Pages

Saturday, May 9, 2015

အသံဖိုင် နားထောင်ရန်နဲ့ ရယူရန် နားထောင်ရန် အသံဖိုင်ယူရန် ဦးအေးသာအောင်နဲ့ မေးမြန်းချက် နားထောင်ရန် အသံဖိုင်ယူရန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခွင့်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ခွင့်ပြုလိုက်ပြီး၊ စိုက်ထူမယ့် မြေနေရာကို ရွေးချယ်နေပါတယ်။
မြစ်ကြီးနားမြို့ မင်းရပ်ပြည်သူ့အားကစားကွင်းမှာ စိုက်ထူဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့တယ်လို့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သူကျော်က RFA ကို ပြောပါတယ်။
"ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးအတွက် အများပြည်သူအားလုံး ပါဝင်နိုင်အောင်အတွက်ဆိုပြီးတော့ အလှူခံဆောင်ရွက် တဲ့အခါမှာ အလှူရှင်တွေကနေပြီးတော့ ဘယ်နေရာမှထားမလဲ၊ ဘယ်နေရာမှာဆိုရင်ကောင်းမလဲ ကျနော်တို့က အပြန် အလှန်မေးမြန်းတဲ့အခါမှာ မင်းရပ်ပြည်သူ့အားကစားကွင်းဆိုရင် ကောင်းတာပေါ့ဆိုတဲ့ ပြည်သူ့ဆန္ဒသဘောထား ကလည်းပါတယ် ကျနော်တို့ကိုယ်တိုင်ကလည်း အဲ့ဒီနေရာဟာ ဗိုလ်ချုပ်ကြေးရုပ်ထုနဲ့ သင့်တော်တဲ့မြေနေရာဆိုတာ အဲ့လိုနဲ့ ကျနော်တို့က ဦးစားပေးတင်တာပါပဲ၊ အဲ့နေရာသည် အများပြည်သူအများဆုံးသွားလာတဲ့ နေရာဖြစ်ခြင်းပေါ့နော်၊ ဒါကိုအားလုံးမြင်သာထင်သာဖြစ်တယ်လို့ အဲ့လိုကြောင့် ကြိုက်တယ်လို့နှစ်သက်တာပေါ့၊ အများပြည်သူထိတွေ့လို့ရှိရင် ဗိုလ်ချုပ်ရဲ့စိတ်ဓါတ်တွေ ထွန်းကားရှင်သန်စေလာအောင်ဆိုတဲ့ စိတ်ဓါတ်တွေ အဓိကပေါ့နော်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ စိတ်နေသဘောထားတွေ သိစေချင်တာ"
ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပြင်မှာရှိတဲ့ အောင်ဇေရန်အောင်ဘုရားအနီး မြေကွက်လပ်ထဲမှာသာ စိုက်ထူဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေရာဟာ မြို့ပြင်ဖြစ်နေတဲ့အပြင် အများပြည်သူသွားလာမှုလည်း သိပ်မရှိတာကြောင့် မင်းရပ်ပြည်သူ့အားကစားကွင်းနေရာမှာ စိုက်ထူခွင့်ပြုဖို့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီက ပြည်နယ် အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အများပြည်သူရဲ့ ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်းနှစ်ရာလောက်ကုန်ကျခံ သွန်းလုပ်ထားတဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဗိုလ်ချုပ်ကြေးရုပ်ကို မြစ်ကြီးနားမြို့မှာ လာမယ့်ဇွန်လအတွင်းမှာ စိုက်ထူနိုင်ဖို့ ကော်မတီက စီစဉ်နေတာဖြစ်ပါတယ်။
RFA