Pages

Tuesday, April 21, 2015

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း အမြင့်ဆုံးတောင်ကို တက်ရောက်ခဲ့

 
 ပြုံယမ်း ဧပြီ ၂ဝ

 မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မြောက်ကိုရီးယား နိုင်ငံရှိ အမြင့်ဆုံး တောင်ကို အောင်မြင်စွာ တက်ရောက်ခဲ့ ကြောင်း နိုင်ငံပိုင်မီဒီယာများ၌ ဖော်ပြခဲ့သည်။

မီဒီယာများက ဆီးနှင်းများ ထူထပ်နေသော တောင်ပေါ်တွင် မတ်တတ်ရပ် နေသော ကင်၏ ဓာတ်ပုံ များကို ဖော်ပြခဲ့ကြသည်။

ကင်ဂျုံ အန်းသည် ၂၇၅ဝ မြင့်သော မြောက် ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံး တောင်ထွတ်ပေါ်သို့ တိုက်လေယာဉ် မှူးများ၊ ပါတီတာဝန်ရှိသူများနှင့် အတူ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

ပိတုတောင်ထိပ်သို့ တက် ရောက်နိုင်ခြင်းသည် နျူကလီးယား လက်နက်ထက် စိတ်ပိုင်းဆိုင်ရာ အင်အားကို ကြီးမားစေနိုင်သည်ဟု ကင်ဂျုံအန်း၏ ပြောကြားချက်ကို ကိုးကားလျက် သတင်းစာများက ဖော်ပြသည်။

၎င်းတောင်ထွတ်သည် မီး တောင်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော နေရာ၌ တည်ရှိသည်။

(ဘီဘီစီ)
Myanmaalinn