Pages

Wednesday, March 11, 2015

ဖြို ခွဲဖမ်းဆီးခံ ကျောင်းသားသပိတ် ခေါင်းဆောင်ပိုင်းကို ယနေ့ ရုံးထုတ်မည်







သာယာဝတီထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား ခေါင်းဆောင်ပိုင်း တွေကို ဒီနေ့ ရုံးထုတ်ဖို့ ပြင်နေတယ်လို့ ထောင်ကိုရောက်နေတဲ့ မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေ၀င်းက ပြောပါတယ်။

မဖြိုးဖြိုးအောင်ကို ထောင်ဝင်စာတွေ့ဖို့ ခွင့်တောင်းရာမှာ အာဏာပိုင်တွေက ဒီနေ့ ရုံးထုတ်မှာမို့ ရုံးထုတ်မှပဲတွေ့ဖို့ အကြောင်းပြန်တယ်လို့လည်း ပြောပါတယ်။

သာယာဝတီထောင်မှာ ကျောင်းသားအပါအ၀င် လူ ၁၀၀ ကျော်ကို ထိန်းသိမ်းထားပြီး ဒီထဲ အမျိုးသမီး ၂၀ ပါဝင်တယ်လို့ သိရပါတယ်။

မတ်လ ၁၀ရက်က လက်ပံတန်းမြို့က ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲဖမ်းဆီးခဲ့ပြီးတဲ့နောက် ဖမ်းဆီးခဲ့တဲ့ ကျောင်းသားအားလုံးကို သာယာဝတီထောင်ကိုပို့ပြီး ချုပ်နှေင်ထားတာ ဖြစ်ပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)