Pages

Friday, February 6, 2015

မိတ်တွင် ငရုတ်သီးစိမ်းရည်ဖြင့်ပက် ရွှေဆိုင်လု

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=14b5941fdffa822f&attid=0.5&disp=inline&realattid=file5&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1423214048621&sads=mAemVz8fGhPC9dywM7Ptat3356M
Dawei Watch| မြိတ်၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြို့နယ်စည်ပင်သာယာရေးပိုင် အောင်မင်္ဂလာဈေးအတွင်းရှိ တော်ဝင်သူရတနာရွှေဆိုင်တွင် အသက် လေးဆယ်ကျော်ခန့် အမျိုးသမီးတစ်ဦးက ဆိုင်ပိုင် မျက်နှာအား ငရုပ်သီးစိမ်းရည်များဖြင့် ပက်လောင်း၍ ရွှေထည်ပစ္စည်းများအား ၀င်ရောက်လုယက်ခဲ့ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်အချိန်တွင် အသက် လေးဆယ်ကျော်ခန့်အမျိုးသမီးတစ်ဦးသည် မော်တော်ဆိုင်ကယ်ဖြင့် အောင်မင်္ဂလာဈေးသို့ ရောက်ရှိလာပြီး တော်ဝင်သူ ရတနာရွှေဆိုင်တွင် ရွှေဝယ်မည်ဟုပြောဆိုကာ ဆိုင်အတွင်း ကြည့်ရှုရွေးချယ်ပြီးနောက် ကျသင့်ငွေများ၊ ဘောင်ချာနှင့် ရွှေထည်ပစ္စည်းများကို ရွှေကြုပ်အတွင်း ထည့်ခိုင်းစဉ် ရွှေဗူးကြုပ်အား ၄င်း၏ ဘေးလွယ်အိတ်အတွင်းသို့ထည့်ပြီးနောက် ကျသင့်ငွေများရှင်းပေးမည့်ဟန်ဖြင့် ရေသန့်ဘူးအတွင်း အသင့်ယူဆောင်လာသော အရည်ဖြင့် ဆိုင်ရှင်အမျိုးသမီး၏ မျက်နှာအား ပက်ပြီးနောက်
ဆိုင်ပိုင်ရှင် အမျိုးသားကိုလည်း ထပ်မံပက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် ရဲစခန်းမှတ်တမ်းအရသိရသည်။

 “ငရုပ်သီးစိမ်းတွေကို ထောင်းပြီး ဗူးတစ်လုံးတွင် အရည်ဖျော်ပြီး ထည့်လာတာဖြစ်မယ်။ ဒီကိုရောက်လာတော့ ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ မောင်နှမနှစ်ဦးကို ငရုပ်သီးစိမ်းပုလင်းအရည်နဲ့ မျက်နှာကို ပက်လောင်းပြီး မှန်ဗုံးထဲက ရွှေထည်များကို ၀င်လုတာ”ဟု တော်ဝင်သူရွှေဆိုင်၏ မိသားစုဝင်တစ်ဦးက ပြောပြသည်။

ဆိုင်ပိုင်ရှင်မောင်နှမနှစ်ဦး ငရုပ်သီးစိမ်းအရည်ကြောင့်  မျက်စီမျက်နှာပူလောင်နေခိုက် ယင်း အမျိုးသမီးက ထွက်ပြေးရန်ပြင်နေစဉ် အနီးနားရှိ လူများက၀ိုင်းဝန်ဖမ်းဆီးခဲ့ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

လုယက်သူ၏ လက်ဝယ်အတွင်း အလေးချိန် ၅ မူးသားခန့်ရှိ ငါးရိုးပုံ ၉၆၅  ရှမ်းရွှေကြိုး နှစ်ကုံး (တန်ဖိုး ၆၃၀၀၀၀ ကျပ်)၊ အလေးချိန် ၁ ကျပ်သားရှိ ငါးရိုးကြိုး ၉၆၅ ရှမ်းရွှေဆွဲကြိုး တစ်ကုံး (၆၃၀၀၀၀ ကျပ်)၊ အလေးချိန် တစ်မူးသားခန်ရှိ ၉၆၅ ရှမ်းရွှေကာလာလက်စွပ် တစ်ကွင်း (တန်ဖိုး ၉၀၀၀၀ ကျပ်)၊
အလေးချိန် တစ်မူးသားခန့်ရှိ ၉၆၅ ရှမ်းရွှေနားဆွဲကြိုးပုံတစ်ရံ (တန်ဖိုး ၉၀၀၀၀ ကျပ်) တို့သိမ်းဆည်းရမိခဲ့ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

အောင်မင်္ဂလာဈေးသည် အခြေခံလူတန်းစားအများစုနေထိုင်သည့် မြိတ်တောင်ကျေးရွာတွင် တည်ရှိပြီး  ရပ်ကွက်အများစုမှ ဒေသခံများအဓိက အမှီပြုနေသော ဈေးတစ်ခုဖြစ်သည်။

ထိုသို့ ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီးအား
(ပ)၆၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၂ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြိတ်မြို့နယ် ရဲစခန်းမှ သိရသည်။

Dawei Watch