Pages
▼
Saturday, March 7, 2015
အိန္ဒိယနိုင်ငံတွင် အကျဉ်းသားများက အဓမ္မပြုကျင့်သူကို သတ်ဖြတ်
နယူးဒေလီ မတ် ၆
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ နာဂပြည်နယ် အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားများက အဓမ္မမှုကျုးလွန်ခဲ့သည့် အကျဉ်းသားတစ်ဦး အား သတ်ဖြတ်ခဲ့ကြောင်း အရာရှိများကဆိုသည်။
အကျဉ်းသားများက အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် အစ္စလာမ်လူမျိုးစီးပွားရေးသမား တစ်ဦးကို အဝတ်အစားများချွတ်ကာ လမ်းမပေါ်သို့ တရွတ်တိုက်ဆွဲခေါ်ပြီး မသေမချင်းရိုက်သတ်ခဲ့သည်။
အဆိုပါအကျဉ်းထောင်ထဲတွင် အကျဉ်းသားများက လုံခြုံရေးအရာရှိများထက် တန်ခိုးထွားနေကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကဆိုသည်။
အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးအရာရှိများက အကျဉ်းသားများအားသေနတ်ဖြင့်ပစ်ခတ်ရာ တစ်ဦး သေဆုံးပြီး အကျဉ်းသားအများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါဖြစ်ရပ်ကြောင့် နယ်မြေအတွင်းတည်ငြိမ်မှု ရှိရန် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်ဟု ရဲအရာရှိ တစ်ဦးကပြောသည်။
နာဂပြည်နယ်တွင် ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်ကြသည်။
အိန္ဒိယနိုင်ငံတွင် အမျိုးသမီးအကြမ်းဖက်မှုဖြစ်စဉ် ၂၁ မိနစ်တွင် တစ်ကြိမ်ခန့် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ အက်စစ်ရည်ဖြင့်တိုက်ခိုက်ခြင်း၊အိမ်စေများအား အကြမ်းဖက်မှုနှင့် ဗလက္ကာရပြုမှုများမှာ အဖြစ်အများ ဆုံးပြစ်မှုများပင်ဖြစ်သည်။၂ဝ၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ အမျိုးသမီးအကြမ်းဖက်မှု ၃ဝ၉၅၄၆ မှုရှိခဲ့သည်။
ရိုက်တာ။
The Mirror Daily