Pages

Wednesday, April 29, 2015

မြိတ်တွင် ကျောက်မိုင်းနံရံပြိုကျ အလုပ်သမားတစ်ဦး သေဆုံး

နံရံပြိုကျသည့် လုပ်ငန်းခွင်ဝန်းကျင်ရှိ အခြား ကျောက်မိုင်း
လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ဓာတ်ပုံ - ဇော်ဇော် / Dawei Watch

|Dawei Watch| မြိတ် ၊ ဧပြီ ၂၈
တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့နယ် စန္ဒ၀တ်ကျေးရွာအုပ်စု
ကျောက်ဖြူတောင်ကျေးရွာရှိ အမှတ် ၅ ကျောက်မိုင်းခွဲ လုပ်ငန်းခွင်တွင်
ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်က ကျောက်မိုင်းနံရံပြိုကျသဖြင့်
အလုပ်သမားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းလုပ်ငန်းခွင်
အလုပ်သမားများထံမှ သိရသည်။
ယင်းနေ့က လုပ်ငန်းခွင်တွင် ကျောက်သယ်ကားပေါ်သို့ ကျောက်များတင်နေစဉ်
အမြင့်ပေ ၁၀၀ ၀န်ကျင်ရှိ ကျောက်မိုင်း နံရံပြိုကျလာခြင်းဖြစ်ကြောင်း
သိရသည်။
ယင်းပြိုကျမှုကြောင့် ကျောက်တင် အလုပ်သမားများအနက် မောင်တင်ဆန်း
အသက်(၁၉)နှစ်သည် ထိခိုက်ဒဏ်ရာများကြောင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှ
ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တင်အလုပ်သမား မိသားစုများထံမှ သိရသည်။
ထိခိုက်ဒဏ်ရာရသူတွေကို လုပ်ငန်းရှင်သူဋ္ဌေးက ဆေးကုသ
စရိတ်ထောက်ပံ့ပေးထားသည်ဟု ဒဏ်ရာရ အလုပ်သမားတစ်ဦး၏ မိခင် ဒေါ်ထွန်းအေးက
ပြောသည်။
ယင်းဖြစ်စဉ်အား သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြော
င်း
မြိတ်မြို့နယ်ရဲစခန်းမှ သိရသည်။

Dawei Watch