Pages

Saturday, April 18, 2015

ရဟတ်ယာဉ်တစီး ထားဝယ်မြို့အနီး အရေးပေါ်ဆင်းသက်

 
တနင်္သာရီ ကမ်းလွန်ပင်လယ်ရှိ ရဲတံခွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းခွင်ကို သွားရောက်တဲ့ ရဟတ်ယာဉ်တစင်းဟာ ထားဝယ်မြို့အနီးမှာ အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။

ဧပြီ ၁၈ ရက် မနက်ပိုင်း လုပ်ငန်းခွင် သွားရောက်ရာမှာ ဟိုက်ဒရောလစ်ပိုက်ပေါက်တာကို သတိထားမိတဲ့အတွက် ပြန်လှည့်ရာကနေ  လောင်းလုံဘက်က ရွာတရွာမှာ အရေးပေါ် ဆင်းသက်လိုက်ရတာလို့ ထားဝယ်လေဆိပ် တာဝါတိုင် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရဟတ်ယာဉ်ကတော့ ကျနော်တို့ ထားဝယ် ပြန်ရောက်နေပြီ၊ ပြန်ကောင်းသွားပြီ။ ရဲတံခွန်စီမံကိန်းအတွက် ဟယ်လီ ယူနီယံ (Heli Union) ကနေပြီးတော့ ရဟတ်ယာဉ်တွေနဲ့ အသုံးပြုပြီး ကံပေါက်နဲ့ ရဲတံခွန်သွားနေတဲ့ ရဟတ်ယာဉ်တွေ” လို့ သူက ပြောပါတယ်။

အရေးပေါ် ဆင်းသက်ရတဲ့ အတွက် တစုံတရာ ထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။ ရဟတ်ယာဉ်ကို ပြင်သစ်နိုင်ငံသား ၂ ဦးက မောင်းနှင်လာတာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ဟာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ ကုမ္ပဏီတွေရဲ့ တူးဖော် ရှာဖွေရေးလုပ်ငန်းမှာ အလုပ်သမားတွေကို သယ်ယူပို့ဆောင်ရေး လုပ်ပေးနေတဲ့ ပြင်သစ် ဟယ်လီ ယူနီယံ ကုမ္ပဏီက ဖြစ်ပါတယ်။

 By ဒီဗွီဘီ