Pages
▼
Monday, April 20, 2015
တာချီလိတ်၌ လေပြင်းတိုက်၍ သက်တမ်းနှစ် ၁၀၀ ကျော်ရှိ ညောင်ပင်ကြီးလဲကျကာ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ
တာချီလိတ် ဧပြီ ၁၉
ဧပြီ ၁၉ ရက် ညနေ ၃ နာရီခန့် က လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာ အတွင်းရှိ သက်တမ်းနှစ် ၁ဝဝ ကျော်ရှိ ညောင်ပင်ကြီးလဲကျခဲ့ကာ လူတစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန် စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဝှေလေလန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့ရှိ သက် တမ်းနှစ် ၁ဝဝ ကျော်ရှိ ညောင်ပင် ကြီးသည် လေပြင်းတိုက်ခတ်မှုဒဏ် ကြောင့် အနီးရှိ ဦးအိုက်တွီ၏ ဆိုင်ကယ်ပြင်ဆိုင်ပေါ်သို့ လဲကျခဲ့ရာ ဆိုင်အတွင်း ဆိုင်ကယ်လာရောက် ပြုပြင်နေကြသူ ခုနစ်ဦးအနက် အိုက်လတ်၊ အိုက်ဖစ်၊ အိုက်ဆွန်ဖွန်း၊ အိုက်ကျော်သဲတို့လေးဦးမှာ ပြင်းထန် စွာ ဒဏ်ရာရရှိခဲ့ကြပြီး အိုက်ကျိုင်းလုံ၊ အိုက်ဥခမ်း၊ အိုက်ကျန်ကျောက် တို့မှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြ သည်။
အခင်းဖြစ်ပွားရာသို့ တာချီိလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီး အရာရှိ ဦးအောင်ကျော်နိုင်နှင့်တာဝန် ရှိသူများ၊ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များက ကယ်ဆယ်ရေးနှင့် ရှင်းလင်း ရေး လုပ်ငန်းများအား အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြပြီး ဒဏ်ရာရရှိသူများအနက် အိုက်လတ် (၁၆နှစ်) မှာတာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ဆေးကုသရန်ပို့ဆောင် စဉ် ရရှိဒဏ်ရာများကြောင့် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ေ လေပြင်း တိုက်ခတ်မှုကြောင့် ဝှေလေလန်ကျေးရွာ အတွင်းရှိ နေအိမ်အလုံး ၂ဝ ခန့် အမိုးလန် ခြင်း၊ ခြံစည်းရိုးများ ပြိုပျက်ခြင်း ဖြစ်ပွားခဲ့ကာ မော်တော်ကား တစ်စီး၊ မော်တော်ဆိုင်ကယ်လေးစီး ပျက်စီးခဲ့ရပြီး လေပြင်းတိုက်ခတ်မှု ဒဏ်ကြောင့် တာချီလိတ်မြို့နှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ တို့တွင်လည်း ဈေးဆိုင်များနှင့် လျှပ်စစ်ဓာတ်တိုင်အချို့ ပြိုလဲခဲ့ကာ လျှပ်စစ်မီး ခေတ္တပြတ်တောက် ခဲ့ကြောင်း သိရသည်။
မောင်ယဉ်ကျေး
Myanmaalinn