Pages

Tuesday, April 28, 2015

ဆော်ဒီ ဦးဆောင်သည့် လေကြောင်းထိုးစစ် သူပုန်အဖွဲ့ စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်

A man rides a motorcycle past a headquarters of the Houthi group, which was destroyed after an air strike by a Saudi-led coalition, in Yemen's northwestern city of Saada

ယီမင်နိုင်ငံ မြို့တော် ဆာနာမှာ ဆော်ဒီ ခေါင်းဆောင်တဲ့ လေကြောင်း ထိုးစစ်ဟာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ရှီးယားမွတ်စလင်ဟူသီ လက်နက်ကိုင်တွေနဲ့ သူပုန်အဖွဲ့တွေရဲ့ စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။
မြို့ခံတွေရဲ့ အဆိုအရ စစ်လေယာဉ်တွေဟာ ဧပြီ ၂၇ ရက်နေ့နဲ့ ၂၈ ရက် ဒီနေ့ မနက်ပိုင်းအထိ ပျံဝဲနေတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွေဟာ ဧပြီ ၂၆ ရက်နေ့က ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။
ဒီမတိုင်ခင်ကတော့ ဟူသီလက်နက်ကိုင်တွေက ရှေ့ဆက်မတက်ရင် ဆော်ဒီကလည်း တိုက်ခိုက်မှုတွေကို ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။
ဆော်ဒီ ခေါင်းဆောင်တဲ့ လေကြောင်းထိုးစစ်ဟာ ၅ ပတ်ထဲမှာ ရှိလာပြီး ဧပြီ ၂၇ ရက်နေ့မှာ  ဆာနာမြို့တော်ရှိ သမ္မတအိမ်တော်အ၀ါအ၀င် မြို့တွင်း နေရာအတော်များများမှာ ဗုံးဆံ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
တချိန်တည်းမှာ  နိုင်ငံ အလယ်ပိုင်းက မဟာဗျူဟာကျတဲ့ တိုင်ဇ် မြို့မှာလည်း မြေပြင် တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
အသေအပျောက်စာရင်းတော့ လောလောဆယ် မသိရသေးပါဘူး။
မတ်လ ၂၆ ရက်နေ့မှာ လေကြောင်းထိုးစစ် စတင်ခဲ့တဲ့အချိန်ကနေ အခုအထိ ၅၅၁ ယောက် သေဆုံးခဲ့ပြီး၊ ပဋိပက္ခ စတင်ခဲ့တဲ့ အချိန်ကစရင် ၁၀၀၀ ကျော် သေဆုံးခဲ့ပြီလို့ ကုလသမဂ္ဂက ဆိုပါတယ်။
ဒီလို သေဆုံးသူတွေထဲမှာ ၁၁၅ ယောက် ကလေးငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ယူနီဆက်ဖ်အဖွဲ့က ပြောပါတယ်။

DVB