Pages

Monday, May 11, 2015

ဆော်ဒီလေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂက ပြစ်တင်

 ဓာတ်ပုံ - ရိုက်တာ
ယီမင်နိုင်ငံ ရှီးယားမွတ်စလင် ဟူသီသူပုန်တွေကို ဆော်ဒီဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ဒေသခံပြည်သူတွေကို တိုက်ပွဲတွေအကြား ပိတ်ဆို့စေတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့က ပြစ်တင်ခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
မြို့တော် ဆာနာက မြို့ခံပြည်သူတွေ မြို့တော်ကို စွန့်ခွာ ထွက်ပြေးဖို့ အခက်အခဲ တွေ့နေကြတယ်လို့ ဒေသတွင်းသတင်းတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဆိုပါတယ်။
လူနေထူထပ်တဲ့နေရာတွေမှာ လေကြောင်းကနေ ရမ်းသမ်းဗုံးကြဲတာတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ကုလသမဂ္ဂက ဆော်ဒီကို စွပ်စွဲပါတယ်။
ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း လက်ရှိ အချိန်အထိ လူ အနည်းဆုံး ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး တ၀က်ကျော်ဟာ အရပ်သားတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
မေ ၁၀ ရက်နေ့အစောပိုင်းမှာပဲ မြို့တော် ဆာနာက အရင်သမ္မတဟောင်း ဆလာရဲ့ နန်းတော်ကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး အစောင့် ၃ ဦး သေဆုံးသွားပါတယ်။ သမ္မတဟောင်းကတော့ ထိခိုက်မှု မရှိပါဘူး။
ဆလာကို ထောက်ခံတဲ့ အရင်အစိုးရတပ်ဖွဲ့ဝင်တွေဟာ ဟူသီသူပုန်တွေနဲ့ မဟာမိတ် ဖွဲ့ထားပြီး မြို့တော်နဲ့ နိုင်ငံမြောက်ပိုင်းမှာ နယ်မြေအမြောက်အများကို သိမ်းပိုက်ထားတာပါ။
လူသားချင်းအကူအညီတွေ ၀င်ရောက်ဖို့ လာမယ့် မေ ၁၂ ရက်နေ့ကစပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကို ၅ ရက်ကြာ ရပ်နားထားမယ်လို့ ဆော်ဒီက ကမ်းလှမ်းထားပြီး ဟူသီသူပုန်တွေကလည်း လက်ခံထားပါတယ်။
ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ ညကတော့ ဆာနာမြို့တော်မှာ တညထဲ လေကြောင်းတိုက်ခိုက်မှု ၁၄၀ လောက် လုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
DVB