Pages

Wednesday, May 6, 2015

တနင်္သာရီ - ရန်ကုန် ခရီးစဉ်ကို လေကြောင်း လိုင်း ၆ လိုင်း ပြေးဆွဲမည်


တနင်္သာရီ - ရန်ကုန် ခရီးစဉ်ကို လေကြောင်း လိုင်း ၆ လိုင်း ပြေးဆွဲမည်
|Dawei Watch|ကော့သောင်း၊ မေ ၅
ယခုအပတ်အတွင်း တနင်္သာရီတိုင်းအတွင်း ခရိုင်မြို့များဖြစ်သည့် ထားဝယ်၊ မြိတ်နှင့် ကော့သောင်း ခရီးစဉ်များကို ပြေးဆွဲမည့် လေကြောင်းလိုင်း ၆ လိုင်းထိ ရှိလာမည်ဖြစ်ကြောင်း ကော့သောင်းမြို့ရှိ လေယာဉ်လက်မှတ် အရောင်းဌာနများထံမှ သိရသည်။
ရန်ကုန်နှင့် အထက်ပါ မြို့များသို့ ပြေးဆွဲမည်ဖြစ်ပြီး ခရီးသွားရာသီတွင် အထက်မြန်မာပြည် ခရီးစဉ်များကို ပျံသန်းသည့် လေကြောင်းလိုင်းများက ခရီးသွားရာသီ ကုန်ချိန်တွင် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရီးစဉ်များကို ပြန်လည် ပျံသန်း လာခြင်းဖြစ်ကြောင်း သိရသည်။
“အရင်နှစ်တွေက ၅ လိုင်းပဲ ပုံမှန် ပျံသန်းတာ၊ အခုနှစ်က APEX လေကြောင်းလိုင်းတစ်ခု အသစ်တိုးလာတယ်”ဟု ပုလဲဧကရီ လက်မှတ်အရောင်းဌာနမှ လက်မှတ်အရောင်း ကိုယ်စားလှယ် ဦးဇော်မင်းဦးက ဆိုသည်။
မြန်မာ့လေကြောင်းနှင့်  APEX လေကြောင်းလိုင်းများက နေ့စဉ်ပြေးဆွဲမည်ဖြစ်ပြီး အဲကမ္ဘောဇ၊ မန်းရတနာပုံ၊ အဲမန္တလေးနှင့် ရန်ကုန် အဲဝေးတို့မှာ သတ်မှတ် ရက်များဖြင့် ပြေးဆွဲမည်ဟု ဦးဇော်မင်းဦးက ဆိုသည်။
Dawei Watch