Pages

Friday, March 6, 2015

ထားဝယ်မြို့ရှိ ပန်းခြံများကို အဆင့်မြှင့်မည်


|Dawei Watch| ထားဝယ်၊ မတ် ၅
အများပြည်သူလွတ်လပ်စွာ အပန်းဖြေနိုင်ရေးအတွက် ထားဝယ်မြို့ရှိ
ပန်းခြံသုံးခုကို အဆင်မြှင့်မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်
စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ဗထူးပန်းခြံ၊ တိုင်းရင်းသားပန်းခြံနှင့် ဆိပ်ကမ်းသာ ပန်းခြံတို့ကို
အဆင့်မြှင့်မည်ဖြစ်သည်။
ပန်းခြံများအတွင်း ခုံတန်းများချထားပြီး လူသွားလမ်းများ စနစ်တကျ
ပြုလုပ်ကာ ပန်းပင်များ စိုက်ပျိုးမည်ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ
အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးက ပြောသည်။
“မြို့ရဲ့ အချက်အချာကျတဲ့ တိုင်းရင်းသားပန်းခြံကို အဓိက
ဦးစားပေးလုပ်နေတယ်” ဟု အထက်ပါ အမှုဆောင်အရာရှိက ဆိုသည်။
ယခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်လုပ်ဆောင်နေပြီး ပန်းခြံသန့်ရှင်းရေးနှင့်
ခုံတန်းတချို့ချပြီးနေပြီဟု ဦးအောင်ကျော်မျိုးထံမှ သိရသည်။
ပန်းခြံများကို အဆင့်မြှင့်တော့မည်ဖြစ်သည့်အတွ
က် ဆိပ်ကမ်းသာပန်းခြံအတွင်း
စားသောက်ဆိုင်တစ်ခုအား မြေနေရာ ငှားရမ်းထားသည်ကို လာမည့် ၂၀၁၅-၂၀၁၆
ဘဏ္ဍာရေးနှစ်မှ စ၍ ခွင့်ပြုတော့မည်မဟုတ်ဟု ၎င်းက ဆိုသည်။
ပန်းခြံသည် အရိပ်ကောင်းရန်  လျှောက်လမ်းများ  စနစ်တကျရှိရန် သန့်ရှင်းရန်
လိုအပ်ပြီး စနစ်တကျ အမှိုက်ပစ်ကြရန် အမှိုက်ပုံများ ထားပေးရန်လိုအပ်သည်ဟု
ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာမှ ကိုကျော်ဇင်လတ်က မှတ်ချက်ပြုသည်။
“ပန်းခြံတွေမှာ သန့်ရှင်းသန့်ရပ်မှု မရှိဘဲ ပန်းခြံနဲ့တောင် မတူလို့ အရင်က
သွားလေ့သွားထ မရှိဘူး”ဟု ကိုကျော်ဇင်လတ်က ဆိုသည်။
ယခင်က ပန်းခြံများအတွင်း ချထားသည့် ထိုင်ခုံများ ဖျက်ဆီးခံရဖူးသည့်တွက်
ခုံတန်းများ၊ ပန်းပင်များ ပျက်စီးမှုမရှိစေရန် ပြည်သူများမှလည်း
ပူးပေါင်းထိန်းသိမ်းပေးကြရန် မေတ္တာရပ်ခံလိုကြောင်း အမှုဆောင်အရာရှိ
ဦးအောင်ကျော်မျိုးက ပြောသည်။
ပန်းခြံများ အဆင့်မြှင့်တင်ပြီးပါ ၀င်ကြေးတစ်စုံတစ်ရာ ကောက်ခံမည်မဟုတ်ဟု
မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
Dawei Watch