Pages

Thursday, March 12, 2015

ဖမ်းဆီးခံကျောင်းသားတွေရဲ့ မိဘများကို ဆက်သွယ်ခေါ်ယူ



လက်ရှိ သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းသားတချို့ရဲ့ တောင်ငူမှာရှိတဲ့ မိဘတွေကို ဒီမနက်လာရောက်ဖို့ အာဏာပိုင်တွေက အကြောင်းကြားလာကြောင်း သတင်းရရှိပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူများ ပညာဆက်သင်ကြားနိုင်ဖို့အတွက် မိဘများကို ခေါ်ယူပြီး စနစ်တကျပြန်အပ်နှံရေး ဆက်သွယ်အကြောင်းကြားနေကြောင်း မနေ့ညနေ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားပါတယ်။ လက်ပံတန်း တရားရုံးမှာတော့ မနေ့က နေ့လည်ပိုင်းကတခါ၊ ညနေ ၆နာရီခွဲနောက်ပိုင်းက တခါ အချုပ်ကားတွေ သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လုံခြုံရေးတင်းကျပ်စွာ ရုံးထုတ်ခဲ့ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) အပါအ၀င် ပုဒ်မ(၅)ခုနဲ့ တရားစွဲထားပါတယ်။ လက်ပံတန်းမြို့ရှိ ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ်ကို မတ်လ ၁၀ရက်နေ့က ရဲအင်အားသုံး ဖြိုခွင်းခဲ့ရာမှာ လူပေါင်း ၁၂၇ ယောက်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

DVB