Pages

Sunday, January 25, 2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပြည်ထောင်စုနေ့ လာတက်ဖို့ ဖိတ်ကြား

union-day-305.jpg
၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်လာကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များကို သမ္မတ ဦးသိန်းစိန်နဲ့အတူ တွေ့ရစဉ်

Photo: Myanmar President office Website
မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လာမဲ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ နေပြည်တော် မှာ တွေ့ဆုံဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး သဘောတူညီချက် ရလာ နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ အပစ် အခတ်ရပ်စဲရေးကို လာမဲ့ မတ်လအတွင်းမှာ လက်မှတ်ရေးထိုးနိုင် လိမ့်မယ်လို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုအဖွဲ့ NCCT ခေါင်းဆောင် ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောပါတယ်။
လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုဖို့ သမ္မတ ဦးသိန်းစိန်က ကမ်းလှမ်းထားပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ထက် နိုင်ငံရေးအာမခံချက်တစ်ခုခုကို သဘောတူညီမှုရလိုကြောင်း ၊ ဒီသဘောတူညီချက်ကသာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အထောက်အပံ့ဖြစ်စေနိုင်ကြောင်းလည်း သူက ပြောပါတယ်။
ဗိုလ်မှုးကြီး ခွန်ဥက္ကာကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ။်