Pages

Sunday, March 1, 2015

အမျိုးသမီးတစ်ဦး စိတ်ဖောက်ပြန်ကာ မိသားစုဝင်များကို ပုဆိန်ဖြင့်ခုတ်

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=14bc9ae2b9d01119&attid=0.2&disp=inline&realattid=1494195410477941801-local1&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1425193708107&sads=5kVr_oz--KIKLOZFRfQe539oNS0
 သတင်းဓာတ်ပုံ - မိုးအိ
|Dawei Watch| ကော့သောင်း၊ ဖေဖော်ဝါရီ ၂၆
အမျိုးသမီးတစ်ဦးက စိတ်ဖောက်ပြန်ပြီး မိသားစုဝင်များကို ပုဆိန်ဖြင့်
ခုတ်မှုတစ်ခု ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းတွင် ကော့သောင်းမြို့တွင်
  ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ ၀င်များထံမှ သိရသည်။

 ကော့သောင်းမြို့နယ် ၊ ပိတောက်ရွှေဝါရပ်ကွက် ၊ အောင်ဓမ္မရိပ်သာ
ဘုန်းကြီးကျောင်းတွင် ညအိပ်တည်းခိုနေသော မိသားစုဝင် ၄ဦးအနက်
အမျိုးသမီးတစ်ဦးသည် စိတ်ဖောက်ပြန်ကာ အိပ်ပျော်နေသည့် ကျန်မိသားစုဝင် ၃
ဦးကို ပုဆိန်ဖြင့် ခုတ်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ရခိုင်ပြည်နယ်မှ လာရောက်သူများဖြစ်ကြပြီး ညအိပ်တည်းခိုခွင့်ပြုရန် ခွင့်တောင်းသဖြင့် တည်းခိုခွင့်ပြုထားရာမှ ယင်းသို့အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အောင်ဓမ္မရိပ်သာ ကျောင်းတိုက်
  ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။
အခင်းဖြစ်ပွားချိန်တွင် အသက် ၇နှစ်ခန့်နှင့် ၁၈ နှစ်အရွယ်
သားနှစ်ဦးနှင့် အသက် ၃၀ ခန့်အရွယ် ခယ်မ ဖြစ်သူတို့၏ ခေါင်းနှင့်
မျက်နှာတို့ကို ပုဆိန်ဖြင့် လိုက်ခုတ်ခဲ့သည်ဟု ဆရာတော်က မိန့်သည်။
“သူ့ကိုယ်သူလည်း ပုဆိန်နဲ့ အချက်ပေါင်းများစွာ ခုတ်ခဲ့တယ်”ဟု ဆရာတော်က
မိန်ကြားသည်။
ညပိုင်းတွင် ကောင်းမွန်စွာ စကားပြောနေသည်ကို တွေ့ရပြီး
မိမိအပေါ့အပါးသွားနေချိန်တွင် အသံကြားသဖြင့် သွားကြည့်ရာ ပုဆိန်ဖြင့်
ခုတ်နေသည်ကို တွေ့ရသည်ဟု ဆရာတော်က ရှင်းပြသည်။
လက်ရှိတွင် ၎င်းတို့ကို ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင်
အတွင်းလူနာအဖြစ် ကုသနေရပြီး စိတ်ဖောက်ပြန်သူ မိခင်နှင့် သားငယ်မှာ
စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း ယင်းဆေးရုံ တာဝန်ကျ ဆရာဝန်များထံမှ
သိရသည်။
  ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရန် စိစစ်ဆောင်ရွက်နေသည်ဟု
  ကော့သောင်းမြို့နယ် ရဲစခန်းမှ သိရသည်။
Dawei Watch