Pages

Saturday, December 6, 2014

၂၀၁၅ အတွက် ခရီးသွားရောက်ရန် အကောင်းဆုံး ၁၀ နေရာတွင် မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်

 
ဗြိတိန်နိုင်ငံ၊ အီဒင်ဘာမြို့အခြေစိုက် ခရီးသွား ရှာဖွေမှု ကုမ္ပဏီ Sky scanner က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အတွက် ခရီးသွားရန် အကောင်းဆုံး ၁၀ နေရာတွင် ထိပ်ဆုံး၌ ပါဝင်နေကြောင်း ဖော်ပြသည်။ လာမည့် နှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား လာရောက်မှု ၅၉ ရာခိုင်နှုန်း တိုးတက်ဖွယ်ရှိပြီး မြန်မာနိုင်ငံ၏ နောက်တွင် ဂျပန် ၂၆ ရာခိုင်နှုန်းနှင့် သီရိလင်္ကာ ၁၉ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း Sky scanner က ဖော်ပြသည်။

၂၀၁၅ ခုနှစ်အတွက် ခရီးသွားလာရန် အကောင်းဆုံး(၁၀)နေရာတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ရှိနေပြီး မြန်မာ နိုင်ငံ၏နောက်တွင် ဂရိ၊ အိုက်စလန်၊ ဘရာဇီး၊ ပနားမား၊ နယူးကာလီဒိုးနီးယား၊ တောင်ကိုရီးယား၊ နိုကာရာ ကွာနှင့် ဂျပန်နိုင်ငံတို့ အသီးသီးရှိကြသည်။ ထိပ်တန်း ၁၀ နေရာစာရင်းတွင် အာရှ-ပစိဖိတ်ဒေသမှ လေးနိုင်ငံ ပါဝင်ပြီး တောင်ကိုရီးယားက အဆင့်- ၇၊ သီရိလင်္ကာအဆင့် ၈ နှင့် ဂျပန်နိုင်ငံက အဆင့် ၁၀ ၌ ရှိကြသည်။

မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် သြစတြေးလျခရီးသွားများအတွက် နံပါတ်-၁ ဦးစားပေးခရီးသွားနေရာဖြစ် လာနိုင်သည်ဟု Sky scanner က ဖော်ပြသည်။ ဆက်လက်ပြီး ခရီးသွားရှာဖွေမှု ကုမ္ပဏီက ဟီလ်တန်အုပ်စု၊ ရှန်ဂရီလာအုပ်စု၊ Pan Pacific ဟိုတယ်များအုပ်စုနှင့် Best Wester စသည့် ကမ္ဘာကျော်ဟိုတယ်အုပ်စုများ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာခြင်းကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုစည်ပင်ဖွံ့ဖြိုးလာမည်ဟုလည်း ဖော် ပြသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၏အဆိုအရ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၁,၆၀၄,၇၄၆ ဦး ၀င်ရောက်ခဲ့ပြီး ယမန်နှစ် အလားတူကာလ ဧည့်သည် ၁,၁၂၁,၇၉၅ ဦးနှင့် နှိုင်းယှဉ်လျှင် ခရီးသွားများလာရောက်မှု ၄၃ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။

မြန်မာအစိုးရက ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၃ သန်းနှင့် ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၅ သန်း လာ ရောက်မည်ဟု ခန့်မှန်းသည်။

Ref : GNLM
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဖိလစ်ပိုင်တွင် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်လာနိုင်သောကြောင့် စာသင်ကျောင်းများ ပိတ်ထားပြီး သတိပေးချက်များ ထုတ်ပြန်

Storm Tracker Map

  FORECAST DATA
Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
6 Dec, 12:00 12 hrs 12.4 N 126.1 E 110 kts 3 To 12 hrs To 12 hrs Click Here
7 Dec, 0:00 24 hrs 12.7 N 124.8 E 105 kts 3 To 24 hrs To 24 hrs Click Here
7 Dec, 12:00 36 hrs 13.2 N 123.6 E 95 kts 2 To 36 hrs To 36 hrs N/A
8 Dec, 0:00 48 hrs 13.7 N 122.3 E 85 kts 2 To 48 hrs To 48 hrs N/A
9 Dec, 0:00 72 hrs 14.6 N 120.3 E 70 kts 1 To 72 hrs To 72 hrs Click Here
10 Dec, 0:00 96 hrs 14.5 N 118.0 E 50 kts TS To 96 hrs To 96 hrs N/A
11 Dec, 0:00 120 hrs 13.8 N 115.5 E 40 kts TS To 120 hrs To 120 hrs N/A
Relatives of victims of super Typhoon Haiyan, visit the mass grave as they offer prayers for their loved ones at Vasper village in Tacloban City, in central Philippines on Nov. 7, 2014, a day before the first year anniversary of the devastating typhoon.

မနီလာ ၊ ၆-၁၂-၂၀၁၄

ဖိလစ်ပိုင်နိုင်ငံ တွင် အင်အားပြင်း Hagupit တိုင်ဖွန်းမုန်တိုင်း တိုက်ခတ် လာနိုင် သောကြောင့် ၂ဝ၁၃ ခုနှစ်အတွင်း Haiyan တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့သော နေရာများတွင် ကြိုတင် ဆောင်ရွက်မှု အနေဖြင့် စာသင်ကျောင်းများ ပိတ်ထားခြင်း၊ စစ်ဘက် တပ်ဖွဲ့ဝင် များအား သဘာဝ ဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်၍ ကြိုတင်နေရာ ချထားခြင်း နှင့် အာရှ - ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ (APEC) အစည်းအဝေး ပြုလုပ်မည့် နေရာအား ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ Hagupit မုန်တိုင်းသည် မင်ဒါနာအိုကျွန်း တောင်ဘက်ပိုင်း Surigao မြို့ အရှေ့ဘက် ၁ဝ၂၃ ကီလိုမီတာ (၆၃၆ မိုင်) အကွာတွင် တစ်နာရီလျှင် လေတိုက်နှုန်း ၁၇၅ ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်လျက် ရှိကြောင်းနှင့် လေပြင်း တိုက်ခိုက်မှု အနေဖြင့် တစ်နာရီလျှင် ၂၁ဝ ကီလိုမီတာနှုန်း အထိ တိုက်ခတ် လာနိုင်ကြောင်း မိုးလေဝသ ဌာနက ပြောကြား ခဲ့သည်ဟု သိရသည်။

Visayas ကျွန်းရှိ ပြည်နယ် ၃ ခုတွင် စာသင်ကျောင်းနှင့် ပညာရေးဌာနများ ပိတ်ထား ခဲ့ကြောင်း၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး စစ်သည်များအား ပြင်ဆင် ထားရှိကြောင်း ဖိလစ်ပိုင်တပ်မတော်၏ အမှတ်(၇) အရပ်ဘက် ဆက်ဆံရေး အဖွဲ့ အကြီးအကဲ ဗိုလ်မှူး Emmanuel Garcia က ပြောကြား ခဲ့သည်။

ဒီဇင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ APEC အဆင့်မြင့် အရာရှိကြီးများ အဆင့် အစည်းအဝေး ကျင်းပမည့် နေရာဖြစ်သော Albay ပြည်နယ်သည် မုန်တိုင်း မကြာခဏ တိုက်ခတ်လေ့ ရှိသောကြောင့် အစည်းအဝေး ကျင်းပ ပြုလုပ်မည့် နေရာအား မနီလာမြို့ သို့ ပြောင်းရွှေ့ခဲ့ ရကြောင်း အစိုးရအဖွဲ့ အလုပ် အမှုဆောင် အတွင်းရေးမှူး Paquito Ochoa က ပြောကြား ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံတွင် နှစ်စဉ် ဆိုင်ကလုန်း မုန်တိုင်း ပျမ်းမျှအကြိမ် ၂ဝ ခန့် တိုက်ခတ်ခံ ရလေ့ ရှိကြောင်း သိရှိရသည်။

#PyiChitThar
Typhoon HAGUPIT: Current Data
Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
6 Dec, 0:00 0 hrs 12.2 N 127.4 E 120 kts 4 Click Here Click Here Click Here

မိုးညှင်းခရိုင် တရားသူကြီး၏ အမိန့်ဆုံးဖြတ်ချက်အပေါ် မကျေနပ်သည့်လူအုပ်က တရားသူကြီးအိမ်ကို ခဲဖြင့်ပစ်ပေါက် ဆူပူနေသဖြင့် ရဲတပ်ဖွဲ့က သေနတ်အချက် ၂၀ ကျော်ပစ်ဖောက် လူစုခွဲခဲ့ရ


ခရိုင်တရားသူကြီး၏ အမိန့်ချမှတ်မှုအပေါ် မကျေနပ်သဖြင့် မိုးညှင်းဒေသခံများ တရားရုံးရှေ့၌ စုဝေးနေကြသည်ကို ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကိုမျိုး)

လက်ရှိတရားစီရင်ရေးအပေါ် ပြည်သူလူထုအနေဖြင့် မကျေနပ်မှုများမှာ ပိုမိုများပြားလာခဲ့ပြီး တရားသူကြီးနှင့် ပြည်သူလူထုအကြား ထိပ်တိုက်တွေ့ဆုံမှုလည်း မြင့်မားလာကြောင်း ဖြစ်စဉ်များနှင့် တရားစီရင်ရေးအပေါ် ပြည်သူများ၏ တိုင်ကြားစာများအရ သိရသည်။

လတ်တလောဖြစ်ပေါ်ခဲ့သည့် တရားသူကြီးနှင့်လူထုအကြား ထိပ်တိုက်တွေ့ဆုံမှုတစ်ခုမှာ ကချင်ပြည်နယ် မိုးညှင်းမြို့၌ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

ယင်းဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့၌ သက်ငယ်မုဒိမ်းမှုကျူးလွန်သူအား ထောင်ဒဏ် ၁၅ နှစ်ချမှတ်မှုအပေါ် မကျေနပ်သည့်လူအုပ်က တရားသူကြီးအိမ်ကို ခဲဖြင့်ပစ်ပေါက်ဆူပူခဲ့ရာ ရဲတပ်ဖွဲ့က သေနတ်အချက် ၂၀ ကျော်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများထံမှ သိရသည်။

မိုးကောင်းမြို့တွင် အောက်တိုဘာ ဒုတိယပတ်အတွင်းက ဖြစ်ပွားခဲ့သည့် အသက် ၁၅ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးငယ်အား အသက် ၅၇ နှစ်အရွယ်ရှိသည့် အခြားဘာသာဝင်တစ်ဦး ကျူးလွန်ခဲ့သည့် မုဒိမ်းမှုအား မိုးညှင်းခရိုင်တရားရုံးသို့ ရုံးပြောင်းရွှေ့စစ်ဆေးခဲ့ကာ ၎င်းအမှုကို အပြီးသတ်စီရင်ချက် ချမှတ်သည့်နေ့တွင် တရားခံအား ချမှတ်ခဲ့သည့်ပြစ်ဒဏ် နည်းသည်ဟုဆိုကာ အနည်းဆုံးလူ ၁၅၀ ခန့်ရှိသည့်လူစုက အရှေ့စုရပ်ကွက်ရှိ ခရိုင်တရားသူကြီး ဦးစောထွန်း၏အိမ်ကို ခဲများဖြင့်ပစ်ပေါက် ဆူပူခဲ့ခြင်း ဖြစ်သည်။

မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝေက “မနေ့က အမိန့်ချပြီးတဲ့နောက်မှာ မကျေနပ်တဲ့ လူအုပ်စုက တရားသူကြီးအိမ်ကို ခဲနဲ့ပေါက်ပြီး ရန်ရှာတယ်။ ဒီအတွက် ရဲတပ်ဖွဲ့က သေနတ်အချက် ၂၇ ချက်လောက် ခြောက်လှန့်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရတယ်။ ဆူပူတဲ့လူတွေက အနည်းဆုံးလူ ၁၅၀/၂၀၀ လောက်ရှိတယ်။ တကယ်တမ်း ခဲနဲ့ပစ်ပေါက်တဲ့ လူတွေကတော့ အယောက် ၅၀ လောက်ပဲ ရှိပါတယ်။ ဒီထဲမှာပါတဲ့ လူတစ်ယောက်ကို မနေ့ကဖမ်းပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ပါပြီ။ လက်ရှိကတော့ အခြေအနေ တည်ငြိမ်သွားပါပြီ” ဟု ဒီဇင်ဘာ ၅ ရက်က ပြောကြားသည်။

မိုးညှင်းမြို့နေ အမည်မဖော်လိုသူတစ်ဦးက “မိုးကောင်းဈေးကုန်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းကို မိုးညှင်းခရိုင်တရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးတယ်။ အဲ့ဒီအမှု ရုံးချိန်းတိုင်းကို မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ အင်းတော်ကြီးဒေသ၊ နမ္မားဒေသက မ.ဘ.သ အဖွဲ့ဝင် ရဟန်းရှင်လူတွေက လာနားထောင်တယ်။ အဲ့ဒီအမှုကို မနေ့က စီရင်ချက်ချတယ်။ ပုဒ်မ ၃၆၆ အရ ထောင်ဒဏ်ငါးနှစ်၊ ပုဒ်မ-၃၇၆ အရ ထောင်ဒဏ် ၁၀ နှစ် စုစုပေါင်း ၁၅ နှစ် ချလိုက်တယ်။ ဒီပြစ်ဒဏ်အပေါ်ကို နည်းတယ်လို့ထင်တဲ့အတွက် တရားသူကြီးကို ရန်ရှာကြတာပါ။ နောက်တော့ သံဃာတော်တွေရယ်၊ ရဲတပ်ဖွဲ့ဝင်တွေရယ် ပူးပေါင်းပြီး အခြေအနေကို ထိန်းသိမ်းလိုက်လို့ တည်ငြိမ်သွားပါပြီ” ဟု ပြောကြားသည်။

၎င်းဖြစ်စဉ်တွင် ၀င်ရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့၏ ရဲကားတစ်စီးကိုလည်း ဒေါသထွက်နေသည့်လူအုပ်က ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် လေးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် မုဒိမ်းမှုတရားခံဖြစ်သူအား မြစ်ကြီးနားထောင်သို့ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လက်ရှိအချိန်တွင် တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီးများ၏ ဆုံးဖြတ်ချက်များ၊ ပြစ်မှုပြစ်ဒဏ် မျှတခြင်းမရှိသော စီရင်ချက်များအပေါ် ပြည်သူလူထု၏ မကျေနပ်မှုများ ဖြစ်ပေါ်နေပြီး ယခုဖြစ်စဉ်ကလည်း ထိုမကျေနပ်မှုများ ပေါက်ကွဲလာခြင်းကို မီးမောင်းထိုးပြသည့် ပုံစံကဲ့သို့ဖြစ်နေသည်။
လက်ရှိအခြေအနေမှာ ဥပဒေပြုရေးမဏ္ဍိုင်က အပြန်အလှန် ထိန်းကျောင်းတာတွေရှိရင် အုပ်ချုပ်ရေးမဏ္ဍိုင်က အထိုက်အလျောက် ဆောင်ရွက်ပေးတာတွေရှိတယ်။ စတုတ္ထမဏ္ဍိုင်က ထိန်းကျောင်းတာတွေ ရှိရင်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်က အထိုက်အလျောက် ဆောင်ရွက်ပေးတာရှိတယ်။ ဒါပေမဲ့ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ကတော့ မီဒီယာတွေ ဘယ်လိုပဲထောက်ပြထောက်ပြ၊ လွှတ်တော်က ဘယ်လောက်ပဲ ထောက်ပြထောက်ပြ သူတို့က ပြင်ချင်မှပြင်မယ်။ လုပ်ချင်မှလုပ်မယ်ဆိုပြီးနေတယ် . . . . .
သာဓကအနေဖြင့် ပြည်သူ့လွှတ်တော်ရှိ တရားစီရင်ရေးဆိုင်ရာကော်မတီသို့ ကော်မတီစတင်ဖွဲ့စည်းချိန်မှ ၂၀၁၄ ခုနှစ်၊ သြဂုတ်ကုန်အထိ ပြည်သူများထံမှ တိုင်ကြားစာပေါင်း ၁၀၃၀၀ ကျော် ရောက်ရှိခဲ့သည့်အနက် ထိုအထဲတွင် တရားရေးနှင့်ပတ်သက်သော တိုင်ကြားစာထောင်နှင့်ချီရှိကြောင်း သိရသည်။ ထိုပမာဏသည် တရားစီရင်ရေးမဏ္ဍိုင်၌ရှိနေသော တရားသူကြီးဦးရေ ထောင်ဂဏန်းခန့် ရှိနေနိုင်သည့် အခြေအနေတွင် တရားသူကြီး အရေအတွက်နှင့် တိုင်စာအရေအတွက် နှိုင်းယှဉ်ပါက တိုင်စာအရေအတွက်က ပိုများနေသည်ကို တွေ့ရှိရသည်။
“တရားရေး နယ်ပယ်မှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေထဲမှာ အချို့က လာဘ်ပေး၊ လာဘ်ယူ ယဉ်ကျေးမှုထဲမှာ ပျော်မွေ့နေတယ်လို့ ပြောရမလိုဖြစ်နေတယ်။ တရားရုံးအဆင့်ဆင့်ကလည်း အထက်အောက် အပြန်အလှန်ချိတ်ဆက်ပြီး အကာအကွယ်ပေးနေကြတယ်” ဟူ၍ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားထားခဲ့ဖူးသည်။
ထို့ကြောင့် တရားစီရင်ရေးနှင့် ပတ်သက်၍ ပြည်သူတို့၏ မကျေနပ်ချက်များမှာ တရားစီရင်ရေး အပေါ်တွင်သာမက အရေးယူမှု အားနည်းသည့် အစိုးရအပေါ်၌ပါ မကျေနပ်ချက် ပိုမိုလာခဲ့ကြောင်း ပြည်သူများအကြား ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။      
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “လက်ရှိအခြေအနေမှာ ဥပဒေပြုရေးမဏ္ဍိုင်က အပြန်အလှန် ထိန်းကျောင်းတာတွေရှိရင် အုပ်ချုပ်ရေးမဏ္ဍိုင်က အထိုက်အလျောက် ဆောင်ရွက်ပေးတာတွေရှိတယ်။ စတုတ္ထမဏ္ဍိုင်က ထိန်းကျောင်းတာတွေ ရှိရင်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်က အထိုက်အလျောက် ဆောင်ရွက်ပေးတာရှိတယ်။ ဒါပေမဲ့ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ကတော့ မီဒီယာတွေ ဘယ်လိုပဲထောက်ပြထောက်ပြ၊ လွှတ်တော်က ဘယ်လောက်ပဲ ထောက်ပြထောက်ပြ သူတို့က ပြင်ချင်မှပြင်မယ်။ လုပ်ချင်မှလုပ်မယ်ဆိုပြီးနေတယ်။ ပြီးတော့ သူတို့အပိုင်းကို ဝင်ရောက်စွက်ဖက်တာကို မကြိုက်ဘူးဆိုတဲ့ လေသံတွေ ရှိလာတယ်။သူတို့မှန်နေရင် ဘယ်သူမှ အလကားပြောမနေပါဘူး။ မှန်အောင်လည်း သူတို့မဆောင်ရွက်နိုင်တာကို တွေ့မြင်နေရပါတယ်။ အဲဒီတော့ တရားရေးမဏ္ဍိုင် တာဝန်ရှိသူတွေ အနေနဲ့ ကိုယ်မှားနေတာကို ကိုယ့်ဘာသာပြင်ဖို့လိုမယ်။ နောက်တစ်ချက်က တရားသူကြီး အဆင့်ဆင့်ကို ပြည်ထောင်စု အဆင့်ကနေ အောက်ခြေအထိ ဆင့်ကဲတာဝန်ပေးလို့ရတယ်။ မှန်ကန်မှုရှိအောင် ထိန်းကျောင်းလို့ရတယ်။ အဲလိုထိန်းကျောင်းမှုတွေ အားနည်းနေတယ်လို့ မြင်တယ်။ တရားသူကြီးတွေနဲ့ပတ်သက်ပြီး ပြည်သူနဲ့ မီဒီယာတွေက အော်ဟစ်ပြီး ထောက်ပြနေကြတာတွေကို ဒါကိုမဆောင်ရွက်ကြရင် ဘာဆက်ဖြစ်လာဆိုတဲ့ မေးခွန်းကြီးရဲ့ အဖြေက အကြီးမားဆုံး အပြောင်းအလဲ လုပ်ဖို့ဆိုတာ ဖြစ်လာလိမ့်မယ်” ဟု ပြောကြားခဲ့သည်။


လက်ရှိအစိုးရ လက်ထက်တွင် တရားစီရင်ရေးနှင့် ပတ်သက်၍ အရေးယူခဲ့သည့် အနည်းငယ်သော ဖြစ်စဉ်အချို့မှာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဦးတင်စိန်အား အဂတိလိုက်စားမှုတွင် အရေးယူခဲ့ခြင်းဖြစ်ပြီး ဦးတင်စိန်အား ထောင်ဒဏ် ၁ဝ နှစ်နှင့် ဒဏ်ငွေကျပ် ၅ဝဝဝဝ ပေးဆောင်ရန် အောက်တိုဘာလ အတွင်းက အမိန့်ချမှတ်ခဲ့သည်။
အလားတူ လာဘ်ငွေယူကာ အာဏာအလွှဲသုံးစား ပြုလုပ်သည်ဟူသော စွပ်စွဲမှုများကြောင့် ရခိုင်ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးခံနေရသော ရခိုင်ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဒေါ်စီစီအား ၎င်း၏သဘောဆန္ဒ အလျောက်ဟုဆိုကာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်က သမ္မတဦးသိန်းစိန် အမိန့်ဖြင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းသာ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ထိရောက်သော စုံစမ်းစစ်ဆေးအရေးယူမှု ပြုလုပ်ရန် လွှတ်တော်၌ တင်သွင်းခြင်းခံရသော စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစန်းကိုအား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာ ၁၅ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဩဂုတ်လက  ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ကိုယ်ကျင့်တရားပျက်ပြားမှုနှင့် အဂတိလိုက်စားသည်ဟုဆိုကာ လွှတ်တော်သို့ တိုင်ကြားခံရသူ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ကို ထိရောက်သော စုံစမ်းစစ်ဆေးအရေးယူမှု ပြုလုပ်ရန် လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့သည်။
ထိုအချိန်က စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၌ ဒုတိယဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးမင်းသော်ထွေးနှင့် သက်သေများ ပါဝင်သောအဖွဲ့က နေပြည်တော်သို့ လာရောက်ပြီး လွှတ်တော်သို့ တိုင်ကြားခဲ့ခြင်းနှင့် အခြားသူများ တိုင်ကြားမှုများအပေါ် အခြေခံပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန် သူရဦးအောင်ကိုက တင်ပြခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ရှိခဲ့သည်ဟု ဆိုသော်လည်း တိုင်ကြားစွပ်စွဲခံရသူ ဦးစန်းကိုမှာ အရေးယူခံရမှု မရှိဘဲ ၎င်းကို တိုင်ကြားခဲ့သူ ဦးမင်းသော်ထွေးမှာ ရာထူးယာယီရပ်ဆိုင်းခံရခြင်း၊ ရာထူးတိုးတစ်နှစ် ရပ်ဆိုင်းခံရခြင်း၊ နေရာပြောင်းရွှေ့ တာဝန်ပေးခြင်းများ လုပ်ဆောင်ခံခဲ့ရပြီး အပြီးသတ်တွင် ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထို့အပြင် ဦးစန်းကိုက ၁ဝ နှစ်ကျော်ကြာ ကိုယ်ထိလက်ရောက် စော်ကားမှု ပြုလုပ်ခဲ့ခြင်းများ ရှိသည်ဟု တိုင်ကြားခဲ့သော တရားရေးဝန်ထမ်း အမျိုးသမီးတစ်ဦးကိုလည်း နေရာပြောင်းရွှေ့ တာဝန်ပေးခဲ့ပြီး ထိုသို့နေရာ ရွှေ့ပြီးနောက် ၁၅ ရက်အကြာတွင် စုံစမ်းမှု တစ်စုံတစ်ရာမရှိဘဲ ရာထူးမှ ရပ်ဆိုင်းပြီး ထုတ်ပယ်လိုက်ကြောင်း သိရသည်။

“အာဏာရှင်နိုင်ငံတွေမှာ ထောက်လှမ်းရေးတွေဟာ လူထုကို ဖိနှိပ်တဲ့ လက်ကိုင်တုတ်တွေ ဒီမိုကရေစီအရောင်ပြ နိုင်ငံတွေမှာတော့ အစိုးရရှေ့နေတွေ၊ တရားသူကြီးတွေဟာ ပြည်သူတွေကို ဖိနှိပ်တဲ့ လက်ကိုင်တုတ်တွေပဲ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး တာဝန်ယူတဲ့သူတွေဟာ လူထုနဲ့ မကြာခဏ ထိပ်တိုက်တိုးရလေ့ရှိပါတယ်။ ငြိုငြင်ခံရလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရဲတွေလည်း လာဘ်စားတာတွေရှိတယ်။ လူတွေနဲ့လည်း ထိပ်တိုက်တိုးရတာတွေရှိတယ်။ ဒါပေမဲ့ တရားသူကြီးတွေဟာ ရဲတွေထက် လူပိုမုန်းခံရတယ်။ ရဲတပ်ဖွဲ့အတွင်းမှာ မှားရင် ဝန်ခံတယ်။ တိုင်ကြားရင် အဆင့်ဆင့် အရေးယူတယ်။ ပြုပြင်ပြောင်းလဲရေးတွေလုပ်တယ်။ ဒါပေမဲ့ တရားစီရင်ရေးအပိုင်းမှာတော့ မျှတမှုမရှိတဲ့ စီရင်မှုတွေကြောင့် ပြည်သူလူထုဟာ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားရပါတယ်။ အခု သုံးလေးနှစ်မှာ ပိုဆိုးလာတယ်။ ဒါကြောင့် ဒီလိုလူထုနဲ့ ထိပ်တိုက်တိုးမှုတွေ ဖြစ်လာရတယ်။ တရားစီရင်ရေး မဏ္ဍိုင်အပေါ် ပြည်သူလူထုက မယုံကြည်တဲ့အတွက် တရားဥပဒေ စိုးမိုးမှုကိုပါ ထိခိုက်စေပါတယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားသည်။

သတင်းအယ်ဒီတာအဖွဲ့ Eleven Media Group

ISIS စစ်သွေးကြွ အဖွဲ့က လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် လေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်လျက်ရှိ



အမေရိကန် - အာဖရိကဒေသ စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး David Rodriguez

ဒမတ်စကတ် ၊ ၆-၁၂-၂၀၁၄

အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်းရှိ ဒေသများအား စီးနင်းသိမ်းပိုက် ထားသည့် ISIS စစ်သွေးကြွ အဖွဲ့သည် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် လေ့ကျင့်ရေး စခန်းများ ဖွင့်လှစ်ထူထောင် ထားကြောင်းနှင့် အမေရိကန် စစ်ဘက် အနေဖြင့် အဆိုပါ အခြေအနေကို အနီးကပ် စောင့်ကြည့် ထောက်လှမ်းလျက် ရှိကြောင်း အမေရိကန် - အာဖရိကဒေသ စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး David Rodriguez က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု AFP သတင်းတစ်ရပ် အရ သိရသည်။

လစ်ဗျားနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ ပဋိပက္ခ အခြေအနေသည် အစွန်းရောက် အကြမ်းဖက် သမားများ အတွက် အခွင့်အလမ်း ကောင်းများ ဖြစ်ပေါ်လာ နိုင်မှုနှင့် ပတ်သက်၍ အနောက်နိုင်ငံ များမှ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက် လျက်ရှိကြောင်း သိရသည်။

ISIS စစ်သွေးကြွ ၂ဝဝ ဦးခန့်သည် အဆိုပါ လေ့ကျင့်ရေး စခန်းများတွင် ရှိနေကြောင်းနှင့် ISIS စစ်သွေးကြွ အဖွဲ့ အနေဖြင့် ၄င်းတို့၏ လက်ရှိအင်အားကို တိုးချဲ့ လာမည်ဆိုပါက အမေရိကန် တပ်ဖွဲ့များ အနေဖြင့် လည်းအဆိုပါ လေ့ကျင့်ရေး စခန်းများ တည်ရှိသည့် ဧရိယာအား ခြေရာခံ ထောက်လှမ်း မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ အနေဖြင့် အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များအား လေကြောင်းတိုက်ပွဲ ဆင်နွှဲလျက် ရှိသောကြောင့် လက်ရှိ အနေအထားအရ လစ်ဗျားနိုင်ငံ အတွင်းရှိ အဆိုပါ လေ့ကျင့်ရေး စခန်းများသည် အမေရိကန်တို့ အတွက် ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ဖွယ် မရှိသေးကြောင်း ဗိုလ်ချုပ်ကြီး David Rodriguez က ထုတ်ဖော် ပြောကြား ခဲ့သည်။

ထို့အပြင် လစ်ဗျားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် အခြားဒေသမှ ဝင်ရောက် လာသော တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ယခင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ ISIS စစ်သွေးကြွ အဖွဲ့ထံ ပြောင်းလဲသစ္စာခံ သူများသာ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး David Rodriguez က ထပ်လောင်း ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းရှိ Derna ဆိပ်ကမ်းမြို့ အရှေ့ပိုင်းတွင် ခြေကုပ် တစ်နေရာ ရရှိခဲ့သည်ဟု ကျွမ်းကျင်သူ များက သတိပေး ပြောကြား ခဲ့ကြောင်း၊ လစ်ဗျားနိုင်ငံ သည် ၂ဝ၁၁ ခုနှစ်တွင် အာဏာရှင် မွမ်မာကဒါဖီ အား ဖြုတ်ချခဲ့သည့် အချိန်မှ စ၍ ပြည်တွင်းရေး မတည်ငြိမ်မှု များကြောင့် ဘေးဒုက္ခ ဆိုက်ရောက်လျက် ရှိပြီး ISIS စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ကလည်း လစ်ဗျားနိုင်ငံ အတွင်းရှိ အစိုးရ ဆန့်ကျင်ရေး သူပုန် များထံမှ မဟာမိတ် ပြုရန် ကတိပြုချက်များ ရရှိထားမှုအပေါ် မကြာမီက ကြွားဝါ၍ ပြောဆိုခဲ့ကြောင်း သိရှိရသည်။

#PyiChitThar

ဦးသန့်အရေးအခင်း နှစ် ၄၀ ပြည့်


ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်

ဦးသန့် အရေးအခင်း ကနေ ပေါက်ဖွားခဲ့တဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်ဟာ ကျောင်းသားတွေ ကြားမှာ အခုချိန်ထိ ကွယ်ပျောက် မသွားခဲ့ဘူးလို့ ဦးသန့် အရေးအခင်းကို ကိုယ်တိုင် ကြုံတွေ့ရသူ ဓာတ်ပုံဆရာ ဦးထိန်ဝင်းက ပြောပါတယ်။

ဆေးကျောင်းကနေ ထွက်ပြီးနောက် ဦးသန့်အရေးအခင်း ဖြစ်တဲ့အချိန်မှာ ရန်ကုန် တက္ကသိုလ်မှာ ဓာတ်ပုံဆရာ တစ်ဦး အဖြစ် လုပ်နေသူ ဦးထိန်ဝင်းက သူကြုံတွေ့ရတဲ့ အရေးအခင်းကို ပြန်ပြောင်း ပြောပြတာ ဖြစ်ပါတယ်။

နိုဝင်လာလ ၂၅ ရက်မှာ နယူးယောက် မြို့မှာ ကွယ်လွန်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ရန်ကုန်မြို့ကို ပြန်သယ်လာပြီး အစိုးရက ကြံတော သုသာန်မှာ သဂြိုဟ်ဖို့ အစပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၅ ရက်မှာတော့ တက္ကသိုလ် ကျောင်းသားတွေက ကျိုက္ကဆံကွင်းမှာ ရှိနေတဲ့ ဦးသန့် ရုပ်အလောင်းကို ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းကို အတင်းအကျပ် သယ်ယူ လာခဲ့ကြပါတယ်။

ဦးထိန်ဝင်းဟာ ကျောင်းသားတွေနဲ့အတူ ကျိုက္ကဆံကွင်း အထိ လိုက်သွားခဲ့ပြီး နောင်မှာ သမိုင်းသက်သေ ဖြစ်နိုင်မယ့် ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။

ဦးသန့် ရုပ်အလောင်းကို ကျောင်းသားသမဂ္ဂ နေရာမှာ ကျောင်းသားတွေက ဂူသွင်း သင်္ဂြိုဟ်တဲ့ အခါမှာတော့ အစိုးရဘက်နဲ့ ကျောင်းသားတွေ ထိပ်တိုက်တွေ့ပြီး ကျောင်းသား အများအပြားလည်း ဖမ်းဆီး ထောင်ချခံရပါတယ်။

ဦးထိန်ဝင်းရဲ့ တချို့ ဓာတ်ပုံတွေဟာ ပုန်းလျှိုး ကွယ်လျှိုးနဲ့ ရိုက်ခဲ့ရတာ ဖြစ်သလို တချို့ ဓာတ်ပုံတွေကလည်း အခုလို နှစ် ၄၀ ကြာတဲ့ အချိန်မှာ ပျောက်ပျက်သွားတယ်လို့ သူက ပြောပါတယ်။

သူ မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေနဲ့ တခြားသူတွေရဲ့ ဆောင်းပါးတွေ စုပေါင်းပြီး မကြာခင် စာအုပ်ထုတ်သွားမယ်လို့ ဦးထိန်ဝင်းက ပြောပါတယ်။
BBC

Ashton Carter ကို ကာကွယ်ရေး ဝန်ကြီးအဖြစ် အိုဘားမား အဆိုပြု


အမေရိကန်သမ္မတ Barack Obamaနဲ့ ကာကွယ်ရေး ၀န်ကြီးသစ်အဖြစ် တင်သွင်းခံရတဲ့ ပန်တဂွန် စစ်ဌာနချုပ် လက်ထောက် အကြီးအကဲဟောင်း Ashton Carterကို အိမ်ဖြူတော်မှာ တွေ့ရ။ (ဒီဇင်ဘာ ၅၊ ၂၀၁၄)

 ပန်တဂွန် စစ်ဌာနချုပ် လက်ထောက် အကြီးအကဲဟောင်း Ashton Carter ကို ကာကွယ်ရေး ၀န်ကြီးသစ်အဖြစ် အမေရိကန်သမ္မတ Barack Obama က အဆိုတင်သွင်းလိုက်ပါတယ်။ သောကြာနေ့က အိမ်ဖြူတော်မှာ သမ္မတက အခုလိုကြေညာခဲ့တာပါ။ ရူပဗေဒပညာရှင်တဦးဖြစ်ပြီး အဆင့်မြင့် စစ်လက်နက် ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ မစ္စတာ Carter ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ လက်ထောက် ကာကွယ်ရေးဝန်ကြီအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာ Pentagon ရဲ့ထိပ်တန်း လက်နက်ဝယ်ယူသူအဖြစ် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Ash လို့လည်း ခေါ်တဲ့ မစ္စတာ Carter ဟာ နည်းပညာနဲ့ မဟာဗျူဟာ အမြင် ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ အရည်အသွေးကို ဆောင်ကျဉ်း လာနိုင်သူ ဖြစ်တယ်လို့ သမ္မတ Obama ကဆိုပါတယ်။ ၀ါရှင်တန်က အဓိက နိုင်ငံရေးပါတီကြီး နှစ်ရပ်စလုံးရဲ့ထာက်ခံမှုကို ရရှိထားတဲ့သူ့ကို အထက်လွှတ်တော်က ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုပြီးရင်တော့ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဖိအားပေးမှုကြောင့် လွန်ခဲ့တဲ့လက နှုတ်ထွက်သွားတဲ့ Chuck Hagel နေရာမှာ တာဝန်ထမ်းဆောင်ရမှာပါ။

သောကြာနေ့က သမ္မတ Obama၊ ဒုသမ္မတ Joe Biden တို့နဲ့အတူ မစ္စတာ Carter က တကယ်လို့ ကာကွယ်ရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ဖို့ အတည်ပြုပြီးလျင်တော့ သူ့အနေနဲ့ထိရောက်တဲ့ မဟာဗျူဟာနဲ့ စစ်ရေးအကြံဥာဏ်တွေ သမ္မတ Obama ကို ပေးနိုင်မယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

VOA

ကျားဖြူအမတ်တွေ ကျားခေါင်းပါတီ ကူးပြောင်း


အခု ရက်ပိုင်းအတွင်း SNDP ရှမ်း တိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ ကျားဖြူ ပါတီက လွှတ်တော် ကိုယ်စားလှယ် ၅ ယောက် SNLD ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ကူးပြောင်း သွားခဲ့ ပါတယ်။

ကျေးသီး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မိန်းနဲ့ ကျေးသီး မြို့နယ်ကပဲ ရှမ်းပြည်နယ် ပြည်နယ် လွှတ်ကိုယ်စားလှယ် နှစ်ယောက်၊ နမ့်စန် မြို့နယ် က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းသူရိန်ဦး၊ လဲချားမြို့နယ် က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်ဇေယျတို့ ဖြစ်တယ်လို့ SNLD ကျားခေါင်းပါတီ ပြောခွင့်ရသူ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

နန့်စန် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသူရိန်ဦးကတော့ သူ့မြို့နယ်က မဲဆန္ဒရှင်တွေရဲ့ ဆန္ဒသဘောအရ ပါတီ ကူးပြောင်းရတာ ဖြစ်တယ်လို့ ပြောပါတယ်။

SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးရဲ့ နိုင်ငံရေး ရပ်တည်ချက် ခံယူချက်နဲ့ အနစ်နာခံမှုတွေ ပေါ်မူတည်ပြီး မဲဆန္ဒရှင်တွေဘက်က သဘောထား ပြောင်းလဲ သွားတယ်လို့ ထင်ကြောင်း သူက ပြောပါတယ်။

ရှမ်းပါတီ နှစ်ခု ပူးပေါင်းနိုင်ရေး ဆွေးနွေးမှုတွေ ဆက်လက် ရှိနေတဲ့ ကြားမှာပဲ အခုလို ပါတီ ကူးပြောင်းမှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်။

ရှမ်းပြည်သူတွေ လိုလားနေတဲ့ ရှမ်းပါတီ နှစ်ခု ပူးပေါင်းရေး ကိုလည်း အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း စိုင်းသူရိန်ဦးက ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပါဝင် စေချင်တဲ့ ကိုယ်စားလှယ်တွေကို တင်ပြဖို့ မဲဆန္ဒရှင်တွေရဲ့ သဘောထားတွေကို တောင်းခံခဲ့ရာမှာ နာမည် ပါမလာတဲ့သူတွေက နှုတ်ထွက်သွားခဲ့ကြတာ ဖြစ်တယ်လို့ ကျားဖြူ ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအောက်ပေါင်းက ပြောပါတယ်။

BBC Burmese

ဆင်းရဲမှု ဖုံးကွယ်တာ နော်ဝေ မကြိုက်

 
နော်ဝေးဘုရင် Hareld နဲ့ မိဖရားကြီး Sonja တို့ မြန်မာနိုင်ငံ မန္တလေး ရောက်ခိုက် မန္တလေးမှာ ရှိတဲ့ ဆင်းရဲသားရပ်ကွက်ကို အတင်း ဖယ်ရှား ပစ်ခဲ့တာနဲ့ ပတ်သက်လို့ နော်ဝေးနိုင်ငံခြားရေး ဌာနက မြန်မာ အာဏာပိုင်တွေကို ကန့်ကွက်စာပေးပို့တယ် လို့ နော်ဝေးနိုင်ငံရဲ့ NRK ဆိုတဲ့ သတင်းတရပ် မှာ ဖော်ပြထား ပါတယ်။ နော်ဝေးဘုရင်နဲ့ မိဘုရားဟာ ရေကြောင်း ကနေ မန္တလေးကို ဒီကနေ့ သောကြာနေ့ ဆိုက်ရောက်မှာဖြစ်လို့၊ အဲဒီ ကမ်းနားတလျှောက် နေထိုင်တဲ့ ဆင်းရဲသား မိသားစုတွေကို အတင်းအကြပ် ဖယ်ရှား ပစ်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ဖုံးကွယ်မှုကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ် လို့လည်း သတင်းမှာ ရေးသားပါတယ်။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံဖြစ် တာကြောင့် ဒီအတွက် နော်ဝေးနိုင်ငံက အကူအညီတွေပေးဖို့ ကြိုးစားနေတယ်၊ ဒီလို ဆောင်ရွက်မှုဟာ နားလည်မှုလွဲတဲ့ လုပ်ဆောင်ချက်ဖြစ် တယ်လို့ နော်ဝေး လွှတ်တော် နိုင်ငံခြားရေးရာနဲ့ ကာကွယ်ရေးကော်မတီ အဖွဲ့ဝင်တဦးက နော်ဝေး အသံလွှင့်ဌာနကို ပြောဆိုတယ်လို့လည်း ကိုကားရေးသားထားပါတယ်။

ဆင်းရဲမွဲတေမှုဆိုတာ ဖုံးကွယ်လို့ရတဲ့ အရာမဟုတ်တာကြောင့် အခု လုပ်ရပ်အပေါ် စိတ်ပျက်ရ တယ်လို့ လည်း နော်ဝေးနိုင်ငံ ခြားရေးဌာန အရာရှိတဦး ရေးသားပြောဆို ချက်ကိုလည်း ကိုးကား ရေးသား ထားပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားဟာ အခု တနင်္လာန့က မြန်မာနိုင်ငံကို ရောက်ရှိပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွ့ဆုံခဲ့ သလို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့လည်း လွှတ်တော်မှာ သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို သွားရောက်ပြီး စိန်ရတု ခန်းမဆောင်မှာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ အခုတော့ မန္တလေးမြို့ကို သွားရောက်နေတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဦးထင်လင်းဦးကို ပုဒ်မနှစ်ခုနဲ့ တရားစွဲဆို

 
စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှ စံပြကျေးရွာက စာပေဟောပြောပွဲမှာ ဘာသာ၊ သာသနာ ကို ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေသုံးပြီး ဟောပြော ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD ပြန်ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦးကို ချောင်းဦးမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဦးစီးမှူးက ပုဒ်မ ၂ခုနဲ့ တရားစွဲ လိုက်တယ်လို့ သိရပါတယ်။

ပုဒ်မ ၂၉၅(က) ဘာသာ၊ သာသနာ ညှိးနွမ်းစေမှုနဲ့ ပုဒ်မ ၂၉၈ ဘာသာ၊ သာသနာကို စော်ကား ပုတ်ခတ်ပြော ဆိုမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲတာ ဖြစ်တယ်လို့ ချောင်းဦးမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင် က ပြောပါတယ်။

"ကျနော်တို့ရဲ့ ဗုဒ္ဓဘာသာကို ယုံကြည်မှုပေါ့၊ သူက အထင်အမြင်သေးအောင် သူက ပြောထားတာတွေက အများကြီးပါပါတယ်ခင်ဗျ၊ အချက်အလက်တွေ တော်တော်လေးများပါတယ်၊ လူအများကြီးရဲ့ ယုံကြည်ကိုးကွယ်မှုကိုပေါ့နော်၊ ဘာသာသာသနာကို စော်ကားပုတ်ခတ်ပြောဆိုတဲ့ ပြစ်မှုဆိုင်ရာဥပဒေပေါ့နော်၊ ပုဒ်မ ၂၉၅(က)ရယ်၊ နောက်ပြီးတော့ ၂၉၈ ရယ်အဲ့ဒီ ၂ ခုဖြစ်ပါတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ သုံးပန်လှကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီးကျင်းပတဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦးက ဘာသာရေး၊ လူမျိုးရေးနဲ့ အယူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းဟောပြောခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ချောင်းဦးမြို့နယ် သံဃနာယကအဖွဲ့ရဲ့ တာဝန်ပေးချက်နဲ့ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင်က တရားလိုလုပ်ပြီး စာရေးဆရာ ဦးထင်လင်းဦးကို တရားစွဲခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီအမှုကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စတင်စစ်ဆေးသွားမှာဖြစ်ပြီး စာရေးဆရာ ထင်လင်းဦးကို မရမ်းကုန်းမြို့နယ် တရားရုံးကတဆင့် ချောင်းဦးမြို့နယ်တရားရုံးကို လာရောက်အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်စာ ထုတ်ထားတယ်လို့ သိရပါတယ်။

RFA Burmese

Friday, December 5, 2014

ချေချင်ညာ တွင် အစ္စလာမ္မစ် စစ်သွေးကြွများ နှင့် ရဲတပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၉ ဦးသေဆုံး

 
ကရော့ဇနီ ၊ ၅-၁၂-၂၀၁၄

ယမန်နေ့တွင် အစ္စလာမ္မစ် စစ်သွေးကြွ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့သည် ချေချင်ညာ မြို့တော် ကရော့ဇနီ မြို့လယ်ကောင် တွင် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး ထက်မနည်းသေဆုံးခဲ့ပြီး စစ်သွေးကြွ များဘက်မှ ရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အစ္စလာမ္မစ် စစ်သွေးကြွ များက ရဲစစ်ဆေးရေး စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီး မြို့လယ်ကောင် တိုက်အိမ်များတွင် ဝင်ရောက် ခိုအောင်း နေခဲ့သည့် အတွက် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ဂရော့ဇနီမြို့ တွင် နှစ်ပေါင်းများစွာ အတွင်း အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

ချေချင်ညာတွင် လွတ်လပ်ရေး အတွက် ၁၉၉ဝ ပြည့်နှစ်နှင့် ၂ဝဝဝ ပြည့်နှစ်များတွင် တိုက်ပွဲကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အစ္စလာမ္မစ် စစ်သွေးကြွ များက ဆက်လက်ထကြွ သောင်းကျန်းနေကာ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ များကို မကြာခဏ တိုက်ခိုက်လေ့ ရှိသည်။

ကရင်မလင် နန်းတော်က ခန့်အပ်ထားသော ချေချင်ညာ အကြီးအကဲ ရာမဇန်ကာဒီရော က မြို့လယ်ကောင်ရှိ မီဒီယာနှင့် ကုမ္ပဏီရုံးခန်းများ ဖွင့်လှစ်ထားသော အထပ်မြင့် တိုက်ကြီး တစ်တိုက်တည်း တွင် စစ်သွေးကြွ ခြောက်ဦးကို အသေဖမ်းဆီး ရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်နက်ကိုင် စစ်သွေးကြွ များသည် မြို့ထဲသို့ မော်တော်ယာဉ် သုံးစီးဖြင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ယာဉ်ထိန်းရဲ စစ်ဆေးရေးဂိတ် တစ်ခုကို ပစ်ခတ် တိုက်ခိုက်ကာ ယင်း မီဒီယာ တိုက်ထဲသို့ ဝင်ရောက် ခိုအောင်းနေခြင်း ဖြစ်ပြီး တိုက်ပွဲကြောင့် မီဒီယာ တိုက်ကြီးမှာလည်း မီးတောက်လောင် ပျက်စီးခဲ့ကြောင်း သိရသည်။ TMK

#PyiChitThar

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ရာကျော် ထပ်ခေါ်မည်

|Dawei Watch| ထားဝယ်၊ ဒီဇင်ဘာ ၎
တနင်္သာရီတိုင်းဒေသကြီးမှ ကျောင်းသားအနည်းစုသာ ကျောင်းဝင်ခွင့်ရခဲ့သည့် နည်းပညာတက္ကသိုလ်(ထားဝယ်)တွင် ကျောင်းသားတစ်ရာကျော်ကို ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်ထံမှ သိရသည်။
တက္ကသိုလ်ဝင်တန်းရမှတ် ၃၈၀ နှင့်အထက်ရှိသည့် မည်သည့်ဒေသမှ ကျောင်းသားမဆို နည်းပညာတက္ကသိုလ်(ထားဝယ်)ကို ဒီဇင်ဘာလ ၁၀ ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီး ကျောင်းသား ၁၂၀ ခေါ်ယူမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ပညာရေးအဖွဲ့ထံမှ သိရသည်။
“တခြားနေရာက ကျောင်းသားတွေလည်းတက်လိုတဲ့ အခြားနည်းပညာကျောင်းကို ပြောင်းရွှေ့လို့ ရနေပါပြီ”ဟု တက္ကသိုလ်ပညာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကျောင်းသားများ ကျောင်းပြောင်းရွှေ့ခွင့်ရှိကြောင်း ညွှန်ကြားလာသည့်တွက်
 ပြောင်းရွှင့်ခွင့်ပေးထားပြီးဖြစ်ကာ ကျောင်းသားများအနေဖြင့် ၎င်းတို့တက်လိုသည့် ကျောင်းမှတဆင့် ပြောင်းနိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခုနှစ်ပညာသင်နှစ်အတွက် ကနဦးကျောင်းဝင်ခွင့် စာရင်းအရ နည်းပညာတက္ကသိုလ်(ထားဝယ်)တွင် အနိမ့်ဆုံးအမှတ် ၄၁၄ မှတ်ဖြင့် တနင်္သာရီတိုင်းဒေသကြီးမှ ကျောင်းသား ၃၇ ဦးနှင့်ရန်ကုန်တိုင်းဒေသကြီးမှ ကျောင်းသား ၁၁၇ ဦးဝင်ခွင့်ရခဲ့သည်။
Dawei Watch

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူတွေကို ကာကွယ်ဖို့ လိုကြောင်း Freedom House ပြော

 
မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်မှုဟာ ၂၀၁၄ခုနှစ် အတွင်း ပြောင်းလဲ တိုးတက်လာခဲ့ပေမဲ့ အင်တာနက် သုံးစွဲသူတွေရဲ့အခွင့်အရေးကို အကာအကွယ်ပေး ဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ Freedom House အဖွဲ့ကြီးက ပြောလိုက် ပါတယ်။ မြန်မာ အပါအ၀င် နိုင်ငံပေါင်း (၆၅)နိုင်ငံရဲ့ အင်တာနက် လွတ်လပ်မှုကို သုတေသနပြုစုထားတဲ့ Freedom of the Net 2014 အစီရင်ခံစာကိုFreedom House အဖွဲ့ကြီးက ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့တာပါ။ အကြောင်းစုံကို မအင်ကြင်းနိုင်က ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် Freedom House လို့ခေါ်တဲ့ ကမ္ဘာတ၀ှမ်းနိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အင်တာနက် လွတ်လပ်မှု အစီရင်ခံစာ ၂၀၁၄ အရ မြန်မာနိုင်ငံ ဟာ အရင်က အင်တာနက် လွတ်လပ်မှု လုံးဝမရှိတဲ့အဆင့်ကနေ ဒီနှစ်အတွင်း တစိတ်တပိုင်းအားဖြင့် လွတ်လပ်မှုရှိလာတဲ့ အဆင့်ကိုရောက် လာခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အစီရင်ခံစာကို တွဲဖက်ပြုစုရေးသားသူ သုတေသီ Madeline Earp ကအခုလိုပြောပြပါတယ်။

"မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်မှုဟာ ဒီနှစ်အတွင်း အရှိန်အဟုန် နဲ့ ပြောင်းလဲခဲ့ တာပါ။ ဆက်သွယ်ရေး ဥပဒေ အသစ်ကို ပြဌာန်းနိုင်ခဲ့တာကြောင့် အခုလို အင်တာနက် လွတ်လပ်မှု အဆင့်တိုးလာခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကြောင့် မြန်မာနိုင်ငံရဲ့ အင်တာနက်၊ ဖုန်း၊ ဆက်သွယ်ရေးဈေးကွက်ကို ပွင့်လင်းလာခဲ့တာပါ။ ဒါပေမဲ့ အဲဒီဥပဒေမှာ အင်တာနက်အွန်လိုင်းကတဆင့် စစ်တပ်နဲ့ အစိုးရခေါင်းဆောင်ပိုင်းကို ဝေဖန်ရေးသားသူတွေအပေါ် အရေးယူပြစ်ဒဏ်ပေးတဲ့ အချက်ကို မပြောင်းလဲပဲ ဆက်ပြီး ထားရှိနေတာကြောင့် မြန်မာရဲ့အင်တာနက် လွတ်လပ်မှုဟာ တစိတ်တပိုင်းအားဖြင့် လွတ်လပ်မှုရှိလာတဲ့အဆင့်မှာရှိခဲ့တာပါ။"

အသစ်ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေ မှာ အားသာချက်၊ အားနည်းချက်တွေ ရှိနေပြီး အုပ်ချုပ်ရေးပိုင်းက လိုသလို အသုံးချနေတာတွေရှိနေတယ်လို့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥတ္တရသီရိပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူကပြောပါတယ်။
" ဒါ ကျနော်တို့ အပါအဝင်ပါပဲ။ ကျနော်တို့ မရည်ရွယ်ပဲနဲ့ ကိုယ့်ခံစားချက် အပေါ်မှာ ပြောခဲ့တဲ့ ကိစ္စတခုအပေါ်မှာ ကျနော့်ကို အရေးယူဖို့ ဆောင်ရွက်တာတွေ ရှိခဲ့တယ်။ အဲ့တာကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ပေါ့လေ။ စွပ်စွဲချက်နဲ့ အမှုဖွင့်ခဲ့တာမျိုးတွေရှိတယ်။ ဒီအပေါ်မှာ ကျနော်တို့က ပြေလည်အောင်ပေါ့လေ။ ဒါ ကျနော်တို့ ကျေနပ်အောင် တောင်းပန် လျှောက်ထားပြီးမှ အမှု ရုပ်သိမ်းသွားတဲ့ အနေအထားမျိုးတွေ အဲ့တော့ တခြား ကျနော်တို့ထက် ဆိုးဆိုးရွားရွားရေးနေတဲ့ စာမျက်နှာတွေလည်း ရှိတယ်။ နာမည်တပ်ပြီးမှ ကျနော် ပုဂ္ဂိုလ်ရေးအရ မပြောချင်ပါဘူး။ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် အပေါ်ခြိမ်းခြောက်ထားတဲ့ အနေအထားမျိုးတွေ အထိအောင် ရေးခဲ့တာတွေ လည်းရှိတယ်။ အဲ့လိုရေးတဲ့အပေါ်မှာ ဘာမှ အရေးယူဆောင်ရွက်ခဲ့တာ မရှိဘူးပေါ့လေ။ အဲ့ဒီ့အပေါ်မှာ ခွဲခြားမှုတွေ နည်းနည်းတော့ရှိနေတာတော့ အမှန်ပါပဲ။"
ဒါအပြင်ဆက်သွယ်ရေးဥပဒေမှာ အရင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားခဲ့သူတွေ ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ အီလက်ထရောနစ် ဥပဒေကို ဖျက်သိမ်းတယ် ဆိုတာမျိုး အတိအလင်းပြဌာန်းထားခြင်းမရှိသေးဘူးလို့ ဦးမင်းသူကပြောပါတယ်။
" အီလက်ထရောနစ်ဥပဒေဆိုရင် ဖျက်သိမ်းပြီဆိုတာ ဒီဥပဒေမှာ မပါလာဘူး။ သတိထားမိခဲ့တယ်ပေါ့လေ။ တကယ်တမ်းဆို ဥပဒေအသစ်ပြဋ္ဌာန်းရင် ဥပဒေအဟောင်းကို ဖျက်သိမ်းရတယ်။ အဲ့ဒီ့အစား အစားထိုးရတယ် ဆိုတာ ကြေညာလေ့ရှိတယ်။ ဒါပေမဲ့ ကျနော် ဒီဥပဒေကို လေ့လာကြည့်တဲ့ အခါကျတော့ ဒီအီလက်ထရောနစ်ဥပဒေကို ဖျက်သိမ်းပြီလို့ မပြောတဲ့အတွက် အီလက်ထရောနစ် ဥပဒေကို သီးသန့်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်တဲ့ပုဂ္ဂိုလ်တွေ အစိုးရနဲ့ အမြင်သဘောထား မတူတဲ့သူတွေအပေါ်မှာ နှိပ်ကွပ်တဲ့ဥပဒေလို အသက်ဝင်မှာလည်း ကျနော် စိုးရိမ်ပါတယ်။ "
မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်မှု အခွင့်အရေးကိုအသုံးချပြီး လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်အုပ်စုတွေက အသုံးချနေတာကို Freedom House အနေနဲ့ အထူးစိုးရိမ်မိကြောင်း Madeline Earp ကပြောပါတယ်။
"ကျမတို့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်လို့ တကယ်ပဲ စိုးရိမ်မကင်းဖြစ်မိ ပါတယ်။ မြန်မာနိုင်ငံ မှာ အင်တာနက်သုံးစွဲတာကို အရင်ကလို ဆင်ဆာဖြတ်တောက်တာမျိုး မရှိတော့ဘူးဆိုတာ သတင်းကောင်းပါ။ ဒါပေမဲ့လည်း တချိန်တည်းမှာပဲ စစ်တပ်နဲ့ နီးစပ်တဲ့ ဘာသာရေးအုပ်စုကနေ အင်တာနက် လွတ်လပ်ခွင့်ကို ကြိုးကိုင် ချယ်လှယ်နေတာဟာ တကယ့်ကို စိုးရိမ်စရာကောင်းပါတယ်။"
၂၀၁၃ခုနှစ် အောက်တိုဘာလမှာ ဆက်သွယ်ရေး ဥပဒေသစ်ကို မြန်မာနိုင်ငံမှာ အတည်ပြုပြဌာန်းခဲ့ပြီးနောက် ၂၀၁၄ မတ်လမှာ စတင်ရင်းနှီးမြှပ်နှံခဲ့တဲ့ နော်ဝေး အခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီဟာပြည်တွင်းကနေ ပထမဆုံး နိုင်ငံတကာ အင်တာနက် ကွန်ရက်နဲ့ တိုက်ရိုက် ဆက်သွယ်နိုင်အောင်ဆောင်ရွက်ခဲ့တယ်လို့ Freedom House ရဲ့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
Freedom House ရဲ့ ၂၀၁၄ခုနှစ် အစီရင်ခံစာအရ အင်တာနက်အွန်လိုင်းသုံးစွဲမှုကို ဆင်ဆာဖြတ်တောက်မှုတွေနဲ့ စောင့်ကြည့်ကန့်သတ်မှုတွေကြောင့်နိုင်ငံတကာမှာတော့ အင်တာနက် လွတ်လပ်မှုအဆင့်ဟာ ကျဆင်းသွားတယ်လို့ဆိုပါတယ်။ အထူးသဖြင့်  ရုရှား၊ တူရကီ၊ ယူကရိန်း နိုင်ငံတွေမှာ အင်တာနက်လွတ်လပ်မှုဟာ သိသိသာသာကျဆင်းသွားတယ်လို့ ရေးသားထားပါတယ်။ အလားတူ အီရန်၊ ဆီရီးယားနဲ့ တရုတ်နိုင်ငံတွေမှာလည်း အရင်နှစ်ကအစီရင်ခံစာတွေအတိုင်း အင်တာနက် လွတ်လပ်မှုဟာ ဆိုးရွားနေဆဲပဲလို့ ဖေါ်ပြထားပါတယ်။
အင်တာနက် သုံးစွဲမှု အလွတ်လပ်ဆုံး နိုင်ငံတွေကတော့ အိုက်စ်လန်း၊ အက်စ်တိုးနီးယားနဲ့ ကနေဒါနိုင်ငံတို့ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ အစီရင်ခံစာကိုတော့ အစိုးရက အင်တာနက် သုံးစွဲမှုအပေါ် ပိတ်ပင်တားဆီးမှု၊ အင်တာနက်ပေါ်မှာ ဘယ်လောက်အထိ လွတ်လပ်စွာ တက်ကြည့်နိုင်သလဲ၊ ဘယ်လောက်အထိ ကန့်သတ် ချုပ်ခြယ်မှုရှိသလဲအပေါ် အခြေခံပြီး ပြုစုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အင်ကြင်းနိုင် VOA

PR စနစ်ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား


အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရေးဆိုင်ရာအဆို အကောင်အထည်ဖော်ရေးကော်မရှင်၏ အစီရင်ခံစာတွင် ပီအာရ်စနစ်၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အလားအလာ အခြေအနေနည်းပါးသဖြင့် ပါတီအလိုက် ကိုယ်စားလှယ်လောင်းများကို ၎င်းတို့ရရှိသော မဲရာခိုင်နှုန်း အများအနည်းအလိုက် တန်းစီထားသောစနစ်ကို ကျင့်သုံးရန် သင့် မသင့် စိစစ်ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က“ပီအာရ်စနစ် ကျင့်သုံးပြီး ရွေးကောက်ခံထားရတဲ့သူထဲက ဒုသမ္မတပဲဖြစ်ဖြစ်၊ သမ္မတပဲဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်တာပဲဖြစ်ဖြစ်ပေါ့ အဲဒီနေရာ လစ်လပ်သွားမှာပေါ့။ အဲဒီလို လစ်လပ်နေရာရှိခဲ့တယ်ဆိုရင် ပုံမှန်အတိုင်းဆို ကြားဖြတ်ရွေးကောက်ပွဲ ရှိရမှာပေါ့။ ပီအာရ်စနစ်သုံးမယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ အခက်အခဲရှိမယ်လေ။ ဘာလို့လဲ တစ်နေရာလွတ်တာပဲဖြစ်ဖြစ် မဲဆန္ဒနယ်တစ်ခုလုံးအတွက် လုပ်ပေးရမှာလေ။ တစ်တိုင်းလုံး၊ တစ်ပြည်နယ်လုံးကို ပြန်ပြီး ရွေးကောက်ပွဲလုပ်ရမှာဆိုတော့ ခက်ခဲတာပေါ့။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ အခက်အခဲတွေ အများကြီးဖြစ်လာမှာပေါ့”ဟု ပီအာရ်စနစ်အပေါ် ပြောကြားသည်။
ဆက်လက်၍ “လစ်လပ်သွားတာထက်ကို မလျော့ဘဲ ဒီအတိုင်းရှိနေရင်လည်း တစ်တိုင်းလုံးရဲ့ ကိုယ်စားလှယ်သာဖြစ်နေတဲ့အတွက်ကြောင့် ဒီဇိုင်း ၁ မှာဆိုရင် ၁၂ ယောက်ရှိတယ်ဆိုပေမယ့် သူတို့က ကိုယ်စားပြုနယ်မြေဆိုပြီးပဲ လုပ်ထားတာလေ။ ဒီကိုယ်စားလှယ်တွေက ကိုယ့်မဲဆန္ဒနယ်က တိုက်ရိုက်ကိုယ်စားလှယ် မဟုတ်တဲ့အတွက် ပီအာရ်စနစ်ရဲ့ အားနည်းချက်ပဲ။ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်နဲ့ ရွေးချယ်တဲ့ ပြည်သူကြား ကွာဟချက်က အဲဒါပဲ”ဟု ပြော ကြားသည်။
ထို့ပြင် ပီအာရ်စနစ် ကျင့်သုံးမည်ဆိုပါ က ကိုယ်စားလှယ်များကို ဖြုတ်ချပိုင်ခွင့် ၁ ရာခိုင်နှုန်းဆိုသည်ကို မည်သို့ ပြင်မလဲဆိုသည်ကို မသိသေးကြောင်း၊ လက်ရှိတွင် ၁ ရာခိုင်နှုန်းဆိုပေမယ့် တစ်တိုင်းလုံး၊ တစ်ပြည်နယ်လုံးအတွက်ဆိုပါက အားလုံးသက်ဆိုင်နေသည့်အတွက် ၁ ရာခိုင်နှုန်းဖြစ်၍ ကြိုက်သည့်အချိန်တွင် ပြဿနာရှာ၍ရနေသလိုဖြစ်နေကြောင်း၊ ထိုအကြောင်းများသည် အားနည်းချက်များဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက “ပီအာရ်စနစ်ကတော့ ဖွဲ့စည်းပုံနဲ့ ညီကိုမညီပါဘူး။ ဆွေးနွေးတုန်းကလည်း ကန့်ကွက်ခဲ့တယ်။ ပီအာရ်စနစ်မှာ အထူးပြောချင်တာကတော့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ မရှိသလောက်ဆိုတော့။ ဒါက မဲဆန္ဒရှင်တွေအတွက် အရမ်းနစ်နာတယ်။ ကိုယ်ရွေးလိုက်တဲ့သူက အစိုးရအဖွဲ့ထဲ ရောက်သွားတယ်ဆိုရင် ဘယ်ကိုယ်စားလှယ်ကို သွားအားကိုးရမလဲ။ ဒါက အခက်အခဲပါပဲ။ နောက်ပြီးတော့ တစ်တိုင်းတစ်ပြည်နယ်လုံးကို မဲဆန္ဒနယ်တစ်ခုဆိုရင် ကိုယ့် ကိုယ်စားလှယ် သတ်သတ်မှတ်မှတ် မရှိနိုင်ဘူး။ အခက်အခဲတွေအများကြီးပါ”ဟု ပြောကြားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ညာဏစိုးက“ပီအာရ်စနစ် ကျင့်သုံးမယ်ဆိုရင် ကိုယ်စားလှယ်ကို ကိုယ်စားပြုတာမဟုတ်ဘဲ ပါတီကို ကိုယ်စားပြုတဲ့စနစ်ဖြစ်သွားမယ်။ ဒါဆိုရင် မဲဆန္ဒရှင်တွေအတွက် အခက်အခဲဖြစ်သွားမယ်။ နောက်ပြီးတော့ ကိုယ်ရွေးထားတဲ့ ကိုယ်စားလှယ်ကို ဖြုတ်ချနိုင်တဲ့အခွင့်အရေး ရှိရမယ်။  အစိုးရအဖွဲ့အတွင်းရောက်သွားမယ့် ကိုယ်စားလှယ်တွေအတွက်လည်း ကြားဖြတ်ရွေးကောက်ပွဲက မရှိပြန်ဘူး။ ဒါဆိုရင် မဲဆန္ဒရှင်တွေအတွက် ဆုံးရှုံးမှုတစ်ခုပဲ”ဟု ပြောကြားသည်။
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန်နှင့် ဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို လိုအပ်သလိုဆောင်ရွက်ပေးပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းကြောင်းအဆိုအား ၂ဝ၁၄ ခုနှစ် ဇွန် ၆ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။
စိုးမင်းထိုက် EMG

အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲ အချိန်စာရင်း ထုတ်ပြန်





ရန်ကုန်၊ ဒီဇင်ဘာ၎ ခရိုင်စစ်၊ တိုင်းစစ်အဖြစ် ပြောင်းလဲလိုက်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီ တတိယပတ်တွင် စတင်ဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။ အတန်းတင် စာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ/ပထဝီဝင်၊ လူမှုရေး/ သမိုင်း၊ အထွေထွေ သိပ္ပံဘာသာရပ် အစဉ်လိုက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖြေဆိုရမည် ဖြစ်ပြီး အတန်းတင် စာမေးပွဲ အကြိုစစ်ဆေးမှုကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ယင်းထုတ်ပြန်ချက်အရ သိရသည်။ “ပြင်ပစစ် စာမေးပွဲလုပ်မှာ ဖြစ်ပါတယ်။ ကျောင်းတွင်းစစ် မဟုတ်ပါဘူး” ဟု အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး (ပညာ) ဒေါ်စန်းစန်းရီက ပြောကြားသည်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း စတုတ္ထတန်း စာမေးပွဲမေးခွန်းကို ခရိုင်ပညာရေးမှူး ဦးစီးသော စာစစ်အဖွဲ့က တာဝန်ယူပြီး၊ အဋ္ဌမတန်း စာမေးပွဲမေးခွန်းကို တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေး) ဦးဆောင်သော အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဒေါ်စန်းစန်းရီက ပြောကြားသည်။ “တစ်နေ့တုန်းက ကျောင်းတွင်းအကြို စစ်ကြည့်တယ်။ ခုလိုစစ်တာ ဖြေဆိုတဲ့ ကျောင်းသားရဲ့ ဆင်ခြင်စဉ်းစားမှု အလိုက် အမှတ်ပေးမှာ ဖြစ်တဲ့အတွက် ကျောင်းသားတွေ အတွက်ရော ဆရာတွေ အတွက်ရော အဆင်ပြေတယ်” ဟု မကွေးတိုင်းဒေသကြီး အတွင်းရှိ မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။ စာမေးပွဲ စစ်ဆေးခြင်းမှာ ကျောင်းသားများ၏ တတ်မြောက်မှု အရည်အသွေးကို တိုင်းတာနိုင်သော နည်းလမ်းတစ်ခု ဖြစ်သောကြောင့် စာမေးပွဲကျပါက ကျသည့် ဘာသာရပ်ကို ပြန်သင်ပေးမည် ဖြစ်ကြောင်း ယင်းသို့ ကုစားသင်ကြားသည့်တိုင် အရည်အချင်း မပြည့်မီပါက ယင်းအတန်း၌ ပြန်တက်ရမည် ဖြစ်ကြောင်း၊ အောင်စာရင်းကို Grade A, B, C, D သတ်မှတ်ကာ ထုတ်ပြန်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။ အောင်စာရင်းတွင် ခွဲခြားသတ်မှတ်မည့် အဆင့်သတ်မှတ်ချက်ကိုမူ မသိရှိရသေးပေ။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ စတုတ္ထတန်းကျောင်းသား တစ်သိန်းကျော် ရှိပြီး အဋ္ဌမတန်း ကျောင်းသား ၈၅၀၀၀ ကျော် ရှိကြောင်း အမှတ် ၃ အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရဲတပ်ဖွဲ့ကို ခွဲတမ်းများ ပေးရကြောင်း ရေးသား၍ မြန်မာသံတော်ဆင့်၏ ပဲခူးတိုင်းသတင်းတာဝန်ခံ မီဒီယာဥပဒေဖြင့် တရားစွဲခံရ

 
ရန်ကုန်၊ ဒီဇင်ဘာ ၂

အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အကျင့်ပျက် ခြစားမှုနှင့် ပတ်သက် ၍ မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ(၃)၊ အမှတ်(၃၆)၌ မင်းသီဟ (လက်ပံတန်းသား)ဟူသော ကလောင်အမည်ဖြင့် ““နိုင်ငံသား တစ်ဦး အတွက် ဥပဒေဆိုတာ ဘာလဲ”” သတင်းဆောင်း ပါး ရေး သားဖော်ပြခဲ့ မှုနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဖုန်းမြင့်က တရားလိုပြုလုပ်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆို ထားကြောင်း တရားစွဲခံရသူ မြန်မာသံတော်ဆင့် ပဲခူးတိုင်း သတင်း တာဝန်ခံ ဦးသန်းမြတ်စိုးက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြော သည်။

  မြန်မာသံတော်ဆင့် သတင်းဂျာနယ်ပါ ကိုသန်းမြတ်စိုး၊ ကလောင်အမည် မင်းသီဟ(လက်ပံတန်းသား)၏ ““နိုင်ငံသား တစ်ဦးအတွက် ဥပဒေဆို တာဘာလဲ”” ဆောင်းပါးတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ၏ တရားမ၀င် လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် ရေးသား ဖော်ပြချက်များ ပါဝင်ခဲ့ရာ ထိုသို့ရေးသားမှုများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အတွက်ဟုဆိုကာ ယခုကဲ့သို့ တရားစွဲဆိုခြင်း ဖြစ်သည်။

““မြန်မာသံတော်ဆင့် ဂျာနယ်မှာပါတဲ့ ဖော်ပြချက်နဲ့ ပတ်သက်ပြီး စွဲတဲ့သဘောပေါ့။ ပုဂ္ဂိုလ်ရေး အနေအထား အတိုင်းအတာတော့ ကျွန်တော် သန်းမြတ်စိုးဆိုတာ ပါမှမပါတာ။ မင်းသီဟ (လက်ပံတန်းသား) ဆိုတာပဲ ပါတာကိုး”” ဟု ပဲခူးတိုင်း သတင်းတာဝန်ခံ ကိုသန်းမြတ်စိုးက ပြောသည်။ မီဒီယာဥပဒေဖြင့် တရား စွဲဆိုကြောင်း အကြောင်းကြားစာကို နိုဝင်ဘာ(၂၈) ရက်က လက်ပံတန်းမြို့နယ် တရားရုံးက ပေးပို့ခဲ့ခြင်း ဖြစ်ကာ ပထမဆုံးအကြိမ် ရုံးချိန်းကို ဒီဇင်ဘာ (၅)ရက်တွင် ချိန်းဆိုထားသည်။

တရားစွဲဆိုမှုနှင့် ပတ်သက်၍ ““ပုဂ္ဂလိက ဆိုရင်တော့ ပုဒ်မ(၅၀၀) နဲ့ သွားမှာပေါ့။ ပုဂ္ဂလိက မပါဘဲ တပ်ဖွဲ့ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးထားတာပေါ့နော်။ အဖွဲ့အစည်းကို ဒါတွေ မပေးရဘဲနဲ့ ပေးရတယ်ဆိုတဲ့ နယ်ထိန်း In-charge က ပေးရတယ်ဆိုတဲ့ သဘောမျိုး သူရေးထားတယ်လေ။ တိုင်းဒနတို့၊ SB တို့၊ စသုံးလုံးတို့၊ စီအိုင်ဒီတို့ ခွဲတမ်းပေးရတယ်။ ရဲအခြေခံက ခွဲတမ်းပေးရတယ်။ အဲဒီမှာထည့်ပြီး ရေးထားတာရှိတယ်။ ဒီအဖွဲ့အစည်းတွေကို တကယ်လည်း မပေးရဘဲနဲ့ နယ်ထိန်း In-charge ကလည်း မပေးရဘဲနဲ့ သူက ပေးရတယ် အဲဒီလို ရေးထား တာ တွေ့ရတဲ့အတွက် အဖွဲ့အစည်းကို သိက္ခာချပါတယ်ဆိုတဲ့ သဘောမျိုးနဲ့ ကျွန်တော်တို့က စွဲတဲ့သဘောပါ”” ဟုလက်ပံတန်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

ဦးသန်းမြတ်စိုး၏ ဆောင်းပါးကို ဂျာနယ်တွင် ဖော်ပြပြီးနောက် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပဲခူးတိုင်း တပ်ဖွဲ့မှူး၏ စေခိုင်းချက်အရ အုတ်ဖိုမြို့နယ်မှူးက ဦးဆောင်ပြီး ကြို့ပင်ကောက် စခန်းမှူး၊ အိုးသည်ကုန်း စခန်းမှူး တို့ပါဝင်သည့် စစ်ဆေးရေး အဖွဲ့ကလည်း ဦးသန်းမြတ်စိုးကို ခေါ်ယူမေးမြန်းမှုများ ပြုလုပ် ခဲ့သေးသည်။

အဆိုပါအမှုတွင် တရားလို ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ““တရားလိုမှာကျတော့ ကျွန်တော်တို့က အဖွဲ့အစည်း နဲ့ ဆိုင်တာဆိုတော့ ကျွန်တော်တို့ မြို့နယ်အပေါ်မှာ အခြေခံရေးထားတော့ ကျွန်တော်ကတော့ ဒီမှာ ဆိုတော့ အဖွဲ့အစည်း မှာ မြို့နယ်မှူးဆိုတော့ အကြီးအကဲ ဖြစ်သွားတာပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ အဖွဲ့အစည်းရဲ့ ကိုယ်စားသဘောမျိုး ကျွန်တော် စွဲရတာပါ””ဟု လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ယခုကဲ့သို့ မြန်မာသံတော်ဆင့် သတင်းဂျာနယ်၏ ပဲခူးတိုင်း သတင်းတာဝန်ခံ ဦးသန်းမြတ်စိုး တရားစွဲဆို ခံရခြင်းသည် မြန်မာသံတော်ဆင့် သတင်းဌာနအတွက် မီဒီယာဥပဒေဖြင့် ဒုတိယအကြိမ်မြောက် စွဲဆိုခံရခြင်း ဖြစ်သည်။ ဦးသန်းမြတ်စိုးသည် တပ်မတော် အစိုးရလက်ထက် လက်ပံတန်းမြို့နယ် ကြံ့ခိုင်ရေးအသင်း စတင် ဖွဲ့စည်းသည်မှ အတွင်းရေးမှူးတာဝန် နှစ်ရှည်လများ တာဝန်ယူခဲ့ကာ နုတ်ထွက်ခဲ့ ပြီးနောက် မြန်မာသံတော်ဆင့် ဂျာနယ်တွင် ကြံ့ခိုင်ရေး အောက်ခြေ အကျင့်ပျက်ခြစားမှုများ၊ ယခင်အစိုးရ လက်ထက် လူကြီးခရီးစဉ်တွင် ပဲခူးတိုင်းသို့ လာရောက်ခဲ့သော ကုမ္ပဏီကြီးအချို့ ငွေသားမပါသော စက္ကူပုံးခွံ အလွတ်များ လှူဒါန်းခဲ့ခြင်းစသော သတင်းဆောင်းပါးများ နှင့်ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ် အချို့၏ လုပ်ရပ်များကို ရေးသားခဲ့သူလည်း ဖြစ်သည်။

  မြန်မာသံတော်ဆင့်တွင် NLD ပါတီ တာဝန်ရှိသူမှ သမ္မတကိုဝေဖန် ပြောကြား ခဲ့သော အင်တာဗျူးကို ထည့်သွင်း ဖော်ပြခဲ့ခြင်းကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ မြန်မာသံတော်ဆင့်အယ်ဒီတာချုပ် အပါအ၀င် ဖြန့်ချိရေး ၀န်ထမ်းအထိ(၁၁) ဦးကို သမ္မတ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟူသည့် စွပ်စွဲချက်ဖြင့် သတင်း မီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) ဖြင့် ဂျာနယ်ဝန်ထမ်း အစုလိုက် အပြုံလိုက်ကို ပထမဆုံး တရားစွဲဆို ထားမှုကြောင့် အမှုရင်ဆိုင် နေရဆဲဖြစ်သည်။

MH-0030

  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

သမ္မတအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့်စကားလုံးများ မသုံးစွဲရန် အစိုးရသတိပေး

၆ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီအချို့မှ တာဝန်ရှိ သူတွေက အမြင်သဘောထား တွေပြောဆိုရာမှာ သမ္မတ ပြောကြားခြင်း မရှိတဲ့ စကားတွေကို သမ္မတ ပြောကြား သလို ပြောနေဆိုနေ ကြပြီး အမြင်မတူသူတွေကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာ ရောက်တဲ့ စကားလုံးတွေ သုံးစွဲ နေတယ်လို့ အစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်အကြီးအကဲ ၂ ဦးနဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တဦး ပါဝင်တဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ အတည်ပြု ဆုံးဖြတ်လိုက်တဲ့အပေါ် နိုင်ငံရေးပါတီ တာဝန်ရှိသူတွေရဲ့ မီဒီယာတွေမှာ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အစိုးရက ထုတ်ပြန်လိုက်တာပါ။

ဒါပေမယ့် ဘယ်နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေဟာ ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ချက်ဖြစ်နေတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြ ထားတာ မရှိပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက “သဘောကတော့ မီဒီယာနယ်ပယ်ထဲမှာ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ ကိုယ့်လိုလားချက်တွေကို ထွက်ပြောတဲ့အခါမှာ သမ္မတ၊ အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ဟာတွေမှာ သဘောမတွေ့တာ ရှိကောင်းရှိမှာပေါ့။ ကျနော်တို့ပါတီတွေ ဘက်ကလည်း ကိုယ့်အယူအဆတွေကို ပြောတဲ့အခါမှာ ခံစားချက်တွေနဲ့ပြောတာ ပါကောင်းပါမှာပေါ့။ အဲ့ဒါတွေအပေါ်မှာ လွှမ်းခြုံမိအောင် ပထမအဆင့် ယဉ်ယဉ်ကျေးကျေး အသိပေးတဲ့ အဆင့်ထုတ်ပြန်လိုက်တယ်လို့ ယူဆပါတယ်” လို့ပြောပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ခေါင်းဆောင် ဦးသုဝေကတော့ “ယေဘုယျအားဖြင့်ကတော့ နိုင်ငံရေးပါတီမှမဟုတ်ဘူး၊ နိုင်ငံသားတိုင်း လွတ်လပ်စွာပြောပိုင်ခွင့် ရှိတာပဲ။ ဝေဖန်တာကတော့ ဝေဖန်နိုင်တာပဲ။ နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံခေါင်းဆောင်ဆိုတော့ လုပ်တာကိုင်တာတွေကို ဝေဖန်တာဆွေးနွေးတာ မြှင့်တင်တာ လုပ်လို့ရတာပေါ့။ ဒါပေမယ့် နိုင်ငံတော်သမ္မတကို ပုဂ္ဂိုလ်ရေးအရ ပြောတာတို့ ဘာတို့ကြတော့လည်း အတိုင်းအတာ တခုတော့ရှိမှာပေါ့။ တမင်ပုတ်ခတ်တာတွေကြတော့ မပြောသင့်ဘူး”လို့ ပြောပါတယ်။

အစိုးရထုတ်ပြန်ချက်မှာတော့ ခုချိန်ဟာ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်နေချိန်ဖြစ်လို့ နိုင်ငံရေးပါတီတွေအနေနဲ့ သတင်းအခြေအမြစ်ကို စိစစ်အတည်ပြုပြီးမှ ပြောဆိုဖို့နဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အလေးထားဖို့လည်း အသိပေးထားပါတယ်။

By ဒီဗွီဘီ

ဖီလစ်ပိုင်နိုင်ငံသို့ Ruby ခေါ် Super Typhoon HAGUPIT: Current Data

Typhoon HAGUPIT: Current Data
Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
5 Dec, 0:00 0 hrs 11.7 N 129.7 E 125 kts 4 Click Here Click Here Click Here

  FORECAST DATA

Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
5 Dec, 12:00 12 hrs 12.0 N 128.3 E 120 kts 4 To 12 hrs To 12 hrs Click Here
6 Dec, 0:00 24 hrs 12.2 N 127.1 E 115 kts 4 To 24 hrs To 24 hrs Click Here
6 Dec, 12:00 36 hrs 12.5 N 126.0 E 110 kts 3 To 36 hrs To 36 hrs Click Here
7 Dec, 0:00 48 hrs 12.9 N 124.8 E 100 kts 3 To 48 hrs To 48 hrs Click Here
8 Dec, 0:00 72 hrs 13.7 N 122.9 E 80 kts 1 To 72 hrs To 72 hrs N/A
9 Dec, 0:00 96 hrs 14.0 N 121.0 E 65 kts 1 To 96 hrs To 96 hrs N/A
10 Dec, 0:00 120 hrs 14.3 N 118.7 E 65 kts 1 To 120 hrs To 120 hrs N/A

  PAST DATA

Current Update 5 Dec, 2014 0:00 Prior Wind Affected Areas TS and Cat 1 Winds

  PAST AND FORECAST TRACK

Storm Tracker Map

လိပ်ကျွန်းလူသတ်မှု စွဲချက်ပေါင်း ၇ ခုဖြင့် တရားရုံးတင်


ဓာတ်ပုံ – မင်းဦး
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ တရားခံ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို  ကော်စမွီခရိုင် အစိုးရရှေ့နေကောင်စီဘက်က တရားလိုပြုကာ အမှုပေါင်း ၇ မှုနဲ့ တရားရုံးတင်လိုက်ပါတယ်။

မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတဦးဖြစ်တဲ့ ခွန်အမ်းဖွန်း ဆုန်ထောင်းန်က “အစကသိထားတာက ၅ မှုပေါ့နော်။ ဒီနေ့မှာတော့ စွဲချက်စုစုပေါင်း ၇ မှုရှိတယ်လို့ ခရိုင်တရားသူကြီးက ပြောပါတယ်ရှင့်။ ထိုင်းနိုင်ငံထဲကို တရားမ၀င် ခိုးဝင်မှု၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲဝင်ရောက်နေထိုင်မှု၊ ပူးပေါင်းပြီး ဒေးဗစ်ကို သတ်တဲ့အမှု၊ ပူးပေါင်းပြီး ဟဲန်နာကို မုဒိမ်းကျင့်မှု၊ အမှုမှန်ကို ဖျောက်ဖျက်ဖို့အတွက် ဟဲန်နာကိုသတ်တာက တမှု၊ ဒေးဗစ်ရဲ့ တယ်လီဖုံးကို ခိုးတာက တမှု၊ လုယက်မှုက တမှုပါ ပါတယ်” လို့ ပြောပါတယ်။

အမှုတွဲမှာလည်း နဂိုက စာမျက်နှာပေါင်း ၈၀၀ ကျော်ပဲ သိရပေမယ့် ဒီကနေ့မှာတော့ စုစုပေါင်း ၉၀၀ ကျော်ရှိပြီး အမှုကို လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ကော်စမွီခရိုင်တရားရုံးမှာ စတင်စစ်ဆေးမယ်လို့ ဆိုပါတယ်။

တရားခံတွေဘက်ကနေ ချေပပေးနိုင်ဖို့ ဒီအမှုတွဲကို အရင်လေ့လာဖတ်ရှုရမှာမို့ ကော်ပီကူးခွင့် တောင်းခံခဲ့ပေမယ့် အားလုံးမရသေးပဲ အစိတ်အပိုင်းတချို့သာ ရရှိခဲ့ပါတယ်။

သူတို့ ရှေ့နေအဖွဲ့ကတော့ တရားခံတွေ ဘက်ကနေ အတတ်နိုင်ဆုံး ချေပပြောဆိုပေးသွားမှာဖြစ်ပြီး၊ အစောပိုင်းကတည်းကလည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားခံ လူငယ် ၂ ဦးအနေနဲ့  ပြင်ပကနေ အမှုရင်ဆိုင်နိုင်ဖို့ အာမခံလျှောက်ထားရေး မြန်မာသံရုံးနဲ့ တိုင်ပင်နေတယ်လို့  ထိုင်းရှေ့နေက ပြောသွားပါတယ်။

ဗြိတိန်နိုင်ငံသား ဒေးဗစ် မဲန်လာ ၂၄ နှစ်နဲ့ ဟဲန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအမှုမှာ မြန်မာအလုပ်သမားလူငယ် ၂ ဦးကို ထိုင်းရဲက တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခဲ့ပေမယ့် လူမှုကွန်ရက်အများစုက မယုံကြည်ကြသလို အမှုတွဲ ခိုင်လုံအောင် ၂ လ နီးပါး ပြန်လည် ဖြည့်စွက်ခဲ့ရတာ ဖြစ်ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)

ကရင်ပြည်နယ် စက်မှုနှင့်စွမ်းအင်ဝန်ကြီး၏ သား ၂ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို

စိတ်ကြွရူးသွပ် ဆေးပြား လက်ဝယ်တွေ့ရှိမှုနဲ့ ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင် ၀န်ကြီးသားရဲ့  ၂ ဦးကို နယ်မြေခံ ရဲစခန်းက ဖမ်းဆီး တရားစွဲ ဆိုထား ပါတယ်။

ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင် ၀န်ကြီး ဦးစောကြည်လင်းရဲ့သား စောသမောထူး (၂၅ ) နှစ်နဲ့ စောထူးစေးဟဲ (၂၇) နှစ်တို့ အိန္ဒူးအပိုင်ရဲစခန်းကနေပြီး ဒီဇင်ဘာလ ၂ ရက်နေ့က မူးယစ်ဆေးတွေနဲ့ အတူ ဖမ်းဆီးရခဲ့တာဖြစ်ပါတယ်။

သူတို့ ၂ ဦးလုံးကို ဘားအံခရိုင် နောင်လုံအနောက်ကျေးရွာရှိ သူတို့ အစ်မဖြစ်သူနေအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သူတို့နဲ့အတူ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ဖမ်းဆီးမိခဲ့တာလို့ ဘားအံခရိုင် အိန္ဒူးရဲစခန်းမှူး ရဲအုပ်ဇော်နိုင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ကာလတန်ဖိုး ၆ သိန်းဝန်ရှိရှိတယ်လို့လည်း ပြောပါတယ်။ သူတို့ကို ဘာအံမြို့နယ် ရဲစခန်းမှာ လက်ရှိထိန်းသိန်းထားပြီး အိန္ဒူးရဲစခန်းက မူးစိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲအုပ်ဇော်နိုင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

သားဖြစ်သူတွေ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံရတဲ့အပေါ် ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစောကြည်လင်းကတော့ ဖမ်းဆီးခံရတဲ့ သားတွေဟာ သူရဲ့ အုပ်ထိန်းမှု အောက်မှာမရှိဘဲ အိန္ဒူးက အဖွားဖြစ်သူနဲ့ နေထိုင်နေကြတယ်လို့ ပြောပါတယ်။

သားငယ် စောသမောထူးက ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်မှုရှိတာ မှန်ကန်ပေမယ့် သားကြီး စောထူးစေးကမူ ညီဖြစ်သူ ဘာလုပ်နေတယ်ဆိုတာကို သွားကြည့်ရင်း တပါတည်း ဖမ်းဆီးခံရတာလို့ ဦးစောကြည်လင်းက ပြောပါတယ်။

“ကျနော်ကတော့ ဘာမှမပြောပါဘူး။ တရားဥပဒေဟာ တရားဥပဒေအတိုင်းပဲဖြစ်ရမှာပေါ့။ လက်ညှိုးမကောင်းရင် လက်ညှိုးပဲ။ လက်မ မကောင်းရင်လက်မပဲလေ။ ကျနော့်သားမို့လို့ ဘာညာ ဘာမှ မလုပ်ပါဘူး။ အပြစ်ရှိရင် အပြစ်ရှိသလို အရေးယူပေါ့။ ဒါပေမယ့် အကြီးကောင်ကတော့ သူက ဘာမှ အပြစ်မရှိဘူး။ လာဖမ်းတဲ့သူလည်း အားလုံးသိပါတယ်။ ”

သားကြီဖြစ်သူဟာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ပြီး မြန်မာပြည်ပြန်ရောက်တာနဲ့ သာသနာ့ဘောင်ထဲဝင်ခဲ့ကြောင်း ဦးပဇင်းကနေ ထွက်တာ တနှစ်လောက်ပဲ ရှိသေးတယ်လို့လည်း ဦးစောကြည်လင်းက ပြောပါတယ်။

သားတွေ အခုလို မူယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ လက်ရှိနိုင်ငံတော်မှာ ထမ်းဆောင်နေတဲ့လုပ်ငန်းကို ထိခိုက်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းကလည်း ဘားအံမြို့မှာ သိန်း ၉ ထောင်ကျော် တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပိုမိုများပြားလာနေပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေအပါဝင် အထက်တန်းကျောင်းသူကျောင်းသားတွေပါ သုံးစွဲမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

စစ်တပ်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ထမင်းစားဖိတ်ခေါ်ဦးမည်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တွေကို လာမယ့် လွှတ်တော် အစည်းအဝေး ပြန်လည် စတင်မယ့် အချိန်အတွင်းမှာ သီးသန့် ထမင်းစား ဖိတ်ခေါ် တွေ့ဆုံမယ်လို့ သိရပါတယ်။

လက်ရှိဟာ လွှတ်တော်နားနေတဲ့ အချိန်ဖြစ်တာကြောင့် လာမယ့်လွှတ်တော် အစည်းအဝေး ကာလရောက်မှ သီးသန့်တွေ့ဆုံမယ့် အကြောင်း တပ်မတော်သားတွေ ဘက်က စာပြန်ပေးပို့ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

"သူတို့ကတော့ ဒီပြီးခဲ့တဲ့ လွှတ်တော်မှာ မဖြစ်နိုင်တဲ့ အကြောင်းပေါ့လေ သူတို့လည်း စီစဉ်ထားပြီဖြစ်တဲ့အကြောင်း စာနဲ့တကွ အကြောင်းပြန်ပြီး ဖြစ်ပါတယ်၊ လာမဲ့လွှတ်တော် ပြန်စမှပဲ အပြန်လှန်ပေါ့လေ ထမင်းစားဖိတ်တာတွေ၊ ဆောင်ရွက်တာတွေပေါ့ဖြစ်မှာပါ၊ သူတို့ကဘက်လည်း အဲ့အချိန်ကျရင် ညှိနှိုင်းပြီးမှ အပြန်အလှန် ညစာစားပွဲတွေ ခင်မင်ရင်းနှီးတာတွေ ဆောင်ရွက်ချင်ပါတယ်၊ ဒါကြောင့် လာမဲ့လွှတ်တော်မှာ ဆောင်ရွက်ဖို့ကိုတော့ ညှိနှိုင်းတိုင်ပင်မှ အချိန်ပေးပြီးမှပေါ့လေ၊ အချိန်သက်မှတ်ပြီးမှ ဆောင်ရွက်ဖို့ အကြောင်းပြန်ကြားခဲ့တာ ရှိပါတယ်"

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမပြီးဆုံးခင်အချိန်တုန်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က နေ့လည်စာဖိတ်ကြားပြီး တွေ့ဆုံကြဖို့ စီစဉ်ခဲ့ပေမဲ့ တပ်မတော်သားတွေဘက်က မဖြစ်နိုင်သေးကြောင်း စာနဲ့တရားဝင် ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။

နောက်ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးအချိန်အတွင်းမှာ အချိန်ပေးပြီးတွေ့ဆုံကြဖို့ကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြောင်းပြန်ကြားချက်ထဲမှ ပါရှိတဲ့အတွက် ထပ်မံစီစဉ်မှာ ဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောပါတယ်။

စစ်တပ်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ထမင်းစားဖိတ်ခေါ်ဦးမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့် လွှတ်တော် အစည်းအဝေး ပြန်လည် စတင်မယ့် အချိန်အတွင်းမှာ သီးသန့် ထမင်းစားဖိတ်ခေါ် တွေ့ဆုံမယ်လို့ သိရပါတယ်။

လက်ရှိဟာ လွှတ်တော်နားနေတဲ့ အချိန်ဖြစ်တာကြောင့် လာမယ့်လွှတ်တော် အစည်းအဝေး ကာလရောက်မှ သီးသန့်တွေ့ဆုံမယ့် အကြောင်း တပ်မတော်သားတွေ ဘက်က စာပြန်ပေးပို့ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

"သူတို့ကတော့ ဒီပြီးခဲ့တဲ့ လွှတ်တော်မှာ မဖြစ်နိုင်တဲ့ အကြောင်းပေါ့လေ သူတို့လည်း စီစဉ်ထားပြီဖြစ်တဲ့အကြောင်း စာနဲ့တကွ အကြောင်းပြန်ပြီး ဖြစ်ပါတယ်၊ လာမဲ့လွှတ်တော် ပြန်စမှပဲ အပြန်လှန်ပေါ့လေ ထမင်းစားဖိတ်တာတွေ၊ ဆောင်ရွက်တာတွေပေါ့ဖြစ်မှာပါ၊ သူတို့ကဘက်လည်း အဲ့အချိန်ကျရင် ညှိနှိုင်းပြီးမှ အပြန်အလှန် ညစာစားပွဲတွေ ခင်မင်ရင်းနှီးတာတွေ ဆောင်ရွက်ချင်ပါတယ်၊ ဒါကြောင့် လာမဲ့လွှတ်တော်မှာ ဆောင်ရွက်ဖို့ကိုတော့ ညှိနှိုင်းတိုင်ပင်မှ အချိန်ပေးပြီးမှပေါ့လေ၊ အချိန်သက်မှတ်ပြီးမှ ဆောင်ရွက်ဖို့ အကြောင်းပြန်ကြားခဲ့တာ ရှိပါတယ်"

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမပြီးဆုံးခင်အချိန်တုန်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က နေ့လည်စာဖိတ်ကြားပြီး တွေ့ဆုံကြဖို့ စီစဉ်ခဲ့ပေမဲ့ တပ်မတော်သားတွေဘက်က မဖြစ်နိုင်သေးကြောင်း စာနဲ့တရားဝင် ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။

နောက်ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးအချိန်အတွင်းမှာ အချိန်ပေးပြီးတွေ့ဆုံကြဖို့ကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြောင်းပြန်ကြားချက်ထဲမှ ပါရှိတဲ့အတွက် ထပ်မံစီစဉ်မှာ ဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောပါတယ်။

RFA Burmese

စစ်တပ်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ထမင်းစားဖိတ်ခေါ်ဦးမည်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တွေကို လာမယ့် လွှတ်တော် အစည်းအဝေး ပြန်လည် စတင်မယ့် အချိန်အတွင်းမှာ သီးသန့် ထမင်းစား ဖိတ်ခေါ် တွေ့ဆုံမယ်လို့ သိရပါတယ်။

လက်ရှိဟာ လွှတ်တော်နားနေတဲ့ အချိန်ဖြစ်တာကြောင့် လာမယ့်လွှတ်တော် အစည်းအဝေး ကာလရောက်မှ သီးသန့်တွေ့ဆုံမယ့် အကြောင်း တပ်မတော်သားတွေ ဘက်က စာပြန်ပေးပို့ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

"သူတို့ကတော့ ဒီပြီးခဲ့တဲ့ လွှတ်တော်မှာ မဖြစ်နိုင်တဲ့ အကြောင်းပေါ့လေ သူတို့လည်း စီစဉ်ထားပြီဖြစ်တဲ့အကြောင်း စာနဲ့တကွ အကြောင်းပြန်ပြီး ဖြစ်ပါတယ်၊ လာမဲ့လွှတ်တော် ပြန်စမှပဲ အပြန်လှန်ပေါ့လေ ထမင်းစားဖိတ်တာတွေ၊ ဆောင်ရွက်တာတွေပေါ့ဖြစ်မှာပါ၊ သူတို့ကဘက်လည်း အဲ့အချိန်ကျရင် ညှိနှိုင်းပြီးမှ အပြန်အလှန် ညစာစားပွဲတွေ ခင်မင်ရင်းနှီးတာတွေ ဆောင်ရွက်ချင်ပါတယ်၊ ဒါကြောင့် လာမဲ့လွှတ်တော်မှာ ဆောင်ရွက်ဖို့ကိုတော့ ညှိနှိုင်းတိုင်ပင်မှ အချိန်ပေးပြီးမှပေါ့လေ၊ အချိန်သက်မှတ်ပြီးမှ ဆောင်ရွက်ဖို့ အကြောင်းပြန်ကြားခဲ့တာ ရှိပါတယ်"

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမပြီးဆုံးခင်အချိန်တုန်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က နေ့လည်စာဖိတ်ကြားပြီး တွေ့ဆုံကြဖို့ စီစဉ်ခဲ့ပေမဲ့ တပ်မတော်သားတွေဘက်က မဖြစ်နိုင်သေးကြောင်း စာနဲ့တရားဝင် ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။

နောက်ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးအချိန်အတွင်းမှာ အချိန်ပေးပြီးတွေ့ဆုံကြဖို့ကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြောင်းပြန်ကြားချက်ထဲမှ ပါရှိတဲ့အတွက် ထပ်မံစီစဉ်မှာ ဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောပါတယ်။

စစ်တပ်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ထမင်းစားဖိတ်ခေါ်ဦးမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့် လွှတ်တော် အစည်းအဝေး ပြန်လည် စတင်မယ့် အချိန်အတွင်းမှာ သီးသန့် ထမင်းစားဖိတ်ခေါ် တွေ့ဆုံမယ်လို့ သိရပါတယ်။

လက်ရှိဟာ လွှတ်တော်နားနေတဲ့ အချိန်ဖြစ်တာကြောင့် လာမယ့်လွှတ်တော် အစည်းအဝေး ကာလရောက်မှ သီးသန့်တွေ့ဆုံမယ့် အကြောင်း တပ်မတော်သားတွေ ဘက်က စာပြန်ပေးပို့ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

"သူတို့ကတော့ ဒီပြီးခဲ့တဲ့ လွှတ်တော်မှာ မဖြစ်နိုင်တဲ့ အကြောင်းပေါ့လေ သူတို့လည်း စီစဉ်ထားပြီဖြစ်တဲ့အကြောင်း စာနဲ့တကွ အကြောင်းပြန်ပြီး ဖြစ်ပါတယ်၊ လာမဲ့လွှတ်တော် ပြန်စမှပဲ အပြန်လှန်ပေါ့လေ ထမင်းစားဖိတ်တာတွေ၊ ဆောင်ရွက်တာတွေပေါ့ဖြစ်မှာပါ၊ သူတို့ကဘက်လည်း အဲ့အချိန်ကျရင် ညှိနှိုင်းပြီးမှ အပြန်အလှန် ညစာစားပွဲတွေ ခင်မင်ရင်းနှီးတာတွေ ဆောင်ရွက်ချင်ပါတယ်၊ ဒါကြောင့် လာမဲ့လွှတ်တော်မှာ ဆောင်ရွက်ဖို့ကိုတော့ ညှိနှိုင်းတိုင်ပင်မှ အချိန်ပေးပြီးမှပေါ့လေ၊ အချိန်သက်မှတ်ပြီးမှ ဆောင်ရွက်ဖို့ အကြောင်းပြန်ကြားခဲ့တာ ရှိပါတယ်"

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမပြီးဆုံးခင်အချိန်တုန်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က နေ့လည်စာဖိတ်ကြားပြီး တွေ့ဆုံကြဖို့ စီစဉ်ခဲ့ပေမဲ့ တပ်မတော်သားတွေဘက်က မဖြစ်နိုင်သေးကြောင်း စာနဲ့တရားဝင် ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။

နောက်ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးအချိန်အတွင်းမှာ အချိန်ပေးပြီးတွေ့ဆုံကြဖို့ကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြောင်းပြန်ကြားချက်ထဲမှ ပါရှိတဲ့အတွက် ထပ်မံစီစဉ်မှာ ဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောပါတယ်။

RFA Burmese

Thursday, December 4, 2014

အစိုးရဘက်က အပစ်ရပ်ပေးဖို့ ၅၄ ပါတီ တောင်းဆို

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ အစိုးရက စတင်ပြီး တဘက်သတ် အပစ်ရပ်ရေး ဆောင်ရွက်ဖို့ တိုင်းရင်းသားနဲ့ နိုင်ငံရေး၊ လူမှုရေးအဖွဲ့ ၅၄ ဖွဲ့က ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ်ကွန်ရက်မှာ ပြုလုပ်တဲ့ တိုင်းရင်းသားပါတီများ နိုင်ငံရေး လူမှုရေးအဖွဲ့အစည်းများရဲ့ KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးနဲ့ အပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲကနေ ခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အဖွဲ့အစည်း ၅၄ ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းပွဲကို တက်ရောက်တဲ့ UNA အဖွဲ့က ဦးမျိုးထွန်းက ခုလိုပြောပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ အမျိုးသား သွေးစည်းညီညွှတ်ရေးအတွက် တပ်မတော်နဲ့ အစိုးရအပေါ် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေး ကြိုးပမ်းမှုများမှာ သံသယဖြစ်ဖွယ်ရှိပါတယ်၊ ထိုလုပ်ရပ်ကို ကျနော်တို့အဖွဲ့ကနေ ရှုတ်ချကန့်ကွက်ပါတယ်၊ တချိန်တည်းမှာ လူထုလူတန်းစားနဲ့ အစိုးရအကြား စစ်ရေး နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ တစ်နေ့တစ်ခြား တိုးပွားလာသည်ကို တွေ့နေရပါတယ်၊ ထို့အတွက် တိုင်းပြည် အထွေထွေနိုင်ငံရေး စီးပွားရေး အကျပ်အတည်းများ ဖြေရှင်းနိုင်ရန် အောက်ဖော်ပြပါအချက်များကို အလျှင်အမြန်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကျနော်တို့က တောင်းဆိုပါတယ်"

တောင်းဆိုချက် ၄ ချက်ကို တောင်းဆိုရာမှာ KIA ဗိုလ်သင်တန်းကျောင်း အပစ်ခတ်ခံရတဲ့ကိစ္စအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးဖို့အပါအ၀င် အစိုးရစစ်စခန်းတွေ နောက်ဆုတ်ပေးဖို့၊ တဘက်သတ် အပစ်အခတ်ရပ်စဲရေးကို အစိုးရက စတင်ဆောင်ရွက်ဖို့်နဲ့ နိုင်ငံရေးတွေ့ဆုံပွဲတွေ အမြန်ဆုံးပြုလုပ်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။

သတင်းစာရှင်းလင်းပွဲကို သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က စီစဉ်တာဖြစ်ပြီး တိုင်းရင်းသားအဖွဲ့အစည်းနဲ့ လယ်သမားအဖွဲ့အစည်းတွေ၊ ၉၀ ခုနှစ် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်တွေ အပါအ၀င် အဖွဲ့ပေါင်း ၅၄ ဖွဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

RFA Burmese

စိတ်ကြွရူးသွပ် မူးယစ်ဆေးဝါးတွေ အလွယ်တကူ ၀ယ်လို့ရနေ (ရုပ်/သံ)

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE7sE7wNRh0wMtqCuI8KLI3Tn-nNedsogt2DDf1kliUHeXBhIkLdCqQQxuYI6XitLs9it6VuV62B6wb_u-YRuB4pJfNTNn3on90Jer3-Ax8yYnj7CwXPo6cBBx39X9GCK29IBSWlBBB_S5/s1600/8.jpg
တနင်္သာရီတိုင်းဒေကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ရာဘ(ခေါ်)မြင်းဆေး လို စိတ်ကြွရူးသွပ် မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူလို့ရနေပါတယ်။ဦးကျော်စိုး သတင်းပေးပို့ထားပါတယ်။ DVB TV - 03.12.2014

ပါလက်စတိုင်းနိုင်ငံ ကို အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပြင်သစ်နိုင်ငံက တရားဝင် အသိအမှတ်ပြု


ပါရီ ၊ ၄-၁၂-၂၀၁၄

ပြင်သစ်လွှတ်တော် သည် ပါလက်စတိုင်း နိုင်ငံကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ အဖြစ် တရားဝင် အသိအမှတ်ပြု ခဲ့ပြီးနောက် ယင်းနိုင်ငံသည် ပါလက်စတိုင်း ကို နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုသည့် ပဉ္စမမြောက် ဥရောပ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။

ပြင်သစ် အမျိုးသား ညီလာခံသည် ပါလက်စတိုင်းကို လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုရေးနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၂ ရက်က မဲခွဲဆုံးဖြတ် ခဲ့ကြပြီး ယင်းသို့ မဲခွဲရာ၌ ထောက်ခံမဲ ၃၃၉ မဲ နှင့် ကန့်ကွက်မဲ ၁၅၁ မဲဖြင့် အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်သည်။ (ပုံ)

ပါလက်စတိုင်းကို လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ယခင်က ဗြိတိန်၊ စပိန်၊ အိုင်ယာလန် နှင့် ဆွီဒင် နိုင်ငံတို့က တရားဝင် အသိအမှတ်ပြု ခဲ့ကြသည်။

ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုခြင်းသည် ယင်းနိုင်ငံနှင့် အစ္စရေးနိုင်ငံ တို့အကြား ပဋိပက္ခများကို ဖြေရှင်းရာတွင် ပိုမို အထောက်အကူ ပြုမည်ဟု ယုံကြည်ကြောင်း နှင့် ယင်းသို့ အသိအမှတ်ပြု လိုက်ခြင်းသည် နှစ်ဖက် အဖွဲ့အစည်းများ အကြား ကွဲပြားမှုများ နှင့် ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများ ကို ဆွေးနွေး ဖြေရှင်းရန် ပိုမို ဖိအားပေး နိုင်မည်ဖြစ်ကြောင်း ပြင်သစ် အမျိုးသားလွှတ်တော် ရှိ ဆိုရှယ်လစ် လွှတ်တော် အမတ်များက တင်သွင်းထားသည့် အဆိုပြုချက် မူကြမ်းတွင် ဖော်ပြထားသည်။

သို့ရာတွင် ပါလက်စတိုင်းကို အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုခြင်းသည် နှစ်ဖက် အဖွဲ့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ကို လက်မှတ် ရေးထိုး နိုင်ခြင်းကို အဟန့်အတား ဖြစ်စေနိုင်ဖွယ် ရှိသည်ဟု အစ္စရေးသံရုံး က ပြစ်တင်ဝေဖန် ထားကြောင်း သိရသည်။

#PyiChitThar

မြန်မာနဲ့ စစ်ရေးဆက်ဆံရေး မတိုးဖို့ အမေရိကန် ဗိုလ်ချုပ်ကြီးပြော

 
စစ်အစိုးရကနေ အရပ်သား အစိုးရ ဖြစ်လာပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်က ချုပ်ကိုင်ထားဆဲပဲလို့ ဆို
 အမေရိကန် စစ်တပ်ရဲ့ ပစိဖိတ်ဆိုင်ရာ တပ်မှူးသစ် အဖြစ် အဆိုပြုခံထားရတဲ့ ရေတပ် ဗိုလ်ချုပ်ကြီး က မြန်မာနိုင်ငံမှာ စစ်တပ် က ချုပ်ကိုင်ထားဆဲ ဖြစ်တာကြောင့် အမေရိကန် အစိုးရအနေနဲ့ မြန်မာ အစိုးရနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ မသင့်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

သူ့ကို ဒီရာထူး ခန့်အပ်ဖို့ ဆီးနိတ်လွှတ်တော်ရဲ့ ကြားနာပွဲအတွက် ပေါ်လစီပိုင်းဆိုင်ရာ မေးခွန်းတွေကို စာနဲ့ ပြန်ဖြေခဲ့စဉ်အတွင်း ဗိုလ်ချုပ်ကြီး Harry Harris က သူ့သဘောထား အမြင်ကို အခုလို ပြောခဲ့တာပါ။

ဒါဟာ အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တဦး အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ် ခါတိုင်းနဲ့ မတူ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန်တဦး ဖြစ်ခဲ့ဖူးသူ Ms Priscilla Clapp ကတော့ ဗိုလ်ချုပ်ကြီး Harry Harris ရဲ့ သဘောထားဟာ အမေရိကန် အစိုးရရဲ့ ပေါ်လစီနဲ့ တထပ်တည်းပဲလို့ ရှုမြင်ပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အမေရိကန် အစိုးရဟာ မြန်မာစစ်တပ်နဲ့ ပြောဆို ဆက်ဆံမှုတွေ ရှိတယ် ဆိုပေမယ့် အမေရိကန် ပေါ်လစီအရ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဘယ်နိုင်ငံကိုမှ စစ်ရေး အထောက်အပံ့တွေ မပေးရဘူး ဆိုတဲ့မူက ရှိပြီးသားဖြစ်တယ်လို့ Priscilla Clapp ပြောပါတယ်။

ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ နှေးကွေး ဒါမှမဟုတ် နောက်ပြန်ဆုတ်နေတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး Harry Harris ဟာ အရင်တုန်းကလည်း စစ်ဦးစီးချုပ် ကိုယ်စားလှယ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွဲလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူဟာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူ ဖြစ်ပြီး တကယ်လို့သာ ကွန်ဂရက်က အတည်ပြုခဲ့မယ်ဆိုရင် ပစိဖိတ်မှာရှိတဲ့ အမေရိကန် ရေတပ်တခုလုံးရဲ့ အကြီးအကဲ ဖြစ်လာနိုင်ဘွယ် ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Tacloban မှာ နောက်မုန်တိုင်း ဝင်ရောက်မယ်

 
ဟိုင်ရန်မုန်တိုင်းကြောင့် Tacloban မှာ ပျက်စီးမှု အများအပြားဖြစ် (Credit: AFP) 

  ဟိုင်ရန် ​မုန်တိုင်း ဒဏ်ကို ​အလူးအလဲ ​ခံခဲ့ရတဲ့ ​ဖိလစ်ပိုင်နိုင်ငံ ​Tacloban ​ဒေသမှာ ​နောက်ထပ် ​မုန်တိုင်း တစ်ခု ​ဝင်ရောက်ဖို့ ရှိတဲ့ အတွက် ​ပြင်ဆင်မှုတွေ ​လုပ်ဆောင် နေကြပါတယ်။

လွန်ခဲ့တဲ့ ​တစ်နှစ်ကျော်တုန်းကပဲ ​Tacloban ​မှာ ​တစ်နာရီ ​လေတိုက်နှုန်း ​ပြင်းအား ​၂၇၅ ​ကီလိုမီတာ ​ရှိတဲ့ ​ဟိုင်ရန်မုန်တိုင်း ​ဝင်ရောက်ခဲ့လို့ ​အိုးအိမ်၊ ​အဆောက်အဦးတွေ ​ပြားချပ် ​ပျက်စီး ​နေတုန်းမှာပဲ ​ဒီရက်ပိုင်းအတွင်း ​Hagupit ​ဆိုတဲ့ ​မုန်တိုင်း ​ဝင်ရောက်ဦးမှာ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​စာသင်ကျောင်းတွေ၊ ​ရုံးတွေကို ​ပိတ်ချထားပြီး ​ကမ်းရိုးတမ်းတလျှောက် ​နေထိုင်တဲ့ ​ရွာသူ၊ ​ရွာသားတွေကို ​ပြောင်းရွှေ့မှု ​လုပ်ထားခိုင်းပါတယ်။

အဲဒီလို ​ပြင်ဆင်မှု ​လုပ်ငန်းကို ​ကြီးကြပ်ဖို့ ​အဆင့်မြင့် ​အရာရှိတစ်ဦးကို ​ဖိလစ်ပိုင် ​အစိုးရက ​ပို့ဆောင်ထားပြီ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​ယာယီခိုလှုံရမယ့် ​နေရာတွေ၊ ​လိုအပ်မယ့် ​အစားအသောက်တွေနဲ့ ​တခြား ​ပစ္စည်းတွေကို ​အသင့်ပြင်ဆင်ထားပါတယ်။

မိုးလေဝသ ​ဌာနရဲ့အဆိုအရ ​ဒီရက်ပိုင်းအတွင်း ​ဝင်ရောက်မယ့် ​မုန်တိုင်းဟာ ​ဆူပါမုန်တိုင်းအသွင်ကို ​ပြောင်းပြီး ​တစ်နာရီကို ​လေတိုက်နှုန်းပြင်းအား ​၂၄၀ ​ကီလိုမီတာ ​ရှိနိုင်တယ်လို့ ​ခန့်မှန်းထားပါတယ်။

ABC Radio Australia

Tuesday, December 2, 2014

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မြန်တွေ့ဆုံဆွေးနွေးမည်ဆိုပါက ပြည်သူနှင့် တိုင်းပြည်အတွက် ကောင်းမွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ခြောက်ပွင့်ဆိုင်ဆွေးနွေးခြင်းနှင့် ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားနေစဉ်
ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မြန်တွေ့ဆုံဆွေးနွေးနိုင်မည်ဆိုပါက ပြည်သူနှင့်တိုင်းပြည်အတွက် ကောင်းမွန်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၇ ရက်တွင်  မီဒီယာများနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။
ယင်းကဲ့သို့တွေ့ဆုံရာတွင် သတင်းထောက်တစ်ဦးက “ခြောက်ပွင့်ဆိုင်မတိုင်ခင်မှာ လေးပွင့်ဆိုင်အတွက် ဆန္ဒပြတောင်းဆိုတာတွေလည်း ရှိတယ်။ လက်ရှိအချိန်မှာ ခြောက်ပွင့်ဆိုင်ဆိုပြီးတော့ ဖြစ်လာတဲ့အချိန်မှာ အမြန်ဆုံးဖြစ်စေချင်ကြတယ်။ အန်တီအနေနဲ့ ကျန်တဲ့ခေါင်းဆောင်တွေကို ဘယ်လောက်အချိန်အတိုင်းအတာအတွင်းမှာတွေ့မှ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရေးကိုသွားလို့ လွယ်ကူမယ်လို့ အန်တီအနေနဲ့ တိုက်တွန်းပြောလိုပါသလဲ”ဟု မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “အန်တီက လေးပွင့်ဆိုင်ကို တောင်းနေတာက ဟိုလွန်ခဲ့တဲ့နှစ်စောစောပိုင်းကတည်းက တောင်းနေတာပါ။ အဲဒီတော့ ဘယ်တော့တွေ့ဆုံသင့်လဲဆိုတော့ အရင်နှစ်ကတည်းက တွေ့ဆုံသင့်တယ်လို့ ဖြေရမှာပေါ့။ ဒီလိုဟာမျိုး တွေ့ဆုံရေးဆိုတာက မြန်လေကောင်းလေပဲ။ အနှေးနဲ့အမြန် ပန်းတိုင်ကိုရောက်ဖို့ပဲ။ အနှေးနဲ့အမြန်ဆွေးနွေးပြီးတော့ ညှိနှိုင်းတဲ့အဆင့်ကို ရောက်သွားမှာပဲ။ ဒါပေမဲ့ နှေးနေရင် ပြည်သူတွေအတွက် နာလေလေပဲ။ မြန်လေလေ ပြည်သူအတွက် ကောင်းလေလေပါပဲ။ တိုင်းပြည်အတွက်လည်း ကောင်းလေလေပဲ။ ဆွေးနွေးခြင်းကို ဘာဖြစ်လို့မလိုလားလည်းဆိုတာ အန်တီ ဘယ်လိုမှ သဘောမပေါက်ဘူး။ ဆွေးနွေးတယ်ဆိုတာ သူအနိုင်ယူဖို့၊ ကိုယ်အနိုင်ယူဖို့  မဟုတ်ဘူး။ အနိုင်ရရမယ့်သူက တစ်ယောက်ပဲရှိတယ်။ အဲဒါက ပြည်သူပဲ။ ပြည်သူအနိုင်ရဖို့အတွက်၊ နိုင်ငံအတွက် အကောင်းဆုံးအဖြေတစ်ခုရဖို့အတွက် ဆွေးနွေးတာပါပဲ”ဟု ပြောကြားသည်။
ဆက်လက်ပြီး“အဲဒါနဲ့ ပတ်သက်လို့လည်း ထပ်တလဲလဲပြောတယ်။ ဆွေးနွေးတဲ့အခါမှာ အန်တီပြောတိုင်းလည်း အောင်မြင်ချင်မှအောင်မြင်မယ်။ တချို့မအောင်မြင်ရင်လည်း မအောင်မြင်သင့်လို့ မအောင်မြင်တာလည်းရှိတယ်။ ဒါကိုလည်း လက်ခံရမယ်။ ကိုယ်လိုချင်တာမို့ မှန်တယ်။ ကိုယ်လိုချင်တာမို့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ အဲဒီလိုစိတ်နဲ့တော့ ဆွေးနွေးပွဲသွားလို့ မဖြစ်ဘူး။ အဲဒီတော့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒါမှာ တစ်ခုတော့ ရှိတာပေါ့။ ပြည်သူတွေရဲ့ဆန္ဒကို သိရက်နဲ့ မသိချင်ယောင်ဆောင်နေရင်တော့ ဒီလိုဆွေးနွေးပွဲတွေဟာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ကိုက်ညီဖို့တော့ ခက်ပါလိမ့်မယ်။ အဲဒီတော့ အမေတို့အနေနဲ့ကတော့ ပြည်သူတွေရဲ့ ဆန္ဒနဲ့နီးစပ်တယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေရဲ့ ထောက်ခံမှုတွေနဲ့ပဲ ရပ်တည်ခဲ့ရတာကိုး။ အခုလည်း အန်တီတို့ပါတီ ရပ်တည်နေတာက ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ပါပဲ။ပြည်သူနဲ့ ကွာဟမှုကမများဘူးလို့ ယုံကြည်တယ်။ အဲဒါကြောင့်မိုလို့ ပြည်သူရဲ့ဆန္ဒကိုတော့ အန်တီတို့ပါတီကတော့ လေးစားတယ်။ မလေးစားလို့လည်း မရဘူး။ ပြည်သူ့ဆန္ဒကြောင့်သာ အင်န်အယ်လ်ဒီက ရပ်တည်နိုင်တာပါ”ဟု ပြောကြားသည်။
EMG

မြို့နယ်ပေါင်း ၁၂၀ ကျော်တွင် တယ်လီနော်ဖုန်းကွန်ရက် တိုးချဲ့မည်

တယ်လီနော် မြန်မာကုမ္ပဏီဟာ ဒီဇင်ဘာလအတွင်း ပြည်နယ်နဲ့တိုင်း ၈ ခုက မြို့နယ်ပေါင်း ၁၂၀ ကျော် မှာ တယ်လီဖုန်း ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ တိုးချဲ့ဖို့ ကြိုးပမ်းနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

တယ်လီနော်ဟာ လက်ရှိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာပဲ ဖုန်းဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ မကြာခင်တိုးချဲ့သွားဖို့ မျှော်မှန်းထားတယ်လို့ တယ်လီနော် မြန်မာရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေရာတွေက ဒီဇင်ဘာအတွင်း ကျနော်တို့ဝန်ဆောင်မှုပေးဖို့ရာထားတဲ့နေရာတွေပါ။ ဒါပေမယ့် စမယ့် ရက်ကတော့ အတိအကျမပြောနိုင်သေးဘူး။ အဓိကက တာဝါတိုင်ပြီးတာ အပေါ်မူတည်တာပေါ့။ တာဝါတိုင်ဆောက်တဲ့ အပေါ်မှာလည်း အခက်အခဲတွေ အများကြီးရှိနေတယ်။ သတ်မှတ်ထားတဲ့ တာဝါတိုင်အရေအတွက် ပြည့်ပြီဆိုတော့မှ ကျနော်တို့ က ၀န်ဆောင်မှုစပေးလို့ရမှာ။”

လတ်တလော ပြည်တွင်း ဈေးကွက်ထဲမှာ တယ်လီနော် ဖုန်း ဆင်းမ်ကတ် ၂ သန်းကျော်ဖြန့်ချိထားပြီး မရောင်းရသေးတဲ့ ဆင်းမ်ကတ်ပေါင်း ၃ သိန်းကျော်ကျန်ရှိနေပါတယ်။ ပြည်နယ်နဲ့တိုင်းတွေမှာ အသစ်ထပ်မံ ဖြန့်ချိရောင်းချဖို့ အတွက်လည်း ဆင်းမ်ကတ် အရေအတွက် ၁၀ သန်းကျော် ကုမ္ပဏီက အဆင်သင့်စီစဉ်ထားတယ်လို့သိရပါတယ်။

နယ်တွေမှာအသုံးပြုဖို့ တယ်လီနော် ဆင်းမ်ကတ်တွေ ကြိုတင်ဝယ်ယူထားသူတွှေအနေနဲ့ လက်ရှိအချိန်မှာ သုံးလို့ရနိုင်မှာ မဟုတ်ပေမယ့် ကွန်ရက်စဖွင့်တာနဲ့ အသုံးပြုလို့ ရနိုင်မယ်လို့ ဆိုပါတယ်။

တယ်လီနော်ဆင်းမ်ကတ်တွေကို မြန်မာ ကျပ်ငွေ ၁၅၀၀ နဲ့ပဲ ဆိုင်ခွဲတွေမှာ အလွယ်တကူဝယ်ယူနိုင်အောင် ရောင်းချပေးနေပြီး ဈေးတင်ရောင်းချတဲ့ ဆိုင်တွေမှာ မ၀ယ်ကြဖို့လည်း တယ်လီနော်ကုမ္ပဏီ က အကြံပြုပါတယ်။

နော်ဝေ အခြေစိုက် တယ်လီနော် မြန်မာကုမ္ပဏီဟာ ပြည်တွင်းမှာ တယ်လီဖုန်း အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့်ရထားတဲ့ နိုင်ငံခြား ကုမ္ပဏီ နှစ်ခုထဲက တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ ဖုန်းဝန်ဆောင်မှု စတင်ခဲ့တာပါ။

မကြာသေးခင် သီတင်းပတ်တွေအတွင်းကတော့ ဆက်သွယ်ရေး ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်သွားခဲ့မှုကြောင့် ပြည်တွင်းမှာ တယ်လီနော်အပါအ၀င် မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှု အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

By ဒီဗွီဘီ

ခရီးသွား ပြည်သူများထံမှ ငွေနှင့်ပစ္စည်းများ ဓားပြတိုက် လုယက်မှုဖြစ်ပွား

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် မိုင်းရှူးမှ တောင်ကြီးမြို့သို့ ခရီးသည်များ တင်ဆောင်လာသော ရဲမာန်အောင်ယာဉ်ငယ်လိုင်းမှ ယာဉ်မောင်း ဦးသန်းဝင်း မောင်းနှင်လာသည့် ယာဉ်အမှတ် ၂ဂ/၆၀၂၃ အဖြူရောင် ဗင်အမျိုးအစား ယာဉ်သည် မိုင်းနောင်-လဲချားကားလမ်းရှိ ဒေသအခေါ် အက်စ်ကွေ့သို့ရောက်ရှိစဉ် တူးမီးသေနတ်များကိုင်ဆောင်ကာ မျက်နှာတွင် သနပ်ခါးများလိမ်းထားသော ဂျင်းဘောင်းဘီအပြာ အကျီ င်္ ပြောက်ကျားဝတ် ၁ ဦးနှင့် ဂျင်းဘောင်ဘီအပြာရောင် အကျီ င်္အပြာရောင် ၀တ်ဆင်ထားသူ ၁ ဦး တို့မှ ခရီးသည်များထံမှ ငွေနှင့်ပစ္စည်းများ ဓားပြတိုက်ယူဆောင်သွားကြောင်း သိရှိရပါသည်။

အဆိုပါ ခရီးသည်များမှာ ဒေါ်ဒေါ့တင်ဝင်း (မိုင်းရှူးမြို့နယ်ပညာရေးမှူး)ထံမှ ငွေကျပ် ၅ သိန်းခန့်၊ ဒေါ်စောဝင်း အလကခွဲ(၀မ်ကန်) ကျောင်းအုပ်ဆရာမကြီးထံမှ ငါးမူးသားခန့်ရှိ ရွှေဆွဲကြိုးလော့ကတ်သီးအပါ ၁ ကုံး ငွေကျပ် ၂ သိန်းခန့်၊ ဒေါ်မြမြနွယ် (မြို့နယ်ပညာရေးမှူးရုံးစာရေး)ထံမှ ငွေကျပ် ၁ သိန်း ၃ သောင်းခန့်၊ ဒေါ်သဲသဲထွေး (ပညာရေးကောလိပ်တက်ရောက်မည့်သူ) ထံမှ ရွှေနားကပ် ၁ ရံ ငွေကျပ် ၂ သိန်းခန့် နှင့် ယာဉ်မောင်း ဦးသန်းဝင်း ထံမှ ငွေကျပ် ၁ သိန်း ၈ သောင်းခန့် တို့အား ဓားပြတိုက် ယူဆောင်သွားကြောင်း သိရှိရပါသည်။

ြ မြ၀တီ

နော်ဝေဘုရင် ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြား

 
မြန်မာနိုင်ငံရဲ့ ဒီမိုက​ရေစီနိုင်ငံ တည်​ဆောက် အ​ကောင်အထည်​ဖော်ရာမှာ သ​ဘောထား ကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဆက်လက်ကူညီ သွားမယ်လို့ နော်ဝေ ဘုရင်ဟာရယ်က ပြောကြား လိုက်ပါတယ်။

ဒီဇင်ဘာလ ၂ ရက် မနက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာမိန့်ခွန်းပြောကြားရာမှာ နော်ဝေဘုရင်က “ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်မယ့် မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ တိုင်းပြည်ရဲ့ ပြည်သူပြည်သားတိုင်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ အတွေ့အကြုံကို အသုံးပြုပြီး ထောက်ပံ့ကူညီနိုင်မယ့် နယ်ပယ်တွေမှာ ထောက်ပံ့ကူညီနိုင်ဖို့ကို ကျနော်တိုရဲ့ တာဝန်တစ်ရပ်အဖြစ်မြင်တယ်လို့ အခိုင်အမာပြောလိုပါတယ်။ ကျနော်တို့တချို့နယ်ပယ်တွေမှာ သဘောထားကွဲလွဲမှု ရှိကောင်းရှိပါလိမ့်မယ် ရိုးသားဖြောင့်မတ်ပြီး စစ်မှန်တဲ့မိတ်ဆွေတဦးအဖြစ် ဆက်လက်ကူညီထောက်ပံ့သွားပါမယ်။”လို့ပြောသွားပါတယ်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နော်ဝေနိုင်ငံက ကူညီဆောင်ရွက်ပေးနေသလို ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို ဆက်လက်အထောက်အကူပြုနေတယ် လို့ လည်းပြောပါသွားတယ်။

“လွန်ခဲ့တဲ့ ၁ နှစ်အထိ ဒီမိုကရက်တစ်မြန်မာ့အသံဟာ အော်စလိုမြို့မှာ အခြေပြုခဲ့ပါတယ်။ ဆိုင်ကလုန်းနာဂစ်ရဲ့ နောက်ဆက်တွဲအကြီးအကျယ်ပျက်စီးမှုတွေအတွက် ကျနော်တို့ လူသားချင်း စာနာထောက်ထားတဲ့ အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ ရေရှည်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေလည်း တည်ဆောက်ခဲ့ကြပါတယ်။ နော်ဝေနိုင်ငံက ကုမ္ပဏီ​တွေလည်း မြန်မာနိုင်ငံမှာလုပ်ငန်း​တွေ စတင်​နေပါပြီ။ ကျ​နော်တို့ နှစ်နိုင်ငံ ပြည်သူ​တွေကြား ဆက်ဆံ​ရေး ကြီးပွားတိုးတက်လာတာကို မြင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံကျောင်းသူ ကျောင်းသားတွေအတွက် နော်ဝေနိုင်ငံက ထောက်ပံ့ ပညာသင်ဆု ရန်ပုံငွေမတည်ထားပြီး  ဒေးဗစ်ထော ပညာသင်ဆုလို့ နာမည်ပေးထားတယ်လို့ နော်ဝေနိုင်ငံဘုရင်မင်းမြတ် ကကြေညာသွားပါတယ်။

ဒေးဗစ်ထောပညာသင်ဆုကို လျှောက်ထားတဲ့ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းအသီးသီးက ကျောင်းသူကျောင်းသားတွေဟာ ရွေးချယ်ခံရပါက သမိုင်းဘာသာရပ်နဲ့ လူမှုရေးဘာသာရပ်တွေ ကို ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်သင်ကြားရမှာပါ။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ဟာ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၅ ရက်အထိ မြန်မာနိုင်ငံချစ်ကြည်ရေးရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း  တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မန္တလေး မြနန်းစံကျော်ရွှေနန်းတော်၊ ကုသိုလ်တော်ဘုရားနဲ့ မန္တလေးတောင်ကို သွား​ရောက်ဖို့အစီအစဉ်ရှိပါတယ်။

By ကျော်ဇေယျာဝင်း (ဒီဗွီဘီ)

မလေးရှားတွင် ဗီဇာအတုနှင့် ထောင်ချခံရသည့် မြန်မာ ၅၀ ကျော် ပြန်လွတ်

 
တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးစဉ်

ဗီဇာအတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို မလေးရှား တရားရုံးက ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြန်လွှတ်ပေး လိုက်ပါတယ်။

မလေးရှားနိုင်ငံ၊ ရှားအလမ်း တရားရုံးက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ချမှတ်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံးက ကူညီပေးမှာဖြစ်တယ်လို့ မလေးရှား အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

“ဟုတ်ပါတယ်။ ဒီကနေ့ အမိန့်ချပါတယ်။ ကျနော်တို့ လေယာဉ်လက်မှတ်တွေစီစဉ်ပြီး ပြန်ပို့မှာပါ။ ၅၂ ယောက်လုံးကို။ သံရုံးကနေ ကူညီပြီးပြန်ပို့ပေးမှာပါ။”

မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သားတွေကို ဗီဇာအတုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေး ဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထောင်ဒဏ်စီရင်ခံကြရသူ မြန်မာ ၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်နည်းနဲ့ ချဉ်းကပ်မှုတွေရှိပြီး ဒီကနေ့ လွတ်ငြိမ်းချမ်းသားခွင့်ရရှိတာဖြစ်ပါတယ်။

သူတို့ကို ဘယ်နေ့အတိအကျပြန်မယ်ဆိုတာမသိရသေးဘဲ သူတို့ပြန်နိုင်ရေးအတွက် စီစဉ်နေဆဲဖြစ်တယ်လို့လည်း ဦးမင်းမင်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦးနဲ့ မြန်မာ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားလေဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာပါ။

ဒီအထဲက ဗီဇာအမှန်ရှိသူ ၁၂ ဦးနဲ့ ဗီဇာတုကိုင်ထားတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ် ၈ ဦး စုစုပေါင်း ၂၀ ဦးကတော့ မြန်မာ သံရုံးရဲ့ ညှိနှိုင်းပေးမှုကြောင့်  စက်တင်ဘာလ ဆန်းပိုင်းမှာ  မြန်မာပြည် ပြန်ခွင့်ရခဲ့ပြီးဖြစ်ပါတယ်။   မြန်မာအေးဂျင့် ၃ ဦးကတော့ အမှု ဆက်လက် ရင်ဆိုင်နေရပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာ၂ ဦးကို ဒီဇင်ဘာ ၄ ရက် စွဲချက်တင်မည်

ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ကော်ဆမွီ ခရိုင်တရားရုံးက ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းမှာ ဆဌမအကြိမ် ရမန်ယူပြီး ချုပ်ရက် ထပ်တိုးလိုက်တယ်လို့ တရားရုံးကို သွားရောက်ခဲ့တဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။

Koa Toa“ဒီနေ့ နေ့ခင်း ၁ နာရီခွဲမှာ ကော့ဆမွီခရိုင် တရားရုံးမှာ ရုံးထုတ်ပါတယ်။ ရုံးထုတ်တဲ့ခါ အစိုးရရှေ့နေဘက်က နောက်ထပ် ၆ ကြိမ်မြောက် ရမန်ယူသွားပါတယ်ခင်ဗျ။ ရမန်ယူတာက အမှုကို တရားစွဲတဲ့အခါမှာ သူတို့ဘက်က အချက်အလက်တွေ မပြည့်စုံတာရယ်၊ ထပ်ဖြည့်ချင်တဲ့ သဘောတွေ တွေ့ရပါတယ်။ သူတို့က ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ဒီဇင်ဘာ ၁၄ ရက်နေ့တွေ အတွင်း ရုံးတင်မယ်လို့ ပြောပါတယ်။”

နောက်ထပ် သက်သေ ၂၀ ဦးကို မေးမြန်းလို့ မပြီးသေးတာနဲ့ နိုင်ငံခြားသား သက်သေတစ်ဦးမှ ရောက်မလာသေးတာကြောင့် နောက်ထပ် ချုပ်ရက်တိုးရကြောင်း အစိုးရရှေ့နေဘက်က ဖြေဆိုခဲ့ တယ်လို့ လည်း ဦးထူးချစ်က ပြောပါတယ်။

တရားစွဲဖို့ ပြင်ဆင်နေတဲ့ကာလအတွင်း မြန်မာသံရုံးအထူးအဖွဲ့နဲ့ ထိုင်းရှေ့နေများ ကောင်စီဘက်ကလည်း စွပ်စွဲခံရသူ ၂ ဦး ထောင်အပြင်ကနေ တရားရင်ဆိုင်ခွင့်ရဖို့ အာမခံရရေး ထပ်မံလျှောက်ထားဖို့ရှိပြီး အာမခံငွေ ဘတ်ငွေ ၂ သန်းကိုလည်း သံရုံးက အသင့် ထုတ်ထားပေးထားလို့ ခုရက်ပိုင်းအတွင်း အမြန်ဆုံးအာမခံ လျှောက်ထားမယ်လို့ ဆိုပါတယ်။

ဒီကနေ့ တရားရုံးထုတ်မှုကို သွားရောက်ကြားနာခဲ့သူတွေထဲမှာ ထိုင်းမြန်မာသံရုံးအထူးအဖွဲ့က ကိုယ်စားလှယ် ၃ ဦး၊ စွပ်စွဲခံရသူဘက်က ချေပပေးမယ့် ထိုင်းရှေ့နေကောင်စီအဖွဲ့ဝင် ၂ ဦး၊ ရခိုင်အမျိုးသားကွန်ရက်နဲ့ ကော်ဆမွီခရိုင်မှာရှိတဲ့ ရခိုင်လူမှုရေးအသင်း ကိုယ်စားလှယ်တွေပါ စုစုပေါင်း ၁၃ ဦး ပါဝင်ပါတယ်။

မြန်မာလူငယ် ၂ ဦးဟာ စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာ မတွေ့ရဘဲ အကျဉ်းစခန်းမှာ ကိုယ်လက်လှုပ်ရှားအားကစားတွေ လုပ်ခွင့်ရတယ်လို့သိရပါတယ်။

ထိုင်းသတင်းတွေမှာတော့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်တဲ့ အမှုတွဲကို ကော့ဆမွီခရိုင် အစိုးရရှေ့နေကောင်စီအနေနဲ့ ထိုင်းရဲတပ်ဖွဲ့က လက်ခံရရှိပြီဖြစ်ပြီး၊ လူသက်သေရော၊ မှုခင်းဆေးသိပ္ပံဆိုင်ရာအထောက်အထားတွေပါ ပြည့်စုံပြီဖြစ်လို့ ဒီဇင်ဘာလ ၄ ရက်နေ့ တရားရုံးမှာ စွဲချက်တင်မယ်လို့ အမှတ် ၈ တိုင်းဒေသ ရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက် ရဲ့ အပြောကို ကိုးကား ဖော်ပြထားပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)