Pages

Sunday, March 1, 2015

ဦးအေးသာအောင် ၂ဝ၁၅ ရွေးကောက်ပွဲ မှာ မြေပုံကနေ ယှဉ်ပြိုင်မည်

 aye-thar-aung-305
ရခိုင် ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်ဟာ ဇာတိ ရခိုင်ပြည်နယ် မြေပုံမြို့ ကနေ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုဖို့ ကိုယ်စားလှယ်လောင်းစာရင်းကို မနေ့က ရခိုင်အမျိုးသားပါတီပါတီထံ လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတွေက တောင်းဆိုတာကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် မှာလို့ ရခိုင် အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးအေးသာအောင်က ပြောပါတယ်။
"ကျနော့်ကို ဇာတိမြို့မြေပုံက အဖွဲ့ဝင်တွေက လာတောင်းဆိုတော့ ကျနော်လည်း သဘောတူ လိုက်တယ်၊ အဲ့ဒီအဖွဲ့ကပဲ သူတို့ဟာသူတို့ သဘော တူညီချက်နဲ့ လက်ခံထားတယ်"
အလားတူ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးဦးလှစောကလည်း လာမယ့်ရွေးကောက်ပွဲမှာ သူဇာတိ မြောက်ဦးမြို့ကနေ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
ဦးအေးသာအောင်ဟာ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးချယ်တင်မြောက်ခံခဲ့ရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ရခိုင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ မပူးပေါင်းခင်အထိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။
RFA