Pages

Sunday, March 8, 2015

မော်လမြိုင် သပိတ်မှောက်ကျောင်းသားများ သွယ်ဝိုက် ဖိအားပေးခံရဟုဆို

 https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=14beeb8aa58479fb&attid=0.2&disp=inline&realattid=file2&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1425804964723&sadat=ANGjdJ_G6daML8JF2WttjjmsuP7lVwBpTnK_pSTi9lYRNNWkZp6rjXMos4xZjuI&sads=ogcGcCHA4ZuZscfKIDnw9a2Kgvo
ဓာတ်ပုံ - ယဉ်စနိုင်း/Dawei Watch
 
 မော်လမြိုင်၊ မတ် ၆
အမျိုးသား ပညာရေး ဥပဒေ သပိတ်မှောက်ပွဲတွင်ပါသည့် ကျောင်းသားများ၏
  နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ မကြာခဏ လာရောက် စစ်ဆေးမေးမြန်းမှုရှိသည်ဟု
  ကျောင်းသားများနှင့် ကျောင်းသား မိဘများက ပြောသည်။
မွန်ပြည်နယ် ကျောင်းသားသမဂ္ဂကို တာဝန်ယူထားသည့် ကျောင်းသားများ၏
  နေအိမ်များသို့ အဓိကထား မေးမြန်းပြီး ဖိအားပေးခံနေရသည်ဟု မွန်ပြည်နယ်
ေ ကျာင်းသားသမဂ္ဂတာဝန်ခံ ကိုဘုန်းမြတ်မိုးက ပြောသည်။
“အိမ်တွေမှာ လိုက်တာရှိသလို အပြင်ထွက်ရင်လည်း နောက်ကနေ အဝေးကနေ
လိုက်နေတာရှိတယ်၊ ပြီးတော့ ဆရာ ဆရာမတွေကိုလည်း ဖိအားပေးတာရှိတယ်”ဟု
  ကိုဘုန်းမြိတ်မိုးက ဆိုသည်။
အဆောင်နေ ကျောင်းသားသမဂ္ဂဝင်တွေကိုလည်း အဆောင်၌ နေခွင့်မပြုရန် ဆရာ၊
ဆရာမတို့အား ဖိအားပေး ပြောဆိုမှုများ လည်းရှိသည်ဟု ကျောင်းသားများက
ပြောသည်။
“တိုက်ရိုက် ပြောတာတော့ မရှိဘူး၊  ကျွန်တော်ရောက်တဲ့နေရာတိုင်း
ကျွန်တော်နေနေတဲ့ ပတ်ဝန်းကျင်တွေမှာ အဲလိုလုပ်တာ ရှိတယ်” ဟု မွန်ပြည်နယ်
  ကျောင်းသားသမဂ္ဂမှ သစ်ထူးအောင်က ပြောသည်။
  ကျောင်းသားများနေအိမ်သို့ သက်ဆိုင်ရာ နယ်မြေခံတာဝန်ရှိ ရဲများအပြင်
အထူးသတင်းတပ်ဖွဲ့ဝင်များနှင့် မြို့နယ် အထောက်အကူပြုကော်မတီတို့မှလည်း
လာရောက်မှုရှိခဲ့သည်ဟု ကျောင်းသားမိဘ ဦးမင်းမင်းနွယ်က ပြောသည်။
“လာတာက သပိတ်ကတည်းက အခုထိပဲ၊ ခဏခဏလာတယ်၊ မနေ့တနေ့ကတောင် ရောက်လာသေးတယ်၊
  ထွေထွေထူးထူး တော့ ဘာမှမပြောပါဘူး၊ ကလေးတွေ ဘယ်သွားလဲ၊ ဘာတွေလိုအပ်လဲ
သူတို့ဘက်က ဘာတွေ အကူအညီ ပေးဆောင်ရွက်ပေးရမလဲ အဲဒါတွေပါဘဲ” ဟု ၄င်းက
  ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ် ရဲတပ်ဖွဲ့သို့ သွားရောက်မေးမြန်းရာ
တာဝန်အရ ဆောင်ရွက်ခြင်းသာ ဖြစ်ပြီး ဖိအားပေးမှု မရှိဟု ယင်းရုံးမှ
ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သို့သော် မည်သည့်တာဝန်အရ ဆောင်ရွက်ရသည်ကိုမူ ဖြေကြားရန် ငြင်းဆန်သည်။
  ပြည်နယ်ရဲမှူးကို မေးမြန်းရန် ကြိုးစားသော်လည်း အစည်းအဝေးသွားသည်ဟု
  ပြောသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။
  ဖေဖော်ဝါရီ ၉ ရက်နေ့က မော်လမြိုင်မြို့၌ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်
လမ်းလျှောက်ပွဲကို ကြိုဆိုထောက်ခံ ခဲ့ကြသည့် မွန်အမျိုးသားပါတီနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ကိုလည်း ကျောင်းသားတို့နှင့်
ပူးပေါင်းပါဝင်မှုမပြုရန် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်မှ ခေါ်တွေ့ သတိပေးမှုလည်း
ရှိခဲ့သည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတို့မှ
ကျောင်းသားများဦးဆောင်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့က အမျိုးသားပညာရေးဥပဒေ
သပိတ်မှောက် လမ်းလျှောက်ပွဲကို မော်လမြိုင်မြို့၌ ကျင်းပခဲ့ရာ
ကျင်းပခဲ့ရာ ထောင်နှင့်ချီသည့် ပြည်သူလူထုတို့က ကြိုဆိုထောက်ခံခဲ့ကြသည်။

|Dawei Watch|