Pages

Friday, May 8, 2015

ဗြိတန်အမျိုးသမီးအမတ်များအတွက် သမိုင်းဝင်အောင်ပွဲ

11179946_888832977821870_104237294405711912_n

ဗြိတိန် ရွေးကောက်ပွဲဟာ ကွန်ဆာဗေးတစ်ပါတီက အများစုနဲ့ အနိုင်ရတာ မမျှော်လင့်တဲ့ အောင်ပွဲဖြစ်သလို အမျိုးသမီးအမတ်တွေ အတွက်လည်း သမိုင်းဝင် အောင်ပွဲဖြစ်လာပါတယ်။
မဲဆန္ဒနယ် အများစုကို ကြေညာပြီးချိန်မှာ အနိုင်ရတဲ့ အမတ်တွေထဲက သုံးပုံတပုံတပုံဟာ အမျိုးသမီးအမတ်တွေ ဖြစ်နေပါတယ်။ ဒါဟာ ဗြိတိသျှ ပါလီမန်မှာ အရင်က မရှိခဲ့ဖူးတဲ့ အရေအတွက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်မှာ အမျိုးသမီးအမတ် ၂၂ ရာခိုင်နှုန်း ပါဝင်ခဲ့ပါတယ်။
ထူးခြားတဲ့ အမျိုးသမီးလွှတ်တော်အမတ်ယောက်ကတော့ စကော့တလန် နယ်မှာ SNP ပါတီက တင်တဲ့ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူ Mhairi Black ပါပဲ။ သူဟာ ဗြိတိန်သမိုင်းမှာ ၁၆၆၇ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး အမတ်ဖြစ်လာပါတယ်။
SNP ပါတီခေါင်းဆောင်  Nicola Sturgeon ကလည်း အမျိုးသမီးဖြစ်သလို အမျိုးသမီးလွှတ်တော်အမတ်လောင်း ဦးရေ ၃၆ ရာခိုင်နှုန်းအထိ ရွေးချယ် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒေးဗစ်ကင်မရွန်းခေါင်းဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ အမတ်လောင်းတွေမှာ  ၂၆ ရာခိုင်နှုန်းနဲ့ လစ်ဘရယ် ဒီမိုကရက်  အမတ်လောင်း  ၂၇ ရာခိုင်နှုန်း အမျိုးသမီးတွေ ဖြစ်ပါတယ်။
အမျိုးသမီးပါတီ ခေါင်းဆောင်ကို တာဝန်ပေးတဲ့ အစဉ်အလာ မရှိသေးတဲ့ လေဘာနဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီတွေကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ အကြီးအကျယ်ရှုံးခဲ့ပါတယ်။ ဒါကြောင့် နှစ်ပါတီစလုံး ကိုယ်ဒဏ်ရာကို လျာနဲ့ သပ်ပြီး ခေါင်းဆောင်သစ် ရှာပုံတော် ဖွင့်ရမယ့် သဘောဖြစ်တယ်လို့ တယ်လီဂရက်သတင်းက ရေးပါတယ်။ ကိုယ်ကိုယ်ကို တိုးတက်တဲ့ အမြင်ရှိပါတယ်ဆိုတဲ့ ခေါင်းဆောင်တွေအနေနဲ့ မြောက်ဘက် (စကော့တလန်) ဘက်ကို လှမ်းကြည့်ရင်း အမှားတွေကို သင်ခန်းစာယူဖို့ တယ်လီဂရက်သတင်းက အကြံပြုပါတယ်။
DVB