Pages

Tuesday, May 12, 2015

အိုင်အက်စ်ခေါင်းဆောင် ဘက်ဂါဒီ ဒဏ်ရာ မသက်သာသဖြင့် ခေါင်းဆောင်အသစ် ရွေးချယ်မည်



ဘဂ္ဂဒက် မေ ၁၁

အိုင်အက်စ်စစ်သွေးကြွ ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘက်ဂါဒီသည် ကျောရိုးဒဏ်ရာရရှိနေသဖြင့် အိုင်အက်စ်အဖွဲ့၏ နေ့စဉ်လုပ်ငန်း တာဝန်များကို စီမံခန့်ခွဲမှုပြုရန် နောက်ထပ် ခေါင်းဆောင်တစ်ဦးအား ယခု ရက်သတ္တပတ်တွင် ရွေးချယ်တင်မြှောက်မည် ဖြစ်ကြောင်း သတင်းများအရ သိရသည်။

ခေါင်းဆောင် ဘက်ဂါဒီသည် ဗုံးဆန်ထိမှန်ခဲ့သဖြင့် ဘယ်ဘက်ခြေထောက်နှင့် ကျောရိုးတွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ ယခုအချိန်တွင် အီရတ်နိုင်ငံမှ ဘက်ဂါဒီကို ခေါ်ဆောင်လာပြီး အိုင်အက်စ်တို့သိမ်းပိုက်ထားသည့် ဆီးရီးယားနိုင်ငံ ရတ်ကာမြို့တွင် လုံခြုံရေးများ အနီးကပ်စောင့်ကြည့်လျက်ရှိသည်။

၎င်း၏ဒဏ်ရာအခြေအနေမှာ ဆိုးရွားလျက်ရှိနေသည့်အတွက် အစ္စလာမ္မစ် အုပ်ချုပ်ရေးရှူရာကောင်စီအနေဖြင့် အီရတ်နှင့်ဆီးရီးယားနိုင်ငံများတွင် နောက်တန်းနှင့် ရှေ့တန်း နိုင်နင်းစွာ စီမံခန့်ခွဲနိုင်မည့် ခေါင်းဆောင်တစ်ဦးအား ယာယီရွေးချယ်တင်မြှောက်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ခေါင်းဆောင်ရွေးချယ်တင်မြှောက်ရာတွင် အိုင်အက်စ်အဖွဲ့အတွင်း သြဇာတိက္ကမကြီးမားသော အီရတ်နိုင်ငံသားနှစ်ဦးနှင့် ဆီးရီးယားနိုင်ငံသားတစ်ဦးတို့အနက် တစ်ဦး အား ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်းသိရသည်။

ရိုက်တာ။
The Mirror Daily