Pages

Sunday, January 11, 2015

ဒဏ်ရာရရှိသူများကို ကွပ်မျက်ရန် အမိန့်ပေးထားသည့် ISIS အဖွဲ့၏ စာရွက်စာတမ်း တွေ့ရှိ

 
ဘဂ္ဂဒက် ၊ ၁၁-၁-၂၀၁၅

စစ်မြေပြင အတွင်း ဒဏ်ရာရရှိ ခဲ့သည့် စစ်သွေးကြွ များကို ကွပ်မျက်ရန် ISIS စစ်သွေးကြွ အဖွဲ့က ၄င်းတို့၏ တပ်ဖွဲ့မှူး များကို အမိန့်ပေး ထားသည့် စာရွက်စာတမ်း တစ်စောင် ကို အီရတ် လုံခြုံရေး တပ်ဖွဲ့များက သိမ်းဆည်း ရမိခဲ့ကြောင်း ဇန်နဝါရီ ၉ ရက်တွင် IRNA သတင်းဌာန က ထုတ်ဖော် ပြောကြား ခဲ့သည်။

IRNA သတင်းဌာန၏ ပြောကြားချက် အရ ISIS စစ်သွေးကြွ အဖွဲ့သည် မိုဆူးလ်မြို့ အတွင်းရှိ ၄င်းတို့၏ ခံတပ်တွင် ဆေးဝါး ထောက်ပံ့ရေး ပစ္စည်းများ ပြတ်လပ်မှုကို ကြုံတွေ့ နေရခြင်းကြောင့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင် များကို ကွပ်မျက်ရန် တပ်ဖွဲ့မှူး များကို အမိန့်ပေး ထားခြင်းဖြစ်ပြီး အမိန့် မနာခံသည့် မည်သည့် တပ်မှူး ကိုမဆို ပြင်းပြင်းထန်ထန် အပြစ်ပေး ရန်လည်း အမိန့်ပေး ထားကြောင်း သိရသည်။

အဆိုပါ အမိန့်ပေး စာရွက်ကို ရရှိခဲ့ခြင်းသည် ISIS စစ်သွေးကြွ များ အနေဖြင့် အီရတ် တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုများ အောက်တွင် ဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင် နေရကြောင်းကို သက်သေပြ နေသည်ဟု သိရသည်။

#PyiChitThar