Pages

Friday, April 10, 2015

တနင်္သာရီတွင် ရှေးဟောင်း လက်ဝတ်ရတနာများ တူးဖော်ရရှိ


 ဓာတ်ပုံ - သန်းစိုးဝင်း
မြိတ်၊ ဧပြီ ၉
မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်က
မြို့ဦး ပရိယတ္တိကျောင်းတွင် ရှေးဟောင်း လက်ဝတ် ရတနာများကို တူးဖော်
ရရှိခဲ့သည်ဟု ယင်းမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ
သိရသည်။
ယင်းလက်ဝတ်ရတနာများကို ဆွမ်းစားဓမ္မာရုံ ဘုရားခန်း အောက်ဘက်ရှိ အဆောက်အဦး
ဆောက်လုပ်ရန် မြေတူးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဦးသန်းစိုးဝင်းက
ပြောသည်။
မြေအိုးထဲတွင် ငွေထည် များဖြစ်ကြသည့် ငွေစလွယ်၊ လက်ပတ်၊ ခြေချင်း စသည့်
လက်ဝတ်ရတနာ အမျိုးအစား ၄၀ ကျော်နှင့် ဆံထိုး၊ လက်စွပ်၊ နားကပ်စသည့်
ရွှေထည် ပစ္စည်း ၂၄ မျိုးတို့ကို ရှိသည်ဟု သိရသည်။
“ရွှေထည်ပစ္စည်းတွေရဲ့ အလေးချိန်က ၉ ကျပ်သား နီးပါးလောက် ရှိပါတယ်”ဟု
ဦးသန်းစိုးဝင်းက ပြောသည်။
အဆိုပါ ရှေးဟောင်း လက်ဝတ် ရတနာများကို မြို့နယ် သံဃနာယက ဥက္ကဋ္ဌ၊
မြို့ဦးကျောင်း ဆရာတော် ဦးဇောတိက ထံတွင် ထိန်းသိမ်း
ရှောက်စောင့်ထားကြောင်း သိရသည်။
တနင်္သာရီမြို့နယ်သည် ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး
ရှေးဟောင်းအသုံးအဆောင် လက်ဝတ်ရတနာ ဘုရားပုထိုးများ တို့ကို မကြာမကြာ
တွေ့ရှိရသည်ဟု မြို့ခံတစ်ချို့ထံမှ သိရသည်။

|Dawei Watch|