Pages

Sunday, April 19, 2015

၁၀၀ ကျပ်တန် ငွေစက္ကူပဲ့သည့်ကိစ္စဖြင့် စကားများရန်ဖြစ်ပြီး ဓားနှင့်ထိုးသဖြင့် တစ်ဦးသေဆုံး

သာစည် ဧပြီ ၁၈

သာစည်မြို့နယ် ဟံဇားကျေးရွာ ရဲစခန်းပိုင် မြင်းခြံကျေးရွာတွင် နေထိုင်သူ မတင်(၃၂နှစ်)က၎င်း၏ခင်ပွန်းဖြစ်သူ ကိုမောင်စိုး(၃၅ နှစ်)ကို တစ်ရွာတည်းနေ ကိုဇော်ဇော် အောင်နှင့် ကိုမာဒင်၊ မဌေးဦးတို့က ဓားနှင့်ထိုးသဖြင့် သေဆုံးသွားသော ကြောင့် အရေးယူပေးပါရန် ဧပြီ ၁၆ ရက်တွင် ဟံဇားရဲတပ်ဖွဲ့စခန်းသို့ လာရောက်တိုင်တန်းသဖြင့် ဟံဇား ရဲစခန်းက အမှုဖွင့်အရေးယူ ထားသည်။

  ဖြစ်စဉ်မှာ မြင်းခြံကျေးရွာတွင် နေထိုင်သူ ကိုမောင်စိုးသည် ဧပြီ ၁၅ ရက် ည ၇ နာရီခွဲက ၎င်း၏ခြောက်နှစ်အရွယ် သမီးဖြစ်သူ မယွန်းကို ငွေ ၁ဝဝ ကျပ်တန်တစ်ရွက် ပေး၍ အိမ်နီးချင်း ဦးမာဒင်ဈေးဆိုင် သို့ ဈေးဝယ်ခိုင်းလိုက်သည်။ ကိုမောင် စိုးပေးလိုက်သော အဆိုပါငွေစက္ကူ ကျပ် ၁ဝဝ တန်မှာ ပဲ့နေသဖြင့် ဈေး ဆိုင်မှ ပစ္စည်းမရောင်းဘဲ မယွန်းကို ပြန်ခိုင်းလိုက်သည်။ မယွန်း အိမ်ပြန် ရောက်ချိန်တွင် ကိုမောင်စိုးက သူ ဝယ်ခိုင်းလိုက်သောပစ္စည်း ပါမလာ ဘဲ ငွေစက္ကူပဲ့ကြောင်း ပြောရပါမည် လားဆိုပြီး ဦးမာဒင်ဈေးဆိုင်ကို နေအိမ်ဝိုင်းအတွင်းမှ အော်ဟစ် ဆဲဆိုနေသဖြင့် ဆိုင်ရှင်ဦးမာဒင်နှင့် ဇနီးဖြစ်သူ မဌေးဦး၊ ညီဖြစ်သူ ဇော်ဇော်အောင်တို့သုံးဦးက ကိုမောင် စိုးအိမ်ရှေ့လမ်းပေါ်သို့ လာရောက် ပြီး ရှင်းလင်းပြောပြရာမှ စကားများ ကြပြီးနောက် ဇော်ဇော်အောင်က ၎င်းတွင် အသင့်ပါလာသော အရိုး အသွားတစ်ပေ၊ သုံးလက်မခန့်ရှိ ဓားမြှောင်ဖြင့် ကိုမောင်စိုး၏ ရင်ညွန့် အတွင်းသို့ ထိုးသွင်းလိုက်ရာ ကိုမောင် စိုးမှာ အဆိုပါထိုးသွင်းဒဏ်ရာ တစ် ချက်ဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

အမှုနှင့်ပတ်သက်၍ ဟံဇား ရဲစခန်းမှ ရဲအုပ်ဇော်လွင်က အခင်း ဖြစ်နေရာသို့ သွားရောက်၍ လိုအပ်သည်များကို စုံစမ်းစစ်ဆေး ပြီး ဇော်ဇော်အောင်(၂၃ နှစ်)နှင့် အပေါင်းအပါ ဦးမာဒင်(၃၇ နှစ်)၊ ၎င်း၏ ဇနီး မဌေးဦး(၃၇ နှစ်)တို့ကို ဥပဒေအရ အရေးယူဖမ်းဆီးထား ကြောင်း သိရသည်။

  မောင်ကို(သာစည်)
Myanmaalinn