Pages

Thursday, March 5, 2015

ပိတ်ဆို့ခံနေရသည့် ကျောင်းသားသပိတ်ကို တေးဂီတအဖွဲ့ ဖျော်ဖြေ (ဓာတ်ပုံ)

unnamed2

unnamed3

unnamed1

unnamed

အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ရင်းတွေရဲ့ ၃ ရက်ကြာ ပိတ်ဆို့ထားမှု ခံထားရတဲ့ ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားနဲ့ ကျောင်းသူတွေကို တောက်ပတဲ့ နှလုံးသား တေးဂီတအဖွဲ့က မတ် ၅ ရက် မနက် ၁၁ နာရီလောက်မှာ လာရောက် ဖျော်ဖြေခဲ့ပါတယ်။
လာရောက်ဖျော်ဖြေ ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ လက်ရှိ ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားတွေကို ထောက်ခံအားပေးတဲ့အတွက် ဖြစ်တယ်လို့ အဲဒီအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ သပိတ်စစ်ကြောင်းအနီး ပြည်သူလူထုတွေ မဝင်နိုင်အောင် ပေ ၅၀ အကျော် အကွာကနေ သံဆူးကြိုးအကာအရံတွေ၊ တုတ်တွေ၊ ဒိုင်းအကာတွေနဲ့ နေရာယူထားကြပါတယ်။
ဓာတ်ပုံ – လွင်မှိုင်း၊ ဉာဏ်ကြီး