Pages

Thursday, April 30, 2015

ဘရာဇီး ဆရာ၊ ဆရာမများနှင့်ရဲ ပဋိပက္ခ ၂၀၀ ကျော် ဒဏ်ရာရ

2015-04-29T232931Z_1_LYNXMPEB3S12M_RTROPTP_4_BRAZIL-STRIKE-CLASHES
ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ပြည်နယ်အစိုးရရဲ့ အငြိမ်းစားလစာပြင်ဆင်ချက်ကို မကျေနပ်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ရဲတွေ ဧပြီ ၂၉ ရက်နေ့က ပဋိပက္ခဖြစ်ပွားပြီး လူ ၂၀၀ ကျော် ဒဏ်ရာရတယ်လို့ သတင်းတွေက ဆိုပါတယ်။
ပရာနာ ပြည်နယ် (Paraná) မြို့တော် Curitiba မှာ ဒီအငြိမ်းစားလစာပြင်ဆင်ချက်ကို မကျေနပ်လို့ ဧပြီ ၂၅ ရက်နေ့ကစပြီး ဆရာ၊ ဆရာမတွေ ဆန္ဒပြနေကြတာပါ။
ကျောင်းသားတွေပါ ဆရာဆရာမတွေရဲ့ ဆန္ဒပြပွဲမှာ ပူးပေါင်းခဲ့ကြပြီး အင်အား ၂ သောင်းကျော်တယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ဆိုပါတယ်။
ဆန္ဒပြသူတွေဟာ လုံခြုံရေးအတားအဆီးကို ဖြတ်ကျော်လို့ ရာဘာကျည်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲပစ်ခတ်ခဲ့ရတယ်လို့ ရဲတွေက ပြောဆိုပါတယ်။ ဒဏ်ရာရသူ ၂၀၀ ကျော်ထဲမှာ ၈ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့လည်း ဆိုပါတယ်။
ပြည်နယ်ပါလီမန်အနားမှာ ပင်စင်လစာ ပြင်ဆင်ချက်အတည်မဖြစ်ဖို့ ဆရာ၊ ဆရာမတွေ ဆန္ဒပြတောင်းဆိုနေပေမယ့် ပါလီမန်က မဲခွဲဆုံးဖြတ်မယ်လို့ သိရပါတယ်။
DVB