Pages

Tuesday, April 28, 2015

ဘာစီလိုနာအသင်းတွင် ဘယ်ဂျီယံလက်ရွေးစင် ဗာမယ်လန် ကစားခွင့်ရလိမ့်မည်ဟု နည်းပြ ပြော

Thomas Vermaelen

ဘယ်ဂျီယံလက်ရွေးစင် နောက်တန်းသမား သောမတ်စ် ဗာမယ်လန်အနေနဲ့ ဘာစီလိုနာအသင်းမှာ ကစားခွင့်နေရာ တနေရာ ရလာလိမ့်မယ်လို့ နည်းပြ လူးဝစ် ဟင်နရီကေးက ပြောပါတယ်။
Thomas Vermaelen2
လောလောဆယ်မှာ ဘယ်ဂျီယံလက်ရွေးစင် ဗာမယ်လန်ဟာ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တံကောက်ကြော ဒဏ်ရာရပြီး ကာလကြာရှည် နားနေရပါတယ်။
ဘာစီလိုနာက အသက် ၂၉  နှစ်အရွယ် နောက်တန်းလူ ဗာမယ်လန်ကို အာဆင်နယ်ကနေ ခေါ်ယူထားတာပါ။
နည်းပြ ဟင်နရီကေးကတော့ “သူက အသင်းရဲ့ အစိတ်အပိုင်းအနေနဲ့ ပါပြီးသားပါ။ သူ့အနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝဖို့တော့ လိုနေပြီး တခြား ကစားသမားတွေလိုပဲ အခွင့်အရေး ရှိနေပါတယ်”လို့  ပြောပါတယ်။
သူဟာ ဘာကာ နောက်တန်းမှာ  ပုံမှန် ကစားခွင့် ရဖို့အတွက် ဘာတရာ၊ မက်သယူးတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘာစီလိုနာအသင်းဟာ လောလောဆယ် ဖလား ၃ လုံး ရနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
DVB