Pages

Friday, April 24, 2015

မဝယ်လ်သာနှင့် ပက်ကွိုင်ယိုတို့၏ လက်ဝှေ့ပွဲလက်မှတ် တစ်စောင်တန်ဖိုး ဒေါ်လာ ၁ဝဝဝဝ အထိ စံချိန်တင်မြင့်တက်


လက်စ်ဗီးဂက်စ် ၊ ၂၄-၄-၂၀၁၅

လက်ဝှေ့ လောကတွင် ထိုးသတ်ကြေး အမြင့်ဆုံး အဖြစ် စံချိန်တင်မည့် အမေရိကန် လက်ဝှေ့ကျော် ဖလွိုက် မေဝယ်လ်သာ နှင့် ဖိလစ်ပိုင်နိုင်ငံ မှ မန်နီပက်ကွိုင်ယို တို့၏ လက်ဝှေ့ပွဲ လက်မှတ်များ၏ ဈေးနှုန်းမှာ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့ပွဲစဉ်အား လာရောက် ကြည့်ရှုမည့် ပရိသတ်များ အနေဖြင့် ကြိုးဝိုင်း အနီးရှိ ထိုင်ခုံ တစ်ခုံအား ဒေါ်လာ ၁ဝဝဝဝ အထိ ပေးဝယ်၍ ကြည့်ရှုရမည် ဖြစ်ပြီး ယင်း လက်ဝှေ့အတွက် ပရိသတ် များအား ရောင်းချမည့် လက်မှတ် အရေအတွက် မှာလည်း စောင်ရေ ၅ဝဝ ခန့်မျှသာ ဝယ်ယူရရှိ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်မှတ် တစ်စောင်၏ ဈေးနှုန်းမှာ ဒေါ်လာ ၁၅ဝဝ အထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။

အမေရိကန် လက်ဝှေ့ကျော် မေဝယ်လ်သာ သည် ပြိုင်ပွဲပေါင်း ၄၇ ပွဲထိုးသတ် ထားရာတွင် ယခု အချိန်အထိ ရှုံးပွဲမရှိ စံချိန်တင် ထားနိုင်ပြီး ပြိုင်ဘက် လက်ဝှေ့ကျော် ၂၆ ဦးကို အလဲထိုးသတ် ထားကြောင်း သိရသည်။

အလားတူ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွိုင်ယို မှာ လက်ဝှေ့ ပွဲပေါင်း ၆၄ ပွဲ ထိုးသတ်ထားပြီး နိုင်ပွဲ ၅၇ ပွဲ၊ သရေနှစ်ပွဲနှင့် ငါးပွဲသာ ရှုံးနိမ့်ထားသော အတွေ့အကြုံ ရင့်ကျက်သည့် လက်ဝှေ့သမား တစ်ဦး ဖြစ်သောကြောင့် မေ ၂ ရက်တွင် ၄င်းတို့ နှစ်ဦး၏ ထိုးသတ်မည့် ပွဲကို တစ်ကမ္ဘာလုံးမှ ပရိသတ် များက စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

PyiChitThar