Pages

Saturday, November 15, 2014

နိုင်ငံကြီးတွေ အနိုင်မကျင့်ဖို့ အိုဘာမား ပြော

 
ဩစတေးလျ နိုင်ငံကို စက်မှုအင်အားကြီး နိုင်ငံတွေရဲ့ ဂျီ ၂၀ ထိတ်သီး ဆွေးနွေးပွဲ တက်ဖို့ ရောက်လာတဲ့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက အာရှပစိဖိတ် ဒေသအတွင်း နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး အင်အားကြီး နိုင်ငံတွေက နိုင်ငံငယ်တွေပေါ်မှာ အနိုင်ကျင့် တာမျိုးတွေ မရှိသင့်ဘူးလို့ ပြောကြား ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် အတွင်းမှာ ကြုံနေရတဲ့ နယ်နမိတ်အငြင်းပွားမှုတွေ နဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ လည်း သတိပေး ပြောကြားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

နိုင်ငံကြီးတွေ အနိုင်မကျင့်ဖို့ အိုဘာမား ပြော

 
ဩစတေးလျ နိုင်ငံကို စက်မှုအင်အားကြီး နိုင်ငံတွေရဲ့ ဂျီ ၂၀ ထိတ်သီး ဆွေးနွေးပွဲ တက်ဖို့ ရောက်လာတဲ့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက အာရှပစိဖိတ် ဒေသအတွင်း နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး အင်အားကြီး နိုင်ငံတွေက နိုင်ငံငယ်တွေပေါ်မှာ အနိုင်ကျင့် တာမျိုးတွေ မရှိသင့်ဘူးလို့ ပြောကြား ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် အတွင်းမှာ ကြုံနေရတဲ့ နယ်နမိတ်အငြင်းပွားမှုတွေ နဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ လည်း သတိပေး ပြောကြားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဆန္ဒပြကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်ဝင်းထဲဝင်ရောက်


အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု သပိတ်ဆင်နွှဲနေတဲ့ ဒုတိယနေ့မှာ ရန်ကုန်တက္ကသိုလ်အဝင်မှာ အာဏာပိုင်တွေဘက်က တားမြစ်ကန့်သတ်မှုတွေရှိပေမဲ့ ဆန္ဒပြကျောင်းသားတွေက ရန်ကုန်တက္ကသိုလ်ဝင်းထဲအထိ ဝင်ရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားထုရဲ့ လိုလားချက်တွေကို အစိုးရ၊ ဥပဒေပြု လွှတ်တော်အမတ်တွေကို သိရှိစေဖို့ တောင်းဆိုတဲ့ ကျောင်းသားသပိတ်တွေ ၄ ရက် ဆက်တိုက် ရန်ကုန်မှာ ဆင်နွှဲနေကြတာဖြစ်ပါတယ်။ ကျောင်းသားသပိတ် နောက်ဆုံးအခြေအနေ မဆုမွန် တင်ပြပေးထားပါတယ်။
လွှတ်တော်မှာအတည်ပြုပြီး သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ပညာရေး မူဝါဒတွေကို ချမှတ်ထားပြီးတော့ ကျောင်းသားအခွင့်အရေးတွေကိုလည်း ကန့်သတ်ထိန်းချုပ်မှုတွေရှိတယ်။ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူးဆိုပြီးတော့ တနိုင်ငံလုံးက ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) က ကျောင်းသားတွေ ဦးဆောင်ပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ပြီးတော့ ကျောင်းသားတွေ၎ ရက် ဆက်တိုက် ဆန္ဒပြဖို့ အစည်းအဝေးဆုံးဖြတ်ခဲ့ကြပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီး မြို့တော်ခန်းမရှေ့မှာ ရာနဲ့ချီတဲ့ကျောင်းသားတွေ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ ဒီကနေ့ ဒုတိယမြောက်နေ့မှာလည်း စီတန်းလှည့်လည် ဆန္ဒပြမှုတွေနဲ့ ထိုင်သပိတ်ဆင်နွှဲမှုတွေ လုပ်ခဲ့ကြပါတယ်။
“…ကျနော် တို့သွေးနဲ့ ရေးတဲ့သမိုင်း-ကျနော် တို့သွေးတွေနဲ့ တက္ကသိုလ် တဝိုက် ဒေါင်းအလံတွေစိုက် ထိုတနေ့တော့ ရောက်လာမှာပါ ဇွဲမလျှော့နဲ့ ငါ့သူငယ်ချင်း…..”
အခုကြားခဲ့ရတာကတော့ ကျောင်းသားခေါင်းဆောင်တွေ ဟောပြောနေတဲ့ အသံပါ။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းကို ချီတက်ဖို့ စီစဉ်ချိန်မှာ အာဏာ ပိုင်တွေရဲ့ တားမြစ်မှုကိုခံခဲ့ရပေမဲ့ တက္ကသိုလ်ဝင်းထဲအထိ ဝင်ရောက်ဆန္ဒပြနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒုတိယမြောက်နေ့ ဆန္ဒပြပွဲ အခြေအနေနဲ့ ပတ်သက်လို့ ဗကသ အဖွဲ့ချုပ် သတင်းပြန်ကြား တာဝန်ခံ ကိုရဲရင့်ကျော်က အခုလိုပြောပြပါတယ်။
“ကျနော်တို့ ဒုတိယနေ့ သပိတ်မှောက်ဆန္ဒပြတာက သမိုင်းလမ်းဆုံကနေစပြီး ချီတက်လမ်းလျှောက်တယ်၊ နောက်ပြီးတော့ လှိုင်နယ်မြေကိုဖြတ်တယ်။ လှိုင်နယ်မြေကိုလည်းပိတ်ထားတယ်၊ ရန်ကုန်တက္ကသိုလ်ဝင်းကိုလည်း ပိတ်ထားတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းအထိ ရောက်တဲ့အခါမှာ အဓိပတိလမ်းမထိပ် မုဒ်ဦးမှာ တခါးပိတ်ထားတဲ့အတွက် ဝင်ခွင့်တောင်းတယ်၊ ဖွင့်ပေးဖို့ပြောပေမယ့် အာဏာပိုင်တွေက ဖွင့်မပေးဘူး။ အဲဒီတော့ ကျနော်တို့ ခဏထိုင်နေပြီးတော့ အာဏာပိုင်ကို အချိန်နာရီဝက်ပေးတယ်၊ နာရီဝက်ပြည့်တဲ့အထိ ဖွင့်မပေးတဲ့အတွက် ကျနော်တို့ တယောက်ချင်း ကျော်ဝင်တယ်။ ဝင်ပြီးတော့ သမဂ္ဂအဆောက်အအုံနေရာဖြစ်တဲ့ ဗိုလ်အောင်ကျော်ကျောက်တိုင်နေရာမှာ အလံတွေနဲ့ ကျောင်းသားတွေအားလုံး စုဝေးပြီး အခမ်းအနားကျင်းပတယ်ပေါ့နော်။ သမိုင်းအစဉ်အလာကြီးမားတဲ့ သမဂ္ဂအလံတော်ကို အလေးပြုတယ်။ သမဂ္ဂအဆောက်အအုံဟောင်း မြက်ခင်းပြင်မှာ ရဲဘော် ဗိုလ်အောင်ကျော်နဲ့ 7-July အတွင်း ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်ဟောင်းတွေရယ်။ နောက် ခေတ်အဆက်ဆက်က ကျဆုံးသွားတဲ့ ကျောင်းသားအပေါင်းကို ကျနော်တို့ အလေးပြုပါတယ်။ အဲဒီနောက်မှာတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ် တမိနစ် ငြိမ်တယ်။ ပြီးတော့ ကြေညာချက်သဘောထား ဖတ်ကြားတာ၊ ကော်မတီဝင်တွေ တဦးချင်းစကားပြောတာ၊ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အမှာစကားပြောတာ၊ အဲဒါ ပြောပြီးတဲ့နောက်ပိုင်းမှာ ကျောင်းဝင်းထဲကနေ ပြန်ထွက်လာပါတယ်။ ကျောင်းဝင်းထဲက ထွက်တဲ့အချိန် ကျောင်းအာဏာပိုင်တွေက သော့ဖွင့်ပေးပါတယ်။ အဲဒီကနေ ထွက်လာပြီး အခု လှည်းတန်း ဂုံးကျော်အောက်မှာ ကျနော်တို့ ထိုင်သပိတ်လုပ်နေပါတယ်။”
နောက်ရက်တွေဖြစ်တဲ့ အမျိုးသားနေ့နဲ့ နိုင်ငံတကာကျောင်းသားများနေ့တွေမှာလည်း ကျောင်းသားတွေဘက်က သပိတ်တွေ ဆက်လက် ဆင်နွှဲသွားမှာ ဖြစ်ပြီး ကျောင်းသားထုရဲ့ မကျေနပ်ချက် လိုလားချက်တွေကို နိုင်ငံတော်အစိုးရတင်မဟုတ်ပဲ အဓိက တာဝန်ရှိတဲ့ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်တွေ ကိုပါ အသိပေး တောင်းဆိုပါတယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။
“ဒါ သူတို့ အတင်းအဓမ္မ၊ လွှတ်တော်အဆင့်ဆင့်ရော၊ သမ္မတကိုယ်နှိုက်ကရော ပြဌာန်းလက်မှတ်ထိုးလာတဲ့အတွက် ဒါကိုကန့်ကွက်ဆန့်ကျင်ဖို့ ကျနော်တို့ သပိတ်မှောက်ခြင်းဖြစ်တယ်။ သူတို့လည်း စဉ်းစားစရာတစ်ခုတော့ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဥပဒေတွေပြဌာန်းခဲ့ပေမယ့် ကျောင်းသားတွေနဲ့ပတ်သက်တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြဌာန်းတဲ့အခါမှာ ကျောင်းသားကိုရော၊ ပြည်သူကိုရော လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်နှိုက်ကိုက ဒီအပေါ်မှာ အလေးထားခြင်း မရှိဘဲနဲ့ ပြန်ငဲ့ညှာခြင်းမရှိဘဲ အတည်ပြုခဲ့တဲ့အပေါ်မှာ ဒီလို တုံ့ပြန်မှုတွေ ရှိလာတယ်ဆိုတာကိုတော့ သူတို့ သတိထားမိမှာပါ။ ဒီ အမျိုးသားပညာရေးဥပဒေကို အတည်ပြုဖို့ ကြိုးစားနေချိန်မှာ ကန့်ကွက်ဖို့ တာဝန်မကျေခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အားနည်းချက်ကြောင့်မို့လို့ ဒီလိုကိစ္စတွေ ဖြစ်လာတာပါ။ ဒီလိုကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ရော၊ နိုင်ငံတော်အနေနဲ့ရော၊ အစိုးရအနေနဲ့ရော တာဝန်ရှိရှိနဲ့ ပြန်ပြီး ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”
အာဏာပိုင်တွေဘက်က တားဆီးပိတ်ပင်ကန့်သတ်မှုတွေရှိနေပေမဲ့ ကျောင်းသားထုတွေဘက်က နိုင်ငံ အနာဂတ်အတွက် အရေးကြီးတဲ့ ပညာရေ မူတွေကို ခိုင်ခိုင်မာမာချမှတ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားကြမှာဖြစ်တယ်လို့လည်း ဗကသအဖွဲ့ချုပ် သတင်းပြန်ကြား တာဝန်ခံကပြောပါတယ်။
အခုအချိန်အထိတော့ အာဏာပိုင်တွေက ဆန္ဒပြကျောင်းသားတွေကို ဖမ်းဆီးမှုတွေမလုပ်ပေမဲ့ တားဆီးပိတ်ပင်မှုတွေနဲ့ စောင့်ကြည့် သတင်းရယူမှုတွေကို လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ကျောင်းသားတွေကပြောပါတယ်။ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဘက်က လာရောက်အားပေးမှုတွေရှိသလို ငြိမ်းချမ်းရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ပန်းရဲ့လမ်းအဖွဲ့ကလည်း ငြိမ်းချမ်းရေးသီချင်းတွေ လာရောက်သီဆို အားပေးခဲ့တယ်လို့သိရပါတယ်။
VOA

အလှမယ်မေဘရဏီသော်ကို ဂျပန်နိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်

 
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့  ၂၀၁၄ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲဝင် မြန်မာ အလှမယ် မေဘရဏီသော်ကို ဂျပန်နိုင်ငံရဲ့ ခရီးသွား မြှင့်တင်ရေး ဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရပါတယ်။

ဂျပန် ဟိုတယ်နဲ့ ခရီးသွား ၀န်ကြီးဌာန ဂျပန်ခရီးသွားရေး ကော်မရှင်ဌာန မင်းကြီးရဲ့ လက်မှတ်နဲ့ ခန့်အပ်လိုက်စာကို ဂျပန်နိုင်ငံ တိုကျိုမြို့ကနေ မြန်မာနိုင်ငံ အပြန် လေဆိပ်မှာ ပေးအပ်ခဲ့တာပါ။

54th Miss International Beauty and Pageant 2014 Contest မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော်က လေ့ကျင့်ချိန် အရမ်းနည်းပေမယ့် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်လို့ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ၅၃ နှစ်တိုင် ကျင်းပပြီးစီးခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၇၃ နိုင်ငံမှာ ပြိုင်ပွဲဝင် Miss များ အများဆုံး လာရောက်ယှဉ်ပြိုင်ကြသည့် စံချိန်သစ် တင်ခဲ့သလို၊ Miss များသည် သံတမန်များ သဖွယ် နိုင်ငံ့ဂုဏ်ဆောင် ပညာတတ် အရည်အချင်းပြည့်သူများ ဖြစ်ကြသည်ကို ဂျပန်အစိုးရမှ သဘောပေါက်နားလည်ပြီး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဂျပန် ခရီးသွားလာရေး ၀န်ကြီးဌာန တို့မှ ထောက်ခံအားပေးပြီး ပါဝင်လာကြပါသဖြင့် ဂျပန်နိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်သည်ဟုလည်း ပွဲကျင်းပသူ မစ္စ အကဲမီ ရှီမိုမူရာ (Ms. Akemi Shimomura)က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ တိုကျိုအိုလံပစ်ပွဲကြီး ရှိနေသည့်အတွက် နိုင်ငံတကာက ပိုမို စိတ်ဝင်စား လာအောင် Miss International ပြိုင်ပွဲကို ၂၀၂၀ ထိ ဂျပန်နိုင်ငံတွင် နှစ်စဉ်ကျင်းပသွားမယ် လို့လည်း သိရပါတယ်။

By ဒီဗွီဘီ

ငပလီပင်လယ်ကမ်းခြေတွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏သမီး အဆောက်အဦ ဆောက်လုပ်မှု ဒေသခံအချို့ကန့်ကွက်

 
သံတွဲ ငပလီ ပင်လယ်ကမ်းခြေတွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးက အဆောက်အဦ တစ်ခု ဆောက်လုပ်ရန် ပြင်ဆင်နေမှုကို နိုဝင်ဘာ ၁၂ ရက်နေ့က ဒေသခံအချို့ သွားရောက် ကန့်ကွက် ခဲ့ကြသည်။

သံတွဲခရိုင်၊ ငပလီမြို့၊ ဇီးဖြူကုန်း ရပ်ကွက်အတွင်းရှိ ပင်လယ်ကမ်းခြေပေါ်တွင် ယခင်ဝန်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးဖြစ်သူ ဒေါ်သိမ့်သိမ့်စိုးက အမျိုးအမည်မသိရသေးသည့် အဆောက်အဦ တစ်ခုကိုဆောက်လုပ်ရန်အတွက် လုပ်ငန်းစတင်ချိန်တွင် ထိုသို့ ကန့်ကွက်ခံခဲ့ရခြင်း ဖြစ်သည်ဟု  သွားရောက်ကန့်ကွက်ရာတွင်ပါဝင်ခဲ့သူ သံတွဲရခိုင်လူမှုကွန်ရက်မှ ကိုစိန်ချစ်က နိရဉ္စရာသို့ ပြောသည်။

“ ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ ဆောက်လုပ်ရေးအလုပ်အသမားအချို့နဲ့ ကမ်းခြေမှမြေတွေကို တူးဖေါ်နေကြတာကို တွေ့ရပါတယ်။ သူတို့ တူးဖေါ်နေတဲ့နေရာဟာ အများနဲ့ သက်ဆိုင်နေတဲ့ နေရာဖြစ်တဲ့ အတွက် ဆက်လက်မလုပ်ဆောင်ဖို့ သံတွဲ ဒေသခံ ၂ဝ ခန့်က သွားရောက်ပြီး ကန့်ကွက်ခဲ့ကြပါတယ်” ဟု ဆိုသည်။

အဆိုပါအဆောက်အဦကို ပင်လယ်ကမ်းခြေတွင် ဆောက်လုပ်ရန် စီစဉ်သည်သာမက ကမ်းခြေပေါ်ရှိ ပင်လယ်ထွက်ပေါက်တစ်ခုဖြစ် သော ချောင်းလက်တက်ငယ် ကိုလည်း ပိတ်ဆို့ဆောက်လုပ်ရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။

“ နောက်ဆက် တွဲဆိုးကျိုးများကို ဒေသခံများ ခံစား လာရနိုင်တဲ့ အတွက် ကန့်ကွက်ခဲ့ကြတာပါ” ဟု သူက ဆက်ပြောသည်။

အများနှင့်သက်ဆိုင်သည့် (Public Area) နေရာတွင် ယင်းကဲ့သို့အဆောက်အဦများ ဆောက်လုပ် လိုက်ခြင်းဖြင့် ကမ္ဘာကျော် သံတွဲ ငပလီ ကမ်းခြေအလှလည်းပျက်စီးသွားမည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်လာနိုင်သည့် အတွက်လည်း ယခုကဲ့သို့ကန့်ကွက်နေရခြင်းဖြစ်ကြောင်း ကိုစိန်ချစ်က ဆက်ပြောသည်။

“ကမ်းခြေအပြင် အဲဒီချောင်းငယ်လေးထဲကိုလည်း တိုင်တွေထိုးစိုက်နေတာ။ အဲဒီလိုပိတ်ဆို့ ဆောက် လုပ်လိုက်ရင်တော့ မြို့ထဲက ရေစီးတွေဟာ ချောင်းအတိုင်း ပင်လယ်ထဲကိုမဆင်းတော့ဘဲ ဒေသခံတွေအတွက် အများကြီး ဒုက္ခရောက်လာနိုင်တယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့ကန့်ကွက်ခဲ့ကြသည့်အတွက် အဆိုပါအဆောက်အဦဆောက်လုပ်နေမှုကို ခေတ္တရပ်နားထား သော်လည်း အခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ကန့်ကွက်သူများက ဆိုသည်။

ယခုနှစ်အစောပိုင်းက ငပလီကမ်းခြေကို မြို့အဆင့် အစိုးရက တိုးချဲ့ ပြောင်းလဲသတ်မှတ်လိုက်သည့် အတွက် အဆိုပါကမ်းခြေမှာ စီးပွားရေးလုပ်ငန်းရှင်များ၏ အာရုံစိုက်ရာ အဓိကပစ်မှတ်တစ်ခုဖြစ်လာသော်လည်း ဒေသခံများအတွက်မူ အကျိုးဖြစ်ထွန်းမှု နည်းပါးနေသေးသည်ဟု သိရသည်။

ယခုကဲ့သို့ဖြစ်နေရခြင်းမှာ ယခင်စစ်အစိုးရလက်ထက်က ဒေသတွင်းမှ မတရားသိမ်းဆည်းထားခဲ့သည့် မြေများနှင့် အဆောက်အဦ များကို ယခုအစိုးရလက်ထက်အထိ တာဝန်ယူဖြေရှင်းမပေးနိုင်သည့်အတွက်ကြောင့် ဖြစ်သည်ဟု ဒေသခံအချို့က မှတ်ချက်ပြုသည်။

“သံတွဲ ငပလီ ပင်လယ်ကမ်းခြေတွေမှာ ဒေသခံတွေပိုင်တဲ့မြေက အရင်က အများကြီးဘဲ။ အခုတော့ မရှိသလောက်ဖြစ်သွားပါပြီ ”ဟု သံတွဲခရိုင် ငပလီမြို့ မှ ကိုနီထွန်းအောင်က ဆိုသည်။

ယခင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးဖြစ်သူ ဒေါ်သိမ့်သိမ့်စိုးကို အဆက်အသွယ်  ရရှိခြင်း မရှိသောကြောင့် သူတို့၏ သဘောထားကို မေးမြန်းခွင့် မရရှိခဲ့ပါ။

( နိရဉ္စရာ- ၁၂ နိုဝင်ဘာ ၂ဝ၁၄) /  မာန်ယုကျော် (ရွှေဝမြေ)

အမျိုးသားပညာရေးဥပဒေကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမ္မဂ္ဂက ဦးဆောင်၍ ၄ရက်ဆက်တိုက် ဆန္ဒပြသွားမည်


ပုံ-ဆန္ဒပြကျောင်းသာများ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဗိုလ်အောင်ကျော်အုတ်ဂူအား အလေးပြုနေစဉ်

အစိုးရမှ အတည်ပြုပြဌာန်းထားသော အမျိုးသားပညာရေးဥပဒေကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမ္မဂက ဦးဆောင်၍ မနေ့(နိုဝင်ဘာ ၁၄ရက်)ကစ၍ ၄ရက်ဆက်တိုက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

  ကျောင်းသားခေါင်းဆောင်ကျော်ကိုကိုက အမျိုးသားပညာရေးဥပဒေသည် ဆိုးဝါးသော ပညာရေးစနစ်ဖြင့်သဖြင့် လက်မခံနိုင်ကြောင်း၊ ပြောင်းလဲအစားထိုးပြင်ဆင်နိုင်ခြင်း မရှိဘဲ ယခင်ပုံစံအနေအထားအတိုင်း ဆက်လက်ပြီး ဆိုးရွားမှုဖြစ်ပေါ်လာနိုင်သည်ဟု ယူဆသဖြင့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေးမှ ၁၅ဦးကော်မတီနှင့် ဆုံးဖြတ်ပြီး ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ၄င်းက အမျိုးသားပညာရေးဥပဒေတွင် ပါဝင်သော ပြဋ္ဌာန်းချက်များသည် ကျောင်းသားထု လွတ်လပ်စွာပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုနှင့် ချုပ်ကိုင်ထားကြောင်း၊ မူဝါဒများမှာလည်း စလယ်ဆုံး ဒီမိုကရေစီမဆန်ကြောင်း၊၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှစွာ မခံစားနိုင်ခြင်းများရှိနေကြောင်း၊ ထို့ကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ခြင်းဖြစ်ကြောင်း ပြောသည်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက “လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ တရားမျှတမှုရှိသလားဆို တာ ငါ့ညီတို့အသိဆုံးပဲ။ ဒါကြောင့် ခေတ်အဆက်ဆက်မှာ ကျောင်းသားများဟာ ဘယ်လိုမတရားတာကိုမှ မခံတဲ့ ခွပ်ဒေါင်းဖြစ်တယ်။ ဒါကို ကိုယ့်အနေနဲ့ လာရောက်အားပေးစကားပြောရင်းနဲ့ ညီတို့ ညီမတို့ရဲ့ ပခုံးပေါ်ကျရောက်လာတဲ့ ဒီပညာရေးဥပဒေကို ဆက်လက်တိုက်ပွဲဝင်သွားဖို့ ကိုယ့်အနေနဲ့ ပြောချင်တယ်”ဟု ပြောကြားခဲ့သည်။

https://www.facebook.com/NewsWatchJournal

ကြယ်တံခွန်ဆင်းယာဉ်ငယ် ရပ်သွားပြီ

 
ဥရောပ အာကာသ အေဂျင်စီကနေ ကြယ်တံခွန် ၆၇ ပီ ဆီကို လွှတ်တင်လိုက်တဲ့ ဂြိုလ်ဆင်းယာဉ်ငယ် ဖီလိုင်းဟာ အခု အချက်အလက်တွေကို ပေးပို့ နေတာ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီယာဉ်ငယ်ဟာ နေစွမ်းအင်နဲ့ ပြန်ပြီး အားဖြည့်ရမှာ ဖြစ်ပေမယ့် အရိပ်ထဲကို ဆင်းခဲ့မိလို့ အားဖြည့်ဖို့ အခက်ကြုံခဲ့ရတာ ဖြစ်ပြီး အခုတော့ ကျန်သမျှ စွမ်းအင်ကို ထိန်းသိမ်း ထားနိုင်ဖို့ အသင့် အနေအထား ကို ပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဥရောပ အာကာသ အေဂျင်စီကတော့ အခု တနေ့ကို တနာရီလောက် နေစွမ်းအင်ကို စုတ်ယူဖို့အတွက် ဆိုလာပြားတွေကို နေရာ အနည်းငယ် ရွေ့ပေး ထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ယာဉ်ပေါ်က ကွန်ပျူ တာ အလုပ်လုပ်နိုင်ဖို့ အထိလုံလောက်မယ့် စွမ်းအင် ကို ရနိုင်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)

Chibok မြို့  Boko Haram သိမ်း

 
နိုင်ဂျီးရီးယားကျောင်းသူ ၂၀၀ ကျော် April လက ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံအရှေ့မြောက်ဖက်က (Chibok) မြို့ကို Boko Haram စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်လိုက်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Borno နဲ့ Adamawa ပြည်နယ်တွေက မြို့တော်တော်များများကို Boko Haram အဖွဲ့က ဒီနှစ်ထဲမှာ သိမ်းပိုက်ခဲ့ပြီး အဖွဲ့ခေါင်းဆောင် Abubakar Shekau က သူထိန်းချုပ်ထားတဲ့နေရာတွေမှာ အစ္စလာမ်လောကရဲ့ ခေါင်းဆောင်ကြီး calipha လို အုပ်ချုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်၊ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဂျန် စာကီး (Jen Psaki) ကတော့ ချီးဘော့ခ် (Chibok) မြို့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး နိုင်ဂျီးရီးယားအစိုးရကို ဆက်လက် ကူညီသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီနှစ်ဧပြီလ ၁၄ ရက်နေ့တုန်းက ချီးဘော့ခ်မြို့က အထက်တန်းကျောင်းသူလေးတွေ ပြန်ပေးဆွဲခံရတဲ့ သတင်းဟာဆိုရင် နိုင်ငံတကာ ထိပ်တန်းသတင်း ဖြစ်ခဲ့သလို ကမ္ဘာတ၀ှမ်းမှာ အကြီးအကျယ် ဒေသထွက်ခဲ့ကြပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ တခြားမဟာမိတ်နိုင်ငံကနေ ခြေရာခံ စုံစမ်းထောက်လှမ်းမှုတွေမှာ ကူညီပေးနေပေမဲ့လို့ ဒီကျောင်းသူလေးတွေကို အခုထိတော့ နိုင်ဂျီးရီးယားအစိုးရအနေနဲ့ ကယ်တင်နိုင်ခြင်း မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က သမ္မတဦးသိန်းစိန်အား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအရယူရန် တိုက်တွန်း

 
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယန်း ၂၅.၈ ဘီလီယံ (ဒေါ် လာ ၂၅၀ သန်း) ချေးရန် ဗုဒ္ဓဟူးနေ့တွင် ကမ်းလှမ်း လိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများအား ဖြေရှင်း ရန် နှိုးဆော် လိုက်ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူများ ကဆိုသည်။

နေပြည်တော်တွင် ပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေး တက်ရန် လာရောက်သည့် ရှင်ဇိုအာဘေးက သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံဆွေးနွေးစဉ် ကမ်းလှမ်း လိုက်ခြင်းဖြစ်သည်။ ထိုချေးငွေအား သီလဝါတွင် ဆိပ်ကမ်းတစ်ခုနှင့် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရေးအတွက် ရည်ရွယ်သည်ဟုဆို သည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြန့် ဖြူးရေးကွန်ရက်အား အားဖြည့်ပေးနိုင် မည်ဖြစ်ပြီး အသေးစားနှင့်အလတ်စား လုပ်ငန်းများအား ကူညီပေးနိုင် မည်ဟု ဂျပန်တာဝန်ရှိသူများကဆိုသည်။

ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရန်နှင့် ရခိုင်ဒေသတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များကြား တင်းမာမှုလျော့ကျရန် မျှော်လင့်ကြောင်း သမ္မတ ဦးသိန်းစိန်အား ပြောကြားခဲ့သည်ဟုဆိုသည်။

တရုတ်နှင့် ဂျပန်တို့မှာ ရာစုနှစ်နှင့်ချီ၍ ပြိုင်ဘက်များဖြစ်ခဲ့ပြီး ဂျပန်မှာ အမေရိကန် ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သဖြင့် ဦးသိန်းစိန် အစိုးရ အား ငွေကြေးအကူအညီ အမြောက်အမြားပေးခြင်းမှာ အံ့ဩစရာမရှိဟု အနောက်တိုင်း သံတမန်တစ်ဦးကဆိုသည်။

တရုတ်-အနောက်တိုင်း ပြိုင်ဆိုင်မှု မြန်မာ့မြေပေါ် ရောက် ရှိနေသည် ကို ဒေါ်အောင်ဆန်းစုကြည်က ဂရုပြုစောင့်ကြည့်လျက်ရှိသည်ဟု ထိုသံတမန် က ဆိုသည်။

The Ladies News Journal

ဘူးသီးတောင်မြို့ ဗုံးဖောက်ခွဲမှုနှင့် ဆက်စပ် ဖမ်းခံထားရသူ တရားခံ (၃) ဦးအား တရားစွဲတင်


တရားစွဲတင်ရာ ဘူးသီးတောင် မြို့နယ် တရားရုံး ( ဓါတ်ပုံ- နိရဉ္စရာ)
တရားစွဲတင်ရာ ဘူးသီးတောင် မြို့နယ် တရားရုံး ( ဓါတ်ပုံ- နိရဉ္စရာ)
ဘူးသီးတောင်မြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ညနေက ပေါက်ကွဲခဲ့သော ဗုံးခွဲမှုနှင့် ပတ်သက်ပြီး ဆက်စပ် ဖမ်းဆီးခံထားရသူ ဘင်္ဂလီ လူမျိုး (၃) ဦးကို နိုဝင်ဘာလ ၁၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် တရားရုံးတွင် တရားစွဲတင်ခဲ့သည်ဟု သိရသည်။
ပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် တရားစွဲတင်ခံရသူ (၃) ဦးမှာ ဘူးသီးတောင်မြို့၊ မြို့သစ်တောင် ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တည်းခိုရိပ်သာဆိုင်တန်းမှ Icon ကွန်ပျူတာနှင့် မိတ္တူဆိုင်မှ အာမက်ဒူလာ (ဘ) အီဆုပ်ဇာလာ (၂၉)နှစ်၊ ၎င်းဆိုင်တန်းရှိ စက်ဘီး၊ ဆိုင်ကယ် အပို ပစ္စည်း အရောင်းဆိုင်မှ နိုအာလောင်(ခ)အောင်နိုင် (ဘ) မော်ဂူလာမက် (၃ဝ)နှစ် နှင့် စက်ဘီးပြင်သမား ရာမာလီ (ဘ)ဘာဆာမျာ (၁၉)နှစ် တို့ဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“ နိုဝင်ဘာလ ၁ ရက်နေ့မှာ သူတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး Icon ကွန်ပျူတာဆိုင်ကနေ ပေါက်ကွဲမှုနဲ့ ဆက်စပ် သက်သေခံ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးက တရားရုံးမှာ ဖြောင့်ချက် ပေးထားပါတယ်” ဟု ဆိုသည်။
ဘူးသီးတောင် မြို့နယ် တရားသူကြီး ရှေ့မှောက်တွင် ဖြောင့်ချက်ပေးထွက်ဆိုခဲ့သူမှာ ရာမာလီ ဖြစ်ပြီး ၎င်းမှာ ငွေရမည်ဟု ဆွဲဆောင်မှုကြောင့် ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၇ ရက်နေ့က  ဝန်ခံခဲ့သည်ဟု သိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ ည ( ၉း၁၅) အချိန်တွင် ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဧည့်ရိပ်သာအနီးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲခဲ့သော နေရာအနီးတ၀ိုက်မှ မိုဘိုင်းတယ်လီဖုံးတစ်လုံး၊ စက်သီး ဘောစေ့များနှင့် တစ်ခြား ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ယင်းပေါက်ကွဲခဲ့သော ဗုံးများမှာ  လက်လုပ်ဗုံး ဖြစ်သော်လည်း ချိန်ကိုက်ဗုံးအမျိုးအစား ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။
၎င်းအမှုကို  ရဲအုပ်မြတ်ထွေးက တရားလိုပြုလုပ်၍ ဘူးသီးတောင်မြို့နယ် တရားရုံးသို့ ပုဒ်မ၁၉(စ)ဖြင့် တရား စွဲဆိုတင်ပို့ခဲ့ပြီး တရာရုံးက ပြစ်မှုကြီးအမှတ် ၂၆၇/၂ဝ၁၄ ဖြင့် လက်ခံလျှက် စတင် စစ်ဆေးနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ နောက်ထပ်ခေါ်ယူစစ်ဆေးမှုများ ရှိသော်လည်း နောက်ဆက်တွဲ ဖမ်းဆီးခြင်းများ မရှိသေးကြောင်း သိရသည်။
(နိရဉ္စရာ- ၁၅ နိုဝင်ဘာ ၂၀၁၄)

အင်ဒိုနီးရှားတွင် အင်အားပြင်း ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

 
အင်ဒိုနီးရှား အရှေ့ပိုင်း  မိုလက္ကက်စ် ကျွန်းရဲ့ ကမ်းလွန်ဒေသမှာ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး အနီးအနားတ၀ိုက်ဒေသတွေကို ဆူနာမီ သတင်ပေးချက်ထုတ်ပြန်ထားပါတယ်။

ဟာဝိုင်အီမှာရှိတဲ့ ပစိဖိတ် ဆူနာမီ သတိပေးဌာနက ငလျင်ဗဟိုချက်နဲ့ ၁၈၅ မိုင် ၀န်းကျင်မှာ အန္တရာယ်ဖြစ်နိုင်တဲ့ ဆူနာမီ ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါပေမယ့် ပစိဖိတ်ဒေသ ဆူနာမီအဆင့်အထိ မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။

ဆူနာမီလှိုင်းတွေဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပါလောင်း၊ ပါပွာ နယူးဂီနီ၊ ဆယ်လမွန်ကျွန်းစုတွေနဲ့ မာရှယ် ကျွန်းစုတွေမှာ ဖြစ်နိုင်သလို၊ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းနဲ့ ထိုင်ဝမ်အထိ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား မက်ထရို တီဗွီမှာလည်း ဒီသတင်းကို ထုတ်လွှင့်သွားပါတယ်။

ရက်ချက်တာ စကေး  ၇ ဒသမ ၃ ရှိတဲ့ ငလျင်ဟာ  ဒေသစံတော်ချိန် မနက်  ၉ နာရီခွဲမှာ လှုပ်ခတ်ခဲ့ပြီး ဆူလာဝေစီမြောက်ပိုင်း မာနာဒို အထိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ငလျင်ဟာ အင်ဒိုနီးရှား အရှေ့ဘက်  မိုလက္ကက်စ် ကျွန်းရဲ့ ၈၃ မိုင်အကွာ၊ မြေအောက် ၃၄ မိုင်မှာ  ဗဟိုပြုပြီး လှုပ်ခဲ့တယ်လို့ တိုင်းတာချက်က ဆိုပါတယ်။

ငလျင်ကြီးလှုပ်ပြီးနောက်မှာလည်း ဆူလာဝေစီကျွန်း ကမ်းလွန်ဒေသမှာ ၆ ဒသမ ၂ ပြင်းအားရှိတဲ့ နောက်ထပ် ငလျင်တခုလည်း လှုပ်ခတ်ခဲ့ပါတယ်။

By ဒီဗွီဘီ

မတော်တဆကျည်သင့်မှုကြောင့် ကျားဖြူပါတီဝင်သေဆုံးဟု ရဲတပ်ဖွဲ့ပြော

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်ရဲ့ ကျားဖြူပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းရွှေ နယ်မြေခံ ရဲတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တာဟာ တမင်ရည်ရွယ်တာမဟုတ်ဘဲ ခြောက်လှန့်ပစ်ခတ်ရာက မတော်တဆထိမှန်သွားတာလို့  ဟိုပုံးရဲတပ်ဖွဲက ပြောပါတယ်။

ဦးစိုင်းရွှေဟာ ပြီးခဲ့တဲ့ ဇွန်လက  မိုင်းပျဉ်းကျေးရွာအုပ်စု အန်အယ်လ်ဒီ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသတ်ခံရတဲ့ကိစ္စမှာ သံသယအဖြစ်ဆုံးလူအဖြစ် ရဲတပ်ဖွဲ့က စုံစမ်းသိရှိရတဲ့အတွက် သွားရောက်စစ်မေးရင်း မတော်တဆကျည်သင့်သေဆုံးခဲ့ တာလို့ ဟိုပုန်းမြို့မရဲစခန်းက တာဝန်ကျ ဒုရဲအုပ် ကျော်မင်းစိုးက ဒီဗွီဘီကို ပြောပါတယ်။

“ရဲတပ်ဖွဲ့ကျည်သင့်ပြီး သေဆုံးသွားတဲ့ ဦးစိုင်းရွှေ နဲ့ ဇွန်လက အသတ်ခံခဲ့ရတဲ့ မိုင်းပျဉ်းရွာ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းတို့ဟာ နဂိုကတည်းက မသင့်မြတ်မှုတွေရှိခဲ့ပါတယ်ခင်ဗျ။ မြေကွက်ပြဿနာတွေရှိတယ်။ ပြီးတော့ ရွာသားတွေလည်း တိုင်တန်းထားတာရှိတယ်။ အဲဒါစစ်ဆေးမေးမြန်းဖို့ ကျနော်တို့က သူ့ကို အကြိမ်ကြိမ်စာပို့ပြီး ခေါ်တာ။ သူကရောက်မလာဘူး။ အဲဒါ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၂ ရက်နေ့တုန်းက သူ့အိမ်ကိုလိုက်သွားတယ်။ သူက အိမ်နောက်ဘက်ထွက်ပြေးတယ်။ စခန်းမှူး စိုင်းနော်ခမ်းလွင်က ခြိမ်းခြောက်ပစ်ခတ်တာ သူ့ကိုထိသွားတယ်။ ရဲတပ်ဖွဲ့ကပဲ သူ့ကို တောင်ကြီးဆေးရုံကို ခေါ်ခဲ့တယ်။ လမ်းခရီးကလည်း ၁ နာရီခွဲ၊ ၂ နာရီနီးပါကြာတဲ့အတွက် ဆေးရုံရောက်ပြီး မကြာခင်သေဆုံးပါတယ်ခင်ဗျ။”

ဒီအမှုကို ဟိုပုံးရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးရေးခုံရုံးအဖွဲ့ရှိကြောင်း၊ ဘယ်သူ့ကို ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာတော့ ခုံရုံးနဲ့တရားရုံးအဆုံးအဖြတ်ပေါ် မူတည်တယ်လို့ ဒုရဲအုပ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းမောင်တင်က “ဒီအမှုက  ကျန်ရစ်သူမိသားစုရော၊ မျက်မြင်သက်သေ ရွာသားအများစုကပါ တမင်ပစ်သတ်တယ်လို့ပဲ ပြောတယ်ခင်ဗျ။ တရားမျှတမှုရဖို့လည်း ကျနော်တို့ပါတီကို လာတိုင်ထားတယ်။ ကျနော်တို့ကလည်း အမှုမှန်ဖော်ထုတ်ပေးဖို့  အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက သက်ဆိုင်ရာရဲစခန်းကိုရော၊ ပြည်နယ် အစိုးရထိပါ စာတင်ထားပေမယ့် ဘာမှဆောင်ရွက်ပေးတာမရှိသေးဘူး။ နိုဝင်ဘာလကုန်ထိ ဘာမှမထူးခြားရင် ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆန္ဒသဘောထား ဖော်ထုတ်သွားဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်ပေးရမယ့် ရဲတပ်ဖွဲ့ဟာ သံသယရှိသူမှာ ပြစ်ဒဏ်ထင်ရှားရင် တရားဥပဒေကြောင်းအရပဲ  အရေးယူသင့်ပြီး  ခုလို ပစ်ခတ်မှု၊ သေကျေမှုတွေ ဖြစ်ရတာဟာ ဥပဒေစိုးမိုးမှုမရှိကြောင်း ပြသရာရောက်တယ်လို့ ဦးစိုင်းမောင်တင်က ပြောပါတယ်။

အန်အယ်လ်ဒီ ရပ်ကျေး ဒုဥက္ကဋ္ဌ  ဦးစိုင်းစံထွန်းဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းက အမည်မသိ လူ ၂ ဦးက နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ရွာနောက်ဘက် နွားစားကျက်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပြန်လည်တွေ့ရှိခဲ့ရတာပါ။ သူဟာ ဒေသတွင်းမှာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်နေသူတဦးလည်းဖြစ်ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)

အိုဘားမား နေပြည်တော်ရောက်ရှိစဉ် သျှမ်းပြည်မြောက်ပိုင်း၌ ဗုံးများဆက်တိုက်ပေါက်ကွဲ

 
နိုဝင်ဘာ ၁၄ ရက် ၂၀၁၄

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံ ရောက်ရှိစဉ် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ နယ်အတွင်း နိုဝင်ဘာ ၁၃ ရက် ညဦးပိုင်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲ ခဲ့သောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ကြ သည်ဟု ဒေသခံများ ကပြောသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ နေ့ခင်းပိုင်းတွင် အစိုးရ တပ်မတော် စစ်ကြောင်း စစ်ကားကြီး ၈ စီး စစ်သည်အင်အား ၃၀၀ ကျော် က မူစယ်၊ နမ့်ခမ်းမြို့နယ်အတွင်း သွားလာလှုပ်ရှားကြောင်း၊ ညနေပိုင်းတွင်မူ နမ့်ခမ်းမြို့အထွက် ဟိုနမ့်အသွားလမ်းတွင် ည ၈ နာရီ ခွဲလောက်တစ်ကြိမ်၊ ည ၉ နာရီကျော်အချိန်တွင် ကတ်မိန်းခမ်း အနီးတို့တွင် ဗုံးများပေါက်ခဲ့သည်ဟု ရပ်မိရပ်ဖ လုံးစိုင်းညွှန့်က ပြောသည်။

“ကျနော်ထင်တာကလေ သမ္မတ အိုဘားမားမြန်မာနိုင်ငံကိုလာတဲ့အချိန် မှာ ဗုံးက ထပေါက် တယ်။ လူထုက သတင်းစောင့်ကြည့်ချင်တယ်။ နားထောင်ချင်တယ်။ ဗုံးထပေါက်တော့ အိမ်တိုင်းက မီးငြိမ်းအိပ်။ အဲဒီလို ဖြစ်စေချင်လို့ လူထုမျက်စိ နားတွေကိုပိတ်ချင်လို့ ကြံဖန် လုပ်တာပဲဖြစ်နိုင်တယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာ ကျနော်တို့လဲ မပြောလိုဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ဒုတိယ အကြိမ် ဗုံးပေါက်ကွဲရာနေရာမှာ မူးယစ်ဆေးဝါးသုံးစွဲသူများ နေထိုင်သုံးစွဲသည့် နေရာဖြစ်ကြောင်း၊ မူးယစ်ဆေး မှီဝဲသုံးစွဲသူများအား မောင်းထုတ်ရန် ရဲတပ်ဖွဲ့မှ ဖေါက်ခွဲ ခြင်း ဖြစ်ကြောင်း၊ အမည်မဖေါ်လို သည့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခြင်း၊ ပျက်စီး ဆုံးရှုံးခြင်း တစုံတရာမရှိဘူးဟု လည်း ၎င်းကပြော သည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သည် နယ်စပ်ဒေသဖြစ်သည့်အားလျော်စွာ ဒုစရိုက် သမားများ၊ တတိယ လက်သည်အုပ်စုများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပြင် မကွေးတိုင်းမှ လာသည့် အစိုးရ တပ်မတော် တပ်မ ၈၈ နှင့် ရန်ကုန် လှည်းကူးအခြေစိုက် တပ်မ ၁၁ တို့လည်း အခြေချ နေထိုင်လှုပ်ရှားသည်။

သျှမ်းသံတော်ဆင့်

အစိုးရတစ်ရပ်အနေဖြင့် ဂျာနယ်လစ်များကိုထိန်းချုပ်မည်ဆိုပါက အစိုးရ၏တာဝန်ခံမှုကို ဆုပ်ကိုင်ရန်အတွက် တိုင်းသူပြည်သားများ အခက်အခဲရှိလာမည်ဖြစ်ကြောင်း အိုဘားမားပြောကြား


အစိုးရတစ်ရပ်အနေဖြင့် ဂျာနယ်လစ်များကိုထိန်းချုပ်မည်ဆိုပါက အစိုးရတာဝန်ခံမှုကို ဆုပ်ကိုင်ရန်အတွက် တိုင်းသူပြည်သားများ အခက်အခဲရှိလာမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက The Daily Eleven သို့ဖြေကြားသည်။
  
(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် နေပြည်တော်သို့ နိုဝင်ဘာ ၁၂ ရက် ညပိုင်းကတည်းကရောက်ရှိနေသည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ သူမ၏နေအိမ်သို့ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတအိုဘားမားတို့သည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
  
အဆိုပါ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် The Daily Eleven က အမေရိကန်သမ္မတ အိုဘားမားအား မြန်မာနိုင်ငံရှိဂျာနယ်လစ်များ၏ အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။
ဂျာနယ်လစ်တွေ ထောင်ချခံရတာ၊ အသတ်ခံရတာ၊ ခြိမ်းခြောက်ခံရတာ၊ သတင်းတွေ စိစစ်ဖြတ်တောက်ခံရတာဆိုတဲ့သတင်းတွေ ကျွန်တော်တို့ကြားတဲ့အခါမှာ ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်အနေနဲ့ ကျဉ်းထဲကျပ်ထဲရောက်ပြီး ပြဿနာတွေဖြစ်လာပါလိမ့်မယ်။ ဒီအစိုးရသော်လည်းကောင်း၊ တခြားအစိုးရတွေနဲ့သော်လည်းကောင်း ထိတွေ့ဆက်ဆံတဲ့အခါ မှာ (သတင်းသမားတွေနဲ့ ပတ်သက်တဲ့) ဖြစ်စဉ်သက်သေအထောက်အထားတွေရှိလာရင် ကျွန်တော်တို့အနေနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာကို မေးမြန်းသွားပါမယ် . . .
"နိုဝင်ဘာ ၁၃ ရက်မနေ့ညက နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ အမေရိကန်သမ္မတအိုဘားမားတို့ တွေ့ဆုံခဲ့ရာမှာ သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံရှိဂျာနယ်လစ်များရဲ့အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါသလား။ အခုလိုမေးမြန်းရတာကတော့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံရေးသမားများထက် ဂျာနယ်လစ်များကို ပိုမိုဖမ်းဆီးတရားစွဲဆို ထောင်ချမှုများရှိနေလို့ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေနဲ့ ဘယ်လိုတုံ့ပြန်ပြောကြားခဲ့ပါသလဲ။ ကျေးဇူးတင်ပါတယ်" ဟု The Daily Eleven မှ အမှုဆောင်အယ်ဒီတာ ကိုသန်းဇော်ထွန်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။
  
အဆိုပါမေးခွန်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ အိုဘားမားက "ကျွန်တော့်အနေနဲ့ သမ္မတနဲ့တွေ့ဆုံခဲ့တဲ့အခါမှာ အမှုတစ်ခုချင်းစီနဲ့ပတ်သက်လို့ သတ်သတ်မှတ်မှတ် မဆွေးနွေးခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ အစောပိုင်းကပြောခဲ့သလိုပါပဲ။ အခြေခံမူဝါဒများကိုသာ ဆွေးနွေးပြောကြားခဲ့ပါတယ်။ အဲဒါကတော့ လွတ်လပ်တဲ့မီဒီယာဟာ ဒီမိုကရေစီရဲ့အခြေခံပါပဲ။ အစိုးရရဲ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဂျာနယ်လစ်တွေအပေါ်မှာ မှီခိုရပါတယ်။ တကယ်လို့များ အစိုးရအနေနဲ့ ဂျာနယ်လစ်တွေကိုထိန်းချုပ်မယ်ဆိုရင် အစိုးရရဲ့တာဝန်ခံမှုကို ဆုပ်ကိုင်ဖို့အတွက် တိုင်းသူပြည်သားတွေအနေနဲ့ အခက်အခဲတွေရှိလာပါလိမ့်မယ်။ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဖြစ်ပေါ်နေတယ်ဆိုတာကို ကျွန်တော့်အနေနဲ့အသိအမှတ်ပြုပါတယ်။ ကျွန်တော် ဒီကိုနောက်ဆုံးလာရောက်လည်ပတ်တဲ့အချိန်ကထက်စာရင် အခုဒါနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးငြင်းခုံမှုတွေ ရှိပါတယ်။ ကျွန်တော်အစောပိုင်းကပြောခဲ့တဲ့ဟာတွေကို ပြန်ပြောရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီလောက်နဲ့ပဲကျေနပ်လို့မရပါဘူး။ ဂျာနယ်လစ်တွေ ထောင်ချခံရတာ၊ အသတ်ခံရတာ၊ ခြိမ်းခြောက်ခံရတာ၊ သတင်းတွေ စိစစ်ဖြတ်တောက်ခံရတာဆိုတဲ့သတင်းတွေ ကျွန်တော်တို့ကြားတဲ့အခါမှာ ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်အနေနဲ့ ကျဉ်းထဲကျပ်ထဲရောက်ပြီး ပြဿနာတွေဖြစ်လာပါလိမ့်မယ်။ ဒီအစိုးရသော်လည်းကောင်း၊ တခြားအစိုးရတွေနဲ့သော်လည်းကောင်း ထိတွေ့ဆက်ဆံတဲ့အခါ မှာ (သတင်းသမားတွေနဲ့ ပတ်သက်တဲ့) ဖြစ်စဉ်သက်သေအထောက်အထားတွေရှိလာရင် ကျွန်တော်တို့အနေနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာကို မေးမြန်းသွားပါမယ်" ဟုဖြေကြားခဲ့သည်။
  
အဆိုပါပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများသည် မပြည့်စုံသေးကြောင်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မှ ပိတ်ပင်တားဆီးထားခြင်းသည် အဓိပ္ပာယ်မရှိကြောင်း ပြောကြားသည်။
  
ယနေ့မြန်မာနိုင်ငံသည် လွန်ခဲ့သောငါးနှစ်ကကဲ့သို့ မဟုတ်တော့ဘူးဆိုသည်ကို မိမိတို့အနေဖြင့် မငြင်းနိုင်ကြောင်း၊ သို့ရာတွင် ပြုပြင်ပြောင်းလဲရေးသည် မပြည့်စုံသေးကြောင်း ၎င်းကပြောကြားသည်။
  
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် ခက်ခဲကြမ်းတမ်းသည့်ကာလကို ဖြတ်ကျော်သွားနေရကြောင်းလည်း ပြောကြားသည်။
  
ထို့ပြင် လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲများကျင်းပရန်လည်း မြန်မာအစိုးရအား သမ္မတအိုဘားမားက တိုက်တွန်းခဲ့သည်။ ရွေးကောက်ပွဲကိုလည်းနောက်မကျဘဲ အချိန်မှန်ကျင်းပရန် မျှော်လင့်ကြောင်းနှင့် မြန်မာပြည်သူများ၏အသံကိုကြားရမည့် အချိန်လည်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ခုနှစ်၌ အထွေထွေရွေးကောက်ပွဲများကျင်းပရန်ရှိပြီး အဆိုပါရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိရန် ရေပန်းစားလျက်ရှိနေသည်။
  
သို့ရာတွင် လက်ရှိ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခွင့်ကို တားဆီးထားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ဖယ်ရှားခြင်းအစား ပါဝင်ခြင်းကို ထင်ဟပ်ရန် လိုအပ်ကြောင်းလည်း သမ္မတအိုဘားမားက ပြောကြားသည်။
EMG

၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေအသစ် ပြန်ရေးပေးရန်နှင့်ပတ်သက်၍ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ပြီး ဥပဒေမပြင်မချင်း ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်မည်ဟုဆို


အမျိုးသားပညာရေးဥပဒေကို အသစ်ပြန်ရေးပေးရန် ရည်ရွယ်ချက်ဖြင့် ကျောင်းသားသမဂ္ဂများက ဆန္ဒပြနေစဉ် (ဓာတ်ပုံ-အောင်ထက်ခိုင်)
၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို အသစ်ပြန်ရေးပေးရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် နိုဝင်ဘာ ၁၄ ရက်က စတင်ဆန္ဒပြခဲ့ပြီး ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်သွားမည်ဟု ကျောင်းသားများထံမှ သိရသည်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သော ဆန္ဒပြကျောင်းသား ၅၀၀ ခန့်သည် ရန်ကုန်ဘူတာကြီးရှေ့မှစတင်ကာ လမ်းလျှောက်ခဲ့ကြကာ မဟာဗန္ဓုလပန်းခြံကို တစ်ပတ်ပတ်ပြီး ဆူးလေဘုရားအနီးရှိ ပလက်ဖောင်းမြေကွက်လပ်တွင် ထိုင်သပိတ်ဆန္ဒပြမှုပုံစံ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ အလိုမရှိ၊ ဒီမိုကရေစီ ပညာရေးတို့အရေး၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိရေးဟု သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် ရပ်ထားသောကားခေါင်မိုးပေါ်သို့တက်၍ တစ်ယောက်ပြီးတစ်ယောက် အမျိုးသားပညာရေးဥပဒေ၏ အားနည်းချက်များ၊ မြန်မာနိုင်ငံပညာရေးစနစ်၏ အားနည်းချက်များကို ကျောင်းသား၊ ကျောင်းသူများက ဟောပြောခဲ့ကြသည်။

အမျိုးသားပညာရေးဥပဒေ၏ ဗဟိုဦးစီးချုပ်ကိုင်မှု များနေခြင်း၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ပေးမထားခြင်း၊ လွတ်လပ်သောတက္ကသိုလ်အုပ်ချုပ်မှုများ ပေးမထားခြင်း၊ တိုင်းရင်းသားဘာသာစကား သင်ကြားမှုကို ကန့်သတ်ထားခြင်း စသည့်အကြောင်းအရာများကို လက်ရှိကြုံတွေ့နေရသည့် ပညာရေးစနစ်နှင့်နှိုင်းယှဉ်ကာ ကျောင်းသားများက ဝေဖန်ဟောပြောခဲ့ကြခြင်းဖြစ်သည်။

“အစိုးရက တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဒီဥပဒေကို မပြင်မချင်း၊ အသစ်ပြန်မရေးပေးမချင်း သပိတ်မှောက် ဆန္ဒပြသွားမယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ပညာရေးတိုးတက်မှုရှိနိုင်တဲ့ ပညာရေးဥပဒေမျိုးပဲ လိုချင်ပါတယ်” ဟု ဗကသ များအဖွဲ့ချုပ်မှ ကိုကျော်ကိုကိုက ပြောကြားသည်။

“သပိတ်မှောက်လှုပ်ရှားမှုတွေကို နေ့တိုင်းလုပ်ဆောင်သွားမယ်။ ဒီနေရာ(ဆူးလေ)မှာမှ မဟုတ်ဘူး။ တခြားနေရာတွေမှာလည်း ဥပဒေအသစ် ရေးမပေးမချင်း ဆန္ဒပြသွားမယ်။ သမဂ္ဂမဟုတ်တဲ့ ကျောင်းသားလူငယ်တွေလည်း ပူးပေါင်းပါဝင်နိုင်ပါတယ်” ဟု ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုရဲဇာနည်ထွန်းက ပြောကြားသည်။

“ဥပဒေမှာ အားနည်းချက်တွေ အများကြီးရှိရဲ့သားနဲ့ အစိုးရက အတည်ပြုပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေနဲ့ ပညာရေးတိုးတက်မယ်လို့ မယုံကြည်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ ဘာသာစကား အခက်အခဲနဲ့ ပညာမတတ်ခြင်းရဲ့ အကျိုးဆက်ကို ခံစားနေကြရတယ်” ဟု တိုင်းရင်းသားတက္ကသိုလ် ကျောင်းသားတစ်ဦးက ဟောပြောခဲ့သည်။

ကျောင်းသားထု အရေးပေါ်အစည်းအဝေးပြီးနောက် တက်ရောက်လာသော မြန်မာတစ်ပြည်လုံးရှိ ကျောင်းသားသမဂ္ဂများက ယင်းကဲ့သို့ သပိတ်မှောက်ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ အတည်မပြုခင် ကာလကတည်းကပင် တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂများက သက်ဆိုင်ရာနယ်မြို့များတွင် ဥပဒေအပေါ် ဆန္ဒပြပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် ဥပဒေမှာ ၎င်းတို့တောင်းဆိုသော အချက်အလက်များ ပါဝင်လာခြင်းမရှိဘဲ အတည်ဖြစ်ခဲ့သည်။

ကျောင်းသားများ၏ သပိတ်မှောက်ဆန္ဒပြမှုအား ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကလည်း အားပေးကူညီခဲ့ပြီး သပိတ်မှောက်မှု တည်တံ့နိုင်စေရန် ငွေကြေးလှူဒါန်းသူများလည်း ရှိခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ကျောင်းသားထုဆန္ဒပြမှု ပြီးသည့်နောက်ပိုင်း ၁၉၉၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တို့၌ ကျောင်းသားဆန္ဒပြမှုအချို့ ရှိခဲ့သော်လည်း ယခုဆန္ဒပြမှုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ကျောင်းသားသမဂ္ဂများ အားလုံးအနေဖြင့် အင်တိုက်အားတိုက် ဆန္ဒပြခဲ့သည့်  ပိုမိုကျယ်ပြန့်သော ကျောင်းသားသမဂ္ဂများ၏ ပထမဆုံးအကြိမ် ဆန္ဒပြမှုလည်း ဖြစ်ခဲ့သည်။
သက်မင်း၊ အောင်ထက်ခိုင် ပြည့်ဖြိုးအောင်Eleven Media Group

Friday, November 14, 2014

အကြမ်းဖက်သမားနဲ့ နာမည်တူတစ်ဦးကို ခေါ်ယူစစ်ဆေး

မန္တလေး၊ နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံထဲမှာ ရောက်နေတယ်ဆိုတဲ့ အကြမ်းဖက်သမား လေးဦးထဲက နာမည် တူတဲ့သူတစ်ဦး မန္တလေးမြို့ Pacific Hotel မှာ တည်းနေတယ်ဆိုတဲ့ သတင်းရလို့ သူ့ကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ခုလို ခေါ်ယူစစ်ဆေးခဲ့ပေမယ့်လည်း သံသယဖြစ်စရာ မတွေ့ရလို့ ပြန်လွှတ်ပေး ခဲ့တယ်လို့ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ရှင်းပြပါတယ်။

“ဟိုတယ်၊ တည်းခိုခန်းတွေကို လုံခြုံရေးအရ တည်းခိုတဲ့ လူစာရင်းမှာ အီစမိုင်(ခ) ဝင်းသိန်း ဖြစ်နေတယ်။ နာမည် ဆင်တူနေတဲ့အတွက် လုံခြုံရေးအရ ခေါ်ယူ စစ်ဆေးတာ ဖြစ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

အီစမိုင်(ခ) ဝင်းသိန်းကို စစ်ဆေးချက်အရ သိရတာက သူဟာ နိုဝင်ဘာလ ၁၂ ရက်နေ့တုန်းက Golden Myanmar လေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေ ရောက်လာတာ ဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ၁ မှာ ၁၂ ဘီးယာဉ်တွေနဲ့ အဝေးပြေးယာဉ်လိုင်း ပြေးဆွဲနေသူ ဖြစ်ကာ ကားပစ္စည်း အရောင်းဆိုင် ဖွင့်ထားသူဖြစ်ပါတယ်။ ဖောက်ခွဲရေးနဲ့ ပတ်သက်လို့တော့ စစ်ဆေးတွေ့ရှိခြင်း မရှိပါဘူးလို့ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွေအရ သိရပါတယ်။

ပြည်တွင်းကို အကြမ်းဖက်သမားလေးဦး ဝင်လာတယ်ဆိုတဲ့ သတင်းအရ တစ်နိုင်ငံလုံး ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖြန့်ဝေထားပြီး လုံခြုံရေးကိုလည်း အရင်ထက် ပိုတင်းကျပ်ထားကာ ၂၄ နာရီ ချထား ဆောင်ရွက်နေတယ်လို့ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ကလည်း မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ ဖောက်ခွဲရေးပစ္စည်းနဲ့ ဆက်စပ်ပြီး ပေါက်ကွဲစေတတ်တဲ့ ယမ်းတွေ သိုလှောင်ထားတယ်ဆိုတဲ့ သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ ကနေ သိမ်းဆည်းရမိခဲ့ပြီး အမျိုးသားနှစ်ဦးကို ခေါ်ယူစစ်ဆေး နေတယ်လို့ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွေကနေ သိရပါတယ်။
The Voice

ရိုဟင်ဂျာလို့ ဘန်ကီမွန်းခေါ်ဝေါ်မှု ပြည်ထောင်စုလွှတ်တော် ကန့်ကွက်

နေပြည်တော်၊ နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်ခေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်ကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်လိုက်ပါတယ်။

ဘန်ကီမွန်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းခဲ့ပြီး ကန့်ကွက်သူ မရှိ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ ဆက်ခေါ်မယ်လို့ ဘန်ကီမွန်းရဲ့ ပြောဆိုချက်ဟာ မြန်မာ ပြည်သူ၊ ပြည်သားတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အကြား နားလည်မှု လွဲမှားစေနိုင်ရုံသာမက လူမျိုးရေး ပဋိပက္ခတွေပါ ဖြစ်ပေါ်လာစေနိုင်စေလို့ ကန့်ကွက်တယ်ဆိုပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) ကလည်း နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ထားပါတယ်။
The Voice

PR မကျင့်သုံးဖို့ ပြည်သူ့ လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပြီ

 နေပြည်တော်၊ နိုဝင်ဘာ ၁၄

အချိုးကျ ကိုယ်စား ပြုစနစ် PR ကို မကျင့်သုံးတော့ဘူးဆိုပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ် တစ်ခု ကျင့်သုံးရေးအတွက် လေ့လာသုံးသပ်ရေး ကော်မရှင်က တင်ပြထားတဲ့ ရွေးကောက်ပွဲစနစ် ၈ မျိုးထဲမှာ လက်ရှိ ကျင့်သုံးနေတဲ့ နိုင်သူအကုန်ယူ FPTP စနစ်က လွဲပြီး ကျန်စနစ် ၇ မျိုးလုံး အခြေခံ ဥပဒေနဲ့ မညီဘူးဆိုပြီး အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပြောဆိုတဲ့အတွက် PR ကို မကျင့်သုံးဘဲ FPTP သာ ကျင့်သုံးမယ်လို့ သူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့တာပါ။

နိုဝင်ဘာလ ၁၃ ရက်နေ့က အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ သူရဦးရွှေမန်း တွေ့ဆုံပြီး နောက်တစ်နေ့မှာ အခုလို ဆုံးဖြတ်ချက် ထွက်လာတာ ဖြစ်ပါတယ်။
The Voice

စေတနာ့ဝန်ထမ်း အမေရိကန် ငြိမ်းချမ်းရေးတပ် မြန်မာပြည်ကို စေလွှတ်ပေးမယ်

 
သမ္မတ အိုဘားမားက အမေရိကန် စေတနာ့ ဝန်ထမ်း ငြိမ်းချမ်းရေး တပ်ဖွဲ့ ကို ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ ကို လာမယ့်နှစ်မှာ စတင် စေလွှတ်ပေးမယ် လို့ ကြေညာ ခဲ့ပါတယ်။

ပထမ စေလွှတ်မယ့် အသုတ်မှာ လူ ၂၅ ယောက် ပါဝင်မှာ ဖြစ်ပြီး၊ မြန်မာ အစိုးရက လုံခြုံရေး အရ စိတ်ချ ရတဲ့ ဒေသ တွေမှာ သူတို့ကို လူမှု ကူညီရေး လုပ်ငန်းတွေ ဆောင်ရွက် ခွင့် ပေးသွားမယ် လို့ သိရပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံ တွေမှာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ၊ အင်္ဂ္လိပ်စာ သင်ကြားရေး ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကဏ္ဍဍ တွေမှာ အပျော်တမ်း လုပ်အားပေး လိုသူ တွေကို အမေရိကန် ကနေ အခုလို ငြိမ်းချမ်းရေး တပ်ဆိုပြီး စေလွှတ် ပေးလေ့ ရှိပါတယ်။

  ငြိမ်းချမ်းရေးတပ် ဆိုပေမယ့် စစ်တပ်နဲ့ ဘာမှ မဆိုင်ပဲ၊ လူမှု ကူညီရေး အရပ်သား အဖွဲ့သာ ဖြစ်တယ်လို့ အမေရိကန် သံရုံး တာဝန်ခံဟောင်း ပရက်ဆီလာ ကလပ် က ဘီဘီစီကို ပြောပါတယ်။

ကွယ်လွန်သူ အမေရိကန် သမ္မတ ကနေဒီ လက်ထက် ၁၉၆ဝ ကျော်က အဲဒီ့ အဖွဲ့ကို လူငယ်တွေနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာတော့ ပင်စင်စား သက်ကြီး ရွယ်အိုတွေထိ ပါဝင် ပူးပေါင်း လာကြတယ် လို့ မစ္စ ပရက်ဆီလာ ကလပ်က ဆိုပါတယ်။

သမ္မတ အိုဘားမားဟာ၊ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ရန်ကုန်မှာ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံ ပါလိမ့်မယ်။

ဒါ့အပြင် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံ စကား ပြောကြဖို့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ ဖြုတ်ချပေးရန် စစ်ကိုင်းတွင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်မည်

 
စစ်ကိုင်း၊ နိုဝင်ဘာ ၁၃

  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက်္ကဌ အဖြစ် တာဝန်ယူ ထားသည့် ဦးတင်အေး အပါအ၀င် ကော်မရှင် အဖွဲ့ဝင် အားလုံးကို အယုံအကြည် မရှိသောကြောင့် ဖြုတ်ချပေး ရန်အတွက် စစ်ကိုင်းမြို့မှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ဦးဆောင်သော အဖွဲ့က နိုဝင်ဘာ (၁၈)ရက်နေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆို သွားမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် ဦးသန်းထိုက်ဦးက မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ေ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှာ တပ်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့်အနားယူခဲ့ပြီး အရပ်ဘက် တွင်လည်း ပြည်ခိုင်ဖြိုး ပါတီမှ ၀င်ရောက် အရွေးချယ်ခံခဲ့ရကာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တင်မြှောက် ခံရသူ ဖြစ်သည့်အတွက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဘက်လိုက်မှုများ ရှိလာနိုင်သောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန်အတွက် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းက ယခုကဲ့သို့ ပြောသည်။

““ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ကို အယုံအကြည် မရှိတဲ့အတွက်ကြောင့် ဖြုတ်ချပေး ဖို့ နိုဝင်ဘာလ (၁၈) ရက်နေ့မှာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမှာပါ၊ ပြည်သူလူထု ယုံကြည် လေးစားရတဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ကို ပြန်လည် ခန့်အပ်ပေးဖို့ တောင်းဆိုသွားမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးဟာဆိုရင် တစ်ချိန်က တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီး အနေနဲ့ ထိပ်ပိုင်းတာဝန် တွေကို ယူခဲ့တယ်၊ အရပ်ဖက် ပြောင်းတော့လည်း ပြည်ခိုင်ဖြိုး ပါတီကနေ အရွေးချယ်ခံပြီး တံတားဦး မဲဆန္ဒနယ်ကနေ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတယ်၊ သမ္မတကနေ သူ့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခန့်တယ်၊ ဒီနေရာမှာ ကျွန်တော်တို့က ဘာပြန်ကြည့်သလဲဆိုတော့ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ အထွေထွေ ရွေးကောက် ပွဲကြီး ဖြစ်သလို ပါတီတိုင်းကလည်း သူနိုင်ကိုယ်နိုင် အပြိုင်ယှဉ်ပြိုင် ကြမှာလေ၊ NLD၊ ပြည်ခိုင်ဖြိုး၊ တစည အစရှိတဲ့ ပါတီပေါင်းစုံပေါ့၊ အဲဒီလို ယှဉ်ပြိုင်ကြတဲ့အခါမှာ အရေးကြီးတာက ဒိုင်ပဲဗျ။ ရွေးကောက်ပွဲ ကော်မရှင်ကဒိုင်ပဲ။ ဒိုင်လုပ်တဲ့သူက ပါတီတစ်ခုခုကလူ ဖြစ်နေတယ်ဆိုရင် သူဟာ သူ့ရဲ့ မိခင် ပါတီဘက်ကို ပါကိုပါမှာပဲ၊ သူ့အနေနဲ့ မပါပါဘူးလို့ ဘာကို ကိုင်ပြောပြော ကျွန်တော်တို့က မယုံဘူး””ဟု ယင်းဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့်သူ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်နေ ဦးသန်းထိုက်ဦးက မြန်မာသံတော်ဆင့်သို့ ပြောဆိုသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲပြု လုပ်ရန်အတွက် အာဏာပိုင်များထံမှ ခွင့်ပြုမိန့် ရယူထားပြီးလည်း ဖြစ်သည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်ရန်အတွက် သက်ဆိုင်ရာသို့ ကြိုတင် အကြောင်းကြား ထားပြီး ဖြစ်သော်လည်း အာဆီယံ အစည်းအဝေးပွဲများ ရှိနေ၍ လုံခြုံရေး အကြောင်းပြချက်ဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့သို့ ရွှေ့ပြောင်းပေးခဲ့ရခြင်း ဖြစ်သည်။““ဘောလုံးပွဲ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်တို့ နိုင်ငံနဲ့ တခြားနိုင်ငံ ဘောလုံးကန် ရင်ကန်မယ့် နှစ်နိုင်ငံကလွဲလို့ တခြားနိုင်ငံကလူကို ဒိုင်အနေနဲ့ ထားရတယ်။ ဒိုင်က ဘက်လိုက်မှာစိုးလို့၊ ညစ်မှာစိုးလို့၊ ဒီသဘောပဲ။ အခုလည်း ကြံ့ခိုင်ရေးပါတီက လူတစ်ယောက် ကို ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ထားထားတယ် ဆိုတော့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဟာ ဘယ်နည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး၊ ဒါ့ကြောင့် ၂၀၁၅မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ကို ဖြုတ်ချပေးဖို့အတွက် ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်၊ ခွင့်ပြုမိန့်လည်း ရပြီးပါပြီ”” ဟု ဦးသန်းထိုက်ဦးက မြန်မာသံတော်ဆင့် သို့ ပြောဆိုသည်။

““ကျွန်တော်ကတော့ ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး။ ကျွန်တော်တော့ ဘာမှ မကြားမိဘူး။ သူ့ဘာသာသူ မှန်မှန်ကန်ကန် လုပ်နေတာပဲလေ။ ဘာဖြစ်လို့လဲ။ ကျွန်တော် သိသလောက်ကတော့ သူလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ အမှန်ကန်ဆုံး သူလုပ်နေတာပဲ။ ဒါပေမဲ့ သူတို့ ဆန္ဒ ထုတ်ဖော်မယ်ဆိုလည်း ကျွန်တော်တို့ ဘာမှ ပြောစရာ မရှိပါဘူး။ ဒါသူတို့ ဆန္ဒသဘောထားပဲလေ””ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးက မှတ်ချက်ပေးသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အဖွဲ့ဝင်များ နုတ်ထွက်ပေးရန် အပြင် အချိုးကျကိုယ်စားပြု PR စနစ်အား လက်မခံကြောင်းနှင့် ပြည်ထောင်စု လွှတ်တော် အနေဖြင့်လည်း ယင်းစနစ်အား လက်မခံပေးရန် အတွက်ပါ ဆန္ဒထုတ်ဖော်သွားရန် စီစဉ်ထားသည်။

  အောင်ကိုဝင်း

ပုံညွှန်းစာ - ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်

ြ မြန်မာသံတော်ဆင့်သတင်းဌာန –

မိုးကာနဲ့ အုပ်ခံလိုက်ရတဲ့ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားရဲ့ပုံတူနဲ့စာတမ်းကို ဂရပ်ဖတီ (Graffiti) အနုပညာနဲ့ ရေးဆွဲ ထားတဲ့ ရွှေဂုံတိုင် Excel Tower နားက “Welcome To Our  City Yangon” ဆိုတာကို မိုးကာနဲ့ အုပ်လိုက်ပါတယ်တဲ့။

ဒီ ဓာတ်ပုံသတင်းဟာ ဖေ့ဘုတ်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ ဒါကို ဗဟန်းရပ်ကွက်အုပ်ချု ပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ လုပ်တာပါလို့လည်း ပြောနေကြပါတယ်။



ဓာတ်ပုံ- Saw Phoe Kwar ဖေ့ဘုတ်မှ
 အိုဘားမား ပုံတူနဲ့ စာတမ်းဟာ သူ မြန်မာပြည်ကို ဒုတိယအကြိမ်လာတဲ့ အထိမ်းအမှတ် အနေနဲ့ ရေးဆွဲထားတာပါတဲ့။

 ဒီ ဂရပ်ဖတီကို လူငယ် ဂရပ်ဖတီသမားအာကာကျော်က ဆွဲထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ကိုအာကာကျော်ကိုမေးကြည့်တော့ “အဲ့လိုလုပ်လို့လည်း ကျနော် ဘာမှ မပြောချင်ပါဘူး။ အဓိကကတော့ ကျနော်ဆွဲတာ ရိုးရိုးတန်းတန်းပုံဆွဲတာပါ။ ကျနော်တို့ လုပ်ထားတာလည်း Negative လုပ်ထားတာ မဟုတ်ဘူးဗျ။ Positive ဆိုဒ်ဘက်က လုပ်ထားတာပါ။ ကျနော် အဲ့နေရာကို သွားတော့ မကြည့်ရသေးဘူး။ ပြောသံကြားတာတော့ အုပ်ချုပ်ရေးမှူးရုံးက ဖျက်စေချင်လို့ လာအုပ်တယ်လို့ကြားတယ်။” လို့ ဆိုပါတယ်။


ဓာတ်ပုံ- Arker Kyaw ဖေ့ဘုတ်မှ
ဒါကို တချို့ ကလည်း "အိုဘာမားကို ဆဲနေတာမှမဟုတ်တာ။ သူ့ကို ရန်ကုန်ကနေ ကြိုဆိုပါတယ်လို့ ပြောတာပဲ။ ဒီလို လုပ်စရာလား" လို့ ဝေဖန်နေကြပါတယ်။

 Graffiti အာကာကျော်ဟာ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းက သမ္မတ အိုဘားမား မြန်မာပြည်ကို ပထမဆုံးအကြိမ် လာတုန်းကလဲ အိုဘာမားပုံတူကို ရေးဆွဲခဲ့ပါသေးတယ်။

အဲ့ဒီတုန်းကလည်း သူ့ရဲ့ ဂရပ်ဖတီ ပုံဟာ ရေးဆွဲပြီး သိပ်မကြာခင်မှာ ဖျက်ဆီးခံလိုက်ရလို့ နောက်ထပ် တခါ အသစ် ပြန်ရေးခဲ့ရပါသေးတယ်။
ဧရာဝတီ

သားကြောဖြတ် ပေးတဲ့ အိန္ဒိယ ဆရာဝန်ကို ဖမ်းဆီး

အမျိုးသမီး ၉၀ ကျော်ကို ဆေးရုံတင်ထားရ

အိန္ဒိယ နိုင်ငံက အစိုးရ ဆေးခန်း တစ်ခုမှာ သားကြောဖြတ် ခွဲစိတ်မှု ခံယူတဲ့ အမျိုးသမီးတွေ သေဆုံး ခဲ့ရတာနဲ့ ပတ်သက်ပြီး အဲဒီ ခွဲစိတ် သားကြောဖြတ် ပေးခဲ့တဲ့ ဆရာဝန်ကို ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။

  ဒေါက်တာ RK Gupta နဲ့ သူ့လက်ထောက်တို့ဟာ ပြီးခဲ့တဲ့ စနေနဲ့ တနင်္လ࿿ာ နေ့တွေက ချပ်တီးစ်ဂါ ပြည်နယ်က ဆေးခန်း ၂ ခုမှာ အမျိုးသမီး ၁၃၀ ကို သားကြောဖြတ် ပေးခဲ့တာ ဖြစ်ပါတယ်။

ပထမ ဆေးခန်းက အမျိုးသမီး ၁၄ ဦး သေဆုံးပြီး ဒုတိယ ဆေးခန်းက တစ်ဦး ထပ်မံ သေဆုံး ခဲ့ကာ အယောက် ၉၀ ကျော်ကို ဆေးရုံ တင်ထားရပါတယ်။

ထိန်းသိမ်း ခံထားရတဲ့ ဆရာဝန် R K Gupta ကတော့ ဆေးဝါး အာနိသင် ချွတ်ယွင်းမှုကြောင့် အခုလို ပြဿနာ ဖြစ်ခဲ့ရပုံ ရပြီး သူ့မှာ တာဝန် မရှိကြောင်း ငြင်းဆို ထားပါတယ်။

အရင်ကလည်း တစ်နေ့ကို လူနာ ၃ ရာလောက် အထိ သူ သားကြောဖြတ် ပေးခဲ့တယ်လို့ ဆိုပါတယ်။

တနေ့ကို လူနာ ၃၅ ယောက်ထက် ပိုပြီး သားကြော မဖြတ်ဖို့ အစိုးရက သတ်မှတ် ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သားကြောဖြတ် ပေးတဲ့ အိန္ဒိယ ဆရာဝန်ကို ဖမ်းဆီး

အမျိုးသမီး ၉၀ ကျော်ကို ဆေးရုံတင်ထားရ

အိန္ဒိယ နိုင်ငံက အစိုးရ ဆေးခန်း တစ်ခုမှာ သားကြောဖြတ် ခွဲစိတ်မှု ခံယူတဲ့ အမျိုးသမီးတွေ သေဆုံး ခဲ့ရတာနဲ့ ပတ်သက်ပြီး အဲဒီ ခွဲစိတ် သားကြောဖြတ် ပေးခဲ့တဲ့ ဆရာဝန်ကို ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။

  ဒေါက်တာ RK Gupta နဲ့ သူ့လက်ထောက်တို့ဟာ ပြီးခဲ့တဲ့ စနေနဲ့ တနင်္လ࿿ာ နေ့တွေက ချပ်တီးစ်ဂါ ပြည်နယ်က ဆေးခန်း ၂ ခုမှာ အမျိုးသမီး ၁၃၀ ကို သားကြောဖြတ် ပေးခဲ့တာ ဖြစ်ပါတယ်။

ပထမ ဆေးခန်းက အမျိုးသမီး ၁၄ ဦး သေဆုံးပြီး ဒုတိယ ဆေးခန်းက တစ်ဦး ထပ်မံ သေဆုံး ခဲ့ကာ အယောက် ၉၀ ကျော်ကို ဆေးရုံ တင်ထားရပါတယ်။

ထိန်းသိမ်း ခံထားရတဲ့ ဆရာဝန် R K Gupta ကတော့ ဆေးဝါး အာနိသင် ချွတ်ယွင်းမှုကြောင့် အခုလို ပြဿနာ ဖြစ်ခဲ့ရပုံ ရပြီး သူ့မှာ တာဝန် မရှိကြောင်း ငြင်းဆို ထားပါတယ်။

အရင်ကလည်း တစ်နေ့ကို လူနာ ၃ ရာလောက် အထိ သူ သားကြောဖြတ် ပေးခဲ့တယ်လို့ ဆိုပါတယ်။

တနေ့ကို လူနာ ၃၅ ယောက်ထက် ပိုပြီး သားကြော မဖြတ်ဖို့ အစိုးရက သတ်မှတ် ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဂြိုဟ်ဆင်းယာဉ် ကြယ်တံခွန်ပေါ်မှာ ပြဿ နာ ကြုံနေ

 
ဗုဒ္ဓဟူးနေ့က ကြယ်တံခွန် ပေါ်ကို ခက်ခက်ခဲခဲ ဆင်းသက် ခဲ့ရတဲ့ Philae ဂြိုဟ်ဆင်း ယာဉ်ငယ်ဟာ အခုတော့ ကြယ်တံခွန် မျက်နှာပြင် ပေါ်မှာ တည်တည် ငြိမ်ငြိမ် ရပ်နား လိုက်နိုင်ပြီး ဓာတ်ပုံတွေ စတင် ပို့ပေး နေပေမယ့် သူ့ရဲ့ ဘက်ထရီ သက်တမ်းနဲ့ ပတ်သက်လို့တော့ စိုးရိမ် နေရတယ်လို့ သိရပါတယ်။

ကြယ်တံခွန် မျက်နှာပြင်ပေါ်ကို ဆင်းသက်စဉ်က ၂ ကြိမ်တိုင် အာကာသထဲ ပြန်လွင့်စင် ထွက်ခဲ့ပြီးနောက် မူလ ရည်ရွယ် ထားတဲ့ နေရာကနေ ၁ ကီလိုမီတာ အကွာမှာ ရှိတဲ့ ကျောက်ဆောင် တစ်ခုရဲ့ အရိပ်ထဲမှာ ရပ်နား လိုက်နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ရဲ့ ဘက်ထရီကို အားပြန်သွင်းဖို့ အတွက် နေရာင်ခြည် လုံလုံလောက်လောက် မရမှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

Philae ဂြိုလ်ဆင်း ယာဉ်ကို ကြယ်တံခွန်ပေါ်မှာ ကျောက်ချ ချိတ်တွယ် ထားသေးတာ မဟုတ်တဲ့အတွက် အဲဒီနေရာမှာပဲ အခြေချ ထားရှိမလား၊ တခြား ပိုကောင်းတဲ့ နေရာကို ရွှေ့ရမလား ဆိုတာကို ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

အာကာသ ခရီးစဉ် နှစ်ပေါင်း ၁၀ နှစ် ကြာခဲ့ အပြီးမှာ Philae ဂြိုဟ်ဆင်း ယာဉ်ငယ်ဟာ ကြယ်တံခွန် တစ်ခုပေါ် ပထမဆုံး ဆင်းသက် နိုင်တဲ့ အာကာသယာဉ် အဖြစ် သမိုင်း မှတ်တိုင် ထူလိုက် နိုင်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကျောက်မီးသွေးတူးဖေါ်ရေးစီမံကိန်းရပ်ဆိုင်းပေးရန် RCSS ထံ သံဃာနှင့်လူထုတောင်းဆို

ကျောက်မီးသွေးများ တူးဖေါ်ရန် သစ်တောခုတ်ထွင်ရှင်းလင်း ပြင်ဆင်ထားပုံ

နိုဝင်ဘာ ၁၄ ရက် ၂၀၁၃

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျောက်မီးသွေးများ တူးဖေါ်ရန် ပြင်ဆင်နေသည့် ကုမ္မဏီများ၏ လုပ်ငန်း စီမံကိန်းများ အားလုံး ရပ်ဆိုင်းပေးရန် သျှမ်းပြည်တပ်မတော် RCSS/SSA ထံ သံဃာထု နှင့် လူထု ၂၀၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ် တောင်ဘက် ဝမ့်ယတ်ကျေးရွာ အုပ်စုနှင့် ဝမ့်ဟွေ့ကျေးရွာအုပ်စုအတွင်း ဒေသခံ တောင်သူ လယ်သမားများ၏ လယ်၊ ယာ၊ စားကျက်မြေ၊ ထင်းရှူးတော အပါအဝင် မြေ ဧက ၅၀၀ ကျော် သိမ်းပိုက်၍ ကျောက်မီးသွေး တူးဖေါ်သယ်ယူနေသော ကုမ္မဏီများအား တားမြစ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ် သည်။

နိုဝင်ဘာ ၁၂ ရက်က မြို့ နယ် သံဃာနာယက ဆရာတော် အပါအဝင် သံဃာတော် ၁၁ ပါး၊ ဒေသခံလူထု ၂၂၉ ယောက် တို့က စုပေါင်း လက်မှတ်ရေးထိုးပြီး တောင်ကြီးမြို့ သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်ရုံးသို့ တိုင်ကြားတောင်းဆိုခဲ့ပါသည်။

“တိန်းချောင်း ရေထွက်လေ ဒီဒေသက။ ကျောက်မီးသွေးတူးဖေါ်တယ်ဆိုတော့ စားကျက်မြေတွေ၊ ထင်းရှူး တောတွေ၊ အကုန်ပါသွားပြီလေ။ တိန်းချောင်းမှီခို အားကိုးတဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ အိမ်မွေးတိရစ္ဆာန်တွ လူတွေ အားလုံး အတွက် ကျောက်မီးသွေးကနေထွက်တဲ့ ဓါတုအဆိပ်တွေသင့်ကုန်မှာ။ ဒါ့ကြောင့် သံဃာထု လူထု စုပေါင်းပြီးတောင်းဆိုရတာ” - ဟု ဦးဆောင်လှုပ်ရှားသည့် စိုင်းခေးလိုင်းက ပြောသည်။

အဆိုပါဒေသသည် သျှမ်းပြည်တပ်မတော်လှုပ်ရှားသွားလာသည့် ဒေ သဖြစ်သောကြောင့် သျှမ်းပြည်တပ်မတော် ထံ တင်ပြရခြင်းဖြစ်ကြောင်း၊ ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းပန်ထံလည်း တင်ပြထား ပြီးဖြစ် ကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရ နှင့်သျှမ်းပြည်နယ်အစိုးရထံလည်း ထပ်မံတင်ပြတောင်းဆိုသွား မည်ဖြစ်ကြောင်း ပြောပါသည်။

“ကျနော်တို့ တိုင်းပြည်က မငြိမ်းချမ်းသေးဘူး။ ဒါ့ကြောင့် လူထုကို ဘေး အန္တရာယ်ပေးမယ့် ဘယ်စီမံကိန်းမဆို နိုင်ငံတော်အနေနဲ့ တူးဖေါ် ထုတ်ယူခွင့် မပေးအပ်သေးဘူး။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကောဘဲ ဒီကိစ္စအလေးအနက်ထားပြီးပိတ်ပင်တားမြစ်ထားရမယ်။ ဒေသခံလူထုအတွက် ဘာမှ အကျိုးအမြတ်မရှိဘူး ” - သျှမ်းလူမှုအသင်းအဖွဲ့ ပြောရေးဆိုခွင့် စိုင်းဟော်ဆိုင် က ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ထံ မိုင်းကိုင်ဒေသခံများ တင်ပြ သည့်စာတွင် - ကျောက်မီးသွေးစီမံ ကိန်းကြောင့် ရေအရင်းအမြစ်ပျက်စီးဆုံးရှုံးစေခြင်း၊ စားကျက်မြေ နှင့်လယ်ယာ များ ပျက်စီး ဆုံးရှုံးသည့်အတွက် ကျေးရွာအုပ်စုနှစ်ထက်မနည်း ဝမ်းရေး အခက်အခဲဖြစ်စေခြင်း၊ သဘာဝ ထင်းရှူး တောနှင့် တောတောင်ရေမြေများ ပျက်စီးစေပါသည်။

ထို့အပြင် အိမ်မွေးတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်များ၊ ရေနေ သတ္တဝါများ ထိခိုက် သေကျေစေခြင်း၊ မိုးရွာပါက ကျောက်မီးသွေးတွင်းမှ ထွက်ရှိ အညစ်အကြေးများ ချောင်းရေ နှင့် လယ်ယာမြေတွင်း စီးဝင်ခြင်းတို့ကြောင့် နမ့်တိန်းချောင်းအားမီခိုအားထားသည့် မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ နမ့်ဇန်မြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲ၊ မိုင်းပန်မြို့နယ်၊ လင်းခေးမြို့နယ်အတွင်းမှ ဒေသခံ လူထု အသက်အန္တရာယ်အထိ ထိခိုက်စေခြင်းတို့ကြောင့် ကျောက်မီးသွေး တူးဖေါ်ရေးစီမံကိန်းရပ် တန့်ပေးရန် တောင်းဆို ခြင်းဖြစ်သည်ဟု ပေးစာအတွင်းပါရှိပါသည်။

သျှမ်းသံတော်ဆင့်

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကြေညာချက်၌ တောင်တရုတ်ပင်လယ်အရေးအတွက် စိုးရိမ်မှုရှိနေသေးကြောင်းနှင့် ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့သည်ဆိုသော အချက်မှလွဲ၍ အခြားထူးခြားချက် မပါရှိခဲ့


နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် အာဆီယံ+၃ ထိပ်သီးဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ၂ဝ၁၄ ခုနှစ် အတွက် အာဆီယံအလှည့်ကျဥက္ကဠ၏ ကြေညာချက်၌ တောင်တရုတ်ပင်လယ်အရေးအတွက် စိုးရိမ်မှုရှိနေသေးကြောင်းနှင့် ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့သည်ဆိုသော အချက်မှလွဲ၍ အခြားထူးခြားချက်များ မပါရှိခဲ့ပေ။ 
နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်သော အာဆီယံအလှည့်ကျဥက္ကဠ၏ ကြေညာချက်တွင် အာဆီယံဒေသတွင်းတိုးတက်မှု၊ ၂ဝ၁၅ အာဆီယံအသိုက်အမြုံဖော်ဆောင်ရေးအတွက် ပြင်ဆင်နေမှု၊ ၂ဝ၁၅ အလွန် အာဆီယံအခြေအနေများကို ထည့်သွင်းခဲ့ပြီး တောင်တရုတ်ပင်လယ်အရေးကို ဒေသတွင်းနှင့် နိုင်ငံတကာကဏ္ဍ၌ ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ 
ကြေညာချက်တွင် အပိုဒ် ၉၅ ပိုဒ်ပါဝင်ခဲ့ကာ တောင်တရုတ်ပင်လယ်အရေးအတွက် နှစ်ပိုဒ်ထည့်သွင်းခဲ့ပြီး ဖော်ပြခဲ့သောအကြောင်းအရာများမှ အသစ်အဆန်းသဘောတူညီမှုများ မဟုတ်ခဲ့ကြောင်း တွေ့ရှိရသည်။ 
တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းမှုများနှင့် ရေကြောင်းလုံခြုံရေး၊ ဘေးကင်းမှုများကို ဆက်လက်ထိန်းသိမ်းရန် အာဆီယံခေါင်းဆောင်များက ထပ်မံအတည်ပြုကြောင်း အလှည့်ကျဥက္ကဠက ပြောကြားသည်။ 
အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် (DOC) ၊ တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံမူဝါဒခြောက်ချက်၊ တောင်တရုတ်ပင်လယ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်ဆိုင်ရာ ၁ဝ နှစ် ပြည့် ကြေညာချက်၊ (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးပူးတွဲ ကြေညာချက်၊ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဖော်ဆောင်ခဲ့သော သက်ဆိုင်ရာအာဆီယံကြေညာချက်တွင် ပါဝင်သည့် မူဝါဒများကို ထပ်မံအလေးထားအနက်ထား ပြောကြားခဲ့ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဠက ဆိုသည်။ 
DOC ကိစ္စ အကောင်အထည်ဖော်မှု တိုးတက်ချက်နှင့်အတူ DOC အရ လိုက်နာဆောင်ရွက်ရမည့် တောင်တရုတ်ပင်လယ်ဆိုင်ရာနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (COC) က ဖော်ဆောင်ရန် သဘောတူညီချက်ကို အာဆီယံခေါင်းဆောင်များက ကြိုဆိုကြောင်း၊ အာဆီယံခေါင်းဆောင်များအနေဖြင့် တရုတ်ရေပိုင်နက်အတွင်း DOC အပြည့်အဝအကောင်အထည်ဖော်ရေးနှင့် COC စောစီးစွာအဆုံးသတ်ရေးအတွက် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများလုပ်ရန် သဘောတူခဲ့ကြသည်ဟု ၎င်းက ကြေညာချက်တွင် ဆက်လက်ပြောကြားသည်။ 
“တောင်တရုတ်ပင်လယ်အရေးအတွက် ကျွန်ုပ်တို့အနေဖြင့် စိုးရိမ်မှုများ ရှိနေသေးသည်။ ကျွန်ုပ်တို့အနေဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂပင်လယ်ပြင်ဆိုင်ရာ ဥပဒေဆုံးဖြတ်ချက်အပါအဝင် နိုင်ငံတကာဥပဒေများအတိုင်း ငြိမ်းချမ်းစွာဖြေရှင်းရန် အားလုံးသဘောတူသည်။ ထိုသို့ဖြေရှင်းရာတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး ဒေသတွင်း တင်းမာမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည့် လုပ်ဆောင်ချက်များနှင့် အခြေအနေရှုပ်ထွေးသွားစေနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ရေကြောင်းလုံခြုံရေးနှင့်  အပြန်အလှန်ယုံကြည်ရေးအတွက် လုပ်ဆောင်မှုများ၏ အရေးပါမှုများကို အလေးထားပြောကြားခဲ့ပြီး အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနည်းများ ဖော်ဆောင်ရမည်”ဟု အာဆီယံအလှည့်ကျဥက္ကဠ၏ ကြေညာချက်၌ ဖော်ပြပါသည်။ 
ကိုရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့အကြား အဆင့်မြင့်တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည့်အတွက် အားတက်စေခဲ့ကြောင်း၊ ကိုရီးယားကျွန်းဆွယ်အတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အာဆီယံက အလေးထားသည့်အပြင် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီဆုံးဖြတ်ချက်နှင့် ၂ဝဝ၅ ခုနှစ် စက်တင်ဘာ ၁၉ ရက် ခြောက်နိုင်ငံအစည်းအဝေး ပူးတွဲကြေညာချက်များအတိုင်း ဆက်လက်လိုက်နာလုပ်ဆောင်ရန် တိုက်တွန်းကြောင်း အာဆီယံအလှည့်ကျဥက္ကဠက ပြောကြား သည်။ 
ထို့အပြင် ကိုရီးယားကျွန်းစွယ် အဏုမြူလက်နက် ဖျက်သိမ်းရေးကိုလည်း ငြိမ်းချမ်းစွာဖော်ဆောင်ရန်အတွက် အားပေးထောက်ခံကြောင်းကိုလည်း ပြောကြားသည်။
အရှေ့တီမောက အာဆီယံအဖွဲ့ဝင်နိုင်ငံ လျှောက်ထားခြင်းအပေါ် အာဆီယံပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCWG) ၏ လုပ်ဆောင်မှုများကို အားရကျေနပ်ကြောင်း နှင့် အာဆီယံ၏ လုပ်ငန်းများတွင် အရှေ့တီမော ပါဝင်နိုင်မှုအခြေအနေနှင့် အာဆီယံ၏ ပတ်သက်မှုအခြေအနေများကိုလည်း အသိအမှတ်ပြုကြောင်း အာဆီယံအလှည့်ကျဥက္ကဠက ဆိုသည်။ 
အီရတ်နှင့် ဆီးရီးယားတွင် အရှိန်အဟုန်ပြင်းထန်လာသည့် ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုများသည် နိုင်ငံတွင်းသာမက အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကိုပါ ထိခိုက်လာနိုင်သည်ဆိုသော အချက်ကို ဆွေးနွေးပွဲအတွင်း ထည့်သွင်းဆွေးနွေးခဲ့ပြီး သေချာကိုင်တွယ်မှုမပြုပါက တစ်ကမ္ဘာလုံးသို့ ကူးစက်လာနိုင်ဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။ ထို့နောက် အဆိုပါကိစ္စရပ်များကို နိုင်ငံတကာ တရားဥပဒေများနှင့် ကုလသမဂ္ဂ ပဋိဥာဉ်စာတမ်းတို့နှင့်အညီ အစွန်းရောက်အကြမ်းဖက်မှုများကို အမြစ်မကျန် နှိမ်နင်းသွားရမည်ဖြစ်ပြီး အစွန်းမရောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု (GMM) ကို မြှင့်တင်သွားမည်ဖြစ်ကာ အစွန်းရောက်မှုမှန်သမျှကို တိုက်ဖျက်သွားရမည်ဖြစ်သည်ဟု အာဆီယံအလှည့်ကျ ဥက္ကဠ က ကြေညာချက်၌ ထည့်သွင်းပြောကြားသည်။ 
အကြမ်းဖက်မှု၊ အစွန်းရောက်စစ်သွေးကြွဝါဒီများကို ဆန့်ကျင်သွားရမည့်နည်းတူ တစ်ချိန်တည်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် တရားမျှတမှုကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း၊ ဤနည်းအားဖြင့် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများအကြား နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြင့်လာမည် ဖြစ်ပြီးအစွန်းရောက်ဝါဒီများ၏ အသံများ ပပျောက်သွားမည်မှာ သေချာကြောင်း အာဆီယံအလှည့်ကျ ဥက္ကဠက ပြောကြားသည်။ 
မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဠ တာဝန်ကိုရယူခဲ့ပြီးနောက် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသည် အလှည့်ကျဥက္ကဠ တာဝန်ယူထားချိန်အတွင်း ယခုနှစ်အတွက် အပြီးသတ်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
၂ဝ၁၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဠတာဝန်ကို မလေးရှားနိုင်ငံက လွှဲပြောင်းရယူမည်ဖြစ်သည်။
EMG

ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး


ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ) အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ဆွေးနွေးရာတွင် “ပုဒ်မ ၅၉(စ)နဲ့ပတ်သက်ပြီးတော့ ကိုယ်စားလှယ်များ သိရှိနိုင်ရေး တင်ပြလိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီများ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များအသီးသီးက ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်များအရ မဲခွဲဆုံးဖြတ်ခြင်း ပြုလုပ်တဲ့နေရာမှာ ကော်မတီဝင် ၃၁ ဦးအနက် ၂၆ ဦး အစည်းအဝေးတက်ရောက်ခဲ့ပြီးတော့မှ ငါးဦးသာ ပယ်ဖျက်ရန် စကားအသုံးအနှုန်းပြောင်းရန် အဆိုပြုခဲ့ပြီး ကျန် ၂၁ ဦးက မူလအတိုင်းသာထားရှိရန် ထောက်ခံခဲ့ပါကြောင်း တင်ပြလိုပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေကို ပြင်ဆင်လိုပါက အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအပိုင်းမှာပါတဲ့အတိုင်း ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်”ဟု ဆွေးနွေးသည်။
ထို့ပြင် ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ၅၉ (စ)နှင့် ပတ်သက်၍ လက်ရှိအတိုင်း ထားရှိသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ခင်မောင်အေးက ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်းကဏ္ဍရှိ တပ်မတော်နှင့် သက်ဆိုင်သော ပြဌာန်းချက်များသည် ကျိုးကြောင်းဆီလျော်မှုရှိပြီး မှန်ကန်မှုရှိသည့်အတွက်  ပုဒ်မ ၃၄၂ အား စာသားအနည်းငယ်ပြင်ဆင်သည်မှလွဲ၍ ကျန်ပုဒ်မများကို မူလအတိုင်းထားရှိသင့်ကြောင်း ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဆွေးနွေးရာတွင် “ကော်မတီရဲ့ ယခုတင်ပြတဲ့ အစီရင်ခံစာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မူလပါရှိတဲ့ ပုဒ်မပေါင်း ၄၅၇ ခုအနက် ပုဒ်မပေါင်း ၂ဝ၁ နဲ့ အပိုဒ် ၂၃ ခုကို ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း တင်ပြထားရှိပါတယ်။ မိမိတို့ နိုင်ငံရဲ့  ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာကျင့်သုံး အကောင်အထည်ဖော်နေတာဟာဆိုရင် အခုမှ သက်တမ်းကာလ လေးနှစ်ပဲ ရှိနေပါသေးတယ်။ ယခုလို ပုဒ်မများစွာကို ပြင်ဆင်ရမယ့်အခြေအနေကိုတော့ သုံးသပ်ဆင်ခြင် သတိပြုကြရန် လိုအပ်ပါတယ်”ဟု ဆွေးနွေးသည်။
ထို့နောက် ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်မောင်မောင်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွယ်တကူပြင်ဆင်ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီအခြေခံဥပဒေကို မကြာခဏပြင်ဆင်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ မူဝါဒတွေဟာ ခိုင်မာတိကျ ပြတ်သားမှုမရှိဘဲ ထွေပြားရှုပ်ထွေးလာတတ်ပါတယ်။ နိုင်ငံတော်ရဲ့ ဦးတည်ချက်ဟာလည်း အမျိုးမျိုးပြောင်းလဲပြီးတော့ မူဝါဒတည်ငြိမ်မှုမရှိတဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးပြီး နိုင်ငံတော်ရဲ့ အကျိုးစီးပွားထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး  ပုဒ်မ ၄၃၆ (က)နှင့်(ခ)ပါ ဖော်ပြချက်များကိုတော့ လက်ရှိအခြေအနေမှာ မူလအတိုင်းထားရှိ ဆောင်ရွက်ခြင်းသည်သာ အသင့်လျော်ဆုံးဖြစ်ပါတယ်”ဟု ဆွေးနွေးသည်။
လွှတ်တော်တွင်း၌ ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်နေကြသော်လည်း ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်သည့်အခါတွင် တပ်မတော်မှ တစ်ဦးပါဝင်ထောက်ခံခြင်းမရှိပါက ပြင်ဆင်နိုင်မည် မဟုတ်ပေ။

Thursday, November 13, 2014

ဘရာဇီးရဲများ တစ်ရက်လျှင် လူခြောက်ဦးနှုန်း သတ်ဖြတ်



ရိုဟင်ဂျာလို့သုံးနှုန်းမှု ဘန်ကီမွန်းထံ ရခိုင်ဝန်ကြီးချုပ် ပေးစာပို့ -

နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မစ္စတာ ဘန်ကီမွန်းဆီကို နိုဝင်ဘာ ၁၃ ရက်စွဲနဲ့ ပေးစာတစ်စောင် ပေးပို့ထားပါတယ်။
ပေးစာထဲမှာ 'သတင်းစာရှင်းလင်းပွဲ၌ ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခဲ့ခြင်း အတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း၊ မိမိအနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လူနည်းစုများ အခွင့်အရေးအတွက် အလေးထားမှုကို နားလည်နိုင်သော်လည်း အတွင်းရေးမှူးချုပ်၏ မြင့်မားသည့် ရာထူးတာဝန်ကြောင့် အဆိုပါ စကားလုံးကို သုံးစွဲမှုသည် နှစ်ဖက် အသိုက်အဝန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လက်တွေ့ ဆောင်ရွက်နေရသည့် မိမိတို့၏ လုပ်ငန်းများအပေါ် ထိခိုက်ကြောင်း၊
ထိုစကားလုံးကို အသုံးပြုခဲ့သည့်အတွက် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးများ အကြား ကွဲပြားမှုများကိုပိုမို ကျယ်ပြန့်စေ သည်သာမက မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်း ကြားတွင်လည်း နားလည်မှု လွဲမှားစေနိုင်ကြောင်း။
နိုင်ငံတကာ အဖွဲ့အစည်းများက ရိုဟင်ဂျာဆိုသည့် စကားလုံးကို အသုံးပြုရန် အဆက်မပြတ် ကြိုးစားခြင်းသည် ရခိုင်ပြည်နယ် အတွက် လိုအပ်သော အကူအညီများကို ပေးအပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် MSF ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများ အပေါ် ဒေသခံများ၏ သံသယရှိမှုကို ပိုမို ကြီးမားစေမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် အသိုက်အဝန်းနှစ်ခုလုံး၏ အခွင့်အရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးကိုသာ ဦးစားပေး ဆောင်ရွက်သင့်ပြီး နှစ်ဖက်အကြား ခွဲခြား ခြားနားမှုကို တိုးပွားစေမည့် လုပ်ရပ်များအား ရှောင်ရှားသင့်ကြောင်း။
မိမိရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ကို စတင် ထမ်းဆောင်ချိန်မှစ၍ အသိုက်အဝန်း နှစ်ခုအကြား အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သလို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အပေါ် ဒေသခံ ရခိုင်တိုင်းရင်းသားများက ယုံကြည်မှု ရှိလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း။
ထိုအခြေအနေတွင် အတွင်းရေးမှူးချုပ်၏ ပြောကြားချက်သည် မိမိတို့ ရရှိထားသည့် အောင်မြင်မှုများကို ပျက်ပြားစေပြီး ဒေသခံများ၏ ခံစားချက်များ အပေါ်လည်း အကျိုး သက်ရောက်သွားမည်ကို စိုးရိမ်မိကြောင်း'
ဖော်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ လူနည်းစု အခွင့်အရေးအရ အပြင် နိုင်ငံတကာက ရိုဟင်ဂျာလို့ လက်ခံနေလို့ ရခိုင်ပြည်နယ်က ဘင်္ဂါလီ လူမျိုးစုတွေကို ရိုဟင်ဂျာလို့သာ ဆက်ခေါ်သွားမယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၂ ရက်နေ့မှာ The Voice ကို ပြောကြားခဲ့ပါတယ်။
The Voice 

တောင်တရုတ်ပင်လယ် အရေး COC မကြေညာနိုင်

 
 နေပြည်တော်၊ နိုဝင်ဘာ ၁၃
 တောင်တရုတ်ပင်လယ်အရေး အခြေခံမူ COC (Code of Conduct) ကို မြန်မာ အာဆီယံဥက္ကဋ္ဌ သက်တမ်းမှာ အပြီးသတ် လုပ်သွားမယ်လို့ ဒီနှစ်ဆန်းပိုင်းမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ပြောထားပေမယ့် အခု နောက်ဆုံး ထိပ်သီးအစည်းအဝေးမှာ ကြေညာခြင်း မရှိခဲ့ပါဘူး။
တောင်တရုတ်ပင်လယ် ကိစ္စကိုတော့ နိုင်ငံတော်သမ္မတရဲ့ ဒီနေ့ညနေ သတင်းစာရှင်းလင်းပွဲမှာ ပြောမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။
အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကို ဒီနေ့ မွန်းလွဲ သုံးနာရီကျော်မှာ ပြုလုပ်ခဲ့ပြီး တောင်တရုတ်ပင်ဘယ် အရေးကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်လို့ အစည်းအဝေး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အစည်းအဝေးကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပခဲ့ရာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ အကြီးအကဲတွေ၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်နဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ နိုင်ငံတော် သမ္မတက အာဆီယံ-တရုတ် မဟာဗျူဟာ ဆက်ဆံရေး တိုးတက်ဖို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်က အဆိုပြုထားတဲ့ ၂+၇ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်မှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နယ်ပယ်အသစ်တွေ ရှာဖွေရေးနဲ့ တောင်တရုတ် ပင်လယ်ကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဆက်လက် ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးမှာ အာဆီယံနဲ့ တရုတ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေအပြင် အာဆီယံ ဦးဆောင်တဲ့ ဒေသဆိုင်ရာ ယန္တရားတွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လက် တိုးမြှင့်သွားရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အာဆီယံ-တရုတ် လွတ်လပ်တဲ့ ကုန်သွယ်မှု နယ်မြေ အဆင့်မြှင့်တင်ရေး ကိစ္စရပ်တွေ ညှိနှိုင်း ဆောင်ရွက်သွားရေးနဲ့ တောင်တရုတ် ပင်လယ်တွင်း နိုင်ငံတွေ လိုက်နာရမယ့် လုပ်ထုံး လုပ်နည်းတွေ ဆိုင်ရာ ကြေညာစာတမ်း အပြည့်အဝ အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်း တူညီဆန္ဒကို အခြေခံပြီး ဆောလျင်စွာ အဆုံးသတ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သမ္မတအိုဘားမား နဲ့ မြန်မာလွှတ်တော် အမတ်တွေ တွေ့ဆုံ


မြန်မာ့ပြု ပြင်ပြောင်းလဲရေး ရှေ့ တက်လှမ်းနိုင်ဖို့ အတွက် နိုင်ငံရေးမှာ တပ်မတော် ရဲ့ ပါဝင်ပတ်သက်မှု ကို လျှော့ချဖို့ လိုအပ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ တပ်မတော် ဆိုတာ အရပ်သား အုပ်ချုပ်မှုအောက်မှာပဲ ရှိသင့်ပြီး - တိုင်းရင်းသား လက်နက် ကိုင်တွေ နဲ့ ငြိမ်းချမ်းရေးရဖို့ အတွက်ကိုလည်း အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ သမ္မတ အိုဘားမားက လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ နေပြည်တော် မှာ တွေ့ဆုံချိန် ပြောဆို သွားခဲ့တာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွေ နဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတဲ့ အကြောင်း အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။
ASEAN ထိပ်သီးညီလာခံကို တက်ရောက်ဖို့ အတွက် နေပြည်တော် မှာ ရောက်ရှိနေ တဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ဟာ ကြာသပတေးနေ့ နေ့ခင်းပိုင်းက လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့ NLD ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးနဲ့ နန်းဝဒီ ဟိုတယ်မှာ ၂ နာရီနီးပါးကြာ တွေ့ဆုံခဲ့ပြီးတော့-
ဒီတွေ့ဆုံမှုအတွင်း လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ တိုင်းရင်းသား အရေးကိစ္စနဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍ၊ ပြည်တွင်းမှာဖြစ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခ စတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအထဲကမှ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေ တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ သြဇာကြီးမားမှုကို ချိန်ခွင်လျှာ ညှိနှိုင်းဖို့အတွက် အရပ်သား အုပ်ချုပ်မှုအောက်မှာ ထားရှိသင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောဆိုတဲ့ အကြောင်း သတင်းထောက်တွေကို သမ္မတ အိုဘားမားက အခုလို ပြောဆိုခဲ့ပါတယ်။
 “စစ်တပ်က သြဇာကြီးမားတဲ့ အဖွဲ့အစည်းတခု အဖြစ် ရှိနေဆဲဖြစ်ပြီး လက်ရှိ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အရပ်ဘက်က ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်မလဲ ဆိုတာတွေက မေးစရာတွေ ဖြစ်နေဆဲပါ။ ဒီလို အခြေအနေမျိုးတွေကို ဒေသတွင်းနဲ့ ကမ္ဘာပေါ်က တခြား တိုင်းပြည် တော်တော် များများမှာလည်း တွေ့ခဲ့ရပြီးပါပြီ။”
ဒါ့အပြင် သမ္မတ အိုဘားမားက - ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးရအောင် အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း - မြန်မာနိုင်ငံရဲ့ အခြေအနေကို အင်ဒိုနီးရှားနိုင်ငံ နဲ့ ဥပမာပေးပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ကို ပြောကြား ခဲ့တယ်လို့လည်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ် တဲ့ ဒေါ်ဖြူဖြူသင်း က အခုလို ပြောပြပါတယ်။
"တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်လို့ အမြန်ဆုံးဖြေရှင်းဖို့ လိုတဲ့ အကြောင်းပေါ့နော်။ ဒါကို မဖြေရှင်းဘူးဆိုရင် အခု အီရတ်တို့ ဘာတို့မှာ ဖြစ်နေတဲ့ ဘာသာရေး ပဋိပက္ခလိုဟာမျိုးပေါ့နော်။ စစ် အကြီးမားဆုံးဖြစ်သွားနိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အဲ့တာတွေကိုလည်း မြန်မြန်လေး ဖြေရှင်းဖို့ လိုတယ်ပေါ့နော်။ အဓိကကတော့  Constitution နဲ့ပတ်သက်ပြီး လူနည်းစုတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပေးသင့်ပေးထိုက် တာတွေကို ပေး လျှော့သင့် တာတွေပေါ့ ဗဟိုချုပ်ကိုင်မှုတွေကို လျှော့ချပြီးတော့ ဥပဒေပြဋ္ဌာန်းမှုတွေ  လုပ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်ပေါ့နော်။ ဒါမျိုးတွေ ပြောသွားပါတယ်။ အဓိကကတော့ ပြောင်းရမယ့် ကိစ္စတွေ၊ လုပ်ရမယ့် ကိစ္စတွေ သူတို့နိုင်ငံနဲ့ယှဉ်တယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ယှဉ်ပြီးတော့ ပြောသွားပါတယ်။ တဖြေးဖြေးနဲ့ မြန်မာနိုင်ငံက အင်ဒိုနီးရှားနိုင်ငံကို အတုယူပြီးတော့ လုပ်သွားမယ်ဆိုရင် အောင်မြင်နိုင်မယ်ပေါ့နော်။ "
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ - လက်ရှိ လွှတ်တော်မှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဥပဒေပြုရေးကိစ္စတွေ၊ ပြည်တွင်းမှာဖြစ်နေတဲ့ လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမားကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာ့ပြုပြင်ပြောင်း လဲရေး နှေးကွေး လာတာနဲ့ လွှတ်တော် ကိုယ်စားလှယ် တယောက်ရဲ့ အခက်အခဲတွေ ကိုလည်း သမ္မတ အိုဘားမားကို ပြောပြခဲ့ကြသလို၊ တက်ရောက်လာတဲ့ တိုင်းရင်းသားကိုယ်စားလှယ် တွေထဲက ရှမ်းတိုင်းရင်းသား ဒီမိုကရက်ပါတီ (SNDP) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကတော့ -
" ကျနော်အနေနဲ့ကတော့ ကနေ့ ကျနော်တို့ နိုင်ငံမှာ အရေးကြီးဆုံး ဖြေရှင်းရမယ့် ပြဿနာက ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပေါ့။ အဲ့ဒီ့အတွက်ဆိုလို့ရှိရင် ငြိမ်းချမ်းရေး ရဖို့အတွက်ကို အစိုးရကရော လွှတ်တော်ကရော အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့အကြောင်းပေါ့နော်။ အဲ့တော့အပစ်အခတ်ရပ်စဲရေး ရပြီးလို့ရှိရင်တော့ နိုင်ငံရေးဆွေးနွေးပွဲကို ထပ်သွားမှာဖြစ်တဲ့ အကြောင်း၊ အဲ့ဒီ့နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ပြင်သင့်ပြင်ထိုက် တာကို ပြင်ရမယ်ဆိုတဲ့အကြောင်း အထူးသဖြင့် ကတော့ ကျနော်တို့ ပုံစံအားဖြင့် ပြည်ထောင်စု စနစ်ဖြစ်ပေမဲ့ လက်တွေ့ အားဖြင့် ပြည်နယ်တွေ၊ တိုင်းဒေသကြီး တွေမှာ ရထားတဲ့ ဥပဒေပြုခွင့်အာဏာနဲ့ အုပ်ချုပ်ခွင့် အာဏာတွေက သိပ်နည်းနေတဲ့ အကြောင်း ဒါကြောင့်မို့လို့ အဲ့တာတွေကို သင့်တော်စွာ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရမယ်ဆိုတဲ့ အကြောင်း အဲ့တာကို ကျနော့်အမြင် ဆွေးနွေးခဲ့တယ်။"
ဒါ့အပြင် မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်လို့လည်း - ဘာသာရေး အမြင်မတူတာတွေ ရှိပေမဲ့ ရာဇ၀တ်မှုကို ရာဇ၀တ်အမှု အနေနဲ့ပဲ ကိုင်တွယ်ပြီး လူနည်းစုကို လူများစုက ဖိနှိပ်တာမျိုးတွေ မလုပ်သင့်တဲ့ အကြောင်းလည်း သမ္မတ အိုဘားမားက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ မနက်ဖြန် သောကြာနေ့မှာတော့ ရန်ကုန်ကို သွားရောက်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သီးခြားတွေ့ဆုံမှာဖြစ်သလို၊ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ Town-hall ဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။
VOA

မြန်မာနိုင်ငံ မှာ Peace Corps အစီအစဉ် စတင်မည်

Peace Corps အမှတ်တံဆိပ်။
Peace Corps အမှတ်တံဆိပ်။
အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps လို့ခေါ်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်အားပေး အစီအစဉ် တရပ်ကို မြန်မာနိုင်ငံမှာ ထူထောင်သွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။ ဒါဟာဖြင့် တချိန်က အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပြန်ပြီး ပူးပေါင်းဆောင်ရွက်ရေး အမေရိကန်က ချဲ့ထွင် လုပ်ဆောင်နေတာ တွေထဲမှာ နောက်ဆုံး ထွက်လာတဲ့နည်းလမ်းပါ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့သန္နိဋ္ဌာန်ကို အကောင်းဆုံးဖော်ပြဖို့ရာ ဒီလိုမျိုး အောက်ခြေအဆင့်မှာ လူထုအချင်းချင်း ဆက်သွယ် လုပ်ဆောင်တာမျိုးကနေ တဆင့် ဖော်ပြတာထက် ပိုကောင်းတဲ့နည်းလမ်း မရှိပါဘူးလို့ အမေရိကန် သမ္မတအိမ်ဖြူ တော်ရဲ့ ထုတ်ပြန်ချက်တခုထဲမှာ ဖော်ပြထားပါတယ်။
Peace Corps လုပ်အားပေး ပထမဆုံးအသုတ်ဟာ ၂၀၁၅ ခုနှစ် နှောင်းပိုင်း မြန်မာနိုင်ငံဆီ ရောက်လာမှာဖြစ်ပြီး သုံးလကြာ သင်တန်းပြီးဆုံးပြီးတဲ့နောက် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ကြပါမယ်။
ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေ တက်ပြီး မြန်မာခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ သမ္မတ ဘရာ့ခ် အိုဘားမား မြန်မာနိုင်ငံဆီ ရောက်နေချိန်မှာပဲ ဒီ Peace Corps အစီအစဉ် ကြေညာချက် ထွက်လာတာပါ။
Peace Corps အစီအစဉ်ကို ၁၉၆၁ ခုနှစ်မှာ စတင် ထူထောင်ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ကမ္ဘာတ၀န်း လုပ်အားပေး ပေါင်း ၂၂၀,၀၀၀ နီးပါးကို စေလွှတ်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးလိုကဏ္ဍတွေမှာ ကူညီ လုပ်ဆောင်ပေးကြပါတယ်။ ဒီ အစီအစဉ်ရဲ့ ရည်မှန်းချက်တစိတ်တပိုင်းကတော့ အမေရိကန်လူထုနဲ့ တခြားနိုင်ငံတွေက လူထုတွေအကြောင်း နားလည်မှု ပိုရလာ စေဖို့ပါ။
မြန်မာနိုင်ငံဟာ Peace Corps အစီအစဉ်မှာ ပါဝင်တဲ့ ၁၄၁ ခု မြောက် နိုင်ငံ ဖြစ်လာ ပါမယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား အားကောင်းတဲ့ ပူးတွဲ လုပ်ဆောင်မှုနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိနေတာကို ဒီအစီအစဉ်က နောက်ထပ် သက်သေပြလိုက်တာဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ကန် အာဆီယံ ခိုင်မာတဲ့ ဆက်ဆံရေး ထူထောင်ဖို့ အိုဘားမား တိုက်တွန်း

အမေရိကန်ပြည်တောင်စု နဲ့ အာဆီယံ အကြား ခိုင်မာတဲ့ ဆက်ဆံရေးဟာ အာရှနဲ့ ပစိဖိတ်ဒေသရဲ့ တူညီတဲ့ အနာဂတ်မျှော်မှန်းချက် အတွက် လိုအပ်ချက်ဖြစ်တယ်လို့ အမေရိကန် သမ္မတ Barack Obama ကပြောဆိုလိုက်ပါတယ်။ နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အရှေ့အာရှထိပ်သီးညီလာခံရဲ့ အာဆီယံ-အမေရိကန် အစည်းအဝေး အဖွင့် မိန့်ခွန်းမှာ သမ္မတအိုဘားမားက အခုလိုပြောဆို လိုက် တာပါ။ နေပြည်တော်မှာ ကိုယ်တိုင် သတင်းရယူနေတဲ့ အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က သတင်းပေးပို့ထားပါတယ်။
ကိုးကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Barack Obama က အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စု အကြား  အမေရိကန်ပြည်တောင်စုနဲ့ အာဆီယံ အသင်းကြား ခိုင်မာတဲ့ ဆက်ဆံရေးကို ပိုပြီး အားကောင်း အောင် တည်ဆောက်သွားမယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
"အာရှနဲ့ ပစိဖိတ်ဒေသရဲ့ တူညီတဲ့အနာဂတ်မျှော်မှန်းချက် အတွက် လိုအပ်ချက်ဖြစ်တယ် ဆိုတာကို သဘောပေါက်ကြတာနဲ့အမျှ ကျနော့်အနေနဲ့ အခုလို ထိပ်သီးအစည်းအဝေးတွေမှာတင် မဟုတ်ဘဲ နေ့စဉ်ဆိုသလို ဆက်လက်ပြီး ကြိုးစား အားထုတ်သွားမှာဖြစ်ပါတယ်။"
အရှေ့အာရှထိပ်သီးညီလာခံတက်ရောက်နေတဲ့ သမ္မတ အိုဘားမားဟာ အိမ်ရှင် မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့လည်း မျက်နှာချင်းဆိုင်မြန်မာ့ အရေးဆွေးနွေး ကြပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ကျော်က သမ္မတ အိုဘားမား ရဲ့ ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမေရိကန်နဲ့ မြန်မာ ၂ ဘက် ညှိနှိုင်းခဲ့ကြတဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး VOA ကို အခုလို ရှင်းပြပါတယ်။
" ကျနော်တို့က ဒီ(၁၁)ချက်လုံးအပေါ်မှာ အားလုံး response  လုပ်ထားပြီး သားဖြစ်ပါတယ်။ အားလုံးမှာ တိုးတက်မှု ရှိနေပါတယ်။ ဒီတိုးတက်မှု ကို နှစ်ဘက်ကြားမှာ အကြိမ်ကြိမ် ပြန်ဆွေးနွေးပြီးတော့ ဒီ့ထက် ထပ် တိုးတက်အောင် လုပ်ဖို့ပဲ ရှိတယ်။ အဲ့ တခုရှိတာပေါ့နော်။ သိပ်ဆန္ဒစောပြီးတော့ သိပ်လောတယ် ဆိုရင်တော့လည်း အဲ့လောက်ကြီးတော့ ကျနော်တို့မှာလည်း လူ့စွမ်းအား အခက်အခဲတွေရှိတယ်။ ကျနော်တို့နိုင်ငံက ဆင်းရဲတွင်းက ထူထောင် ကြိုးစားနေတဲ့ နိုင်ငံဖြစ်တဲ့အခါကျတော့ ကျနော်တို့လည်း တတ်နိုင်သလောက် ကြိုးစားနေတယ်။ နော် ဒီအချက်တွေ အားလုံးက ကျနော်တို့က ကိုယ့်ဆန္ဒနဲ့ ကိုယ် ထုတ်ဖော်ကြေညာခဲ့တာပါ ဒေါ်ခင်စိုးဝင်း ပြန်ကြည့်လို့ရှိရင် ကျနော်တို့က ဒါ အမေရိကန်နဲ့ နှစ်ဖက် ပူးတွဲပြီးတော့ ကြေညာခဲ့တာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ နှုံး ကျနော်တို့ရဲ့ ခြေလှမ်းနဲ့ တနေ့ ရောက်အောင် သွားမယ်ဆိုတာ ပြောကြားလို ပါတယ်။"
အရှေ့အာရှ ထိပ်သီးညီလာခံ တက်ရောက်နေတဲ့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ Takehiko Nakao ကတော့ Asean ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အသင်းဝင်နိုင်ငံတွေ အားလုံး ၂၀၁၅ ခုနှစ်လွန်ကာလ တသားတည်း ဆက်စပ်ပေါင်းစည်းရေးအတွက် စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ အားနည်းတဲ့ မြန်မာအပါအ၀င် နိုင်ငံငယ်တွေကို ADB က ပံ့ပိုးနေတဲံအကြောင်း VOA နဲ့ သီးသန့်တွေ့ဆုံခန်းမှာအခုလိုပြောပါတယ်။
"ဗီယက်နမ်နိုင်ငံကို အထူးအတိုးနှုံးနဲ့ရော သာမန်အတိုးနှုံးနဲ့ပါ ဖွံ့ဖြိုးရေး စီမံကိန်းကြီးတွေ အတွက်ငွေချေးပေးနေသလို၊ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ အတွက်လည်း အထူးသက်သာတဲ့ အတိုးနှုံး အပြင်၊ နှစ်ရှည်ချေးတဲ့ အစီအစဉ်တွေ၊ နည်းပညာတွေနဲ့ပါ ပံ့ပိုးပေးနေပါတယ်။ ဗီယက်နမ်နိုင်ငံ ကတော့ တခြား ဖွံ့ဖြိုးတဲ့ အာဆီယံနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ အတော်လေးခြေလှမ်းသွက်နေပေမဲ့ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကတော့ အချိန်ယူကြရအုံးမှာဖြစ်ပါတယ်။ အာဆီယံစီးပွားရေး အသိုက်အ၀န်း ထူထောင်ရေး အထမြောက်အောင် ADB က ၀ိုင်းဝန်းပံ့ပိုးနေပါတယ်။"
အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ အာဆီယံ ရဲ့ အချက်အခြာကျတာကို ထိန်းသိမ်းရေး ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေး အတွက် သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကို စုပေါင်း ကိုင်တွယ်ဖြေရှင်းသွားရေး၊ အာရှနဲ့ ပစိဖိတ် ဒေသတခွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသဆိုင်ရာ ပေါင်းစည်းမှု ခိုင်မာစေရန် ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးတို့ကိုလည်း အလေးထား ဆွေးနွေးခဲ့ပါတယ်။
မနက်ဖြန် သောကြာနေ့မှာတော့ သမ္မတ အိုဘားမားဟာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ထွက်ခွာမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဆူးလေ အနီးတဝိုက်နဲ့ အတွင်းဝန်များ ရုံးကို လေ့လာဖို့ရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ သူ့ရဲ့နေအိမ်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲ့ကနေ ပြီးရင် လူငယ်တွေနဲ့တော့ စိန်ရတုခမ်းမမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဒေါ်ခင်စိုးဝင်းVOA

ဂျပန်က မြန်မာကို အမေရိကန် ဒေါ်လာ သန်း ၂၅၀ ထုတ်ချေးမည်

 
 မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅၈ သန်းနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၂၅ ဒသမ ၈ ဘီလျံ ချေးငွေ ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

အခုလို ချေးငွေပေးအပ်ဖို့ကိစ္စကို နေပြည်တော်မှာ ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာသမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့ သတင်းက ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ- ဂျပန် ထိပ်သီးအစည်းအဝေးနဲ့ မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးပွဲတွေကို တက်ရောက်ခဲ့ပြီး ဒီကနေ့လည်း အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲနဲ့ ASEAN+3 အစည်းအဝေးတွေကို တက်ရောက်ဖို့ ရှိပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့က အာဆီယံ-ဂျပန်အစည်းအဝေးပွဲမှာတော့ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ အာဆီယံ-ဂျပန်လွတ်လပ်တဲ့ ကုန်သွယ်မှုနယ်မြေ အကောင်အထည်ဖော်ရေးနဲ့ ဂျပန်က အဓိကရင်နှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ သီလ၀ါအထူး စီးပွားရေးဇုန်မှတဆင့် ဒေသအဆင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ တိုးမြှင့်ဆောင်ရွက် ရေး ပူးပေါင်းလုပ်ဆောင်ကြရေး စတာတွေ ဆွေးနွေးခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သီးခြား တွေ့ဆုံပွဲမှာတော့ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနဲ့ အလတ်စား စက်မှုကဏ္ဍ ဖွံ့ဖြိုးရေး၊ သီလ၀ါနဲ့ ထားဝယ် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေအပြင် ရန်ကုန်မှာ သယ်ယူပို့ဆောင်ရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ လျှပ်စစ်မီး ရရှိရေးကိစ္စ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ်က မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေကို ထောက်ခံတဲ့အကြောင်းနဲ့ မကြာမီ တပြည်လုံး အပစ်အခတ် ရပ်ဆဲရေး သဘောတူလက်မှတ်ထိုးနိုင်မယ့်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

By ဒီဗွီဘီ

နာမည်အသုံးအနှုန်းထက် နှစ်ဘက်သဟဇာတဖြစ်ရေး ပိုအရေးကြီးလို့ ဘန်ကီမွန်း ပြော


ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီဆိုပြီး ခေါ်ဝေါ်ပြောဆိုတာထက် မိမိတို့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်း နှစ်ခုစလုံး သဟဇာတရှိရှိ အတူနေ သွားနိုင်ဖို့ကို အဓိကထား ဦးတည်ပြောတာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဒီနေ့နေ့လယ်ပိုင်းက သတင်းမီဒီယာတချို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အဲဒီ့မှာ သတင်းထောက်တစ်ဦးက မစ္စတာဘန်ကီမွန်းကို ရိုဟင်ဂျာလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ သုံးနှုန်းသွားတဲ့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ကန့်ကွက်စာပေးခဲ့တဲ့အပေါ် မေးမြန်းရာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီလို့ အများက ခေါ်နိုင်ပါတယ်။ အရေးကြီးတာက ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းနှစ်ခုစလုံး အတူတကွယှဉ်တွဲနေထိုင်နိုင်မယ့် အခြေအနေကို ဖန်တီးနိုင်ဖို့က အဓိကဖြစ်ပါတယ်။ ကုလသမဂ္ဂက ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက နှစ်ဖက်စလုံးရဲ့ လူနေမှုဘ၀တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကူအညီပေးခွင့်ရအောင် ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့စာကို လက်ခံရရှိပါတယ်။ ဒီအပေါ်မှာ ဆက်လက်ဆွေးနွေးကြရမှာဖြစ်ပါတယ်။ နှစ်ဖက်လူ့အဖွဲ့အစည်းမှာ အကြောက်တရားတွေ ကင်းဝေးပြီးနေနိုင်ဖို့က အဓိကဖြစ်ပါတယ်။ အဲဒီ့အတွက် သတင်းမီဒီယာတွေကလည်း တာဝန်ယူရမှာဖြစ်ပြီး သတင်းမီဒီယာအခန်းကဏ္ဍကလည်း အရေးကြီးပါတယ်လို့” ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောသွားတာပါ။

မစ္စတာဘန်ကီမွန်းဟာ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စအပြင် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ ဖြစ်လာဖို့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့
 ပြောပါတယ်။

RFA Burmese

ဘန်ကီမွန်းရဲ့ အသုံးအနုန်းကြောင့် ရခိုင်ပြသနာ ပိုမိုကြီးထွားနိုင်ဟု ရခိုင်ခေါင်းဆောင်များ ပြောဆို

 
မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့  အာစီယံ ထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော် MICT (၁) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူမျိုးတွေကို ရိုဟင်ဂျာ လူမျိုး အဖြစ် သုံးနုန်းခေါ်ဆိုသွားပြီး သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူတွေ ဖြစ်ကြောင်း၊ သူတို့ကို လူ့အခွင့်အရေး စံချိန်စံညွန်းများနှင့် အကာအကွယ်ပေးရန်တောင်း ဆိုကြောင်း  ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က  မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးမရှိဟု တရားဝင်ပြောဆိုထားပြီး မြန်မာ ပြည်သူလူထု အများစုက လက်မခံတဲ့   ရိုဟင်ဂျာဆိုတဲ့ နာမည်ကို တရားဝင် သုံးစွဲသွားတဲ့ အပေါ် ရခိုင်တွေဘက်က ဘယ်လို အမြင်တွေ ရှိပါသလဲ။ ရခိုင်ခေါင်းဆောင်အချို့ကို မေးကြည့်တော့ ရခိုင်အမျိုးသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင် မေးကြည့်တော့ ခုလို ပြောပါတယ်။

“ ကမ္ဘာ့ကုလသမဂ္ဂက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေသော်၎င်း၊ နိုင်ငံတကာ အကြီးအကဲတွေက သော်၎င်း မြန်မာနိုင်ငံ အရေးကို ကြိုးပမ်းဆောင်ရွက်တဲ့အခါမှာ အဓိကအားဖြင့်  မြန်မာနိုင်ငံမှာ အာဏာရှင် စနစ်ကနေ ဒီမိုကရစီစနစ်ကို ပြောင်းဖို့အရေး၊ ပြည်တွင်း စစ်ရပ်ဖို့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော် ဆောင်ဖို့ တိုင်းရင်းသားအချင်းချင်း သဟဇာတ ဖြစ်ပြီး ဖယ်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံအတွက်အရေးကြီးတယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်လည်း ဒီကိစ္စတွေ အရေးကြီးတယ်။ ဒါတွေကိုမပြောဘဲနဲ့ ဒီဘင်္ဂလီကိစ္စကိုပဲ အဓိကထားပြီး တိုက်တွန်း ပြောဆိုနေတာဟာ မြန်မာနိုင်ငံကို ကူညီဖို့ကြိုးပမ်းရာမရောက်ပဲ မြန်မာနိုင်ငံကို အနှောင့်အယှက် ပေးရာ ကျတယ်လို့ ပြောချင်တယ်။ နောက်တခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဟာ တရားဝင်မရှိ၊ သမိုင်းအရလည်း မရှိပါ။ မြန်မာနိုင်ငံ တိုင်းရင်းသားအရေးနဲ့ ပတ်သတ်ပြီး သမိုင်းဆိုင်ရာ အထောက်အ ထားရသော်၎င်း၊ ဥပဒေအရသော်၎င်း မြန်မာနိုင်ငံမှာမရှိ။ မရှိတဲ့ဟာတစ်ခုကို အရှိဖြစ်အောင် ဖန်တီး ပြောဆို ကြိုးပမ်းနေခြင်းဟာ ပြသနာကို ပိုမိုကြီးထွားစေတဲ့ အပြင်  မြန်မာနိုင်ငံ ပြည်တွင်းရေးကို နှောင့်ယှက် ၀င်ရောက် ပတ်သတ်တယ်လို့ ပြောချင်ပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ သူ့အမြင်ကို ခုလို ပြောပါတယ်။

“ ရခိုင်လူမျိုးတွေကလည်း မကြိုက်၊ နိုင်ငံတော်ကလည်း လက်မခံတဲ့ အသုံးအနုန်းကို သုံးနေတဲ့ဟာကို ကျွန်တော်တို့ ဘက်က တောက်လျှောက်စာရွက်စာတန်းတွေ၊ သမိုင်းအထောက်အထားတွေနဲ့ အမြဲတန်းကန့်ကွက် တုန့်ပြန် ခဲ့ပါတယ်။ နာမည် တစ်ခုကို ရယူလိုတာထက် နယ်မြေပိုင်နက်တစ်ခုကို ရယူလိုတဲ့ အတွက်၊ တိုင်းရင်းသား ဖြစ်လိုမူနဲ့ ရိုဟင်ဂျာ နာမည် ဆိုတာ နိုင်ငံရေးအရ ထွင်လုံးတစ်ခုသာ ဖြစ်တယ်ဆိုတာကို အမြဲတန်း ကျွန်တော်တို့ ဘက်က ပြောလာခဲ့ပါတယ်။ အဲသလို စိတ်ခံစားမှုနဲ့ သက်ဆိုင်တဲ့ ဒီစကားလုံးကိုသာသုံးစွဲပြီး ချဉ်းကပ်ဖို့  ကြိုးစားတာဟာ ပဋိပက္ခကိုသာ တိုးပွား လာလိမ့်မယ်လို့ ထင်ပါတယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေ အနေနဲ့ ဘင်္ဂလီလူမျိုးတွေ အနေနဲ့ နိုင်ငံသား ဖြစ်မူကို အချိန်ကြာမြှင့်လာသည်နဲ့ အမျှ ရနိုင်ဆိုတဲ့ဘက်က လုပ်ကိုင်ကြဖို့ အားပေးသင့်ပါတယ်။ ဒေသခံတွေ မကြိုက်တဲ့ စကားလုံးသုံးပြီး ဖြေရှင်းဖို့ကြိုးစားတာဟာ  ပိုပြီး အချင်းချင်းကြားမှာ နားလည်မှု လွဲပြီး ပဋိပက္ခသာပိုမို ရှည်ကြာ လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ဒီစကားလုံး အသုံးအနုန်းထက် ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေနှင့် အညီ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ငံသားဖြစ်မူကိုသာ အားပေးသင့်တယ်လို့ မြင်ပါတယ်။

ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ဦးဦလှစောကလည်း သူ့အမြင်ကို ယခုလို ပြောပါတယ်။

“ ဒီဝေါဟာရနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတစ်ရပ်လုံး- ရခိုင်သမိုင်းဆရာ အပါအ၀င် လက်ခံနိုင်စရာ မရှိပါ။ နောက်တစ်ခုက ကျွန်တော်တို့သာမက မြန်မာနိုင်ငံက သမိုင်းဆရာတွေ၊ ဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံတော် အစိုးရက သော်၎င်း၊ ကျနော်တို့နဲ့ တွဲပြီး လုပ်ကိုင်နေကြတဲ့ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ရှမ်း၊ ကရင်၊ကချင် နိုင်ငံရေး အင်အားစုကလည်း ဒီဝေါဟာရကို လက်မခံပါ။  ဒီဝေါဟာရသည် သမိုင်းရဲ့ ရေခံ မြေခံ တစ်ခုလည်း မရှိဘဲ လုပ်ကြံထားတာဘဲ ဖြစ်တဲ့ အတွက် လက်မခံဘူးဆိုတာ တစ်ပြည်လုံး ပြည်သူ တစ်ရပ်လုံးနီးပါးက ပြောထားပီးသား ဖြစ်ပါတယ်။ ဒီ ဘင်္ဂလီတွေရဲ့ ရသင့်ရထိုက်တဲ့ Citizenship ကိစ္စ၊ လူအခွင့်အရေးကိစ္စကို ကျွန်တော်တို့ ကန့်ကွက် နေတာမဟုတ်ပါ။ ကျွန်တော်တို့က သူတို့၏ တိုင်းရင်းသားဖြစ်မူသည် အလွန်တစ်ရာ အန္တရာယ်များတယ်။ နောက်လာမယ့် အကျိုးအဆက်က ဘယ်လို့ ဖြစ်လာမလဲ။ တိုင်းရင်းသား အသိအမှတ်ပြုလိုက်ရင် နောက်ကွယ်မှာ ဘယ်လိုအကျိုးဆက်တွေနဲ့ ဘယ်လို ဖြစ်လာမလဲဆိုတာကို ဘယ်သူမှ အာမ မခံနိုင်ပါ။ ကုလသမဂ္ဂကလည်း အာမ မခံနိုင်ပါ။ အိမ်ဖြူတော်ကလည်း အာမ မခံနိုင်ပါ။ အလွန်တစ်ရာ စိုးရိမ် ထိတ်လန့်စရာတွေ ရှိနေတဲ့ အတွက် ကျွန်တော်တို့က ကန့်ကွက်နေတာ ဖြစ်ပါတယ်။”

စစ်တွေမြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းကတော့ ခုလို ဆိုပါတယ်။

“ ဘယ်လိုမြင်ရမှာလည်းဆိုရင် နံပါတ်(၁)က ဘန်ကီမွန်းလို အကြီးအကဲတစ်ယောက်က သံတမန် မဆန်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ နံပါတ် (၂)  ကတော့ မြန်မာနိုင်ငံ အကြီးအကဲ သမ္မတ ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ တိုင်းသိပြည်သိ ကမ္ဘာကိုပြောထားတာကို သူ (ဘန်ကီမွန်း)က ဒီစကားလုံးကို ထည့်သုံးတယ်လို့ဆိုကတည်းက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ကို မလေးမစားလုပ်တယ်လို့ ကျွန်တော်မြင်တယ်။ နောက်တချက်က သူပြောလိုက်တဲ့ စကားလုံး တလုံးဟာ တည်ငြိမ်နေစပြုနေတဲ့ ရခိုင်ပြည်နယ်အခြေအနေကို ပြန်ပြီး အခြေအနေ ရှုပ်ထွေးအောင် မီးမွေးပေးလိုက်တယ်လို့ ကျွန်တော်မြင်တယ်။”

စစ်တွေမြို့နယ်  ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် ကတော့ ခုလို ပြောဆိုပါတယ်။

ပွင့်ပွင်းလင်းလင်းပြောရရင် ယူအန်လို့အဖွဲ့အစည်းက နိုင်ငံတကာအဖွဲ့စည်းလို့ပြောပြီး နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို စွက်ဖက်တယ်။ ပြောရရင် ကျွန်တော်တို့ မြန်မာတနိုင်ငံလုံးနဲ့ ပြောရရင် အဓိက တော့ ကျွန်တော်တို့ ရခိုင် တမျိုးသားလုံးကို စော်ကား စိန်ခေါ်တဲ့ ပုံသဏ္ဍာန်မျိုးနဲ့ လုပ်တယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။ ဘန်ကီးမွန်းရဲ့ အသုံးအနှုန်းအပေါ် ကျွန်တော်တို့ ရခိုင်တမျိုး သားလုံး အနေနဲ့ လုံးဝကိုလက်ခံနိုင်စရာမရှိလို့ ကျွန်တော်တို့ ပြောလိုပါတယ်။

ရခိုင်အမျိုးသားကွန်ယက် (သံတွဲ) ဥက္ကဌ ကို စိန်ချစ်ကတော့ သူ့အမြင်ကို ခုလို ပြောပါတယ်။

မြန်မာနိုင်ငံမှာ မရှိဘူးလို့ တရားဝင် ကြေငြာထားတဲ့ နာမည်ကို ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ လာပြီး ပြောဆိုသွားတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို လိုက်နာမှုမရှိဘူး၊ မြန်မာနိုင်ငံကို လျှစ်လျှူ ရှုတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။

ရခိုင်ပြည်နယ်ထဲက နာမည်ကြီး စာရေးဆရာ စစ်တွေ ညိုသန့် သူ့အမြင်ကို ခုလို ဆိုပါတယ်။

“ နိုင်ငံတော် သမ္မတကလည်း မရှိလို့ပြောထားတယ်။ ရာဇ၀င်သမိုင်း အစဉ်အလာအရလည်း မရှိတဲ့ နာမည်၊ အများပြည်သူကလည်း လက်မခံနိုင်တဲ့နာမည်ကို ထုတ်ပြောတာဟာ ကျွန်တော်အနေနဲ့ လက်မခံနိုင်တဲ့ ကိစ္စတခုပါ။ ပြသနာ ပြေလည်ရေးအတွက် အခွင့်အရေးမဖြစ်ဘဲ ပိုပြီးမီးတောက်ကို စုရုံးပေးတယ်လို့မြင်ပါတယ်။ သူ့အနေနဲ့ မပြောအပ်ဘူးလို့ ကျွန်တော်မြင်တယ်”  လို့ ဆိုပါတယ်။

(နိရဉ္စရာ- ၁၃ နိုဝင်ဘာလ ၂၀၁၄) / မောင်အေး

ဆန္ဒပြ ဟိန္ဒားသတ္တုတွင်းအလုပ်သမားများ လုပ်ငန်းခွင် မ၀င်ရန် တားမြစ်သူရှိက အကြောင်းကြားရန် မြန်မာ ပွန်ပီပက် ကြေညာချက်ထုတ်


|Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအတွင်းရှိ ဟိန္ဒားသတ္တုတွင်းအလုပ်သမားများ လုပ်ငန်းခွင်သို့ မ၀င်ရန် တားမြစ်သူရှိက ကုမ္ပဏီ၊ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းဌာနနှင့် ရဲစခန်းသို့ အကြောင်းကြားရန် နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ထိုင်းနိုင်ငံသားပိုင် မြန်မာ - ပွန်ပီပက် ကုမ္ပဏီက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
အလုပ်သမားများ၏ တောင်းဆိုချက် ၇ ချက်အား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ အောက်တိုဘာ လ ၂၉ ရက်နေ့က
ပြုလုပ်သော အစည်းအဝေးတွင် တောင်းဆိုချက် ၇ ချက်ကို လိုက်လျောဖြေရှင်းခဲ့ပြီးဖြစ်သော်လည်း အလုပ်သမားများ အလုပ်ခွင်သို့ ၀င်ရောက်ခြင်း မရှိသည်ကိုတွေ့ရှိရ၍ နိုဝင်ဘာလ ၈ ရက်နေ့တွင် တိုင်းဒေသကြီးတာဝန်ရှိသူတို့ ဟိန္ဒားကျေးရွာတွင် လာရောက် ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြသည်။
လက်ရှိတွင် အလုပ်သမားများ မိမိဆန္ဒအလျောက် အလုပ်ခွင်သို့ဝင်ရောက်လိုသော်လည်း တစ်စုံတစ်ရာ တားဆီးဟန့်တားမှု ရှိသည်ကို ကြားသိနေရပါသည်ဟု ကြေညာချက်တွင် ပြောသည်။
“အလုပ်သမားတွေကို လုပ်ငန်းခွင်ဝင်ရောက်ဖိှု့ တားဆီးတာမရှိဘူး၊  ကိုယ့်ဆန္ဒအလျောက် သွားဆင်းချင်တဲ့ သူသွားဆင်းလို့ ဖွင့် ပေးထားတယ်” ဟု အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ဆိုသည်။
အလုပ်သမားများ၏ တောင်းဆိုချက်များကို ဖြေရှင်းပေးပြီးဖြစ်သည်ဟု ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြသော်လည်း အလုပ်သမားများကမူ တစ်နေ့လုပ်ခကိစ္စ မပြေလည်သေးဟု ပြောသည်။
ကနဦးတောင်းဆိုချက်တွင် အလုပ်သမားများက တစ်နေ့ လုပ်ခ ၈၀၀၀ ကျပ် ပေးရန် တောင်းဆိုခဲ့သော်လည်း အလုပ်သမားတစ်ဦး၏ အနိမ့်ဆုံး တစ်နေ့လုပ်အားခ မူလနှုန်းထား ကျပ် ၂၀၀၀ကျပ် မှ ၁၅၀၀ ထပ်တိုးကာ ကျပ် ၃၅၀၀ သတ်မှတ်ရန် ကုမ္ပဏီဖက်မှ ပြောဆိုထားသည်။
ကြားကာလ ညှိနှိုင်းမှုများတွင် အလုပ်သမားများဘက်က ကျပ် ၄၅၀၀၊ ထို့နောက် ကျပ် ၄၀၀၀ အထိ အလျော့ပေးခဲ့သော်လည်း ကုမ္ပဏီကမူ ကျပ် ၃၅၀၀ နှုန်းထားကိုသာ ပေးမည်ဟု ပြောကြောင်း အလုပ်သမားကိုယ်စားလှယ်များက ပြောဆိုသည်။
နစ်နာချက်များကို တောင်းဆိုနေသည့်ကာလအတွင်း အလုပ်ပျက်ရက်များကို နေ့တွက်ပေးရန်နှင့် ယခင် ရေအားလျှပ်စစ်မီးကို  မီတာတပ်ဆင်၍ တစ်ယူနစ် ၃၀၀ကျပ်နှုန်းဖြင့် ကောက်ခံခြင်းအား ပြင်ဆင်ပေးရန် နိုဝင်ဘာလ ၁၀ရက်နေ့တွင် ကုမ္ပဏီထံ သွားရောက် တောင်းဆိုရာ လိုက်လျှောမှုမရရှိခဲ့ကြောင်း အလုပ်သမားများက ပြောဆိုသည်။
“ဥပဒေလမ်းကြောင်းအတိုင်း ဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်”ဟု ဦးဝင်းနိုင်က ဆိုသည်။
အလုပ်သမားများကို လုပ်ငန်းခွင်ဝင်ရောက်ရန် သတ်မှတ်ရက်ကျော်လွန်၍ လုပ်ငန်းခွင်သို့ ၀င်ရောက်ပါက အလုပ်သမား အသစ်အဖြစ်သတ်မှတ်မည်ဖြစ်ပြီး အခြေခံလစာ ၃၅၀၀ကျပ်မှ စတင်မည်ဖြစ်ကြောင်း ကုမ္ပဏီမှ အလုပ်သမား များကို အသိပေးထားသည်။
လုပ်ငန်းခွင့်ဝင်ရောက်ရန် နိုဝင်ဘာလ ၁၀ ရက်နေ့က ကုမ္ပဏီရုံးတွင် လက်မှတ်လာထိုးကြပြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အလုပ်သမား ၁၂၆ဦး အလုပ်စတင်ဆင်းနေပြီဖြစ်ကြောင်း မြန်မာ-ပွန်ပီပက်ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက တယ်လီဖုန်းတဆင့် ဖြေကြားသည်။
ဟိန္ဒားသတ္တုတွင်းအလုပ်သမားအနည်းငယ် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လာခဲ့၍ နိုဝင်ဘာလ ၁၀ ရက် နေ့တွင် သတ္တု လုပ်ကွက် ၄ ကွက်ရှိသည်အနက်မှ  လုပ်ကွက် (A) ပြန်လည်လည်ပတ် လုပ်ကိုင်နေပြီဖြစ်ကြောင်း ဟိန္ဒားဒေသခံများထံမှ သိရသည်။
ဟိန္ဒားသတ္တုတွင်းကို ၁၉၉၉ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာ့ရင်းနှီးမြှုပ်မှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အမှတ်(၂) သတ္တု
တွင်းလုပ်ငန်းနှင့် မြန်မာ-ပွန်ပီပက်ကုမ္ပဏီတို့သည် ထုတ်လုပ်မှုအပေါ် အချိုးကျဝေသည့်စနစ်ဖြင့် ဖက်စပ်လုပ်ကိုင်လျက်ရှိ ပြီး
တတိယအကြိမ်သက်တမ်းဖြင့် ယခုနှစ်ဇူလိုင်လမှ  ၅နှစ်လုပ်ကိုင်ခွင့်ရရှိထားသည်ဟု သိရသည်။
ယခုနှစ်ဇူလိုင်လအထိ ထိုင်းအလုပ်သမား ၂၀ဦး၊ မြန်မာအလုပ်သမား ၃၀၀ဦး မြန်မာ-ပွန်ပီပက်ကုမ္ပဏီတွင် လုပ်ကိုင်လျက် ရှိသည်ဟု ဟိန္ဒားသတ္တုတွင်းစီမံကိန်းမန်နေဂျာရုံးထံမှသိရသည်။
အနိမ်ဆုံး တစ်နေ့လုပ်အားခတိုးပေးရန်နှင့် ရပ်ရွာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အလုပ်သမားများက နစ် နာချက် ၇ အချက်ကို အောက်တိုဘာလ ၂၆ ရက်နေ့ကတည်းက အလုပ်မဆင်းဘဲ အလုပ်သမားများထံမှ သိရသည်။
Dawei Watch