Pages
▼
Wednesday, April 15, 2015
သြစီစစ်သား ၃၀၀ ကို အီရတ်ဆီ ထပ်ပို့
အီရတ်နိုင်ငံမှာ လှုပ်ရှားနေတဲ့ IS အစ္စလာမ်မစ် အဖွဲ့ကို နှိမ်နင်းဖို့ သြစတြေးလျက စစ်သား အယောက် ၃၀၀ ကို ထပ်မံ စေလွှတ်မှာ ဖြစ်ပါတယ်။
စစ်သား အယောက် ၃၀၀ ကို စေလွှတ်ဖို့ ဝန်ကြီးအဖွဲ့က ခွင့်ပြုတဲ့အတွက် အခုဆိုရင် အယောက် ၆၀ လောက် အီရတ်နိုင်ငံကို စတင် ထွက်ခွာနေကြပြီ ဖြစ်ပါတယ်။ သြစတြေးလျစစ်သားတွေက အီရတ် စစ်သားတွေကို စစ်သင်တန်းတွေ ပေးမှာ ဖြစ်ပါတယ်။
စစ်သင်တန်းပေးရုံသာ ဖြစ်ပြီး စစ်တိုက်ရေးမှာ ပါဝင်မှာ မဟုတ်ဘူးလို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး Kevin Andrews က ပြောပါတယ်။
စစ်သားတွေက Taji စစ်စခန်းမှာပဲ အခြေချပြီး Taji စခန်း အပြင်ကို ထွက်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့တာပါ။
သြစတြေးလျ စစ်သား အယောက် ၃၀၀ အပြင် နယူးဇီလန် စစ်သား အယောက် ၁၀၀ ကျော်လည်း ပူးပေါင်းပြီး အီရတ်ကို စစ်သင်တန်းပေးမှာ ဖြစ်ပါတယ်။
အခုလောလောဆယ် သြစတြေးလျစစ်သား အယောက် ၆၀၀ လောက် အီရတ်နိုင်ငံမှာ ရှိနေပြီး IS အဖွဲ့ကို တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ABC Radio Australia