Pages

Sunday, January 25, 2015

ကျောင်းသားသပိတ်စစ်ကြောင်း အားမြင်းခြံနည်းပညာ တက္ကသိုလ်က ကျောင်းသား ၅၀၀ကျော်နဲ့ ပြညိသူလူထုမှသောင်းသောင်းဖျဖျကြိုဆို(ဓာတ်ပုံ)

မြင်းခြံမြို့ထဲကိုမရောက်ခင်မြို့အဝင်လမ်းမှာတင်ပဲများပြားလှတဲ့မြင်းခြံမြို့ပြည်သူလူထုကြီးကပြည့်ရင်သွေးကျောင်းသားတွေရဲ့ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကြီးကိုလာရောက်အားပေးကြိုဆိုခဲ့ကြပြီးသပိတ်စစ်ကြောင်းထဲကိုဝင်ရောက်ပူးပေါင်းလို့ကျောင်းသားတွေရဲ့ကြွေးကြွော်သံ(၃)ခုဖြစ်တဲ့`ဒီမိုကရေစီပညာရေး ဒို့အရေး´ `ကျောင်းသားသမဂ္ဂများလွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး´ `ကျောင်းသားပြည်သူကိုအခြေမခံသောအမျိုးသားပညာရေးဥပဒေ အလိုမရှိ´ စတဲ့ကြွေးကြော်သံများကြွေးကြော်ခဲ့ကြပါတယ်။

ကျွန်တော်တို့ကျောင်းသားများ၏ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းသည်များပြားလှသောလူထုကြီးကြောင့်ရှေ့သို့တိုးမပေါက်သဖြင့်
ယခုထိမြင်းခြံမြို့ထဲသို့မရောက်ရှိသေးပါ။
ကျောင်းသားသပိတ်အားပြည်သူလူထုကြီး၏အားပေးထောက်ခံမှုကအာဏာရှင်စနစ်နှင့်စစ်ကျွန်ပညာရေးစနစ်အပေါ်ဘယ်လောက်ထိ
မုန်းတီးရွံရှာနေကြောင်းသိသာနေပါပြီ။
စနစ်ဆိုးကိုအမြစ်ဖြုတ် အာဏာရှင်တွေ တောထုတ် တောထုတ်
.
မင်းသွေးသစ် Min Thawe Thit
ဗကသများအဖွဲ့ချုပ်
ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း