Pages

Friday, April 24, 2015

လွှတ်တော်နာယက သူရဦးရွှေမန်း တရုတ်နှင့်အမေရိကန် သွားမည်


Thura U Shwe Mann
ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို မကြာခင် တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဘယ်နေ့ဘယ်ရက်မှာသွားရောက်မယ်ဆိုတာနဲ့ ခရီးစဉ်အသေးစိတ် အကြောင်းအရာတွေကို တော့သတင်းမှာ ဖော်ပြခြင်း မရှိပါဘူး။
ပြည်သူ့လွှတ်တော်ရုံးက အရာရှိတဦးကတော့ သူရဦးရွှေမန်းဟာ ဧပြီလ ၂၅ ရက်နေ့ တရုတ် နိုင်ငံကို အရင်သွားရောက်မှာဖြစ်တဲ့ အကြောင်းနဲ့ တရုတ်ခရီးစဉ်အပြီးမှာ အမေရိကန်ခရီးစဉ် သွားရောက်မှာဖြစ်တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။
ဒီခရီးစဉ်မတိုင်ခင် သူရဦးရွှေမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်းဟိုလန်နဲ့ ဧပြီလ ၂၃ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ အင်းယား လမ်းရှိ လွှတ်တော်ရုံးခွဲမှာ တွေ့ဆုံခဲ့ပါတယ်။

By ဒီဗွီဘီ