Pages

Monday, April 27, 2015

တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှု အစိုးရနဲ့ ကေအိုင်အေ အရေးပေါ်တွေ့ဆုံ

 ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံး (Technical Advisory Team)ကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဇူလိုင်လ ၂၃ ရက်နေ့က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း နဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့က ဦးဆွမ်လွတ်ဂမ်တို့ တက်ရောက်ဖွင့်လှစ်ခဲ့စဉ်။ Photo: RFA
အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေအကြား ဖားကန်နဲ့ တနိုင်းဒေသတွေမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာ တာကြောင့် နှစ်ဘက်အရေးပေါ် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို မြစ်ကြီးနားမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေကို နှစ်ဘက်သွားရောက် ကြည့်ရှုစစ်ဆေးဖို့ သဘောတူညီလိုက်ကြပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ ပတ်သက်လို့ သဘောထားအမြင်တချို့ မတူညီ တာကြောင့် ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်သွားဖို့ ညှိနှိုင်းသဘောတူညီခဲ့ကြတာလို့ KIA ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် က ပြောပါတယ်။

KIA ထိန်းချုပ်နယ်မြေအတွင်း အစိုးရစစ်တပ်ဘက်က နယ်မြေချဲ့ထွင်လာတဲ့ကိစ္စနဲ့ မြေပြင်စစ်ဆေးမှုတွေ အပြီးမှာ အစိုးရတပ်ဖွဲ့တွေ ပြန်ဆုတ်ပေးရေးကိစ္စတွေ ကိုလည်း တင်ပြခဲ့တယ်လို့ ဗိုလ်မှူးကြီးဇော်တောင် က ပြောပါတယ်။

RFA Burmese