Pages

Sunday, April 26, 2015

ဟဲဗီးဝိတ် သရဖူကို ကာကွယ်နိုင်သည့် ကလစ်ခ်ျကို

 Reigning heavyweight champion Wladimir Klitschko of Ukraine and U.S. boxer Bryant Jennings face each other during an official weigh-in ahead of their fight in New York
ဧပြီ ၂၅ ရက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ စိန်ခေါ်ပွဲမှာ ယူကရိန်းသား ကလစ်ခ်ျကိုက  အမေရိကန်က ဘရိုင်ယန် ဂျန်နင်းစ်ကို အနိုင်ယူပြီး ချန်ပီယံ သရဖူကို ကာကွယ်နိုင်ခဲ့ပါတယ်။
အသက် ၃၉  နှစ် ကလစ်ခ်ျကိုဟာ အကဲဖြတ် ဒိုင် ၃ ယောက်စလုံးက ပေးတဲ့ အမှတ်အသာနဲ့ အနိုင်ရခဲ့တာပါ။

ပထမပိုင်း အချီတွေမှာ ဂျန်နင်းစ်က ခံစစ်နဲ့ ထိုးသတ်ခဲ့ရပြီး ၉  ချီမြောက်မှာ တိုက်စစ်ဆင် ထိုးသတ်ခဲ့လို့ ကလစ်ခ်ျကိုရဲ့ ဘယ်ဖက်မျက်လုံးအောက်မှာ စုတ်ပြဲတဲ့ ဒဏ်ရာရခဲ့ပါတယ်။
ယူကရိန်သားက ကလစ်ခ်ျကို ဘယ်ညာဝိုက်လက်သီး တွဲလုံးတွေ အသုံးပြု ယှဉ်ပြိုင်သွားတာပါ။
ပွဲအပြီးမှာတော့ ချန်ပီယံ ကလစ်ခ်ျကိုက “သူ အားသန်တဲ့ ညာလက်သီး ထိုးချက်တွေကို အခွင့်အရေး မရအောင် ဂျန်နင်းစ်က ယှဉ်ပြိုင်သွားခဲ့တယ်“လို့ ပြောဆိုသွားပါတယ်။
ဒီပွဲမှာ ဂျန်နင်းစ်ရဲ့  ထိုးချက်တော်တော်များများဟာ ပြိုင်ဖက်ရဲ့ ခေါင်းကို မထိဘဲ ကိုယ်ခန္ဓာကို ထိချက်များခဲ့ ပါတယ်။
ကလစ်ခ်ျကိုဟာ ဟဲဗီးဝိတ် ချန်ပီယံဆုကို ၁၈ ကြိမ်မြောက်အဖြစ် ကာကွယ်နိုင်ခဲ့ပါတယ်။
DVB