Pages

Wednesday, January 21, 2015

အစ္စရေး ဘတ်စ်ကား ပေါ်မှာ ၁၀ ဦးကျော် ဓားထိုးခံရ


၃ ယောက်ရဲ့ အခြေအနေ စိုးရိမ်ရဟု ဆို
21 ဇန်နဝါရီ 2015
အစ္စရေး နိုင်ငံ တဲလ်အဗစ် မြို့လယ်က ဘတ်စ်ကား တစ်စီး ပေါ်မှာ အနည်းဆုံး လူ ၁၀ ဦးကို ဓားနဲ့ ထိုးခဲ့တဲ့ ပါလက်စတိုင်း တစ်ယောက်ကို ပစ်ခတ် ဖမ်းဆီး လိုက်တယ်လို့ အစ္စရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်သူ ထွက်ပြေးဖို့ ကြိုးစားစဉ် ခြေထောက်ကို ပစ်ခတ် ဖမ်းဆီး ခဲ့ကြောင်း၊ ဒီကိစ္စကို အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် ကိုင်တွယ် ဆောင်ရွက်နေကြောင်း ရဲတွေက ပြောပါတယ်။

ဓားနဲ့ ထိုးခံရတဲ့ လူတွေအနက် ၃ ယောက်က အရေးပေါ် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ထပ်မံ တိုက်ခိုက်မှုတွေကို တားဆီးဖို့ အတွက် လုံခြုံရေးတွေ တင်းကျပ် ထားပြီး အခင်းဖြစ်တဲ့ နေရာကို ပိတ်ဆို့ ထားတယ်လို့ အစ္စရေး ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်
BBC