Pages

Thursday, April 9, 2015

ဓားစာခံ ၂၀၀ ကျော်ကို အိုင်အက်စ် စစ်သွေးကြွများ ပြန်လွှတ်

 An officer from the Kurdish forces carries an elderly woman from the minority Yazidi sect on the outskirts of KirkukA member of the Kurdish Peshmerga forces helps people from the minority Yazidi sect on the outskirts of Kirkukis
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေက အီရတ်မြောက်ပိုင်းမှာ ဓားစာခံ ဖမ်းထားတဲ့ ယာဇီဒီ တိုင်းရင်းသား အယောက် ၂၀၀ ကျော်ကို ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ ရိုက်တာစ်သတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။
ပြန်လွှတ်ပေးတဲ့ လူတွေအားလုံးက အိုမင်းမစွမ်းတွေ ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ၂ ယောက်လည်း ပါပါတယ်။
လွှတ်ပေးခံရတဲ့ထဲပါသူ ယာဇီဒီတိုင်းရင်းသား ရာနာဟာစန်ကတော့ ယာဇီဒီတွေကို လူမျိုးတုံး သတ်ဖြတ်မှု ထပ်မဖြစ်အောင် ကာကွယ်ဖို့ ဒေသကို ကာကွယ်ပေးဖို့ ကမ္ဘာကြီး ဗဟိုအစိုးရနဲ့ ကာဒစ်စတန်အစိုးရတို့ကို တောင်းဆိုတယ်လို့ ပြောပါတယ်။
ကျန်ခဲ့တဲ့ နွေရာသီက အီရတ်အနောက်မြောက်ပိုင်းက ယာဇီဒီတွေကို တိုက်ခဲ့ပြီး ထောင်နဲ့ ချီတဲ့ တိုင်းရင်းသားတွေကို ဖမ်းဆီး သတ်ဖြတ် ကျွန်ပြုခဲ့ပါတယ်။
ကာဒစ်စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထွက်ပြေးနိုင်တဲ့လူတွေကတော့ အိုင်အက်စ်တွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့တဲ့ ဆွန်နီမွတ်စလင်တွေနဲ့ တခြားဂိုဏ်းဝင်၊ တခြားဘာသာဝင်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့အတူ စခန်းတွေထဲမှာ နေရပါတယ်။
အရင်လကတော့ အီရတ်အနောက်မြောက်ပိုင်းက အိုင်အက်စ်စစ်သွေးကြွတွေကို ကာဒစ်ရှ် ပဲ့ရှ်မာဂါ တပ်တွေက မောင်းထုတ်နိုင်ခဲ့ပါတယ်။
ယာဇီဒီ တိုင်းရင်းသားတွေ ထောင်နဲ့ ချီပြီး ပိတ်မိနေတဲ့ စင်ဂျာတောင်ကိုလည်း ပြန်သိမ်း နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယာဇီဒီရွာတွေ အများအပြားကတော့ အိုင်အက်စ်တွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေဆဲပါ။
ယာဇီဒီတွေဟာ ရှေးဟောင်း အရှေ့အလယ်ပိုင်း ဘာသာတရားအတော်များများထဲက အရာတွေကို စုပေါင်းယုံကြည်ကြပါတယ်။