Pages

Sunday, March 22, 2015

မြန်မာ့လူ.အဖွဲ.အစည်းမှာ အပြန်အလှန် ယဉ်ကျေးမှုတွေ၊ အသိတရားတွေ အားနည်းလာနေခြင်းများကို တွေ.မြင်ရလေသောအခါ...




မနေ.က (၂၁-၃-၂၀၁၅) မန်းလေမှာ ကျောင်းသားများသပိတ်စစ်ကြောင်းအား လက်ပံတန်းမြို.တွင် အကြမ်းဖက်ဖြို့ခွဲခံရမှု အတွက် တရားဝင်ခွင့်ပြုမိန်.နဲ.ကန်.ကွက်ရှံချပွဲပြုလုပ်ပြီး
ချီတက်နေစဉ်မှာ ရဲမေတွေ ရဲတွေစီလာတဲ့ကားဆန္ဒပြနေတဲနေရာမှာပျက်တော့ လမ်းပိတ်နေလို့ဆန္ဒပြသူတွေ ဘုန်းဘုန်းတွေ ပါမကျန်မနေနိုင်ကြပဲ ကားကို ကူညီ ၀ိုင်းတွန်းပေး
ကြလေရဲ.။

ဒါပေမယ့် အများပြည်သူတွေ သံဃာတော်တွေပါမကျန် ကားဝိုင်းကို ၀ိုင်းဝန်းကူညီတွန်းပေးနေချိန်မှာကားပျက်တဲ့ ကားပေါ်က ရဲမေတွေက ခန့်သားကြီး ကားပေါ်က
မဆင်းကြပဲ ဆက်လက်ထိုင်နေခြင်းကို မြင်ရတော့ မြန်မာ့လူ.အဖွဲ.အစည်းမှာ အပြန် အလှန် ယဉ်ကျေးမှုတွေ၊ အသိတရားတွေ အားနည်းလာနေခြင်းများလားဟု
  တွေးထင်မိပါလေသည်။

သတင်းဓါတ်ပုံ- April Maung Maung via အစုံသုတ် မီဒီယာ