Pages

Sunday, April 26, 2015

ရွှေစင်စင်္ကြာယာဉ်လိုင်းကို အစိုးရရုပ်သံ ဥပဒေကြောင်းအရတုံ့ပြန်မည်




အဝေးပြေး ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်လိုင်းက အလဲဗင်းနေ့စဉ် (Eleven Daily) သတင်းစာမှာ ဖော်ပြခဲ့တဲ့ အသိပေးစာဟာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းဌာနရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေ တာကြောင့် ရွှေစင်စင်္ကြာယာဉ်လိုင်းကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ MRTV မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းဌာနက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
MRTV က အဲ့ဒီသတင်းကို ဖော်ပြခဲ့တာမရှိဘူးလို့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင် က ပြောပါတယ်။
"ရွှေစင်စင်္ကြာနဲ့ ရွှေစင်္ကြာဆိုပြီးတော့ မှားကြတယ် သိကြတယ်ဆိုတဲ့ကိစ္စက ကျနော်တို့သိပါတယ်၊ ဒါပေမဲ့ MNTV  နဲ့ ရွှေစင်စင်္ကြာလိုင်းနဲ့ ဖြစ်ကြတာပေါ့နော်၊ အဲ့ဒါလေးကို သူတို့ဘက်က MRTV ရဲ့ ချန်နယ်မှာ ထုတ်လွှင့်တယ်ဆိုပြီး ဖော်ပြလာတာပေါ့၊ ဦးတို့အနေနဲ့ ထုတ်လွှင့်ဖော်ပြခဲ့ခြင်မရှိခဲ့တာတော့ ဂုဏ်သိက္ခာအရ ထိခိုက်စရာပြောလာတဲ့အတွက်ကြောင့် တရားဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက် သွားပါမယ်ဆိုတဲ့အကြောင်းပဲ ဖော်ပြထားပါတယ်"
ရွှေစင်စင်္ကြာယာဉ်လိုင်းရဲ့ အသိပေးစာမှာ ဖော်ပြခဲ့တာက နေပြည်တော်အမြန်လမ်းမှာဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှု ဟာ ရွှေစင်စင်္ကြာယာဉ်လိုင်းဆိုပြီး Skynet ၊ MRTV ၊ MRTV 4၊ 4 Digital တို့က မှားယွင်းဖော်ပြခဲ့တာကြောင့်ဆိုပြီး ၂ လအတွင်း လျော်ကြေးငွေပေးဖို့ နဲ့ ပျက်ကွက်ခဲ့ရင် တရားစွဲတောင်းခံသွားမယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော်အမြန်လမ်းမှာ ရွှေစင်္ကြာနဲ့ မန်းရာဇာ အဝေးပြေးကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။
ဒါ့အပြင် ရွှေစင်စင်္ကြာအဝေးပြေးယာဉ်လိုင်းက အဲ့ဒီသတင်းမှားယွင်းဖော်ပြခဲ့တယ်ဆိုပြီး Sky Net လက်အောက်ခံ ဒီမိုကရေစီတူဒေး နေ့စဉ်သတင်းစာက လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၆ဝဝဝ ပေးဖို့နဲ့ MNTV ရုပ်သံသတင်းဌာန က ကျပ်သိန်းပေါင်း ၁ သောင်းပေးဖို့ တောင်းဆိုထားပါတယ်။
RFA