Pages

Sunday, April 26, 2015

ဝေဖာနှင့်ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုးစားသုံးရန်မသင့်ကြေညာ

 ဓာတ်ပုံ - Ko Ko Maung
စာသင်ကျောင်း မုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ ဝေဖာ၊ ကပ်စေးနှဲနဲ့ တုတ်ထိုးချိုချဉ်တွေ အပါအ၀င် အစားအစာ ၂၁ မျိုးကို သုံးစွဲခွင့်မပြုတဲ့ ဆိုးဆေးတွေပါဝင်နေတာ စစ်ဆေးတွေ့ရှိရတဲ့အတွက် အများပြည်သူ စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဌာနက ကြေညာပါတယ်။

ကြေညာထားတဲ့ အမျိုးအစားတွေထဲမှာ အမှတ်တံဆိပ်မပါ ရေခဲမုန့်ခွက်ဝေဖာ (ပန်းရောင်)၊ တုတ်ထိုးချိုချဉ် (အနီ၊ အစိမ်း၊အ၀ါရောင်နဲ့အ၀ိုင်း)၊ ရွှေသဇင် ချိုချဉ်ချောင်း၊ Angry Bird ရုပ်ပုံပါ ကြံပြားကပ်စေးနှဲ၊ Pinky ပင်ကီတံဆိပ် စတော်ဘယ်ရီနို့ဝေဖာ၊ ရွှေနဂါး ငရုတ်ဆီထုပ်နဲ့ ငရုတ်ဆီ (ပလတ်စတစ်ဘူး)၊ သားသားလေး ငရုတ်ဆီ၊ ကိုးသုံးလုံး ဂျုံခါက်ဆွဲ၊ ကောင်းကောင်း ဂျုံခေါက်ဆွဲ၊ ဟင်္ဟာမင်း လက်ဖက်၊ တုံတုံ ငါးပိထောင်းဘူး၊နဲ့ အရောင်တင်မှုန့် အမျိုး အစားတွေဖြစ်တဲ့ ရွှေမိုး၊ ဘုရင်၊ နွယ်၊ ဘုတ်ဘုတ်၊ မွှေးမွှေးလေးနဲ့ ရွှေယုန်မင်း တို့ပါဝင်ပါတယ်။

ဈေးကွက်တွေနဲ့ ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ အစားအစားတွေကို ဝယ်ယူစစ်ဆေးရာ Rhodamine B, Orange II , Sudan III , Auramine O နဲ့ Borax စတဲ့ ခွင့်မပြုဆိုးဆေးတွေပါဝင်နေတာတွေ့ရပြီး စားသုံးရန် မသင့်တဲ့ အစားအသောက်တွေအဖြစ် အသိပေးကြေညာတာလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူတွေအနေနဲ့ သုံးစွဲခွင့်မပြုတဲ့ ဓာတုဆိုးဆေး တွေကို လုံးဝ အသုံးမပြုကြ ဖို့နဲ့ မလိုက်နာရင် ဥပဒေအရ တရားစွဲဆို အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

 By ဒီဗွီဘီ