Pages

Saturday, May 30, 2015

မဟာဝိဇယ ခေမသိတလ နိဗုတဃောသမဟာခေါင်းလောင်းတော်ကြီး ထားဝယ်မြို့သို့ ရောက်ရှိ







ထားဝယ်မြို့၊ရွှေတောင်စားစေတီတော်မြတ်ကြီး၏ နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်မော်ကွန်းအဖြစ် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း ထားရှိရန်
မန္တလေးမြို့တွင် သွန်းလုပ်ခဲ့သည့် မဟာဝိဇယ ခေမသိတလ နိဗုတဃောသမဟာခေါင်းလောင်းတော်ကြီးကို မန္တလေးမြို့မှ အထူးမော်တော်ယာဉ်တန်းဖြင့်သယ်ဆောင်လာရာ ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။အဆိုပါခေါင်း
လောင်းတော်ကြီးကို ထားဝယ်မြို့သူ၊မြို့သားများက စုပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
၃၀ မေလ ၂၀၁၅