတာ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို
ကျွန်တော်တို့ ၀င်ရောက်ပြိုင်မယ်။ ကျွန်တော်တို့ဆီက ကရင်တိုင်းရင်းသားတွေ
ကိုယ့်အား ကိုယ့်အင်နဲ့ ၀င်ပြိုင်တော့ တကယ် ပါဝင်နိုင်တဲ့သူကို
ကျွန်တော်တို့ အနေနဲ့ ဖိတ်ခေါ်မယ်’’ ဟုကရင်ပြည်သူ့ပါတီ ဥက္ကဌ
စောထွန်းအောင်မြင့်ကပြောသည်။

ကရင်ပြည်သူ့ပါတီသည် ကရင်တိုင်းရင်းသားများအတွက်သာမက ၄င်းနာမည်တွင်
ပြည်သူ့ပါနေခြင်းကြောင့် ကျန်ရှိသည့် အခြားတိုင်းရင်းးသား အားလုံး
ပါဝင်နိုင်ကြောင်း ပါတီရုံးများသည် ရန်ကုန်၊တနင်္သာရီနှင့်
ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း ရှိကြောင်း ၎င်းကပြောသည်။

သထုံခရိုင်အတွင်း ယခုအချိန်တွင်စတင်လုပ်ဆောင်နေပြီး မွန်ပြည်နယ်
ကျိုက်ထိုမြို့နှင့် သထုံမြို့တို့တွင်
ကရင်တိုင်းရင်းသားအများအပြားရှိခြင်းကြောင့် သထုံခရိုင်တွင် ပါတီအနေဖြင့်
သထုံတွင် ကြာဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန်
ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

သထုံမြို့နယ် ကြာဖြတ်ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန်အတွက်
ပါတီမှရွေးချယ်ထားသောအမတ်လောင်း  စောမောင်မောင်သိန်းက “ လာမယ့်
ကြာဖြတ်ရွေးကောက်ပွဲကတော့ မြို့နယ်မှာရှိတဲ့ ရပ်မိရပ်ဖက တင်မြောက်ထားလို့
ဦးလဲ ဆန္ဒရှိလို့ ဒီပါတီမှာ ရွေးချယ်ခံရပြီး ဒီကြားဖြတ်မှာ
ဝင်ပြိုင်မှာပါ’’ ဟုပြောသည်။

ကရင်ပြည်သူ့ပါတီ ဖြစ်လာရခြင်းမှာလဲ ထိုင်းနိုင်ငံ အခြေစိုက်
ဒုက္ခသည်ခစန်းတွင် ရောက်ရှိနေသည့် ကရင်တိုင်းရင်းသားများ အတွက် ကူညီမှု
ပြုလုပ်ပေးသွားရန် ရည်ရွယ်ချက်ဖြင့် ပါတီကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း
ပါတီဥက္ကဌကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် သထုံခရိုင်တွင် ကွယ်လွန်သွားသည့်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် လစ်လပ်နေပြီ ပါတီခြောက်ခု
ဝင်ရောက်ယှဉ်ရန်အတွက် ပြင်ဆင်နေကြကြောင်း သက်ဆိုင်ရာ ပါတီများမှသိရသည်။
|Dawei Watch|

ကျပ်သိန်း ၁၀၀၀နှင့် အထက် ငွေသွင်းငွေလွှဲပြုလုပ်မှုအား ကြိုတင် သတင်းမပို့ပါက ထောင်ဒဏ် ၇ နှစ် အထိ ကျခံရမည်

 
ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေအရ အစိုးရ၊ ကုမ္ပဏီနှင့် ပုဂ္ဂ လိကဘဏ်များ၌ ကျပ်သိန်း တစ်ထောင်အထက် ငွေသွင်း၊ ငွေလွှဲပြု လုပ်မှုအား ၀န်ထမ်းများ သက်ဆိုင်ရာ အရာရှိများထံ ကြိုတင် သတင်းပို့ ခြင်းမရှိပါက ထောင်ဒဏ် ၇ နှစ်အ ထိ ကျခံရမည်ဖြစ်ကြောင်း ငွေကြေး ဆိုင်ရာ စုံစမ်းဆောင်ရွက်ရေးတပ်ဖွဲ့ မှူး၊ ဒုတိယရဲမှူးကြီး ကျော်ဝင်းသိန်း က ပြောသည်။

အလွန်အရေးကြီးသော သတင်း များအား ပေးပို့ရန် ပျက်ကွက်ပါက ထောင်ဒဏ်အပြင် ငွေ ဒဏ်ကျပ်သန်း ၅၀၀ အထိ ချမှတ်သွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးသာမက အဖွဲ့အစည်း၊ အစိုးရ၊ ကုမ္ပဏီ၊ ပုဂ္ဂလိက၀န်ထမ်း များကိုလည်း ငွေကြေးခ၀ါချမှုအ တွက် လာဘ်ယူခြင်း၊ ပူးပေါင်း ပါဝင် ခြင်း၊ ဖုံးကွယ်ပေးခြင်း၊ အချက်အလက်များ လဲလှယ်ပေးခြင်းဖြင့် ထိမ်ချန်ထား ပါက ထောင်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းင်းကပြော သည်။

“ငွေကြေး ခ၀ါချမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်မှာ နိုင်ငံတော်ရဲ့ ငွေကြေး ဖောင်းပွမှု၊ နိုင်ငံ မတည်ငြိမ်မှု၊ စီးပွားရေး ယိုင်နဲ့မှုအပြင် လူမှုရေးပြဿနာများလည်း ဖြစ်လာ နိုင်ပါတယ်။ ဒါကြောင့် သတင်းပို့ဖို့ တာဝန်နဲ့ ကြိုတင်ကာကွယ်ရေးအ ပိုင်းကို စတင်ဆောင်ရွက်ရမယ်။ ဒါ ကြောင့် သက်မှတ်ငွေကြေး ပမာဏ ထက်ကျော်လွန်ပြီး ငွေပို့ငွေလွှဲလုပ် တာတွေ့ရင် သတင်းပို့ပေး ရမယ်။ မပို့ရင်တော့ ထောင်ဒဏ် ၃နှစ်မှ ၇ နှစ်အထိ ချမှတ်သွားမယ်”ဟု ဒုရဲမှူးကျော်ဝင်းသိန်း က ဆိုသည်။

ထို့ပြင် ၀န်ထမ်းများအနေဖြင့် လည်း သတ်မှတ်ထားသော ငွေကြေး ပမာဏထက် ပိုသော ငွေအား ပြည် တွင်းပြည်ပသို့ လွှဲပြောင်းပေးပို့ခြင်း တွင် သံသယရှိသူများ တွေ့ရှိပါက ကြိုတင် သတင်းပေးပို့ရမည်ဖြစ် ကြောင်း၊ အဆိုပါငွေကြေးပမာဏ မှာ မြန်မာနိုင်ငံတွင်း ကျပ်သိန်း တစ်ထောင်ဖြစ်ပြီး ပြည်ပမှ လွှဲပြောင်းငွေ ပမာဏ ဒေါ်လာနှစ်သောင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။

၎င်းငွေကြေး ခ၀ါချမှုများတွင် တ ရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ ၏ အရေးယူခံရခြင်း မှ ရှောင်ရှားနိုင်ရန်၊ ငွေရေးကြေးရေးစနစ်အတွင်း သို့ ရောက်ရှိစေရန်၊ လွယ်ကူစွာ သယ်ဆောင်နိုင်ရန်၊ ဘဏ်နှင့် ငွေရေး ကြေးရေးအဖွဲ့အစည်းများမှ မရိပ်မိ စေရန်၊ အလွယ်တကူ သိမ်းဆည်းခံရ ခြင်း မရှိစေရန်အတွက် ဇိမ်ခံပစ္စည်း များ၊ အဖိုးတန်ပစ္စည်းများ ၀ယ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်၊ အာမခံ လက်မှတ် ကဲ့သို့သော ပစ္စည်းများ ၀ယ်ယူခြင်းတို့ ပါဝင်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေကို အစိုးရက ယခုနှစ်အတွင်း ထုတ်ပြန် ထားပြီး ဖြစ်သည်။

ရာစုသစ်

The Ladies News Journal

ရခိုင်အစိုးရအဖွဲ့ဝန်ကြီး(၅)ဦး ရာထူးအပြောင်အလဲ နောက်ကွယ်မှ အကြောင်းအရာများ လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ဖေါ်ပြောကြား

 
များမကြာမီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီး (၅) ဦး၏ ရာထူးတာဝန် အပြောင်းအလဲနှင့် ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရာများကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ဖေါ်ပြောကြားသည်။

မြေပုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ်ဝန်ကြီး (၅) ဦးအား ကျွမ်းကျင်ရာဌာန အသီးသီးသို့ ပြောင်းလဲခန့်ထားပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး (၅)ဦးကို ဌာနပြောင်းလဲ ခန့်အပ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ မနေ့က ကျင်းပခဲ့တဲ့ ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ သမ္မတကြီးဆီးက  ပေးပို့တဲ့ စာကို ဖတ်ပြပါတယ်။ အဲဒီစာထဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းရဲ့  တင်ပြမူ အပေါ်မှာ မူတည်ပြီး နေရာပြောင်းလဲ ခန့်အပ်ကြောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သမ္မတဆီကနေ ထုတ်ပြန်တဲ့ စာမှာ ဝန်ကြီးအပြောင်းအလဲတွေ လုပ်ဖို့အတွက် ဝန်ကြီးချုပ်ကနေ သမ္မတဆီကို တင်ပြတဲ့စာ အပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲလိုက်တယ်ဆိုပြီးတော့ သမ္မတဦးသိန်းစိန်ရဲ့ စာထဲမှာပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့သို့  ပြောင်းလဲ ခန့်အပ်ရာတွင် ယခင် ရခိုင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကျော်မင်းအား လူမှုရေးဝန်ကြီးအဖြစ်လည်းကောင်း၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်သိန်းအား ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးကျော်ခင်အား သစ်တောနှင့် သတ္တုဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်အား ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးမောင်စံရွှေအား စည်ပင်သာယာရေးဝန်ကြီးအဖြစ် လည်းကောင်း အသီသီး ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

သြဂုတ်လ(၁၁)ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ထိရောက်မြန်ဆန်မှုမရှိဟုဆိုကာ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း ပေါက်တောမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ လုပ်ကိုင်တဲ့နေရာမှာ ထိရောက်မြန်ဆန်မှုမရှိတဲ့အတွက် ဒီဝန်ကြီးတွေကို ဖိအားပေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် (၁၆)ယောက်က လက်မှတ်ထိုးပြီးတင်ပြခဲ့ကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒီကိစ္စ(ဝန်ကြီးအပြောင်းအလဲ)ဖြစ်လာတယ်လို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

လုပ်ငန်းများအား အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီး(၅)ဦးအား ဌာနအပြောင်းအလဲ လုပ်ခဲ့သော်လည်း ဝန်ကြီးများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စနစ်တကျ မကိုင်တွယ်ပါက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှာ နဂိုအတိုင်းသာ ရှိမည်ဖြစ်ကြောင်း ဦးတက်ထွန်းအောင်က သုံးသပ် ပြောဆိုသည်။

“တစ်ခုရှိတာက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ဌာနဆိုင်ရာတွေကို ကိုင်တွယ်လို့ မရဘူးဖြစ်နေတယ်။ ရခိုင်ပြည်နယ်အစိုးရနဲ့ ဝန်ကြီးဌာနတွေဟာ ဌာနဆိုင်ရာတွေကို ထိန်းချုပ်နိုင်မှသာလျှင် အောင်မြင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ယူဆပါတယ်။ ကောင်းမလား ဆိုးမလားဆိုတာကတော့ ဌာနဆိုင်ရာတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ နဂိုအတိုင်းပဲ ဖြစ်မှာပေါ့” ဟု ၎င်းက ပြောသည်။

မြေပုံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကလည်း ယခုလိုဆက်ပြောသည်။

”အရင်တစ်ခေါက်လည်း အပြောင်းအလဲဖြစ်ပြီးပြီလေ။ ဆိုလိုတာက အခုအခြေအနေက ခုပြောင်းလိုက်တော့ အခြေအနေတိုးတက်သွားမလားဆိုတာက သိပ်တော့ အပြောင်းအလဲဖြစ်လာမယ်လို့ ကျွန်တော်မထင်ဘူး။ ဒါပေမယ့် စောင့်တော့ ကြည့်ရဦးမှာပေါ့ဗျာ” ဟု ပြောသည်။

လွှတ်တော်သက်တမ်း(၅)နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများအား အပြောင်းအလဲ(၂)နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုနေရာပြောင်းလဲခန့်အပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်လွှတ်တော်တွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုများနှင့် ပတ်သက်ကာ အငြင်းပွားမှုတစ်ချို့ပေါ်ပေါက်ခဲ့ပြီး၊ ယခု ဝန်ကြီးများအား နေရာပြောင်းလဲခန့်အပ်ခြင်းမှာ ဘက်ဂျက်ငွေကိစ္စနှင့် သက်ဆိုင်နိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

(နိရဉ္စရာ-၃၀ သြဂုတ် ၂၀၁၄) / လင်းမြတ်

ပအိုးဝ်နဲ့ SSA တပ်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွား

ပအိုးဝ်လွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တို့အကြား ထိမ်းချုပ်နယ်မြေသတ်မှတ်တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားလို့ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေအနေရောက်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောကြပါတယ်။

ရှမ်းပြည်တောင်ပိုင်း မောက်မော်မြို့နယ် ကဒူးကြီးဒေသမှာ အစိုးရနဲ့ငြိမ်းချမ်းရေးရယူထားတဲ့ PNLA အဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာ RCSS/SSA က သြဂုတ်လ ၈ရက်နေ့ နောက်ဆုံးထားပြီး အဲဒီဒေသတွင်းကထွက်ခွာဖို့ စာပို့ခဲ့တယ်လို့ ပအိုးဝ်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဆက်လက်ပြီး သြဂုတ်လ ၁၅ရက်နေ့မှာ စာထပ်ပေးပို့ခဲ့ပြီး သြဂုတ်လ ၂၁ရက်နေ့မှာ (PNLA) တပ်သား ၃ဦးကို ဖမ်းစီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ခွန်မြင့်ထွန်းက…

"RCSS က ကျနော်တို့ကို ကျနော်တို့ကဒီအစိုးရနဲ့ သဘောတူထားတဲ့ ဖွံ့ဖြိုးရေးတွေလုပ်တာ သူ့ထိမ်းချုပ်နယ်မြေဆိုပြီး တိုက်မလို့ဘာညာဖြစ်နေတာ၊ ကျနော်တို့ကလည်း ပြန်တိုက်ရမယ်ဖြစ်နေအဲ့လိုတွေ ကျနော်တို့ တပ်ဖွဲ့ဝင် ၃ ယောက်ကိုသူတို့ ဖမ်းထားတယ်၊ ၂၁ ရက်နေ့ထဲက ဖမ်းထားတာ"

ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ UNFC ညီလာခံမှာရောက်ရှိနေတဲ့ SSA တောင်ပိုင်းက တာဝန်ခံအရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစိုင်းငင်းက ခုလိုပြောပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျနော်တို့ ဘာမှမှတ်ချက်မပေးလိုသေးပါဘူး၊ အခုထိ ကျနော်တို့ညှိနေတဲ့ အခြေအနေပဲရှိပါသေးတယ်၊ နောက်ပြီးတော့ ဒီနယ်မြေကအရင်တုန်းကလည်း ကျနော်တို့နေတဲ့ နယ်မြေတွေပါ၊ အစိုးရကလည်း ဒါသူတို့ကိုပေးတယ်ဆိုတာလည်း ကျနော်တို့ကိုလည်း ဘာမှတိုင်ပင်တာမရှိပါဘူး၊ ကျနော်တို့နှစ်ဖက် ညှိနေကြတယ်"

ဒီပြဿနာနဲ့ပတ်သက်ပြီး UNFC ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကိုတင်ပြပြီး ကြားဝင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့ ပအိုးဝ်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းကလည်းပြောပါတယ်။

RFA Burmese

မြန်မာပြည် လူဦးရေ ၉ သန်း ဘယ်ရောက်နေသလဲ

သန်းခေါင်စာရင်းကော်မရှင်က မြန်မာပြည်လူဦးရေ စာရင်းကို သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါပြီ။



  • မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တနေရာ (ဓာတ်ပုံ - တေဇလှိုင်/ ဧရာဝတီ)

မြန်မာပြည်မှာ လူဦးရေ ၅၁ သန်း ရှိပါတယ် တဲ့။

အဲဒီ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ရခြင်းက အစိုးရရဲ့ စီမံကိန်း၊ မူဝါဒချမှတ်မှု နဲ့
ဌာနဆိုင်ရာလိုအပ်ချက်များ  အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်း ဆိုတာဟာလည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ကိုင်ရခြင်းပါပဲ တဲ့။

လူဦးရေ အတိအကျကတော့ ၅၁,၄၁၉,၄၂၀ ဖြစ်ပါတယ်။
ဒါဟာ မတ်လ ၂၉ ရက်နေ့ မြန်မာပြည်မှာ ရှိတဲ့လူဦးရေစာရင်း လို့ ဆိုတယ်။ ပြည်ပရောက် သံရုံးဝန်ထမ်းတွေ အဲဒီထဲ ပါပါတယ် တဲ့။

ထိုင်း၊ မလေး၊ စင်္ကာပူ၊ ဂျပန် စသဖြင့်သော နိုင်ငံတို့ကို သွားရောက်လုပ်ကိုင်နေသူတွေရဲ့ အရေအတွက် မပါဘူးဆိုတဲ့ သဘောပေါ့။

လူဦးရေ သန်း ၆၀ ရှိမယ်လို့ အများစုက ခန့်မှန်း ပြောဆိုခဲ့ကြတဲ့အတွက် ပြည်ပထွက် အလုပ်လုပ်သူ အရေအတွက်က ၉ သန်း ရှိနေမလားလို့လည်း တွေးစရာ ဖြစ်လာပါပြီ။

မြန်မာပြည် လူဦးရေ ၉ သန်း ဘယ်ရောက်နေသလဲ ဆိုတဲ့ မေးခွန်းကို ဒီကြေညာချက်ဖတ်ပြီး မေးမိကြမယ် ထင်ပါတယ်။

ဒုက္ခသည်စခန်း၊ ကချင်ပြည်နယ် ဒေသတချို့၊ ရခိုင်ပြည်နယ် ဒေသတချို့မှာ စာရင်း မကောက်ခဲ့ဘူး ဆိုတော့ အဲဒီနေရာတွေမှာ လူဦးရေ ၉ သန်း ရှိနိုင်မလလား။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒီနေ့ ထပ်သိရပါမယ်။
ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်း နဲ့ ပတ်သက်တဲ့ ထပ်ဆင့်ရှင်းလင်းပွဲကို ဒီကနေ့ သြဂုတ် ၃၀ ရက်နေ့ ရန်ကုန်မှာ လုပ်မယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားလို့ပါ။

မီဒီယာကို ရှင်းမှာလား၊ အဖွဲ့အစည်းတွေကို ခေါ်ရှင်းမှာလား ဆိုတာကတော့ ထုတ်ပြန်ချက်ထဲ ထည့်ရေးမထားပါ။

ကြေးမုံသတင်းစာ နောက်ကျောဖုံးပါ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


၂၀၁၄ခုနှစ် မတ်လ ၂၉ ရက် ညသန်းခေါင်အချိန်၌ရှိနေကြသော 
မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁၄၁၉၄၂၀  ဦး ဖြစ်ကြောင်း ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်

ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ရှေ့ပြေးလူဦးရေစာရင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်
(၂၉-၈-၂၀၁၄)


၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းဟူ၍ အဆင့် (၄)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ ဒုတိယအဆင့်ဖြစ်သော မြေပြင်ကွင်းဆင်းသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းပြီးစီးပြီဖြစ်၍ တတိယအဆင့်ဖြစ်သော စာရင်းဇယားပြုစုခြင်း(Data Processing)လုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

တတိယအဆင့်ဖြစ်သော စာရင်းဇယားပြုစုခြင်း လုပ်ငန်းစဉ်တွင် နိုင်ငံတစ်ဝန်းစာရင်းကောက်ကွက်အသီးသီးမှ ပြန်လည်စုစည်းရရှိပြီးသော အိမ်ထောင်စုတစ်စုခြင်းစီ၏ မေးခွန်းပုံစံအချက်အလက်ကိန်းဂဏန်းများအား အသေးစိတ်စစ်ဆေးခြင်း၊ ပုံရိပ်ဖတ်စက်တွင် အသင့်အသုံးပြုနိုင်ရန်ပြင်ဆင်ခြင်း၊ ကွန်ပျူတာစနစ်အတွင်း မှတ်တမ်းတင်ခြင်း၊ ပုံရိပ်ဖတ်ခြင်းနှင့်အမှားပြင်ဆင်ခြင်း စသည့်လုပ်ငန်းအဆင့်ဆင့်အား အချိန်ယူ ဆောင်ရွက်ရသည်ဖြစ်၍ ပင်မသန်းခေါင်စာရင်းအချက်အလက်များအား ၂၀၁၅ ခုနှစ် မေလခန့်တွင် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

ပင်မသန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ မထုတ်ပြန်မီ နိုင်ငံတော်၏ စီမံကိန်းများနှင့် မူဝါဒများချမှတ်ရာတွင်လည်းကောင်း၊ ဌာနဆိုင်ရာများ၏ လိုအပ်ချက်အားလည်းကောင်း၊ အထိုက်အလျောက်အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ရှေ့ပြေးလူဦးရေစာရင်းကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။

ရှေ့ပြေးလူဦးရေစာရင်းသည် စာရင်းကောက်များမှ မြေပြင်ကောက်ယူဖြည့်သွင်းထားသော နိုင်ငံတစ်ဝန်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ကောက်ကွက်အလိုက် အိမ်ထောင်စုလူဦးရေ၊ ကျား၊ မ အရေအတွက် စသည်တို့ကိုဖော်ပြထားသော ကောက်ကွက်တစ်ခုချင်းစီ၏ စာရင်းချုပ်မှ တွက်ချက်ထားခြင်းဖြစ်ပါသည်။

သို့ပါ၍ ကောက်ကွက်တစ်ခုချင်း၏ လက်ပေါင်းဇယားစာရင်းချုပ်မှကနဦးအဆင့်ရရှိထားသည့် ရှေ့ပြေးလူဦးရေစာရင်းအရ

 မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံအချိန်၌ရှိနေကြသော (ပြည်ပရှိ မြန်မာသံရုံးများမှ ဝန်ထမ်းများအပါအဝင်)မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၁၄၁၉၄၂၀) ဦး ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ရှေ့ပြေးလူဦးရေဆိုင်ရာ အသေးစိတ်အချက်အလက်များကို ၃၀-၈-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ထပ်ဆင့်ရှင်းလင်းသွားမည်ဖြစ်ပါသည်။


ဗဟိုသန်းခေါင်စာရင်းကော်မရှင်

ဧရာဝတီ blog

Thursday, August 28, 2014

အမေရိကန်သမ္မတ နေပြည်တော် အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်မည်

 
အမေရိကန်သမ္မတ Barack Obama ဟာ လာမယ့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ သမ္မတရဲ့ အာရှ ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ရေးရာ ဌာနက အမေရိကန် အကြီးတန်း အရာရှိ Robert Wang က ဒီကနေ့ပြောကြားပါတယ်။

သမ္မတအိုဘားမားဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ နိုဝင်ဘာလ ၁ဝ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ပြုလုပ်မယ့် APEC (ခေါ်) အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံကို တက်ရောက်ပြီးနောက်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် အရှေ့အာရှ ထိပ်သီး ညီလာခံကို တက်ရောက်မှာပါ။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၄ အထိ ကြာမြင့်မှာဖြစ်ပြီး အဲဒီနောက် နိုဝင်ဘာလ ၁၅ ရက်နေ့ သြစတြေးလျနိုင်ငံမှာ ပြုလုပ်မယ့် G-20 စက်မှုထိပ်သီးညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

ဒီအတောအတွင်း အစ္စရေးနိုင်ငံရဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမယ်လို့ သိရပါတယ်။

ဒါဟာ ၁၉၇၉ ခုနှစ်က အစ္စရေးနိုင်ငံခြားရေးဝန်ကြီး မိုရှီဒါယန်း မြန်မာနိုင်ငံကို လာရောက်ပြီးနောက် ၃၅ နှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။

အစ္စရေး လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာရှိစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

RFA Burmese

အာရှပစိဖိတ်အလှမယ် မေမြတ်နိုး သရဖူ အသိမ်းခံရ

 
မကြာသေးခင်ကမှ ၂၀၁၄ ခုနှစ် အာရှပစိဖိတ်အလှမယ်ဆုကို ရရှိခဲ့တဲ့ မြန်မာအလှမယ် မေမြတ်နိုးရဲ့ သရဖူကို ပြန်လည်ရုပ်သိမ်းကြောင်း Miss Asia Pacific World က ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Miss Asia Pacific World က ထုတ်တဲ့ ကြေညာ ချက်မှာ မေမြတ်နိုးဟာ သူ့ကို အောင်ပွဲ ဆီ ဆောင်ကျဉ်းခဲတဲ့ သူရဲ့မိခင်အဖွဲ့ အစည်းနဲ့ နေရှင်နယ် ဒါရိုက်တာ၊ မန်နေဂျာ၊ မီဒီယာနဲ့ ပရိ သတ်တွေကို လိမ်လည်ပြီး မလေးမစားလုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင်  သူမမိခင်ရဲ့ တောင်ကိုရီးယားနိုင်ငံကို လိုက်ပါဖို့ တရားမဝင် ၃ လ ဗီဇာ ပြုလုပ်မှုတွေကြောင့် Miss Asia Pacific World 2014 အဖြစ် တာဝန်ထမ်းဆောင်ဖို့ မထိုက်တန်ဘူးလို့ သတ်မှတ်လိုက်တာကြောင့် Miss Asia Pacific World 2014 အဖြစ်ကနေ ရပ်စဲပြီး ရရှိထားတဲ့ သရဖူကို ပြန်သိမ်းလိုက်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီကြေညာချက်ထုတ်ပြန်ချိန်မှာ မေမြတ်နိုးဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခိုက် ဖြစ်ပြီး မြန်မာပြည်ပြန်ရောက်တဲ့အခါ သရဖူနဲ့ စလွယ်ကို  နေရှင်နယ်ဒါရိုက်တာကို ပြန်အပ်ရ မယ်လို့ ဖော်ပြပါတယ်။

သရဖူနဲ့ အရည်အချင်းပြည့်မီ စံနှုန်းမြင့်မားပြီး ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ Miss Asia Pacific World 2014 ကိုလည်း ပြန်လည် ရွေးချယ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

မေမြတ်နိုး ရယူခဲ့တဲ့ အာရှပစိဖိတ်အလှမယ်ဆုဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်ရရှိခဲ့တဲ့ ဆုတွေထဲမှာ အမြင့်မားဆုံးဆု ဖြစ်ပါတယ်။

ဒီလို သရဖူ အသိမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး  မေမြတ်နိုးကတော့ သူ့အနေနဲ့ သရဖူ  အသိမ်းခံရတဲ့အထိ အမှားကို မလုပ်တဲ့အတွက် မကြာခင်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“အမှန်တကယ်တော့ သရဖူသိမ်းတယ်ဆိုတာ အပြစ်ကြီးကြီးမားမား ကျူးလွန်မှ အသိမ်းခံရတာ။  မြတ်နိုးဘက်ကနေပြီးတော့ သရဖူ အသိမ်းခံရလောက်တဲ့ အမှား မလုပ်လိုက်တဲ့အတွက် ဒီ သရဖူကို သူတို့ဘာသာ ဘာကြောင့် သိမ်းတာလဲ ဆိုတာ မြတ်နိုးဘက်က ရှင်းပြမှာ မို့လို့ အဲဒီ ရှင်းပြချက်ကို စောင့်ပြီးတော့မှ အားလုံးဝေဖန်ကြပါလို့ ပြောချင်ပါတယ်။ မြတ်နိုးအနေနဲ့က ဘာကြောင့် သူတို့ အဲလိုရေးတာလဲဆိုတာ ပရိသတ်တွေကို ပြောပြချင်တယ်။ သူတို့အဲ လိုရေးတယ်ဆိုတာ လုံးဝကို တရားဘောင်မ၀င်ဘူးဆိုတာကိုလည်း အားလုံးကို သိစေချင်တယ်။ အဲဒါကြောင် မြတ်နိုးက ရှင်းလင်းချက်လုပ်မှာပါ။ ”

မေမြတ်နိုးရဲ့ နေရှင်နယ်ဒါရိုက်တာ ဒေါ်လှနုထွန်းကတော့ ဒီသရဖူကို ပြန်သိမ်းဖို့ ဇွန် ၁၀ ရက်နေ့ကတည်းက အကြောင်းကြားပေးမယ့် သူက ကြားဝင်တောင်းပန်ခဲ့သေးကြောင်းနဲ့ ဒါပေမယ့် သြဂုတ်လ ၂၇ ရက်နေ့ကျမှ တရားဝင်စာထုတ်တာဖြစ်ကြောင်း ပြောပါတယ်။

“လှနုနဲ့ မေမြတ်နိုးနဲ့ အဆက်အသွယ်မရှိတာကြာပြီ။ ကိုရီးယားက ဇွန်လ ၁၀ ရက်နေ့က crown သိမ်းတယ်။ အဲဒါ လှနုက မသိမ်းပါနဲ့လို့ ပြောပြီးတော့ မေမြတ်နိုးနဲ့ ကိုရီးယားနဲ့ကိုပဲ တိုက်ရိုက် ဆက်သွယ်ခွင့်ပေးလိုက်တယ်။ crown သိမ်းတဲ့စာကို လှနုကိုပေးတယ်။ အဲဒါ  လှနုက တောင်းပန်ပြီးတော့ ဇွန်လ ၁၅ ၇က်နေ့ကနေ အကုန်လုံးကို လွှဲပေးလိုက်တယ်။  အဲဒီနောက်ပိုင်းမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မပြောဖြစ်တော့ဘူး။  ဟိုတနေ့က ကိုးရီးယားကနေပြီး လှနုဆီကို ဖုန်းဆက်တယ်။ ဘယ်လိုမှ အဆင်မပြေတောဘူးတဲ့. နေဖို့ထိုင်ဖို့တဲ့။ သူ့အမေကြီးနဲ့ပေါ့နော်။ အဲဒီအတွက်ကြောင့် crown နဲ့ စာလွယ်ကိုတဲ့ အပ်ပြီးတော့ ၂၈ ရက်နေ့မှာ ပြန်ဖို့ ticket ပေးလိုက်တယ်တဲ့ ”

Miss Asia pacific world အတွက် နောက်ထပ် တယောက်ကို မြန်မာပြည်ကိုယ်စားပြု ရွေးချယ်ယှဉ်ပြိုင်စေဖို့ အစီအစဉ်ကတော့ မရေရာဘူးလို့ ဆိုပါတယ်။

အလှမယ် မေမြတ်နိုးဟာ Miss Asia Pacific World 2014 သရဖူကို ဇွန်လတုန်းက ချီးမြှင့်ခံရတာဖြစ်ပြီး ၃ လအတွင်း သရဖူပြန်သိမ်းခံရတာ ဖြစ်ပါတယ်။

ဒီသြဂုတ်လထဲမှာ မြန်မာမယ်တွေဖြစ်တဲ့ Miss supranational 2013 သရဖူရှင် ခင်ဝင့်ဝါလည်း သရဖူပြန်လည်ရုပ်သိမ်းခံလိုက်သလို ထားထက်ထက်လည်း အဖွဲ့ရဲ့ စည်း မျဉ်းစည်းကမ်း တွေကို လိုက်နာမှုမရှိတဲ့အတွက် သရဖူ လွှဲပြောင်းခွင့်ပိတ်ခံခဲ့ရပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

အသိမ်းခံလယ်မြေများပြန်ရရန် ဆန္ဒထုတ်ဖော်သူ ၁၀ဦး ခေါ်ယူစစ်ဆေးခံရ

 
သြဂုတ် ၂၈ရက်၊ ၂၀၁၄ခုနှစ်။

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သိမ်းဆည်းခံခဲ့ရသည့် လယ်မြေများပြန်ရရှိရန် ဆန္ဒပြခဲ့သောကြောင့် လယ်သမားနှင့် ၈၈ မျိုးဆက်ကရင်ကျောင်းသားအစည်းအရုံးမှ ၁၀ဦးကို မြို့မရဲစခန်းက သြဂုတ်လ ၂၆ရက်နေ့၌ ခေါ်ယူစစ်ဆေးခံရသည်ဟု ကာယကံရှင်များက ပြောသည်။

ခေါ်ယူစစ်ဆေးခံရသူများမှာ လယ်သမားများဖြစ်ကြသည့် စောအခလိန်း၊ စောအဲကော်ခူ၊ စောအဘိန်၊ နန်းမူးဖောင်၊ စောမူး ကြည်၊ ဒေါ်မြင့်၊ ဦးတိုင်ပင်စိန်နှင့် ၈၈ မျိုးဆက်ကရင်ကျောင်းသားအစည်းအရုံးမှ ဒုဥက္ကဌ ဦးဇော်ထိုက် အပါအ၀င် ဦးညီညီလွင်၊ ဦးဝင်းသူ တို့ဖြစ်ကြပြီး ၎င်းတို့မှာ သြဂုတ်လ ၂၅ရက်နေ့က လယ်သမားများ၏ သိမ်းဆည်းခံလယ်မြေများ ပြန်ရရေးအတွက် ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူများ ဖြစ်ကြောင်း သိရသည်။

ခေါ်ယူစစ်ဆေးခံရရာတွင် ပါဝင်သည့် ၈၈ မျိုးဆက်ကရင်ကျောင်းသားများအစည်းအရုံး ဒုဥက္ကဌ ဦးဇော်ထိုက်က “ကျနော်တို့ စစ်ဆေးခံရတာပေါ့နော်။ ဓာတ်ပုံတွေရိုက်တယ်။ ကိုယ်ရေးအချက်အလက်တွေ ယူတယ်။ အဲဒါလေးတွေ ပြန်ပြီးတော့ စိစစ်နေ တယ်။ အာမခံချက်တော့ အခုထိ မပြီးသေးဘူး။ ကျနော်တို့ လုပ်နေတုန်းပဲ”ဟု ပြောသည်။

လာမည့် စက်တင်ဘာလတွင် ခေါ်ယူစစ်ဆေးခံထားရသူ အားလုံးကို ရုံးချိန်းအဖြစ် သတ်မှတ်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက စုဝေး ခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ ပုဒ်မ ၁၈ ဖြင့် စွဲချက်တင်ရန်ရှိသည်ဟု ဦးဇော်ထိုက်က ဆက်ပြော သည်။

ခေါ်ယူစစ်ဆေးမှုနှင့်ပတ်သက်၍ ဖားအံမြို့မရဲစခန်းမှ ဒုရဲမှူးဦးတင်မောင်ဦးက “သူတို့က ခွင့်ပြုချက် မရှိဘဲ ငြိမ်းချမ်းစွာ စုဝေးပြီး ဆန္ဒဖော်ထုတ်တယ်။ ဥပဒေအရ ခွင့်ပြုချက်မကျဘဲနဲ့ ဆန္ဒဖော်ထုတ်တဲ့အတွက် အထက်ကနေပြီးတော့ ပုဒ်မ ၁၈ နဲ့ အရေးယူ အမှုဖွင့်ခံရတယ်။ ပုဒ်မ ၁၈ နဲ့ တိုင်စာရောက်လာပြီး အမှုဖွင့်လိုက်ပါတယ်။ အမှုကတော့ အာမခံပေးရတဲ့ အမှုဖြစ်တယ်။ ဒါကို ကျနော်တို့က ရဲလုပ်ငန်းအားလုံး ပြည့်စုံသွားရင် ကျနော်တရားစွဲတင်ဖို့ ရှိမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စီတန်းလှည့်လည်သည့် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်မည်ဆိုလျှင် စည်းကမ်းချက်များနှင့် ဥပဒေရှိသည့်အတွက်ကြောင့် ဆန္ဒဖော် ထုတ်ခြင်း၊ မိမိပြောချင်သည့်အရာများ၊ မိမိထုတ်ပြောချင်သည့် စာသားများ၊ ဟောပြောမည့် အကြောင်းအရာများ၊ စီတန်းလှည့် လည်မည့် လူဦးရေများ စသည်တို့ကို စာနှင့် ဖောင်များနှင့်တကွ သက်ဆိုင်ရာသို့ ပို့ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်ခွင့်ရရှိရန် သက်ဆိုင်ရာ အစိုးရဌာနများသို့ စာနှင့်ဖောင်တို့ကို သြဂုတ်လ ၁၆ရက်နေ့က ခွင့်ပြုချက် တင် ထားသော်လည်း တစုံတရာ တုံ့ပြန်ခြင်းမရှိသည့်အတွက် အချိန်မစောင့်တော့ဘဲ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း လယ်သမားများနှင့် ၈၈ မျိုးဆက်ကရင်ကျောင်းသားများအစည်းအရုံးက ပြောဆိုသည်။

ရဲများက လယ်သမားနှင့် ၈၈ မျိုးဆက်ကရင်ကျောင်းသားများကို ခေါ်ယူစစ်ဆေးမှုအပေါ် ကိုယ်တိုင် သွားရောက်ခဲ့သည့် ကရင် ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေအွာက “ရဲစခန်းကတော့ သူတို့ရဲ့ စည်းချက်အတိုင်း၊ ဥပဒေအတိုင်း ဆက်ပြီး တော့ လုပ်သွားမယ်။ ပုဒ်မ ၁၈နဲ့ သူတို့ကို ရဲက တရားစွဲဆိုပြီး တရားရုံးတင်မယ်လို့ သိရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ပုဒ်မ ၁၈ကို အစိုးရ၏ လွှတ်တော်တွင် ရုပ်သိမ်းရန် တင်ပြထားသော်လည်း ယခုအချိန်ထိ ရုပ်သိမ်းခွင့်မရသေးကြောင်း နန်းစေအွာက ဖြည့်စွက်ပြောဆိုသည်။

ခေါ်ယူစစ်ဆေးခံနေရသည့် လယ်သမားနှင့် ၈၈ မျိုးဆက်ကရင်ကျောင်းသား ၁၀ဦးကို အာဏာပိုင်ရဲများက ပုဒ်မ ၁၈ အရ စွဲချက် တင်ပါက ငွေဒဏ်ကျပ်သုံးသောင်း သို့မဟုတ် ထောင်ဒဏ်တနှစ်အထိ သို့မဟုတ် ငွေဒဏ်၊ ထောင်ဒဏ် နှစ်ရပ်စလုံးသော်လည်း ကောင်း ပြစ်ဒဏ်ကျခံရနိုင်သည်ဟု သိရသည်။

နန်းချောင်ဖော့
ေေ ကေအိုင်စီ - KIC News

ဓမ္မစေတီ ခေါင်းလောင်း ရှာတွေ့ကြောင်း ဆယ်ယူသူများ ပြောကြား ချက်ကြောင့် စိတ်ဝင်စားမှု မြင့်တက်လာသော်လည်း ဆယ်ယူမည့် နေ့ရက် မသေချာသေး

 
ရန်ကုန် သြဂုတ် ၂၇

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိထားပြီး မကြာမီရက်အတွင်း ရေပေါ်သို့ ဆယ်ယူသွားရန်အတွက် စီစဉ်ထားကြောင်း ခေါင်းလောင်းကြီး ရှာဖွေရန် ကြိုးပမ်းလျက်ရှိသူ ဦးစံလင်းက သြဂုတ် ၂၆ ရက်မွန်းလွဲ ၂နာရီခွဲတွင် ပြောကြားခဲ့သဖြင့် ပြည်သူအများ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လျက်ရှိ သော်လည်း ဆယ်ယူရန် နေ့ရက်ကို မသတ်မှတ်ရသေးကြောင်း အဆိုပါအဖွဲ့ မှ ပြောကြားသည်။

''ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီးဖြစ်ပါတယ်'' ဟု ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူရေးလုပ်ငန်းမှ ဦးစံလင်းက သြဂုတ် ၂၆ ရက် ညနေ ၄နာရီတွင် ပြောကြားသည်။ သြဂုတ် ၂၅ ရက် ည ၁၂နာရီခန့်ကပင် ခေါင်းလောင်းကြီးတွေ့ရှိပြီဟူသည့်သတင်းများကြောင့် ပြည်သူများ သွား ရောက်လေ့လာမှု များပြားလျက်ရှိပြီးသြဂုတ် ၂၆ ရက် တစ်ရက်လုံးတွင် လာရောက်လေ့လာသူများ ပိုမိုမြင့်တက်လျက်ရှိပြီး သြဂုတ် ၂၇ ရက်တွင်လည်း ခေါင်းလောင်းကြီးဆယ်ယူမှုကို လာရောက်လေ့လာသူများ ဆက်လက် များပြားလျက်ရှိသည်။

''ကျွန်တော်ကတော့ ခေါင်းလောင်းကြီးရှိခဲ့တယ်ဆိုတာနဲ့ ခေါင်းလောင်း ကြီးရဲ့တန်ချိန်ကို ယုံကြည်ပါတယ်။ ဆရာဦးစံလင်းတို့တွေ့ရှိပြီလို့ပြောတာ ကိုတော့ သိပ်မယုံချင်ဘူး။ ဒါပေမယ့်လည်း ဒီတစ်ခေါက်ခေါင်းလောင်း ဆယ်ယူရေးမှာ ပြည်သူများရဲ့ ယုံကြည်ချက်နဲ့ စုပေါင်းအားပေးမှုတွေကြောင့် မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ပါဘူး။ အကောင်းဆုံးကတော့ ပြန်လည် ဆယ်ယူနိုင်တာကို မြင်တွေ့လိုတဲ့အတွက်နေ့စဉ်လာရောက် ကြည့်ရှုပါတယ်''ဟု ကိုမင်းကျော်ခိုင် (သာကေတမြို့နယ်)က ပြောကြားသည်။

ခေါင်းလောင်းကြီးကို ဆယ်ယူခွင့်ရရှိရန် ကြိုးပမ်းခဲ့သူ ဆရာဦးစံလင်း ကမူ သြဂုတ် ၂၆ ရက်တွင် နောက်ဆုံးထားတွေ့ရှိရန် မူလကတည်းက မျှော်မှန်းထားခဲ့ပြီး ဆယ်ယူရေးလုပ်ငန်းများနှင့် ခေါင်းလောင်းအနေအထား အသေးစိတ်ကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။ ယနေ့တွင်လည်း ခေါင်းလောင်းရှာဖွေမှုများ ပြုလုပ်ရာနေရာသို့ အနီးကပ်ကြည့်ရှုသူများအား အနားကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများကတားမြစ်ထားသည်ကိုလည်း တွေ့ရှိရ သည်။ခေါင်းလောင်းဆယ်ယူမှုနှင့်ပတ်သက်၍ ပြည်သူများနှင့် ရှေးဟောင်းယဉ်ကျေးမှုပညာရှင်များအကြား ကွဲလွဲချက်များ ဖြစ်ပေါ်လျက်ရှိသော် လည်းဆယ်ယူရေးအဖွဲ့ကမူ တွေ့ရှိပြီဟု ပြောကြားလာခြင်းကြောင့် လာ ရောက်ကြည့်ရှုမှုနှုန်းမှာ ဆက်လက်မြင့်တက်နိုင်ပြီး ယင်းအဖွဲ့၏ပြောကြားချက်အရ သြဂုတ်လမကုန်မီ ပြန်လည်ဆယ်ယူနိုင်ရန်ရည်ရွယ်ထား ကြောင်း သိရသည်။

ခင်ရတနာ
Myanmaalinn

တနိုင်ငံလုံး အပစ်ရပ်ရေး ဝနဲ့ မိုင်းလား သဘောတူ

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ရှိပေမဲ့ သဘောထား ကွဲလွဲနေတဲ့ ကိစ္စတွေကိုတော့ နောက်တဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေမှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း အဓိကလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSPနဲ့ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် NDAA မိုင်းလား အဖွဲ့တို့က ပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာဘဲ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးမှာ သဘောမတူတဲ့ အချက်တွေ ပါဝင်နေတာတွေကိုလည်း ဆွေးနွေးဖို့ လိုမယ်လို့ ဒီကနေ့ ပထမဆုံး အကြိမ် သတင်းစာရှင်းလင်းပွဲအဖြစ် ရန်ကုန်မြို့မှာ ပြုလုပ်ရာမှာ UWSPရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုခဲ့တာပါ။ သတင်းအပြည့်အစုံကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSPနဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် NDAA တို့ဟာ နိုင်ငံတော်သမတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီးတဲ့နောက် ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ်အဖြစ် သတင်းစာ ရှင်းလင်းပွဲကျင်းပရာမှာ သူတို့ရဲ့ သဘောထားတွေ ကို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရအကြား ဆောင်ရွက်နေတဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်နဲ့ပတ်သက်လို့ UWSP ရဲ့ သဘောထားကိုတော့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က အခုလို ပြောဆိုခဲ့ပါတယ်။
"ဆွေးနွေးပွဲမှာ အောင်အောင်မြင်မြင်နဲ့ အလျှော့အတင်းနဲ့ အောင်မြင်စွာ လုပ်နိုင်တယ်။ နောက် တပြည်လုံးအတိုင်းအတာနဲ့ အားလုံး လက်မှတ်ထိုးကြမယ် ဆိုလို့ရှိရင် ဒီအပေါ်မှာ ကျနော်တို့ နောက်ဆုံးရလာဒ်ကို ကျနော်တို့ လေ့လာ မယ်။ လေ့လာပြီးတော့ ပါဝင်လက်မှတ်ထိုးမယ်။ ခင်ဗျားတို့ ဒီတခေါက်ဆွေးနွေးတဲ့ အချက်တွေ ဘာတွေကို သဘောတူညီချက် ရသလဲ။ ကျနော်တို့ကိုပေးပါ။ ကျနော်တို့လေ့လာရမယ်။ ဘာသာပြန်ရမယ်။ အရင် ဘာသာပြန်ပြီးတော့ လူကြီးတွေက ဆွေးနွေးပြီးတော့မှ  အေး ဟုတ်တယ်။ ဒါကတော့ သဘာဝကျတယ်။ မျက်မှောက်နိုင်ငံရေးနဲ့ ကိုက်ညီတယ်။ ကျနော်တို့အဖွဲ့ရဲ့ ရပ်တည်ချက်နဲ့လည်း ကိုက်ညီတယ်။ ကျနော်တို့ ထိုးမယ်။ အဲ့ဒီ့လိုမှ ထိုးလို့ရမှာပေါ့။"

NDAA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခမ်းမောင်ကလည်း သူတို့ အဖွဲ့ရဲ့ သဘောထားကို အခုလို ပြောဆိုပါတယ်။
" အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးဖို့ ဆိုတာ လောလောဆယ်တော့ ကျနော်တို့ ထိုးဖို့လည်း မလိုဘူး။ ထိုးပြီးပြီ။ ခုနက ကျနော်တို့ ဦးအောင်မြင့် ရှင်းသွားသလိုပေါ့။ လုံးဝကို ကျနော်တို့ မထိုးဘူးလားဆိုတော့ မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးတဲ့အချိန်ရောက်မှ ကျနော်တို့ ပါဝင်ပြီးတော့ တပြည်လုံးနဲ့ အတိုင်းအတာနဲ့ လက်မှတ်ထိုးမယ့် အချိန်ကျမှ ထိုးပါမယ်လို့ အဲ့လိုပဲ ကျနော်တို့က အဓိက လောလောဆယ်တော့ လက်မှတ်ထိုးဖို့လည်း မလိုတော့ဘူး။ အဲ့ဒီ့ဟာပါပဲ။"
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSPရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT ရဲ့ လက်ရှိ တောင်းဆိုချက်တွေ အပေါ် သဘောတူတာရှိသလို မတူတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
" သူတို့ရဲ့မူတချို့ဟာ ကျနော်တို့ တိုင်းရင်းသားတွေအတွက် အားလုံးအတွက် တောင်းဆိုတာဖြစ်တယ်။ ဒါတွေကတော့ ကျနော်တို့ လက်ခံတယ်။ သဘောတူတယ်။ ဒါပေမဲ့ တချို့အချက်တွေကျတော့ အခုနိုင်ငံရေးအခြေခံနဲ့ နည်းနည်းမတူတာရှိတယ်။ တချို့ဟာက နိုင်ငံရေး စကားအရ ပြောရင် လွယ်တယ်။ ဖြေရှင်းရခက်တယ်။ အဲ့ဒီလိုကိစ္စလေးတွေ အများကြီးရှိတယ်။ တွေ့တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စလေးတွေ တချို့ကိစ္စလေးတွေကတော့ ကျနော်တို့ လက်မခံဘူး။ "
သဘောမတူတဲ့အချက်ကိုတော့ ဦးအောင်မြင့်က အခုလိုဆက်ပြောပါတယ်။
" ပြည်ထောင်စု တပ်မတော်ကိစ္စ၊ ပြည်ထောင်စု တပ်မတော်ကိစ္စမှာဆိုလို့ရှိရင် ဥပမာ သူတို့စာတမ်းတွေမှာ ထွက်လာတယ်။ ပြည်ထောင်စု တပ်မတော်ဖွဲ့လို့ရှိရင် စစ်သေနာပတိချုပ်ကို အလှည့်ကျ တိုင်းရင်းသားလုပ်ရမယ်ဆိုတာ ဟာ.. ဒီဟာဖြစ်နိုင်သလား။ အရည်အချင်းမရှိဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ခင်ဗျား တခုလုံးရဲ့ ဒီဟာတွေကို စွမ်းဆောင်နိုင်သလား။ အဖက်ဖက်ပေါ့နော်။ အဲ့ဒီကိစ္စလေးတွေက တခုရှိတယ်။ ဒါကြောင့်မို့လို့ ဒီလို မူကြတော့ ဒီလို တင်းတင်းမာမာနဲ့ ဒီလိုတင်းတင်းမာမာနဲ့ ဆွေးနွေးတာ ကျနော်တို့ မကြိုက်ဘူး။ ပြေလည်အောင် ကျနော်တို့ ဘယ်လိုညှိကြမယ်ဆိုတာ ကိုယ့်မူနဲ့ကိုယ်ပေါ့နော် ဖြေးဖြေး ညှိသွားမယ့်ကိစ္စ အပိုင်းတွေရှိတယ်။ "
ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးဟာလည်း ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုစနစ် ကျင့်သုံးမလဲဆိုတဲ့ မူပေါ်မှာ အခြေခံနိုင်င်ကြောင်းလည်း ထည့်သွင်းပြောပါတယ်။
 ဒီသတင်းစာရှင်းလင်းပွဲမှာ ၀ဒေသနဲ့ မိုင်းလာဒေသအတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အဓိကထား ပြောဆိုခဲ့သလို နိုင်ငံအကြီးအကဲတွေနဲ့တွေ့ဆုံခဲ့စဉ် ဆွေးနွေးခဲ့ကြ တာကိုလည်း တင်ပြပြောဆိုပါတယ်။
တဆက်တည်းမှာပဲ UWSPအဖွဲ့ဟာ ၀ပြည်နယ်ဖွဲ့စည်းဖို့နဲ့ မိုင်းလားအဖွဲ့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းပေးဖို့ တောင်းဆိုထားပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲဖို့ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံနဲ့အညီ လက်နက်ကိုင် အဖွဲ့တခုတည်း အဖြစ် အသွင်ပြောင်းလဲရေးကိုတော့ တဖြည်းဖြည်း ညှိနှိုင်းသွားမှာ ဖြစ်ကြောင်း  ၀နဲ့ မိုင်းလားအဖွဲ့က ပြောခွင့်ရသူတွေက ပြောပါတယ်။
ဝနဲ့ မိုင်းလားအဖွဲ့ဟာ ၁၉၈၉ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ပြီးနောက် စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြသလို ၂၀၁၁ခုနှစ်မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်ဖွဲ့စည်းပြီးနောက်မှာလည်း အပစ်အခတ်ရပ်စဲရေး အတွက် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး ထားတာဖြစ်ပါတယ်။
သူတို့ နှစ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ဖွဲ့ပါဝင်တဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ NCCT တို့မှာ ပါဝင်ထားတာ မရှိပါဘူး။
လောလောဆယ်မှာတော့ UNFC အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး ကွန်ဂရက်ကို ထိုင်းနိုင်ငံမှာ ကျင်းပနေပြီး ဖက်ဒရယ်ပြည်ထောင်စု တပ်ဖွဲ့စည်းရေး အပါအ၀င် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးနေပါတယ်။
UNFC အဖွဲ့ဝင်တွေ အများစုပါဝင်တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT ဟာ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ ဒီလလည်က ဆွေးနွေးခဲ့ပြီး တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိုတော့ လာမယ့်လတွေအတွင်း လက်မှတ်ရေးထိုးနိုင်မယ် လို့လည်းမျှော်မှန်းထားပါတယ်။
  မိုးဇော် VOA

ဂိုဏ်ဃဏဆန်ဆန် မင်းမဲ့စရိုက် သာကေတရန်ပွဲ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ဟု ရပ်ကွက်နေ ပြည်သူများ ပြောကြား


 
သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် (၁၂) နာရီခန့်အချိန်က သာကေတမြို့နယ် (၁၀) တောင် (၁၃) ရပ်ကွက် ခိုင်ရွှေဝါ လမ်းမကြီးပေါ်တွင် မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စု ၂ စုအကြား ခိုက်ရန်ဖြစ်ပွားခဲ့ ကြရာတွင် အဖွဲ့တစ်ဖွဲ့မှ သေနတ် ၂ ချက် မိုးပေါ်ထောင်၍ ပစ်ဖောက်ခဲ့သည်ဟု ရန်ပွဲ ဖြစ်ပွားရာအနီးရှိ ပြည်သူများက News Watch ဂျာနယ်သို့ ပြောသည်။

သာကေတမြို့နယ် ၁၀ တောင် (၁၃) ရပ်ကွက်နေ နေမျိုးအောင်ဆိုသူ ခေါင်းဆောင်သောအဖွဲ့နှင့် ထူပါရုံရပ်ကွက်နေ မြင့်အောင်ဆိုသူ ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့တို့ ရန်ငြိုးရှိခဲ့ရာမှ နှစ်ဖွဲ့ပေါင်း လူအယောက် (၅၀) နီးပါး ဓားများ၊ တုတ်များနှင့် ရန်စောင်နေသည့်အချိန်တွင် မြင့်အောင် က သေနတ် (၂) ချက်ဖောက်၍ ခြိမ်းခြောက် ခဲ့ခြင်းဖြစ်နိုင်သည်ဟု အဆိုပါရပ်ကွက်နေ ပြည်သူများက ပြောသည်။

“အဖြစ်အပျက်တွေက အရမ်းမြန်တယ်။ လမ်းထဲကို ကားတစ်စီးဝင်လာတယ်။ နေမျိုးအောင်တို့ကို ပထမကားနဲ့ လိုက်တိုက်တယ်။ ပြီးတော့ နှစ်ဖက်အပြန် အလှန် အုတ်နီခဲတွေနဲ့ ထုတယ်။ ကားလည်း ထိသွားတယ်။ ပြီးတော့ နှစ်ဖွဲ့စလုံး ငှက်ကြီးတောင် ဓားကိုယ်စီနဲ့ ပြဿနာဖြစ်တော့မယ့်အချိန်မှာ သေနတ်ဖောက်သံလို ပစ်ဖောက်သံ နှစ်ချက် ကြားလိုက်တယ်။ နှစ်ဖွဲ့ပေါင်းကို ဓားကိုင်ထားတဲ့ လူ (၅၀) နီးပါးရှိတယ်။ အကုန်နီးပါးပဲ။ တချို့က တုတ်တွေနဲ့။ အဲဒီလို အသံနှစ် ချက်ကြားပြီးတော့ နှစ်ဖွဲ့အကြီးအကျယ် အချင်းများချိန်မှာ ရဲတွေရောက်လာတယ်။ နှစ်ဖွဲ့စလုံးကလည်း သာကေတမြို့နယ်မှာ နာမည်ကြီးပါတယ်” ဟု ရန်ပွဲကို အစ အဆုံးမြင်တွေ့ခဲ့သည့် ခိုင်ရွှေဝါလမ်းတွင် နေထိုင်သူ အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ဦးက ပြန်လည်ပြောပြသည်။

အဆိုပါ အဖွဲ့ ၂ ဖွဲ့အနက်မှ ၁ဖွဲ့သည် လက်နက်ကိုင်အဖွဲ့အစည်းတခုနှင့် ဆက်စပ်မှုရှိသည်ဟုလည်း သာကေတမြို့နယ်နေ ပြည်သူအချို့၏ပြောကြားချက်အရ သိရသည်။ ရန်ပွဲ၌ ပါဝင်သူတဦးလည်း ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

ရန်ပွဲဖြစ်ပွားစဉ်အတွင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူအားလုံး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပြီး အိမ်တံခါးများ ပိတ်ထားကာ ရဲတပ်ဖွဲ့ရောက်ရှိလာမှသာ အခြေအနေ ပြန်လည် တည်ငြိမ်သွားကြောင်း ယင်းလူငယ်က ဆက်လက်ရှင်းပြသည်။

ရပ်ကွက်နေပြည်သူများက ဖော်ပြပါ ပစ်ဖောက်သံ ၂ ချက်အား သေနတ်ပစ်ဖောက်သံဟု ယူဆကြသော်လည်း သာကေတမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူကမူ ဗျောက်အိုးဖောက်သံဟု ကြားသိရသည်ဟု ဆိုသည်။

“လက်ရှိအချိန်ထိတော့ အမှုမဖွင့် ထားပါဘူး။ နှစ်ဖက်စလုံးလည်း မတိုင်ကြားထားသေးဘူး။ မိုးပေါ်ထောင်ပစ်တာလည်း သေနတ်သံမဟုတ်ဘဲ ဗျောက်အိုး သံဆိုပြီး ပြောကြတယ်။ ဖြစ်စဉ်နဲ့ပတ်သက် ပြီး စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ အဖွဲ့အစည်းနှစ်ဖွဲ့ ပုံစံရန်ပွဲဖြစ်ခဲ့တာကြောင့် ပြည်သူတွေလည်း ထိတ်လန့်ခဲ့တယ်။ ဒါကြောင့် အထက်ကချပေးတဲ့အတိုင်း ဒီအမှုကို ဆက်လက်ကိုင်တွယ်သွားမယ်” ဟု သာကေတမြို့နယ် နယ်မြေ (၁) ရဲစ ခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က မလာသေဘူးဗျ၊ အမှုဖွင့်တာတွေ ဘာတွေတော့မရှိသေးဘူး၊ ဘာကြောင့် မဖွင့်သလဲဆိုတာတော့ ကာယကံရှင်တွေပဲ သိမှာပါ၊ သူဆို့ကိုတော့ ခေါ်ထားတာပဲ၊ နှစ်ဦးနှစ်ဖက် နှစ်နာရင်အမှုဖွင့်ဖို့ ဘာဖို့ပေါ့၊ ကျနော်တို့သွားတော့ အကုန်လုံးလုစုကွဲသွားပါပြီ၊ ဒဏ်ရာရတာ မရှိဘူး”ဟု အဆိုပါရဲစခန်းမှ အမည်မဖော်လိုသူ တာဝန်ကျ ဒုရဲအုပ်တဦးက ပြောကြားခဲ့သည်။

သာကေတမြို့နယ်အတွင်း ယခုကဲ့ဖြစ်စဉ်ကဲ့သို့ ဂိုဏ်းဃဏဆန်ဆန်ရန်ပွဲများ၊ ရပ်ကွက်ခြား ရန်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ပြဿနာကို ငွေကြေးဖြင့် ရှင်းနိုင်သူအချို့က ဦးဆောင်လေ့ရှိကြောင်း သာ ကေတမြို့နယ် ပြည်သူများက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနောက်ပိုင်း မင်းမဲ့စရိုက်ဆန်သည့် ရန်ပွဲများ၊ လူသတ်မှုများ အဖြစ်များလာပြီး လူငယ်များ၏ လက်ရဲဇက်ရဲမှုများနှင့် တရားဥပဒေစိုးမိုးမှုအားနည်းခြင်းအပေါ် ပြည်သူများက အပြင်းအထန် ဝေဖန်နေကြသည်။


NW
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Wednesday, August 27, 2014

ဖြူးးမှာ လယ်သမား ၆၆ ဦးကို တရားစွဲဆို

 
ပဲခူးတိုင်း ဖြူးမြို့ နယ် ညောင်ပင်သာရွာတဝိုက်က လယ်သမား ၆၆ ယောက်ကို စိုက်ပျိုးရေးဌာနနဲ့  မြအိနြေ္ဒဆိုတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက မြေလွတ်မြေရိုင်းဥပဒေပုဒ်မ ၂၇ နဲ့  တရားစွဲထားတယ်လို့ သိရပါတယ်။

အဲဒီလယ်မြေတွေကို ဒေသခံတွေက အစိုးရဌာနဆိုင်ရာကို နှစ်စဉ်သီးစားခပေးပြီး မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့ရာမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာတော့ ကုမ္ပဏီပိုင်မြေဖြစ်တဲ့အတွက် ဆက်လက်လုပ်ခွင့်မပြုရာကနေ မူလလယ်သမားတွေက ဖယ်မပေးနိုင်တဲ့အတွက် တရားစွဲခံရတာဖြစ်ပါတယ်။ ဒီအတောအတွင်းမှာပဲ ၂၀၁၃ ခုနှစ်မှာ စိုက်ပျိုးရေးဌာနနဲ့  မြအိနြေ္ဒကုမ္ပဏီက သူတို့ရဲ့စီမံကိန်းအတွက် သမ္မတကို ဖိတ်ခေါ်ပြသဖို့ စီစဉ်တဲ့အခါ စီမံကိန်းလယ်နဲ့ ပတ်သက်ပြီး ကောင်းကောင်းမွန်မွန်ပြောပေးမယ့် လယ်သမားတချို့ ကို အိမ်ခြံနဲ့  လယ်လုပ်ခွင့်မက်လုံးပေးပြီး စည်းရုံးခဲ့တယ်လို့  တရားစွဲခံထားရတဲ့ လယ်သမားတွေထဲက ဦးမြသိန်းက RFA ကို အခုလိုပြောပါတယ်။

"သမ္မတကြီးလာတဲ့အခါမှာ ကျနော်တို့ကို သူတို့က ခြံလေးတွေလုပ်ပေးမယ်၊ လယ်လည်းလုပ်ခွင့် ခင်ဗျားတို့ကိုပေးမယ်၊ ခင်ဗျားတို့ သမ္မတကြီးကို ဒီလိုပြောပေးပါဆိုပြီးတော့ ကျနော်တို့ ၁၈ ယောက်ကို ခေါ်ပြီးတော့ စကာတင်လေ့ကျင့်ခိုင်းထားတယ်၊ ကျနော်တို့က အဟုတ်ထင်တာပေါ့၊ သူတို့တွေကလည်း ကျနော်တို့ကို အဲ့နားကအိမ်တွေကို ချပေးထားတာလေ၊ ၃၊ ၄ လလောက်လဲကြာရော ကျနော်တို့ကို တရားစွဲတော့တာပဲ"

အဲဒီနောက် အိမ်မြေယူထားတဲ့ လယ်သမားတွေအပါအဝင် စုစုပေါင်း လယ်သမား ၁၂၆ ယောက်ကို ကျူးကျော်မှုပုဒ်မ ၄၄၇ နဲ့ တရားစွဲလိုက်တယ်လို့ လယ်သမား ဦးမြသိန်းကပြောပါတယ်။ ဒါပေမယ့် ပုဒ်မ ၄၄၇ နဲ့ စွဲထားတဲ့အမှုဟာ တရားဥပဒေအရ အမှုမခိုင်လုံတဲ့အတွက် လယ်သမားတွေကို ပထမတစ်ကြိမ် အမှုကနေပလပ်ပေးလိုက်ပြီး၊ အခုတခါ မြေလွတ်မြေရိုင်းဥပဒေပုဒ်မကိုပြောင်းပြီး နောက်ထပ်တရားစွဲလာတာဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese

ဓမ္မစေတီ ခေါင်းလောင်း တွေ့ထားတဲ့ အဆိုအပေါ် ဝေဖန်မှုတွေ များနေ

 
ရန်ကုန်မြစ်အတွင်းမှာ ​ရှာဖွေနေတဲ့ ​ဓမ္မစေတီခေါင်းလောင်းကို ​တွေ့ရှိထားတယ်လို့ ​ခေါင်းလောင်း ​ရှာဖွေရေးအဖွဲ့က ​ကြေညာ ​လိုက်ပါတယ်။

အကြီးဆုံးရွှေရောင် ​နဂါးမင်းကြီးနဲ့တကွ ​နဂါး ​အပေါင်းတို့က ​ဓမ္မစေတီခေါင်းလောင်းတော် ​ကြီးကို ​အကြီးကျယ်ဆုံး ​ခမ်းခမ်းနားနား ​ဆီမီးပူဇော်နေတဲ့ ​အတွက်ကြောင့် ​သတင်းထုတ်ပြန်ရန် ​နောက်ကျရတာဖြစ်တယ်လို့ ​ခေါင်းလောင်းရှာဖွေရေး ​အဖွဲ့ခေါင်းဆောင် ​ဦးစံလင်း ​မြေပုံ- ​ကော့သောင်း) ​ရဲ့ ​ထုတ်ပြန်ချက်မှာ) ​ရေးထားပါတယ်။
 ခေါင်းလောင်းကို ​ဒီရက်ပိုင်းအတွင်း ​ကုန်းပေါ်ကို ​သယ်ယူမှာ ​ဖြစ်တယ်လို့လည်း ​ရေးသားထားပါတယ်။နှစ်ပေါင်း ​၄၀၀ ​လောက်ကြာအောင် ​နစ်မြုပ်နေတဲ့ ​ဓမ္မစေတီ ​ခေါင်းလောင်း ​ရှာဖွေရေးနဲ့ ​ပတ်သက်ပြီး ​ဝေဖန်သူတွေ ​များပြားသလို ​ယုံကြည်သက်ဝင်တဲ့ ​လူတွေကိုလည်း ​တွေ့နေရပါတယ်။

တချို့ကတော့ ​အဲဒီ ​ခေါင်းလောင်းကြီးက ​တကယ်ကော ​ရှိခဲ့ရဲ့လားလို့ ​မေးထားသလို ​တချို့ကလည်း ​ခေတ်မှီနည်းစနစ်တွေ ​အသုံးပြုပြီး ​ရှာဖွေဖို့ ​ပြောဆိုတာကို ​ရှာဖွေရေးအဖွဲ့က ​ငြင်းဆိုထားပြီး ​နတ်ပူဇော်တာတွေ ​လုပ်ဆောင်နေတဲ့အပေါ် ​ဝေဖန်နေကြတာ ​ဖြစ်ပါတယ်။ ​တချို့ကလည်း ​အခြေခံ ​ဥပဒေပါ ​ပုဒ်မ ​၄၃၆ ​ဘက်ကို ​အာရုံရောက်မသွားအောင် ​ဓမ္မစေတီခေါင်းလောင်းနဲ့ ​ပြည်သူတွေရဲ့ ​အာရုံကို ​လွဲလိုက်တာလို့လည်း ​ပြောနေကြပါတယ်။

အဲဒီခေါင်းလောင်းကို ​နတ်တွေ၊ ​နဂါးတွေ၊ ​ဂဠုန်တွေက ​စောင့်ရှောက်ထားတာ ​ဖြစ်တဲ့အတွက် ​သိပ္ပံနည်းကျကျ ​ရှာဖွေမှုအစား ​အခုလို ​မြန်မာ့နည်း၊ ​မြန်မာ့ဟန်နဲ့ ​ရှာဖွေမှ ​အောင်မြင်မယ်လို့ ​ဟောကိန်းထုတ်ထားတဲ့အတွက် ​အခုလို ​လုပ်ဆောင်တာ ​ဖြစ်တယ်လို့လည်း ​မြန်မာသမိုင်းပညာကော်မရှင်က ​ဦးချစ်စံဝင်းက ​အေအက်ဖ်ပီကို ​ပြောပါတယ်။
အဲဒီခေါင်းလောင်းဟာ ​အလေးချိန်အားဖြင့် ​တန်ချိန် ​၂၉၀ ​ကျော်ရှိတဲ့လို့ ​ပြောဆိုတဲ့အတွက် ​Boeing ​777 ​လေယာဉ် ​တစ်စီးစာ ​အလေးချိန်လောက် ​ရှိပါတယ်။

အခုလောလောဆယ် ​ခေါင်းလောင်းရှာဖွေနေတဲ့ ​ရန်ကုန်မြစ် ​တဝိုက်မှာတော့ ​ဆယ်ယူရေးလုပ်ငန်း ​လုပ်နေတဲ့ ​နေရာသွားဖို့ ​လှေငှားစားတဲ့လူတွေ၊ ​ဓမ္မစေတီ ​ခေါင်းလောင်းအကြောင်း ​ရေးထားတဲ့ ​စာစောင်ကို ​ရောင်းချတဲ့လူတွေနဲ့ ​ပြည့်နှက်နေပြီး ​နေ့စဉ်နေ့တိုင်း ​လူပေါင်း ​ထောင်နဲ့ချီ ​လာရောက်ကြည့်ရှုနေကြတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia

ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ပြီလို့ ဆို

မြစ်အတွင်းမှာ ရှာဖွေနေ

ရန်ကုန်မြစ်အတွင်းမှာ ရှာဖွေနေတဲ့ ဓမ္မစေတီခေါင်းလောင်းကို ရှာတွေ့သွားပြီလို့ ခေါင်းလောင်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ထုတ်ပြန်လိုက်ပါတယ်။
ဓမ္မစေတီ ခေါင်းလောင်းကို မြစ်ထဲကနေ ဩဂုတ်လ ၉ ရက်နေ့ကတည်းက ရှာဖွေဆယ်ယူနေတာ ဖြစ်ပြီး သြဂုတ်လ ၂၆ ရက်နေ့မှာ အပြီးဆယ်ယူဖို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဦးစံလင်းကို ဘီဘီစီက ဆက်သွယ်မေးကြည့်တဲ့ အခါမှာတော့ တွေ့ပြီ ဆိုတာကိုပဲ ပြောပြီး တခြားအသေးစိတ် အချက်တွေကို ဖြေဖို့ကိုတော့ မြစ်အတွင်း ကျောက်ချ ရပ်နားထားတဲ့ ၃ ထပ်သင်္ဘာပေါ်မှာ ရှိနေတဲ့ ဦးစံလင်းက ငြင်းဆိုခဲ့ပါတယ်။

ဦးစံလင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီခေါင်းလောင်းကို နဂါးတွေက ဆီမီးပူဇော်နေတဲ့အတွက် သတင်းထုတ်ပြန်ဖို့ နောက်ကျရတာ ဖြစ်ပြီး ခေါင်းလောင်းနဲ့ ပတ်သက်တာတွေမှာ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာအဆင့် နည်းပညာလျှို့ဝှက်ချက်တွေ ရှိနေတဲ့အတွက် နှုတ်က ထုတ်မပြောနိုင်သေးတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဆယ်ယူရေးအဖွဲ့ဝင် ဦးကြည်ဝင်းကတော့ ခေါင်းလောင်း ဆယ်ယူနိုင်ဖို့ အချိန်ထပ်ပေးရဦးမှာ ဖြစ်ပြီး ဘယ်တော့ ဆယ်ယူမလဲ ဆိုတာကိုတော့ ထပ်ပြီး ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခေါင်းလောင်း တွေ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ခေါင်းလောင်းဆယ်ယူရေး လုပ်ငန်းခွင်ကို သာကေတ၊ ရူခင်းသာ ဆိပ်ကမ်းကနေ လူတွေ ရာနဲ့ ချီပြီး သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

အခုတွေ့တယ်ဆိုတဲ့ အရာဟာ ဓမ္မစေတီ ခေါင်းလောင်း ဟုတ်မဟုတ် ဆိုတာနဲ့ ခေါင်းလောင်း တကယ်ရှာတွေ့ မတွေ့ဆိုတဲ့အပေါ် အမျိုးမျိုး ပြောဆိုနေကြတာတွေ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Tuesday, August 26, 2014

ပြင်သစ်အစိုးရအဖွဲ့ သမ္မတဖျက်သိမ်း

 
 ပြင်သစ်ဝန်ကြီးချုပ် Manuel Valls ကို အစိုးရသစ်ဖွဲ့ဖို့ ညွှန်ကြား

 ပြင်သစ် သမ္မတရဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေကို စီးပွားရေးဝန်ကြီးနဲ့ ပညာရေးဝန်ကြီးတို့ ကိုယ်တိုင်က လူသိရှင်ကြား ထုတ်ဖေါ် ဝေဖန်ခဲ့ကြပြီးတဲ့ နောက်မှာ ပြင်သစ် သမ္မတ ဖရန်စွာ အော်လန်က အစိုးရ အဖွဲ့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ် Manuel Valls မန်ဝဲ ဗဲစ်ကို အင်္ဂ࿿ါနေ့နောက်ဆုံးထားပြီး အစိုးရ အသစ်ဖွဲ့ဖို့ သမ္မတက ညွှန်ကြားထားပါတယ်။

စီးပွားရေးလုပ်ငန်းတွေကို အခွန်လျော့ကောက်တာ ကာမိအောင် အသုံးစရိတ်လျော့ချမယ့် အစိုးရရဲ့ အစီအစဉ်တွေကို ပြောင်းလဲဖို့ဝန်ကြီး ၂ဦးက တောင်းဆိုခဲ့ပြီးတဲ့နောက် အခုလို အစိုးရအဖွဲ့ကို အသစ်ဖွဲ့ဖို့ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

ခြို့ခြံချွတာရေး အစီအစဉ်တွေဟာ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေခဲ့ပြီ ပြင်သစ်နိုင်ငံနဲ့ ယူရိုဇုံတလျောက် စီးပွားရေး ပျက်ယွင်းနေတာတွေက သာဓကဖြစ်တယ်လို့ စီးပွားရေးဝန်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ထောက်ပြ ဝေဖန်နေခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ထိုင်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်ခံရ

 
 ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha

ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်-အိုချာဟာ ဘုရင် ဘူမိဘော-အဒ္ဒူရာဒတ်ရဲ့ထောက်ခံ အတည်ပြုမှု တရားဝင်ခန့်အပ်လွှာကို လက်ခံရယူပြီးတဲ့နောက် ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါပြီ။

ဒီအခွင့်အရေးတွေ လက်ခံရရှိမှုနဲ့အတူ ထိုင်းပြည်သူတွေကို ကျနော် ကတိပေးပါတယ်။ ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ တိုင်းပြည်အရေးကို ရှေ့ရှုပြီး ရိုးသားစွာနဲ့ တိုင်းပြည်အတွက် ပေးဆပ်သွားပါမယ်၊ ထိုင်းနိုင်ငံ ညီညွတ်ရေး၊ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်နိုင်ဖို့အတွက် ကျနော့်ဘက်က ပြန်လည်ပေးဆပ်သွားမှာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်သစ် ပရာရွတ်၊ ချန်အိုချာက ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

ကျန်းမာရေးသိပ်မကောင်းလှတဲ့ သက်တော် (၈၆) နှစ်အရွယ် ဘုရင် ဘူမိဘောကိုတော့ ဒီနေ့အခမ်းအနားမှာ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ပရာရွတ်ဦးဆောင်တဲ့ စစ်တပ်က လူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာသိမ်း ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ပရာရွတ်အနေနဲ့ ရှေ့လထဲမှာ ဗိုလ်ချုပ်ကြီးရာထူးကနေ အနားယူမှာ ဖြစ်ပြီး အဲဒီအချိန်မတိုင်ခင်အထိကတော့ ဗိုလ်ချုပ်ကြီးရာထူးနဲ့အတူ ဝန်ကြီးချုပ်အဖြစ် ပူးတွဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ငွေကြေးစုံစမ်းရေးဌာနက ဦးနေဝင်းမိသားစုရဲ့ ရင်းနှီးမြှုပ်နှံမှုကို စစ်ဆေးခဲ့

အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မိသားစု ဘဏ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတာကို စုံစမ်းစစ်ဆေးနေတယ် လို့  ငွေကြေးစုံစမ်း ထောက်လှမ်းရေး ဌာန အဆင့်မြင့် အရာရှိတဦးက ပြောပါတယ်။
စစ်ဆေးမှု ရလဒ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။



  • ငွေ ရေတွက်နေသော ရန်ကုန်မြို့ ဘဏ်တခုမှ ဝန်ထမ်းများ (Photo: JPaing / The Irrawaddy)

ဒီအကြောင်း ဧရာဝတီသတင်းတပုဒ်ဖြစ်တဲ့ Burma’s Financial Intelligence Unit Probed Ne Win Family’s Investment မှာ ရေးထားပါတယ်။
လင့်က http://www.irrawaddy.org/business/burmas-financial-intelligence-unit-probed-ne-win-familys-investment.html ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက   Asia Green Development (AGD) ဘဏ်ရဲ့ အစုရှယ်ယာ အများအပြားကို ဦးနေဝင်းမိသားစုက  ၀ယ်ယူတယ်လို့ သတင်းထွက်ပါတယ်။
ဒီသတင်း မီဒီယာမှာ မဖော်ပြခင်ကတည်းက ဒီရင်းနှီးမြှုပ်နှံမှုကို စုံစမ်းစစ်ဆေးမှု အစပြုပြီးဖြစ်တယ်လို့ ငွေကြေးစုံစမ်း ထောက်လှမ်းရေး ဌာန ဒု တပ်ဖွဲ့မှူး ဦးကျော်ဝင်းသိန်းက သတင်းသမားတွေကို ပြီးခဲ့တဲ့တပတ်က ပြောပါတယ်။
သူတို့ရဲ့စုံစမ်းရေးအခြေအနေ ဘယ်လို ရှိတယ်ဆိုတာကို သူက ထုတ်မပြောပေမယ့်  ဒီရင်းနှီးမြှုပ်နှံမှု ဆက်လုပ်ရေးကို ခွင့်ပြုထားတယ်လို့ ဆိုတယ်။
သြဂုတ် ၂၁ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့   ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေး ဆွေးနွေးပွဲမှာ သတင်းသမားတွေကို အဲဒီလို ပြောလိုက်တာပါ။

ဘာကြောင့် စစ်ဆေးရေးဝင်ရကြောင်းကိုတော့ ဦးကျော်ဝင်းသိန်းက မပြောပါဘူး။
ဒီရင်းနှီးမြှုပ်နှံမှုသတင်းကြောင့် ထွက်လာတဲ့ မေးခွန်းကြီးကတော့ ဦးနေဝင်းမိသားစုက ဒီငွေတွေကို ဘယ်ကရလာသလဲ ဆိုတာပါပဲ။

အဲဒီသတင်း လူပြောများစတုန်းကတော့  ဦးနေ၀င်း မြေးအကြီးဆုံးဖြစ်သူ ဦးအေးနေ၀င်းက ဧရာဝတီကို ရှင်းပြတာကတော့ ...
တရုတ်ကုမ္ပဏီတခုကနေ   ဒေါ်လာ ၄ ဒသမ ၉ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းခဲ့တာ ရှိတယ် ဆိုတာပါပဲ။
အစုရှယ်ယာ ၆၀ % ဝယ်ယူဖို့အတွက် AGD ဘဏ် တည်ထောင်သူ ဦးတေဇ နဲ့ သဘောတူညီပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

သို့သော်လည်း ဦးနေ၀င်း မိသားစုကို  AGD ဘဏ်ရှယ်ယာ ရောင်းမယ့် ကိစ္စ ပြန်စဉ်းစားနေတယ်လို့  ဦးတေဇက ပြောဆိုကြောင်း http://burma.irrawaddy.org/business/2014/08/12/63083.html သတင်းမှာ တွေ့ရပါတယ်။ ပြန်စဉ်းစားရခြင်း အကြောင်းရင်းကိုတော့ ဦးတေဇက သေချာ ရှင်းပြခြင်း မရှိပါ။

ပြီးခဲ့တဲ့ ၂ လအတွင်း  ငွေကြေးစုံစမ်း ထောက်လှမ်းရေး ဌာနက ဘဏ်တွေမှာ သံသယဖြစ်ဖွယ် ငွေသွင်း ငွေထုတ်မှုတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဌာနက ဘဏ်တွေဆီကနေ သံသယဖြစ်ဖွယ် ငွေသွင်း ငွေလွှဲမှုအကြောင်း အစီရင်ခံစာ လစဉ် တထောင်ကျော် ရနေတယ်လို့ ဆိုပါတယ်။

ဧရာဝတီblog

ယုံကြည်ချက်အပြည့်နဲ့ သတ္တိရှိရှိ ဆောင်ရွက်ကြဖို့ မြန်မာကို ကုလတိုက်တွန်း

မြန်မာနိုင်ငံကို သီတင်းတစ်ပတ်ကြာ ရောက်နေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေး နမ်ဘီယားဟာ သြဂုတ်လ ၂၅ ရက်နေ့က သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လေ့လာခဲ့သူ မစ္စတာ နမ်ဘီယားက အုပ်စုတွေ အားလုံးအနေနဲ့ ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့ သတ္တိရှိရှိ လက်တွေ့လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေးနမ်ဘီယားဟာ လက်ရှိခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တခြား သက်ဆိုင်ရာဝန်ကြီးတွေကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်း၊ စစ်တပ်အကြီးအကဲတွေနဲ့ နိုင်ငံရေးပါတီဝင်တွေနဲ့ တိုင်းရင်းလက်နက်ကိုင် အုပ်စုတွေအပြင် အရပ်ဘက်လူ့အဖွဲ့အစည်း၊ ကယ်ဆယ်ရေးအဖွဲ့အစည်းနဲ့ အမျိုးသမီးနဲ့ လူငယ်အဖွဲ့အစည်းတွေအပြင် သံတမန်ရေး ကိုယ်စားလှယ်တို့နဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။  ဒါပေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မတွေ့ဆုံခဲ့ဘဲ စောစောပိုင်း ဇူလိုင်လခရီးစဉ်အတွင်းက တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
NCCT ခေါ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့နဲ့ UPWC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအပြင် နိုင်ငံရေးပါတီတွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကိုလည်း မစ္စတာ နမ်ဘီယားဟာ လေ့လာသူအဖြစ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတဝှမ်း အပစ်အခတ်ရပ်ရေးနဲ့ နိုင်ငံရေးအရ အခြေအတင် ဆွေးနွေးနိုင်မယ့် ဘောင်တရပ် ချမှတ်နိုင်ရေးကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မှာကျင်းပခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ မစ္စတာ နမ်ဘီယားက အခုလို တိုက်တွန်းခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖဲန် ဒူဂျားရစ်ခ် က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားသွားပါတယ်။
မစ္စတာနမ်ဘီယားဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကြား နှစ်ဘက် ပထမဆုံးအကြိမ် ကျင်းပတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ညီလာခံကို လေ့လာသူတစ်ဦးအဖြစ် တက်ရောက်ခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ကိုယ်စား မစ္စတာ နမ်ဘီယားက သွေးစည်းညီညွတ်တဲ့ မြန်မာနိုင်ငံဖြစ်လာရေးနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ တပြေးညီတဲ့ အကျိုးစီးပွားအတွက် အမြင်ကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး ယုံကြည်ချက်အပြည့်အဝနဲ့ သတ္တိရှိရှိ လက်တွေ့လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။”
ဒါ့အပြင် မစ္စတာ နမ်ဘီယားအနေနဲ့ ၂၀၁၂ ဇွန်လပိုင်းက စပြီး ဘာသာရေးပဋိပက္ခဖြစ်ပွားခဲ့လို့ ဒုက္ခသည် သိန်းနဲ့ချီရှိတဲ့ ရခိုင်ပြည်နယ်ကိုလည်း ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေရဲ့ အကြောင်းရင်းခံတွေကို ဘယ်လို လက်တွေ့ ဖြေရှင်းနေကြသလဲ၊ ဒေသခံလူ့အဖွဲ့အစည်းတွေကို အထောက်အကူ ပေးရာမှာ ဘယ်လို တိုးတက်မှုတွေ ရရှိနေသလဲဆိုတာကို သူကိုယ်တိုင်သိရှိနိုင်ဖို့ သွားရောက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ နမ်ဘီယားဟာ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းနဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့သလို မြေပုံမြို့ကိုလည်း သွားရောက်ခဲ့ပြီး အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အခုလို တွေ့ဆုံမှုတွေအတွင်း မစ္စတာ နမ်ဘီယားက နှစ်ဘက်တို့ နားလည်မှုယူရာမှာ အားဖြည့်ကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျားရစ်ခ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“တွေ့ဆုံမှုတွေအတွင်း မစ္စတာ နမ်ဘီယားက ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးအပြင် လူ့အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအုပ်စုတွေကြား ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပေးရေး စတာတွေနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေး ကာလအတွင်းမှာ မြန်မာနိုင်ငံကို ကုလသမဂ္ဂအနေနဲ့ ထောက်ခံအားပေးသွားမယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။”
မစ္စတာနမ်ဘီယားရဲ့ အခုနှစ်အတွင်း (၈) ကြိမ်မြောက် မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ဟာ နယူးယောက်ခ်ရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ စက်တင်ဘာလမှာ ကျင်းပမယ့် (၆၉) ကြိမ်မြောက် အထွေထွေ ညီလာခံကြီး မတိုင်မီလည်း ဖြစ်ပါတယ်ရှင်။ 
VOA

Monday, August 25, 2014

တက္ကသိုလ်ဝင်ခွင့် ပုံစံပြောင်းလဲမှု ကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အလမ်းသစ်လား-- ဇော်မျိုးလှိုင်

တက္ကသိုလ်ဝင်တန်းစနစ်သစ်အရ ကျောင်းသား၊ ကျောင်းသူများ မိမိဝါသနာပါရာ တက္ကသိုလ်အား ရွေးချယ်နိုင်တော့မည်ဖြစ်သည်။ (ဓာတ်ပုံ - နစ်ကီ)

လာမည့်ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားကြသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါရာ ဘာသာရပ်များကို အရည်အချင်းနှင့် ဆန္ဒအပေါ်မူတည်၍ ရွေးချယ်တက်ရောက်နိုင်မည့် အခွင့်အလမ်းမျိုး ရရှိလာနိုင်မည်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပညာရေးအကြံပေးပညာရှင်များက ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများ ကြုံတွေ့ရမြဲဖြစ်သည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်ရရှိရန် အခွင့်အလမ်းနည်းပါးစေသည့် ကန့်သတ်ထားသည့် ဝင်ခွင့်အမှတ်များ မြင့်တက်ခြင်း၊ ကျောင်းသားလက်ခံမှုဦးရေ လျှော့ချခြင်း စသည့်ပြဿနာများကို လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။

လာမည့်ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်စိစစ်ရာတွင် အခြေခံပညာကျောင်းများမှ စဉ်ဆက်မပြတ် အကဲခတ်ကာ ဘက်စုံပညာအရည်အချင်းမှတ်တမ်းချုပ် (CPR, comprehensive personal record)မှ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ကြည့်ရှု၍ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ‘‘အရင်တုန်းက ကလေးရဲ့ရမှတ်ကိုပဲကြည့်တဲ့ ပေတံတစ်ခုတည်းကိုပဲ သုံးခဲ့တယ်။ အရင်တုန်းက အမှတ်ပေးစနစ်ကိုပဲ ကျင့်သုံးခဲ့တယ်။ အမှတ်ကောင်းတဲ့လူဟာ သူတို့ရွေးချယ်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ရတယ်။ အမှတ်မကောင်းတဲ့လူက ဝါသနာပါတာကို ရွေးချယ်လို့မရဘဲနဲ့ ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တွေကိုပဲ ရွေးချယ်ရတယ်။ အခုလိုဖြစ်တော့ ကလေးတစ်ယောက်က တက္ကသိုလ်ဝင်ခွင့်ကို အမှတ်တစ်ခုတည်းကိုပဲ မကြည့်ဘဲနဲ့ ကျန်တဲ့ဘက်စုံကို အလေးပေးပြီးတော့မှ ကလေးတစ်ယောက်ကို ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာနဲ့ အကိုက်ညီဆုံးဆိုတာကို ရွေးချယ်ခွင့်ရတာ အင်မတန်ကောင်းတဲ့ ပြောင်းလဲမှုတစ်ရပ်ပဲ’’ဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

ယခုနှစ် အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း (ခေါ်) ဒသမတန်းတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများမှာ အဆိုပါတက္ကသိုလ်ဝင်ခွင့် ရွေးချယ်စိစစ်သည့်စနစ် ပြောင်းလဲမှုကို ပထမဆုံးရင်ဆိုင်ရမည့်သူများဖြစ်သည်။ ‘‘အိမ်က ကလေးအတွက်ကတော့ အခုလည်း လိုအပ်တာအကုန်ကို စီစဉ်ပေးထားတယ်။ သူတို့ တက္ကသိုလ်တက်မယ့် နှစ်ကျတော့ ဝင်ခွင့်ပြောင်းတယ်ဆိုတော့ အမှန်အတိုင်းပြောရရင်တော့ ကျွန်မတို့လည်း ဘယ်လိုလဲဆိုတာကို အသေအချာမသိသေးဘူး။ သားကတော့ အင်ဂျင်နီယာဝါသနာပါတယ်ဆိုတော့ အခုကတည်းက အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒကို လေ့လာခိုင်းထားတယ်။ အဲဒါတွေနဲ့ ဝင်ခွင့်ပြန်ဖြေရမယ်လို့ ကြားထားတော့လေ’’ဟု ဒဂုံ(မြောက်ပိုင်း)မြို့နယ်မှ လက်ရှိ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသည့် ကျောင်းသား၏ မိခင်ဖြစ်သူ မလွင်မာကပြောသည်။

လာမည့်နှစ်မှစ၍ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးပါက လက်ရှိဝန်ထမ်းအင်အားနှင့် အချိန်ကာလ ပိုမိုလိုအပ်မည်ဖြစ်သလို ကျောင်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ စုပြုံလျှောက်ထားမည့် အခြေအနေကြောင့် အခြေခံအမှတ်သတ်မှတ်ချက် ဆက်လက်ရှိနိုင်ကြောင်း အငြိမ်းစားပညာရေးအရာရှိတစ်ဦးက သုံးသပ်ထားသည်။

‘‘ဒီနှစ်တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနကပဲ ရွေးချယ်ပေးတာပါ။ ရှေ့နှစ်ကစပြီးတော့ တက္ကသိုလ်အလိုက် ရွေးချယ်တဲ့စနစ်ကို ပြောင်းနိုင်ပါတယ်။ ဖြစ်နိုင်တာက ဆေးတက္ကသိုလ်က အင်္ဂလိပ်နဲ့ ဘိုင်အိုနဲ့ရွေးမယ်ဆိုရင် ဆရာတို့ကတော့ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒသုံးဘာသာမှာ ဘယ်လောက်ရမယ်ဆိုရင်တော့ ဝင်ခွင့်ကို လျှောက်ထားခွင့်ပြုမယ်ဆိုတာမျိုးတော့ အကြမ်းဖျင်းစဉ်းစားထားတယ်။ ဆွေးနွေးပြီးတော့ ပြည်သူတွေကို တရားဝင်ကြေညာမှာပါ။ အနည်းဆုံး ၁၀ လလောက်စောပြီးတော့ ကျောင်းသားနဲ့ ကျောင်းသားမိဘကို ကြေညာပေးသွားမှာပါ’’ဟု ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်ကပြောသည်။

နေပြည်တော်၌ ဇူလိုင် ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားပညာရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။ အဆိုပါ အမျိုးသားပညာရေးဥပဒေကြမ်းတွင် ကျောင်းသားများ၏ အရည်အချင်းနှင့် ဆန္ဒပေါ် အခြေခံ၍ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးနိုင်ရန် တင်ပြထားသောကြောင့် လာမည့်ပညာသင်နှစ်တွင် ယင်းဥပဒေနှင့်အညီ လိုက်နာကျင့်သုံးရတော့မည်ဖြစ်သည်။ ‘‘သက်ဆိုင်ရာဘာသာရပ်တွေကို စိတ်ဝင်စားတယ်ဆိုရင် ဘာသာရပ်အလိုက် ဖွံ့ဖြိုးမှုဖြစ်လာမယ်။ ကိုယ်ဝါသနာပါရာကို လေ့လာနိုင်ခွင့်ရလာမယ်။ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ဝင်ခွင့်ဖြေရမယ်ဆိုရင် 2nd Chance တစ်ခု သူ ရလာမယ်။ တချို့ဆိုရင် ဆေးပညာကို ဝါသနာလည်းပါတယ် အရမ်းလည်းတော်တယ်။ ဒါပေမဲ့ ဆေးအမှတ်မမီဘူး။ ဝါသနာနဲ့ ဆန္ဒနဲ့ သွားပြီးတော့ ထပ်တူမကျတဲ့အခါမှာ ဘယ်မှာပြဿနာသွားတက်လည်းဆိုတော့ လူသားရင်းမြစ်ဆုံးရှုံးမှုတွေ အများကြီးကြုံရတယ်’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကပြောသည်။

ပြီးခဲ့သည့် ၂၀၁၃-၁၄ ပညာသင်နှစ်တွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ဝင်ခွင့်အမှတ်များမှာ အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရမှတ် ကျား ၅၀၀၊ မ ၅၀၄ နှင့် ထိပ်ဆုံးတွင်ရှိနေသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်မှာ ကျား ၄၉၀၊ မ ၅၀၈ မှတ်နှင့် ဒုတိယ၊ ရေကြောင်းတက္ကသိုလ်ဝင်ခွင့်မှာ ကျား ၄၈၇၊ မ ၄၉၇ မှတ်နှင့် တတိယ အမှတ်ကန့်သတ်ချက် အများဆုံးဖြစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးလေးဘာသာနှင့်အထက် ရရှိခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများသာ ဝင်ခွင့်ရရှိရန် အိပ်မက်မက်နိုင်ခဲ့သည်။

‘‘ဒါက ကောင်းသောပြောင်းလဲမှုတစ်ခုပါ။ ကျောင်းသားက ကိုယ်ဝါသနာပါရာ ရွေးချယ်ပြီး တက်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဝင်ခွင့်စနစ်ကလည်း တက္ကသိုလ်တိုင်းက ဝင်ခွင့်ခေါ်မယ်ဆိုရင်လည်း ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေမှာလည်း စစချင်းဆိုရင် ရှုပ်ထွေးတဲ့အနေအထားမျိုးလည်း ရှိလာကောင်း ရှိလာနိုင်တယ်။ ခေါ်တဲ့ကြော်ငြာကို မသိလိုက်တာမျိုး၊ ဝင်ခွင့်ဖြေတဲ့ရက် တိုက်နေတာမျိုးတွေ ဖြစ်နိုင်တယ်။ တော်တော်လေးကို အသေးစိတ်ညှိရမယ့်ကိစ္စတွေပါ’’ဟု ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်ကပြောသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများမှာ ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များထက် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များကို အများစုရွေးချယ်တက်ရောက်ရသည့် အကြောင်းရင်းမှာ ပညာသင်နှစ်ပြီးဆုံး၍ အလုပ်ခွင်သို့ဝင်ရောက်ပါက အလုပ်အကိုင်ရရှိနိုင်သည့် အခွင့်အလမ်းပိုမိုများပြားခြင်းကြောင့်ဖြစ်သည်။ ‘‘ကလေးက အခုနှစ် ဆယ်တန်းအောင်ထားတယ်။ ဒါပေမဲ့ သူ့အမှတ်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကိုတက်ဖို့ အမှတ်ကမမီဘူး။ ရှေ့နှစ်ဝင်ခွင့်လျှောက်လို့ရပေမယ့် ကလေးကို တစ်နှစ်လောက် အပြင်သင်တန်းတက်ပြီး စောင့်နေဖို့တော့ မစဉ်းစားထားဘူး။ သူ့အမှတ်နဲ့ ဝင်တဲ့တက္ကသိုလ်ကို တက်ပြီးတော့ ကျောင်းပြီးရင် အပြင်သင်တန်းပဲ တက်ခိုင်းတော့မယ်လို့ စဉ်းစားထားတယ်’’ဟု ကြည့်မြင်တိုင်မြို့နယ် ထီးတန်းအိမ်ရာမှ ဒေါ်စန်းစန်းက သူမ၏သားအနာဂတ်အတွက် စဉ်းစားထားပုံကို ပြောပြသည်။

ထို့အပြင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် အချိန်နီးကပ်လာပါက သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ဝင်ခွင့်ဖြေဆိုရန် အနီးကပ်သင်တန်းများ၊ ကျူရှင်များနှင့် မေးခွန်းများ စသည်ဖြင့် အချိန်အခါကိုလိုက်၍ ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။

‘‘ဝင်ခွင့်တွေမှာလည်း မကုန်ဆုံးနိုင်တော့တဲ့ ကျူရှင်ပြဿနာပါ။ ဝင်ခွင့်စာမေးပွဲသင်တန်းတို့ အဲဒီလိုဇာတ်လမ်းတွေက အစပိုင်းမှာ ပေါ်လာနိုင်ဦးမှာပါ။ အဓိကပြင်ရမှာ စာမေးပွဲစနစ်ကိုရော၊ ဝင်ခွင့်စနစ်ကိုရော တစ်ပြိုင်တည်းတွဲပြင်ရမှာ။ အခုထိက စာမေးပွဲစနစ်ကို တစ်လုံးမှ ပြောတာမတွေ့ရသေးဘူး’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဦးဇော်မျိုးလှိုင်က ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးစနစ်ကို အသေးစိတ်အစီအစဉ် ရေးဆွဲဆောင်ရွက်၍ သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူများအား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်များကို မိမိတို့ဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူ၍ လျှောက်လွှာများကို ဩဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တွင် လာရောက်လျှောက်ထားနိုင်မည်ဖြစ်ပြီး အမှတ်နှင့်ဆုံးဖြတ်၍ ဝင်ခွင့်လျှောက်ထားရသည့်စနစ်မှာ ယခုနှစ်သည် နောက်ဆုံးအကြိမ်သာ ဖြစ်လာနိုင်မည်ဖြစ်သည် ။

7 days Journal

တရားရုံးက အမိန့်မချမှတ်ခင် စစ်တပ်က ၀င်ရောက်ဖျက်ဆီး

မေမြို့ခေါ် ပြင်ဦးလွင်မြို့ ညောင်နီကျေးရွာက တောင်သူလယ်သမား ၂၈ ဦးကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုဖို့အမှု ပြင်ဆင်ဆဲကာလ တရားရုံးက အမိန့်တစုံတရာမချမှတ်ခင်မှာ တောင်သူတွေရဲ့ စိုက်ခင်းတွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး စစ်တပ်က ၀င်ရောက်ဖျက်ဆီးနေတယ်လို့ တောင်သူတွေရဲ့ ရှေ့နေက ပြောကြား လိုက်ပါတယ်။
ဒါဟာ ဥပဒေဘောင်က ကျော်လွန်ပြီး လုပ်ကိုင်နေတာလို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်ဖို့ စီစဉ်နေတဲ့ အထက်မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဒေါ်ရွက်နုအောင်က ပြောပါတယ်။
"ရဲကလည်း စုံစမ်းစစ်ဆေးနေတဲ့ အတောအတွင်းမှာ တပ်မတော်သားတွေကဝင်တယ်၊ နောက်တောင်သူတွေ စိုက်ထားတဲ့ ဝင်းထရံတွေ တိုင်တွေကိုဖျက်ပြီးတော့ လှဲပစ်တယ်၊ အပင်တွေဝင်ပြီးတော့မှ စက်တွေနဲ့ကြိတ်တယ်၊ ခွင့်ပြုချက်မရဘဲ တောင်သူတွေစိုက်ထားတဲ့ ဝင်းတွေအပြင်ဘက်ကနေ ပြန်ပြီးတော့ ဝင်းတွေလိုက် ခတ်တယ်၊ တောက်လျှောက်လုပ်နေပါတယ်ရှင့်၊ တရားစွဲဖို့လုပ်ထားတဲ့အခါမှာတော့ ရုံးတော်ရဲ့အမိန့်ကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် လိုက်နာနာခံရမှာကတော့ ကျမတို့တိုင်းပြည်မှာရှိတဲ့ ဥပဒေနဲ့အညီလုပ်တဲ့လုပ်ရပ်ပါရှင့်၊ ဒီအတောအတွင်းမှာကို တကယ့်ကို ဥပဒေမဲ့လုပ်ရပ်တွေဖြစ်နေတယ်၊ ကျမတို့က ဒါကြောင့်မို့ ဒါဟာ မလုပ်သင့်ဘူး၊ လုပ်လို့လည်းမရဘူးဆိုတာကို သူတို့ကိုရှင်းပြတယ်"
အဲဒီလိုလုပ်ရပ်တွေကြောင့် ပဋိပက္ခအသွင်ဆောင်တဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်နေရတာလို့ လည်း ရှေ့နေ ဒေါ်ရွက်နုအောင်က သုံးသပ်ပါတယ်။
"ပြဿနာတွေ ခဏခဏဖြစ်တယ်၊ တောင်သူတွေနဲ့ ဖြစ်ကြတယ်ဆိုတာ အဲဒါတွေပဲ၊ တရားလိုလုပ်တဲ့ စစ်တပ်၊ ရဲ၊ ခရိုနီ ဘယ်သူမှာမှ ဥပဒေကိုမလိုက်နာဘူး၊ တရားရုံးမှာလည်း တရားစွဲထားမှန်း သိသိကြီးနဲ့ သူတို့က အတင်းအဓမ္မဝင်ပြီးတော့ ဒီလိုတွေလုပ်တဲ့အခါကျတော့ မခံမရပ်နိုင်ဖြစ်တဲ့ တောင်သူတွေက တားဆီးရင်းနဲ့ ပဋိပက္ခတွေကဖြစ်တာပါ၊ ဒါကြောင့် စစ်တပ်က တပ်မတော်သားတွေနဲ့ တွေ့တဲ့အခါ ပဋိပက္ခတွေကို မဖြစ်စေချင်ဘူးဆိုတဲ့အကြောင်းကိုလည်း ကျမတို့ပြောပြီးတော့ တားမြစ်ခဲ့ပါတယ်"
၂၀၁၃ ခုနှစ် လယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ လယ်ယာမြေရှိတဲ့သူတွေဟာ အစိုးရဆီက  အခွန် ငါးနှစ်လွတ်ကင်းခွင့်နဲ့ အတိုးနည်းချေးငွေ ရနိုင်ရပါတယ်။
ဒါပေမဲ့ တောင်သူလယ်သမားတွေ မြေမဲ့ယာမဲ့ဖြစ်ပြီး ဒီမြေယာတွေ လက်ဝယ်ရရှိသူတွေဟာ ဒီအခွင့်အရေးတွေ ခံစားနိုင်မယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေအရ မြေယာလက်ရှိဖြစ်တဲ့သူက ပိုင်ရှင်ဖြစ်တယ်လို့လည်း တဆက်တည်း ပြောကြားပါတယ်။
အထက်မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ဒေါ်ရွက်နုအောင်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

အာဆီယံပေါင်းစည်းရေးနဲ့ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်

၂၀၁၅ ခုနှစ်မှာ Asean ဒေသတွင်း လွတ်လပ်တဲ့ စီးပွားရေးအသိုက်အဝန်း ပေါ်ထွန်းလာတဲ့အခါ မြန်မာနိုင်ငံအနေနဲ့လည်း အကျိုးအမြတ်တွေ ခံစားရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာသမ္မတက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကနေ လက်တွေ့ အကျိုးအမြတ်တွေ ခံစားရဖို့ အတွက်ကတော့ စိမ်ခေါ်မှုတွေလည်း ရှိနေဆဲပါ။ နေပြည်တော်မှာ ဒီကနေ့စတင် ဖွင့်လှစ်ခဲ့တဲ့ ၄၆ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။
  1. အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်ရေး အာရုံစိုက် ဆွေးနွေးကြမယ့် စီးပွားရေးဝန်ကြီးများနဲ့ ဆက်စပ် အစည်းအဝေးတွေ နေပြည်တော်မှ စတင်ကျင်းပနေတာပါ။ လေးရက်ကြာ အစည်းအဝေး အစနေ့အဖြစ် အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံက သမ္မတဦးသိန်းစိန် အဖွင့်မိန့်ခွန်းပြောရာမှာတော့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုတွေကနေ မြန်မာနိုင်ငံလည်း အကျိုးအမြတ်တွေ ခံစားရဖို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။
    သမ္မတဦးသိန်းစိန်၊ (၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးမှာ မိန့်ခွန်းချွေစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၄-ဓာတ်ပုံ/ ပြန်ကြားရေးဝန်ကြီးဌာန)သမ္မတဦးသိန်းစိန်၊ (၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးမှာ မိန့်ခွန်းချွေစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၄-ဓာတ်ပုံ/ ပြန်ကြားရေးဝန်ကြီးဌာန)
    ​“အခု ကျင်းပမယ့် (၄၆) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေး ကာလအတွင်း လုပ်ငန်းစဉ်များအတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲနဲ့ တတိယအကြိမ်မြောက် အာဆီယံ -- စီးပွားရေးလုပ်ငန်းရှင်များအစည်းအဝေးကို ကျင်းပမှာဖြစ်တဲ့အတွက် ပုဂ္ဂလိကဏ္ဍများနဲ့ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတို့ကြား ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးပါတယ်လို့ ယုံကြည်ပါတယ်။”
အာဆီယံစီးပွားရေးအသိုက်အဝိုင်း ပေါ်ပေါက်လာတဲ့အခါ အဆင်သင့်ဖြစ်စေဖို့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အားကောင်းလာစေဖို့၊ ပုဂ္ဂလိကကဏ္ဍကို အားပေးဖို့ အစီအစဉ်တွေကိုလည်း မြန်မာနိုင်ငံမှာ စတင်ပြင်ဆင်နေပြီလို့လည်း သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့တာပါ။ သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ဖွံ့ဖြိုးမှုကွာဟချက်တွေ နည်းပါးအောင် ဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
 “အာဆီယံနိုင်ငံတွေအတွင်းမှာ ဖွံ့ဖြိုးမှု ကွာခြားချက်ကိုလျှော့ချနိုင်မယ့်အစီအမံတွေကို ၂၀၁၅ မှာ ကျနော်တို့ဘက်က တင်သွင်းဖို့ရှိတဲ့အကြောင်း ကျနော်တို့ ပြောပါတယ်။ အခု ကျနော်တို့ ပြောနေတာက ၂၀၁၅ အလွန်ကာလအတွက် စီမံကိန်းတွေ တင်ပြဖို့ ရှိတယ်။ နောက် အာဆီယံနဲ့ ဆွေးနွေးဘက်နိုင်ငံတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အစီအမံတွေ ရှိတယ်။ နောက်တခုက အာဆီယံရဲ့လုပ်ထုံးလုပ်နည်းတွေကို ကျနော်တို့ ပြည်တွင်းကလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ ပိုပြီးတော့သိဖို့၊ နောက်တခါ အဲဒီကနေ ရလာမယ့် အခွင့်အရေးတွေကို ယူတတ်ဖို့ - ဒီဟာမျိုးတွေကို ကျနော်တို့က ရည်ရွယ်လုပ်ဆောင်နေတယ်။ အာဆီယံ လွတ်လပ်သော စီးပွားရေးကုန်သွယ်မှုဇုံထဲမှာ ကျနော်တို့ ဝင်ပြိုင်နိုင်ဖို့အတွက် အသင့်ဖြစ်အောင်၊ အခွင့်အရေးတွေ ယူနိုင်အောင် ဒါတွေကိုလည်း ကျနော်တို့ လုပ်နေပါတယ်။
“တခုကတော့ဗျာ- ခရီးသွားလုပ်ငန်းကတော့ တိုက်ရိုက် အခွင့်အလမ်းတွေရမယ်၊ အဓိကအားဖြင့်ပြောရရင် နံပါတ် (၁) ကတော့ Exposure လို့ခေါ်တဲ့ အသိအမြင်တွေ ပိုကျယ်လာတယ်။ (၂) ကတော့ Networking လို့ခေါ်တဲ့ ကွန်ယက်ပေါ့နော်၊ နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက်တွေ၊ စီးပွားဘက်တွေနဲ့ ကျနော်တို့ ကွန်ယက်တွေ တည်ဆောက်နိုင်တယ်။ ဒါတွေအားလုံးက ကျနော်တို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရလာတဲ့အခွင့်အရေးတွေပေါ့။”
နေပြည်တော်မှာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေးမှာတော့ ဒေသတွင်း ကုန်စည်ကူးသန်းရေး၊ အကောက်ခွန်လျော့ချရေး၊ အကောက်ခွန်မဟုတ်တဲ့ ကုန်သွယ်မှု အဆီးအတားတွေ ဖယ်ရှားရေး၊ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းဥပဒေတွေ စံချိန်စံညွှန်းသတ်မှတ်ရေး စတဲ့ ကိစ္စတွေကိုလည်း စီးပွားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဆယ်စုနှစ်နဲ့ချီပြီး အထီးကျန် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ အနေနဲ့ လွတ်လပ်စွာ ကုန်သွယ်မှုတွေက အကျိုးအမြတ်တွေ လက်တွေ့ ခံစားဖို့ကတော့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။
“ဈေးကွက်ပိုကျယ်ပြန့်လာမယ်၊ မိမိရဲ့နိုင်ငံကနေပြီးတော့ ထွက်ကုန်တွေပေါ့နော်- အာဆီယံနိုင်ငံတွေအတွင်းမှာ အေအီးစီမူဘောင်အတွင်းကနေပြီးတော့ ဈေးကွက်ပို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောင်းချနိုင်မှာပေါ့နော်။ သို့သော်လည်းပဲ မိမိနိုင်ငံကနေ ရောင်းချသလိုပဲ တခြားနိုင်ငံကလည်း မိမိနိုင်ငံအတွင်းကို ရောင်းချတာတွေ၊ တင်သွင်းတာတွေလည်း ရှိမယ်။ ထိုနည်းလည်းကောင်းပဲ၊ ရင်းနှီးမြှုပ်နှံမှုတွေလည်းပဲ ဝင်လာမှာပေါ့နော်။ အဓိက-ကတော့ ကျနော်တို့ကနေပြီး အခြားနိုင်ငံကို ရောင်းချနိုင်ဖို့ဆိုရင် ကျနော်တို့ရဲ့ Industries တွေကနေပြီးတော့ productivity တွေပေါ့နော် မိမိရဲ့ကုန်ထုတ်စွမ်းအားတွေ မြင့်တက်လာအောင်ကြိုးစားဖို့လိုမယ်။ နောက်တခါ မိမိတို့ရဲ့ပစ္စည်းတွေကို ဈေးကွက်ကလက်ခံနိုင်တဲ့အရည်အသွေးတွေ ထုတ်လုပ်နိုင်ဖို့အတွက်ကို ပြင်ဆင်ဖို့ လိုတာပေါ့နော်။ အဲလို ပြင်ဆင်နိုင်တယ်၊ အဲလို ထုတ်လုပ်နိုင်တယ်ဆိုရင်တော့ ကျနော်တို့ကလည်း တခြားနိုင်ငံကို ဈေးကွက်တွေ ဖြန့်ကျက်နိုင်မှာပေါ့။”
လွတ်လပ်စွာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို အဓိကထားမယ့် ဆွေးနွေးပွဲတွေကိုတော့ အာဆီယံ အသင်းဝင်တွေသာမက အာဆီယံရဲ့ စီးပွားဖက်တွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ သြစတြေးလျ၊ ရုရှား၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ အမေရိကန် စတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင် တက်ရောက်ကြမှာ ဖြစ်ပါတယ်။
မဆုမွန်VOA

ဦးဝင်းချိုနှင့်ကိုဝေဠုကို ထောင်ဒဏ် ၃ လစီ ချမှတ်

 
ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးဝင်းချိုနဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠု ကို ကျောက်တံတားမြို့နယ် တရားရုံးကနေပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ပုဒ် ၁၈ နဲ့ ထောင်ဒဏ် ၃ လစီချမှတ်လိုက်ပါတယ်။
ဦးဝင်းချို (ဓာတ်ပုံ - ဒီဗွီဘီ)



ဦးဝင်းချိုနဲ့ ကိုဝေဠု တို့ဟာ အခုနှစ် မတ်လ တုန်းက လျှပ်စစ်မီတာ ခတက်တဲ့ကိစ္စနဲ့ ပတ် သက်ပြီး ဆန္ဒ ဖော် ထုတ်တဲ့နေရာမှာ တာဝန် ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာလို့ သူတို့ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သူတို့နှစ်ဦးလုံးကို အဲဒီ ဆန္ဒထုတ်ဖော်မှုနဲ့ ထောင်ဒဏ် ၃ လစီချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကိုဝေဠုကိုတော့ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ဦးဆောင်ပါဝင် တယ်ဆိုပြီး ပုဒ်မ ၁၈ နဲ့ နောက်ထပ် ၁ လချမှတ်တဲ့အတွက် စုစုပေါင်း ၄ လ ဒီကနေ့ ချမှတ်ခံရတာဖြစ်ပါတယ်။

 ယနေ့ ထောင်ကျမယ်ဆို တာ သိပေမယ့် မနေ့ ကထိ ပဲခူးက ရေဘေးဒုက္ခသည်
တွေကို လာရောက်ကူညီပေးသွားတဲ့ ဦးဝင်းချို။
ဓါတ်ပုံ- Mgsxit Mone.
ဒီဗွီဘီ

UNFC ပထမအကြိမ် ညီလာခံ ကျင်းပနေပြီး ခေါင်းဆောင်သစ်များ ပြန်လည်ရွေးမည်


 
Monday, 25 August 2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ သုံးနှစ်တစ်ကြိမ်ကျင်းပသည့် ပထမအကြိမ် ညီလာခံကို သြဂုတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၏ နယ်စပ်တစ်နေရာတွင် စတင်ကျင်းပနေပြီဖြစ်ပြီး ညီလာခံတွင် UNFC၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းအပြင် ခေါင်းဆောင်သစ်များလည်း ပြန်လည်ရွေးချယ်မည်ဟု UNFC၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။
ညီလာခံတွင် UNFC ၏ သုံးနှစ်သာ လုပ်ဆောင်ခဲ့သော အခြေအနေများ ပြန်လည် သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်လှမ်းမည့် အခြေအနေများကို ဆွေးနွေးကြမည်ဟု နိုင်ဟံသာက ပြောသည်။
“ရှေ့လုပ်ငန်းစဉ်တွေ ဆိုတဲ့ထဲမှာ လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေ ပါမယ်။ နောက်ပြီး လက်ရှိ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးမှုကို တက်လှမ်းနိုင်ဖို့၊ အနာဂတ် ဖက်ဒရယ်နိုင်ငံမှာ တစ်ဖက်ကလဲ ဖက်ဒရယ် စနစ်နဲ့အညီ တပ်တွေကို ဘယ်လိုဖွဲ့စည်းမလဲ။ ဒီကိစ္စတွေ အပါအဝင်ပေါ့နော်။ ဖက်ဒရယ်ပုံစံကို ဘယ်လို ဖော်ဆောင်မလဲ။ ဒါတွေကအစ အများကြီးဆွေးနွေးရမှာပါ”ဟု သူက ပြောသည်။
အဆိုပါညီလာခံကို သြဂုတ်လ ၂၅ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ကျင်းပကြမည်ဖြစ်ပြီး ညီလာခံအတွင်း UNFC ခေါင်းဆောင်များ ကို အသစ်ပြန်လည် ရွေးချယ်သွားမည်ဟု နိုင်ဟံသာက ပြောသည်။
ခေါင်းဆောင်များ ပြန်လည်ရွေးချယ်မှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ရွေးချယ်မည်ကို မဇ္ဈိမက မေးမြန်းရာ “မသတ်မှတ်ရသေးဘူး။ ဘာမှသတ်မှတ်ချက်မရှိသေးဘူး။ အစီအစဉ်မရောက်သေးဘူး”ဟုသာ ပြန်လည်ဖြေကြားသည်။
UNFC ၏ လက်ရှိ ဥက္ကဋ္ဌ မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်ပြီး ဒု-ဥက္ကဋ္ဌ သည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ အေဘယ်လ်တွီဒ်တို့ တာဝန်ယူထားသည်။
အဆိုပါ ညီလာခံသို့ UNFC အဖွဲ့ဝင်မဟုတ်သည့် NCCT အဖွဲ့ဝင်များဖြစ်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်တပ်မတော် (AA) တို့ အထူးဖိတ်ကြားချက် အရ တက်ရောက်ကြပြီး လူဦးရေစုစုပေါင်း ၆ဝ ခန့် တက်ရောက်ဆွေးနွေးမည် ဖြစ်သည်။
UNFC ၏ အဓိက ဦးတည်ချက်ဖြစ်သည့် တိုင်းရင်းသားများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိသည့် ဖက်ဒရယ် ပြည်ထောင်စု အကောင်အထည်ဖော်နိုင်ရေးဖြစ်၍ ဆက်လက် ကြိုးပမ်းသွားမည်ဟု နိုင်ဟံသာက ပြောသည်။
“ကနေ့အနေအထားမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အများစုက UNFC မှာ စုစည်းထားမှုကနေ ဦးတည်တာက ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်ရေးဖြစ်တယ်။ အဲဒါကို ကနေ့အခြေအနေမှာ အစိုးရကလည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဦးတည်ထားတယ်ဆိုတော့ အဲဒီတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်အရ ဖက်ဒရယ် ပြည်ထောင်စုကို အဓိကထားပြီးတော့ ကြိုးပမ်းသွားမှာပါ”ဟု သူက ပြောသည်။
အဆိုပါ ညီလာခံ ကျင်းပပြီးနောက် ပြည်တွင်းမှ နိုင်ငံရေးပါတီအချို့နှင့်လည်း ဆက်လက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်ဟု သိရသည်။
UNFC သည် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသော UNFC တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင် အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PSLF/TNLA)၊ ဝ အမျိုသား အစည်း အရုံး(WNO)နှင့် မြန်မာနိုင်ငံ အမျိုးသားမဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။
မဇ္ဈိမ

မူးယစ်ဆေး ဒေါ်လာ ၁၇ သန်းဖိုး တနင်္သာရီတိုင်းမှာ ဖမ်းမိ

တနင်္သာရီတိုင်းမှာ Ecstasy အမျိုးအစား ဆေးပြား ဒေါ်လာ ၁၇ သန်းဖိုး ဖမ်းမိကြောင်း အာဏာပိုင်တို့က ပြောပါတယ်။

 



  • Ecstasy ဆေးပြား   (Photo: Reuters / U.S. DEA)

ဒါဟာ မြန်မာပြည် မူးယစ်ဆေး ရောင်းဝယ်မှု နှိမ်နင်းတဲ့ သမိုင်းမှာ အများဆုံး အများဆုံး ဖမ်းဆီးရမိခြင်းပါပဲ။

ကော့သောင်းမြို့မှာ ကပ်ထားတဲ့ သင်္ဘောကို သြဂုတ်လ ၁၉ ရက်နေ့က ရှာဖွေချိန်မှာ ဒီလို ဖမ်းဆီးလိုက်နိုင်တာဖြစ်တယ် လို့ ရဲတပ်ဖွဲ့က ဧရာဝတီကို ပြောပါတယ်။
 အဲဒါ မလေးရှားကိုသွားမယ့် သင်္ဘောလို့ ဆိုတယ်။

မြန်မာပြည်ဟာ နိုင်ငံတကာမူးယစ်ဆေးကုန်သွယ်ရေးမှာ ကြားခံအဖြစ် အသုံးချခံရတာဖြစ်တယ်၊ ဒီဆေးတွေ မလေးရှားကိုသာမက အမေရိကကိုပါ သွားဖို့ အစီအစဉ် ရှိပါတယ်။

ဆေးပြားအရေအတွက် ၂ သန်း ကျော်တယ်၊ ဆေးပြားမှာ Nike ဆိုတဲ့ တံဆိပ်ပါတယ်၊ နောက်တံဆိပ်တခုကတော့  RM လို့ ဆိုတယ်။

Nike ၂၉၇ ထုပ် နဲ့  RM တံဆိပ်က   ၁၈၀ ရှိတယ်၊  တထုပ်ကို ဆေးပြား ငါးထောင်စီ ပါဝင်တယ်လို့ ဆိုတယ်။

လှေပေါ်မှာပါတဲ့ ၁၅ ဦးကို ထိန်းသိမ်းထားပါတယ်။

မူးယစ်ဆေး ဘယ်လမ်းကြောင်းကနေ ကော့သောာင်း ရောက်လာတယ်၊ ပိုင်ရှင် ဘယ်သူဖြစ်တယ် ဆိုတာကိုတော့ စုံစမ်းဆဲပါပဲ။
ပစ္စည်းတွေက မလေးရှားနိုင်ငံ ပီနန်မြို့ကို သွားမယ်လို့ သတင်းရထားပါတယ် တဲ့။

ဧရာဝတီ

စာပေအနုပညာရှင်များ နိုင်ငံရေးမှာ ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

 စာပေ၊ အနုပညာရှင်များ, ဒေါ်အောင်ဆန်းစုကြည်, နိုင်ငံရေး
 ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင်များ ယနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ တွေ့ဆုံသည့် အခမ်းအနား (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
တိုင်းပြည် အကူးအပြောင်းအတွက် ဝိုင်းပြီး ရုန်းကန်နေကြတဲ့ အခြေအနေမှာ စာပေအနုပညာရှင်များလည်း နိုင်ငံရေး နယ် ပယ် ထဲ ပါဝင်လာဖို့ လိုအပ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆို လိုက်ပါတယ်။
ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်တဲ့ စာပေအနုပညာရှင်များနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ နိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ပါ၊ စာပေအနုပညာရှင်တွေ ကူညီဖို့ လိုတယ်၊ ကျမတို့ လုပ်နေတဲ့ အလုပ်တွေမှာ အတူတူ လက်တွဲလုပ်ဖို့ လိုပါတယ်”လို့ ပြောပါတယ်။
စာပေအနုပညာရှင်တွေဟာ ပြည်သူပြည်သားတွေ လက်ခံယုံကြည်ရမယ့်၊ လုပ်ဆောင်ရမယ့် တာဝန်တွေကို မီးမောင်းထိုးပြ စေချင်ကြောင်း၊ ထမ်းဆောင်ရမယ့် တာဝန်တွေကို အကြံဉာဏ် ပေးစေလိုကြောင်း၊ အဲဒီ တာဝန်တွေကို အကောင် အထည် ဖော်ဖို့နဲ့ တိုးတက်ဖို့ ကိစ္စတွေမှာလည်း အကူအညီပေးစေလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆို သွားပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေအနုပညာရှင်တွေရဲ့ ဒီနေ့ တွေ့ဆုံမှုကပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
စာပေအနုပညာရှင်တွေ အနေနဲ့ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့အတူ လက်တွဲ လုပ်ကိုင်ဖို့၊ တိုင်းပြည်ရဲ့ အရေးကြီးဆုံးဖြစ် နေတဲ့ ကာလမှာ အနုပညာရှင်တွေ ပါဝင်လာဖို့၊ စာပေအနုပညာရှင်တွေရဲ့ အမြင် သဘောထားတွေကိုလည်း သိချင် တာ ကြောင့် တွေ့ဆုံပွဲကို စီစဉ်တာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုင်းပြည် ပြောင်းလဲရေး လုပ်ဆောင်တဲ့ နေရာမှာ နိုင်ငံရေးသမားတွေချည်း လုပ်ဆောင်လို့ မရဘူး၊ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေး ပါတီတွေက ပြောဆိုမှုတွေကို ပြည်သူတွေက နိုင်ငံရေးသမားတွေမို့ ပြောတယ်လို့ ထင်တတ်ကြတယ်”လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး“ဒီပါတီ ဟိုပါတီက မဟုတ်ဘဲ နိုင်ငံရေးသမားတွေ မဟုတ်တဲ့ စာပေအနုပညာရှင် တွေက ချပြရင် ပြည်သူတွေက လက်ခံကြပါတယ်၊ စာပေအနုပညာရှင်တွေဟာ အင်မတန်မှ ထူးခြားတဲ့ နေရာမှာ ရှိပါတယ်။ တာဝန် သိစိတ်လည်း ရှိဖို့ လိုပါတယ်”လို့ ပြောဆိုပါတယ်။
စာပေနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ အချင်းချင်း အဆက်အသွယ် အမြဲရှိနေဖို့က အရေးကြီးတဲ့ အချက်တခု ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အကြံပြုပါတယ်။
ဒီနေ့ တွေ့ဆုံပွဲကို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ စာပေနယ်ပယ် အသီးသီးက ပုဂ္ဂိုလ် အများအပြား တက်ရောက်ပြီး စာရေးဆရာများကဏ္ဍ၊ ပန်းချီနဲ့ဓာတ်ပုံကဏ္ဍ၊ ကဗျာဆရာများကဏ္ဍ နဲ့ ကာတွန်းဆရာများကဏ္ဍ အသီးသီးက ၎င်းတို့ ကြုံတွေ့နေရတဲ့ အခြေ အနေတွေ၊ အခက်အခဲတွေနဲ့ တောင်းဆိုလိုတဲ့ အချက်အလက်တွေကို ပြန်လည် တင်ပြပြောဆို သွားကြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံသလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့လည်း စာနယ်ဇင်း တွေ ဘက်က ရပ်တည် ပေးစေချင်တယ်၊ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြု အဖွဲ့တွေက ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို အထောက်အကူပြု ကူညီပေးစေချင်တယ်”လို့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ စာရေးဆရာမ စန်းစန်းနွဲ့(သာယာဝတီ) က ပြော ပါတယ်။
စာနယ်ဇင်းသမားများ ဖိနှိပ်ခံရခြင်း၊ ဖမ်းဆီးထောင်ချ ခံနေရခြင်းများ၊ ကဗျာဆရာတွေ အနေဖြင့် နိုင်ငံရေး ကိစ္စတွေမှာ ပါဝင် လှုပ်ရှားမှုများ၊ ကာတွန်းဆရာတွေ အတွက် လေ့လာရေး ခရီးစဉ်များ၊ ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေး ကိစ္စများနဲ့ ပန်းချီဓာတ်ပုံဆိုင်ရာ ကိစ္စတွေကို ပြောဆို ဆွေးနွေးသွားကြကြောင်းလည်း သိရပါတယ်။
ဧရာဝတီ