Pages

Saturday, May 9, 2015

သစ်ခိုးမှုဖမ်းဆီးစဉ် အစိုးရနှင့်ကေအိုင်အေ တိုက်ပွဲဖြစ်၊ လေကြောင်းပစ်ကူသုံး

 








ကချင်ပြည်နယ်အတွင်း တရားမ၀င်သစ်များ ခိုးထုတ်နေတာကို ဖော်ထုတ်ဖမ်းဆီးစဉ် စစ်တပ်နဲ့ ကေအိုင်အေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူသုံး တိုက်ခိုက်ခဲ့ရတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
မေ ၅ ရက်နဲ့ ၇ ရက်တို့မှာ ကချင်ပြည်နယ် မံဝိန်း၊ ဆဒုံးဒေသ၊ ကန်တော်ယန်ဒေသနဲ့ စီခမ်းကြီးဒေသအတွင်း သစ်ခိုးထုတ်မှုတွေကို လိုက်လံရှာဖွောဖော်ထုတ်ဖမ်းဆီးရင်း စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲဖြစ်တာလို့ မြ၀တီသတင်းက ဆိုပါတယ်။
အဲ့ဒီဒေသမှာ စုပုံထားတဲ့ သစ်ပုံတွေ သစ်ခွဲသားတွေကို လိုက်လံရှာဖွေဖော်ထုတ်ဖမ်းဆီးရင်း သစ်လုံးမျိုးစုံနဲ့အတူ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာ ၅ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ အခု သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကေအိုင်အေပြောခွင့်ရ ဦးလနန်းက အဲ့ဒီဒေသကို သစ်တွေ ရောက်မလာခင်ကတည်းက ဘာကြောင့်မဖမ်းတာလဲလို့ မေးခွန်းထုတ်ပါတယ်။
“ကျနော်တို့ဘက်က ကိုယ့်တပ်စခန်းထဲမှာပဲ ကိုယ်နေတယ်။ သူတို့ စစ်ကြောင်းတွေ ဒီလောက်လှုပ်ရှားနေတဲ့ကြားက ဒီလောက်သစ်တွေ ကားနဲ့တိုက်လာနိုင်တယ်ဆိုတာ အများသိပြီးသားပါ။ ဘာကြောင့်မို့ ကေအိုင်အေတပ်ရင်း ၁၂ ကျမှ လိုက်ပြီး ရှင်းရသလဲ။ အဲ့ဒီဒေသမရောက်ခင် မဘိန်းတို့လိုဒေသတွေမှာ ဘာလို့ ဒီသစ်တွေကို မဖမ်းတာလဲ၊ သူတို့က ကေအိုင်အေကို သိက္ခာကျအောင် လုပ်တဲ့ကိစ္စတွေပါ။”
မြ၀တီသတင်းထုတ်ပြန်ချက်မှာတော့ သစ်လုံးပုံတွေကို လေကြောင်းကင်းထောက်မှုတွေနဲ့ ရှာဖွေတွေ့ရှိခဲ့ပြီး ကေအိုင်အေနဲ့ တိုက်ပွဲအတွင်း လေကြောင်းပစ်ကူ တကြိမ်သုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘွတ်ခ်