Pages

Sunday, May 17, 2015

လီဗာပူးအသင်းခေါင်းဆောင် ဂျရတ်နှုတ်ဆက်ပွဲ ပြုလုပ်


လီဗာပူးအသင်းခေါင်းဆောင် စတီဗင် ဂျရတ်ရဲ့ နှုတ်ဆက်ပွဲကို မေ ၁၆ ရက်နေ့ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ဂျရတ်က လီဗာပူးမှာကစားခဲ့တဲ့ ကစားသမားဘ၀ကို အဆုံးသတ်ပြီး ပရိသတ်တွေကို နှုတ်ဆက်စကား ပြောဆိုခဲ့ပါတယ်။
ဒီအသင်းကို ၁၇ နှစ်ကြာ ကစားပေးခဲ့ရလို့ အရမ်းဂုဏ်ယူပြီး အခုလို ရက်မျိုးကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ လီဗာပူး အသင်းခေါင်းဆောင်က ပြောဆိုသွားပါတယ်။ လီဗာပူး ပရိသတ်တွေကလည်း ဂျရတ်ကို ဂုဏ်ပြု နှုတ်ဆက်ခဲ့ကြပါတယ်။
ဂျရတ်ရဲ့ နှုတ်ဆက်ပွဲမှာ လီဗာပူးက ခရစ်စတယ် ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲဖြစ်တဲ့ လာမယ့်အပတ် စတုတ်စီးတီးပွဲမှာ ပါဝင်ကစားပြီးရင်  အမေရိကန်မေဂျာလိဂ်ကလပ် အယ်အေ ဂလက်စီအသင်းနဲ့ သွားရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။
DVB