Pages

Sunday, April 5, 2015

ဖေါက်ခွဲရေးသမားတွေ သတင်းကြောင့် ရှမ်းပြည်နယ်မှာ လုံခြုံရေးတိုးမြှင့်မည်



လာမယ့် သင်္ကြန်ကာလမှာ ရှမ်းပြည်နယ်မှာ ဖေါက်ခွဲရေးသမားတွေ ဝင်ရောက်လာနိုင်တယ်လို့ သတင်းရရှိ တာကြောင့် လုံခြုံရေးအင်အား တိုးမြှင့်ချထားမှာဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

တောင်ကြီးမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြား လိုက်တာပါ။

"ရှမ်းပြည်နယ်မှာ ကျနော်တို့ကတော့ အလုံးစုံ လုံခြုံရေးပိုင်းအနေနဲ့ကတော့ စိုးရိမ်နေရတာပေါ့နော် ၊ ဖေါက်ခွဲလို့ဖျက်ဆီးလိုက်မလား ကျန်တဲ့တခြားကိစ္စရပ်မျိုးများ ပေါ်လာမလားဖြစ်တဲ့အချိန်မှာ ဒီကာလသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့အပါအဝင် ဒီအစိုးရရဲ့ ကျော်ဖြတ်မယ့် သင်္ကြန်ကာလနောက် ဆုံးနှစ်လည်း ဖြစ်တဲ့အတွက် စည်စည်ကားကားလည်း ဖြစ်စေချင်ပါတယ်"

သင်္ကြန်ကာလအတွင်းမှာ အရင်နှစ်တွေထက် မှုခင်းအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး လုံခြုံရေး ကာလကို ၃ ဆင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တခုလုံးမှာ သင်္ကြန်မဏ္ဍပ် ၃၃ ခု ဆောက်လုပ်ခွင့်ရရှိထားကြောင်းလည်း သိရပါတယ်။

RFA Burmese