Pages

Wednesday, March 4, 2015

ရွှေပြည်သာ ဆန္ဒပြအလုပ်သမားတွေကို ရဲတပ်ဖွဲ့နဲ့လူတစ်ချို့က ရိုက်နှက်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန်က လစာတိုးပေးဖို့ ရွှေပြည်သာကနေ ဆူးလေဘုရားအထိ လမ်းလျှောက်ဆန္ဒပြကြတဲ့ အလုပ်သမား တစ်ရာကျော်ကို ရဲတပ်ဖွဲ့ဝင်တွေက ဒညင်းကုန်း သံလမ်းဆုံအရောက် မနက် ၁၀ နာရီလောက်မှာ ပိတ်ဆိုတားဆီးခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနဲ့ ညှိနှိုင်းခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။

ညနေ ၅ နာရီကျော်လောက်မှာ အဲဒီအလုပ်သမားတစ်ရာကျော်ကို ရဲတပ်ဖွဲ့ဝင်နဲ့ ရပ်ကွက်အတွင်းက လူတချို့ပူးပေါင်းပြီး ရိုက်နှက်ဖမ်းဆီးပြီး ထရပ်ကားတွေနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်သူ အလုပ်သမားတွေက ပြောပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။


  ရွှေပြည်သာစက်ရုံ ၃ ရုံက အလုပ်သမ ၁၀၀ ကျော်လောက်ဟာ သူတို့တောင်းဆိုနေတဲ့ တစ်ရက်နေ့ကြေး ၅၅၀ ကျပ်တိုးပေးဖို့ကို အလုပ်ရှင်က မလိုက်လျောတာကြောင့် ဒီနေ့ ဆူးလေအထိ ချီတက်ဖို့လမ်းလျှောက်လာရာမှာ ဒညင်းကုန်းမှာ ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့မှုကို ခံလိုက်ရပါတယ်။

ညနေ ၅နာရီကျော်လောက်မှာ အဲဒီအလုပ်သမတွေကို ရဲတပ်ဖွဲ့နဲ့လူတစ်ချို့က ရိုက်နှက်ဖမ်းဆီးပြီး ကားတွေနဲ့ခေါ်ဆောင်သွားတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူ အလုပ်သမတွေက ပြောပါတယ်။





ရွှေပြည်သာ ဆန္ဒပြအလုပ်သမားတွေ တားဆီးခံရ
ရွှေပြည်သာစက်မှုဇုန်ရှိ Costec နဲ့ Ford Glory စက်ရုံနှစ်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာညှိနှိုင်းမှု မပြေလည်တာကြောင့် ဒီနေ့ ရွှေပြည်သာကနေ မြို့တော်ခန်းမကို လမ်းလျှောက်ချီတက်လာခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရွှေပြည်သာမြို့နယ် ဒညင်းကုန်းလမ်းဆုံမှာ တားဆီးပိတ်ဆို့ထားလိုက်ပါတယ်။ Photo: Aung Ko Ko/ RFA

RFA Burmese