Pages

Sunday, May 3, 2015

ချီလီတောင်ပိုင်း မီးတောင်ပြာကြောင့် သောက်သုံးရေ ဓာတ်သင့်မှုဖြစ်

_82687509_82687508
ချီလီနိုင်ငံတောင်ပိုင်းက Calbuco မီးတောင်ပေါက်ကွဲမှုက ပြာတွေကြောင့် မီးတောင်းပတ်ဝန်းကျင်မှာ သောက်သုံးရေတွေမှာ ဓာတ်သင့်မှုတွေဖြစ်နေပါတယ်။
ဧပြီ ၃၀ ရက်နေ့က ၈ ရက်အတွင်း တတိယအကြိမ်ပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး အရင်ပေါက်ကွဲမှုတွေနဲ့ စာရင် မီးတောင်ပြာ ပိုနည်းသွားပါတယ်။
 _82688824_0aeb58f3-0075-49ef-a3e6-25013a8da252
ပြီးခဲ့တဲ့တပတ်ကတော့ မီးတောင်ပေါက်ကွဲမှုပြင်းထန်ခဲ့ပြီး မီးတောင်ပြာတွေအနောက်လေနဲ့အတူပါသွားပြီး ဆန်ဒီရေဂိုမြို့တော်၊ အာဂျင်တီးနားနိုင်ငံတောင်ပိုင်းနဲ့ ယူရုဂွေးနိုင်ငံတွေအထိပါ မီးတောင်ပြာတွေ ရောက်ရှိခဲ့တာပါ။
Calbuco မီးတောင်နဲ့ အနီးဆုံးဖြစ်တဲ့ Ensenada  မြို့တွေမှာ မီးတောင်ပြာပြင်ဖြစ်ခဲ့ပြီး ဒေသခံတွေ သောက်ရေသန့်တွေကို ၀ယ်သုံးနေရပါတယ်။
အစိုးရအစီအစဉ်နဲ့ မြို့ခံအိမ်ထောင်စုတခုကို သောက်ရေ ၆၀ လီတာ ဝေပေးခဲ့ပေမယ့် တရက်ကို အနည်းဆုံး လီတာ ၅၀ ကုန်တာကြောင့် မလုံလောက်ဘူးလို့ Ensenada မြို့ခံတဦးက ပြောဆိုပါတယ်။
၉ လီတာသောက်ရေသန့်ကို အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာလောက် ပေးဝယ်နေရတယ်လို့လည်း ပြောဆိုပါတယ်။
BOP_1_reuters_4_24
မီးတောင်ပတ်ဝန်းကျင် ကီလို ၂၀ ကို ကန့်သတ်နယ်မြေအဖြစ် ဆက်လက်သတ်မှတ်ထားဆဲဖြစ်ပါတယ်။ ဧပြီ ၃၀ ရက်နေ့က နောက်ဆက်တွဲ မီးတောင်ပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့် အရေးပေါ်အခြေအနေ တိုးမြှင့်သတ်မှတ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – EPA